🍬47🍬၅လုံးမြောက်ကြယ်

Background color
Font
Font size
Line height

Chapter (47)
၅လုံးမြောက်ကြယ်

ယောက်ျားလေးချင်း ဘယ်လို သဘောကျလဲ ဖုန့်ဝူယိလည်း မရှင်းပြတတ်ပေ။

ဖုန့်ချန်းယင်ကတော့ ဒါကို လုံးဝ လက်မခံနိုင်သေးသော်လည်း ဖုန့်ဝူယိလည်း မတတ်နိုင်ချေ။ သူတို့တွေ ဆီးနှင်းရေငွေ့တောင်ကို သွားမယ့် လေသင်္ဘောပေါ် ရောက်တဲ့အထိလည်း ဖုန့်ချန်းယင် ပြောလို့မပြီးသေး။

ဆီးနှင်းရေငွေ့တောင်က ဓားပျံသွားနေလို့ ခရီးရောက်မယ့် နေရာမဟုတ်တာကြောင့် အရှင်ချင်းလုံက လေသင်္ဘော စီစဥ်ပေးလိုက်တာပဲ ဖြစ်သည်။ လေသင်္ဘောက သလင်းကျောက်ကို စားသုံးကာ အနီရောင် သလင်းကျောက် တစ်လုံးက ၁၀မိုင်အထိ မောင်းနှင်နိုင်သည်။

လင်ရုချောင်ဆီ ရောက်ကတည်းက အနီရောင်သလင်းကျောက်က မရှားတော့ချေ။ အထက်နယ်မြေမှာလည်း အနီရောင်သလင်းကျောက်ကိုသာ အသုံးများကြသည်။

အခုအချိန်မှာတော့ မောင်နှမတွေနဲ့ တုံးကျန်းဟာ လေသင်္ဘောပေါ် ရောက်နေကြပါပြီ။ လေသင်္ဘောမှာ ၎င်းကို ကာကွယ်ပေးထားသော အခင်းအကျင်းကြောင့် အပြင်ကကြည့်လျှင် သေးငယ်ပုံပေါ်သော်လည်း အထဲမှာတော့ တစ်ယောက်စီအတွက် အခန်း တစ်ခန်းစီ ပါရှိသည်။

အလယ်တည့်တည့်မှာ စားပွဲဝိုင်းတစ်ခုရှိကာ အခန်းတွေကို စက်ဝိုင်းပုံ ဖွဲ့စည်ထား၏။ လက်ရှိတော့ ဖုန့်ဝူယိနဲ့ ဖုန့်ချန်းယင်တို့ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

ယွင်ချောင်က အပြင်ဘက်မှာ လမ်းကြောင်းထိန်းနေလျက် ရှိကာ ပိုင်ယင်းက အဖော်ပြုပေးနေသည်။ ဆီးနှင်းရေငွေ့တောင် ခရီးက တစ်လလောက်တော့ ကြာလိမ့်မည်။

ဖုန့်ဝူယိ: "ငါမင်းကို မရှင်းပြတတ်ဘူး... ဘာပဲဖြစ်ဖြစ် ရှစ်ဇွင်းအပေါ် ငါ့ခံစားချက်တွေကတော့ အမှန်ပဲ!"

သို့သော် ဖုန့်ချန်းယင်ကတော့ မျက်မှောင်ကျုံ့ကာ။

"ရှစ်ဇွင်းဆိုတာ အဖေလို ဆရာကွ!"

"သူက ငါ့အဖေ မဟုတ်ဘူး!"

"ကောင်းပြီ... အရှင်ချင်းလုံက ချောတယ် စည်းစိမ်ပေါတယ် ကျင့်ကြံမှု အားကောင်းတယ် သန်မာတယ်.... မိန်းကလေးတိုင်း သဘောကျနိုင်တဲ့ အနေအထားမျိုး ဆိုတာ ငါလက်ခံတယ်ကွာ... မင်းက ယောက်ျားလေးလေ... မင်းဘယ်လိုလုပ် သူ့ကို ကြိုက်သွားတာလဲ?"

