🍬31🍬ရွှေခေါင်းလောင်း လူသတ်ပြီ

Background color
Font
Font size
Line height

Chapter (31)
ရွှေခေါင်းလောင်း လူသတ်ပြီ

အခုမှ တံခါးပိတ်ကျင့်ကြံပြီး ထွက်လာတဲ့ ဖုန့်ဝူယိတို့ လူငယ်၆ယောက်မှာ အထက်နယ်မြေက သတင်းတချို့ကို မသိကြသေးချေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီမြို့ရဲ့ တံခါးကို ချိတ်ပိတ်လိုက်ပြီ ဆိုရင်တော့ သူတို့အတွက် ထွက်ပြေးလို့ မရတော့ဘဲ ဖြစ်သွားပေမည်။

မြို့တံခါးဝသို့ လှမ်းကြည့်လိုက်တဲ့အခါ ကောင်းကင်မိုးကြိုးနယ်ပယ် အဆင့်၅ အထက် ကျင့်ကြံသူတွေက အမှန်တကယ် စစ်ဆေးနေတာကို တွေ့လိုက်ရလေသည်။

ဖုန့်ဝူယိ တုံးကျန်းကို တစ်ချက်ကြည့်လိုက်သည်။

"သွားစုံစမ်းရအောင်... ဖုန့်ချန်းယင် မင်းနဲ့ပိုင်ယင်ကျစ်က နန်ချင်းချင်းတို့နဲ့ ခဏနေခဲ့...."

"အင်း!"

ဖုန့်ချန်းယင် :"မင်းလည်း သတိထားဦး..."

ဖုန့်ဝူယိ ခေါင်းတစ်ချက် ညိတ်ပြပြီး လှည့်ထွက်သွားသည်။ အနီးနားမှာ လမ်းဘေး လက်ဖက်ရည်ဆိုင်လေး ရှိတာကြောင့် ပိုင်ယင်ကျစ်တို့ အယောင်ဆောင်ကာ ထိုလက်ဖက်ရည်ဆိုင်ထဲ ဝင်ထိုင်နေလိုက်သည်။

တစ်ဖက်မှာတော့ ဖုန့်ဝူယိဟာ မြို့တံတိုင်းကနေ ကောင်းကင်အထိ ဖြန့်ကျက်ထားသော အခင်းအကျင်းကို သေချာလေ့လာနေ၏။ တုံးကျန်းကလည်း ထိုနည်းတူပင်။ ယင်ရှစ်က ​မြွေမျိုးနွယ်ရဲ့ အဓိကဖြစ်တာကြောင့် ဖုန့်ဝူယိအနေနဲ့ ယင်ရှစ်ကိစ္စမှာ ဝင်ပါမှာ သေချာသည်။

နောက်ပြီး ယင်ရှစ်က ဦးရီးတော်ကိုယ်တိုင် ကယ်ထားတာမလို့ တူတစ်ယောက်အနေနဲ့ ဘေးထွက်နေလို့ မဖြစ်ချေ။ ဖုန့်ဝူယိကို ကာကွယ်ပေးရမှာကလည်း သူ့တာဝန် ​ဖြစ်နေပြန်သည်။

ဂိတ်တံခါး အနားရောက်သော် ကောင်းကင်မိုးကြိုးနယ်ပယ် အစောင့်အား တုံးကျန်းကအရင် နှုတ်ဆက်လိုက်သည်။

"ဒီကအစ်ကို ကျွန်တော်တို့ မြို့အပြင် ထွက်ချင်လို့ပါ... ဘာကြောင့်များ ဂိတ်ကို ချိတ်ပိတ်လိုက်ရတာလဲ?"

တုံးကျန်းက ကောင်းကင်မိုးကြိုးနယ်ပယ် အဆင့်၂လေးပဲ ရှိတာကြောင့် အစောင့်ကသူ့အား မထီမဲ့မြင်ပြုချင်သည်။ သို့သော် တုံးကျန်းဆီက မမြင်နိုင်တဲ့ ဖိအားတစ်ခုက သူ့ကိုမသက်မသာ ဖြစ်စေတာကြောင့် အစောင့်လည်း စိတ်မပါလက်မပါနဲ့ ပြန်ဖြေရလေ၏။

"အထက်က အမိန့်တစ်ခု ချထားတယ်... မြို့ပြင်ထွက်ချင်ရင် စစ်ဆေးမှုကို ဖြတ်ကျော်ရမယ်.. တကယ်လို့ မင်းတို့က ငါတို့လိုချင်နေတဲ့ သားရဲ မဟုတ်ဘူးဆိုရင် အေးအေးဆေးဆေး အပြင်ထွက်သွားလို့ ရတယ်...."

ဖုန့်ဝူယိ မျက်မှောင်ကြုတ်သွားသည်။ ဒါဆိုရင် သူခန့်မှန်းတာ မှန်နေပြီ။ တစ်ယောက်ယောက်က ယင်ရှစ်ရဲ့ တည်ရှိမှုကို သတိထားမိနေတာပဲ ဖြစ်လိမ့်မည်။ ဒါကြောင့်လည်း မြို့တံတိုင်းပေါ်က အခင်းအကျင်းက သားရဲဖမ်းအခင်းအကျင်း ဖြစ်နေတာပဲ။

ဘယ်သားရဲမဆို တံတိုင်းပေါ်ကနေ ပျံသန်းသွားရင် မသေမျိုးနယ်ပယ် မဟုတ်ပါက အဖမ်းခံရလိမ့်မည်။

ဝုန်း!

"သူ့ကိုဖမ်းထား!"

ရုတ်တရက် ဟစ်အော်သံကြောင့် ဖုန့်ဝူယိ နောက်လှည့်ကြည့်လိုက်ချိန်၌ အဖြူရောင် အရိပ်တစ်ခု သူ့ဆီ ပျံသန်းလာလေသည်။

ဖုန့်ဝူယိ: "သွားပြီ!"

