အပိုင်း (၂၇)

Background color
Font
Font size
Line height

" တိတ်တိတ်နေစမ်းပါ၊ ပြီးတော့ ရပ်မနေနဲ့၊ ထိုင်ချ "

မြတ်သည် ရပ်နေသော ရှင်းလက်ျာကို ဆွဲချလိုက်သည်။ သူသည် တီချယ်သက်နှင့် ဉီးမြတ်လင်းခန့်ကိုလည်း ကြည့်‌မနေခဲ့ပေ။ မြေကြီးပေါ်ကိုသာ ငေးစိုက်ကြည့်နေမိသည်။

" မမေးကြည့်ဘူးလား?"

"စေ့စပ်တော့မယ်လို့ ပြောထားတာကို ငါက ဘာမေးရဦးမှာလဲ?"

" ဘယ်လိုပဲ ဖြစ်ဖြစ် အချိန်တစ်ခုအထိ ရှိခဲ့တာပဲ မဟုတ်ဘူးလား? ခံစားချက်ဆိုတာ လွယ်လွယ်ဖြစ်တည်လာခဲ့တာမျိုး မဟုတ်သလို ဖျတ်ခနဲ ပျောက်သွားတာမျိုးလည်း မဟုတ်ဘူးလေ။ အဲလိုလွယ်လွယ်‌ပျောက်ကြေးသာဆို ကမ္ဘာပေါ်က အရူးထောင်တွေမှာ လူရှိနေမှာကို မဟုတ်ဘူး "

   မြတ်သည် ရှင်းလက်ျာကို မျက်စိလှန်ကာ တစ်ချက်ကြည့်လိုက်သည်။ ပလက်ဖောင်းပေါ်တွက် ဆောင့်ကြောင့်ထိုင်နေပုံက ကမ္ဘာကြီးက သူနှင့် နည်းနည်းလေးမှ မသက်ဆိုင်သည့်အလား။

   မြတ်သည် မနေနိုင်စွာ တီချယ့်ကို ထပ်ကြည့်မိပြန်သည်။ တစ်ဖက်မြင်မှန်၏ အားသာချက်က တစ်ဖက်လူက ကိုယ့်အား မမြင်နိုင်ခြင်း ဖြစ်သည်။ မှန်တစ်ချပ်သာ ကွာသော နေရာတွင် လူနှစ်ဦးသည် ကိုယ်စီသီးခြားတည်ရှိနေကြသည်။ လွမ်းသည်ဟုလည်း ဆိုရန်ပင် ထိုထက်ပင် များပါသေးသည်။ များပြားလှသော ချစ်ခြင်းတရားများအား ပေါများစွာ ပြသခဲ့သော သူသည် ယခုအချိန်တွင်ကား အတိတ်က လူမဟုတ်သည့်နှယ် တည်ငြိမ်နေပြန်သည်။ လွမ်းလွန်းလှ၍ သူ့ရှိရာ အိမ်လေးကိုလည်း လမ်းကြုံသလို ဝင်ကြည့်ကာ သူ့ကိုများ မြင်ရနိုးနိုးရှာသော်လည်း ပုန်းသောသူ ရှာရခက်သည် မဟုတ်ပေလော။

    လွမ်းလွန်း၍ အသည်းအူများပင် ပြုတ်ထွက်လုမတတ်ခံစားနေရပါသော်လည်း သူမက ကိုယ်အား မမြင်လိုသည်ကို တွေးမိသောအခါတွင် နာကျင်ရပြန်သည်။ မိမိမှာလည်း ဒယ်ဒီက သူ့အလုပ်တွင် အလုပ်သင်ဝင်လုပ်ခိုင်းထားတာကြောင့် နည်းနည်းလေးတောင် အားလပ်မနေချေ။ အားလပ်ချိန်များတွက် ပင်ပန်းလွန်းလှ၍ သေလုမတတ်ဖြစ်နေပါသော်လည်း  သူ့မ၏ စွန့်ပစ်လိုက်ခြင်းက သူ့အား ပို၍ပင် ပင်ပန်းစေသည်။

" ရှင်းလက်ျာ နင်လည်း ဟန်နွေရာကို မလွမ်းဘူးလား? ငါ သတိထားမိတာ သူ နင့်ကို ရှောင်နေသလိုပဲ "
မြတ်သည် အာရုံပြောင်းစေရန် စကားလမ်းကြောင်းလွှဲလိုက်သည်။

" ငါ မလွမ်းပါဘူး၊ အမှန်တကယ်တွေးရရင်လည်း ငါ့ဖက်က မှားခဲ့တာပဲလေ၊ ဟန်ဟန် အဆင်သင့်မဖြစ်သေးဘူးဆိုတာကို ငါ သတိပြုမိခဲ့သင့်တာ၊ အခုလို ဖြစ်သွားတာကလည်း ငါ့အမှားပါပဲ၊ အချိန်တော့ သိပ်မရှိတာကြောင့် မြန်မြန်လေး ကြိုးစားပြီး အိမ်ကို ခေါ်သွားရမှာပေါ့ "

" ကျွတ် ကျွတ် နှစ်တစ်ထောင် မြေခွေးအိုကြီးပဲ၊ "

" အကြောင်းအရင်းကို သိချင်နေသေးရင် ‌တစ်ခါလောက်တော့ မေးကြည့်ရမှာ မဟုတ်ဘူးလား"

" သူက ငါ့ကို တွေ့ချင်မှာ မဟုတ်ဘူး၊ ငါ ထင်တာက သူ့မိသားစုကြောင့် ဖြစ်ပါလိမ့်မယ်။ ရင်ဆိုင်ဖို့ အားလည်း မရှိသေးတော့ ငေးကြည့်နေရုံပါပဲ "

" တခြားသူဖက်ကို တွေးမနေပါနဲ့၊ သူ့ဖက်ကလည်း  ကိုယ့်ဘာတွေးနေလဲ သိနိုင်တာမှ မဟုတ်တာ။ စိတ်ထဲ ရှိတဲ့အတိုင်းပေါ့ "

" ဟင်းးးး နင် ပြောတာလည်း ဟုတ်တာပါပဲလေ "

"ဟေး ရှင်းလက်ျာနဲ့ မြတ်၊ front deskက အစ်မကြီးက ငါတို့ကို မုန်လာဥပုံးတွေကို မီးဖိုချောင်ထဲ ပို့ပေးဦးတဲ့၊"
ဂျူနီယာအလုပ်သင်ဟူသော ကတ်ပြားကို ဆွဲထားသော မှူးသာကျော်သည် ဦးထုပ် နှစ်လုံးကို ကောင်မလေး ၂ ယောက်ဆီ ဆောင်းပေးရင်း ပြော၏။