ထိုအခါ ဖုန့်ဝူယိမှာလည်း သက်ပြင်းရှည်ကြီးသာ ချလိုက်ရလေတော့သည်။

"မင်းလည်း တစ်နေ့ ယောက်ျားလေးတစ်ယောက်ကို ကြိုက်သွားတဲ့ တစ်နေ့ကျရင် နားလည်မှာပါ!"

ဝုန်း!

ဖုန့်ချန်းယင် လန့်ဖြတ်ကာ ဝုန်းကနဲ ထရပ်လိုက်ပါတော့သည်။

"ငါ ယောက်ျားတစ်ယောက်ကို ဘယ်တော့မှ မကြိုက်ဘူးကွ!"

ပြောရင်းနဲ့ အပြင်ဘက်ကို ခြေစောင့်ကာ ထွက်သွားတော့၏။ သူတို့စားပွဲဝိုင်းမှာ တစ်ချိန်လုံး ထိုင်နားထောင်နေတဲ့ တုံးကျန်းက ထွက်သွားသူကို လက်ညှိုးထိုးပြရင်း တိုးတိုးလေး ပြောလေသည်။

"ငါစမ်းကြည့်ရမလား?"

ဖုန့်ဝူယိ ခေါင်းအသာခါလိုက်သည်။

"မရလောက်ဘူး...."

"ဘာဖြစ်လို့လဲ?"

"သူ့နှလုံးသားကို သူ့ထက် စိတ်ကြီးတဲ့လူပဲ နိုင်မှာ...."

ထိုအချိန်တွင် လုဖျင်ရဲ့ အခန်းတံခါးလေးပွင့်လာကာ လုဖျင်တစ်ယောက် စာရွက်ကလေးတစ်ရွက်နဲ့ ပြေးထွက်လာသည်။ သူနဲ့အတူ ယင်ရှစ်လည်း ပါလာ၏။ လုဖျင်က စာရွက်ကို စားပွဲကြီးပေါ် ဖြန့်ချလိုက်ရင်း သူဆွဲထားတဲ့ ဆီးနှင်းရေငွေ့တောင် ပတ်ပတ်လည်က မြေပုံကြမ်းကို ပြသလိုက်လေသည်။

"ကျွန်တော် တိမ်နဂါးကျောင်းတော်မှာ ဒီတောင်အကြောင်း ဖတ်ဖူးတယ်... အကြီးအကဲလင်ရဲ့ အကူအညီကြောင့်လည်း ရှေးဟောင်းကျမ်းတွေ အများကြီး ရခဲ့သေးတယ်... ဒါ ကျွန်တော် ဆွဲထားတဲ့ ပုံကြမ်းပဲ..."

လုဖျင်သည် ဆီးနှင်းရေငွေ့တောင်ကို ကောင်းကင်ကနေ ကြည့်နေရသလို မြင်ကွင်းမျိုး ဆွဲထားတာပဲ ဖြစ်လေသည်။ သူက တောင်တန်းရဲ့ ပတ်ပတ်လည်က နေရာငါးနေရာကို အရောင်ငါးရောင်ဖြင့် အမှတ်အသား လုပ်ထား၏။

လုဖျင်: "မြွေဖြူနတ်ဘုရားမ ပျောက်ကွယ်သွားပြီးကတည်းက ဆီးနှင်းရေငွေ့တောင်ကို မိစ္ဆာတွေက သိမ်းပိုက်ဖို့ ဝန်းရံထားကြတာ... ကျွန်တော်အခု ဦးတည်နေတဲ့ အတိုင်းဆို ပင့်ကူမိစ္ဆာတွေနဲ့ တွေ့ရဖို့များတယ်...."

