🍬24🍬အမည်မသိတောနက်

Background color
Font
Font size
Line height

Chapter (24)
အမည်မသိတောနက်

လန်ဟွား: "မမနန် အထင်မလွဲပါဘူး... ညီမကို အစ်ကိုပိုင်က ကယ်ခဲ့တာမလို့ ဒီအတိုင်း...."

"မိန်းကလေးလန်ဟွား ရှင်းပြစရာ မလိုပါဘူး... ဒီပိုင်ယင်ကျစ်က ဂိုဏ်းထဲမှာလည်း လူကြိုက်များတဲ့ လူလေ... သူက မိန်းကလေးတွေကို ချိုချိုသာသာလေးတွေ ပြောရတာ ကြိုက်တယ်... သူပြောတိုင်း လျှောက်မယုံနဲ့..."

နန်ချင်းချင်းက လက်ကာပြရင်း စကားရှည်ကြီး ပြောချလိုက်သည်။

"ပြီးတော့ မိန်းကလေးလန်ဟွားလည်း သူနဲ့ နီးနီးကပ်ကပ် မနေတာ အကောင်းဆုံးပဲ....သူက ခံစားချက် အရမ်းများတာ! တစ်ယောက်ကို အခုတွဲပြီးရင် သိပ်မကြာဘူး အဲ့မိန်းကလေးကို သွားမတွေ့တော့ဘူး! သူ မိန်းကလေးရဲ့ ခံစားချက်ကို ကစားနေမှာ ကြောက်ရတယ် အဲဒါကြောင့် မိန်းကလေးကို ကာကွယ်ပေးတဲ့ အနေနဲ့ အစ်မကပဲ သူ့ကို ကြည့်ထားလိုက်မယ်နော်... "

လန်ဟွား: "......"

ပိုင်ယင်ကျစ်: "......"

လူတိုင်း: "......."

နန်ချင်းချင်းကတော့ စကားတွေ ပြောပြီးတာနဲ့ ပိုင်ယင်ကျစ်လက်မောင်းကို ဆွဲဖက်ကာ အရှေ့ကို ခေါ်သွားတော့သည်။ ပိုင်ယင်ကျစ်လည်း ဘာမှမတုံ့ပြန်နိုင်ဘဲ ပါသွားလေ၏။ သူဘယ်တုန်းက မိန်းကလေးတွေကို လှည့်စားခဲ့မိတာလဲ သူ့ကိုယ်သူတောင် မသိလိုက်ချေ။

သို့သော် လန်ဟွားက သူတို့နောက်ကို ဆက်လိုက်မလာခဲ့ပေ။ သူမတို့ မိန်းကလေး ၃ယောက်ဟာ အဖွဲ့ထဲက ယောက်ျားလေးနှစ်ယောက်နဲ့ အတူ အနောက်ဆုံးကနေ လိုက်လာခဲ့သည်။ သူတို့အရှေ့မှာတော့ ဖုန့်ဝူယိနဲ့ ယင်ရှစ် ရှိသည်။

နောက်ပြီးမှသာ ပိုင်ယင်ကျစ်နဲ့ နန်ချင်းချင်း၊ အရှေ့ဆုံးက ယွင်ချောင်နဲ့ တုံးကျန်း ဖြစ်သည်။ ပိုင်ယင်ကျစ် နန်ချင်းချင်းဘက်သို့ အသာလေးလှည့်ကြည့်ရင်း စိတ်စွမ်းအားဖြင့် အသံပို့လိုက်သည်။

'ငါဘယ်တုန်းက လုပ်မိတာလဲ?'

နန်ချင်းချင်းက တစ်ချက်မော့ကြည့်ပြီး ပြုံးပြလေ၏။

'ငါ လျှောက်ပြောတာလေ... ဖုန့်ဝူယိ တာဝန်ပေးလို့... အဲ့လန်ဟွားက မူမမှန်ဘူးပဲ ငါတို့သတိထားရမယ်... နင်တကယ် သူ့ကို သဘောကျနေတာလား?'

ပိုင်ယင်ကျစ်က မျက်မှောင်ကြုတ်ကာ: 'မဖြစ်နိုင်တာ.... ငါက မိန်းကလေးတစ်ယောက်ကို လွယ်လွယ်ကူကူ သဘောမကျတတ်ဘူး... လန်ဟွားရဲ့ အသက်ရှူသံက ပုံမှန် မဟုတ်ဘူးလို့တော့ ငါလည်း သတိထားမိတယ်... ရေထဲ ကျသွားတုန်းက သူမကအဆိုးဆုံး ခံစားရတာ... သူမက လူသား လုံးဝ မဟုတ်ဘူး....'

'အင်း....'

'သူမဘာလို့ ငါ့ကို ပစ်မှတ်ထားနေတယ်လို့ ထင်လဲ? သူတကယ် ငါ့ကို သဘောကျသွားတာများလား?'

'ငါလည်း မသိဘူးလေ... ဘာမှ မသိရခင်အထိတော့ သတိထားတာက အကောင်းဆုံးပဲ...'

'ဒါဆိုလည်း ပီသအောင် ဟန်ဆောင်ကြမယ်လေ'

ပိုင်ယင်ကျစ်က ပြောလည်းပြော နန်ချင်းချင်းရဲ့ လက်ချောင်းတွေကို ဆုပ်ကိုင်လိုက်၏။ နန်ချင်းချင်းလည်း မျက်လုံးလေး ပြူးကျယ်သွားကာ သူမလက်တွေကို အမြန်ပြန်ရုတ်ဖို့ ကြိုးစားပေမယ့် ပိုင်ယင်ကျစ်က အမိအရ ဆုပ်ကိုင်ထားသည်။

တစ်ယောက်ကရုန်း တစ်ယောက်ကဆွဲ ဖြစ်နေတာကြောင့် ဖုန့်ဝူယိနဲ့ ယင်ရှစ်ပင် ဆွံ့အနေရလျက်သား။ လန်ဟွားအမြင်မှာတော့ နန်ချင်းချင်းက စိတ်ဆိုးသွားလို့ ပိုင်ယင်ကျစ်က ချော့နေရသလို ​ဖြစ်နေလေ၏။

ထိုနှစ်ယောက် လက်ချောင်းတွေချင်း ဆုပ်ကိုင်ထားတာ မြင်ရတော့ ဖုန့်ဝူယိမှာ သူမထွက်လာခင်က ဆုပ်ကိုင်ခဲ့သော လက်ချောင်းများကိုပင် သတိရမိသွားသည်။ ရှစ်ဇွင်းက ဘယ်အချိန်ကမှ သူ့ကိုလာတွေ့မလဲ မသိချေ။ ထွက်လာတာ မကြာသေးပေမယ့် သူရှစ်ဇွင်းကို တွေ့ချင်နေပြီ။