"ကောင်းပါပြီ "

"အာ ရှင်းလက်ျာ၊ အခန်းနံပါတ် ( ၇၃ ) က အဲကွန်းက သိပ်မအေးလို့ ဆိုတဲ့၊ အဲတာ မန်နေဂျာကို သွားပြောပေးဦး "

" အင်း " ရှင်းလက်ျာသည် စားလက်စ lollipop ကို ဘယ်ဖက်မှ ညာဖက်ကို ရွှေ့ရင်း ပြန်ဖြေသည် ။

"HR က အစ်မကြီးက နင့်ကို အဲတာတွေ စားလို့ဆိုပြီး ပြောနေတာ ငါတွေ့တယ်၊ ဆူခံရဦးမယ် ၊ သတိထားဦး၊ ဟဲဟဲ သူ့က နင့်ကို မျက်စိကျနေတာလေ၊ လက်တွေ ဘာတွေ ဆေးသွားဦး  "

"ခွေးကောင် "

ရှင်းလက်ျာက ‌မှူးသာကျော်ကို လှမ်းကန်လိုက်တာကြောင့် မှူးသာကျော်က ခုန်ကာ ရှောင်လိုက်သည် ။

    သူတို့သုံးယောက်က မိုးကျရွှေကိုယ်လေးတွေ ဖြစ်ပေမဲ့ အလုပ်သင်ဟူသော ခေါင်းစဉ်အောက်တွင် ဟိုတယ် industry တစ်ခုလုံး၏ တောက်တိုမယ်ရဟူသော ဘွဲ့ကို သုံးလအတွင်း ရလာခဲ့သည် ။

" မြတ် ဦးထုပ်ကို တည့်တည့်ဆောင်း " မှူးသာကျော်က မြတ်၏ ဦးထုပ်ကို ဆွဲချပေးလိုက်သည်။
ပြီးနောက် သူတို့သည် ကားပေါ်က မုန်လာဥပုံးတွေကို မီးဖိုခန်းထဲသို့ သယ်ရင်း အလုပ်ခွင်ထဲ ပြန်ရောက်သွားလေသည်။

  ထိုအချင်းအရာကို အပေါ်ထပ်အခန်းတစ်ခုအတွင်းက လူတစ်ဦးက ကြည့်နေသည်။ တစ်ဖက်မြင် နေရောင်ကာမှန်ဖြင့် ပြုလုပ်ထားသော ခေတ်မီဒီဇိုင်း ရုံးခန်းအတွင်းတွင် ထိုသူသည် မြန်မာ ပုဆိုး အနီရင့်ရင့်ကို အဝါဖျော့ဖျော့ရှပ်အင်္ကျီဖြင့် တွဲဝတ်ထားသည်။ သပ်ရပ်စွာ ပြင်ဆင်ထားသော ဆံပင်က နဖူးပေါ် တစ်ခုတလေ ဝဲကျနေပုံက ချောမောလှသော မျက်နှာလေးကို ပို၍ပင် နုပျိုစေသည်။ ထိုသူသည် သူ၏ ကျောက်စိမ်းကဲ့သို့ သွယ်လျသော လက်ချောင်းများဖြင့် မဟူရာသမ်းနေသော ဖုန်းကို ကိုင်၍ ဖုန်းနံပါတ် တစ်ခုကို ဆက်လိုက်သည်။ အဖြတ်အတောက် ညီသော ဖုန်းဝင်သံလေးက ဆက်တိုက်ထွက်ပေါ်လာပြီးနောက် ဖုန်းလက်ခံလိုက်သည် ။

" ဦးမြတ် ကျွန်တော်ပါ။  သုံးလအတွင်း အကဲဖြတ်မှတ်တမ်းတွေ လုပ်ပြီးပါပြီ၊ သူတို့လေးတွေက ငယ်ရွယ်သေးတာကြောင့် အမှားတွေ လုပ်မိကြတာရှိပါတယ်။ အဲအတွက် လေ့ကျင့်ဖို့ကို ပိုပြီး လုပ်ဆောင်လိုက်ပါ့မယ် "

    တစ်ဖက် ပုဂ္ဂိုလ်က ဖုန်းထဲမှ တစ်ခုခုကို မှာကြားနေပြီးနောက် ဖုန်းကျသွားသည်။ ခတ်စစ်ပိုင်သည် ထိုလူကုံထံသိုင်းအဝိုင်းမှ ကလေးသုံးယောက်သုံးယောက်၏ အကဲဖြတ်မှုမှတ်တမ်းများကို ထပ်စစ်ပြီးနောက် သူသည် ဟိုတယ်၏ လုပ်ငန်းများ စစ်ဆေးရန် ထွက်လာခဲ့သည်။

   လုကုံထံအသိုင်းအဝိုင်းတွင် ကလေးအမျိုးအစား နှစ်မျိုးရှိသည်။ ပထမတစ်မျိုးက ငွေကြေးကြောင့် ငယ်စဉ်ကပင် မောက်မာကာ ဆိုးသွမ်းပျက်စီးနေသော ကလေးများ ဖြစ်သည်။ သူတို့သည် အရွယ်ရောက်လာသောအခါတွင် မိဘအမွေကို ဆက်ခံကာ ကြွယ်ဝမြဲကြွယ်ဝနေဆဲ ဖြစ်သော်လည်း လူ့အမှိုက်သာသာ ဖြစ်ပြီး အချိန်တန်လျှင် ဆွဲချခံရမည်သာ ဖြစ်သည် ။

    ဒုတိယတစ်မျိုးက သူ့လက်ထဲက ကလေးမျိုး ဖြစ်သည် ။ ငယ်စဉ်ထဲက များမြောင်လှသော စည်းမျဉ်းသတ်မှတ်ချက်များနှင့် ယှဉ်ပြိုင်မှုအကြား ရှင်သန်နေရပြီး ငယ်ရွယ်တဲ့ ဘဝဆိုတာ ကျောင်းစာစီစာကုံးထဲက စာပိုဒ်တစ်ပုဒ်သာ ရှိသည်။ အောက်ခြေကနေ စပြီးလုပ်ရတာ ဖြစ်တာကြောင့် စိတ်ဓာတ်ကြံ့ခိုင်ဖို့ကလည်း လိုအပ်သည်။ ခတ်စစ်ပိုင်သည် အပြင်ဖက် ပတ်ဝန်းကျင်ကို စစ်ဆေးရန် ထွက်လာခဲ့သည်။

