🍬22🍬ရုတ်တရက် ပါးပြင်တွေ နီရဲလာ

Background color
Font
Font size
Line height

Chapter (22)
ရုတ်တရက် ပါးပြင်တွေ နီရဲလာ

ဖုန့်ဝူယိထံက ပြန်လာတွေ့လို့ ရမလားလို့ ပြောတဲ့စကားကို ကြားပေမယ့် အရှင်ချင်းလုံ မအံ့သြသွားပေ။ ဒီကောင်လေး သူ့ကို သံယောဇဉ် တွယ်နေမှန်း သူသိတယ်လေ။ ဖုန့်မိသားစုမှာ စတွေ့တုန်းက ကောင်လေးက ငယ်ငယ်လေးသာ ရှိသေးပေမယ့် သူ့လက်ကိုကိုင်ကာ တကောက်ကောက် လိုက်ခဲ့ဖူးလေသည်။

အဲဒီကလေးလေးက အနာဂတ်မှာ သူ့အတွက် အသက်စွန့်ရဲတဲ့အထိ ရဲရင့်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားပါ့မလဲ။

"မင်း အရင်ထ....."

ဖုန့်ဝူယိ ဒူးထောက်ထားရာမှ ချက်ချင်းထကာ ထိုင်ခုံပေါ် ပြောင်းထိုင်လိုက်သည်။ လက်နှစ်ဖက်ကို လက်ဖက်ရည် စပ်ရာ၌ အလုပ်ပေးရင်း ရှစ်ဇွင်း ပြောတာကို ငြိမ်ငြိမ်ကလေး နားထောင်နေသည်။

"ရှစ်ဇွင်းက မင်းဆရာမို့ မင်းကို အမြဲတမ်း စောင့်ကြည့်နေမှာ... ဒါကြောင့် ယိအာ အပျင်းထူလို့ မရဘူး!"

"တပည့် အပျင်းမထူပါဘူး!"

ဖုန့်ဝူယိ ချက်ချင်းပဲ ခေါင်းခါလိုက်သည်။

"ကောင်းပြီ... မထွက်ခွာခင် သေချာကျင့်ကြံလိုက်ဦး... မင်းတို့ သွားရမယ့် နေရာက အန္တရာယ်နည်းနည်း ရှိတယ်"

"ဟုတ်ကဲ့!"

သူတော်စင်တောင်ထွတ်အား အဝင်အထွက် တံခါးစည်းကို ဖုန့်ဝူယိ တစ်ပတ်လောက် သင်ယူလိုက်မှသာ ကျွမ်းကျွမ်းကျင်ကျင် တက်မြောက်သွားခဲ့သည်။ သေချာအောင် အကြိမ်ကြိမ် စမ်းကြည့်ခဲ့သေး၏။ ထိုလတွေထဲ ယဲ့လင် ပေါ်မလာခဲ့ပေ။ ဖုန့်ဝူယိလည်း စိတ်မဝင်စားတာကြောင့် မမေးမြန်းခဲ့ပါ။

တုံးကျန်းနဲ့ ပိုင်ယင်ကျစ်တို့ကလည်း အသည်းအသန် ကျင့်ကြံနေကြတာကြောင့် အချင်းချင်း မတွေ့ရပေ။ လင်ရုချောင်က ၅နှစ်ခန့် တံခါးပိတ်ကျင့်ကြံမှာမို့ သူ့ကိုတော့ လုံးဝ မတွေ့ရချေ။

တဖြည်းဖြည်းနဲ့ တောင်ထွတ်ကနေ ထွက်ခွာရမယ့် အချိန်ကလည်း နီးကပ်လာသည်။ ဒီကြားထဲ ဖုန့်ဝူယိ ဓားသိုင်းတွေလည်း တိုးတက်လာသလို မကြာခင်မှာ အဆင့်ထိုးဖောက်တော့မှာပဲ ဖြစ်လေ၏။ သို့သော် သူက ဖိသိပ်ထားကာ မထိုးဖောက်သေးပါ။

ထိုနေ့ည၌ ညစာပြင်ဆင်ရင်း ဖုန့်ဝူယိ နည်းနည်းတော့ အလုပ်ရှုပ်သွားသည်။ သူ ညစာပြင်ပြီးတဲ့ အချိန်မှာပဲ အရှင်ချင်းလုံကလည်း အပြင်ကနေ ပြန်ရောက်လာသည်။ စားပွဲပေါ်က အရောင်စုံတဲ့ ဟင်းလျာတွေနဲ့ နွေးထွေးတဲ့ အခန်းကြောင့် သူ့ခမျာ သူ့ရင်ထဲ တစ်မျိုးတစ်မည် ခံစားလိုက်ရသေးသည်။

လှည့်ကြည့်လိုက်တော့ ဖုန့်ဝူယိက သူ့အနား ရောက်လာပြီး သူ့လက်ချောင်းတွေအား ဆုပ်ကိုင်လာသည်။

"ကျွန်တော် မနက်ဖြန် သွားရတော့မှာမလို့ ဒီည ရှစ်ဇွင်းအတွက် ညစာပြင်ပေးတာ... အကုန်လုံးက ရှစ်ဇွင်း အကြိုက်တွေ....."

ဖုန့်ဝူယိက ထိုင်ခုံမှာ နေရာချပေးတဲ့အထိ အရှင်ချင်းလုံ အသံမထွက်ဘဲ လိုက်ပါသွားခဲ့သည်။ အမှန်တကယ် သူကြိုက်တာတွေပါပဲ။ နတ်မျိုးနွယ်နယ်ပယ် ရောက်ပြီမလို့ အစားအသောက်အပေါ် မှီခိုစရာ မလိုတော့သော်လည်း သေသေချာချာ ပြင်ဆင်ထားတာကို တွေ့တော့ မငြင်းရက်ပေ။

နောက်ပြီး ဖုန့်ဝူယိရဲ့ တောက်ပတဲ့ မျက်လုံးတွေက သူ့ကို အမှန်တကယ် စားစေချင်ကြောင်း သက်သေပြနေ၏။

ဖုန့်ဝူယိလည်း ရှစ်ဇွင်းရဲ့ ဒီနေ့အငွေ့အသက်က အေးစက်နေတဲ့ အလွှာတွေမရှိဘဲ ရေပြင်လို ငြိမ်သက်နေတယ်လို့ ခံစားရလေသည်။ သူ ချက်ထားတဲ့ ဟင်းခွက်တစ်ခုစီတိုင်းကို နည်းနည်းစီ မြည်းစမ်းသွားသည်။