တောနက်ထဲမှာ အန္တရာယ်အငွေ့အသက် မရှိတာကြောင့် အားလုံးက ဓားပျံများဖြင့် ပျံသန်းလာခဲ့သည်။ သစ်ပင်တွေအထက်က ကောင်းကင်ကို ရောက်တဲ့အခါ သစ်တောနဲ့ တောင်တန်းတွေက မျက်စိတစ်ဆုံး ကျယ်ပြန်ပြီး သက်ရှိအရိပ်အယောင် မရှိတာကို တွေ့လိုက်ရသည်။

အနီးနားမှာ ဘာမြို့မှ မရှိပေ။ ယွင်ချောင်က မြေပုံထုတ်ကာ ဦးတည်ရာတစ်ခုကို ညွှန်ပြလိုက်ပြီး အားလုံးကလည်း ဓားပျံများဖြင့် ထိုနေရာသို့ ပျံသန်းလာခဲ့ကြသည်။

သူတို့ ၄ရက်လောက် ပျံသန်းခဲ့ပေမယ့် ဘာမှမထူးခြားလာသေးပါ။ ယွင်ချောင်​မြေပုံအရ သူတို့ဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီး မကြာခင်မှာပဲ မဟူရာလိပ်တောင်တန်းရဲ့ နယ်မြေထဲကို ရောက်တော့မှာ ဖြစ်သော်လည်း ကျင့်ကြံသူ တစ်ယောက်ကိုမှ မတွေ့ရတာက အတော် ထူးဆန်းလှသည်။

"နေဦး!"

ထိုစဥ် အမြင့်ဆုံး ပျံသန်းနေသော ဖုန့်ဝူယိထံမှ အသံထွက်လာ၏။ သူသည် ရှစ်ဇွင်း မှာထားတဲ့အတိုင်း မိမိသတ်မှတ်ထားသော အမြင့်ထက်ပို၍ ပျံသန်းကြည့်နေတာကြောင့် အဝေးက မြင်ကွင်းကို သူကအရင် မြင်ရလေသည်။

တုံးကျန်း :"ဘာဖြစ်လို့လဲ?"

ယွင်ချောင်: "မူမမှန်တာ တစ်ခုခုတွေ့လို့လား?"

တစ်ယောက်ပြီး တစ်ယောက် တုံ့ပြန်လိုက်ကာ ဖုန့်ဝူယိအနား ပျံသန်းလာခဲ့ကြ၏။ အားလုံး တစ်ပြိုင်တည်း အရှေ့ကို လှမ်းကြည့်လိုက်တော့ သစ်ပင်အောက်မှာ မလှုပ်မယှက် လဲလျောင်းနေတဲ့ လူသေအလောင်းတွေကို တွေ့လိုက်ရပေသည်။ အယောက်၂၀ ကျော်ရှိတဲ့ လူတစ်စုက တစ်နေရာတည်းမှာ စုပြုံကာ သေနေကြသည်။

အရှေ့မှာ အန္တရာယ်တစ်ခုခု ရှိနေတာ သေချာနေပြီ။ လူ၁၁ယောက် အနီးနားသို့ ချဥ်းကပ်လာသောအခါ သွေးတွေတောင် ခြောက်သွားခဲ့ကာ သူတို့သေသွားတာ ကြာပြီလို့ ဆိုရမည်။ ဘယ်သူကမှ သူတို့အလောင်းကို လာရောက်မြှုပ်ပေးခြင်း မရှိပေ။

"သူတို့အားလုံးက တစ်ဂိုဏ်းတည်းက လာခဲ့တာပဲ ဖြစ်မယ်! ကြည့်လိုက် သူတို့အင်္ကျီတွေ အကုန်လုံးက တူကြတယ်..."

လန်ဟွားက ပြောလိုက်သည်။

တုံးကျန်း: "သားရဲတစ်ကောင်နဲ့ တိုက်ခိုက်ထားတာမျိုး မဟုတ်ဘူး... ဓားရာလည်း မဟုတ်ဘူး..."

တုံးကျန်း ဒီလိုဆုံးဖြတ်ရတဲ့ အကြောင်းအရင်းကတော့ အလောင်းတွေရဲ့ ကိုယ်ထဲကို ဖောက်ဝင်ထားတဲ့ သွေးဒဏ်ရာ အကြီးကြီးတွေကြောင့်ပါပဲ။ တကယ်လို့သာ သားရဲတစ်ကောင်က တိုက်ခိုက်ထားတာ ဆိုရင် သူတို့အလောင်းကို ဒီအတိုင်း ထားခဲ့မှာ မဟုတ်ဘဲ အစားအသောက်အတွက် သေချာပေါက် ပြန်သယ်သွားကြမှာပဲ ဖြစ်ပေသည်။

အခုက အလောင်းတွေဟာ ဒဏ်ရာတစ်ချက်တည်းကြောင့် သေသွားတဲ့ ပုံစံမျိုးဖြစ်ကာ နေရာရွေ့ထားတဲ့ အနေအထားလည်း မဟုတ်ပေ။

ဖုန့်ဝူယိလည်း အလောင်းတွေကို စစ်ဆေးကြည့်ရင်းမှ မျက်နှာပျက်သွားခဲ့သည်။

"အပေါ်ကို ပျံတော့!"

တုံ့ပြန်မှုမြန်တဲ့ တုံးကျန်းနဲ့ ယွင်ချောင်က ပထမဆုံး ပျံသန်းသွားသည်။ ထို့နောက် လန်ဟွားနဲ့ ဖုန့်ဝူယိ၊ သူတို့နောက်မှ ကျန်တဲ့လူတွေက ဓားပျံတွေထုတ်ကာ ပျံသန်းကြလေ၏။ ထိုအခိုက်တွင် အချိန်ကိုက်ဆိုသလို မြေကြီးတွေက တဆက်ဆက် တုန်ခါလာခဲ့ပြီး ရေပုံးအထူလောက်ရှိတဲ့ နွယ်ပင်ကြီးတစ်ပင်က ပေါက်ထွက်လာခဲ့သည်။

"သတိထား!"

"ပြေး!"

