🍬28🍬မဟူရာလိပ်မြို့

Background color
Font
Font size
Line height

Chapter (28)
မဟူရာလိပ်မြို့

အရာအားလုံး တိတ်ဆိတ်သွားခဲ့သည်။ အမျိုးသမီးသည် တစ်ခုမကျန် ပျက်စီးသွားသော ကျောက်ရုပ်တု အပိုင်းအစများကို ကြည့်ရင်း မြွေဖြူကြီးအား အလွန်အမင်း ဒေါသထွက်သွားသည်။ သူမ ခန္ဓာကိုယ်ပေါ်က လူသတ်ငွေ့များက ပိုဆိုးရွားလာကာ ​ယင်ရှစ်ကို သတ်ချင်သော်လည်း ယွင်ချောင်နဲ့ တုံးကျန်းက သူမကို လွတ်မြောက်ခွင့် မပေးချေ။

ယွင်ချောင်နဲ့ တုံးကျန်းက သူမအား ဓားစွမ်းအင်ဖြင့် တစ်ပြိုင်တည်း တွန်းထုတ်လိုက်ကြစဥ် အနောက်မှာ အဆင်သင့် ရပ်နေခဲ့သော ဖုန့်ဝူယိက အခင်းအကျင်း စက်ကွင်းဖြင့် အမိဖမ်းထားလိုက်ပေ၏။

အစိမ်းရောင် သလင်းကျောက်နဲ့မို့ ဖမ်းချုပ်အခင်းအကျင်းက ပိုမိုအားကောင်းနေသည်။ အမျိုးသမီးမှာ မြက်ခင်းပြင်ပေါ် လဲကျသွားပြီးနောက် အခင်းအကျင်း စက်ကွင်းက သူမတစ်ကိုယ်လုံးကို ဖုံးအုပ်နိုင်ဖို့အတွက် သူမခေါင်းပေါ်၌ နေရာယူလိုက်သည်။

"ခင်ဗျား ရှုံးသွားပြီ!"

ဖုန့်ဝူယိပြောရင်း လက်တစ်ဖက်က အစိမ်းရောင် သလင်းကျောက်ကို ထိန်းချုပ်ထားလေသည်။

အမျိုးသမီးရဲ့ အတောင်များက တဖျတ်ဖျတ် ခတ်နေကာ နောက်ဆုံးခွန်အားတွေ မကုန်မချင်း အခင်းအကျင်းအောက်ကနေ ရုန်းထွက်ချင်နေပုံရသည်။ ကံမကောင်းချင်တော့ သူမ လုံးဝ မလွတ်ခဲ့ချေ။

နောက်ဆုံးမှာတော့ အမျိုးသမီးလည်း ငြိမ်သွားခဲ့သည်။ သူမသည် မသေသေးသော်လည်း ဒဏ်ရာပြင်းထန်သော လန်ဟွားအား လှမ်းကြည့်လိုက်သည်။ လန်ဟွားက သူတို့မျိုးနွယ်စုက မိန်းကလေးပါပဲ။ အခုတော့ သူမရင်ဝမှာ ဓားတစ်ချက် ထိုးစိုက်သွားပြီ။

လန်ဟွားသည် နန်ချင်းချင်းကို ကုသပေးရင်း ပျာယာခတ်နေသော ပိုင်ယင်ကျစ်အား ငေးကြည့်နေခဲ့သည်။ သူမ ပိုင်ယင်ကျစ်ကို အမှန်တကယ် သဘောကျခဲ့တာပါပဲ။ မျိုးနွယ်စုအတွက် အားလုံးကို စတေးရရင်တောင် ပိုင်ယင်ကျစ်ကိုတော့ ခိုးပြီး လွှတ်ပေးလိုက်ဖို့ စဥ်းစားထားပြီးသား။

သို့သော် မြန်ဆန်လွန်းသော ဓားချက်က သူမရင်ဝကို ထုတ်ချင်းပေါက်သွားခဲ့သည်။ ဒါ့အပြင် ထိုအမျိုးသားက သူမကို တစ်ချက်ကလေးတောင် လှည့်မကြည့်ဘဲ သတိလစ်နေသူကို ရင်ခွင်ထဲ ပွေ့ဖက်ထားလေ၏။

ပိုင်ယင်ကျစ် သူ့ဆီမှာရှိသမျှ ဆေးလုံးတွေကို ထုတ်ကျွေးကာ ဝိညာဥ်စွမ်းအင် ဖြည့်သွင်းပေးသော်ငြား နန်ချင်းချင်းက သတိမရလာချေ။

"ဖုန့်ဝူယိ!.... မြန်မြန်!"

ဖုန့်ဝူယိလည်း ခပ်မြန်မြန်လေး ရောက်လာသည်။ သူက နန်ချင်းချင်းရဲ့ အခြေအနေကို စစ်ဆေးပြီးနောက် အနီရောင်သလင်းကျောက် တစ်လုံးကို ထုတ်ယူလိုက်သည်။

"အနီရောင်သလင်းကျောက်က ဝိညာဥ်စွမ်းအင် ပိုပြည့်ဝတယ်.... ဒါပေမဲ့ အများကြီး သုံးလို့လည်း မဖြစ်ဘူး...."

ဖုန့်ဝူယိ အနီရောင် သလင်းကျောက်ကို နန်ချင်းချင်းထဲ ရင်ဘတ်ပေါ် တင်ပေးလိုက်သည်။

ပိုင်ယင်ကျစ်: "သူမ ဘယ်လိုနေလဲ?"

"သူမခန္ဓာကိုယ်က အနီရောင်သလင်းကျောက်ထဲက ဝိညာဥ်စွမ်းအင်တွေကို အလိုလို စုပ်ယူသွားလိမ့်မယ်.... လုံလောက်ပြီ ဆိုတာနဲ့ သတိရလာမယ် အဲ့အချိန်ကျရင် မင်းက အနီရောင် သလင်းကျောက်ကို ချက်ချင်း ပြန်ယူလိုက်!"

"ကောင်းပြီ!"