ဖုန့်ဝူယိ မျက်တောင်မခတ် စိုက်ကြည့်ရင်း အင်မတန် ကျေနပ်နေသည်။ ထိုအချိန်တွင် သူ့အမေ အဖေထမင်းစားနေတာကို ပြုံးပြုံးလေးနဲ့ ထိုင်ကြည့်နေပုံအား ရုတ်တရက် သတိရလိုက်လေရာ မိမိမှာ မိခင်နေရာ ရောက်နေသလို ခံစားမိသွားသည်။

ထိုအတွေးကြောင့် ရုတ်တရက် ပါးပြင်တွေ နီရဲလာတော့သည်။ သူဘာလို့များ အဲ့အတွေးမျိုး ဝင်လာရတာလဲ။ ဒါဆိုရင် ရှစ်ဇွင်းက ဘာဖြစ်သွားမလဲ။ ထပ်တွေးကြည့်ရင် ရှစ်ဇွင်းက မိမိအဖေနဲ့ အသက်ချင်း အတူတူပဲ မဟုတ်ပါလား။ ဒါဆို ရှစ်ဇွင်းက သူ့အဖေလိုပင်။

'မဖြစ်ဘူး!'

ဖုန့်ဝူယိ စိတ်ထဲကနေ အော်ဟစ်ရင်း မတ်တတ်ထရပ်မိမလို ဖြစ်သွားသည်။ သူ့ရဲ့ မူမမှန်တဲ့ အခြေအနေက အရှင်ချင်းလုံအား သတိထားမိသွားစေကာ တစ်ချက် လှည့်ကြည့်လာ၏။ တွေ့လိုက်ရတာကတော့ ဖုန့်ဝူယိရဲ့ ပါးပြင်ရဲရဲလေးတွေပါပဲ။ မျက်နှာဖုံးအောက်မှာ တခြမ်းသာ မြင်ရပေမယ့် တစ်ခုခုကြောင့် နေရထိုင်ရ ခက်နေကြောင်းတော့ သိသာသည်။

"ဘာဖြစ်လို့လဲ??"

ဖုန့်ဝူယိ: "ဘာ ဘာမှမဖြစ်ပါဘူး.... ရှစ်ဇွင်း အနားယူပါ တပည့် သွားပါတော့မယ်!"

ထို့နောက် လုံးဝ လှည့်မကြည့်တော့ဘဲ ထွက်ပြေးသွားခဲ့သည်။

အရှင်ချင်းလုံ: "........"

နောက်တစ်နေ့ မနက် ထွက်ခွာချိန်ရောက်မှသာ ဖုန့်ဝူယိ ပြန်ရောက်လာကာ ဆရာဖြစ်သူအား လေးလေးစားစား ဂါဝရပြုပြီး နှုတ်ဆက်သွားသည်။ ဖုန့်ဝူယိ ဦးဆောင်သော ပိုင်ယင်ကျစ်၊ တုံးကျန်းနဲ့ နန်ချင်းချင်း၊ ယင်ရှစ်တို့အဖွဲ့ သူတော်စင်တောင်ထွတ်ကို အပြင်ဘက်သို့ ရောက်လာခဲ့သည်။

ဖုန့်ဝူယိနဲ့ ပိုင်ယင်ကျစ်က တော်ဝင်စစ်သူကြီးနယ်ပယ် အဆင့်၄နဲ့ ၃ ဖြစ်ကာ နန်ချင်းချင်းက တော်ဝင်စစ်သူကြီးနယ်ပယ် အဆင့်၂သာ ရှိသေးသည်။ ယင်ရှစ်က ဧကရာဇ်နယ်ပယ် အဆင့်၁ ​ဖြစ်ပြီး သူတို့အဖွဲ့ထဲမှာ အမြင့်ဆုံး တုံးကျန်းက ဧကရာဇ်နယ်ပယ် အဆင့်၉ ​ဖြစ်လေသည်။

တောင်ထွတ်ရဲ့ အပြင်ဘက်ကို ရောက်တော့ လေးယောက်သား ဒဏ္ဍာရီသားရဲဂိုဏ်းဘက် တစ်ချက် သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ဂိုဏ်းက ပျက်စီးသွားပြီ ဆိုပေမယ့် အရင်းအမြစ်တချို့က ကျန်နေဦးမလား မပြောတတ်ဘူးလေ။

တကယ် ပြန်သွားကြည့်လိုက်တော့ အဝါရောင်သလင်းကျောက် ၁သန်းသာ စုမိလေ၏။ အလွန်အမင်း ပျက်စီးသွားသော တော်ဝင်အင်ပါယာမြို့ကတော့ အစအနပင် ကောက်မရအောင် ဖြစ်သွားလေပြီ။

ပိုင်ယင်ကျစ်: "ဆရာဘိုးဘိုးက ဘာလို့ ဒီမြို့ကြီးကို ရုတ်တရက် ဖျက်စီးပစ်ချင်ရတာလဲ?"

ပိုင်ယင်ကျစ် တုံးကျန်းဘက်သို့ လှည့်မေးလိုက်၏။ ဘာကြောင့်လဲဆိုတော့ တုံးကျန်းက ဆရာဘိုးဘိုးရဲ့ မိသားစုဝင်လို့ ပြောလို့ရသော အသိအကျွမ်းတစ်ဦး ဖြစ်တာကြောင့်ပါပဲ။ မထင်မှတ်ဘဲ တုံးကျန်းက ပန်းသီးတစ်လုံးကို ကိုက်စားနေရာမှ ခေါင်းခါပြသည်။

"ငါလည်း သိပ်မသိဘူး!"

ပိုင်ယင်ကျစ်လည်း ခေါင်းညိတ်ရင်း နားလည်ကြောင်း ပြလိုက်သည်။ သူက ခူးလာတဲ့ အသီးတွေကို ဓားပျံဖြင့် ပျံသန်းနေသော တခြားလူတွေဆီလည်း ပစ်ပေး​နေ၏။ ဖုန့်ဝူယိ အသီးတစ်လုံးကို ဖမ်းရင်း ဓားပျံကို တုံးကျန်းအနား ကပ်သွားအောင် ထိန်းချုပ်လိုက်သည်။

"တုံးကျန်း.... ရှစ်ဇွင်း အရင်ကဘယ်သူတွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ဖူးလဲ?"