ကလင် ကလင်

လမ်းကို စစ်ဆေးနေစဉ် စက်ဘီးခေါင်းလောင်းသံလေးကြားတာကြောင့် သူ နောက်လှည့်လိုက်သည်။

"ဦးလေးကြီး ဘေးဖယ်ပေးပါ "
ဟန်နွေရာသည် ချည်ထိုးရန်အတွက် ချည်ဝယ်ရင်း မြတ်နဲ့ ရှင်းလက်ျာကို တွေ့ရန် မြတ်တို့ရှိရာ ဟိုတယ်သို့ လာခဲ့ခြင်း ဖြစ်သည်။

    ခတ်စစ်ပိုင်သည် သူ‌တွေ့ချင်နေသော ကလေးလေးကို
တွေ့လိုက်ရတာကြောင့် သူ၏ ပတ်ဝန်းကျင်က ပန်းခင်းကြီးအလယ်ရောက်နေသည်။ချစ်စဖွယ် ဂါဝန်လေးကို ဝတ်ပြီး ဆံပင်လေးတွေကို ကျစ်ဆံမြီး ကျစ်ထားပြန်သည်။ ခတ်စစ်ပိုင်က လမ်းမဖယ်‌ပေးတာ‌ကြောင့် နှုတ်ခမ်းကို အလိုမကျတွန့်နေတာကြောင့် ပါးဖောင်းဖောင်းလေးတွေက ပို၍ ချစ်ဖွယ်ကောင်းနေသည်။

"ဦးလေးကြီး ဟန်ဟန်ကို လမ်း ဖယ်ပေးပါ၊ ဟန်ဟန် သူငယ်ချင်းတွေနဲ့ သွားတွေ့ချင်လို့ပါ "

" ဟန်နွေရာက ဒီအထဲကို ဘယ်လို ဝင်လာတာလဲ? ဒါက 5 star hotel ဖြစ်တာကြောင့် အစ်ကို စစ်မေးစရာ နည်းနည်းရှိတယ် "
ထိုကလေးနဲ့ အချိန်နည်းနည်းလေး ပိုရှိနေချင်သေးတာကြောင့် ခတ်စစ်ပိုင် နည်းနည်းညစ်လိုက်သည်။

" ဟန်ဟန်လာ‌တော့ လုံခြုံရေးဦးလေးကြီးက တံခါးဖွင့်ပေးလို့ ဝင်လာတာပါ၊ ဟန်ဟန် မကောင်းတာ မလုပ်ပါဘူး၊ သူငယ်ချင်းနဲ့ လာတွေ့တာပါ။ မေမေက ဟန်ဟန့်သူငယ်ချင်းတွေအတွက် မုန့်ထည့်ပေးလိုက်လို့ပါ "
ဟန်နွေရာက  အလျင်အမြန်ရှင်းပြလေသည်။

   သူ့အား မယုံမည်စိုးတာကြောင့် ပျာပျာသလဲ ရှင်းပြနေသော ကလေးလေးက ချစ်ဖို့ကောင်းလှ၍ ခတ်စစ်ပိုင် ရင်ထဲ ပုရွက်ဆိတ် တက်နေလေသည်။

"ကောင်းပြီ အဲတာဆို အစ်ကို စက်ဘီးခြင်းထဲ ပါတာကို စစ်ဆေးကြည့်ရလိမ့်မယ် "
ခတ်စစ်ပိုင်က တမင်တကာ အချိန်ဆွဲကာ ကလေးကို စနေခြင်း ဖြစ်သည်။

ခလွမ်း !

    အရှေ့တိုင်း၏ အနုစိတ်လက်ရာတစ်ခုဖြစ်သော မျိုးစပ်ပန်းစိုက်ထားသည့် ကြွေအိုးလေးသည်  မြေပြင်ပေါ် ကျကာ ကွဲသွားလေသည်။ ခတ်စစ်ပိုင် ထိုနေရာကို ကြည့်လိုက်သောအခါတွင် ရှင်းလက်ျာက ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ ကွဲသွားသော အိုးဘေးတွင် ရပ်နေလေသည် ။

" အိုး ပန်းအိုးကွဲသွားပြီပဲ၊ မတော်တဆ ထိမိသွားလို့ ကွဲသွားတယ်။ တောင်းပန်ပါတယ် "

    ဒေါ်လာ တစ်ရာ‌ကျော်လောက်ပေးရတဲ့ အိုးကို ခွဲထားပေမဲ့ မျက်နှာက လုံးဝကို ဂရုစိုက်ပုံ မရ။ ခတ်စစ်ပိုင်သည် ဒေါသအနည်းငယ် ထွက်သွားကာ စူးစိုက်ကြည့်လိုက်သည်။ ရှင်းလက်ျာက ခတ်စစ်ပိုင်ကိုင်ထားသော ဘူးကို စက်ဘီးခြင်းထဲ ပြန်ထည့်ကာ ဟန်နွေရာ၏ ပခုံးကို ဆွဲဖက်လိုက်သည်။ ဟန်နွေရာ၏ ပါးပြင်လေးသည် ရှက်သွေးဖြာက ရဲရဲနီနေလေသည်။

" ဒါရိုက်တာကြီး ကွဲသွားတဲ့အိုးက  သူဌေးကိုယ်တိုင်မှာထားတာဆိုပဲ။ ကွဲသွားတာဆိုတော့ ဒါရိုက်တာကြီး အလုပ်ရှုပ်နေတော့မှာပဲ။ အဲတာကြောင့် ဒီအလုပ်သင်ကပဲ ဒီဧည့်သည်လေးကို လိုက်ပို့ပေးလိုက်ပါ့မယ် "
ရှင်းလကျာ်သည် တမင်တကာပင် စက်ဘီး၏ ဘီးကို ခတ်စစ်ပိုင်ခြေထောက်ကို ဖိမိအောင် တွန်းကာ ဟန်နွေရာ ပခုံးကို ဖက်လျက် ထွက်လာခဲ့သည်။

ကျန်ခဲ့သော ခတ်စစ်ပိုင်သည် စိတ်တိုဒေါသဖြစ်စွာ စုပ်သပ်လိုက်သည်။

"ဒီအလုပ်က ပင်ပန်းတာလားဟင် "

" အသေးအဖွဲ့လေးပါ၊ ဟန်ဟန်ကရော ဒီကိုလာတာလား?"