သူ့လက်ချောင်းလေးဖြင့် ခရမ်းရောင် ပင့်ကူပုံဆွဲထားရာသို့ ထောက်ပြလိုက်သည်။

"မိစ္ဆာမျိုးနွယ်က အစုံရှိတယ်... ဒီပင့်ကူမိစ္ဆာတွေ အဲ့နေရာကို ရောက်နေတာကတော့ နှစ်ပေါင်းရာကျော်ပြီ... "

တုံးကျန်း: "​ဆီးနှင်းရေငွေ့တောင်ကို သိမ်းပိုက်ပြီးပြီလား?"

"ဟင့်အင်း"

လုဖျင် ခေါင်းခါပြီး: "နတ်ဘုရားမ ထွက်သွားပြီးကတည်းက တောင်တန်းက နှင်းဖုံးသွားတာလေ... ပင့်ကူမိစ္ဆာတွေ တက်ဖို့တောင် မလွယ်ဘူး တခြားမိစ္ဆာတွေလည်း အတူတူပဲ သူတို့အခုထိ တောင်ကိုသိမ်းပိုက်ဖို့ ကြိုးစားနေကြတုန်းပဲ... "

ယင်ရှစ်: "ဆက်သွယ်ထားသမျှ မျိုးနွယ်စုတွေလည်း ပြန်လာနေကြပြီ... ငါတို့လုပ်ရမှာက သူတို့အတွက် လမ်းတစ်လမ်း ဖောက်ထားပေးဖို့ပဲ...."

ယင်ရှစ် ဆိုရင်း သက်ပြင်းချလိုက်သည်။

သူမဟာ ခုနှစ်စင်ကြယ်ထဲက ကြယ်တစ်လုံး ဆိုပေမယ့် မြွေမျိုးနွယ်အတွက်က မင်းသမီးတစ်ပါး ဖြစ်နေသေးသည်။ ဒါကြောင့် မြွေမျိုးနွယ်ရဲ့ ဆီးနှင်းရေငွေ့တောင်ကို ပြန်လည်ရယူဖို့က သူမတာဝန်ဖြစ်တာမလို့ ဖိအားတွေက သူမပုခုံးပေါ် ကျလာခဲ့လေသည်။

ဖုန့်ဝူယိ သူမပုခုံးကို လှမ်းပုတ်လိုက်ရင်း အားပေးစကားလေး ပြောလိုက်သည်။

"အစ်မသုံး... စိတ်မပူပါနဲ့ အခုက အစ်မတစ်ယောက်တည်း မဟုတ်ပါဘူး... တုံးကျန်း၊ အစ်ကိုကြီးနဲ့ အစ်မနှစ်ကလည်း မသေမျိုးနယ်ပယ်ထဲ ဝင်နေပြီ... ကျွန်တော်နဲ့ ဖုန့်ချန်းယင်ရဲ့ လက်ရှိခွန်အားက မသေမျိုးနယ်ပယ် အဆင့်၃ အဆင့်၄လောက် အထိတော့ တိုက်ခိုက်နိုင်တယ်.... ပင့်ကူမိစ္ဆာတွေမှာ မသေမျိုးနယ်ပယ် အယောက်၅၀လောက်သာ မရှိနေရင် ကျွန်တော်တို့ဘက်က လှည့်ကွက်တွေ ကစားလို့ရတယ်..."

ယင်ရှစ် ပြုံးကာ ခေါင်းညိတ်လိုက်၏။

"ဟုတ်တယ်... ငါ့မှာ မောင်နှမတွေ ရှိတယ်...."