တုံးကျန်း: "ငါ မွေးပြီးနောက်ပိုင်းတော့ ဦးရီးတော်က ဘယ်သူနဲ့မှ မတိုက်သေးဘူး... အဲ့အရင်က ဆိုရင်တော့ ငါလည်း မပြောတတ်ဘူး ဒါပေမဲ့ သူတော်စင်တောင်ထွတ်ကတော့ ဦးရီးတော်ကိုယ်တိုင် ဖန်တီးထားတဲ့ နယ်မြေတစ်ခုပဲ... တောင်ထွတ်ရဲ့ မြေအောက်မှာ အခန်းတစ်ခန်း ရှိတယ်...."

တုံးကျန်းက အသံကို တမင်သက်သက် တိုးပစ်လိုက်ကာ ဖုန့်ဝူယိ ကြားနိုင်လောက်တဲ့ နှစ်ကိုယ်ကြား အသံဖြင့်သာ ဆက်ပြောလေ၏။

"အဲ့အခန်းထဲမှာ အဘွား အိပ်နေတာ...."

"ရှစ်ဇွင်းရဲ့ အမေ??"

တုံးကျန်းက ခေါင်းညိတ်ပြသည်။

"လွန်ခဲ့တဲ့ နှစ်၄၀၀ လောက်ကတည်းက အိပ်နေတာ... နှစ်၅၀မှာ တစ်ကြိမ်ပဲ နိုးလာတယ်... ငါအဘွားကို တစ်ကြိမ်ဘဲ တွေ့ဖူးတာ ဘာပဲဖြစ်ဖြစ် ငါက ဦးရီးတော်ရဲ့ ဝမ်းကွဲညီမက မွေးတာဆိုတော့ အဘွားကို သိပ်တွေ့ခွင့်မရှိဘူး... ဒါပေမဲ့ တစ်ခုရှိတာက အဘွားက အရမ်း အရမ်းလှတယ် .... မျက်လုံးတွေက မင်းရှစ်ဇွင်းနဲ့လည်း တစ်ပုံစံတည်းပဲ..."

"သခင်မက ဘာဖြစ်တာလဲ?"

"တိတိကျကျ မသိဘူး... အဘိုးနဲ့ ဆိုင်မယ်လို့ ထင်တယ်... ဦးရီးတော်က အဘိုးကို အရမ်းမုန်းတာ အဘိုးဘက်က ဘယ်သူပဲလွှတ်လိုက်ပါစေ ဦးရီးတော်က အကုန်သတ်ပစ်တာ..."

ဖုန့်ဝူယိ: "........"

နိမိတ်အကြောင်းတော့ ပြောပြလို့ မဖြစ်တာကြောင့် တုံးကျန်း ထိုအကြောင်းကို ကျော်ချပစ်လိုက်သည်။

ရှစ်ဇွင်းအကြောင်း နည်းနည်း သိလိုက်ရတာကြောင့် ကျေနပ်မိသော်လည်း သိရတဲ့ကိစ္စက ရှစ်ဇွင်းမှာ အတိတ်ဒဏ်ရာ ရှိနေတယ်လို့ ပြောပြနေသလိုပင်။

တုံးကျန်း: "မင်း ခေါင်းက ခေါင်းလောင်းက ဘာလဲသိလား?"

"ဘာလဲ?"

"အဲဒါ အဘွားပေးထားတဲ့ အကာအကွယ် လက်နက်တစ်ခု... ဦးရီးတော် တကယ်တန်ဖိုးထားတဲ့ လူကိုပဲ ပေးရမယ်လို့ မှာထားတာ..."

"!!"

ဖုန့်ဝူယိ လန့်သွားခဲ့သည်။

"အဲဒါကြောင့် ငါနဲ့ ဒေါ်လေးရင်က မင်းကို နွေးနွေးထွေးထွေး ကြိုဆိုပြီး တောင်ထွတ်ထဲက အဘိုးကြီးတွေကလည်း မင်းကို မနှောင့်ယှက်ရဲကြတာလေ... ဖုန့်ဝူယိ... ငါတို့ ဦးရီးတော်ကို မင်းလက်ထဲ အပ်တယ်နော်?"

ဖုန့်ဝူယိ: "........."

နန်ချင်းချင်း: "အရှေ့မှာ လူတစ်စုတွေ့တယ်..."

လေးယောက်လုံး ချက်ချင်း ရပ်သွားကြသည်။ သူတို့က တော်ဝင်အင်ပါယာမြို့ကို ပျက်စီးအောင် လုပ်ခဲ့တဲ့ လူတွေထဲမှာ ပါလေသည်။ လူတိုင်း မသိနိုင်သော်ငြား ပြင်ပလူတွေကို တွေ့တဲ့အခါ သတိထားတာက အကောင်းဆုံးပင်။

သစ်ပင်တွေပေါ်ကနေ ဆင်းသက်လာခဲ့တဲ့အခါ ယောက်ျားသုံးယောက်၊ မိန်းကလေး ၄ယောက် အဖွဲ့ကို တွေ့လိုက်ရသည်။ သူတို့ကလည်း တစ်နေရာရာကို ခရီးသွားနေကြတဲ့ လူတွေလိုမျိုးပါပဲ။ အခုတော့ အနားယူနေကြကာ မိန်းကလေး နှစ်ယောက်က အသားကင်ဖို့ တာဝန်ယူနေကြသည်။

ဖုန့်ဝူယိတို့ ရောက်လာတာကို တွေ့သည်နှင့် ၇ယောက်စလုံးက တစ်ပြိုင်တည်း ထကာ ဓားတွေ ဆွဲထုတ်လိုက်သည်။ တုံးကျန်းက ပျာပျာသလဲ လက်ကာပြရင်း။

"နေကြပါဦး နေကြပါဦး!! ရန်သူ မဟုတ်ပါဘူး!"

ထိုအခါ တစ်ဖက်အဖွဲ့ထဲမှ ခေါင်းဆောင်ဟု ထင်ရသော လူငယ်တစ်ဦးက ထွက်လာသည်။

"မင်းတို့က ဘယ်သူတွေလဲ??"

ပိုင်ယင်ကျစ်: "ငါတို့က အဝေးကြီးကနေ အတွေ့အကြုံ ယူဖို့ ထွက်လာတဲ့ လူတွေပါ... မင်းတို့ဆီ လာတာက ဒီနားမှာ အနီးဆုံးမြို့ကို ဘယ်လိုသွားရမလဲ မေးချင်လို့ပါ"

တုံးကျန်းနဲ့ ပိုင်ယင်ကျစ်တို့က ဖော်ဖော်ရွေရွေ စကားစလိုက်ပြီး ကျန်သုံးယောက်ကလည်း အေးအေးဆေးဆေး အနောက်မှာ ရပ်နေကြတာကြောင့် ခေါင်းဆောင်လူငယ်က အနည်းငယ် စိတ်သက်သာရာ ရသွားဟန်ဖြင့် ခြေတစ်လှမ်း ဆုတ်ပေးလိုက်သည်။

"ငါတို့က တိမ်နဂါးကျောင်းတော်က ကျောင်းသားတွေပါ... မင်းတို့လိုပဲ အတွေ့အကြုံ ယူဖို့ ထွက်လာတာ... ငါ့နာမည်က ယွင်ချောင်... ဒါတွေက ငါ့ရဲ့ ဆရာတူညီမနဲ့ ညီလေးတွေ...."