နွယ်ပင်တွေက တစ်ခဏအတွင်း အပင်တစ်ရာမက မြေကြီးထဲက ပေါ်ထွက်လာခဲ့ကာ သူတို့အား တိုက်ခိုက်တော့၏။ လူ၁၁ယောက်လည်း ဓားပျံများဖြင့် ရှောင်တိမ်းကြရင်း နွယ်ပင်များဆီက မဖမ်းမိအောင် ကြိုးစားကြသည်။ နွယ်ပင်တွေက မြွေတွေလိုမျိုး သူတို့အနောက်က လိုက်လာကြသည်။

ယင်ရှစ်: "သတိထားကြ! နွယ်အဆူးတွေမှာ အဆိပ်ရှိတယ်...."

ဒါက တချို့အလောင်းတွေ ကိုယ်ပေါ်မှာ ဒဏ်ရာမရှိရတဲ့ အကြောင်းရင်းလည်း ဟုတ်ပေလိမ့်မည်။ ခဏအတွင်း နွယ်ဆူးများက သူတို့ပျံသန်းနိုင်သော အမြင့်ထက်ကျော်၍ ထိုးတက်သွားကာ ပြေးမလွတ်အောင် ချုပ်ထားလိုက်တော့သည်။

အပေါ်ကို ပြေးတက်လို့က မရတော့ပါ။ ဒါကြောင့် ဓားစွမ်းအင်တွေကို ဝေ့ယမ်းရင်းသာ လမ်းဖောက်နေရသည်။ လူအုပ်စုထဲ၌ တုံးကျန်းနဲ့ ဖုန့်ဝူယိ၌သာ နတ်လက်နက် ရှိတာကြောင့် နှစ်ယောက်သားက လမ်းဖောက်ပေးရသည်။ ရုတ်တရက် တခြားနွယ်များထက် အလွန်မြန်သော နွယ်တစ်ချောင်းက ဖုန့်ဝူယိခေါင်းကို ထိုးဖောက်ရန်အတွက် ပြေးလာလေ၏။

ပိုင်ယင်ကျစ်: "ဖုန့်ဝူယိ!!"

ဝုန်း!

ကျယ်လောင်သော အသံတစ်သံနဲ့အတူ ထိုနွယ်ပင်က ဖုန့်ဝူယိမျက်နှာဖုံးရှေ့၌ ရပ်သွားခဲ့သည်။ ၎င်းကို ပါးလွှာသော အရာတစ်ခုက တားဆီးထားတာကြောင့် ဘယ်လိုမှ ထိုးဖောက်လို့မရဘဲ ဖြစ်နေခဲ့သည်။ ထိုစဥ် ဖုန့်ဝူယိက တစ်ချက် ပြုံးလိုက်ကာ ထိုနွယ်အောက်ကနေ အသာလေး ပျံသန်းသွားလိုက်ပြီး နတ်ဓားကို လျင်မြန်စွာ လှုပ်ရှားလိုက်သည်။

အမြန်ဆုံး နွယ်ပင်ရဲ့ အပိုင်းအစတွေ ပြတ်တောက်သွားပါပြီ။ ၎င်းက မြေကြီးထဲအထိ ပြတ်တောက်သွားတာမျိုး မဟုတ်ဘဲ တစ်ဝက်သာ ပြတ်သွား၏။ ၎င်းပြတ်တောက်သွားတာနဲ့ နာနာကျင်ကျင် လိမ်တွန့်နေတာမို့ တခြားနွယ်တွေလည်း ရုန်းရင်းဆန်ခတ် ဖြစ်ကုန်သည်။

ဒါကို အခွင့်ကောင်းယူရင်း တခြားလူတွေကလည်း နွယ်ပင်များစွာကို ဖြတ်တောက်ပစ်ခဲ့သည်။ ထို့နောက် အရှေ့ကို ဆက်ပြေးကြပြန်သည်။

"ဖုန့်ဝူယိ ဖြတ်လိုက်တာက အဓိကအကောင်ပဲ!"

"ဟုတ်တယ်!"

ဝုန်း ဝုန်း!

နောက်ထပ် နွယ်ပင်အသစ်တွေ ​မြေအောက်ထဲကနေ ပေါက်ထွက်လာသည်။ လူတိုင်းအတွက် တိုက်ခိုက်ရင်း ထွက်ပြေးရတာက တဖြည်းဖြည်း ခက်ခဲလာ၏။

နန်ချင်းချင်း: "အစ်ကိုတုံးကျန်း ဘယ်လိုလုပ်ကြမလဲ?"

"ဒီကောင်က သူ့နွယ်တွေကို ဆန့်ထုတ်နိုင်တဲ့ အကွာအဝေး ကန့်သတ်ချက် ရှိတယ် ငါတို့ဆက်သွားနေသရွေ့ ထွက်နိုင်လောက်တယ်"

"ကောင်းပြီ!"

ဝုန်း!

ချွင်း!

ယွင်ချောင်တို့ဘက်ကလည်း ကြိုးကြိုးစားစား ဖြတ်တောက်နေကြသည်။ နွယ်ပင်တစ်ချောင်းစီက အသိရှိနေသည့်နှယ့် လူတိုင်းကို တားဆီး၊ ဖမ်းယူ၊ သတ်ဖြတ်ချင်နေ၏။ ၎င်းတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းကလည်း မသေးတာကြောင့် ယွင်ချောင်တို့အဖွဲ့ထဲက ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် ဒဏ်ရာရသွားသည်။

တဖြည်းဖြည်း ရန်သူဘက်က အသည်းအသန် တိုက်ခိုက်လာတာကြောင့် ထွက်ပေါက်ကို ရောက်ခါနီးပေမယ့် ဒဏ်ရာရသူကလည်း များလာသည်။ ပိုင်ယင်ကျစ်ပင် နောက်ကျော၌ ဒဏ်ရာတစ်ချက် ရသွား၏။

အားလုံးက အဆိပ်ဖြေဆေးများကို ပါးစပ်ထဲ မြန်မြန်ဆန်ဆန် ပစ်ထည့်ရင်း ဆက်ပြေးကြသည်။ ပြေးရင်းပြေးရင်း အပြင်ဘက်က အလင်းရောင်ကို မြင်လာရချိန်တွင် အလွန်မြန်သော နွယ်တစ်ချောင်းက ထပ်ပြေးလာပြန်၏။ ၎င်းက အဓိကအကောင်ပင်။

သူ့ကိုယ်သူ နောက်တစ်ဖန် ကုသကာ ပြန်ရောက်လာခြင်း ဖြစ်ပေမည်။

ယွင်ချောင်: "ထပ်လာပြန်ပြီ!"

"မင်းတို့ ပြေးတော့!.... ငါတားထားမယ်!"

