🍬51🍬ဝိညာဥ်စားမိစ္ဆာ

Background color
Font
Font size
Line height

Chapter (51)
ဝိညာဥ်စားမိစ္ဆာ

ဖုန့်ဝူယိ အခန်းထဲ ပြန်ရောက်တာနဲ့ စတင်ကျင့်ကြံသည်။ သူတို့ရဲ့ လေသင်္ဘောပေါ်မှာ လေထုထဲက ဝိညာဥ်စွမ်းအင်တွေကို စုပ်ယူနိုင်သော အခင်းအကျင်း ရှိတာကြောင့် လေသင်္ဘောပေါ်မှာ အေးဆေး ကျင့်ကြံနိုင်သည်။

ဝိညာဥ်စွမ်းအင်တွေ တိုးဝင်လာတာနဲ့ နောက်ကျောဘက်ဆီက အေးမြသော စွမ်းအင်တစ်ခုကို ခံစားရလေသည်။ ၎င်းက ကြယ်အမှတ်အသားကလာသော ခံစားချက်ပင်။

သူသာ ၄လုံးမြောက်ကြယ် ဖြစ်သော်လည်း မသေမျိုးနယ်ပယ် မ​ဖြတ်ကျော်ရမချင်း ကြယ်စွမ်းအင် နိုးထလာလိမ့်မည် မဟုတ်ချေ။ သို့သော် သူ မသေမျိုးနယ်ပယ်ကို အတော်လေး အလျင်စလို ဖြတ်ကျော်ချင်နေပြီ။

နတ်မျိုးနွယ်နယ်ပယ်က လူတစ်ယောက်နဲ့ တိုက်ခိုက်ပြီးနောက် အားလုံး ကိုယ့်အစွမ်းအစကို သိကုန်ကြသည်။ မသေမျိုးနယ်ပယ် ၄ ယောက် ရှိနေတာတောင် ထိုလူကြီးကို မနိုင်ခဲ့ချေ။

ဖုန့်ဝူယိ တစ်ပတ်လောက် တံခါးပိတ် ကျင့်ကြံပြီးတော့မှ လေသင်္ဘောကို မောင်းနှင်ရမယ့် တာဝန်ကျလာသည်။ သူအခန်းထဲက ထွက်လာတော့ အဖြူရောင် ဝတ်ရုံနဲ့ ဝမ်ကွမ်းတုံက စားပွဲဝိုင်းမှာ စွပ်ပြုတ်သောက်နေတာ တွေ့လိုက်ရသည်။

ဝမ်ပင်းပင်းက နံဘေးမှာ ထိုင်လျက် စကားပြောနေ၏။ သူတို့နှစ်ဦးကြားက ရင်းနှီးနွေးထွေးတဲ့ လေထုက သူ့ကိုတောင် နွေးထွေးသွားစေသည်။

"အားယိ!"

ထိုစဥ် အသံတစ်သံနဲ့အတူ မီးဖိုချောင်ထဲက ယင်ရှစ် ပြေးထွက်လာသည်။ လက်ထဲမှာလည်း စွပ်ပြုတ်တစ်ပန်းကန်ကို ကိုင်လျက်။ သူမက ထူးထူးခြားခြား ပြုံးနေကာ ဖုန့်ဝူယိဆီ ဖြည်းဖြည်း မှန်မှန်လေး လျှောက်လာ၏။

"ဝမ်ပင်းပင်းက အားလုံးအတွက် စွပ်ပြုတ်အိုးကြီး ချက်ထားတယ်.... စားကြည့်!"

"အင်း......"

ဖုန့်ဝူယိ ဝမ်ပင်းပင်းဆီ ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။ အပြင်ထွက်လာတော့ သူနဲ့အတူ တာဝန်ကျတဲ့ တုံးကျန်းကလည်း စွပ်ပြုတ်တစ်ခွက်ဖြင့်။

"ဟေး.... မင်း လာပြီလား?"

ဖုန့်ဝူယိ အပြင်ကို ကြည့်လိုက်တော့ သူတို့ရဲ့ လေသင်္ဘောဟာ ပင်လယ်ပေါ်က ဖြတ်သန်း ပျံနေတာကို တွေ့လိုက်ရသည်။ လုဖျင်ပြတဲ့ မြေပုံထဲမှာ ဆီးနှင်းရေငွေ့တောင်ကို သွားမယ့်လမ်းမှာ ပင်လယ်ရေပြင် မရှိပေ။

ဖုန့်ဝူယိ အံ့သြစွာဖြင့်: "ဘာကို သွားနေတာလဲ?"

"ခရမ်းပုလဲကျွန်း.... "

"ဘာကြီးလဲ?"

"လုဖျင်တောင် သိတယ်... မင်းက မသိပြန်ဘူးလား?"

ဖုန့်ဝူယိ ဘာမှပြန်မဖြေဘဲ လေသင်္ဘော လက်ရမ်းပေါ်တက်ထိုင်ကာ တုံးကျန်းနဲ့ ဘေးချင်းကပ်လျက် နေရာယူလိုက်သည်။

ဖုန့်ဝူယိ: "လုဖျင်က ငါတို့ထဲမှာ ဗဟုသုတ အရှိဆုံးလူပဲ... "

တုံးကျန်းက ခေါင်းညိတ်၍: "အမှန်ပဲ... အခုလည်း ခရမ်းပုလဲကျွန်း သွားမယ့်လမ်းကို သူပဲ ရှာတွေ့တာ... ခရမ်းပုလဲကျွန်းက နာမည်ရှိပေမယ့် အလွယ်တကူ ရှာမတွေ့နိုင်တဲ့ နေရာမျိုး.. ပင်လယ်ရေငွေ့တွေကြားမှာ ပျောက်နေတာ... လုဖျင်က လမ်းမှာ တောင်တစ်တောင်ကို တွေ့တော့မှ ခရမ်းပုလဲကျွန်း ရောက်တော့မှာကို သတိထားမိတာကွ!"

"ဘာတောင်လဲ?"

ဖုန့်ဝူယိမေးရင်း လက်ထဲက စွပ်ပြုတ်ပန်းကန်ကို လေထဲက ပစ်ချလိုက်ရာ ပန်းကန်က အောက်ဖက်က တောအုပ်ထဲ၌ ပျောက်ကွယ်သွားသည်။

စွပ်ပြုတ်သောက်နေတဲ့ တုံးကျန်း: "......"

သူ ဘာမှမပြောနိုင်ပေ။

ဖုန့်ဝူယိ: "ပြောလေ...."