လူငယ်တွေရဲ့ ရန်လိုမှု မရှိတော့တဲ့ အမူအရာတွေကြောင့် တုံးကျန်းကလည်း တစ်ယောက်စီရဲ့ နာမည်တွေကို မိတ်ဆက်လိုက်သည်။ ထို့နောက် သူတို့လည်း တိမ်နဂါးကျောင်းတော်က အဖွဲ့နဲ့အတူ အနားယူဖို့ ဆုံးဖြတ်ကာ သတင်းနည်းနည်း တီးခေါက်ကြည့်မိရာ ထိုအဖွဲ့က မဟူရာလိပ်လို့ ခေါ်တဲ့ တောင်တန်းဘက် သွားမှာဖြစ်ကြောင်း သိလိုက်ရသည်။

ပိုင်ယင်ကျစ်: "မဟူရာလိပ်တောင်က ဘာလဲ?"

ယွင်ချောင်: "အဲဒီတောင်က နှစ်၁၀၀မှာ တစ်ကြိမ်ပွင့်တဲ့ နတ်တောင်လို့ ပြောကြတယ်....အထဲမှာ ရတနာတွေ ရှိတယ်တဲ့... မိတ်ဆွေတို့ရော သွားကြည့်မလို့လား..."

တုံးကျန်းတို့ တစ်ဖွဲ့လုံးက ဝတ်ကောင်းစားလှများ ဝတ်စားထားကြသလို လက်နက်တွေကလည်း အဆင့်မြင့်တာကြောင့် ချမ်းသာသော ဂိုဏ်းက ဆင်းသက်လာတယ် ဆိုတာ သိသာပေသည်။

ဒါကြောင့် အဝါရောင် သလင်းကျောက်နဲ့ လိမ္မော်ရောင် သလင်းကျောက်လောက်ကို တုံးကျန်းတို့ မျက်စိထဲ ထည့်နေမည် မဟုတ်ချေ။ သူတို့ငါးယောက်စလုံးမှ ငွေကြေးလည်း အလုံအလောက် ပါနိုင်သည်။ ထို့ကြောင့် ယွင်ချောင်ဟာ တုံးကျန်းတို့က သူတို့ဝေစုကို လာလုမည်အား မစိုးရိမ်ချေ။

တုံးကျန်း: "မပြောတတ်ဘူး.... "

"ဘာကို မပြောတတ်တာလဲ.... အတူတူ သွားရအောင်လေ ဘာပဲဖြစ်ဖြစ် ရှင်တို့လည်း ဘယ်သွားရမှန်း မသိသေးဘူးမလား?"

ယွင်ချောင်တို့ အဖွဲ့ထဲက မိန်းကလေးတစ်ယောက်က ဝင်ဆိုလာသည်။ သူမက အပြုံးနဲ့ပြောရင်း ပိုင်ယင်ကျစ်ကိုလည်း နည်းနည်းလေး စိုက်ကြည့်လိုက်သေး၏။ ပိုင်ယင်ကျစ်က တုံးကျန်းထက် ပိုကြည့်ကောင်းကာ ဖော်ရွေတာကြောင့် တစ်ဖက်က မိန်းကလေးတွေအဖို့ အဆင်ပြေသည်။

ယွင်ချောင်တို့အဖွဲ့နဲ့ စကားမပြောတာ ဖုန့်ဝူယိနဲ့ ယင်ရှစ်သာ ရှိသည်။ နှစ်ယောက်သားဟာ ရောက်ကတည်းက စကားဝိုင်းထဲ ဝင်မပါခဲ့ပေ။ ယင်ရှစ် သစ်ပင်ပေါ်တက်ကာ သစ်ကိုင်းပေါ်ကျောချလျက် အိပ်နေသည်။ ဖုန့်ဝူယိကတော့ ထိုသစ်ပင်ခြေရင်းမှာ တင်ပျဥ်ခွေထိုင်လျက် ကျင့်ကြံနေ၏။

ညရောက်သော်။

တုံးကျန်းနဲ့ ပိုင်ယင်ကျစ်ဟာ ဖုန့်ဝူယိဘေးမှာပဲ ထိုင်ရင်း သစ်ပင်ကိုမှီထားကြသည်။ နန်ချင်းချင်းက သစ်ပင်ပေါ်မှာပင်။ မြွေနှစ်ကောင်အဖို့ သစ်ပင်ပေါ်မှာ အိပ်ရတာက မခက်ခဲချေ။

"အား!"

အသံတစ်သံကြောင့် လူတိုင်း လန့်နိုးသွားသည်။

"ကယ်ကြပါဦး!"

မိန်းကလေးတစ်ယောက်ရဲ့ အသံပဲ။ ဖုန့်ဝူယိရဲ့ ပထမဆုံး တုံ့ပြန်မှုကတော့ သစ်ပင်ပေါ်ကနှစ်ယောက် ရှိနေသေးလား ကြည့်တာပါပဲ။ နန်ချင်းချင်းတို့လည်း ထိုအသံကြောင့် သတိကပ်လျက် လက်နက်ကို အသင့်ထုတ်ထားကြသည်။

"အား....အား....."

အသံက တစ်ဖက်က တောထဲကနေ ထွက်လာတာပါပဲ။ ယွင်ချောင်တို့ အဖွဲ့လည်း ချက်ချင်း ထလာကာ လူစုလိုက်သည်။

"ပုထျန်းရော?"

"အာ.... သူမ ဘယ်ရောက်သွားတာလဲ?"

"ဒါဆို အစောက အော်သံက သူမများလား?"