ယွင်ချောင်ရဲ့ ဂိုဏ်းတူညီလေးက အော်ဟစ်အား အဓိကအကောင်ရဲ့ လမ်းကို ပိတ်ဆို့ဖို့ ပြေးထွက်သွားလေသည်။

"မလုပ်နဲ့!"

"လုဖျင်..... "

မိန်းကလေးနှစ်ယောက်က တစ်ပြိုင်တည်း အော်လိုက်သည်။ ဖုန့်ဝူယိလည်း ချာကနဲ လှည့်ကြည့်မိ၏။ ထိုကောင်လေးက သူ့သူငယ်ချင်းတွေ ထွက်ပြေးနိုင်ဖို့အတွက် အနစ်နာခံဖို့ ပြင်နေပြီ။ လူတစ်ယောက်ရဲ့ စိတ်ရင်းက သေရေးရှင်ရေး အခြေအနေမှာ ပေါ်လာတတ်သည်ဟု ရှစ်ဇွင်း ပြောဖူးသည်။

ဒီကောင်လေးက လူကောင်းပဲ။

ဖုန့်ဝူယိ လုဖျင်ဆိုတဲ့ ကောင်လေးဆီကို ပြေးသွားလိုက်သည်။ လုဖျင်က အသက်၁၇နှစ်သာ ရှိသေးတဲ့ ကလေးတစ်ယောက် ဖြစ်တာကြောင့် ဖုန့်ဝူယိ သူသေသွားမှာကို မကြည့်ရက်ပေ။

သူရောက်သွားချိန်မှာတော့ နွယ်ပင်က ကောင်လေးရဲ့ ခန္ဓာကိုယ်ထဲကို ထိုးဖောက်တော့မည်။

လုဖျင်: "လာစမ်းပါ! ငါမင်းကို မကြောက်ဘူး!"

လုဖျင် မျက်စိစုံမှိတ်ချလိုက်သည်။

ထန်း!

သူ မျှော်လင့်ထားသော နာကျင်မှုက ရောက်မလာခဲ့ဘဲ လေထုကြီး တုန်ခါသွားတာကိုသာ ခံစားလိုက်ရသည်။ ဇတ်ကနဲ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ သူ့ရှေ့မှာ နက်ပြာရောင် ဝတ်စုံနဲ့ လူငယ်လေးကို တွေ့ရပေ၏။ လူငယ်လေးက ရွှေရောင်ခေါင်းလောင်းကြီး တစ်ခုကို ဖန်တီးကာ နွယ်ပင်ကြီး ရှေ့ဆက်မတိုးနိုင်အောင် တားထားသည်။

လုဖျင်: "......."

သူနဲ့ မရင်းနှီးတဲ့လူက သူ့ကိုလာကယ်မယ်လို့ မထင်ထားချေ။

တုန်ခါသွားတဲ့ လေထုနဲ့အတူ နွယ်ပင်တွေအားလုံးဟာ ကြောက်စရာကောင်းသော သားရဲကောင်ကြီးအား တွေ့လိုက်ရသည့်နှယ် လိမ်တွန့်ကုန်၏။

ဖုန့်ဝူယိ: "....... ပြေး!"

ဖုန့်ဝူယိ လုဖျင်ဆိုတဲ့ ကောင်လေးကို ဖမ်းဆွဲကာ ထွက်ပြေးလာခဲ့သည်။ ထွက်ပေါက်က မဝေးတော့တာကြောင့် ခဏလေး ပြေးထွက်သွားလိုက်တာနဲ့ သူတို့အားလုံး နွယ်ပင်တွေရဲ့ အလွန်ကို ရောက်သွား၏။

ဤတော့မှ လူတိုင်း သက်ပြင်းချနိုင်ခဲ့သည်။ နွယ်ပင်တွေကလည်း သားကောင်ကို မတွေ့ရတာကြောင့် တဖြည်းဖြည်း မြေကြီးထဲ ပြန်လည်ငုပ်လျှိုးသွားကြသည်။ ထို့နောက် ပုံမှန်တောအုပ်တစ်ခု ပြန်ဖြစ်သွား၏။

လုဖျင်: "ကျေးဇူးတင်ပါတယ် အစ်ကိုဖုန့်..."

ဖုန့်ဝူယိ အသာပဲ ခေါင်းခါပြလိုက်သည်။

တုံးကျန်း: "အပျော်မစောနဲ့ဦး... တစ်ခုခု လာနေသလိုပဲ..."

ထိုအချိန်တွင် သူတို့ခြေထောက်အောက်ရှိ တောအုပ်ထဲကနေ လေပွေကြီးတစ်ခု ​မြင့်တက်လာခဲ့သည်။ လူတိုင်း မြန်မြန်ဆန်ဆန် တုံ့ပြန်ကြသော်လည်း ဘယ်သူမှ မတုံ့ပြန်နိုင်ဘဲ လေပွေကြီးထဲ ပါသွားလေတော့၏။

အချိန်တွေက ဘယ်လောက်တောင် ကြာသွားတယ်မသိ ဖုန့်ဝူယိ သတိပြန်ရလာချိန်၌ သူသည် မှောင်မည်းနေသော ဂူကြီးတစ်ဂူထဲ ရောက်နေခဲ့ပြီး ခြေထောက်တစ်ဖက်ကလည်း ဒဏ်ရာရထားပြီ။ ရောက်နေတဲ့ နေရာကို မသိရတဲ့အပြင် သူ့ဘေးမှာ ဘယ်သူမှမရှိပေ။

ဖုန့်ဝူယိ ငုတ်တုတ်ထထိုင်ရင်း ခြေထောက်တစ်ဖက်ကို လှန်ကြည့်လိုက်တော့ ခြေသလုံးကို အပေါ်ကနေ အောက်အထိ ဆွဲခြစ်ထားတဲ့ ဒဏ်ရာတစ်ချက် ရှိနေတာကို တွေ့ရလေသည်။ သူ့မှာ မိမိဘာသာ ကုသနိုင်စွမ်း မရှိသေးပေ။ ဒီအချိန်မှာ ရှစ်ဇွင်းကလည်း မရှိတာကြောင့် သူ့ကို ကုသပေးမယ့်သူမရှိ။

ဖိနပ်ကိုချွတ်ကာ ဝတ်ရုံအောက်ပိုင်းကို ဒူးအထိ ပင့်တင်ထားလိုက်သည်။ အဝါရောင်သလင်းကျောက် ၃တုံးကို ဂူနံရံထဲ ပစ်ထည့်လိုက်တဲ့အခါ အလင်းရောင် အတွက်က စိတ်ပူစရာ မလိုတော့ပေ။ ဖုန့်ဝူယိ သိုလှောင်လက်စွပ်ထဲက ဆေးဘူးကို ထုတ်ယူနေစဥ် လူတစ်ယောက် သူ့အနားရောက်လာသည်။

ရုတ်တရက် နတ်ဓားကို ဝေ့ယမ်းတော့မယ့် အချိန်မှာပဲ ထွက်လာသူတိုင်း ဆွံ့အသွားရတော့သည်။

"ရှစ်ဇွင်း??"