"ငါလည်း အဲ့တောင်ရဲ့ သမိုင်းကို မသိဘူး.... တော်တော်ကြီးတဲ့ တောင်ပဲ အလယ်တည့်တည့်မှာ ဓားအကြီးကြီးနဲ့ ခုတ်ထားသလို အမှတ်အသားကြီး ရှိတယ်.... အဲ့အမှတ်အသားကြီးထဲမှာ ဘာအပင်မှ မပေါက်နေဘူး... လုဖျင်ပြောတာတော့ နတ်ဘုရားနှစ်ပါး တိုက်ခိုက်ရင်း တောင်ကို ခွဲပစ်ခဲ့တာတဲ့!"

တုံးကျန်းက ဆက်ပြောသည်။

"ခရမ်းပုလဲကျွန်းက ဒဏ္ဍာရီဆန်တဲ့ နတ်ကျွန်းမလို့ အဲဒီကို ရောက်ချင်ရင် စမ်းသပ်မှုတွေ ကျော်ဖြတ်ရမယ်တဲ့... ယွင်ချောင်ကတော့ အားလုံးနဲ့ ဆွေးနွေးပြီးမှ လူခွဲသွားကြည့်မယ်လို့ ပြောတယ်...."

ဖုန့်ဝူယိ ခေါင်းညိတ်ပြီးနောက် အဝေးကို မျှော်ကြည့်လိုက်သည်။ ထိုစဥ် တိုက်တိုက်ဆိုင်ဆိုင် အရိပ်တစ်ခုက သူတို့ဆီ ပျံသန်းလာနေတာ တွေ့လိုက်ရသည်။ ထိုအရိပ်က အရမ်းမြန်လွန်းကာ ခဏအတွင်း သူတို့ လေသင်္ဘောအနားကို ရောက်လာတော့မည်။

လူသတ်ငွေ့ မရှိတာကြောင့် နှစ်ယောက်သား ချက်ချင်း မတ်တတ်ထရပ်လိုက်ချိန် ထိုလူက သူတို့လေသင်္ဘောထဲကို အတားအဆီးမရှိ ဖောက်ဝင်လာခဲ့လေသည်။

"အစ်မယင်...."
"အစ်မပေချွမ်းယင်!"

ရောက်လာသူက အမှန်ပင် ပေချွမ်းယင် ဖြစ်သည်။

ဖုန့်ဝူယိ: "ရုတ်တရက် ရောက်လာတာ အရေးကြီးကိစ္စ ရှိလို့လား?"

ပေချွမ်းယင် ပြန်မဖြေသေးဘဲ သူတို့သွားနေတဲ့ လမ်းကြောင်းကို မျှော်ကြည့်လိုက်သည်။ သူမကို ကြည့်ရတာ တစ်ခုခုကို စိုးရိမ်နေပုံပင်။ ကျုံ့ထားတဲ့ မျက်ခုံးတွေကနေ ခရမ်းပုလဲကျွန်းနဲ့ ပတ်သက်ပြီး တစ်ခုခု ပြောချင်နေကြောင်းလည်း သိသာသည်။

သူမ အမူအရာက ဖုန့်ဝူယိနဲ့ တုံးကျန်းကိုပါ စိတ်ပူလာစေ၏။ သို့သော် နောက်ဆုံးတော့ ပေချွမ်းယင်က သက်ပြင်းချလိုက်ပြီး အဝေးကို ကြည့်နေတဲ့ လမ်းကြောင်းဆီက အကြည့်တွေကို ရုတ်သိမ်းလိုက်တော့သည်။

"ထားပါတော့... ဒါက မင်းတို့ရဲ့ ကံကြမ္မာပဲ.. အရှင်ကတောင် ဝင်စွက်ဖက်လို့ မရဘူး...."

ဖုန့်ဝူယိ မျက်မှောင်ကြုတ်ကာ: "ဘာကိုပြောတာလဲ? ရှစ်ဇွင်းက ဘာကို ဝင်စွက်ဖက်မှာလဲ?"

ပေချွမ်းယင်: "ဒီလောကကြီးအကြောင်း မင်းတို့မသိသေးတာ အများကြီး ရှိတယ်... ဒါပေမဲ့ တားလို့လည်း မရဘူး.... "

တုံးကျန်း: "ဘာကြီးတုန်း??"

နှစ်ယောက်စလုံး လုံးဝ နားမလည်ကြချေ။

သို့သော် ပေချွမ်းယင်က အများကြီး မရှင်းပြဘဲ သူတို့တွေ ခရမ်းပုလဲကျွန်းကို သွားနေတဲ့အချိန်မှာ အထူးသတိထားဖို့သာ မှာပြီး ပြန်ထွက်သွားလေသည်။

တစ်ရက်ကြာပြီးနောက် တစ်နေရာအရောက်တွင် လေသင်္ဘောက ဆက်မသွားတော့ချေ။ ဖုန့်ဝူယိ လေသင်္ဘောကို သူ့သိုလှောင်လက်စွပ်ထဲ ထည့်ကာ အားလုံးအတူတူ တောအုပ်ထဲ ဝင်လာခဲ့သည်။

ခရမ်းပုလဲကျွန်း အနား နီးကပ်လာလေ လေထုထဲက ဖိအားတွေက သိပ်သည်းလာလေမို့ သစ်ပင်တွေအထက်မှာ ပျံသန်းပြီးသွားလို့ မရတော့ပါ။ ဒါကြောင့် လူ၉ယောက် တောအုပ်ထဲ ဝင်လာခဲ့၏။

လေထုထဲက အငွေ့အသက်က အတော်လေး အေးစက်နေသည်။ သစ်ပင်တွေက နေတိုးမပေါက်အောင် အုပ်စိုင်းနေတာမျိုး မဟုတ်ဘဲ သစ်တောရဲ့ အငွေ့အသက်ကိုက အေးစက်စက် အငွေ့အသက်မျိုး ပေးစွမ်းနေတာပဲ ဖြစ်သည်။

သို့သော်လည်း ဒီအေးစက်မှုက သူတို့အားလုံးအပေါ် သက်ရောက်မှု မရှိပေ။ တောအုပ်ကြီးက အဆုံးမရှိ ကြီးမားသည်။ လမ်းလျှောက်လာရင်းနဲ့ ဘယ်ရောက်နေမှန်း မသိအောင် လမ်းတွေက ရှုပ်ထွေးလာသည်။

ဖုန့်ချန်းယင်: "တောကြီးက တိတ်ဆိတ်လွန်းတယ်...."