လူတိုင်း အော်သံထွက်လာရာဘက်သို့ ပြေးထွက်လာခဲ့ကြသည်။ နေရာက သိပ်မဝေးပါ။ လူတိုင်းကလည်း အဆင့်တစ်ခုထိရောက်အောင် ကျင့်ကြံထားတာကြောင့် ထိုနေရာကို ခဏအတွင်း ရောက်လာနိုင်သည်။ ဆိုးတာက ထိုနေရာကို ရောက်ရောက်ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားရတာပါပဲ။

ပုထျန်းဟုခေါ်သော မိန်းကလေးက ထိုနေရာမှာ တကယ် ရှိနေပါ၏။ သူမ တကယ်လည်း ဒုက္ခရောက်နေသည်။ အဖြူရောင် လူအရိပ်တွေက သူမကို ဝန်းရံထားကြကာ ၎င်းအရိပ်များက ယောက်ျားမိန်းမ စုံလို့ပင်။ ၎င်းတို့ဆီမှာ အဝတ်တွေ မရှိကြဘဲ ဖုံးကွယ်ထားရမယ့် နေရာတွေ အားလုံးက ဖော်ထားကြသည်။

ဖုန့်ဝူယိ ချက်ချင်း မျက်နှာလွှဲကာ နန်ချင်းချင်းနဲ့ ယင်ရှစ်ကိုလည်း မကြည့်မိအောင် ဆွဲလှည့်လိုက်သည်။ အဖြူရောင်အရိပ် ယောက်ျားနှစ်ယောက်ဟာ ပုထျန်းရဲ့ လက်နှစ်ဖက်ကို တစ်ဖက်စီကနေ ချုပ်ထားကာ နောက်တစ်ယောက်က သူမခြေထောက်များကို ဆွဲကားထားရင်း သူမရဲ့ လျှို့ဝှက်နေရာလေးထဲကို အသွင်းအထုတ် လုပ်နေ၏။

သူမ အမည်မသိ မကောင်းဆိုးဝါးတွေဆီက ဖျက်စီးခံလိုက်ရပြီ။








Chapter (22)
႐ုတ္တရက္ ပါးျပင္ေတြ နီရဲလာ

ဖုန့္ဝူယိထံက ျပန္လာေတြ႕လို႔ ရမလားလို႔ ေျပာတဲ့စကားကို ၾကားေပမယ့္ အရွင္ခ်င္းလုံ မအံ့ၾသသြားေပ။ ဒီေကာင္ေလး သူ႕ကို သံေယာဇဥ္ တြယ္ေနမွန္း သူသိတယ္ေလ။ ဖုန့္မိသားစုမွာ စေတြ႕တုန္းက ေကာင္ေလးက ငယ္ငယ္ေလးသာ ရွိေသးေပမယ့္ သူ႕လက္ကိုကိုင္ကာ တေကာက္ေကာက္ လိုက္ခဲ့ဖူးေလသည္။

အဲဒီကေလးေလးက အနာဂတ္မွာ သူ႕အတြက္ အသက္စြန့္ရဲတဲ့အထိ ရဲရင့္လာလိမ့္မယ္လို႔ ဘယ္သူက ထင္ထားပါ့မလဲ။

"မင္း အရင္ထ....."

ဖုန့္ဝူယိ ဒူးေထာက္ထားရာမွ ခ်က္ခ်င္းထကာ ထိုင္ခုံေပၚ ေျပာင္းထိုင္လိုက္သည္။ လက္ႏွစ္ဖက္ကို လက္ဖက္ရည္ စပ္ရာ၌ အလုပ္ေပးရင္း ရွစ္ဇြင္း ေျပာတာကို ၿငိမ္ၿငိမ္ကေလး နားေထာင္ေနသည္။

"ရွစ္ဇြင္းက မင္းဆရာမို႔ မင္းကို အၿမဲတမ္း ေစာင့္ၾကည့္ေနမွာ... ဒါေၾကာင့္ ယိအာ အပ်င္းထူလို႔ မရဘူး!"

"တပည့္ အပ်င္းမထူပါဘူး!"

ဖုန့္ဝူယိ ခ်က္ခ်င္းပဲ ေခါင္းခါလိုက္သည္။

"ေကာင္းၿပီ... မထြက္ခြာခင္ ေသခ်ာက်င့္ႀကံလိုက္ဦး... မင္းတို႔ သြားရမယ့္ ေနရာက အႏၱရာယ္နည္းနည္း ရွိတယ္"

"ဟုတ္ကဲ့!"

သူေတာ္စင္ေတာင္ထြတ္အား အဝင္အထြက္ တံခါးစည္းကို ဖုန့္ဝူယိ တစ္ပတ္ေလာက္ သင္ယူလိုက္မွသာ ကြၽမ္းကြၽမ္းက်င္က်င္ တက္ေျမာက္သြားခဲ့သည္။ ေသခ်ာေအာင္ အႀကိမ္ႀကိမ္ စမ္းၾကည့္ခဲ့ေသး၏။ ထိုလေတြထဲ ယဲ့လင္ ေပၚမလာခဲ့ေပ။ ဖုန့္ဝူယိလည္း စိတ္မဝင္စားတာေၾကာင့္ မေမးျမန္းခဲ့ပါ။

တုံးက်န္းနဲ႕ ပိုင္ယင္က်စ္တို႔ကလည္း အသည္းအသန္ က်င့္ႀကံေနၾကတာေၾကာင့္ အခ်င္းခ်င္း မေတြ႕ရေပ။ လင္႐ုေခ်ာင္က ၅ႏွစ္ခန့္ တံခါးပိတ္က်င့္ႀကံမွာမို႔ သူ႕ကိုေတာ့ လုံးဝ မေတြ႕ရေခ်။

တျဖည္းျဖည္းနဲ႕ ေတာင္ထြတ္ကေန ထြက္ခြာရမယ့္ အခ်ိန္ကလည္း နီးကပ္လာသည္။ ဒီၾကားထဲ ဖုန့္ဝူယိ ဓားသိုင္းေတြလည္း တိုးတက္လာသလို မၾကာခင္မွာ အဆင့္ထိုးေဖာက္ေတာ့မွာပဲ ျဖစ္ေလ၏။ သို႔ေသာ္ သူက ဖိသိပ္ထားကာ မထိုးေဖာက္ေသးပါ။

ထိုေန႕ည၌ ညစာျပင္ဆင္ရင္း ဖုန့္ဝူယိ နည္းနည္းေတာ့ အလုပ္ရႈပ္သြားသည္။ သူ ညစာျပင္ၿပီးတဲ့ အခ်ိန္မွာပဲ အရွင္ခ်င္းလုံကလည္း အျပင္ကေန ျပန္ေရာက္လာသည္။ စားပြဲေပၚက အေရာင္စုံတဲ့ ဟင္းလ်ာေတြနဲ႕ ႏြေးေထြးတဲ့ အခန္းေၾကာင့္ သူ႕ခမ်ာ သူ႕ရင္ထဲ တစ္မ်ိဳးတစ္မည္ ခံစားလိုက္ရေသးသည္။

လွည့္ၾကည့္လိုက္ေတာ့ ဖုန့္ဝူယိက သူ႕အနား ေရာက္လာၿပီး သူ႕လက္ေခ်ာင္းေတြအား ဆုပ္ကိုင္လာသည္။

"ကြၽန္ေတာ္ မနက္ျဖန္ သြားရေတာ့မွာမလို႔ ဒီည ရွစ္ဇြင္းအတြက္ ညစာျပင္ေပးတာ... အကုန္လုံးက ရွစ္ဇြင္း အႀကိဳက္ေတြ....."