လုဖျင်လည်း ပြုံး၍ မြေပုံပေါ်က ဆီးနှင်းရေငွေ့တောင်ကို ပြန်ထောက်ပြသည်။

လုဖျင်: "တောင်ကို ပတ်လည်ဝန်းရံထားတဲ့ ရေလမ်းကြောင်းရှိတယ်.... ဒါပေမဲ့ နတ်ဘုရားမ မရှိတော့တဲ့ နောက်ပိုင်း ရေထဲကဖြတ်သွားပြီး တောင်ပေါ် တက်ဖို့ ကြိုးစားသူတွေ ရှိပေမယ့် ဘယ်သူမှ မအောင်မြင်ခဲ့ဘူး... ကျွန်တော်တို့ ပေါ်ပေါ်ထင်ထင် မလုပ်ဘဲ တောင်ဆီကို ရောက်ဖို့ဆိုရင် ရေလမ်းကနေလည်း စုံစမ်းရမယ်ထင်တယ်...."

"အင်း...."

"ရေလမ်းကြောင်းကတော့ အစ်မပိုင်လက်ထဲ အပ်ထားရမှာပဲ!"

ဝုန်း!

ရုတ်တရက် တစ်စုံတစ်ခုက သူတို့လေသင်္ဘောကို လာရောက် ရိုက်ခတ်တာကြောင့် လေသင်္ဘောရဲ့ အခင်းအကျင်းက အလိုလို ကာကွယ်ထားလိုက်သည်။ သို့သော် ၎င်းအသံက အတွင်းထဲက လူအားလုံးကို သတိဝင်စေတာကြောင့် အားလုံး ပြေးထွက်လာခဲ့၏။

"ဘာဖြစ်လို့လဲ?"

"ဘယ်သူလဲ?"

သူတို့လေသင်္ဘောရှေ့မှာ လူနှစ်ယောက် ရပ်နေကြသည်။ ပိုဆိုးတာက သူတို့နှစ်ဦးမှာ အဖြူရောင် အတောင်တစ်စုံစီ ရှိနေကြကာ အတောင်ရဲ့ တည်ဆောက်ပုံကို ကြည့်လိုက်ရင် တောင်ပံမျိုးနွယ်စုကဆိုတာ သိသာသည်။

ခပ်လှမ်းလှမ်းမှာတော့ လူ၅ယောက်တစ်ဖွဲ့က ဓားပျံများဖြင့် ရပ်နေကြကာ အတောင်တွေနဲ့ လူနှစ်ယောက်ကို တိုက်ခိုက်နေပုံပင်။

တိုက်ခိုက်ခံရသူနှစ်ယောက် အနက် ယောက်ျား​​​လေးဖြစ်သူမှာ သေလောက်တဲ့ဒဏ်ရာ ရထားပုံပါပဲ။ အခုအချိန်မှာတော့ ထိုလူဟာ သူ့အဖော်မိန်းကလေးရဲ့ လက်မောင်းပေါ်မှာ သတိလစ်နေကာ အတောင်တစ်ဖက်ကလည်း သွေးတွေ ရွဲနေသည်။

"မင်းတို့ ပြေးလို့မလွတ်ပါဘူး.... နတ်ကြာပန်းကိုသာ လိမ်လိမ်မာမာနဲ့ ထုတ်ပေးလိုက်ရင် မင်းရဲ့ ဆရာတူမောင်လေးလည်း မသေဘူးနော်...."

မိန်းကလေး: "နတ်ကြာပန်းက အစကတည်းက ငါတို့မျိုးနွယ်က ပိုင်တာ! ဘာကိစ္စ နင်တို့ကို ပေးရမှာလဲ?"

"ဒါဆိုလည်း မင်းတို့ကို အပြတ်ရှင်းပြီး ယူရတာပေါ့!"

"အတူတူ သွားသေလိုက်!"