ပိုင်ယင်ကျစ် ခေါင်းညိတ်သဘောတူလိုက်သည်။

အခင်းအကျင်း စက်ကွင်းအောက်ကနေ မလွတ်မြောက်နိုင်မှန်း လက်ခံလိုက်တဲ့ တောင်ပံမျိုးနွယ်စု အမျိုးသမီးက ငြိမ်ကျသွားပါပြီ။ သူမဟာ ကျောက်ရုပ်တုများကို ဝမ်းနည်းစွာ ကြည့်ရင်း သူမအတောင်များကို ခေါက်သိမ်းလိုက်သည်။

ယွင်ချောင်တို့အဖွဲ့ထဲက မိန်းကလေး နှစ်ယောက်ကတော့ လန်ဟွားက သူတို့ကိုအရှင်လတ်လတ် ယဇ်ပူဇော်ဖို့ စီစဥ်ခဲ့တာကြောင့် အခုအချိန်မှာ လန်ဟွားအနားကို ဘယ်သူမှ မသွားကြတော့ချေ။ လန်ဟွားကလည်း မျက်လုံးမှိတ်လျက် ငြိမ်သက်သွားခဲ့ပါပြီ။

သူမ အသိစိတ်တွေ မပျောက်ဆုံးခင် နောက်ဆုံး တွေးမိတဲ့ အတွေးကတော့ 'အိမ်ပြန်ချင်လိုက်တာ' ဆိုတာပါပဲ။

အမျိုးသမီး: "ဟုတ်တယ် ငါ ရှုံးသွားပြီ... မင်းတို့ငါ့ကို သတ်လိုက်ပါတော့...."

ယွင်ချောင်တို့ တစ်ယောက်ကို တစ်ယောက် အရင်ကြည့်လိုက်ကြသည်။ ဘယ်သူကမှ သူမကို သတ်ပစ်ဖို့ အလျင်စလို မလှုပ်ရှားပေ။ အကြောင်းမှာ သူမ သေသွားရင် သူတို့ကိုဒီထဲကနေ ဘယ်လို ထွက်သွားရမလဲ ဆိုတာ ပြောပြမယ့်သူ မရှိတော့ဘူး မဟုတ်ပါလား။

ထိုစဉ် ဖုန့်ဝူယိ လျှောက်လာခဲ့သည်။

"ဒီကနေ ဘယ်လိုထွက်သွားရမလဲ ပြောရရင် အပြင်ဘက်က ခင်ဗျားရဲ့ မျိုးနွယ်စုတွေကို ခက်ခဲအောင် မလုပ်တော့ဘူး!"

"မင်း!"

အမျိုးသမီးက ဖုန့်ဝူယိကို စူးစူးဝါးဝါး စိုက်ကြည့်ကာ။

"ဟမ့်... မင်းတို့ ဒီကနေ ထွက်မသွားနိုင်မှတော့ ငါ့မျိုးနွယ်စုကို ဘယ်လိုလုပ် ခက်ခဲအောင် လုပ်နိုင်တော့မှာလဲ... ဒီလိုဆိုမှတော့ မင်းတို့လည်း ထွက်သွားဖို့ မစဥ်းစားနေနဲ့တော့!"

ဖုန့်ဝူယိ ထိုအမျိုးသမီးကို အေးစက်စွာ ပြုံးပြလိုက်သည်။

"ကျွန်တော်တို့က အတွေ့အကြုံ ရှာဖွေနေကြတဲ့ လူငယ်တွေ... ကျွန်တော်တို့နောက်မှာ ဘယ်သူမှ မရှိဘူးလို့ ထင်နေတာလား... တကယ်လို့သာ ရွှေခေါင်းလောင်းကို နောက်တစ်ကြိမ် ထပ်သုံးလိုက်ရင် သူရောက်လာပြီး ကျွန်တော်တို့ကို ကယ်လိမ့်မယ်... အဲဒီအခါကျရင် ခင်ဗျားရဲ့ ကျန်နေတဲ့ မျိုးနွယ်စုတွေလည်း အသက်ရှင်တော့မှာ မဟုတ်ဘူး!"

အမျိုးသမီး: "!!!"

တခြားလူသာ ဒီစကားတွေကို ပြောလာရင် သူမယုံမိမှာ မဟုတ်ချေ။ သို့သော်ငြား ဖုန့်ဝူယိလက်ထဲက အစိမ်းရောင် သလင်းကျောက်နဲ့ ရွှေခေါင်းလောင်းက ဖုန့်ဝူယိနောက်ကွယ်က လူဟာ အညာတရမဟုတ်ကြောင်း သက်သေပြနေတာကြောင့် သူမ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ရသည်။

"ငါ ပြောမယ်! မင်းတို့လည်း ငါ့ကိုကတိတစ်ခု ပေးပါ!"

ဖုန့်ဝူယိ: "ပြောပါ!"

"အပြင်က ငါ့ရဲ့ မျိုးနွယ်စုတွေက အိမ်အပြန်လမ်းကို ရှာနေကြတဲ့ လူတွေပါ... သူတို့ကိုတော့ လွှတ်ပေးပါ.... "

"သူတို့သာ လာမရှုပ်ရင် ကျွန်တော်တို့ဘက်ကလည်း ပြဿနာ မရှာပါဘူး"

"ကောင်းပြီ!"

အမျိုးသမီးပြောပြတဲ့ ထွက်ပေါက်ရှာနည်းက မခက်ခဲချေ။ အရိုးစုတောင်ကြားရဲ့ အဆုံးမှာ လေပွေ အပေါက်တစ်ပေါက် ရှိသည်။ အဲဒီနေရာကနေ ဖြတ်ကျော်သွားရင် အပြင်လောကကို ပြန်သွားနိုင်၏။

အရိုးစုတောင်ကြားကို ရောက်တော့ ဖုန့်ဝူယိ သူထိန်းချုပ်ထားသော အစိမ်းရောင် သလင်းကျောက်ကို သိမ်းကာ တောင်ကုန်းပေါ်က အမျိုးသမီးကို လွှတ်ပေးလိုက်သည်။ အမျိုးသမီးမှာ အင်မတန် စိတ်ဓာတ်ကျနေတာကြောင့် သူတို့နောက်ကို မလိုက်လာခဲ့ချေ။

တောင်ကြား အဆုံး၌ တကယ်ပင် လေပွေထွက်ပေါက်တစ်ခု ရှိပေ၏။ တစ်ယောက်မှ တုံ့ဆိုင်းမနေဘဲ ထိုအပေါက်ထဲ ဖောက်ဝင်ခဲ့ကြရာ အလာတုန်းကအတိုင်း အကြိမ်တစ်ရာမက လှည့်ပတ်ပြီးနောက်မှ မြေကြီးပေါ် ရောက်တော့သည်။

ပိုင်ယင်ကျစ်က နန်ချင်းချင်းကို မလွှတ်တမ်း ပွေ့ချီထားခဲ့သည်။ သူ ပြုတ်ကျသွားတဲ့ နေရာက ရေကန်တစ်ကန် ဖြစ်တာကြောင့် အဆင်ပြေသွား၏။

ခပ်လှမ်းလှမ်း တစ်နေရာ၌ မြို့တစ်မြို့ ရှိသည်။

ယွင်ချောင်: "အဲဒါမဟူရာလိပ်မြို့ပဲ... သွားစို့! ငါတို့ မဟူရာလိပ်တောင်တန်းနဲ့ နီးလာပြီ!"