ဖုန့္ဝူယိက ထိုင္ခုံမွာ ေနရာခ်ေပးတဲ့အထိ အရွင္ခ်င္းလုံ အသံမထြက္ဘဲ လိုက္ပါသြားခဲ့သည္။ အမွန္တကယ္ သူႀကိဳက္တာေတြပါပဲ။ နတ္မ်ိဳးႏြယ္နယ္ပယ္ ေရာက္ၿပီမလို႔ အစားအေသာက္အေပၚ မွီခိုစရာ မလိုေတာ့ေသာ္လည္း ေသေသခ်ာခ်ာ ျပင္ဆင္ထားတာကို ေတြ႕ေတာ့ မျငင္းရက္ေပ။

ေနာက္ၿပီး ဖုန့္ဝူယိရဲ႕ ေတာက္ပတဲ့ မ်က္လုံးေတြက သူ႕ကို အမွန္တကယ္ စားေစခ်င္ေၾကာင္း သက္ေသျပေန၏။

ဖုန့္ဝူယိလည္း ရွစ္ဇြင္းရဲ႕ ဒီေန႕အေငြ႕အသက္က ေအးစက္ေနတဲ့ အလႊာေတြမရွိဘဲ ေရျပင္လို ၿငိမ္သက္ေနတယ္လို႔ ခံစားရေလသည္။ သူ ခ်က္ထားတဲ့ ဟင္းခြက္တစ္ခုစီတိုင္းကို နည္းနည္းစီ ျမည္းစမ္းသြားသည္။

ဖုန့္ဝူယိ မ်က္ေတာင္မခတ္ စိုက္ၾကည့္ရင္း အင္မတန္ ေက်နပ္ေနသည္။ ထိုအခ်ိန္တြင္ သူ႕အေမ အေဖထမင္းစားေနတာကို ၿပဳံးၿပဳံးေလးနဲ႕ ထိုင္ၾကည့္ေနပုံအား ႐ုတ္တရက္ သတိရလိုက္ေလရာ မိမိမွာ မိခင္ေနရာ ေရာက္ေနသလို ခံစားမိသြားသည္။

ထိုအေတြးေၾကာင့္ ႐ုတ္တရက္ ပါးျပင္ေတြ နီရဲလာေတာ့သည္။ သူဘာလို႔မ်ား အဲ့အေတြးမ်ိဳး ဝင္လာရတာလဲ။ ဒါဆိုရင္ ရွစ္ဇြင္းက ဘာျဖစ္သြားမလဲ။ ထပ္ေတြးၾကည့္ရင္ ရွစ္ဇြင္းက မိမိအေဖနဲ႕ အသက္ခ်င္း အတူတူပဲ မဟုတ္ပါလား။ ဒါဆို ရွစ္ဇြင္းက သူ႕အေဖလိုပင္။

'မျဖစ္ဘူး!'

ဖုန့္ဝူယိ စိတ္ထဲကေန ေအာ္ဟစ္ရင္း မတ္တတ္ထရပ္မိမလို ျဖစ္သြားသည္။ သူ႕ရဲ႕ မူမမွန္တဲ့ အေျခအေနက အရွင္ခ်င္းလုံအား သတိထားမိသြားေစကာ တစ္ခ်က္ လွည့္ၾကည့္လာ၏။ ေတြ႕လိုက္ရတာကေတာ့ ဖုန့္ဝူယိရဲ႕ ပါးျပင္ရဲရဲေလးေတြပါပဲ။ မ်က္ႏွာဖုံးေအာက္မွာ တျခမ္းသာ ျမင္ရေပမယ့္ တစ္ခုခုေၾကာင့္ ေနရထိုင္ရ ခက္ေနေၾကာင္းေတာ့ သိသာသည္။

"ဘာျဖစ္လို႔လဲ??"

ဖုန့္ဝူယိ: "ဘာ ဘာမွမျဖစ္ပါဘူး.... ရွစ္ဇြင္း အနားယူပါ တပည့္ သြားပါေတာ့မယ္!"

ထို႔ေနာက္ လုံးဝ လွည့္မၾကည့္ေတာ့ဘဲ ထြက္ေျပးသြားခဲ့သည္။

အရွင္ခ်င္းလုံ: "........"

ေနာက္တစ္ေန႕ မနက္ ထြက္ခြာခ်ိန္ေရာက္မွသာ ဖုန့္ဝူယိ ျပန္ေရာက္လာကာ ဆရာျဖစ္သူအား ေလးေလးစားစား ဂါဝရျပဳၿပီး ႏႈတ္ဆက္သြားသည္။ ဖုန့္ဝူယိ ဦးေဆာင္ေသာ ပိုင္ယင္က်စ္၊ တုံးက်န္းနဲ႕ နန္ခ်င္းခ်င္း၊ ယင္ရွစ္တို႔အဖြဲ႕ သူေတာ္စင္ေတာင္ထြတ္ကို အျပင္ဘက္သို႔ ေရာက္လာခဲ့သည္။

ဖုန့္ဝူယိနဲ႕ ပိုင္ယင္က်စ္က ေတာ္ဝင္စစ္သူႀကီးနယ္ပယ္ အဆင့္၄နဲ႕ ၃ ျဖစ္ကာ နန္ခ်င္းခ်င္းက ေတာ္ဝင္စစ္သူႀကီးနယ္ပယ္ အဆင့္၂သာ ရွိေသးသည္။ ယင္ရွစ္က ဧကရာဇ္နယ္ပယ္ အဆင့္၁ ျဖစ္ၿပီး သူတို႔အဖြဲ႕ထဲမွာ အျမင့္ဆုံး တုံးက်န္းက ဧကရာဇ္နယ္ပယ္ အဆင့္၉ ျဖစ္ေလသည္။