" အွန်း၊ ရှင်းလက်ျာကို မုန့်ပေးချင်လို့ "

"ငါတစ်ယောက်ထဲကိုလား ?" ရှင်းလက်ျာက သူ့ခါးကို အနည်းငယ်ကိုင်းကာ စက်ဘီးလက်ကိုင်ကို မှီရင်း ဟန်နွေရာမျက်နှာ တည့်တည့်ပြောလိုက်၏

" အဲ အဲလို မဟုတ်ပါဘူး။ မေမေ မေမေကလေ မြတ်တို့အတွက်ပါ ထည့်ပေးလိုက်တာ " ဟန်နွေရာက သူ့အ‌ဖေအတွက် ဝယ်လာသော သတင်းစာကို လိမ်ချိုးနေရင်း ဖြေသည်။

"အဲလိုကိုး ၊ အလုပ်က ခဏနေရင် ပြီးတော့မှာ၊ အဲတော့ စားပွဲမှာ ထိုင်စောင့်နေနော် "

" အင်း " ဟန်နွေရာသည် သူ၏ အထုပ်များကို ဆွဲကာ အလုပ်သင်များ နားနေခန်းသို့ လာခဲ့သည်။

   သူသည် စားသောက်ခန်းအပြင်ဖက် လူသွားလမ်းတွင် လျှောက်လာစဉ် တီချယ်သက်အား ဦးမြတ်လင်းခန့်နဲ့အတူ ထိုင်နေသည်ကို တွေ့လိုက်ရသည် ။

" ဟယ် ဟန်နွေရာလေး " ဒေါ်သက်လျာကျော်သည် ဟန်နွေရာကို မြင်သောအခါတွင် သူသည် အလိုအလျောက်ခေါ်မိသွားသည်။

"အစ်ကိုမြတ် ခဏနော်၊ သက် ကလေးနဲ့ စကားနည်းနည်းပြောဦးမယ် "

   ဒေါ်သက်လျာကျော်သည် ဟန်နွေရာဆီကို အမြန်လေး လျှောက်လာသည်။ သူက ကလေးတွေကို သတိရနေတာကြောင့် ဖက်ရန်ပြင်လိုက်သော်လည်း ဟန်နွေရာက သူ၏ အထုပ်လေးတွေကို ရင်ဝယ် ပိုက်လျက် နောက်ဆုတ်လိုက်သည်။ ဒေါ်သက်လျာကျော်၏ လက်သည် လေထဲတွင် တန့်သွားကာ ပြီးနောက် သူက ပြန်ချလိုက်သည်။

" စာမေးပွဲ ဖြေပြီးထဲက တီချယ် ကလေးတွေကို လွမ်းနေတာ။ ကလေးရော အဆင်ပြေရဲ့လား?"

" ဟုတ် "

"ကလေး တစ်ယောက်ထဲဆို တီချယ်တို့နဲ့အတူ နေ့လယ်စာ စားကြမလား?"

" ဟန်ဟန် မစားချင်ဘူး " ဟန်နွေရာက ခေါင်းခါရင်း ဖြေတာကြောင့် ဒေါ်သက်လျာကျော် အခက်တွေ့သွားလေသည်။

" တီချယ်က ဟန်ဟန့်သူငယ်ချင်းကို အများကြီး ငိုအောင် လုပ်ပြီးတော့ တီချယ်က အခုလို ဦးလေးကြီးနဲ့ အတူပျော်နေပါတယ်။ တီချယ်က အဆင်ပြေနေပေမဲ့ ဟန်ဟန့် သူငယ်ချင်းက မပျော်တာကြောင့် ဟန်ဟန်လည်း မပျော်ပါဘူး "

"မြတ်  သူ...သူ ငိုတာလား?" ဒေါ်သက်လျာကျော် ရင်ထဲ ဆို့နင့်သွားလေသည် ။

" မြတ်က အများကြီး ငိုပြီး အများကြီး ဝမ်းနည်းနေတာ။ သူက တီချယ်နဲ့အတူ နေဖို့ အလုပ်တွေ အများကြီး လုပ်နေတာ။ သူ့အလုပ်က အရမ်းပင်ပန်းတယ်။ အဲတာကြောင့် ဟန်ဟန် မလုပ်ဘူး။ မြတ်က တီချယ့်ကို အရမ်းကြိုက်တာ၊ တီချယ် စေ့စပ်တော့မယ် ပြောတုန်းက မြတ်က ဟန်ဟန်ရှေ့မှာ ငိုနေတာ။ တီချယ်က မကောင်းဘူး။ ဟန်ဟန်လည်း တီချယ်ကို မကြိုက်ဘူး "

ဒေါ်သက်လျာကျော်သည် ဟန်နွေရာ့စကားကြောင့် သူသည် ဝမ်းနည်းမှုတို့ လှိုက်တက်လာမိသည်။ သူ့ရဲ့ မြတ်ကလေးက သူ့ရှေ့မှာ ဟန်ဆောင်နေတာပဲ။ သူ့ရဲ့ ရွေးချယ်မှုကြောင့် မြတ်ကို နာကျင်စေမိပြီ။

    အထုပ်ကလေးကို ပိုက်ထားသော ဟန်နွေရာက ခေါင်းငုံ့ရင်း ဆက်ပြောနေဆဲ ဖြစ်သည်

" မြတ်က ငယ်ငယ်လေးထဲက တစ်ယောက်ထဲ နေလာရတာ။ မြတ်မှာ ဟန်ဟန် တစ်ယောက်ပဲ သူငယ်ချင်း ရှိတာ။ ရှင်းလက်ျာက ဟန်ဟန် သူငယ်ချင်း။ မြတ်က တီချယ့်ကို ရင်ဘတ်ထဲမှာ အများကြီးကြိုက်လို့ အများကြီး နာတယ်တဲ့။တီချယ်က မြတ် ရင်ဘတ်ကို နာကျင်အောင် လုပ်ပြီးတော့ တီချယ်က ဦးလေးကြီးနဲ့ မြတ်အရှေ့မှာ ချစ်ပြနေကြတယ်။ တီချယ်က လူဆိုးပဲ "

" မြတ်က ဒီမှာ အလုပ်လုပ်တာလား?"