သူ့စိတ်ထဲ တွေးနေခဲ့သူက မထင်မှတ်ဘဲ ပေါ်လာတာကြောင့် ဖုန့်ဝူယိမှာ တအံ့တသြ ဖြစ်နေရသည်။ အရှင်ချင်းလုံက သူ့အနားကို လျှောက်လာကာ ဖြည်းဖြည်းချင်း ထိုင်လာ၏။ ထို့နောက် သူ့ခြေသလုံးက ဒဏ်ရာကြီးကို တစ်ချက်ကြည့်သည်။

ဖုန့်ဝူယိ အထိတ်တလန့်ဖြင့် သူ့ခြေထောက်ကို အမြန်ဖုံးလိုက်သော်လည်း တစ်ဖက်က အလွန်လျင်မြန်စွာဖြင့် သူ့လက်ကောက်ဝတ်ကို ဖမ်းထားလိုက်ပေ၏။ အဲဒီနောက် ဒဏ်ရာကို သေချာစစ်ဆေးကြည့်သည်။ ဖြူဖွေးပြီး သွယ်လျတဲ့ ခြေထောက်တွေက ဒဏ်ရာနဲ့ လားလားမှ မလိုက်ဖက်ချေ။








Chapter (24)
အမည္မသိေတာနက္

လန္ဟြား: "မမနန္ အထင္မလြဲပါဘူး... ညီမကို အစ္ကိုပိုင္က ကယ္ခဲ့တာမလို႔ ဒီအတိုင္း...."

"မိန္းကေလးလန္ဟြား ရွင္းျပစရာ မလိုပါဘူး... ဒီပိုင္ယင္က်စ္က ဂိုဏ္းထဲမွာလည္း လူႀကိဳက္မ်ားတဲ့ လူေလ... သူက မိန္းကေလးေတြကို ခ်ိဳခ်ိဳသာသာေလးေတြ ေျပာရတာ ႀကိဳက္တယ္... သူေျပာတိုင္း ေလွ်ာက္မယုံနဲ႕..."

နန္ခ်င္းခ်င္းက လက္ကာျပရင္း စကားရွည္ႀကီး ေျပာခ်လိဳက္သည္။

"ၿပီးေတာ့ မိန္းကေလးလန္ဟြားလည္း သူနဲ႕ နီးနီးကပ္ကပ္ မေနတာ အေကာင္းဆုံးပဲ....သူက ခံစားခ်က္ အရမ္းမ်ားတာ! တစ္ေယာက္ကို အခုတြဲၿပီးရင္ သိပ္မၾကာဘူး အဲ့မိန္းကေလးကို သြားမေတြ႕ေတာ့ဘူး! သူ မိန္းကေလးရဲ႕ ခံစားခ်က္ကို ကစားေနမွာ ေၾကာက္ရတယ္ အဲဒါေၾကာင့္ မိန္းကေလးကို ကာကြယ္ေပးတဲ့ အေနနဲ႕ အစ္မကပဲ သူ႕ကို ၾကည့္ထားလိုက္မယ္ေနာ္... "

လန္ဟြား: "......"

ပိုင္ယင္က်စ္: "......"

လူတိုင္း: "......."

နန္ခ်င္းခ်င္းကေတာ့ စကားေတြ ေျပာၿပီးတာနဲ႕ ပိုင္ယင္က်စ္လက္ေမာင္းကို ဆြဲဖက္ကာ အေရွ႕ကို ေခၚသြားေတာ့သည္။ ပိုင္ယင္က်စ္လည္း ဘာမွမတုံ႕ျပန္နိုင္ဘဲ ပါသြားေလ၏။ သူဘယ္တုန္းက မိန္းကေလးေတြကို လွည့္စားခဲ့မိတာလဲ သူ႕ကိုယ္သူေတာင္ မသိလိုက္ေခ်။

သို႔ေသာ္ လန္ဟြားက သူတို႔ေနာက္ကို ဆက္လိုက္မလာခဲ့ေပ။ သူမတို႔ မိန္းကေလး ၃ေယာက္ဟာ အဖြဲ႕ထဲက ေယာက္်ားေလးႏွစ္ေယာက္နဲ႕ အတူ အေနာက္ဆုံးကေန လိုက္လာခဲ့သည္။ သူတို႔အေရွ႕မွာေတာ့ ဖုန့္ဝူယိနဲ႕ ယင္ရွစ္ ရွိသည္။

ေနာက္ၿပီးမွသာ ပိုင္ယင္က်စ္နဲ႕ နန္ခ်င္းခ်င္း၊ အေရွ႕ဆုံးက ယြင္ေခ်ာင္နဲ႕ တုံးက်န္း ျဖစ္သည္။ ပိုင္ယင္က်စ္ နန္ခ်င္းခ်င္းဘက္သို႔ အသာေလးလွည့္ၾကည့္ရင္း စိတ္စြမ္းအားျဖင့္ အသံပို႔လိုက္သည္။

'ငါဘယ္တုန္းက လုပ္မိတာလဲ?'

နန္ခ်င္းခ်င္းက တစ္ခ်က္ေမာ့ၾကည့္ၿပီး ၿပဳံးျပေလ၏။

'ငါ ေလွ်ာက္ေျပာတာေလ... ဖုန့္ဝူယိ တာဝန္ေပးလို႔... အဲ့လန္ဟြားက မူမမွန္ဘူးပဲ ငါတို႔သတိထားရမယ္... နင္တကယ္ သူ႕ကို သေဘာက်ေနတာလား?'

ပိုင္ယင္က်စ္က မ်က္ေမွာင္ၾကဳတ္ကာ: 'မျဖစ္နိုင္တာ.... ငါက မိန္းကေလးတစ္ေယာက္ကို လြယ္လြယ္ကူကူ သေဘာမက်တတ္ဘူး... လန္ဟြားရဲ႕ အသက္ရႉသံက ပုံမွန္ မဟုတ္ဘူးလို႔ေတာ့ ငါလည္း သတိထားမိတယ္... ေရထဲ က်သြားတုန္းက သူမကအဆိုးဆုံး ခံစားရတာ... သူမက လူသား လုံးဝ မဟုတ္ဘူး....'