မဟူရာလိပ်တောင်ရဲ့ သတင်းကြောင့် မြို့ထဲ၌ ကျင့်ကြံသူ အသွားအလာများ အတော်လေးကို များနေသည်။ မြို့ထဲက တည်းခိုခန်းတွေကလည်း မလုံလောက်တော့ချေ။ လူ၁၀ယောက်ပေါင်း အခန်း၃ခန်းသာ ရခဲ့သည်။

မိန်းကလေး ၄ ယောက်က တစ်ခန်းနေကာ၊ ယွင်ချောင်တို့အဖွဲ့ထဲ ပိုင်ယင်ကျစ်က သွားပေါင်း၍ ဖုန့်ဝူယိနဲ့ တုံးကျန်းက တစ်ခန်းနေလိုက်သည်။ ဖုန့်ဝူယိက အခန်းထဲ ရောက်ရောက်ချင်း ပတ်ဝန်းကျင်က ဝိညာဥ်စွမ်းအင်များကို စုပ်ယူနေတာကြောင့် တုံးကျန်းမှာ စကားပြောခွင့် မရလိုက်ပေ။

တစ်ဖက် အခန်းမှာတော့ နန်ချင်းချင်း သတိရလာပါပြီ။ သူမအတွက် ညစာကိုတော့ ပိုင်ယင်ကျစ်က အထူးတလည် သွားရောက်မှာယူပေးတာကြောင့် ယင်ရှစ်ကလွဲလို့ ကျန်၂ယောက်မှာ အားကျ၊ မနာလို ဖြစ်ကုန်တော့၏။

ညပိုင်းရောက်တော့ အားလုံး ဝိုင်းဖွဲ့ကာ မဟူရာလိပ်တောင်ထဲ ဝင်မယ့်ကိစ္စကို ဆွေးနွေးကြသည်။ ဖုန့်ဝူယိတို့က ထိုအကြောင်းတွေကို မသိတာကြောင့် ယွင်ချောင်ကပဲ ဦးဆောင်ဆွေးနွေးပေးရသည်။

"အပြင်က သတင်းတွေအရဆို မဟူရာလိပ်တောင်ပွင့်ဖို့ ၁ပတ် လိုသေးတယ်.... မဟူရာလိပ်တောင်က ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင်လိုင်းတွေ စုစည်းနေတဲ့ နေရာတစ်ခုပဲ...သူက အနှစ်၁၀၀မှာ တစ်ကြိမ်ပဲ အတိအကျ ပွင့်တယ်... ပြီးတော့ ကောင်းကင်မိုးကြိုးနယ်ပယ် အဆင့်၉ အထက်ကို ကန့်သတ်ထားလို့ အဲဒီလူတွေ ဝင်လို့မရဘူး...."

တုံးကျန်း: "အထဲမှာ တစ်ယောက်နဲ့ တစ်ယောက် မညှာမတာ သတ်ဖြတ်တာတွေ ရှိမှာသေချာတယ်!"

ယွင်ချောင်က ခေါင်းညိတ်သည်။

"အမှန်ပဲ.... ဒါပေမဲ့ ရနိုင်တဲ့ ရတနာတွေကလည်း မနည်းဘူး... အထဲရောက်ရင် ဘယ်သူ့ကိုမှ မယုံကြည်တာ အကောင်းဆုံးပဲ"

"ဒါပေါ့"

"ကောင်းပြီ"

အားလုံးက တစ်ပြိုင်တည်း ထောက်ခံကြသည်။ သို့သော် ပိုင်ယင်ကျစ် တစ်ဖက်ကို လှည့်ကြည့်မိတဲ့အခါ နန်ချင်းချင်းရဲ့ မြွေမျက်စောင်းနဲ့ တွေ့သွား၏။

ပိုင်ယင်ကျစ်: "တကယ်ပြောတာ... အထဲရောက်ရင် ငါတို့အဖွဲ့သားတွေကလွဲရင် ငါဘယ်သူ့ကိုမှ မကယ်တော့ဘူး!"

"ဟမ့်!"

နန်ချင်းချင်းကတော့ မကျေနပ်သေးသည့် ပုံစံဖြင့် တစ်ဖက်ကို လှည့်သွားတာမို့ ပိုင်ယင်ကျစ်မှာလည်း နေရထိုင်ရ ခက်သွားတော့သည်။ ယင်ရှစ် ဘာမှမပြောဘဲ နန်ချင်းချင်းလက်မောင်းကိုသာ ဖက်ထား၏။ ပိုင်ယင်ကျစ် လန်ဟွားကိုတိုက်တဲ့ ဆေးက ဝိညာဥ်စွမ်းအင်တွေကို ဖြည့်သွင်းပေးတဲ့ ဆေးလုံးမျိုးပင်။

တကယ်လို့သာ သူ မကယ်ခဲ့ရင် လန်ဟွားအနေနဲ့ နန်ချင်းချင်းကို ဆွဲခေါ်သွားတဲ့နေရာမှာ အဲဒီလောက် မြန်သွားမှာ မဟုတ်ချေ။ ဒါကြောင့်လည်း ပိုင်ယင်ကျစ်မှာ မိမိကိုယ်ကို အပြစ်ရှိသလို ခံစားနေရ၏။ ဖုန့်ဝူယိမြန်လို့သာ မဟုတ်ရင် သူတို့ နန်ချင်းချင်းကို ဆုံးရှုံးခဲ့ရပြီ။

ယွင်ချောင်: "ငါတို့ရဲ့ အကြီးတွေ ပြောပြသလောက်ဆို မဟူရာလိပ်တောင်က ရွှမ်ဝူသားရဲရဲ့ ပုံစံမျိုးပဲ.... အထဲမှာ အပြင်လောကမှာ မတွေ့ရတဲ့ ရှားပါး သလင်းကျောက်တွေ ရှိတယ် အဲဒါကြောင့် လူတွေကလည်း အချင်းချင်း အသေတိုက်ခိုက်လိမ့်မယ်..."

"ကောင်းပြီ...."