ဖုန့်ဝူယိ ယင်ရှစ်ကို ဖမ်းပြီး သူ့အနောက်မှာ ကာထားချင်သော်လည်း အစောင့်နှစ်ယောက်က သူ့အနောက်ကနေ တိုက်ခိုက်လာလေသည်။ ထိုအချိန်တွင် တုံးကျန်းက ဝင်ရောက်ကာထားလိုက်၏။

အစောင့် ထင်ထားတဲ့အတိုင်း တုံးကျန်းက အဆင့်၂ ဆိုပေမယ့် ကောင်းကင်မိုးကြိုးနယ်ပယ် အဆင့်၅ အစောင့်နှစ်ယောက်ရဲ့ လက်ဝါးကို ကာထားနိုင်လေသည်။

ဖုန့်ဝူယိ ယင်ရှစ်ကို လှမ်းဆွဲကာ တုံးကျန်းဘေးက ဖျက်ကနဲ ပြေးထွက်သွားသည်။ သူ့ရဲ့ ဦးတည်ရာက ပိတ်ထားတဲ့ ဂိတ်တံခါးပင်။ သို့သော် တွေးထားသလောက် မလွယ်ကူချေ။ ဧကရာဇ်နယ်ပယ် အစောင့်အယောက်၂၀က တစ်ပြိုင်တည်း ဂိတ်တံခါးမှာ ပိတ်ရပ်လာလေ၏။

နှစ်ယောက်သား လက်နက်ထုတ်ကာ စတင်တိုက်ခိုက်ရတော့သည်။ ဖုန့်ချန်းယင်ကလည်း တစ်ဖက်ကနေ ပြေးထွက်လာ၏။ သူ့ရဲ့ မြေခွေးလက်သည်းသိုင်းက အရင်ကထက် အများကြီး အစွမ်းထက်လာတာကြောင့် နယ်ပယ်တူတွေကတော့ မခံနိုင်ပေ။

တုံးကျန်းက တစ်ယောက်တည်းနဲ့ အစောင့်နှစ်ယောက်ကို တားနိုင်သလို ဖုန့်ချန်းယင်ကလည်း ဖုန့်ဝူယိတို့ကို လာရောက်ပူးပေါင်းပေး၏။ ဧကရာဇ်နယ်ပယ် ၃ယောက် ပေါင်းပေမယ့် ဧကရာဇ်နယ်ပယ် အယောက်၂၀ ကြားကနေ ထွက်ပြေးနိုင်ဖို့က တကယ်ကို မလွယ်ကူပေ။

​လက်ဖက်ရည်ဆိုင်ရှေ့က ပိုင်ယင်ကျစ်နဲ့ နန်ချင်းချင်းတို့မှာကလည်း ကောင်းကင်မိုးကြိုးနယ်ပယ် လူတစ်ယောက်ကို မနည်းရင်ဆိုင်နေရလေသည်။ သူတို့ရဲ့ တိုက်ပွဲက မြို့ထဲကလူတိုင်းအပေါ် သက်ရောက်သွားတဲ့အပြင် ယင်ရှစ်က အထက်လူတွေ ဖမ်းချင်နေသူ ဖြစ်ကြောင်းလည်း သိသွားကြ၏။

ထိုအချိန်တွင် ကောင်းကင်အထက်၌ လူ၁၀ယောက် ပျံသန်းလာခဲ့သည်။ ၎င်းတို့က အဝါရောင် ဝတ်စုံများကို ဝတ်ဆင်ထားသော ဝေမိသားစုက ကျင့်ကြံသူတွေပဲ ဖြစ်ကာ အားလုံးက ကောင်းကင်မိုးကြိုးနယ်ပယ်တွေ ဖြစ်လေသည်။

"မြွေဖြူမ..... မင်း လိမ်လိမ်မာမာနဲ့ အဖမ်းခံရင် မင်းသူငယ်ချင်းတွေကို ငါတို့ လွှတ်ပေးလို့ရတယ်...."

လူတစ်ယောက်ကို အခုလေးတင်မှ ရက်ရက်စက်စက် သတ်ပြီးတဲ့ ယင်ရှစ် ကောင်းကင်အထက်က လူတွေကို စူးစူးရဲရဲ ပြန်စိုက်ကြည့်လိုက်သည်။ လေလံပွဲဆိုတာ တကယ်တော့ အလကား သတင်း ဖြစ်နေတာပင်။

အထက်နယ်မြေက လူတွေ သူမကို ဖမ်းချင်လို့ ထောင်ချောက်ဆင်ထားတာပဲ။ တစ်ဖက်ကို ကြည့်လိုက်တဲ့အခါ ပိုင်ယင်ကျစ်နဲ့ နန်ချင်းချင်းက လူတစ်ယောက်လက်ထဲမှာ လုံးဝ လှုပ်လို့မရအောင် အဖမ်းခံထားရသည်။ တုံးကျန်းကိုလည်း လူနှစ်ယောက်က ဝိုင်းထား၏။

အခုလည်း ကောင်းကင်မိုးကြိုးနယ်ပယ် လူဆယ်ယောက် ရောက်လာပြန်တာမလို့ သူမတို့ အတွက် ပြေးပေါက် မရှိတော့ပေ။ သူမ ဖုန့်ဝူယိကို ကြည့်လိုက်သည်။ သူမ ဘယ်တုန်းကမှ ဖုန့်ဝူယိကို မျက်နှာချင်းမဆိုင်ဖူးချေ။

နှစ်ယောက်သားက သိပ်မရင်းနှီးသော်လည်း ဖုန့်ဝူယိက သူမရဲ့ ဆုံးဖြတ်ချက်အတိုင်း ဒီမြို့ထဲကို လိုက်လာပေးခဲ့သည်။

"ဖုန့်ဝူယိ.... ငါ.... "

"ငါတို့မင်းကို စွန့်ပစ်မှာ မဟုတ်ဘူး..."

ယင်ရှစ်: "......"

"ငါ့မှာ နောက်ဆုံး သိုင်းကွက်တစ်ခု ရှိသေးတယ်... အဲဒါနဲ့ ဂိတ်အခင်းအကျင်းကို ဖျက်စီးမယ် ပြီးရင် မင်း...."

"မဟုတ်ဘူး.... "

ယင်ရှစ် ခေါင်းခါလိုက်သည်။

"သူတို့လိုချင်တာ ငါပဲ...ဖုန့်ဝူယိ သူတို့ကိုခေါ်ပြီး ထွက်သွားတော့... "

တုံ့ပြန်တဲ့အနေနဲ့ ဖုန့်ဝူယိ အေးစက်စွာ ရယ်မောလိုက်သည်။

"သူတို့က ငါတို့ကို လွှတ်ပေးမယ်လို့ ထင်နေတာလား?"

ယင်ရှစ်: "......."