မိန်းကလေးက သတိလစ်နေတဲ့ ကောင်လေးကို သူမရဲ့ အတောင်တွေနဲ့ ဖုံးအုပ်ပေးလိုက်လေသည်။ ဒါက သူမရဲ့ နောက်ဆုံး ထွက်သက်မှာ ဆရာတူမောင်လေးကို ကာကွယ်ပေးသွားချင်တဲ့ ဆန္ဒပင်။

လူငါးယောက်ဆီက ဓားစွမ်းအင်တွေ တစ်ပြိုင်တည်း ပြေးထွက်လာကြ၏။ သေချာပေါက် သူတို့မှာ ရှောင်ဖို့နေရာမရှိပေ။ ဒါကြောင့် အတူသေရုံသာ ရှိတော့သည်။

ထိုအခိုက် အရိပ်နှစ်ခု ချဥ်းကပ်လာသည်။ မိန်းကလေးလည်း သူမရဲ့ အတောင်တွေကို အသာဖွင့်ပြီး ကြည့်လိုက်တော့ လေသင်္ဘောထဲက မသေမျိုးနယ်ပယ် ယောက်ျားတစ်ယောက်နဲ့ မိန်းကလေး တစ်ယောက် ပြေးထွက်လာတာပဲ ဖြစ်ပေ၏။

ထိုနှစ်ယောက်က သူမတို့အတွက် လူငါးယောက်ရဲ့ ဓားစွမ်းအင်တွေကို ဝင်ကာလိုက်စဥ် နောက်ထပ် ငွေရောင်ဆံပင်နဲ့ မိန်းကလေးတစ်ယောက်ကလည်း တအံ့တသြနဲ့ ပျံသန်းလာပြန်သည်။

ယင်ရှစ်: "သူက ၅လုံးမြောက်ကြယ်ပဲ!"

"ဟင်??"

ယင်ရှစ်: "လာခဲ့!"

ယင်ရှစ် ထိုနှစ်ယောက်ကို လေသင်္ဘောထဲ ဆွဲခေါ်လာခဲ့သည်။

ဖုန့်ဝူယိ: "ဒီကောင်လေးက ငါးလုံးမြောက်ကြယ်လား?"

"ဟုတ်တယ်... "

ဖုန့်ချန်းယင်: "သေချာလို့လား?"

ထိုစဥ် ယင်ရှစ်က မပြောမဆိုဖြင့် ထိုကောင်လေးရဲ့ နောက်ကျောက အဝတ်တွေကို ဆွဲဖြဲပြလိုက်ရာ ကြယ်အမှတ်အသား တကယ်ကြီး ရှိနေတာ တွေ့လိုက်ရတော့သည်။

ဘယ်လိုဖြစ်တာလဲ?

၅လုံးမြောက်ကြယ်က ဘယ်လိုလုပ် တောင်ပံမျိုးနွယ်စု ဖြစ်နေတာလဲ?

ယင်ရှစ်အတွက် တောင်ပံမျိုးနွယ်စုက အရိပ်ဆိုးပင်။ ဒါကြောင့် ကြယ်အမှတ်အသားကို တွေ့တော့ သူမ ချက်ချင်း နောက်ပြန်ဆုတ်သွားကာ ဘာလုပ်ရမှန်းမသိ ဖြစ်သွား၏။

သို့သော် ကောင်လေးရဲ့ ဆရာတူအစ်မကတော့ သူမတို့ကို အန္တရာယ်ပေးမှာ ကြောက်သဖြင့် သူမကိုယ်သူမရော ကောင်လေးကိုပါ အဖြူရောင် အတောင်ကြီးဖြင့် ထပ်အုပ်ပစ်ပြန်သည်။

ယင်ရှစ်ကတော့ ထိုနှစ်ယောက်ကို မကြည့်တော့ဘဲ တစ်ဖက်မှာ သွားထိုင်နေသည်။ လူငါးယောက်ကို အပြတ်ရှင်းလိုက်တဲ့ ယွင်ချောင်နဲ့ ပိုင်ယင်းက လူငါးယောက်ရဲ့ သိုလှောင်လက်စွပ်တွေ ယူကာ ပြန်ရောက်လာကြသည်။