"ဒီကြားထဲ နယ်ပယ် မြှင့်သင့်တဲ့လူက မြှင့်ထားတော့...."

တစ်ပတ်ဆိုတဲ့ ကာလက တကယ်တော့ အင်မတန် နည်းလှသည်။ နယ်ပယ်ကို ဖိနှိပ်ထားတဲ့ ဖုန့်ဝူယိကလွဲလို့ ကျန်တဲ့လူတွေ အဆင့်မမြှင်ခဲ့ချေ။ ဖုန့်ဝူယိ တော်ဝင်စစ်သူကြီးနယ်ပယ် အဆင့်၅သို့ ရောက်ရှိသွားချေပြီ။

မနက်ဖြန်ဆို မဟူရာလိပ်တောင်ထဲ ဝင်ရတော့မှာ ဖြစ်တာကြောင့် ဖုန့်ဝူယိခမျာ မဝင်ခင်လေး တစ်စုံတစ်ယောက်နဲ့ တွေ့ချင်နေခဲ့သည်။ သူ ရှစ်ဇွင်းကို ဘယ်လို ဆက်သွယ်ရမလဲ တွေးရင်း တံခါးဖွင့်လိုက်တဲ့အခါ မလှမ်းမကမ်းက မျှော်စင်ထိပ်ဖူးပေါ်၌ ရပ်နေသူအား တွေ့လိုက်ရသည်။

"ရှစ်ဇွင်း....."

ဖုန့်ဝူယိ ချက်ချင်း တက်ကြွသွားကာ ဓားပျံဖြင့် ပြေးသွားလိုက်သည်။ ရှစ်ဇွင်းက ဒီနေ့မှာတော့ စိမ်းပြာရောင် ဝတ်ရုံလက်ရှည်ကို ဝတ်ဆင်ထားခဲ့ကာ သူ့ဝတ်ရုံတွေက လေထဲ တလူလူလွင့်နေသည်။ ဖုန့်ဝူယိ ရောက်လာတာကို တွေ့တော့ သူက လှည့်ကြည့်လာ၏။

ဘာမှ မပြောရသေးခင် အရှင်ချင်းလုံက လက်တစ်ဖက် ကမ်းပေးလာသည်။ ဖုန့်ဝူယိ တက်တက်ကြွကြွလေး ပြေးဆွဲရင်း ပြုံးပြလိုက်တဲ့အခါ။

"ပျော်နေတာလား?"

"အွန်း....."

ဖုန့်ဝူယိ အသာလေး ခေါင်းညိတ်လိုက်သည်။

"ကျွန်တော် မနက်ဖြန်ဆို မဟူရာလိပ်တောင်ထဲ ဝင်ရတော့မှာ... သလင်းကျောက်တွေ စုဆောင်းပြီး သေသေချာချာ လေ့ကျင့်ပါ့မယ်... တစ်လအတွင်း နောက်ထပ် အဆင့်၁ဆင့် ထပ်တိုးနိုင်အောင်လို့...."

အရှင်ချင်းလုံ: "ဘာဖြစ်လို့ အဲ့လောက်တောင် ကြိုးစားချင်သွားတာလဲ?"

"ရှစ်ဇွင်းပဲ ကျွန်တော့်ကို သန်မာရမယ်လို့ ပြောထားတယ်မလား.... လျှို့ဝှက်နယ်မြေထဲမှာ ရွှေခေါင်းလောင်းကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့ ရှုံးသွားလောက်ပြီ... ကိုယ့်ထက်နယ်ပယ် မြင့်တဲ့ လူတွေကို ခဏခဏ တွေ့နေရမှာပဲ... ကျွန်တော်အမြဲတမ်း ရွှေခေါင်းလောင်းကို အကူအညီတောင်းနေလို့ မဖြစ်ဘူး ကျွန်တော်ကိုယ်တိုင် သန်မာနေမှရမှာ...."

"မင်း ဒီလောက် စကားပြောတတ်မယ်လို့ ရှစ်ဇွင်း မထင်ထားဘူး!"

ဖုန့်ဝူယိမျက်နှာလေး ပူလောင်သွားသည်။

"ယိအာ.... ရှစ်ဇွင်း တံခါးပိတ် ကျင့်ကြံရမယ် မကြာခင် နတ်မျိုးနွယ်နယ်ပယ် အဆင့်၆ကို ထိုးဖောက်တော့မှာ... မင်း မဟူရာလိပ်တောင်ထဲ ရောက်နေတဲ့အချိန် ရှစ်ဇွင်း လာမတွေ့နိုင်သေးဘူး... အဲဒါကြောင့်...."

"တပည့် နားလည်ပါတယ်"

ဖုန့်ဝူယိ ထိုလူကို မော့ကြည့်လိုက်သည်။

"ရှစ်ဇွင်း စိတ်ချလက်ချ ကျင့်ကြံပါ... ယိအာလည်း ကြိုးစားမယ်.... ရှစ်ဇွင်းကို မျက်နှာမပျက်စေရပါဘူး.... "

ထိုစကားဆုံးတော့ အရှင်ချင်းလုံဆီက ကျေနပ်သွားတဲ့ အပြုံးတစ်ချက် တွေ့လိုက်ရလေသည်။

"ကောင်းပြီ.... မင်း ရှစ်ဇွင်းကို စိတ်ကျေနပ်စေတယ်... မင်းကိုယ့်ကိုတွေ့တိုင်း တစ်ခုခုတော့ မေးတတ်တယ်မလား ... အခုရော ဘာသိချင်လဲ?"

ဖုန့်ဝူယိ ပထမဆုံး ဟိုကြည့်ဒီကြည့်နဲ့ လှုပ်ရှားလိုက်သည်။ ထို့နောက် ခြေဖျားထောက်ကာ အသံတိုးတိုးလေးနဲ့ ဆို၏။

"ကျွန်တော် ရှစ်ဇွင်းရဲ့ နာမည်အရင်းကို သိချင်တယ်"

"ကိုယ့်နာမည် ပေကျစ်ကျိုး!"