ယင်ရှစ် မျက်မှောင်ကြုတ်ကာ မော့ကြည့်လိုက်တဲ့အခါမှာတော့ ကောင်းကင်မိုးကြိုးနယ်ပယ် လူဆယ်ယောက်ဟာ သူတို့ကို ကောင်းကင်အထက်ကနေ ဝိုင်းထားပြီးလေပြီ။ ပါးစပ်ကသာ ဖုန့်ဝူယိတို့ကို လွှတ်ပေးမယ် ပြောနေပေမယ့် တကယ်တမ်းတော့ လွှတ်ပေးမယ့်ပုံ မပေါ်ချေ။

ဖုန့်ဝူယိ နတ်လက်နက်ကို ထုတ်လိုက်သည်။ လက်နက်ပေါ်က ရွှေရောင်စွမ်းအင် အငွေ့များက ၎င်းတို့ကို အနည်းငယ် မျက်မှောင်ကြုတ်သွားစေသော်ငြား လူငယ်အုပ်စုက အင်အား မတောင့်တာကြောင့် လူဆယ်ယောက်က ဂရုမစိုက်ပေ။

ဖုန့်ဝူယိ နတ်ဓားကိုတောင် ထုတ်လာပြီဆိုတော့ သူ ယင်ရှစ်ကို ရအောင် ခေါ်ထုတ်သွားမယ်လို့ ဆိုလိုနေချေပြီ။ ယင်ရှစ်မှာလည်း အချင်းချင်း စကားဆယ်ခွန်းတောင် ပြည့်အောင် မပြောဖူးသူက ယခုလို သူမဘက်က ရပ်တည်ပေးလာမယ်လို့ မမျှော်လင့်ထားပုံပါပဲ။

သူမမှာ အံ့သြပြီး ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။

ဖုန့်ဝူယိ: "အားယင်.... မင်းငါနဲ့အတူ တိုက်ပွဲဝင်ရဲလား?"

ဖုန့်ချန်းယင် ပြုံးလိုက်သည်။ သူက ယင်ရှစ်အပေါ်ကနေ ခုန်ထွက်လာခဲ့ကာ ဖုန့်ဝူယိအရှေ့၌ ရန်သူကို ခုန်အုပ်တော့မယ့် သားရဲတစ်ကောင်ရဲ့ အနေအထားမျိုး ဖန်တီးလိုက်သလို အဖြူရောင် အမြှီးခြောက်ချောင်းကိုလည်း ဖြန့်ချလိုက်ပေ၏။

ထို့နောက် မြေခွေးမျက်လုံးများဖြင့် ဖုန့်ဝူယိကို စောင်းကြည့်ကာ။

"ငါတို့က သေအတူရှင်အတူ ညီအစ်ကိုတွေဆိုတာ မင်း မေ့သွားပြီလား?"

သူ့စကားကြောင့် ဖုန့်ဝူယိ ပြုံးမိသွားသည်။ ဟုတ်သားပဲ သူတို့နှစ်ယောက် ဖုန့်အိမ်တော်ကနေ ထွက်လာတုန်းကလည်း တစ်ယောက်ကို တစ်ယောက် မစွန့်ပစ်ခဲ့ကြဘူးလေ။

ဖုန့်ချန်းယင် သူ့ကိုယ်သူ မြေခွေးသားရဲထဲက ရှားပါးမြေခွေးဖြူ ဖြစ်ကြောင်း ပြသလိုက်တဲ့အခါ လူဆယ်ယောက်လည်း အလွန်အမင်း အံဩသွားရလေသည်။ ဒီကနေ မြူခိုးငွေ့တောင်မှာ မြေခွေးနတ်ဘုရား အမှန်တကယ် ပြန်ရောက်နေကြောင်းလည်း အတည်ပြုနိုင်လိုက်သည်။

အကြောင်းမှာ မြေခွေးနတ်ဘုရား မပေါ်လာမချင်း မြေခွေးဖြူတွေက သူတို့ကိုယ်သူတို့ ဖော်ထုတ်မှာ မဟုတ်လို့ပင်။

'အူ......'

ဆွဲဆွဲငင်ငင် အူသံနဲ့အတူ မြို့လယ်ခေါင်ကနေ အရိပ်၂ခု ပြေးချလာ၏။ လူငယ်တစ်ယောက်နဲ့ လူကြီးတစ်ယောက် ဖြစ်ကာ နှစ်ယောက်လုံးက တောင်ကတစ်ယောက် မြောက်က တစ်ယောက် ပြေးလာကြသော်လည်း ဖုန့်ချန်းယင်အနား ရောက်တဲ့အခါမှာတော့ သူတို့ရဲ့မြေခွေး အမြှီးကိုးချောင်းကို ဖြန့်ကာ ဖုန့်ချန်းယင်အနား ဝန်းရံလိုက်ပေသည်။

ဖုန့်ချန်းယင်: "......."

လူအားလုံး: "........"

မြေခွေးအိုကြီးက ကောင်းကင်မိုးကြိုးနယ်ပယ် အဆင့်၉ ကျင့်ကြံသူ ဖြစ်သည်။ မြေခွေးငယ်က ကောင်းကင်မိုးကြိုးနယ်ပယ် အဆင့်၅ ဖြစ်ကာ နှစ်ယောက်လုံးက မြေခွေးနီအုပ်စုထဲက ဖြစ်၏။

ဖုန့်ချန်းယင်: "ခင်ဗျားတို့....."

မြေခွေးအိုကြီး: "မြေခွေးနတ်ဘုရား ပြန်လာပြီဆိုတာ တကယ်ပဲလား...?"

ဖုန့်ချန်းယင် အံ့သြသွားသည်။ သူ မြေခွေးအိုကြီးရဲ့ မျက်လုံးထဲကနေ သူတို့ရဲ့ နတ်ဘုရား ပြန်လာမှာကို ဘယ်လောက်တောင် မျှော်လင့်နေခဲ့ကြောင်း သိနိုင်၏။ သို့သော် သူ့ခမျာ ဘာပြောရမှန်း မသိတာကြောင့် ဖုန့်ဝူယိကိုပဲ ပြန်လှည့်ကြည့်လိုက်ရသည်။

ဖုန့်ဝူယိ ဖြည်းဖြည်းချင်း လျှောက်လာရင်း ဖုန့်ချန်းယင်ပုခုံးကို ပုတ်လိုက်သည်။

ဖုန့်ဝူယိ: "ချန်းယင်က မြေခွေးနတ်ဘုရား စေလွှတ်ထားတဲ့လူပါ... သူမှာ ကိုးရောင်ခြယ်မြေခွေးရဲ့ မီးတောက်တစ်ခု ရှိတယ် ဒါပေမဲ့ ဒီနေရာမှာ ပြသလို့ မဖြစ်ဘူး... ဦးလေးသာ အဆင်ပြေမယ်ဆိုရင် ကျွန်တော်တို့ ဒီကနေ ထွက်သွားပြီးရင် အားလုံး ပြောပြပါ့မယ်..."