ဟန်နွေရာက ခေါင်း တဆတ်ဆတ်ငြိမ့်ပြသည်။

" မြတ်က  သူပြောတာကို တီချယ့်ကို မပြောနဲ့လို့ ပြောထားတာကြောင့် ဒါက မြတ်ပြောတာ မဟုတ်ပါဘူး။ ‌ဒါက ဟန်ဟန် ပြောတာပါ ၊ ဟန်ဟန် ဗိုက်ဆာနေလို့ သွားတော့မယ်။ပြီးတော့  ဟန်ဟန် ဦးလေးကြီးတွေကို မကြိုက်ဘူး "

ဟန်နွေရာသည် မြတ်အတွက် စိတ်မကောင်းဖြစ်နေတာကြောင့် သူသည် ခေါင်းငုံ့လျက်သာ ထွက်လာခဲ့သည်။

   ဒေါ်သက်လျာကျော်၏ ပါးပြင်ပေါ်  တွင်မျက်ရည်စီးကြောင်းလေးများ စီးကျလာသည်။ သူသည် ဟိုတယ်ပတ်ဝန်းကျင်သို့  လိုက်ရှာကြည့်လိုက်သည်။ အစိမ်းရောင် ပန်းတံတိုင်းအကျော်က ကားပေါ်မှ မုန်လာဥပုံးများ သယ်နေသော မြတ်ကို လှမ်းတွေ့လိုက်သည်။ သွယ်သွယ်လျလျ ခန္ဓာကိုယ်လေးက ယခုတွင် ပိုလို့ပင် ပါးလှပ်နေကာ မျက်နှာလေးက ဖြူဖတ်နေသည်။

" မတွေ့ရတဲ့ အချိန်ခဏလေးအတွင်းမှ ပိန်သွားလိုက်တာ ကလေးရယ် ~~"

Thanks for reading ❤️

ညဖက်နားထောင်ရင်း ဆွေးဖို့
ညဖက္နားေထာင္ရင္း ေဆြးဖို႔ 



" တိတ္တိတ္ေနစမ္းပါ၊ ၿပီးေတာ့ ရပ္မေနနဲ႔၊ ထိုင္ခ် "

ျမတ္သည္ ရပ္ေနေသာ ရွင္းလက္်ာကို ဆြဲခ်လိုက္သည္။ သူသည္ တီခ်ယ္သက္ႏွင့္ ဉီးျမတ္လင္းခန႔္ကိုလည္း ၾကည့္‌မေနခဲ့ေပ။ ေျမႀကီးေပၚကိုသာ ေငးစိုက္ၾကည့္ေနမိသည္။

" မေမးၾကည့္ဘူးလား?"

"ေစ့စပ္ေတာ့မယ္လို႔ ေျပာထားတာကို ငါက ဘာေမးရဦးမွာလဲ?"

" ဘယ္လိုပဲ ျဖစ္ျဖစ္ အခ်ိန္တစ္ခုအထိ ရွိခဲ့တာပဲ မဟုတ္ဘူးလား? ခံစားခ်က္ဆိုတာ လြယ္လြယ္ျဖစ္တည္လာခဲ့တာမ်ိဳး မဟုတ္သလို ဖ်တ္ခနဲ ေပ်ာက္သြားတာမ်ိဳးလည္း မဟုတ္ဘူးေလ။ အဲလိုလြယ္လြယ္‌ေပ်ာက္ေၾကးသာဆို ကမာၻေပၚက အ႐ူးေထာင္ေတြမွာ လူရွိေနမွာကို မဟုတ္ဘူး "

   ျမတ္သည္ ရွင္းလက္်ာကို မ်က္စိလွန္ကာ တစ္ခ်က္ၾကည့္လိုက္သည္။ ပလက္ေဖာင္းေပၚတြက္ ေဆာင့္ေၾကာင့္ထိုင္ေနပုံက ကမာၻႀကီးက သူႏွင့္ နည္းနည္းေလးမွ မသက္ဆိုင္သည့္အလား။

   ျမတ္သည္ မေနႏိုင္စြာ တီခ်ယ့္ကို ထပ္ၾကည့္မိျပန္သည္။ တစ္ဖက္ျမင္မွန္၏ အားသာခ်က္က တစ္ဖက္လူက ကိုယ့္အား မျမင္ႏိုင္ျခင္း ျဖစ္သည္။ မွန္တစ္ခ်ပ္သာ ကြာေသာ ေနရာတြင္ လူႏွစ္ဦးသည္ ကိုယ္စီသီးျခားတည္ရွိေနၾကသည္။ လြမ္းသည္ဟုလည္း ဆိုရန္ပင္ ထိုထက္ပင္ မ်ားပါေသးသည္။ မ်ားျပားလွေသာ ခ်စ္ျခင္းတရားမ်ားအား ေပါမ်ားစြာ ျပသခဲ့ေသာ သူသည္ ယခုအခ်ိန္တြင္ကား အတိတ္က လူမဟုတ္သည့္ႏွယ္ တည္ၿငိမ္ေနျပန္သည္။ လြမ္းလြန္းလွ၍ သူ႔ရွိရာ အိမ္ေလးကိုလည္း လမ္းႀကဳံသလို ဝင္ၾကည့္ကာ သူ႔ကိုမ်ား ျမင္ရႏိုးႏိုးရွာေသာ္လည္း ပုန္းေသာသူ ရွာရခက္သည္ မဟုတ္ေပေလာ။

    လြမ္းလြန္း၍ အသည္းအူမ်ားပင္ ျပဳတ္ထြက္လုမတတ္ခံစားေနရပါေသာ္လည္း သူမက ကိုယ္အား မျမင္လိုသည္ကို ေတြးမိေသာအခါတြင္ နာက်င္ရျပန္သည္။ မိမိမွာလည္း ဒယ္ဒီက သူ႔အလုပ္တြင္ အလုပ္သင္ဝင္လုပ္ခိုင္းထားတာေၾကာင့္ နည္းနည္းေလးေတာင္ အားလပ္မေနေခ်။ အားလပ္ခ်ိန္မ်ားတြက္ ပင္ပန္းလြန္းလွ၍ ေသလုမတတ္ျဖစ္ေနပါေသာ္လည္း  သူ႔မ၏ စြန႔္ပစ္လိုက္ျခင္းက သူ႔အား ပို၍ပင္ ပင္ပန္းေစသည္။

" ရွင္းလက္်ာ နင္လည္း ဟန္ေႏြရာကို မလြမ္းဘူးလား? ငါ သတိထားမိတာ သူ နင့္ကို ေရွာင္ေနသလိုပဲ "
ျမတ္သည္ အာ႐ုံေျပာင္းေစရန္ စကားလမ္းေၾကာင္းလႊဲလိုက္သည္။