ဖုန့်ဝူယိ မျက်လုံးအရောင်လေး တောက်သွားသည်။ ရှစ်ဇွင်း ချက်ချင်း ပြန်ဖြေလာလိမ့်မယ်လို့ မထင်ထားချေ။ အကြောင်းမှာ ရှစ်ဇွင်းရဲ့ နောက်ကြောင်းကို နှစ်၂၀၀မက သေသေချာချာ လျှို့ဝှက်ထားတာကြောင့် ဒဏ္ဍာရီသားရဲဂိုဏ်းမှာ ဘယ်သူကမှ မသိကြ။

ဒါကြောင့် သူ့ကိုရော ပြောပြမလား စမ်းကြည့်မိရာမှ တကယ်ကြီး သိလိုက်ရပေသည်။ ဖုန့်ဝူယိရဲ့ အရောင်တောက်သွားတဲ့ မျက်လုံးတွေကို အရှင်ချင်းလုံ အတော်လေး သဘောကျသည်။ မျက်လုံးအရောင်လေး တောက်သွားတိုင်း သူ့နှလုံးသားက သူကိုယ်တိုင်တောင် ထိန်းချုပ်လို့မရအောင် ခုန်လာ၏။

ဖုန့်ဝူယိ: "ကျွန်တော် မှတ်ထားပါ့မယ်... ဘယ်သူ့ကိုမှ မပြောပြဘူး...."

အရှင်ချင်းလုံ နောက်တစ်ကြိမ် ထပ်ပြုံးလိုက်သည်။

"ဒါပေါ့... တခြားလူတွေသာ အဲ့နာမည်ခေါ်ရင် သေချာပေါက် အသတ်ခံရမှာပဲ... မင်းကတော့ မဟုတ်ဘူး... အထက်နယ်မြေက လူတွေထဲမှာ နဂါးသွေးပါတဲ့လူတွေ ရှိလိမ့်မယ် မင်းကိုယ်ထဲမှာ နဂါးသွေးက မြုပ်နေတော့ သူတို့သတိထားမိမှာ မဟုတ်ဘူး... မင်းနဖူးက စိမ်းပြာနဂါး အကြေးခွံကို တွေ့သွားလည်း ကိစ္စမရှိဘူး မကြောက်နဲ့...."

"ဟုတ်ကဲ့ တပည့် မကြောက်ပါဘူး"

"တုံးကျန်းက မင်းကို စောင့်ရှောက်ပေးလိမ့်မယ်..."

"........"

ဖုန့်ဝူယိ အံ့သြသွားသည်။ ရှစ်ဇွင်းက သူအကူအညီရအောင် တုံးကျန်းကို ထည့်ပေးလိုက်တာများလားဟုပင် တွေးမိ၏။ ဘယ်လိုပဲဖြစ်ဖြစ် ဖုန့်ဝူယိ မြန်မြန်လေး ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် ရှစ်ဇွင်းလည်း ပြန်သွားသည်။ ဖုန့်ဝူယိ အခန်းထဲ ပြန်ရောက်လာတဲ့အခါ တုံးကျန်းက ပြုံးစိစိနဲ့ မျက်စောင်းထိုးကြည့်နေတာကြောင့် ရုတ်တရက် လန့်သွားရသေးသည်။ သူနဲ့ ရှစ်ဇွင်း စကားပြောနေတာတွေကိုပါ တုံးကျန်း ကြားသွားသလား မသိ။

"အခြေအနေတွေ တိုးတက်နေတယ်ပေါ့လေ??"

"မသိဘူး!"

ဖုန့်ဝူယိ ခပ်ပြတ်ပြတ်ဖြေကာ မိမိကုတင်ပေါ် သွားလှဲနေလိုက်တော့သည်။

Note - ၈ ရက်နေ့ အသွေးစာမေးပွဲရှိပါတယ်

Chapter (28)
မဟူရာလိပ္ၿမိဳ႕

အရာအားလုံး တိတ္ဆိတ္သြားခဲ့သည္။ အမ်ိဳးသမီးသည္ တစ္ခုမက်န္ ပ်က္စီးသြားေသာ ေက်ာက္႐ုပ္တု အပိုင္းအစမ်ားကို ၾကည့္ရင္း ေႁမြျဖဴႀကီးအား အလြန္အမင္း ေဒါသထြက္သြားသည္။ သူမ ခႏၶာကိုယ္ေပၚက လူသတ္ေငြ႕မ်ားက ပိုဆိုး႐ြားလာကာ ယင္ရွစ္ကို သတ္ခ်င္ေသာ္လည္း ယြင္ေခ်ာင္နဲ႕ တုံးက်န္းက သူမကို လြတ္ေျမာက္ခြင့္ မေပးေခ်။

ယြင္ေခ်ာင္နဲ႕ တုံးက်န္းက သူမအား ဓားစြမ္းအင္ျဖင့္ တစ္ၿပိဳင္တည္း တြန္းထုတ္လိုက္ၾကစဥ္ အေနာက္မွာ အဆင္သင့္ ရပ္ေနခဲ့ေသာ ဖုန့္ဝူယိက အခင္းအက်င္း စက္ကြင္းျဖင့္ အမိဖမ္းထားလိုက္ေပ၏။

အစိမ္းေရာင္ သလင္းေက်ာက္နဲ႕မို႔ ဖမ္းခ်ဳပ္အခင္းအက်င္းက ပိုမိုအားေကာင္းေနသည္။ အမ်ိဳးသမီးမွာ ျမက္ခင္းျပင္ေပၚ လဲက်သြားၿပီးေနာက္ အခင္းအက်င္း စက္ကြင္းက သူမတစ္ကိုယ္လုံးကို ဖုံးအုပ္နိုင္ဖို႔အတြက္ သူမေခါင္းေပၚ၌ ေနရာယူလိုက္သည္။

"ခင္ဗ်ား ရႈံးသြားၿပီ!"

ဖုန့္ဝူယိေျပာရင္း လက္တစ္ဖက္က အစိမ္းေရာင္ သလင္းေက်ာက္ကို ထိန္းခ်ဳပ္ထားေလသည္။

အမ်ိဳးသမီးရဲ႕ အေတာင္မ်ားက တဖ်တ္ဖ်တ္ ခတ္ေနကာ ေနာက္ဆုံးခြန္အားေတြ မကုန္မခ်င္း အခင္းအက်င္းေအာက္ကေန ႐ုန္းထြက္ခ်င္ေနပုံရသည္။ ကံမေကာင္းခ်င္ေတာ့ သူမ လုံးဝ မလြတ္ခဲ့ေခ်။

ေနာက္ဆုံးမွာေတာ့ အမ်ိဳးသမီးလည္း ၿငိမ္သြားခဲ့သည္။ သူမသည္ မေသေသးေသာ္လည္း ဒဏ္ရာျပင္းထန္ေသာ လန္ဟြားအား လွမ္းၾကည့္လိုက္သည္။ လန္ဟြားက သူတို႔မ်ိဳးႏြယ္စုက မိန္းကေလးပါပဲ။ အခုေတာ့ သူမရင္ဝမွာ ဓားတစ္ခ်က္ ထိုးစိုက္သြားၿပီ။