ယင်ရှစ်အပေါ် နားလည်သလို ဒုက္ခရောက်နေတဲ့ မောင်နှမကိုလည်း နားလည်တာကြောင့် အားလုံးက အသံတိတ်နေကြသည်။ လေသင်္ဘောပေါ်၌ ဘယ်လောက်ကြာအောင် တိတ်ဆိတ်သွားတယ်မသိ တိတ်ဆိတ်သွားခဲ့သည်။

နောက်ဆုံး ဖုန့်ဝူယိက အရင်လှုပ်ရှားကာ သွေးစွန်းနေသော အဖြူရောင် အတောင်ပုံကြီးအနား ချဥ်းကပ်သွားလိုက်သည်။

"စိတ်အေးအေးထားပါ.... သူ့ဒဏ်ရာက မြန်မြန်ကုသဖို့ လိုတယ်... ငါတို့က မင်းတို့ကို အန္တရာယ်မပေးပါဘူး... "

ဤတော့မှ မိန်းကလေးက သူမအတောင်များကို ဖွင့်ပေးလာသည်။

"တကယ်လား?"

မေးနေပေမယ့် ဖုန့်ဝူယိတို့ တစ်ယောက်ချင်းစီကို သတိနဲ့ ကြည့်နေဆဲ။ အထူးသဖြင့် သူမမောင်ရဲ့ အင်္ကျီကို အကြမ်းပတမ်း ဆွဲဖြဲသွားတဲ့ ငွေရောင်ဆံပင်နဲ့ မိန်းကလေးကိုပင်။

ဖုန့်ဝူယိ ခေါင်းတစ်ချက်ညိတ်ရင်း ဆေးလုံးလေး ပေးလိုက်သည်။ ထို့နောက် ယွင်ချောင်ကလည်း ထိုကောင်လေးရဲ့ ဒဏ်ရာတွေကို စစ်ဆေးပေး၏။ လုဖျင်က အတောင်ပေါ်က ဒဏ်ရာတွေကို ဆေးထည့်ပေးနေစဥ် ဖုန့်ဝူယိကလည်း ကောင်လေးကို သေချာ စစ်ဆေးပေးနေသည်။

သူက တောင်ပံမျိုးနွယ်စုက ဖြစ်နေရင်တောင် ၅လုံးမြောက်ကြယ် ဖြစ်နေတုန်းပဲ။ နောက်ပြီး သူတို့ရဲ့ ညီလေး။

ဖုန့်ဝူယိ: "မင်းတို့အတွက် အခန်းတစ်ခန်း ပြင်ပေးမယ် အရင်ဆုံး အနားယူလိုက်ကြပါ...."

"ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကျွန်မ ပျံနိုင်ပါသေးတယ်... ကျွန်မတို့ထွက်သွား..."

ယွင်ချောင်: "မဖြစ်ဘူး.... "

မိန်းကလေး: "......"

ဖုန့်ချန်းယင်: "သူက ငါတို့ထဲက တစ်ယောက်ပဲ.... ၅လုံးမြောက်ကြယ်.... "

ဖုန့်ချန်းယင် ထိုစကားသာ ပြောလိုက်ပေမယ့် မိန်းကလေးက ကြိုသိထားပုံဖြင့် မအံ့ဩသွားပေ။ သူမက ခုနှစ်စင်ကြယ် အကြောင်း သိနေတာလည်း ​ဖြစ်နိုင်သည်။

ဖုန့်ဝူယိ: "မင်း သိထားတာလား?"

မိန်းကလေးက အသာခေါင်းညိတ်ကာ။

"လွန်ခဲ့တဲ့ ၃နှစ်လောက်က အားတုံရဲ့ နောက်ကျောက အမှတ်အသားက လင်းလာတယ်... အဲဒီတုန်းက ဂိုဏ်းပြိုင်ပွဲလုပ်နေတာ လူတိုင်းမြင်ကုန်ပြီး အကြီးအကဲ တစ်ယောက်က ခုနှစ်စင်ကြယ် ပေါ်ထွက်လာပြီဆိုပြီး အားတုံးကိုသတ်ဖို့ လုပ်တော့တာ... ကျွန်မတို့ လိုက်သတ်ခံနေရတာ ၃နှစ်ရှိပြီ...."