" ငါ မလြမ္းပါဘူး၊ အမွန္တကယ္ေတြးရရင္လည္း ငါ့ဖက္က မွားခဲ့တာပဲေလ၊ ဟန္ဟန္ အဆင္သင့္မျဖစ္ေသးဘူးဆိုတာကို ငါ သတိျပဳမိခဲ့သင့္တာ၊ အခုလို ျဖစ္သြားတာကလည္း ငါ့အမွားပါပဲ၊ အခ်ိန္ေတာ့ သိပ္မရွိတာေၾကာင့္ ျမန္ျမန္ေလး ႀကိဳးစားၿပီး အိမ္ကို ေခၚသြားရမွာေပါ့ "

" ကြၽတ္ ကြၽတ္ ႏွစ္တစ္ေထာင္ ေျမေခြးအိုႀကီးပဲ၊ "

" အေၾကာင္းအရင္းကို သိခ်င္ေနေသးရင္ ‌တစ္ခါေလာက္ေတာ့ ေမးၾကည့္ရမွာ မဟုတ္ဘူးလား"

" သူက ငါ့ကို ေတြ႕ခ်င္မွာ မဟုတ္ဘူး၊ ငါ ထင္တာက သူ႔မိသားစုေၾကာင့္ ျဖစ္ပါလိမ့္မယ္။ ရင္ဆိုင္ဖို႔ အားလည္း မရွိေသးေတာ့ ေငးၾကည့္ေန႐ုံပါပဲ "

" တျခားသူဖက္ကို ေတြးမေနပါနဲ႔၊ သူ႔ဖက္ကလည္း  ကိုယ့္ဘာေတြးေနလဲ သိႏိုင္တာမွ မဟုတ္တာ။ စိတ္ထဲ ရွိတဲ့အတိုင္းေပါ့ "

" ဟင္းးးး နင္ ေျပာတာလည္း ဟုတ္တာပါပဲေလ "

"ေဟး ရွင္းလက္်ာနဲ႔ ျမတ္၊ front deskက အစ္မႀကီးက ငါတို႔ကို မုန္လာဥပုံးေတြကို မီးဖိုေခ်ာင္ထဲ ပို႔ေပးဦးတဲ့၊"
ဂ်ဴနီယာအလုပ္သင္ဟူေသာ ကတ္ျပားကို ဆြဲထားေသာ မႉးသာေက်ာ္သည္ ဦးထုပ္ ႏွစ္လုံးကို ေကာင္မေလး ၂ ေယာက္ဆီ ေဆာင္းေပးရင္း ေျပာ၏။

"ေကာင္းပါၿပီ "

"အာ ရွင္းလက္်ာ၊ အခန္းနံပါတ္ ( ၇၃ ) က အဲကြန္းက သိပ္မေအးလို႔ ဆိုတဲ့၊ အဲတာ မန္ေနဂ်ာကို သြားေျပာေပးဦး "

" အင္း " ရွင္းလက္်ာသည္ စားလက္စ lollipop ကို ဘယ္ဖက္မွ ညာဖက္ကို ေ႐ႊ႕ရင္း ျပန္ေျဖသည္ ။

"HR က အစ္မႀကီးက နင့္ကို အဲတာေတြ စားလို႔ဆိုၿပီး ေျပာေနတာ ငါေတြ႕တယ္၊ ဆူခံရဦးမယ္ ၊ သတိထားဦး၊ ဟဲဟဲ သူ႔က နင့္ကို မ်က္စိက်ေနတာေလ၊ လက္ေတြ ဘာေတြ ေဆးသြားဦး  "

"ေခြးေကာင္ "

ရွင္းလက္်ာက ‌မႉးသာေက်ာ္ကို လွမ္းကန္လိုက္တာေၾကာင့္ မႉးသာေက်ာ္က ခုန္ကာ ေရွာင္လိုက္သည္ ။

    သူတို႔သုံးေယာက္က မိုးက်ေ႐ႊကိုယ္ေလးေတြ ျဖစ္ေပမဲ့ အလုပ္သင္ဟူေသာ ေခါင္းစဥ္ေအာက္တြင္ ဟိုတယ္ industry တစ္ခုလုံး၏ ေတာက္တိုမယ္ရဟူေသာ ဘြဲ႕ကို သုံးလအတြင္း ရလာခဲ့သည္ ။

" ျမတ္ ဦးထုပ္ကို တည့္တည့္ေဆာင္း " မႉးသာေက်ာ္က ျမတ္၏ ဦးထုပ္ကို ဆြဲခ်ေပးလိုက္သည္။
ၿပီးေနာက္ သူတို႔သည္ ကားေပၚက မုန္လာဥပုံးေတြကို မီးဖိုခန္းထဲသို႔ သယ္ရင္း အလုပ္ခြင္ထဲ ျပန္ေရာက္သြားေလသည္။

  ထိုအခ်င္းအရာကို အေပၚထပ္အခန္းတစ္ခုအတြင္းက လူတစ္ဦးက ၾကည့္ေနသည္။ တစ္ဖက္ျမင္ ေနေရာင္ကာမွန္ျဖင့္ ျပဳလုပ္ထားေသာ ေခတ္မီဒီဇိုင္း ႐ုံးခန္းအတြင္းတြင္ ထိုသူသည္ ျမန္မာ ပုဆိုး အနီရင့္ရင့္ကို အဝါေဖ်ာ့ေဖ်ာ့ရွပ္အက်ႌျဖင့္ တြဲဝတ္ထားသည္။ သပ္ရပ္စြာ ျပင္ဆင္ထားေသာ ဆံပင္က နဖူးေပၚ တစ္ခုတေလ ဝဲက်ေနပုံက ေခ်ာေမာလွေသာ မ်က္ႏွာေလးကို ပို၍ပင္ ႏုပ်ိဳေစသည္။ ထိုသူသည္ သူ၏ ေက်ာက္စိမ္းကဲ့သို႔ သြယ္လ်ေသာ လက္ေခ်ာင္းမ်ားျဖင့္ မဟူရာသမ္းေနေသာ ဖုန္းကို ကိုင္၍ ဖုန္းနံပါတ္ တစ္ခုကို ဆက္လိုက္သည္။ အျဖတ္အေတာက္ ညီေသာ ဖုန္းဝင္သံေလးက ဆက္တိုက္ထြက္ေပၚလာၿပီးေနာက္ ဖုန္းလက္ခံလိုက္သည္ ။