လန္ဟြားသည္ နန္ခ်င္းခ်င္းကို ကုသေပးရင္း ပ်ာယာခတ္ေနေသာ ပိုင္ယင္က်စ္အား ေငးၾကည့္ေနခဲ့သည္။ သူမ ပိုင္ယင္က်စ္ကို အမွန္တကယ္ သေဘာက်ခဲ့တာပါပဲ။ မ်ိဳးႏြယ္စုအတြက္ အားလုံးကို စေတးရရင္ေတာင္ ပိုင္ယင္က်စ္ကိုေတာ့ ခိုးၿပီး လႊတ္ေပးလိုက္ဖို႔ စဥ္းစားထားၿပီးသား။

သို႔ေသာ္ ျမန္ဆန္လြန္းေသာ ဓားခ်က္က သူမရင္ဝကို ထုတ္ခ်င္းေပါက္သြားခဲ့သည္။ ဒါ့အျပင္ ထိုအမ်ိဳးသားက သူမကို တစ္ခ်က္ကေလးေတာင္ လွည့္မၾကည့္ဘဲ သတိလစ္ေနသူကို ရင္ခြင္ထဲ ေပြ႕ဖက္ထားေလ၏။

ပိုင္ယင္က်စ္ သူ႕ဆီမွာရွိသမွ် ေဆးလုံးေတြကို ထုတ္ေကြၽးကာ ဝိညာဥ္စြမ္းအင္ ျဖည့္သြင္းေပးေသာ္ျငား နန္ခ်င္းခ်င္းက သတိမရလာေခ်။

"ဖုန့္ဝူယိ!.... ျမန္ျမန္!"

ဖုန့္ဝူယိလည္း ခပ္ျမန္ျမန္ေလး ေရာက္လာသည္။ သူက နန္ခ်င္းခ်င္းရဲ႕ အေျခအေနကို စစ္ေဆးၿပီးေနာက္ အနီေရာင္သလင္းေက်ာက္ တစ္လုံးကို ထုတ္ယူလိုက္သည္။

"အနီေရာင္သလင္းေက်ာက္က ဝိညာဥ္စြမ္းအင္ ပိုျပည့္ဝတယ္.... ဒါေပမဲ့ အမ်ားႀကီး သုံးလို႔လည္း မျဖစ္ဘူး...."

ဖုန့္ဝူယိ အနီေရာင္ သလင္းေက်ာက္ကို နန္ခ်င္းခ်င္းထဲ ရင္ဘတ္ေပၚ တင္ေပးလိုက္သည္။

ပိုင္ယင္က်စ္: "သူမ ဘယ္လိုေနလဲ?"

"သူမခႏၶာကိုယ္က အနီေရာင္သလင္းေက်ာက္ထဲက ဝိညာဥ္စြမ္းအင္ေတြကို အလိုလို စုပ္ယူသြားလိမ့္မယ္.... လုံေလာက္ၿပီ ဆိုတာနဲ႕ သတိရလာမယ္ အဲ့အခ်ိန္က်ရင္ မင္းက အနီေရာင္ သလင္းေက်ာက္ကို ခ်က္ခ်င္း ျပန္ယူလိုက္!"

"ေကာင္းၿပီ!"

ပိုင္ယင္က်စ္ ေခါင္းညိတ္သေဘာတူလိုက္သည္။

အခင္းအက်င္း စက္ကြင္းေအာက္ကေန မလြတ္ေျမာက္နိုင္မွန္း လက္ခံလိုက္တဲ့ ေတာင္ပံမ်ိဳးႏြယ္စု အမ်ိဳးသမီးက ၿငိမ္က်သြားပါၿပီ။ သူမဟာ ေက်ာက္႐ုပ္တုမ်ားကို ဝမ္းနည္းစြာ ၾကည့္ရင္း သူမအေတာင္မ်ားကို ေခါက္သိမ္းလိုက္သည္။

ယြင္ေခ်ာင္တို႔အဖြဲ႕ထဲက မိန္းကေလး ႏွစ္ေယာက္ကေတာ့ လန္ဟြားက သူတို႔ကိုအရွင္လတ္လတ္ ယဇ္ပူေဇာ္ဖို႔ စီစဥ္ခဲ့တာေၾကာင့္ အခုအခ်ိန္မွာ လန္ဟြားအနားကို ဘယ္သူမွ မသြားၾကေတာ့ေခ်။ လန္ဟြားကလည္း မ်က္လုံးမွိတ္လ်က္ ၿငိမ္သက္သြားခဲ့ပါၿပီ။

သူမ အသိစိတ္ေတြ မေပ်ာက္ဆုံးခင္ ေနာက္ဆုံး ေတြးမိတဲ့ အေတြးကေတာ့ 'အိမ္ျပန္ခ်င္လိုက္တာ' ဆိုတာပါပဲ။

အမ်ိဳးသမီး: "ဟုတ္တယ္ ငါ ရႈံးသြားၿပီ... မင္းတို႔ငါ့ကို သတ္လိုက္ပါေတာ့...."

ယြင္ေခ်ာင္တို႔ တစ္ေယာက္ကို တစ္ေယာက္ အရင္ၾကည့္လိုက္ၾကသည္။ ဘယ္သူကမွ သူမကို သတ္ပစ္ဖို႔ အလ်င္စလို မလႈပ္ရွားေပ။ အေၾကာင္းမွာ သူမ ေသသြားရင္ သူတို႔ကိုဒီထဲကေန ဘယ္လို ထြက္သြားရမလဲ ဆိုတာ ေျပာျပမယ့္သူ မရွိေတာ့ဘူး မဟုတ္ပါလား။

ထိုစဥ္ ဖုန့္ဝူယိ ေလွ်ာက္လာခဲ့သည္။

"ဒီကေန ဘယ္လိုထြက္သြားရမလဲ ေျပာရရင္ အျပင္ဘက္က ခင္ဗ်ားရဲ႕ မ်ိဳးႏြယ္စုေတြကို ခက္ခဲေအာင္ မလုပ္ေတာ့ဘူး!"

"မင္း!"

အမ်ိဳးသမီးက ဖုန့္ဝူယိကို စူးစူးဝါးဝါး စိုက္ၾကည့္ကာ။

"ဟမ့္... မင္းတို႔ ဒီကေန ထြက္မသြားနိုင္မွေတာ့ ငါ့မ်ိဳးႏြယ္စုကို ဘယ္လိုလုပ္ ခက္ခဲေအာင္ လုပ္နိုင္ေတာ့မွာလဲ... ဒီလိုဆိုမွေတာ့ မင္းတို႔လည္း ထြက္သြားဖို႔ မစဥ္းစားေနနဲ႕ေတာ့!"