"မင်းက ဘယ်သူလဲ?"

ဖုန့်ဝူယိဆီက အငွေ့အသက်က ဘယ်သူနဲ့မှ မတူချေ။ မြေခွေးအိုကြီးရဲ့ မျက်လုံးက ဖုန့်ဝူယိကို မယုံကြည်ကြောင်း ပြသနေ၏။ သို့သော် ဖုန့်ဝူယိခေါင်းပေါ်က ရွှေခေါင်းလောင်းကို မြင်သောအခါ မြေခွေးအိုကြီးရဲ့ တင်းမာနေသော မျက်နှာထားက အနည်းငယ် ပြေလျော့သွားခဲ့သည်။

"ကောင်းပြီလေ!"

ဖုန့်ဝူယိကလည်း ရွှေခေါင်းလောင်းကြောင့် မြေခွေးအိုကြီး ခြေတစ်လှမ်း ဆုတ်ပေးသွားကြောင်း နားလည်လေသည်။ ထို့ကြောင့် သူက စကားဆက်လိုက်သည်။

"အထက်နယ်မြေက ကျွန်တော်တို့အတွက်တော့ ရန်သူပဲ... အခု ကျွန်တော်တို့ ယင်ရှစ်ကို ခေါ်ထုတ်သွားရမယ်..."

ထိုအခါ မြေခွေးအိုကြီးက ဖုန့်ဝူယိအနောက်က အဖြူရောင်ဝတ်စုံနဲ့ မိန်းကလေးကို တစ်ချက်ကြည့်လိုက်သည်။ အစောတုန်းက လူဆယ်ယောက်ရဲ့ ပုံစံအရဆို သူတို့ဖမ်းချင်နေတဲ့ မြွေမက သူမပဲ ဖြစ်ပေမည်။

သူသည် ယင်ရှစ်ကို စိုက်ကြည့်နေရာမှ တစ်စုံတစ်ခုကို ဖောက်မြင်သွားခဲ့တာကြောင့် ချက်ချင်းလှည့်ကာ သူ့အမြှီးများကို ဖြာယှက်ရင်း သံရှည်ဆွဲပြီး အော်လိုက်လေသည်။ သူ့ပုံစံက စစ်ကူခေါ်နေမှန်း သိသာတာကြောင့် ကောင်းကင်အထက်ရှိ လူဆယ်ယောက်မှာ တစ်ပြိုင်တည်း ပြေးဆင်းလာကြတော့သည်။

ထိုစဥ် အသင့်အနေအထား ဖုန့်ချန်းယင်နဲ့ မြေခွေးနီလူငယ်က ညီတူညာတူ တိုက်ခိုက်လိုက်သည်။ ဖုန့်ချန်းယင်အတွက် ကောင်းကင်မိုးကြိုးနယ်ပယ်ကို ရင်ဆိုင်ဖို့က မလွယ်ကူသော်လည်း ဖုန့်ဝူယိပါ ပါဝင်လာတဲ့အခါ အဆင်ပြေသွား၏။

ထိုအခိုက် ပိုင်ယင်ကျစ်နဲ့ နန်ချင်းချင်းကို ဖမ်းထားသူဆီသို့ ဓားအလင်းတစ်ခု ပြေးဝင်လာသည်။ ထိုလူမှာ ပိုင်ယင်ကျစ်တို့ကို ဆက်မထိန်းချုပ်နိုင်ဘဲ အလျင်စလို ရှောင်တိမ်းလိုက်ချိန် ဖုန့်ဝူယိရဲ့ နတ်ဓားအလင်းက သူ့ခန္ဓာကိုယ်ထဲ ဖောက်ဝင်သွားခဲ့လေသည်။

"မင်း......"

အမှန်တကယ်တော့ ဖုန့်ဝူယိ ဓားအလင်းကို မြှားတစ်စင်းလို ပစ်ခတ်လိုက်တာပင်။ ထို့နောက် အနားရောက်လာသော ရန်သူရဲ့ ဓားချက်ကို ကျွမ်းကျင်စွာ ရှောင်ထွက်သွားခဲ့သည်။

ဒါက ဖုန့်ဝူယိပြောတဲ့ နောက်ဆုံး သိုင်းကွက်တစ်ခုပဲ ဖြစ်ပေမည်။ ၎င်းက ဓားအလင်း တစ်ချက်တည်းနဲ့ သူ့ထက်အဆင့်မြင့်သော လူတစ်ယောက်ကို သတ်ပစ်နိုင်သည်။ ဒီလိုဓားသိုင်းမျိုး အထက်နယ်မြေမှာ မပေါ်လာတာတောင် ကြာပြီ။

လူဆယ်ယောက်ကို ဦးဆောင်လာသော ခေါင်းဆောင်လည်း ဖုန့်ဝူယိကို အဓိကဦးတည်ကာ တိုက်ခိုက်တော့၏။ တုံးကျန်းမှာလည်း လူနှစ်ယောက်ကို တားဆီးနေရတာမလို့ ဖုန့်ဝူယိဆီ မရောက်နိုင်သေးချေ။

တစ်ဖက်မှာတော့ ပိုင်ယင်ကျစ်နဲ့ နန်ချင်းချင်းကို ဝင်ကူခဲ့သူက မထင်မှတ်ဘဲ ရောက်လာခဲ့တဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေသည်။

ပိုင်ယင်ကျစ်: "အာ.... ဆရာတူအစ်မ!"

သူမကတော့ ဒဏ္ဍာရီသားရဲဂိုဏ်းမှာ ရှိစဥ်က ပိုင်ယင်ကျစ်ကို တစ်ကြိမ် ကူညီပေးခဲ့ဖူးသော ပိုင်ယင်းပင်။ နန်ချင်းချင်းလည်း သူမကို သိတာကြောင့် ချက်ချင်းထကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

ပိုင်ယင်း: "ဂိတ်တံခါးကို ဖျက်ရအောင်!"

"အင်း!"

သုံးယောက်အတူတူ ဂိတ်တံခါးဆီ ပြေးသွားစဥ် ယင်ရှစ်က ဧကရာဇ်နယ်ပယ် အစောင့်အားလုံးကို အပိုင်းပိုင်း ဖြတ်တောက်ပြီးပြီ။ သူမရဲ့ ရက်စက်လွန်းတဲ့ ဓားချက်တွေကြောင့် ကောင်းကင်မိုးကြိုးနယ်ပယ် လူသုံးယောက်မှာ သူမကို မဖမ်းနိုင်သေးချေ။

ပိုင်ယင်ကျစ်လည်း ပါဝင်လာတဲ့အခါ လူသုံးယောက် အဆင်မပြေတော့ပေ။ ထိုအချိန်တွင် ကောင်းကင်မိုးကြိုးနယ်ပယ် အဆင့်၉ မြေခွေးသားရဲ သုံးကောင်ကပါ ထပ်ရောက်လာရာ လူဆယ်ယောက်ခမျာ တဖြည်းဖြည်း ရှုံးလာသည်။

ဝုန်း!