"ခရမ်းပုလဲကျွန်းက ဒဏ္ဍာရီထဲက ဆန်းကြယ်ကျွန်းလေ.... သူ့အနီးနားတစ်ဝိုက်မှာ ထူးဆန်းတဲ့ အငွေ့အသက်တွေက အပြည့်ပဲ... သက်ရှိသတ္တဝါတွေ မရှင်သန်နိုင်ဘူး... "

ဖုန့်ဝူယိရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားတဲ့ လုဖျင်က လှည့်ပြောပြလေသည်။

ယွင်ချောင်: "လူတွေတော့ လာတယ်!"

ယွင်ချောင်ရဲ့ မူမမှန်တဲ့ စကားကြောင့် လူတိုင်း အရှေ့ကို မျှော်ကြည့်လိုက်တဲ့အခါ သူတို့နဲ့ မလှမ်းမကမ်းမှာ လဲလျောင်းနေတဲ့ အလောင်းတွေကို တွေ့လိုက်ရသည်။ အနီးကပ် ပြေးကြည့်လိုက်တော့ အလောင်းတွေက ၅၀ထက်မနည်း ရှိနေ၏။

လုဖျင် ကြောက်ရွံ့သွားသည်။

"အလောင်းတွေက ဘာလို့ မပုပ်သွားတာလဲ?"

တကယ်ပဲ အလောင်းတွေက မပုပ်သွားချေ။

ဖုန့်ဝူယိ: "ဒါပေမဲ့ သူတို့ရဲ့ စိတ်ဝိညာဥ်က ဖျက်စီးခံထားရတဲ့ပုံပဲ"

ယွင်ချောင်: "သတိထားကြ!"

ယွင်ချောင် သူတို့အရှေ့က အဆုံးမရှိ တောလမ်းကိုကြည့်ရင်း ဆိုလိုက်သည်။ ထို့နောက် အားလုံး အလောင်းတွေကို သတိထား ကျော်ခွကာ ဆက်သွားကြသည်။

အလောင်းတွေက အမှန်တကယ် ဒဏ်ရာမရှိကြချေ။ စိတ်ဝိညာဉ် ဖျက်စီးခံထားရပြီး မပုပ်သွားတာကလွဲရင် ထူးထူးခြားခြား သဲလွန်စ မရှိ။ အလောင်းတွေရဲ့ အလယ်ကို ရောက်သောအခါ တစ်ခုခု ထူးခြားလာသည်။ လေထုထဲက မမြင်နိုင်သော အရာတစ်ခုက သူတို့ဆီကို ချဥ်းကပ်လာသလို ခံစားလာရ၏။

ဝှစ်!

ရုတ်တရက် ဝမ်ကွမ်းတုံက လေပေါ်ခုန်တက်ကာ ခြေထောက်တစ်ဖက်ကို လွှဲကန်ပစ်လိုက်သည်။

ဗုန်း!

တစ်စုံတစ်ခုက တိကျစွာ အကန်ခံလိုက်ရပြီးနောက် တစ်ဖက်ကို လွှင့်သွားကာ သစ်ပင်ကြီးတစ်ပင်ကို ဝင်တိုက်ပစ်ရာ သစ်ကိုင်းသစ်ရွက်တွေ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွား၏။

ဖုန့်ဝူယိလည်း ချက်ချင်း တုံ့ပြန်ကာ ​မြေကြီးကို အစိမ်းရောင် သလင်းကျောက်ဖြင့် ဖိချလိုက်သည်။ အစိမ်းရောင် စက်ကွင်းကြီးတစ်ခု မြေကြီးပေါ်မှာ ဖြန့်ကျက်သွားစဥ် ဝမ်ကွမ်းတုံက နောက်ထပ် တစ်ခုခုကို ကန်ထုတ်လိုက်ပြန်ကာ ထိုအမည်မသိ အရာက သစ်ပင်တစ်ပင်မှာ သွားကပ်နေသည်။

၎င်းက ရေအရိပ်တစ်ခု ပြေးလွှားနေသလိုပင်။ အစိမ်းရောင် စက်ကွင်းကြီးကြောင့်သာ မဟုတ်ရင် ၎င်းကို မြင်ရလိမ့်မည် မဟုတ်ချေ။

"ဘာကြီးလဲ?"

"မြန်လိုက်တာ!"

လုဖျင်: "အဲဒါ ဝိညာဥ်စားမိစ္ဆာပဲ!"

အားလုံးတစ်ပြိုင်တည်း လက်နက်တွေ ထုတ်လိုက်ကြသည်။ အခုအချိန်မှာ သူတို့ဟာ ထိုမိစ္ဆာရဲ့နယ်မြေထဲကို ရောက်နေပြီ။ သတိတစ်ချက် လွတ်သွားတာနဲ့ မြေကြီးပေါ်က အလောင်းတွေလို ဇာတ်သိမ်းသွားမှာ သေချာသည်။

ဝိညာဥ်စားမိစ္ဆာတွေ တဖြည်းဖြည်း ပိုများလာသည်။ ယွင်ချောင်တို့ရဲ့ ဓားစွမ်းအင်တွေက ဝိညာဥ်စားမိစ္ဆာတွေကို သတ်နိုင်သော်လည်း ၎င်းတို့က အရေအတွက် များရုံတင်မကဘဲ အလွန်လည်း မြန်၏။

ဝှစ် ဝှစ်!

လူတိုင်း လေပေါ်မှာ ပြေးလွှားနေရသည်။

ဖုန့်ချန်းယင်: "ဒီကောင်တွေက ပိုပိုများလာပြီဟ.... လုဖျင် ဒီကောင်တွေကို သတ်လို့ရောရလား?"

လုဖျင်မှာ ကျင့်ကြံမှုအဆင့် နိမ့်တာကြောင့် ဖုန့်ဝူယိက သူ့အနောက်မှာ ကာကွယ်ပေးထားရသည်။ သူ့လက်ထဲက ဓားတစ်ချောင်းကို ဝေ့ယမ်းနေသော်လည်း ဖုန့်ဝူယိလောက် လျင်လျင်မြန်မြန် မလုပ်နိုင်ချေ။

လုဖျင်: "ဒီကောင်တွေမှာ ဘုရင်ရှိတယ်... အဲ့ဘုရင်က အားလုံးကို အမိန့်ပေးစေခိုင်းတာ... သူ့ကိုသတ်နိုင်ရင် ရပြီ!"

လူတိုင်း သူတို့ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်၏။

တုံးကျန်း: "အကုန်လုံးက တစ်ပုံစံတည်းတွေချည်းပဲ... အထီးအမတောင် မခွဲတတ်တော့ဘူးကွ!"