" ဦးျမတ္ ကြၽန္ေတာ္ပါ။  သုံးလအတြင္း အကဲျဖတ္မွတ္တမ္းေတြ လုပ္ၿပီးပါၿပီ၊ သူတို႔ေလးေတြက ငယ္႐ြယ္ေသးတာေၾကာင့္ အမွားေတြ လုပ္မိၾကတာရွိပါတယ္။ အဲအတြက္ ေလ့က်င့္ဖို႔ကို ပိုၿပီး လုပ္ေဆာင္လိုက္ပါ့မယ္ "

    တစ္ဖက္ ပုဂၢိဳလ္က ဖုန္းထဲမွ တစ္ခုခုကို မွာၾကားေနၿပီးေနာက္ ဖုန္းက်သြားသည္။ ခတ္စစ္ပိုင္သည္ ထိုလူကုံထံသိုင္းအဝိုင္းမွ ကေလးသုံးေယာက္သုံးေယာက္၏ အကဲျဖတ္မႈမွတ္တမ္းမ်ားကို ထပ္စစ္ၿပီးေနာက္ သူသည္ ဟိုတယ္၏ လုပ္ငန္းမ်ား စစ္ေဆးရန္ ထြက္လာခဲ့သည္။

   လုကုံထံအသိုင္းအဝိုင္းတြင္ ကေလးအမ်ိဳးအစား ႏွစ္မ်ိဳးရွိသည္။ ပထမတစ္မ်ိဳးက ေငြေၾကးေၾကာင့္ ငယ္စဥ္ကပင္ ေမာက္မာကာ ဆိုးသြမ္းပ်က္စီးေနေသာ ကေလးမ်ား ျဖစ္သည္။ သူတို႔သည္ အ႐ြယ္ေရာက္လာေသာအခါတြင္ မိဘအေမြကို ဆက္ခံကာ ႂကြယ္ဝၿမဲႂကြယ္ဝေနဆဲ ျဖစ္ေသာ္လည္း လူ႔အမႈိက္သာသာ ျဖစ္ၿပီး အခ်ိန္တန္လွ်င္ ဆြဲခ်ခံရမည္သာ ျဖစ္သည္ ။

    ဒုတိယတစ္မ်ိဳးက သူ႔လက္ထဲက ကေလးမ်ိဳး ျဖစ္သည္ ။ ငယ္စဥ္ထဲက မ်ားေျမာင္လွေသာ စည္းမ်ဥ္းသတ္မွတ္ခ်က္မ်ားႏွင့္ ယွဥ္ၿပိဳင္မႈအၾကား ရွင္သန္ေနရၿပီး ငယ္႐ြယ္တဲ့ ဘဝဆိုတာ ေက်ာင္းစာစီစာကုံးထဲက စာပိုဒ္တစ္ပုဒ္သာ ရွိသည္။ ေအာက္ေျခကေန စၿပီးလုပ္ရတာ ျဖစ္တာေၾကာင့္ စိတ္ဓာတ္ႀကံ့ခိုင္ဖို႔ကလည္း လိုအပ္သည္။ ခတ္စစ္ပိုင္သည္ အျပင္ဖက္ ပတ္ဝန္းက်င္ကို စစ္ေဆးရန္ ထြက္လာခဲ့သည္။

ကလင္ ကလင္

လမ္းကို စစ္ေဆးေနစဥ္ စက္ဘီးေခါင္းေလာင္းသံေလးၾကားတာေၾကာင့္ သူ ေနာက္လွည့္လိုက္သည္။

"ဦးေလးႀကီး ေဘးဖယ္ေပးပါ "
ဟန္ေႏြရာသည္ ခ်ည္ထိုးရန္အတြက္ ခ်ည္ဝယ္ရင္း ျမတ္နဲ႔ ရွင္းလက္်ာကို ေတြ႕ရန္ ျမတ္တို႔ရွိရာ ဟိုတယ္သို႔ လာခဲ့ျခင္း ျဖစ္သည္။

    ခတ္စစ္ပိုင္သည္ သူ‌ေတြ႕ခ်င္ေနေသာ ကေလးေလးကို
ေတြ႕လိုက္ရတာေၾကာင့္ သူ၏ ပတ္ဝန္းက်င္က ပန္းခင္းႀကီးအလယ္ေရာက္ေနသည္။ခ်စ္စဖြယ္ ဂါဝန္ေလးကို ဝတ္ၿပီး ဆံပင္ေလးေတြကို က်စ္ဆံၿမီး က်စ္ထားျပန္သည္။ ခတ္စစ္ပိုင္က လမ္းမဖယ္‌ေပးတာ‌ေၾကာင့္ ႏႈတ္ခမ္းကို အလိုမက်တြန႔္ေနတာေၾကာင့္ ပါးေဖာင္းေဖာင္းေလးေတြက ပို၍ ခ်စ္ဖြယ္ေကာင္းေနသည္။

"ဦးေလးႀကီး ဟန္ဟန္ကို လမ္း ဖယ္ေပးပါ၊ ဟန္ဟန္ သူငယ္ခ်င္းေတြနဲ႔ သြားေတြ႕ခ်င္လို႔ပါ "

" ဟန္ေႏြရာက ဒီအထဲကို ဘယ္လို ဝင္လာတာလဲ? ဒါက 5 star hotel ျဖစ္တာေၾကာင့္ အစ္ကို စစ္ေမးစရာ နည္းနည္းရွိတယ္ "
ထိုကေလးနဲ႔ အခ်ိန္နည္းနည္းေလး ပိုရွိေနခ်င္ေသးတာေၾကာင့္ ခတ္စစ္ပိုင္ နည္းနည္းညစ္လိုက္သည္။

" ဟန္ဟန္လာ‌ေတာ့ လုံၿခဳံေရးဦးေလးႀကီးက တံခါးဖြင့္ေပးလို႔ ဝင္လာတာပါ၊ ဟန္ဟန္ မေကာင္းတာ မလုပ္ပါဘူး၊ သူငယ္ခ်င္းနဲ႔ လာေတြ႕တာပါ။ ေမေမက ဟန္ဟန႔္သူငယ္ခ်င္းေတြအတြက္ မုန႔္ထည့္ေပးလိုက္လို႔ပါ "
ဟန္ေႏြရာက  အလ်င္အျမန္ရွင္းျပေလသည္။

   သူ႔အား မယုံမည္စိုးတာေၾကာင့္ ပ်ာပ်ာသလဲ ရွင္းျပေနေသာ ကေလးေလးက ခ်စ္ဖို႔ေကာင္းလွ၍ ခတ္စစ္ပိုင္ ရင္ထဲ ပု႐ြက္ဆိတ္ တက္ေနေလသည္။

"ေကာင္းၿပီ အဲတာဆို အစ္ကို စက္ဘီးျခင္းထဲ ပါတာကို စစ္ေဆးၾကည့္ရလိမ့္မယ္ "
ခတ္စစ္ပိုင္က တမင္တကာ အခ်ိန္ဆြဲကာ ကေလးကို စေနျခင္း ျဖစ္သည္။

ခလြမ္း !