ပိုင်ယင်း ဂိတ်တံခါးပေါ်က အခင်းအကျင်းကို သူမဓားချက်များဖြင့် ဖျက်စီးကြည့်သည်။ အခင်းအကျင်းက မသေမျိုးနယ်ပယ်ကိုတောင် စက္ကန့်အနည်းငယ်မျှ တားဆီးနိုင်သောကြောင့် သူမအနေဖြင့်လည်း ခဏအတွင်း မထိုးဖောက်နိုင်ပေ။

လောလောဆယ် အခင်းအကျင်း ကျွမ်းကျင်သူ ဖုန့်ဝူယိမှာ လူသုံးယောက်ကို တစ်ယောက်တည်း ရင်ဆိုင်နေရသည်။

ရွှင်း!

နောက်ဆုံးသိုင်းကွက် ထုတ်သုံးခါနီးတွင် ရန်သူ့ဓားအလင်းက သူ့လက်မောင်းကို ဖြတ်တောက်သွား၏။ အရှောင်မြန်လိုက်လို့သာ မဟုတ်ရင် သူ့အရိုးကိုပါ ဖြတ်သွားနိုင်လေသည်။

တုံးကျန်း: "ရွှေခေါင်းလောင်း! မင်း မလှုပ်ရှားသေးဘူးလား??"

'ချလွင်း ချလွင်း!'

ဖုန့်ဝူယိ ခေါင်းပေါ်က ရွှေခေါင်းလောင်းလေး ပျံလွင့်သွားသည်။ ၎င်းက ဖုန့်ဝူယိရဲ့ အမိန့်မပါဘဲ သူ့အလိုလို လှုပ်ရှားသွားခြင်း ဖြစ်ကာ ခဏလေးအတွင်းမှာပင် အလွန်ကြီးမားသော ရွှေခေါင်းလောင်းကြီး ဖြစ်သွားတော့၏။

ဖုန့်ဝူယိမှာ တအံ့တသြဖြင့် ခေါင်းမော့ကြည့်ချိန် ကောင်းကင်မိုးကြိုးနယ်ပယ် လူသုံးယောက်ကို ရွှေခေါင်းလောင်းကြီးက စုပ်ယူသွားလေပြီ။ ဒါက သူ့ထိန်းချုပ်မှုမပါဘဲ ရွှေခေါင်းလောင်း ပထမဆုံး အနေဖြင့် တိုက်ခိုက်ခြင်း ဖြစ်သလို ကောင်းကင်မိုးကြိုးနယ်ပယ် လူသုံးယောက်ကို စက္ကန့်ပိုင်းအတွင်း အမှုန့်ချေပစ်တာပင်။

ချလွင်း....

၎င်းက လူသတ်ပြီးနောက် ဂိတ်တံခါးဆီသို့ ပြေးထွက်သွား၏။ ၎င်းဘာလုပ်တော့မလဲ သိတာကြောင့် ဖုန့်ဝူယိတို့အားလုံး ဂိတ်တံခါးဆီ ပြေးလာကြတော့သည်။

ဝုန်း!

ထင်ထားတဲ့အတိုင်း ၎င်းက ဂိတ်တံခါးရဲ့ အခင်းအကျင်းကို ဖျက်စီးပစ်လိုက်ချေပြီ။ ရွှေခေါင်းလောင်းရဲ့ အလင်းရောင်က ဘယ်ရန်သူမှ ကပ်မလာနိုင်အောင် ပိတ်ဆို့ထားတာကြောင့် တစ်ဖွဲ့လုံး မြို့ထဲကနေ ထွက်ပြေးလာနိုင်ခဲ့သည်။






Chapter (31)
ေ႐ႊေခါင္းေလာင္း လူသတ္ၿပီ

အခုမွ တံခါးပိတ္က်င့္ႀကံၿပီး ထြက္လာတဲ့ ဖုန့္ဝူယိတို႔ လူငယ္၆ေယာက္မွာ အထက္နယ္ေျမက သတင္းတခ်ိဳ႕ကို မသိၾကေသးေခ်။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီၿမိဳ႕ရဲ႕ တံခါးကို ခ်ိတ္ပိတ္လိုက္ၿပီ ဆိုရင္ေတာ့ သူတို႔အတြက္ ထြက္ေျပးလို႔ မရေတာ့ဘဲ ျဖစ္သြားေပမည္။

ၿမိဳ႕တံခါးဝသို႔ လွမ္းၾကည့္လိုက္တဲ့အခါ ေကာင္းကင္မိုးႀကိဳးနယ္ပယ္ အဆင့္၅ အထက္ က်င့္ႀကံသူေတြက အမွန္တကယ္ စစ္ေဆးေနတာကို ေတြ႕လိုက္ရေလသည္။

ဖုန့္ဝူယိ တုံးက်န္းကို တစ္ခ်က္ၾကည့္လိုက္သည္။

"သြားစုံစမ္းရေအာင္... ဖုန့္ခ်န္းယင္ မင္းနဲ႕ပိုင္ယင္က်စ္က နန္ခ်င္းခ်င္းတို႔နဲ႕ ခဏေနခဲ့...."

"အင္း!"

ဖုန့္ခ်န္းယင္ :"မင္းလည္း သတိထားဦး..."