လုဖျင်: "အဲဒါဆို သူတို့နယ်မြေထဲက လွတ်အောင် ပြေးနိုင်မှရမယ်!"

ဖြေပြီးနောက် ဓားစွမ်းအင်တစ်စင်း ပစ်လွှတ်လိုက်သည်။ သူ့အင်အားနဲ့လည်း ဓားတစ်ချက် ဝိညာဥ်စားမိစ္ဆာ တစ်ကောင်ကို သတ်နိုင်သော်လည်း အနှီမိစ္ဆာများက ထောင်သောင်းနဲ့ ချီနေတာကြောင့် မနိုင်ပေ။

ရုတ်တရက် ရေလို လက်သည်းရှည်တွေက လုဖျင်ကို လှမ်းကုတ်လာသည်။

"အား!"

လုဖျင် အလန့်တကြား အော်လိုက်စဥ် လက်ဝါးတစ်ဖက်က သူ့မျက်နှာရှေ့က လက်သည်းရှည်ကြီးကို ဖမ်းဆုပ်ထားလိုက်သည်။ ဖုန့်ဝူယိ သူ့လက်ဝါးမှာ မီးတောက်တွေကိုပါ ထုတ်လွှတ်ထားသော်လည်း ဝိညာဥ်စားမိစ္ဆာက မကြောက်ပေ။

သေချာတာကတော့ သူ့မီးတောက်က အဆင့်မမြင့်သေးလို့ ဖြစ်မည်။ သို့သော် ဖုန့်ဝူယိ အားထပ်ထည့်လိုက်သောအခါ ဝိညာဥ်စားမိစ္ဆာလည်း လောင်ကျွမ်းသွားတော့သည်။

ဖုန့်ချန်းယင်က သူ့အမြှီးများဖြင့် ရိုက်ထုတ်နေကာ ယွင်ချောင်က မိုးကြိုးများဖြင့် ပစ်ခတ်နေသည်။ ယင်ရှစ်က သူ့ကိုယ်သူ မြွေဖြူကြီးအသွင် ပြောင်းထားကာ ပိုင်ယင်းကလည်း ထက်ရှသော ဓားစွမ်းအင်များကို အဆက်မပြတ် ဝေ့ယမ်းလျက် ရှိသည်။

လေထုအလယ်မှာတော့ ဝမ်ပင်းပင်းသည် သူမရဲ့ အဖြူရောင် အတောင်ကြီးကို ဖြန့်ကာ လှည့်ပတ်ပျံသန်းရင်း တိုက်ခိုက်နေသည်။

လုဖျင်: "ကျွန်တော် ထွက်လမ်းရှာမယ်! ထွက်လမ်းတော့ သေချာပေါက် ရှိမှာပဲ!"

လုဖျင် အနည်းငယ် ပျာယာခတ်လာသည်။ သူတို့အားလုံး တစ်မျိုးစီ အစွမ်းထက်သော်လည်း ဝိညာဥ်စားမိစ္ဆာများက အရေအတွက် အလွန်များလွန်းလှသည်။ ဒီအတိုင်း ဆက်သွားနေရင် သူတို့အားလုံး အင်အားတွေ ကုန်ခမ်းသွားလိမ့်မည်။

အစိမ်းရောင် စက်ကွင်းကြီးကြောင့် ဝိညာဥ်စားမိစ္ဆာက လူပုံစံ၊ လက်သည်းရှည်၊ အစွယ်တွေနဲ့ မိစ္ဆာပဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်လာရသည်။

လူ၉ယောက်ကြောင့် သူတို့ဘက်က အကောင်တွေ သေတာများလာတော့ ၎င်းတို့က ပိုပိုပြီး အရိုင်းဆန်လာကြတော့သည်။ ၎င်းတို့ရဲ့ အမြန်နှုန်းက ပိုအားကောင်းလာတဲ့အပြင် လေထဲမှာ လှည့်ပတ် ပြေးလွှားနေတဲ့ အရိပ်တွေကလည်း ပိုများလာ၏။

ယွင်ချောင် ဓားစွမ်းအင် တစ်ချက်နဲ့ လျှပ်စီးကြောင်း တစ်ရာလောက်ကို ပစ်ခတ်ကာ ဖယ်ရှားပစ်သည်။

ဝုန်း!

ရွှင်း!

ယင်ရှစ်ကလည်း ဓားတစ်ချက်တည်းဖြင့် အကောင်ရာကျော်ကို ရှင်းထုတ်ပစ်နိုင်သည်။

ထိုစဥ် ဖုန့်ဝူယိအကာအကွယ်နဲ့ လုဖျင်သည် သူ့နားထင်ကို လက်နှစ်ဖက်ဖြင့် ဖိလျက် မျက်လုံးတွေကို အလုပ်ပေးနေသည်။ သူ့မျက်လုံးတွေက ရွှေရောင် အလင်းမှုန်တွေ ဖြာထွက်​လျက်ရှိ၏။ ၎င်းကို နတ်မျက်လုံးဟုခေါ်ကာ ဝိညာဥ်စားမိစ္ဆာတွေရဲ့ လှုပ်ရှားမှုကို ကျော်ဖြတ်ပြီး အဝေးကို လှမ်းကြည့်နိုင်လေသည်။








Chapter (51)
ဝိညာဥ္စားမိစ္ဆာ

ဖုန့္ဝူယိ အခန္းထဲ ျပန္ေရာက္တာနဲ႕ စတင္က်င့္ႀကံသည္။ သူတို႔ရဲ႕ ေလသေဘၤာေပၚမွာ ေလထုထဲက ဝိညာဥ္စြမ္းအင္ေတြကို စုပ္ယူနိုင္ေသာ အခင္းအက်င္း ရွိတာေၾကာင့္ ေလသေဘၤာေပၚမွာ ေအးေဆး က်င့္ႀကံနိုင္သည္။

ဝိညာဥ္စြမ္းအင္ေတြ တိုးဝင္လာတာနဲ႕ ေနာက္ေက်ာဘက္ဆီက ေအးျမေသာ စြမ္းအင္တစ္ခုကို ခံစားရေလသည္။ ၎က ၾကယ္အမွတ္အသားကလာေသာ ခံစားခ်က္ပင္။