'အင္း....'

'သူမဘာလို႔ ငါ့ကို ပစ္မွတ္ထားေနတယ္လို႔ ထင္လဲ? သူတကယ္ ငါ့ကို သေဘာက်သြားတာမ်ားလား?'

'ငါလည္း မသိဘူးေလ... ဘာမွ မသိရခင္အထိေတာ့ သတိထားတာက အေကာင္းဆုံးပဲ...'

'ဒါဆိုလည္း ပီသေအာင္ ဟန္ေဆာင္ၾကမယ္ေလ'

ပိုင္ယင္က်စ္က ေျပာလည္းေျပာ နန္ခ်င္းခ်င္းရဲ႕ လက္ေခ်ာင္းေတြကို ဆုပ္ကိုင္လိုက္၏။ နန္ခ်င္းခ်င္းလည္း မ်က္လုံးေလး ျပဴးက်ယ္သြားကာ သူမလက္ေတြကို အျမန္ျပန္႐ုတ္ဖို႔ ႀကိဳးစားေပမယ့္ ပိုင္ယင္က်စ္က အမိအရ ဆုပ္ကိုင္ထားသည္။

တစ္ေယာက္က႐ုန္း တစ္ေယာက္ကဆြဲ ျဖစ္ေနတာေၾကာင့္ ဖုန့္ဝူယိနဲ႕ ယင္ရွစ္ပင္ ဆြံ႕အေနရလ်က္သား။ လန္ဟြားအျမင္မွာေတာ့ နန္ခ်င္းခ်င္းက စိတ္ဆိုးသြားလို႔ ပိုင္ယင္က်စ္က ေခ်ာ့ေနရသလို ျဖစ္ေနေလ၏။

ထိုႏွစ္ေယာက္ လက္ေခ်ာင္းေတြခ်င္း ဆုပ္ကိုင္ထားတာ ျမင္ရေတာ့ ဖုန့္ဝူယိမွာ သူမထြက္လာခင္က ဆုပ္ကိုင္ခဲ့ေသာ လက္ေခ်ာင္းမ်ားကိုပင္ သတိရမိသြားသည္။ ရွစ္ဇြင္းက ဘယ္အခ်ိန္ကမွ သူ႕ကိုလာေတြ႕မလဲ မသိေခ်။ ထြက္လာတာ မၾကာေသးေပမယ့္ သူရွစ္ဇြင္းကို ေတြ႕ခ်င္ေနၿပီ။

ေတာနက္ထဲမွာ အႏၱရာယ္အေငြ႕အသက္ မရွိတာေၾကာင့္ အားလုံးက ဓားပ်ံမ်ားျဖင့္ ပ်ံသန္းလာခဲ့သည္။ သစ္ပင္ေတြအထက္က ေကာင္းကင္ကို ေရာက္တဲ့အခါ သစ္ေတာနဲ႕ ေတာင္တန္းေတြက မ်က္စိတစ္ဆုံး က်ယ္ျပန္ၿပီး သက္ရွိအရိပ္အေယာင္ မရွိတာကို ေတြ႕လိုက္ရသည္။

အနီးနားမွာ ဘာၿမိဳ႕မွ မရွိေပ။ ယြင္ေခ်ာင္က ေျမပုံထုတ္ကာ ဦးတည္ရာတစ္ခုကို ၫႊန္ျပလိုက္ၿပီး အားလုံးကလည္း ဓားပ်ံမ်ားျဖင့္ ထိုေနရာသို႔ ပ်ံသန္းလာခဲ့ၾကသည္။

သူတို႔ ၄ရက္ေလာက္ ပ်ံသန္းခဲ့ေပမယ့္ ဘာမွမထူးျခားလာေသးပါ။ ယြင္ေခ်ာင္ေျမပုံအရ သူတို႔ဟာ လမ္းေၾကာင္းမွန္ေပၚ ေရာက္ေနၿပီး မၾကာခင္မွာပဲ မဟူရာလိပ္ေတာင္တန္းရဲ႕ နယ္ေျမထဲကို ေရာက္ေတာ့မွာ ျဖစ္ေသာ္လည္း က်င့္ႀကံသူ တစ္ေယာက္ကိုမွ မေတြ႕ရတာက အေတာ္ ထူးဆန္းလွသည္။

"ေနဦး!"

ထိုစဥ္ အျမင့္ဆုံး ပ်ံသန္းေနေသာ ဖုန့္ဝူယိထံမွ အသံထြက္လာ၏။ သူသည္ ရွစ္ဇြင္း မွာထားတဲ့အတိုင္း မိမိသတ္မွတ္ထားေသာ အျမင့္ထက္ပို၍ ပ်ံသန္းၾကည့္ေနတာေၾကာင့္ အေဝးက ျမင္ကြင္းကို သူကအရင္ ျမင္ရေလသည္။

တုံးက်န္း :"ဘာျဖစ္လို႔လဲ?"

ယြင္ေခ်ာင္: "မူမမွန္တာ တစ္ခုခုေတြ႕လို႔လား?"

တစ္ေယာက္ၿပီး တစ္ေယာက္ တုံ႕ျပန္လိုက္ကာ ဖုန့္ဝူယိအနား ပ်ံသန္းလာခဲ့ၾက၏။ အားလုံး တစ္ၿပိဳင္တည္း အေရွ႕ကို လွမ္းၾကည့္လိုက္ေတာ့ သစ္ပင္ေအာက္မွာ မလႈပ္မယွက္ လဲေလ်ာင္းေနတဲ့ လူေသအေလာင္းေတြကို ေတြ႕လိုက္ရေပသည္။ အေယာက္၂၀ ေက်ာ္ရွိတဲ့ လူတစ္စုက တစ္ေနရာတည္းမွာ စုၿပဳံကာ ေသေနၾကသည္။

အေရွ႕မွာ အႏၱရာယ္တစ္ခုခု ရွိေနတာ ေသခ်ာေနၿပီ။ လူ၁၁ေယာက္ အနီးနားသို႔ ခ်ဥ္းကပ္လာေသာအခါ ေသြးေတြေတာင္ ေျခာက္သြားခဲ့ကာ သူတို႔ေသသြားတာ ၾကာၿပီလို႔ ဆိုရမည္။ ဘယ္သူကမွ သူတို႔အေလာင္းကို လာေရာက္ျမႇုပ္ေပးျခင္း မရွိေပ။

"သူတို႔အားလုံးက တစ္ဂိုဏ္းတည္းက လာခဲ့တာပဲ ျဖစ္မယ္! ၾကည့္လိုက္ သူတို႔အကၤ်ီေတြ အကုန္လုံးက တူၾကတယ္..."