ဖုန့္ဝူယိ ေခါင္းတစ္ခ်က္ ညိတ္ျပၿပီး လွည့္ထြက္သြားသည္။ အနီးနားမွာ လမ္းေဘး လက္ဖက္ရည္ဆိုင္ေလး ရွိတာေၾကာင့္ ပိုင္ယင္က်စ္တို႔ အေယာင္ေဆာင္ကာ ထိုလက္ဖက္ရည္ဆိုင္ထဲ ဝင္ထိုင္ေနလိုက္သည္။

တစ္ဖက္မွာေတာ့ ဖုန့္ဝူယိဟာ ၿမိဳ႕တံတိုင္းကေန ေကာင္းကင္အထိ ျဖန့္က်က္ထားေသာ အခင္းအက်င္းကို ေသခ်ာေလ့လာေန၏။ တုံးက်န္းကလည္း ထိုနည္းတူပင္။ ယင္ရွစ္က ေႁမြမ်ိဳးႏြယ္ရဲ႕ အဓိကျဖစ္တာေၾကာင့္ ဖုန့္ဝူယိအေနနဲ႕ ယင္ရွစ္ကိစၥမွာ ဝင္ပါမွာ ေသခ်ာသည္။

ေနာက္ၿပီး ယင္ရွစ္က ဦးရီးေတာ္ကိုယ္တိုင္ ကယ္ထားတာမလို႔ တူတစ္ေယာက္အေနနဲ႕ ေဘးထြက္ေနလို႔ မျဖစ္ေခ်။ ဖုန့္ဝူယိကို ကာကြယ္ေပးရမွာကလည္း သူ႕တာဝန္ ျဖစ္ေနျပန္သည္။

ဂိတ္တံခါး အနားေရာက္ေသာ္ ေကာင္းကင္မိုးႀကိဳးနယ္ပယ္ အေစာင့္အား တုံးက်န္းကအရင္ ႏႈတ္ဆက္လိုက္သည္။

"ဒီကအစ္ကို ကြၽန္ေတာ္တို႔ ၿမိဳ႕အျပင္ ထြက္ခ်င္လို႔ပါ... ဘာေၾကာင့္မ်ား ဂိတ္ကို ခ်ိတ္ပိတ္လိုက္ရတာလဲ?"

တုံးက်န္းက ေကာင္းကင္မိုးႀကိဳးနယ္ပယ္ အဆင့္၂ေလးပဲ ရွိတာေၾကာင့္ အေစာင့္ကသူ႕အား မထီမဲ့ျမင္ျပဳခ်င္သည္။ သို႔ေသာ္ တုံးက်န္းဆီက မျမင္နိုင္တဲ့ ဖိအားတစ္ခုက သူ႕ကိုမသက္မသာ ျဖစ္ေစတာေၾကာင့္ အေစာင့္လည္း စိတ္မပါလက္မပါနဲ႕ ျပန္ေျဖရေလ၏။

"အထက္က အမိန့္တစ္ခု ခ်ထားတယ္... ၿမိဳ႕ျပင္ထြက္ခ်င္ရင္ စစ္ေဆးမႈကို ျဖတ္ေက်ာ္ရမယ္.. တကယ္လို႔ မင္းတို႔က ငါတို႔လိုခ်င္ေနတဲ့ သားရဲ မဟုတ္ဘူးဆိုရင္ ေအးေအးေဆးေဆး အျပင္ထြက္သြားလို႔ ရတယ္...."

ဖုန့္ဝူယိ မ်က္ေမွာင္ၾကဳတ္သြားသည္။ ဒါဆိုရင္ သူခန့္မွန္းတာ မွန္ေနၿပီ။ တစ္ေယာက္ေယာက္က ယင္ရွစ္ရဲ႕ တည္ရွိမႈကို သတိထားမိေနတာပဲ ျဖစ္လိမ့္မည္။ ဒါေၾကာင့္လည္း ၿမိဳ႕တံတိုင္းေပၚက အခင္းအက်င္းက သားရဲဖမ္းအခင္းအက်င္း ျဖစ္ေနတာပဲ။

ဘယ္သားရဲမဆို တံတိုင္းေပၚကေန ပ်ံသန္းသြားရင္ မေသမ်ိဳးနယ္ပယ္ မဟုတ္ပါက အဖမ္းခံရလိမ့္မည္။

ဝုန္း!

"သူ႕ကိုဖမ္းထား!"

႐ုတ္တရက္ ဟစ္ေအာ္သံေၾကာင့္ ဖုန့္ဝူယိ ေနာက္လွည့္ၾကည့္လိုက္ခ်ိန္၌ အျဖဴေရာင္ အရိပ္တစ္ခု သူ႕ဆီ ပ်ံသန္းလာေလသည္။

ဖုန့္ဝူယိ: "သြားၿပီ!"

ဖုန့္ဝူယိ ယင္ရွစ္ကို ဖမ္းၿပီး သူ႕အေနာက္မွာ ကာထားခ်င္ေသာ္လည္း အေစာင့္ႏွစ္ေယာက္က သူ႕အေနာက္ကေန တိုက္ခိုက္လာေလသည္။ ထိုအခ်ိန္တြင္ တုံးက်န္းက ဝင္ေရာက္ကာထားလိုက္၏။

အေစာင့္ ထင္ထားတဲ့အတိုင္း တုံးက်န္းက အဆင့္၂ ဆိုေပမယ့္ ေကာင္းကင္မိုးႀကိဳးနယ္ပယ္ အဆင့္၅ အေစာင့္ႏွစ္ေယာက္ရဲ႕ လက္ဝါးကို ကာထားနိုင္ေလသည္။

ဖုန့္ဝူယိ ယင္ရွစ္ကို လွမ္းဆြဲကာ တုံးက်န္းေဘးက ဖ်က္ကနဲ ေျပးထြက္သြားသည္။ သူ႕ရဲ႕ ဦးတည္ရာက ပိတ္ထားတဲ့ ဂိတ္တံခါးပင္။ သို႔ေသာ္ ေတြးထားသေလာက္ မလြယ္ကူေခ်။ ဧကရာဇ္နယ္ပယ္ အေစာင့္အေယာက္၂၀က တစ္ၿပိဳင္တည္း ဂိတ္တံခါးမွာ ပိတ္ရပ္လာေလ၏။

ႏွစ္ေယာက္သား လက္နက္ထုတ္ကာ စတင္တိုက္ခိုက္ရေတာ့သည္။ ဖုန့္ခ်န္းယင္ကလည္း တစ္ဖက္ကေန ေျပးထြက္လာ၏။ သူ႕ရဲ႕ ေျမေခြးလက္သည္းသိုင္းက အရင္ကထက္ အမ်ားႀကီး အစြမ္းထက္လာတာေၾကာင့္ နယ္ပယ္တူေတြကေတာ့ မခံနိုင္ေပ။

တုံးက်န္းက တစ္ေယာက္တည္းနဲ႕ အေစာင့္ႏွစ္ေယာက္ကို တားနိုင္သလို ဖုန့္ခ်န္းယင္ကလည္း ဖုန့္ဝူယိတို႔ကို လာေရာက္ပူးေပါင္းေပး၏။ ဧကရာဇ္နယ္ပယ္ ၃ေယာက္ ေပါင္းေပမယ့္ ဧကရာဇ္နယ္ပယ္ အေယာက္၂၀ ၾကားကေန ထြက္ေျပးနိုင္ဖို႔က တကယ္ကို မလြယ္ကူေပ။