သူသာ ၄လုံးေျမာက္ၾကယ္ ျဖစ္ေသာ္လည္း မေသမ်ိဳးနယ္ပယ္ မျဖတ္ေက်ာ္ရမခ်င္း ၾကယ္စြမ္းအင္ နိုးထလာလိမ့္မည္ မဟုတ္ေခ်။ သို႔ေသာ္ သူ မေသမ်ိဳးနယ္ပယ္ကို အေတာ္ေလး အလ်င္စလို ျဖတ္ေက်ာ္ခ်င္ေနၿပီ။

နတ္မ်ိဳးႏြယ္နယ္ပယ္က လူတစ္ေယာက္နဲ႕ တိုက္ခိုက္ၿပီးေနာက္ အားလုံး ကိုယ့္အစြမ္းအစကို သိကုန္ၾကသည္။ မေသမ်ိဳးနယ္ပယ္ ၄ ေယာက္ ရွိေနတာေတာင္ ထိုလူႀကီးကို မနိုင္ခဲ့ေခ်။

ဖုန့္ဝူယိ တစ္ပတ္ေလာက္ တံခါးပိတ္ က်င့္ႀကံၿပီးေတာ့မွ ေလသေဘၤာကို ေမာင္းႏွင္ရမယ့္ တာဝန္က်လာသည္။ သူအခန္းထဲက ထြက္လာေတာ့ အျဖဴေရာင္ ဝတ္႐ုံနဲ႕ ဝမ္ကြမ္းတုံက စားပြဲဝိုင္းမွာ စြပ္ျပဳတ္ေသာက္ေနတာ ေတြ႕လိုက္ရသည္။

ဝမ္ပင္းပင္းက နံေဘးမွာ ထိုင္လ်က္ စကားေျပာေန၏။ သူတို႔ႏွစ္ဦးၾကားက ရင္းႏွီးႏြေးေထြးတဲ့ ေလထုက သူ႕ကိုေတာင္ ႏြေးေထြးသြားေစသည္။

"အားယိ!"

ထိုစဥ္ အသံတစ္သံနဲ႕အတူ မီးဖိုေခ်ာင္ထဲက ယင္ရွစ္ ေျပးထြက္လာသည္။ လက္ထဲမွာလည္း စြပ္ျပဳတ္တစ္ပန္းကန္ကို ကိုင္လ်က္။ သူမက ထူးထူးျခားျခား ၿပဳံးေနကာ ဖုန့္ဝူယိဆီ ျဖည္းျဖည္း မွန္မွန္ေလး ေလွ်ာက္လာ၏။

"ဝမ္ပင္းပင္းက အားလုံးအတြက္ စြပ္ျပဳတ္အိုးႀကီး ခ်က္ထားတယ္.... စားၾကည့္!"

"အင္း......"

ဖုန့္ဝူယိ ဝမ္ပင္းပင္းဆီ ေခါင္းတစ္ခ်က္ ညိတ္ျပလိုက္သည္။ အျပင္ထြက္လာေတာ့ သူနဲ႕အတူ တာဝန္က်တဲ့ တုံးက်န္းကလည္း စြပ္ျပဳတ္တစ္ခြက္ျဖင့္။

"ေဟး.... မင္း လာၿပီလား?"

ဖုန့္ဝူယိ အျပင္ကို ၾကည့္လိုက္ေတာ့ သူတို႔ရဲ႕ ေလသေဘၤာဟာ ပင္လယ္ေပၚက ျဖတ္သန္း ပ်ံေနတာကို ေတြ႕လိုက္ရသည္။ လုဖ်င္ျပတဲ့ ေျမပုံထဲမွာ ဆီးႏွင္းေရေငြ႕ေတာင္ကို သြားမယ့္လမ္းမွာ ပင္လယ္ေရျပင္ မရွိေပ။

ဖုန့္ဝူယိ အံ့ၾသစြာျဖင့္: "ဘာကို သြားေနတာလဲ?"

"ခရမ္းပုလဲကြၽန္း.... "

"ဘာႀကီးလဲ?"

"လုဖ်င္ေတာင္ သိတယ္... မင္းက မသိျပန္ဘူးလား?"

ဖုန့္ဝူယိ ဘာမွျပန္မေျဖဘဲ ေလသေဘၤာ လက္ရမ္းေပၚတက္ထိုင္ကာ တုံးက်န္းနဲ႕ ေဘးခ်င္းကပ္လ်က္ ေနရာယူလိုက္သည္။

ဖုန့္ဝူယိ: "လုဖ်င္က ငါတို႔ထဲမွာ ဗဟုသုတ အရွိဆုံးလူပဲ... "

တုံးက်န္းက ေခါင္းညိတ္၍: "အမွန္ပဲ... အခုလည္း ခရမ္းပုလဲကြၽန္း သြားမယ့္လမ္းကို သူပဲ ရွာေတြ႕တာ... ခရမ္းပုလဲကြၽန္းက နာမည္ရွိေပမယ့္ အလြယ္တကူ ရွာမေတြ႕နိုင္တဲ့ ေနရာမ်ိဳး.. ပင္လယ္ေရေငြ႕ေတြၾကားမွာ ေပ်ာက္ေနတာ... လုဖ်င္က လမ္းမွာ ေတာင္တစ္ေတာင္ကို ေတြ႕ေတာ့မွ ခရမ္းပုလဲကြၽန္း ေရာက္ေတာ့မွာကို သတိထားမိတာကြ!"

"ဘာေတာင္လဲ?"

ဖုန့္ဝူယိေမးရင္း လက္ထဲက စြပ္ျပဳတ္ပန္းကန္ကို ေလထဲက ပစ္ခ်လိဳက္ရာ ပန္းကန္က ေအာက္ဖက္က ေတာအုပ္ထဲ၌ ေပ်ာက္ကြယ္သြားသည္။

စြပ္ျပဳတ္ေသာက္ေနတဲ့ တုံးက်န္း: "......"

သူ ဘာမွမေျပာနိုင္ေပ။

ဖုန့္ဝူယိ: "ေျပာေလ...."

"ငါလည္း အဲ့ေတာင္ရဲ႕ သမိုင္းကို မသိဘူး.... ေတာ္ေတာ္ႀကီးတဲ့ ေတာင္ပဲ အလယ္တည့္တည့္မွာ ဓားအႀကီးႀကီးနဲ႕ ခုတ္ထားသလို အမွတ္အသားႀကီး ရွိတယ္.... အဲ့အမွတ္အသားႀကီးထဲမွာ ဘာအပင္မွ မေပါက္ေနဘူး... လုဖ်င္ေျပာတာေတာ့ နတ္ဘုရားႏွစ္ပါး တိုက္ခိုက္ရင္း ေတာင္ကို ခြဲပစ္ခဲ့တာတဲ့!"