ေတာင္ထြတ္ရဲ႕ အျပင္ဘက္ကို ေရာက္ေတာ့ ေလးေယာက္သား ဒ႑ာရီသားရဲဂိုဏ္းဘက္ တစ္ခ်က္ သြားၾကည့္ဖို႔ ဆုံးျဖတ္လိုက္သည္။ ဂိုဏ္းက ပ်က္စီးသြားၿပီ ဆိုေပမယ့္ အရင္းအျမစ္တခ်ိဳ႕က က်န္ေနဦးမလား မေျပာတတ္ဘူးေလ။

တကယ္ ျပန္သြားၾကည့္လိုက္ေတာ့ အဝါေရာင္သလင္းေက်ာက္ ၁သန္းသာ စုမိေလ၏။ အလြန္အမင္း ပ်က္စီးသြားေသာ ေတာ္ဝင္အင္ပါယာၿမိဳ႕ကေတာ့ အစအနပင္ ေကာက္မရေအာင္ ျဖစ္သြားေလၿပီ။

ပိုင္ယင္က်စ္: "ဆရာဘိုးဘိုးက ဘာလို႔ ဒီၿမိဳ႕ႀကီးကို ႐ုတ္တရက္ ဖ်က္စီးပစ္ခ်င္ရတာလဲ?"

ပိုင္ယင္က်စ္ တုံးက်န္းဘက္သို႔ လွည့္ေမးလိုက္၏။ ဘာေၾကာင့္လဲဆိုေတာ့ တုံးက်န္းက ဆရာဘိုးဘိုးရဲ႕ မိသားစုဝင္လို႔ ေျပာလို႔ရေသာ အသိအကြၽမ္းတစ္ဦး ျဖစ္တာေၾကာင့္ပါပဲ။ မထင္မွတ္ဘဲ တုံးက်န္းက ပန္းသီးတစ္လုံးကို ကိုက္စားေနရာမွ ေခါင္းခါျပသည္။

"ငါလည္း သိပ္မသိဘူး!"

ပိုင္ယင္က်စ္လည္း ေခါင္းညိတ္ရင္း နားလည္ေၾကာင္း ျပလိုက္သည္။ သူက ခူးလာတဲ့ အသီးေတြကို ဓားပ်ံျဖင့္ ပ်ံသန္းေနေသာ တျခားလူေတြဆီလည္း ပစ္ေပးေန၏။ ဖုန့္ဝူယိ အသီးတစ္လုံးကို ဖမ္းရင္း ဓားပ်ံကို တုံးက်န္းအနား ကပ္သြားေအာင္ ထိန္းခ်ဳပ္လိုက္သည္။

"တုံးက်န္း.... ရွစ္ဇြင္း အရင္ကဘယ္သူေတြနဲ႕ ျပင္းျပင္းထန္ထန္ တိုက္ဖူးလဲ?"

တုံးက်န္း: "ငါ ေမြးၿပီးေနာက္ပိုင္းေတာ့ ဦးရီးေတာ္က ဘယ္သူနဲ႕မွ မတိုက္ေသးဘူး... အဲ့အရင္က ဆိုရင္ေတာ့ ငါလည္း မေျပာတတ္ဘူး ဒါေပမဲ့ သူေတာ္စင္ေတာင္ထြတ္ကေတာ့ ဦးရီးေတာ္ကိုယ္တိုင္ ဖန္တီးထားတဲ့ နယ္ေျမတစ္ခုပဲ... ေတာင္ထြတ္ရဲ႕ ေျမေအာက္မွာ အခန္းတစ္ခန္း ရွိတယ္...."

တုံးက်န္းက အသံကို တမင္သက္သက္ တိုးပစ္လိုက္ကာ ဖုန့္ဝူယိ ၾကားနိုင္ေလာက္တဲ့ ႏွစ္ကိုယ္ၾကား အသံျဖင့္သာ ဆက္ေျပာေလ၏။

"အဲ့အခန္းထဲမွာ အဘြား အိပ္ေနတာ...."

"ရွစ္ဇြင္းရဲ႕ အေမ??"

တုံးက်န္းက ေခါင္းညိတ္ျပသည္။

"လြန္ခဲ့တဲ့ ႏွစ္၄၀၀ ေလာက္ကတည္းက အိပ္ေနတာ... ႏွစ္၅၀မွာ တစ္ႀကိမ္ပဲ နိုးလာတယ္... ငါအဘြားကို တစ္ႀကိမ္ဘဲ ေတြ႕ဖူးတာ ဘာပဲျဖစ္ျဖစ္ ငါက ဦးရီးေတာ္ရဲ႕ ဝမ္းကြဲညီမက ေမြးတာဆိုေတာ့ အဘြားကို သိပ္ေတြ႕ခြင့္မရွိဘူး... ဒါေပမဲ့ တစ္ခုရွိတာက အဘြားက အရမ္း အရမ္းလွတယ္ .... မ်က္လုံးေတြက မင္းရွစ္ဇြင္းနဲ႕လည္း တစ္ပုံစံတည္းပဲ..."

"သခင္မက ဘာျဖစ္တာလဲ?"

"တိတိက်က် မသိဘူး... အဘိုးနဲ႕ ဆိုင္မယ္လို႔ ထင္တယ္... ဦးရီးေတာ္က အဘိုးကို အရမ္းမုန္းတာ အဘိုးဘက္က ဘယ္သူပဲလႊတ္လိုက္ပါေစ ဦးရီးေတာ္က အကုန္သတ္ပစ္တာ..."

ဖုန့္ဝူယိ: "........"

နိမိတ္အေၾကာင္းေတာ့ ေျပာျပလို႔ မျဖစ္တာေၾကာင့္ တုံးက်န္း ထိုအေၾကာင္းကို ေက်ာ္ခ်ပစ္လိုက္သည္။

ရွစ္ဇြင္းအေၾကာင္း နည္းနည္း သိလိုက္ရတာေၾကာင့္ ေက်နပ္မိေသာ္လည္း သိရတဲ့ကိစၥက ရွစ္ဇြင္းမွာ အတိတ္ဒဏ္ရာ ရွိေနတယ္လို႔ ေျပာျပေနသလိုပင္။

တုံးက်န္း: "မင္း ေခါင္းက ေခါင္းေလာင္းက ဘာလဲသိလား?"

"ဘာလဲ?"

"အဲဒါ အဘြားေပးထားတဲ့ အကာအကြယ္ လက္နက္တစ္ခု... ဦးရီးေတာ္ တကယ္တန္ဖိုးထားတဲ့ လူကိုပဲ ေပးရမယ္လို႔ မွာထားတာ..."

"!!"