    အေရွ႕တိုင္း၏ အႏုစိတ္လက္ရာတစ္ခုျဖစ္ေသာ မ်ိဳးစပ္ပန္းစိုက္ထားသည့္ ေႂကြအိုးေလးသည္  ေျမျပင္ေပၚ က်ကာ ကြဲသြားေလသည္။ ခတ္စစ္ပိုင္ ထိုေနရာကို ၾကည့္လိုက္ေသာအခါတြင္ ရွင္းလက္်ာက ေဘာင္းဘီအိတ္ထဲ လက္ထည့္ကာ ကြဲသြားေသာ အိုးေဘးတြင္ ရပ္ေနေလသည္ ။

" အိုး ပန္းအိုးကြဲသြားၿပီပဲ၊ မေတာ္တဆ ထိမိသြားလို႔ ကြဲသြားတယ္။ ေတာင္းပန္ပါတယ္ "

    ေဒၚလာ တစ္ရာ‌ေက်ာ္ေလာက္ေပးရတဲ့ အိုးကို ခြဲထားေပမဲ့ မ်က္ႏွာက လုံးဝကို ဂ႐ုစိုက္ပုံ မရ။ ခတ္စစ္ပိုင္သည္ ေဒါသအနည္းငယ္ ထြက္သြားကာ စူးစိုက္ၾကည့္လိုက္သည္။ ရွင္းလက္်ာက ခတ္စစ္ပိုင္ကိုင္ထားေသာ ဘူးကို စက္ဘီးျခင္းထဲ ျပန္ထည့္ကာ ဟန္ေႏြရာ၏ ပခုံးကို ဆြဲဖက္လိုက္သည္။ ဟန္ေႏြရာ၏ ပါးျပင္ေလးသည္ ရွက္ေသြးျဖာက ရဲရဲနီေနေလသည္။

" ဒါ႐ိုက္တာႀကီး ကြဲသြားတဲ့အိုးက  သူေဌးကိုယ္တိုင္မွာထားတာဆိုပဲ။ ကြဲသြားတာဆိုေတာ့ ဒါ႐ိုက္တာႀကီး အလုပ္ရႈပ္ေနေတာ့မွာပဲ။ အဲတာေၾကာင့္ ဒီအလုပ္သင္ကပဲ ဒီဧည့္သည္ေလးကို လိုက္ပို႔ေပးလိုက္ပါ့မယ္ "
ရွင္းလက်ာ္သည္ တမင္တကာပင္ စက္ဘီး၏ ဘီးကို ခတ္စစ္ပိုင္ေျခေထာက္ကို ဖိမိေအာင္ တြန္းကာ ဟန္ေႏြရာ ပခုံးကို ဖက္လ်က္ ထြက္လာခဲ့သည္။

က်န္ခဲ့ေသာ ခတ္စစ္ပိုင္သည္ စိတ္တိုေဒါသျဖစ္စြာ စုပ္သပ္လိုက္သည္။

"ဒီအလုပ္က ပင္ပန္းတာလားဟင္ "

" အေသးအဖြဲ႕ေလးပါ၊ ဟန္ဟန္ကေရာ ဒီကိုလာတာလား?"

" အြန္း၊ ရွင္းလက္်ာကို မုန႔္ေပးခ်င္လို႔ "

"ငါတစ္ေယာက္ထဲကိုလား ?" ရွင္းလက္်ာက သူ႔ခါးကို အနည္းငယ္ကိုင္းကာ စက္ဘီးလက္ကိုင္ကို မွီရင္း ဟန္ေႏြရာမ်က္ႏွာ တည့္တည့္ေျပာလိုက္၏

" အဲ အဲလို မဟုတ္ပါဘူး။ ေမေမ ေမေမကေလ ျမတ္တို႔အတြက္ပါ ထည့္ေပးလိုက္တာ " ဟန္ေႏြရာက သူ႔အ‌ေဖအတြက္ ဝယ္လာေသာ သတင္းစာကို လိမ္ခ်ိဳးေနရင္း ေျဖသည္။

"အဲလိုကိုး ၊ အလုပ္က ခဏေနရင္ ၿပီးေတာ့မွာ၊ အဲေတာ့ စားပြဲမွာ ထိုင္ေစာင့္ေနေနာ္ "

" အင္း " ဟန္ေႏြရာသည္ သူ၏ အထုပ္မ်ားကို ဆြဲကာ အလုပ္သင္မ်ား နားေနခန္းသို႔ လာခဲ့သည္။

   သူသည္ စားေသာက္ခန္းအျပင္ဖက္ လူသြားလမ္းတြင္ ေလွ်ာက္လာစဥ္ တီခ်ယ္သက္အား ဦးျမတ္လင္းခန႔္နဲ႔အတူ ထိုင္ေနသည္ကို ေတြ႕လိုက္ရသည္ ။

" ဟယ္ ဟန္ေႏြရာေလး " ေဒၚသက္လ်ာေက်ာ္သည္ ဟန္ေႏြရာကို ျမင္ေသာအခါတြင္ သူသည္ အလိုအေလ်ာက္ေခၚမိသြားသည္။

"အစ္ကိုျမတ္ ခဏေနာ္၊ သက္ ကေလးနဲ႔ စကားနည္းနည္းေျပာဦးမယ္ "

   ေဒၚသက္လ်ာေက်ာ္သည္ ဟန္ေႏြရာဆီကို အျမန္ေလး ေလွ်ာက္လာသည္။ သူက ကေလးေတြကို သတိရေနတာေၾကာင့္ ဖက္ရန္ျပင္လိုက္ေသာ္လည္း ဟန္ေႏြရာက သူ၏ အထုပ္ေလးေတြကို ရင္ဝယ္ ပိုက္လ်က္ ေနာက္ဆုတ္လိုက္သည္။ ေဒၚသက္လ်ာေက်ာ္၏ လက္သည္ ေလထဲတြင္ တန႔္သြားကာ ၿပီးေနာက္ သူက

You are reading the story above: TeenFic.Net