တုံးက်န္းက ဆက္ေျပာသည္။

"ခရမ္းပုလဲကြၽန္းက ဒ႑ာရီဆန္တဲ့ နတ္ကြၽန္းမလို႔ အဲဒီကို ေရာက္ခ်င္ရင္ စမ္းသပ္မႈေတြ ေက်ာ္ျဖတ္ရမယ္တဲ့... ယြင္ေခ်ာင္ကေတာ့ အားလုံးနဲ႕ ေဆြးႏြေးၿပီးမွ လူခြဲသြားၾကည့္မယ္လို႔ ေျပာတယ္...."

ဖုန့္ဝူယိ ေခါင္းညိတ္ၿပီးေနာက္ အေဝးကို ေမွ်ာ္ၾကည့္လိုက္သည္။ ထိုစဥ္ တိုက္တိုက္ဆိုင္ဆိုင္ အရိပ္တစ္ခုက သူတို႔ဆီ ပ်ံသန္းလာေနတာ ေတြ႕လိုက္ရသည္။ ထိုအရိပ္က အရမ္းျမန္လြန္းကာ ခဏအတြင္း သူတို႔ ေလသေဘၤာအနားကို ေရာက္လာေတာ့မည္။

လူသတ္ေငြ႕ မရွိတာေၾကာင့္ ႏွစ္ေယာက္သား ခ်က္ခ်င္း မတ္တတ္ထရပ္လိုက္ခ်ိန္ ထိုလူက သူတို႔ေလသေဘၤာထဲကို အတားအဆီးမရွိ ေဖာက္ဝင္လာခဲ့ေလသည္။

"အစ္မယင္...."
"အစ္မေပခြၽမ္းယင္!"

ေရာက္လာသူက အမွန္ပင္ ေပခြၽမ္းယင္ ျဖစ္သည္။

ဖုန့္ဝူယိ: "႐ုတ္တရက္ ေရာက္လာတာ အေရးႀကီးကိစၥ ရွိလို႔လား?"

ေပခြၽမ္းယင္ ျပန္မေျဖေသးဘဲ သူတို႔သြားေနတဲ့ လမ္းေၾကာင္းကို ေမွ်ာ္ၾကည့္လိုက္သည္။ သူမကို ၾကည့္ရတာ တစ္ခုခုကို စိုးရိမ္ေနပုံပင္။ က်ဳံ႕ထားတဲ့ မ်က္ခုံးေတြကေန ခရမ္းပုလဲကြၽန္းနဲ႕ ပတ္သက္ၿပီး တစ္ခုခု ေျပာခ်င္ေနေၾကာင္းလည္း သိသာသည္။

သူမ အမူအရာက ဖုန့္ဝူယိနဲ႕ တုံးက်န္းကိုပါ စိတ္ပူလာေစ၏။ သို႔ေသာ္ ေနာက္ဆုံးေတာ့ ေပခြၽမ္းယင္က သက္ျပင္းခ်လိဳက္ၿပီး အေဝးကို ၾကည့္ေနတဲ့ လမ္းေၾကာင္းဆီက အၾကည့္ေတြကို ႐ုတ္သိမ္းလိုက္ေတာ့သည္။

"ထားပါေတာ့... ဒါက မင္းတို႔ရဲ႕ ကံၾကမၼာပဲ.. အရွင္ကေတာင္ ဝင္စြက္ဖက္လို႔ မရဘူး...."

ဖုန့္ဝူယိ မ်က္ေမွာင္ၾကဳတ္ကာ: "ဘာကိုေျပာတာလဲ? ရွစ္ဇြင္းက ဘာကို ဝင္စြက္ဖက္မွာလဲ?"

ေပခြၽမ္းယင္: "ဒီေလာကႀကီးအေၾကာင္း မင္းတို႔မသိေသးတာ အမ်ားႀကီး ရွိတယ္... ဒါေပမဲ့ တားလို႔လည္း မရဘူး.... "

တုံးက်န္း: "ဘာႀကီးတုန္း??"

ႏွစ္ေယာက္စလုံး လုံးဝ နားမလည္ၾကေခ်။

သို႔ေသာ္ ေပခြၽမ္းယင္က အမ်ားႀကီး မရွင္းျပဘဲ သူတို႔ေတြ ခရမ္းပုလဲကြၽန္းကို သြားေနတဲ့အခ်ိန္မွာ အထူးသတိထားဖို႔သာ မွာၿပီး ျပန္ထြက္သြားေလသည္။

တစ္ရက္ၾကာၿပီးေနာက္ တစ္ေနရာအေရာက္တြင္ ေလသေဘၤာက ဆက္မသြားေတာ့ေခ်။ ဖုန့္ဝူယိ ေလသေဘၤာကို သူ႕သိုေလွာင္လက္စြပ္ထဲ ထည့္ကာ အားလုံးအတူတူ ေတာအုပ္ထဲ ဝင္လာခဲ့သည္။

ခရမ္းပုလဲကြၽန္း အနား နီးကပ္လာေလ ေလထုထဲက ဖိအားေတြက သိပ္သည္းလာေလမို႔ သစ္ပင္ေတြအထက္မွာ ပ်ံသန္းၿပီးသြားလို႔ မရေတာ့ပါ။ ဒါေၾကာင့္ လူ၉ေယာက္ ေတာအုပ္ထဲ ဝင္လာခဲ့၏။

ေလထုထဲက အေငြ႕အသက္က အေတာ္ေလး ေအးစက္ေနသည္။ သစ္ပင္ေတြက ေနတိုးမေပါက္ေအာင္ အုပ္စိုင္းေနတာမ်ိဳး မဟုတ္ဘဲ သစ္ေတာရဲ႕ အေငြ႕အသက္ကိုက ေအးစက္စက္ အေငြ႕အသက္မ်ိဳး ေပးစြမ္းေနတာပဲ ျဖစ္သည္။

သို႔ေသာ္လည္း ဒီေအးစက္မႈက သူတို႔အားလုံးအေပၚ သက္ေရာက္မႈ မရွိေပ။ ေတာအုပ္ႀကီးက အဆုံးမရွိ ႀကီးမားသည္။ လမ္းေလွ်ာက္လာရင္းနဲ႕ ဘယ္ေရာက္ေနမွန္း မသိေအာင္ လမ္းေတြက ရႈပ္ေထြးလာသည္။

ဖုန့္ခ်န္းယင္: "ေတာႀကီးက တိတ္ဆိတ္လြန္းတယ္...."