လန္ဟြားက ေျပာလိုက္သည္။

တုံးက်န္း: "သားရဲတစ္ေကာင္နဲ႕ တိုက္ခိုက္ထားတာမ်ိဳး မဟုတ္ဘူး... ဓားရာလည္း မဟုတ္ဘူး..."

တုံးက်န္း ဒီလိုဆုံးျဖတ္ရတဲ့ အေၾကာင္းအရင္းကေတာ့ အေလာင္းေတြရဲ႕ ကိုယ္ထဲကို ေဖာက္ဝင္ထားတဲ့ ေသြးဒဏ္ရာ အႀကီးႀကီးေတြေၾကာင့္ပါပဲ။ တကယ္လို႔သာ သားရဲတစ္ေကာင္က တိုက္ခိုက္ထားတာ ဆိုရင္ သူတို႔အေလာင္းကို ဒီအတိုင္း ထားခဲ့မွာ မဟုတ္ဘဲ အစားအေသာက္အတြက္ ေသခ်ာေပါက္ ျပန္သယ္သြားၾကမွာပဲ ျဖစ္ေပသည္။

အခုက အေလာင္းေတြဟာ ဒဏ္ရာတစ္ခ်က္တည္းေၾကာင့္ ေသသြားတဲ့ ပုံစံမ်ိဳးျဖစ္ကာ ေနရာေ႐ြ႕ထားတဲ့ အေနအထားလည္း မဟုတ္ေပ။

ဖုန့္ဝူယိလည္း အေလာင္းေတြကို စစ္ေဆးၾကည့္ရင္းမွ မ်က္ႏွာပ်က္သြားခဲ့သည္။

"အေပၚကို ပ်ံေတာ့!"

တုံ႕ျပန္မႈျမန္တဲ့ တုံးက်န္းနဲ႕ ယြင္ေခ်ာင္က ပထမဆုံး ပ်ံသန္းသြားသည္။ ထို႔ေနာက္ လန္ဟြားနဲ႕ ဖုန့္ဝူယိ၊ သူတို႔ေနာက္မွ က်န္တဲ့လူေတြက ဓားပ်ံေတြထုတ္ကာ ပ်ံသန္းၾကေလ၏။ ထိုအခိုက္တြင္ အခ်ိန္ကိုက္ဆိုသလို ေျမႀကီးေတြက တဆက္ဆက္ တုန္ခါလာခဲ့ၿပီး ေရပုံးအထူေလာက္ရွိတဲ့ ႏြယ္ပင္ႀကီးတစ္ပင္က ေပါက္ထြက္လာခဲ့သည္။

"သတိထား!"

"ေျပး!"

ႏြယ္ပင္ေတြက တစ္ခဏအတြင္း အပင္တစ္ရာမက ေျမႀကီးထဲက ေပၚထြက္လာခဲ့ကာ သူတို႔အား တိုက္ခိုက္ေတာ့၏။ လူ၁၁ေယာက္လည္း ဓားပ်ံမ်ားျဖင့္ ေရွာင္တိမ္းၾကရင္း ႏြယ္ပင္မ်ားဆီက မဖမ္းမိေအာင္ ႀကိဳးစားၾကသည္။ ႏြယ္ပင္ေတြက ေႁမြေတြလိုမ်ိဳး သူတို႔အေနာက္က လိုက္လာၾကသည္။

ယင္ရွစ္: "သတိထားၾက! ႏြယ္အဆူးေတြမွာ အဆိပ္ရွိတယ္...."

ဒါက တခ်ိဳ႕အေလာင္းေတြ ကိုယ္ေပၚမွာ ဒဏ္ရာမရွိရတဲ့ အေၾကာင္းရင္းလည္း ဟုတ္ေပလိမ့္မည္။ ခဏအတြင္း ႏြယ္ဆူးမ်ားက သူတို႔ပ်ံသန္းနိုင္ေသာ အျမင့္ထက္ေက်ာ္၍ ထိုးတက္သြားကာ ေျပးမလြတ္ေအာင္ ခ်ဳပ္ထားလိုက္ေတာ့သည္။

အေပၚကို ေျပးတက္လို႔က မရေတာ့ပါ။ ဒါေၾကာင့္ ဓားစြမ္းအင္ေတြကို ေဝ့ယမ္းရင္းသာ လမ္းေဖာက္ေနရသည္။ လူအုပ္စုထဲ၌ တုံးက်န္းနဲ႕ ဖုန့္ဝူယိ၌သာ နတ္လက္နက္ ရွိတာေၾကာင့္ ႏွစ္ေယာက္သားက လမ္းေဖာက္ေပးရသည္။ ႐ုတ္တရက္ တျခားႏြယ္မ်ားထက္ အလြန္ျမန္ေသာ ႏြယ္တစ္ေခ်ာင္းက ဖုန့္ဝူယိေခါင္းကို ထိုးေဖာက္ရန္အတြက္ ေျပးလာေလ၏။

ပိုင္ယင္က်စ္: "ဖုန့္ဝူယိ!!"

ဝုန္း!

က်ယ္ေလာင္ေသာ အသံတစ္သံနဲ႕အတူ ထိုႏြယ္ပင္က ဖုန့္ဝူယိမ်က္ႏွာဖုံးေရွ႕၌ ရပ္သြားခဲ့သည္။ ၎ကို ပါးလႊာေသာ အရာတစ္ခုက တားဆီးထားတာေၾကာင့္ ဘယ္လိုမွ ထိုးေဖာက္လို႔မရဘဲ ျဖစ္ေနခဲ့သည္။ ထိုစဥ္ ဖုန့္ဝူယိက တစ္ခ်က္ ၿပဳံးလိုက္ကာ ထိုႏြယ္ေအာက္ကေန အသာေလး ပ်ံသန္းသြားလိုက္ၿပီး နတ္ဓားကို လ်င္ျမန္စြာ လႈပ္ရွားလိုက္သည္။

အျမန္ဆုံး ႏြယ္ပင္ရဲ႕ အပိုင္းအစေတြ ျပတ္ေတာက္သြားပါၿပီ။ ၎က ေျမႀကီးထဲအထိ ျပတ္ေတာက္သြားတာမ်ိဳး မဟုတ္ဘဲ တစ္ဝက္သာ ျပတ္သြား၏။ ၎ျပတ္ေတာက္သြားတာနဲ႕ နာနာက်င္က်င္ လိမ္တြန့္ေနတာမို႔ တျခားႏြယ္ေတြလည္း ႐ုန္းရင္းဆန္ခတ္ ျဖစ္ကုန္သည္။

ဒါကို အခြင့္ေကာင္းယူရင္း တျခားလူေတြကလည္း ႏြယ္ပင္မ်ားစြာကို ျဖတ္ေတာက္ပစ္ခဲ့သည္။ ထို႔ေနာက္ အေရွ႕ကို ဆက္ေျပးၾကျပန္သည္။

"ဖုန့္ဝူယိ ျဖတ္လိုက္တာက အဓိကအေကာင္ပဲ!"