လက္ဖက္ရည္ဆိုင္ေရွ႕က ပိုင္ယင္က်စ္နဲ႕ နန္ခ်င္းခ်င္းတို႔မွာကလည္း ေကာင္းကင္မိုးႀကိဳးနယ္ပယ္ လူတစ္ေယာက္ကို မနည္းရင္ဆိုင္ေနရေလသည္။ သူတို႔ရဲ႕ တိုက္ပြဲက ၿမိဳ႕ထဲကလူတိုင္းအေပၚ သက္ေရာက္သြားတဲ့အျပင္ ယင္ရွစ္က အထက္လူေတြ ဖမ္းခ်င္ေနသူ ျဖစ္ေၾကာင္းလည္း သိသြားၾက၏။

ထိုအခ်ိန္တြင္ ေကာင္းကင္အထက္၌ လူ၁၀ေယာက္ ပ်ံသန္းလာခဲ့သည္။ ၎တို႔က အဝါေရာင္ ဝတ္စုံမ်ားကို ဝတ္ဆင္ထားေသာ ေဝမိသားစုက က်င့္ႀကံသူေတြပဲ ျဖစ္ကာ အားလုံးက ေကာင္းကင္မိုးႀကိဳးနယ္ပယ္ေတြ ျဖစ္ေလသည္။

"ေႁမြျဖဴမ..... မင္း လိမ္လိမ္မာမာနဲ႕ အဖမ္းခံရင္ မင္းသူငယ္ခ်င္းေတြကို ငါတို႔ လႊတ္ေပးလို႔ရတယ္...."

လူတစ္ေယာက္ကို အခုေလးတင္မွ ရက္ရက္စက္စက္ သတ္ၿပီးတဲ့ ယင္ရွစ္ ေကာင္းကင္အထက္က လူေတြကို စူးစူးရဲရဲ ျပန္စိုက္ၾကည့္လိုက္သည္။ ေလလံပြဲဆိုတာ တကယ္ေတာ့ အလကား သတင္း ျဖစ္ေနတာပင္။

အထက္နယ္ေျမက လူေတြ သူမကို ဖမ္းခ်င္လို႔ ေထာင္ေခ်ာက္ဆင္ထားတာပဲ။ တစ္ဖက္ကို ၾကည့္လိုက္တဲ့အခါ ပိုင္ယင္က်စ္နဲ႕ နန္ခ်င္းခ်င္းက လူတစ္ေယာက္လက္ထဲမွာ လုံးဝ လႈပ္လို႔မရေအာင္ အဖမ္းခံထားရသည္။ တုံးက်န္းကိုလည္း လူႏွစ္ေယာက္က ဝိုင္းထား၏။

အခုလည္း ေကာင္းကင္မိုးႀကိဳးနယ္ပယ္ လူဆယ္ေယာက္ ေရာက္လာျပန္တာမလို႔ သူမတို႔ အတြက္ ေျပးေပါက္ မရွိေတာ့ေပ။ သူမ ဖုန့္ဝူယိကို ၾကည့္လိုက္သည္။ သူမ ဘယ္တုန္းကမွ ဖုန့္ဝူယိကို မ်က္ႏွာခ်င္းမဆိုင္ဖူးေခ်။

ႏွစ္ေယာက္သားက သိပ္မရင္းႏွီးေသာ္လည္း ဖုန့္ဝူယိက သူမရဲ႕ ဆုံးျဖတ္ခ်က္အတိုင္း ဒီၿမိဳ႕ထဲကို လိုက္လာေပးခဲ့သည္။

"ဖုန့္ဝူယိ.... ငါ.... "

"ငါတို႔မင္းကို စြန့္ပစ္မွာ မဟုတ္ဘူး..."

ယင္ရွစ္: "......"

"ငါ့မွာ ေနာက္ဆုံး သိုင္းကြက္တစ္ခု ရွိေသးတယ္... အဲဒါနဲ႕ ဂိတ္အခင္းအက်င္းကို ဖ်က္စီးမယ္ ၿပီးရင္ မင္း...."

"မဟုတ္ဘူး.... "

ယင္ရွစ္ ေခါင္းခါလိုက္သည္။

"သူတို႔လိုခ်င္တာ ငါပဲ...ဖုန့္ဝူယိ သူတို႔ကိုေခၚၿပီး ထြက္သြားေတာ့... "

တုံ႕ျပန္တဲ့အေနနဲ႕ ဖုန့္ဝူယိ ေအးစက္စြာ ရယ္ေမာလိုက္သည္။

"သူတို႔က ငါတို႔ကို လႊတ္ေပးမယ္လို႔ ထင္ေနတာလား?"

ယင္ရွစ္: "......."

ယင္ရွစ္ မ်က္ေမွာင္ၾကဳတ္ကာ ေမာ့ၾကည့္လိုက္တဲ့အခါမွာေတာ့ ေကာင္းကင္မိုးႀကိဳးနယ္ပယ္ လူဆယ္ေယာက္ဟာ သူတို႔ကို ေကာင္းကင္အထက္ကေန ဝိုင္းထားၿပီးေလၿပီ။ ပါးစပ္ကသာ ဖုန့္ဝူယိတို႔ကို လႊတ္ေပးမယ္ ေျပာေနေပမယ့္ တကယ္တမ္းေတာ့ လႊတ္ေပးမယ့္ပုံ မေပၚေခ်။

ဖုန့္ဝူယိ နတ္လက္နက္ကို ထုတ္လိုက္သည္။ လက္နက္ေပၚက ေ႐ႊေရာင္စြမ္းအင္ အေငြ႕မ်ားက ၎တို႔ကို အနည္းငယ္ မ်က္ေမွာင္ၾကဳတ္သြားေစေသာ္ျငား လူငယ္အုပ္စုက အင္အား မေတာင့္တာေၾကာင့္ လူဆယ္ေယာက္က ဂ႐ုမစိုက္ေပ။

ဖုန့္ဝူယိ နတ္ဓားကိုေတာင္ ထုတ္လာၿပီဆိုေတာ့ သူ ယင္ရွစ္ကို ရေအာင္ ေခၚထုတ္သြားမယ္လို႔ ဆိုလိုေနေခ်ၿပီ။ ယင္ရွစ္မွာလည္း အခ်င္းခ်င္း စကားဆယ္ခြန္းေတာင္ ျပည့္ေအာင္ မေျပာဖူးသူက ယခုလို သူမဘက္က ရပ္တည္ေပးလာမယ္လို႔ မေမွ်ာ္လင့္ထားပုံပါပဲ။

သူမမွာ အံ့ၾသၿပီး ေခတၱမွ် တိတ္ဆိတ္သြားခဲ့သည္။

ဖုန့္ဝူယိ: "အားယင္.... မင္းငါနဲ႕အတူ တိုက္ပြဲဝင္ရဲလား?"