"ခရမ္းပုလဲကြၽန္းက ဒ႑ာရီထဲက ဆန္းၾကယ္ကြၽန္းေလ.... သူ႕အနီးနားတစ္ဝိုက္မွာ ထူးဆန္းတဲ့ အေငြ႕အသက္ေတြက အျပည့္ပဲ... သက္ရွိသတၱဝါေတြ မရွင္သန္နိုင္ဘူး... "

ဖုန့္ဝူယိရဲ႕ လက္ေကာက္ဝတ္ကို ဆုပ္ကိုင္ထားတဲ့ လုဖ်င္က လွည့္ေျပာျပေလသည္။

ယြင္ေခ်ာင္: "လူေတြေတာ့ လာတယ္!"

ယြင္ေခ်ာင္ရဲ႕ မူမမွန္တဲ့ စကားေၾကာင့္ လူတိုင္း အေရွ႕ကို ေမွ်ာ္ၾကည့္လိုက္တဲ့အခါ သူတို႔နဲ႕ မလွမ္းမကမ္းမွာ လဲေလ်ာင္းေနတဲ့ အေလာင္းေတြကို ေတြ႕လိုက္ရသည္။ အနီးကပ္ ေျပးၾကည့္လိုက္ေတာ့ အေလာင္းေတြက ၅၀ထက္မနည္း ရွိေန၏။

လုဖ်င္ ေၾကာက္႐ြံ႕သြားသည္။

"အေလာင္းေတြက ဘာလို႔ မပုပ္သြားတာလဲ?"

တကယ္ပဲ အေလာင္းေတြက မပုပ္သြားေခ်။

ဖုန့္ဝူယိ: "ဒါေပမဲ့ သူတို႔ရဲ႕ စိတ္ဝိညာဥ္က ဖ်က္စီးခံထားရတဲ့ပုံပဲ"

ယြင္ေခ်ာင္: "သတိထားၾက!"

ယြင္ေခ်ာင္ သူတို႔အေရွ႕က အဆုံးမရွိ ေတာလမ္းကိုၾကည့္ရင္း ဆိုလိုက္သည္။ ထို႔ေနာက္ အားလုံး အေလာင္းေတြကို သတိထား ေက်ာ္ခြကာ ဆက္သြားၾကသည္။

အေလာင္းေတြက အမွန္တကယ္ ဒဏ္ရာမရွိၾကေခ်။ စိတ္ဝိညာဥ္ ဖ်က္စီးခံထားရၿပီး မပုပ္သြားတာကလြဲရင္ ထူးထူးျခားျခား သဲလြန္စ မရွိ။ အေလာင္းေတြရဲ႕ အလယ္ကို ေရာက္ေသာအခါ တစ္ခုခု ထူးျခားလာသည္။ ေလထုထဲက မျမင္နိုင္ေသာ အရာတစ္ခုက သူတို႔ဆီကို ခ်ဥ္းကပ္လာသလို ခံစားလာရ၏။

ဝွစ္!

႐ုတ္တရက္ ဝမ္ကြမ္းတုံက ေလေပၚခုန္တက္ကာ ေျခေထာက္တစ္ဖက္ကို လႊဲကန္ပစ္လိုက္သည္။

ဗုန္း!

တစ္စုံတစ္ခုက တိက်စြာ အကန္ခံလိုက္ရၿပီးေနာက္ တစ္ဖက္ကို လႊင့္သြားကာ သစ္ပင္ႀကီးတစ္ပင္ကို ဝင္တိုက္ပစ္ရာ သစ္ကိုင္းသစ္႐ြက္ေတြ ျပင္းျပင္းထန္ထန္ လႈပ္ခတ္သြား၏။

ဖုန့္ဝူယိလည္း ခ်က္ခ်င္း တုံ႕ျပန္ကာ ေျမႀကီးကို အစိမ္းေရာင္ သလင္းေက်ာက္ျဖင့္ ဖိခ်လိဳက္သည္။ အစိမ္းေရာင္ စက္ကြင္းႀကီးတစ္ခု ေျမႀကီးေပၚမွာ ျဖန့္က်က္သြားစဥ္ ဝမ္ကြမ္းတုံက ေနာက္ထပ္ တစ္ခုခုကို ကန္ထုတ္လိုက္ျပန္ကာ ထိုအမည္မသိ အရာက သစ္ပင္တစ္ပင္မွာ သြားကပ္ေနသည္။

၎က ေရအရိပ္တစ္ခု ေျပးလႊားေနသလိုပင္။ အစိမ္းေရာင္ စက္ကြင္းႀကီးေၾကာင့္သာ မဟုတ္ရင္ ၎ကို ျမင္ရလိမ့္မည္ မဟုတ္ေခ်။

"ဘာႀကီးလဲ?"

"ျမန္လိုက္တာ!"

လုဖ်င္: "အဲဒါ ဝိညာဥ္စားမိစ္ဆာပဲ!"

အားလုံးတစ္ၿပိဳင္တည္း လက္နက္ေတြ ထုတ္လိုက္ၾကသည္။ အခုအခ်ိန္မွာ သူတို႔ဟာ ထိုမိစ္ဆာရဲ႕နယ္ေျမထဲကို ေရာက္ေနၿပီ။ သတိတစ္ခ်က္ လြတ္သြားတာနဲ႕ ေျမႀကီးေပၚက အေလာင္းေတြလို ဇာတ္သိမ္းသြားမွာ ေသခ်ာသည္။

ဝိညာဥ္စားမိစ္ဆာေတြ တျဖည္းျဖည္း ပိုမ်ားလာသည္။ ယြင္ေခ်ာင္တို႔ရဲ႕ ဓားစြမ္းအင္ေတြက ဝိညာဥ္စားမိစ္ဆာေတြကို သတ္နိုင္ေသာ္လည္း ၎တို႔က အေရအတြက္ မ်ား႐ုံတင္မကဘဲ အလြန္လည္း ျမန္၏။

ဝွစ္ ဝွစ္!

လူတိုင္း ေလေပၚမွာ ေျပးလႊားေနရသည္။

ဖုန့္ခ်န္းယင္: "ဒီေကာင္ေတြက ပိုပိုမ်ားလာၿပီဟ.... လုဖ်င္ ဒီေကာင္ေတြကို သတ္လို႔ေရာရလား?"