"ဟုတ္တယ္!"

ဝုန္း ဝုန္း!

ေနာက္ထပ္ ႏြယ္ပင္အသစ္ေတြ ေျမေအာက္ထဲကေန ေပါက္ထြက္လာသည္။ လူတိုင္းအတြက္ တိုက္ခိုက္ရင္း ထြက္ေျပးရတာက တျဖည္းျဖည္း ခက္ခဲလာ၏။

နန္ခ်င္းခ်င္း: "အစ္ကိုတုံးက်န္း ဘယ္လိုလုပ္ၾကမလဲ?"

"ဒီေကာင္က သူ႕ႏြယ္ေတြကို ဆန့္ထုတ္နိုင္တဲ့ အကြာအေဝး ကန႔္သတ္ခ်က္ ရွိတယ္ ငါတို႔ဆက္သြားေနသေ႐ြ႕ ထြက္နိုင္ေလာက္တယ္"

"ေကာင္းၿပီ!"

ဝုန္း!

ခြၽင္း!

ယြင္ေခ်ာင္တို႔ဘက္ကလည္း ႀကိဳးႀကိဳးစားစား ျဖတ္ေတာက္ေနၾကသည္။ ႏြယ္ပင္တစ္ေခ်ာင္းစီက အသိရွိေနသည့္ႏွယ့္ လူတိုင္းကို တားဆီး၊ ဖမ္းယူ၊ သတ္ျဖတ္ခ်င္ေန၏။ ၎တို႔ရဲ႕ တိုက္ခိုက္နိုင္စြမ္းကလည္း မေသးတာေၾကာင့္ ယြင္ေခ်ာင္တို႔အဖြဲ႕ထဲက ေယာက္်ားေလးတစ္ေယာက္နဲ႕ မိန္းကေလးတစ္ေယာက္ ဒဏ္ရာရသြားသည္။

တျဖည္းျဖည္း ရန္သူဘက္က အသည္းအသန္ တိုက္ခိုက္လာတာေၾကာင့္ ထြက္ေပါက္ကို ေရာက္ခါနီးေပမယ့္ ဒဏ္ရာရသူကလည္း မ်ားလာသည္။ ပိုင္ယင္က်စ္ပင္ ေနာက္ေက်ာ၌ ဒဏ္ရာတစ္ခ်က္ ရသြား၏။

အားလုံးက အဆိပ္ေျဖေဆးမ်ားကို ပါးစပ္ထဲ ျမန္ျမန္ဆန္ဆန္ ပစ္ထည့္ရင္း ဆက္ေျပးၾကသည္။ ေျပးရင္းေျပးရင္း အျပင္ဘက္က အလင္းေရာင္ကို ျမင္လာရခ်ိန္တြင္ အလြန္ျမန္ေသာ ႏြယ္တစ္ေခ်ာင္းက ထပ္ေျပးလာျပန္၏။ ၎က အဓိကအေကာင္ပင္။

သူ႕ကိုယ္သူ ေနာက္တစ္ဖန္ ကုသကာ ျပန္ေရာက္လာျခင္း ျဖစ္ေပမည္။

ယြင္ေခ်ာင္: "ထပ္လာျပန္ၿပီ!"

"မင္းတို႔ ေျပးေတာ့!.... ငါတားထားမယ္!"

ယြင္ေခ်ာင္ရဲ႕ ဂိုဏ္းတူညီေလးက ေအာ္ဟစ္အား အဓိကအေကာင္ရဲ႕ လမ္းကို ပိတ္ဆို႔ဖို႔ ေျပးထြက္သြားေလသည္။

"မလုပ္နဲ႕!"

"လုဖ်င္..... "

မိန္းကေလးႏွစ္ေယာက္က တစ္ၿပိဳင္တည္း ေအာ္လိုက္သည္။ ဖုန့္ဝူယိလည္း ခ်ာကနဲ လွည့္ၾကည့္မိ၏။ ထိုေကာင္ေလးက သူ႕သူငယ္ခ်င္းေတြ ထြက္ေျပးနိုင္ဖို႔အတြက္ အနစ္နာခံဖို႔ ျပင္ေနၿပီ။ လူတစ္ေယာက္ရဲ႕ စိတ္ရင္းက ေသေရးရွင္ေရး အေျခအေနမွာ ေပၚလာတတ္သည္ဟု ရွစ္ဇြင္း ေျပာဖူးသည္။

ဒီေကာင္ေလးက လူေကာင္းပဲ။

ဖုန့္ဝူယိ လုဖ်င္ဆိုတဲ့ ေကာင္ေလးဆီကို ေျပးသြားလိုက္သည္။ လုဖ်င္က အသက္၁၇ႏွစ္သာ ရွိေသးတဲ့ ကေလးတစ္ေယာက္ ျဖစ္တာေၾကာင့္ ဖုန့္ဝူယိ သူေသသြားမွာကို မၾကည့္ရက္ေပ။

သူေရာက္သြားခ်ိန္မွာေတာ့ ႏြယ္ပင္က ေကာင္ေလးရဲ႕ ခႏၶာကိုယ္ထဲကို ထိုးေဖာက္ေတာ့မည္။

လုဖ်င္: "လာစမ္းပါ! ငါမင္းကို မေၾကာက္ဘူး!"

လုဖ်င္ မ်က္စိစုံမွိတ္ခ်လိဳက္သည္။

ထန္း!

သူ ေမွ်ာ္လင့္ထားေသာ နာက်င္မႈက ေရာက္မလာခဲ့ဘဲ ေလထုႀကီး တုန္ခါသြားတာကိုသာ ခံစားလိုက္ရသည္။ ဇတ္ကနဲ မ်က္လုံးဖြင့္ၾကည့္လိုက္တဲ့အခါ သူ႕ေရွ႕မွာ နက္ျပာေရာင္ ဝတ္စုံနဲ႕ လူငယ္ေလးကို

You are reading the story above: TeenFic.Net