ဖုန့္ခ်န္းယင္ ၿပဳံးလိုက္သည္။ သူက ယင္ရွစ္အေပၚကေန ခုန္ထြက္လာခဲ့ကာ ဖုန့္ဝူယိအေရွ႕၌ ရန္သူကို ခုန္အုပ္ေတာ့မယ့္ သားရဲတစ္ေကာင္ရဲ႕ အေနအထားမ်ိဳး ဖန္တီးလိုက္သလို အျဖဴေရာင္ အျမႇီးေျခာက္ေခ်ာင္းကိုလည္း ျဖန့္ခ်လိဳက္ေပ၏။

ထို႔ေနာက္ ေျမေခြးမ်က္လုံးမ်ားျဖင့္ ဖုန့္ဝူယိကို ေစာင္းၾကည့္ကာ။

"ငါတို႔က ေသအတူရွင္အတူ ညီအစ္ကိုေတြဆိုတာ မင္း ေမ့သြားၿပီလား?"

သူ႕စကားေၾကာင့္ ဖုန့္ဝူယိ ၿပဳံးမိသြားသည္။ ဟုတ္သားပဲ သူတို႔ႏွစ္ေယာက္ ဖုန့္အိမ္ေတာ္ကေန ထြက္လာတုန္းကလည္း တစ္ေယာက္ကို တစ္ေယာက္ မစြန႔္ပစ္ခဲ့ၾကဘူးေလ။

ဖုန့္ခ်န္းယင္ သူ႕ကိုယ္သူ ေျမေခြးသားရဲထဲက ရွားပါးေျမေခြးျဖဴ ျဖစ္ေၾကာင္း ျပသလိုက္တဲ့အခါ လူဆယ္ေယာက္လည္း အလြန္အမင္း အံဩသြားရေလသည္။ ဒီကေန ျမဴခိုးေငြ႕ေတာင္မွာ ေျမေခြးနတ္ဘုရား အမွန္တကယ္ ျပန္ေရာက္ေနေၾကာင္းလည္း အတည္ျပဳနိုင္လိုက္သည္။

အေၾကာင္းမွာ ေျမေခြးနတ္ဘုရား မေပၚလာမခ်င္း ေျမေခြးျဖဴေတြက သူတို႔ကိုယ္သူတို႔ ေဖာ္ထုတ္မွာ မဟုတ္လို႔ပင္။

'အူ......'

ဆြဲဆြဲငင္ငင္ အူသံနဲ႕အတူ ၿမိဳ႕လယ္ေခါင္ကေန အရိပ္၂ခု ေျပးခ်လာ၏။ လူငယ္တစ္ေယာက္နဲ႕ လူႀကီးတစ္ေယာက္ ျဖစ္ကာ ႏွစ္ေယာက္လုံးက ေတာင္ကတစ္ေယာက္ ေျမာက္က တစ္ေယာက္ ေျပးလာၾကေသာ္လည္း ဖုန့္ခ်န္းယင္အနား ေရာက္တဲ့အခါမွာေတာ့ သူတို႔ရဲ႕ေျမေခြး အျမႇီးကိုးေခ်ာင္းကို ျဖန့္ကာ ဖုန့္ခ်န္းယင္အနား ဝန္းရံလိုက္ေပသည္။

ဖုန့္ခ်န္းယင္: "......."

လူအားလုံး: "........"

ေျမေခြးအိုႀကီးက ေကာင္းကင္မိုးႀကိဳးနယ္ပယ္ အဆင့္၉ က်င့္ႀကံသူ ျဖစ္သည္။ ေျမေခြးငယ္က ေကာင္းကင္မိုးႀကိဳးနယ္ပယ္ အဆင့္၅ ျဖစ္ကာ ႏွစ္ေယာက္လုံးက ေျမေခြးနီအုပ္စုထဲက ျဖစ္၏။

ဖုန့္ခ်န္းယင္: "ခင္ဗ်ားတို႔....."

ေျမေခြးအိုႀကီး: "ေျမေခြးနတ္ဘုရား ျပန္လာၿပီဆိုတာ တကယ္ပဲလား...?"

ဖုန့္ခ်န္းယင္ အံ့ၾသသြားသည္။ သူ ေျမေခြးအိုႀကီးရဲ႕ မ်က္လုံးထဲကေန သူတို႔ရဲ႕ နတ္ဘုရား ျပန္လာမွာကို ဘယ္ေလာက္ေတာင္ ေမွ်ာ္လင့္ေနခဲ့ေၾကာင္း သိနိုင္၏။ သို႔ေသာ္ သူ႕ခမ်ာ ဘာေျပာရမွန္း မသိတာေၾကာင့္ ဖုန့္ဝူယိကိုပဲ ျပန္လွည့္ၾကည့္လိုက္ရသည္။

ဖုန့္ဝူယိ ျဖည္းျဖည္းခ်င္း ေလွ်ာက္လာရင္း ဖုန့္ခ်န္းယင္ပုခုံးကို ပုတ္လိုက္သည္။

ဖုန့္ဝူယိ: "ခ်န္းယင္က ေျမေခြးနတ္ဘုရား ေစလႊတ္ထားတဲ့လူပါ... သူမွာ ကိုးေရာင္ျခယ္ေျမေခြးရဲ႕ မီးေတာက္တစ္ခု ရွိတယ္ ဒါေပမဲ့ ဒီေနရာမွာ ျပသလို႔ မျဖစ္ဘူး... ဦးေလးသာ အဆင္ေျပမယ္ဆိုရင္ ကြၽန္ေတာ္တို႔ ဒီကေန ထြက္သြားၿပီးရင္ အားလုံး ေျပာျပပါ့မယ္..."

"မင္းက ဘယ္သူလဲ?"

ဖုန့္ဝူယိဆီက အေငြ႕အသက္က ဘယ္သူနဲ႕မွ မတူေခ်။ ေျမေခြးအိုႀကီးရဲ႕ မ်က္လုံးက ဖုန့္ဝူယိကို မယုံၾကည္ေၾကာင္း ျပသေန၏။ သို႔ေသာ္

You are reading the story above: TeenFic.Net