လုဖ်င္မွာ က်င့္ႀကံမႈအဆင့္ နိမ့္တာေၾကာင့္ ဖုန့္ဝူယိက သူ႕အေနာက္မွာ ကာကြယ္ေပးထားရသည္။ သူ႕လက္ထဲက ဓားတစ္ေခ်ာင္းကို ေဝ့ယမ္းေနေသာ္လည္း ဖုန့္ဝူယိေလာက္ လ်င္လ်င္ျမန္ျမန္ မလုပ္နိုင္ေခ်။

လုဖ်င္: "ဒီေကာင္ေတြမွာ ဘုရင္ရွိတယ္... အဲ့ဘုရင္က အားလုံးကို အမိန့္ေပးေစခိုင္းတာ... သူ႕ကိုသတ္နိုင္ရင္ ရၿပီ!"

လူတိုင္း သူတို႔ပတ္ဝန္းက်င္ကို လွည့္ၾကည့္လိုက္၏။

တုံးက်န္း: "အကုန္လုံးက တစ္ပုံစံတည္းေတြခ်ည္းပဲ... အထီးအမေတာင္ မခြဲတတ္ေတာ့ဘူးကြ!"

လုဖ်င္: "အဲဒါဆို သူတို႔နယ္ေျမထဲက လြတ္ေအာင္ ေျပးနိုင္မွရမယ္!"

ေျဖၿပီးေနာက္ ဓားစြမ္းအင္တစ္စင္း ပစ္လႊတ္လိုက္သည္။ သူ႕အင္အားနဲ႕လည္း ဓားတစ္ခ်က္ ဝိညာဥ္စားမိစ္ဆာ တစ္ေကာင္ကို သတ္နိုင္ေသာ္လည္း အႏွီမိစ္ဆာမ်ားက ေထာင္ေသာင္းနဲ႕ ခ်ီေနတာေၾကာင့္ မနိုင္ေပ။

႐ုတ္တရက္ ေရလို လက္သည္းရွည္ေတြက လုဖ်င္ကို လွမ္းကုတ္လာသည္။

"အား!"

လုဖ်င္ အလန့္တၾကား ေအာ္လိုက္စဥ္ လက္ဝါးတစ္ဖက္က သူ႕မ်က္ႏွာေရွ႕က လက္သည္းရွည္ႀကီးကို ဖမ္းဆုပ္ထားလိုက္သည္။ ဖုန့္ဝူယိ သူ႕လက္ဝါးမွာ မီးေတာက္ေတြကိုပါ ထုတ္လႊတ္ထားေသာ္လည္း ဝိညာဥ္စားမိစ္ဆာက မေၾကာက္ေပ။

ေသခ်ာတာကေတာ့ သူ႕မီးေတာက္က အဆင့္မျမင့္ေသးလို႔ ျဖစ္မည္။ သို႔ေသာ္ ဖုန့္ဝူယိ အားထပ္ထည့္လိုက္ေသာအခါ ဝိညာဥ္စားမိစ္ဆာလည္း ေလာင္ကြၽမ္းသြားေတာ့သည္။

ဖုန့္ခ်န္းယင္က သူ႕အျမႇီးမ်ားျဖင့္ ရိုက္ထုတ္ေနကာ ယြင္ေခ်ာင္က မိုးႀကိဳးမ်ားျဖင့္ ပစ္ခတ္ေနသည္။ ယင္ရွစ္က သူ႕ကိုယ္သူ ေႁမြျဖဴႀကီးအသြင္ ေျပာင္းထားကာ ပိုင္ယင္းကလည္း ထက္ရွေသာ ဓားစြမ္းအင္မ်ားကို အဆက္မျပတ္ ေဝ့ယမ္းလ်က္ ရွိသည္။

ေလထုအလယ္မွာေတာ့ ဝမ္ပင္းပင္းသည္ သူမရဲ႕ အျဖဴေရာင္ အေတာင္ႀကီးကို ျဖန့္ကာ လွည့္ပတ္ပ်ံသန္းရင္း တိုက္ခိုက္ေနသည္။

လုဖ်င္: "ကြၽန္ေတာ္ ထြက္လမ္းရွာမယ္! ထြက္လမ္းေတာ့ ေသခ်ာေပါက္ ရွိမွာပဲ!"

လုဖ်င္ အနည္းငယ္ ပ်ာယာခတ္လာသည္။ သူတို႔အားလုံး တစ္မ်ိဳးစီ အစြမ္းထက္ေသာ္လည္း ဝိညာဥ္စားမိစ္ဆာမ်ားက အေရအတြက္ အလြန္မ်ားလြန္းလွသည္။ ဒီအတိုင္း ဆက္သြားေနရင္ သူတို႔အားလုံး အင္အားေတြ ကုန္ခမ္းသြားလိမ့္မည္။

အစိမ္းေရာင္ စက္ကြင္းႀကီးေၾကာင့္ ဝိညာဥ္စားမိစ္ဆာက လူပုံစံ၊ လက္သည္းရွည္၊ အစြယ္ေတြနဲ႕ မိစ္ဆာပဲဆိုတာ ရွင္းရွင္းလင္းလင္း ျမင္လာရသည္။

လူ၉ေယာက္ေၾကာင့္ သူတို႔ဘက္က အေကာင္ေတြ ေသတာမ်ားလာေတာ့ ၎တို႔က ပိုပိုၿပီး အရိုင္းဆန္လာၾကေတာ့သည္။ ၎တို႔ရဲ႕ အျမန္ႏႈန္းက ပိုအားေကာင္းလာတဲ့အျပင္ ေလထဲမွာ လွည့္ပတ္ ေျပးလႊားေနတဲ့ အရိပ္ေတြကလည္း ပိုမ်ားလာ၏။

ယြင္ေခ်ာင္ ဓားစြမ္းအင္ တစ္ခ်က္နဲ႕ လွ်ပ္စီးေၾကာင္း တစ္ရာေလာက္ကို ပစ္ခတ္ကာ ဖယ္ရွားပစ္သည္။

ဝုန္း!

႐ႊင္း!

ယင္ရွစ္ကလည္း ဓားတစ္ခ်က္တည္းျဖင့္ အေကာင္ရာေက်ာ္ကို ရွင္းထုတ္ပစ္နိုင္သည္။

ထိုစဥ္ ဖုန့္ဝူယိအကာအကြယ္နဲ႕ လုဖ်င္သည္ သူ႕နားထင္ကို လက္ႏွစ္ဖက္ျဖင့္ ဖိလ်က္ မ်က္လုံးေတြကို အလုပ္ေပးေနသည္။ သူ႕မ်က္လုံးေတြက ေ႐ႊေရာင္ အလင္းမႈန္ေတြ ျဖာထြက္လ်က္ရွိ၏။ ၎ကို နတ္မ်က္လုံးဟုေခၚကာ

You are reading the story above: TeenFic.Net