ဖုန့္ဝူယိ ထိုအမ်ိဳးသမီးကို ေအးစက္စြာ ၿပဳံးျပလိုက္သည္။

"ကြၽန္ေတာ္တို႔က အေတြ႕အႀကဳံ ရွာေဖြေနၾကတဲ့ လူငယ္ေတြ... ကြၽန္ေတာ္တို႔ေနာက္မွာ ဘယ္သူမွ မရွိဘူးလို႔ ထင္ေနတာလား... တကယ္လို႔သာ ေ႐ႊေခါင္းေလာင္းကို ေနာက္တစ္ႀကိမ္ ထပ္သုံးလိုက္ရင္ သူေရာက္လာၿပီး ကြၽန္ေတာ္တို႔ကို ကယ္လိမ့္မယ္... အဲဒီအခါက်ရင္ ခင္ဗ်ားရဲ႕ က်န္ေနတဲ့ မ်ိဳးႏြယ္စုေတြလည္း အသက္ရွင္ေတာ့မွာ မဟုတ္ဘူး!"

အမ်ိဳးသမီး: "!!!"

တျခားလူသာ ဒီစကားေတြကို ေျပာလာရင္ သူမယုံမိမွာ မဟုတ္ေခ်။ သို႔ေသာ္ျငား ဖုန့္ဝူယိလက္ထဲက အစိမ္းေရာင္ သလင္းေက်ာက္နဲ႕ ေ႐ႊေခါင္းေလာင္းက ဖုန့္ဝူယိေနာက္ကြယ္က လူဟာ အညာတရမဟုတ္ေၾကာင္း သက္ေသျပေနတာေၾကာင့္ သူမ ေခတၱမွ် တိတ္ဆိတ္သြားခဲ့ရသည္။

"ငါ ေျပာမယ္! မင္းတို႔လည္း ငါ့ကိုကတိတစ္ခု ေပးပါ!"

ဖုန့္ဝူယိ: "ေျပာပါ!"

"အျပင္က ငါ့ရဲ႕ မ်ိဳးႏြယ္စုေတြက အိမ္အျပန္လမ္းကို ရွာေနၾကတဲ့ လူေတြပါ... သူတို႔ကိုေတာ့ လႊတ္ေပးပါ.... "

"သူတို႔သာ လာမရႈပ္ရင္ ကြၽန္ေတာ္တို႔ဘက္ကလည္း ျပႆနာ မရွာပါဘူး"

"ေကာင္းၿပီ!"

အမ်ိဳးသမီးေျပာျပတဲ့ ထြက္ေပါက္ရွာနည္းက မခက္ခဲေခ်။ အရိုးစုေတာင္ၾကားရဲ႕ အဆုံးမွာ ေလေပြ အေပါက္တစ္ေပါက္ ရွိသည္။ အဲဒီေနရာကေန ျဖတ္ေက်ာ္သြားရင္ အျပင္ေလာကကို ျပန္သြားနိုင္၏။

အရိုးစုေတာင္ၾကားကို ေရာက္ေတာ့ ဖုန့္ဝူယိ သူထိန္းခ်ဳပ္ထားေသာ အစိမ္းေရာင္ သလင္းေက်ာက္ကို သိမ္းကာ ေတာင္ကုန္းေပၚက အမ်ိဳးသမီးကို လႊတ္ေပးလိုက္သည္။ အမ်ိဳးသမီးမွာ အင္မတန္ စိတ္ဓာတ္က်ေနတာေၾကာင့္ သူတို႔ေနာက္ကို မလိုက္လာခဲ့ေခ်။

ေတာင္ၾကား အဆုံး၌ တကယ္ပင္ ေလေပြထြက္ေပါက္တစ္ခု ရွိေပ၏။ တစ္ေယာက္မွ တုံ႕ဆိုင္းမေနဘဲ ထိုအေပါက္ထဲ ေဖာက္ဝင္ခဲ့ၾကရာ အလာတုန္းကအတိုင္း အႀကိမ္တစ္ရာမက လွည့္ပတ္ၿပီးေနာက္မွ ေျမႀကီးေပၚ ေရာက္ေတာ့သည္။

ပိုင္ယင္က်စ္က နန္ခ်င္းခ်င္းကို မလႊတ္တမ္း ေပြ႕ခ်ီထားခဲ့သည္။ သူ ျပဳတ္က်သြားတဲ့ ေနရာက ေရကန္တစ္ကန္ ျဖစ္တာေၾကာင့္ အဆင္ေျပသြား၏။

ခပ္လွမ္းလွမ္း တစ္ေနရာ၌ ၿမိဳ႕တစ္ၿမိဳ႕ ရွိသည္။

ယြင္ေခ်ာင္: "အဲဒါမဟူရာလိပ္ၿမိဳ႕ပဲ... သြားစို႔! ငါတို႔ မဟူရာလိပ္ေတာင္တန္းနဲ႕ နီးလာၿပီ!"

မဟူရာလိပ္ေတာင္ရဲ႕ သတင္းေၾကာင့္ ၿမိဳ႕ထဲ၌ က်င့္ႀကံသူ အသြားအလာမ်ား အေတာ္ေလးကို မ်ားေနသည္။ ၿမိဳ႕ထဲက တည္းခိုခန္းေတြကလည္း မလုံေလာက္ေတာ့ေခ်။ လူ၁၀ေယာက္ေပါင္း အခန္း၃ခန္းသာ ရခဲ့သည္။

မိန္းကေလး ၄ ေယာက္က တစ္ခန္းေနကာ၊ ယြင္ေခ်ာင္တို႔အဖြဲ႕ထဲ ပိုင္ယင္က်စ္က သြားေပါင္း၍ ဖုန့္ဝူယိနဲ႕ တုံးက်န္းက တစ္ခန္းေနလိုက္သည္။ ဖုန့္ဝူယိက အခန္းထဲ ေရာက္ေရာက္ခ်င္း ပတ္ဝန္းက်င္က ဝိညာဥ္စြမ္းအင္မ်ားကို စုပ္ယူေနတာေၾကာင့္ တုံးက်န္းမွာ စကားေျပာခြင့္ မရလိုက္ေပ။