လူတိုင်း: "......."

"တောင်ပံမျိုးနွယ်စုက ဒီလောကမှာ မလုံခြုံမှန်း သိပါတယ်... အခု အားတုံမှာက နတ်ကြာပန်းလည်း ရှိနေတော့ ဂိုဏ်းကတင် မဟုတ်ဘူး အထက်နယ်မြေကပါ ကျွန်မတို့ကို အသေရရ အရှင်ရရ လိုချင်နေကြတာ...."









Chapter (47)
၅လုံးမြောက်ကြယ်











"သူက ငါ့အဖေ မဟုတ်ဘူး!"




ဝုန်း!




"ငါစမ်းကြည့်ရမလား?"


"မရလောက်ဘူး...."

"ဘာဖြစ်လို့လဲ?"





လုဖျင်: "မြွေဖြူနတ်ဘုရားမ ပျောက်ကွယ်သွားပြီးကတည်းက ဆီးနှင်းရေငွေ့တောင်ကို မိစ်ဆာတွေက သိမ်းပိုက်ဖို့ ဝန်းရံထားကြတာ... ကျွန်တော်အခု ဦးတည်နေတဲ့ အတိုင်းဆို ပင့်ကူမိစ်ဆာတွေနဲ့ တွေ့ရဖို့များတယ်...."


"မိစ်ဆာမျိုးနွယ်က အစုံရှိတယ်... ဒီပင့်ကူမိစ်ဆာတွေ အဲ့နေရာကို ရောက်နေတာကတော့ နှစ်ပေါင်းရာကျော်ပြီ... "


"ဟင့်အင်း"

လုဖျင် ခေါင်းခါပြီး: "နတ်ဘုရားမ ထွက်သွားပြီးကတည်းက တောင်တန်းက နှင်းဖုံးသွားတာလေ... ပင့်ကူမိစ်ဆာတွေ တက်ဖို့တောင် မလွယ်ဘူး တခြားမိစ်ဆာတွေလည်း အတူတူပဲ သူတို့အခုထိ တောင်ကိုသိမ်းပိုက်ဖို့ ကြိုးစားနေကြတုန်းပဲ... "





"အစ်မသုံး... စိတ်မပူပါနဲ့ အခုက အစ်မတစ်ယောက်တည်း မဟုတ်ပါဘူး... တုံးကျန်း၊ အစ်ကိုကြီးနဲ့ အစ်မနှစ်ကလည်း မသေမျိုးနယ်ပယ်ထဲ ဝင်နေပြီ... ကျွန်တော်နဲ့ ဖုန့်ချန်းယင်ရဲ့ လက်ရှိခွန်အားက မသေမျိုးနယ်ပယ် အဆင့်၃ အဆင့်၎လောက် အထိတော့ တိုက်ခိုက်နိုင်တယ်.... ပင့်ကူမိစ်ဆာတွေမှာ မသေမျိုးနယ်ပယ် အယောက်၅၀လောက်သာ မရှိနေရင် ကျွန်တော်တို့ဘက်က လှည့်ကွက်တွေ ကစားလို့ရတယ်..."





"အင်း...."


ဝုန်း!


"ဘာဖြစ်လို့လဲ?"

"ဘယ်သူလဲ?"







"အတူတူ သွားသေလိုက်!"






"ဟင်??"

ယင်ရှစ်: "လာခဲ့!"



"ဟုတ်တယ်... "



ဘယ်လိုဖြစ်တာလဲ?









"တကယ်လား?"






ယွင်ချောင်: "မဖြစ်ဘူး.... "

မိန်းကလေး: "......"






လူတိုင်း: "......."



You are reading the story above: TeenFic.Net