ဖုန့္ဝူယိ လန႔္သြားခဲ့သည္။

"အဲဒါေၾကာင့္ ငါနဲ႕ ေဒၚေလးရင္က မင္းကို ႏြေးႏြေးေထြးေထြး ႀကိဳဆိုၿပီး ေတာင္ထြတ္ထဲက အဘိုးႀကီးေတြကလည္း မင္းကို မႏွောင့္ယွက္ရဲၾကတာေလ... ဖုန့္ဝူယိ... ငါတို႔ ဦးရီးေတာ္ကို မင္းလက္ထဲ အပ္တယ္ေနာ္?"

ဖုန့္ဝူယိ: "........."

နန္ခ်င္းခ်င္း: "အေရွ႕မွာ လူတစ္စုေတြ႕တယ္..."

ေလးေယာက္လုံး ခ်က္ခ်င္း ရပ္သြားၾကသည္။ သူတို႔က ေတာ္ဝင္အင္ပါယာၿမိဳ႕ကို ပ်က္စီးေအာင္ လုပ္ခဲ့တဲ့ လူေတြထဲမွာ ပါေလသည္။ လူတိုင္း မသိနိုင္ေသာ္ျငား ျပင္ပလူေတြကို ေတြ႕တဲ့အခါ သတိထားတာက အေကာင္းဆုံးပင္။

သစ္ပင္ေတြေပၚကေန ဆင္းသက္လာခဲ့တဲ့အခါ ေယာက္်ားသုံးေယာက္၊ မိန္းကေလး ၄ေယာက္ အဖြဲ႕ကို ေတြ႕လိုက္ရသည္။ သူတို႔ကလည္း တစ္ေနရာရာကို ခရီးသြားေနၾကတဲ့ လူေတြလိုမ်ိဳးပါပဲ။ အခုေတာ့ အနားယူေနၾကကာ မိန္းကေလး ႏွစ္ေယာက္က အသားကင္ဖို႔ တာဝန္ယူေနၾကသည္။

ဖုန့္ဝူယိတို႔ ေရာက္လာတာကို ေတြ႕သည္ႏွင့္ ၇ယောက်စလုံးက တစ္ၿပိဳင္တည္း ထကာ ဓားေတြ ဆြဲထုတ္လိုက္သည္။ တုံးက်န္းက ပ်ာပ်ာသလဲ လက္ကာျပရင္း။

"ေနၾကပါဦး ေနၾကပါဦး!! ရန္သူ မဟုတ္ပါဘူး!"

ထိုအခါ တစ္ဖက္အဖြဲ႕ထဲမွ ေခါင္းေဆာင္ဟု ထင္ရေသာ လူငယ္တစ္ဦးက ထြက္လာသည္။

"မင္းတို႔က ဘယ္သူေတြလဲ??"

ပိုင္ယင္က်စ္: "ငါတို႔က အေဝးႀကီးကေန အေတြ႕အႀကဳံ ယူဖို႔ ထြက္လာတဲ့ လူေတြပါ... မင္းတို႔ဆီ လာတာက ဒီနားမွာ အနီးဆုံးၿမိဳ႕ကို ဘယ္လိုသြားရမလဲ ေမးခ်င္လို႔ပါ"

တုံးက်န္းနဲ႕ ပိုင္ယင္က်စ္တို႔က ေဖာ္ေဖာ္ေ႐ြေ႐ြ စကားစလိုက္ၿပီး က်န္သုံးေယာက္ကလည္း ေအးေအးေဆးေဆး အေနာက္မွာ ရပ္ေနၾကတာေၾကာင့္ ေခါင္းေဆာင္လူငယ္က အနည္းငယ္ စိတ္သက္သာရာ ရသြားဟန္ျဖင့္ ေျခတစ္လွမ္း ဆုတ္ေပးလိုက္သည္။

"ငါတို႔က တိမ္နဂါးေက်ာင္းေတာ္က ေက်ာင္းသားေတြပါ... မင္းတို႔လိုပဲ အေတြ႕အႀကဳံ ယူဖို႔ ထြက္လာတာ... ငါ့နာမည္က ယြင္ေခ်ာင္... ဒါေတြက ငါ့ရဲ႕ ဆရာတူညီမနဲ႕ ညီေလးေတြ...."

လူငယ္ေတြရဲ႕ ရန္လိုမႈ မရွိေတာ့တဲ့ အမူအရာေတြေၾကာင့္ တုံးက်န္းကလည္း တစ္ေယာက္စီရဲ႕ နာမည္ေတြကို မိတ္ဆက္လိုက္သည္။ ထို႔ေနာက္ သူတို႔လည္း တိမ္နဂါးေက်ာင္းေတာ္က အဖြဲ႕နဲ႕အတူ အနားယူဖို႔ ဆုံးျဖတ္ကာ သတင္းနည္းနည္း တီးေခါက္ၾကည့္မိရာ ထိုအဖြဲ႕က မဟူရာလိပ္လို႔ ေခၚတဲ့ ေတာင္တန္းဘက္ သြားမွာျဖစ္ေၾကာင္း သိလိုက္ရသည္။

ပိုင္ယင္က်စ္: "မဟူရာလိပ္ေတာင္က ဘာလဲ?"

ယြင္ေခ်ာင္: "အဲဒီေတာင္က ႏွစ္၁၀၀မွာ တစ္ႀကိမ္ပြင့္တဲ့ နတ္ေတာင္လို႔ ေျပာၾကတယ္....အထဲမွာ ရတနာေတြ ရွိတယ္တဲ့... မိတ္ေဆြတို႔ေရာ သြားၾကည့္မလို႔လား..."

တုံးက်န္းတို႔ တစ္ဖြဲ႕လုံးက ဝတ္ေကာင္းစားလွမ်ား ဝတ္စားထားၾကသလို လက္နက္ေတြကလည္း အဆင့္ျမင့္တာေၾကာင့္ ခ်မ္းသာေသာ ဂိုဏ္းက ဆင္းသက္လာတယ္ ဆိုတာ သိသာေပသည္။

ဒါေၾကာင့္ အဝါေရာင္ သလင္းေက်ာက္နဲ႕ လိေမၼာ္ေရာင္ သလင္းေက်ာက္ေလာက္ကို တုံးက်န္းတို႔ မ်က္စိထဲ ထည့္ေနမည္ မဟုတ္ေခ်။ သူတို႔ငါးေယာက္စလုံးမွ ေငြေၾကးလည္း အလုံအေလာက္ ပါနိုင္သည္။ ထို႔ေၾကာင့္ ယြင္ေခ်ာင္ဟာ တုံးက်န္းတို႔က သူတို႔ေဝစုကို လာလုမည္အား မစိုးရိမ္ေခ်။

တုံးက်န္း:

You are reading the story above: TeenFic.Net