တစ္ဖက္ အခန္းမွာေတာ့ နန္ခ်င္းခ်င္း သတိရလာပါၿပီ။ သူမအတြက္ ညစာကိုေတာ့ ပိုင္ယင္က်စ္က အထူးတလည္ သြားေရာက္မွာယူေပးတာေၾကာင့္ ယင္ရွစ္ကလြဲလို႔ က်န္၂ေယာက္မွာ အားက်၊ မနာလို ျဖစ္ကုန္ေတာ့၏။

ညပိုင္းေရာက္ေတာ့ အားလုံး ဝိုင္းဖြဲ႕ကာ မဟူရာလိပ္ေတာင္ထဲ ဝင္မယ့္ကိစၥကို ေဆြးႏြေးၾကသည္။ ဖုန့္ဝူယိတို႔က ထိုအေၾကာင္းေတြကို မသိတာေၾကာင့္ ယြင္ေခ်ာင္ကပဲ ဦးေဆာင္ေဆြးႏြေးေပးရသည္။

"အျပင္က သတင္းေတြအရဆို မဟူရာလိပ္ေတာင္ပြင့္ဖို႔ ၁ပတ္ လိုေသးတယ္.... မဟူရာလိပ္ေတာင္က ေကာင္းကင္နဲ႕ေျမႀကီးရဲ႕ စြမ္းအင္လိုင္းေတြ စုစည္းေနတဲ့ ေနရာတစ္ခုပဲ...သူက အႏွစ္၁၀၀မွာ တစ္ႀကိမ္ပဲ အတိအက် ပြင့္တယ္... ၿပီးေတာ့ ေကာင္းကင္မိုးႀကိဳးနယ္ပယ္ အဆင့္၉ အထက္ကို ကန့္သတ္ထားလို႔ အဲဒီလူေတြ ဝင္လို႔မရဘူး...."

တုံးက်န္း: "အထဲမွာ တစ္ေယာက္နဲ႕ တစ္ေယာက္ မညွာမတာ သတ္ျဖတ္တာေတြ ရွိမွာေသခ်ာတယ္!"

ယြင္ေခ်ာင္က ေခါင္းညိတ္သည္။

"အမွန္ပဲ.... ဒါေပမဲ့ ရနိုင္တဲ့ ရတနာေတြကလည္း မနည္းဘူး... အထဲေရာက္ရင္ ဘယ္သူ႕ကိုမွ မယုံၾကည္တာ အေကာင္းဆုံးပဲ"

"ဒါေပါ့"

"ေကာင္းၿပီ"

အားလုံးက တစ္ၿပိဳင္တည္း ေထာက္ခံၾကသည္။ သို႔ေသာ္ ပိုင္ယင္က်စ္ တစ္ဖက္ကို လွည့္ၾကည့္မိတဲ့အခါ နန္ခ်င္းခ်င္းရဲ႕ ေႁမြမ်က္ေစာင္းနဲ႕ ေတြ႕သြား၏။

ပိုင္ယင္က်စ္: "တကယ္ေျပာတာ... အထဲေရာက္ရင္ ငါတို႔အဖြဲ႕သားေတြကလြဲရင္ ငါဘယ္သူ႕ကိုမွ မကယ္ေတာ့ဘူး!"

"ဟမ့္!"

နန္ခ်င္းခ်င္းကေတာ့ မေက်နပ္ေသးသည့္ ပုံစံျဖင့္ တစ္ဖက္ကို လွည့္သြားတာမို႔ ပိုင္ယင္က်စ္မွာလည္း ေနရထိုင္ရ ခက္သြားေတာ့သည္။ ယင္ရွစ္ ဘာမွမေျပာဘဲ နန္ခ်င္းခ်င္းလက္ေမာင္းကိုသာ ဖက္ထား၏။ ပိုင္ယင္က်စ္ လန္ဟြားကိုတိုက္တဲ့ ေဆးက ဝိညာဥ္စြမ္းအင္ေတြကို ျဖည့္သြင္းေပးတဲ့ ေဆးလုံးမ်ိဳးပင္။

တကယ္လို႔သာ သူ မကယ္ခဲ့ရင္ လန္ဟြားအေနနဲ႕ နန္ခ်င္းခ်င္းကို ဆြဲေခၚသြားတဲ့ေနရာမွာ အဲဒီေလာက္ ျမန္သြားမွာ မဟုတ္ေခ်။ ဒါေၾကာင့္လည္း ပိုင္ယင္က်စ္မွာ မိမိကိုယ္ကို အျပစ္ရွိသလို ခံစားေနရ၏။ ဖုန့္ဝူယိျမန္လို႔သာ မဟုတ္ရင္ သူတို႔ နန္ခ်င္းခ်င္းကို ဆုံးရႈံးခဲ့ရၿပီ။

ယြင္ေခ်ာင္: "ငါတို႔ရဲ႕ အႀကီးေတြ ေျပာျပသေလာက္ဆို မဟူရာလိပ္ေတာင္က ႐ႊမ္ဝူသားရဲရဲ႕ ပုံစံမ်ိဳးပဲ.... အထဲမွာ အျပင္ေလာကမွာ မေတြ႕ရတဲ့ ရွားပါး သလင္းေက်ာက္ေတြ ရွိတယ္ အဲဒါေၾကာင့္ လူေတြကလည္း အခ်င္းခ်င္း အေသတိုက္ခိုက္လိမ့္မယ္..."

"ေကာင္းၿပီ...."

"ဒီၾကားထဲ နယ္ပယ္ ျမႇင့္သင့္တဲ့လူက ျမႇင့္ထားေတာ့...."

တစ္ပတ္ဆိုတဲ့ ကာလက တကယ္ေတာ့ အင္မတန္ နည္းလွသည္။ နယ္ပယ္ကို ဖိႏွိပ္ထားတဲ့ ဖုန့္ဝူယိကလြဲလို႔ က်န္တဲ့လူေတြ အဆင့္မျမႇင္ခဲ့ေခ်။ ဖုန့္ဝူယိ ေတာ္ဝင္စစ္သူႀကီးနယ္ပယ္ အဆင့္၅သို႔ ေရာက္ရွိသြားေခ်ၿပီ။

မနက္ျဖန္ဆို မဟူရာလိပ္ေတာင္ထဲ ဝင္ရေတာ့မွာ ျဖစ္တာေၾကာင့္ ဖုန့္ဝူယိခမ်ာ မဝင္ခင္ေလး တစ္စုံတစ္ေယာက္နဲ႕ ေတြ႕ခ်င္ေနခဲ့သည္။ သူ

You are reading the story above: TeenFic.Net