" တရားမျှတ လွတ်လပ်ခြင်း နဲ့မသွေ၊တို့ ပြည်၊ တို့ မြေ၊
များလူ ခတ်သိမ်း ငြိမ်းချမ်းစေဖို့၊ခွင့်တူညီမျှ၊ ဝါဒဖြူစင်တဲ့ပြည်၊တို့ပြည်၊ တို့မြေ၊
ပြည်ထောင်စု အမွေ၊ အမြဲတည်တန့်စေ၊
အဓိဋ္ဌာန်ပြုပေ၊ ထိန်းသိမ်းစို့လေ။ "
-------
ကျောင်း၏ assembly ကျင်းပရာကွင်းပြင်၌ အဖြူအစိမ်းဝတ်ထားသော ကျောင်းသား၊ကျောင်းသူများသည် နိုင်ငံတော်သီချင်း ''ကမ္ဘာမကျေ´´ကို ညီညာစွာသီဆိုနေသည့်မြင်ကွင်းသည် ရင်ကိုပင် လှုပ်ခတ်စေနိုင်သည့်အထိ နားဝင်ချိုဖွယ်ရာကောင်းလှသည်။ အထက်တန်းကျောင်းသားစုစုပေါင်း ၂၅၀၀ ကျော်ရှိသော ကျောင်းတွင် ကျောင်းသား/သူတို့၏ နိုင်ငံတော်သီချင်းသီဆိုသံသည် ပတ်ဝန်းကျင်တစ်ခုလုံးကိုပင် လွှမ်းခြုံသွားစေသည်။ ဆယ်တန်းပညာရေးစနစ်သည် အသက်ဝင်နေဆဲ ဖြစ်တာကြောင့် အထက်တန်းကျောင်းသားများသည် နောက်ဆုံးနှစ်ကျောင်းသားများ ဖြစ်သည့်အလျောက် မကြာခင်တွင် အဆင့်မြင့်ပညာကို သင်ရတော့မည်ဖြစ်သည်။ ထို့ကြောင့် ကျောင်းသားများသည် အားမာန်တက်ကြွနေသည့်အပြင် မြငရသူအပေါင်းကလည်း တက်သစ်စအဖူးလေးများ ပွင့်ဟသော ပန်းခင်းကြီးကို စောင့်နေရသကဲ့သို့ အလွန်ကို စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။
ဆရာ၊ဆရာမများသည် assembly ကျင်းပရာ ကွင်း၏ ဘေးဖက်တွင် နေရာယူထားသည်။ တန်းခွဲအလိုက် တန်းစီးရသည် ဖြစ်ရာ တန်းခွဲ A သည် ညာဖက်ပထမဆုံးအတန်းဖြစ်နေလေသည်။ တန်းခွဲကိုယ်စားပြုများဖြစ်ကြသော အတန်းခေါင်းဆောင်၊ကျောင်းကောင်စီအဖွဲ့ဝင်များအပြင် မြတ်နှင့် ရှင်းလက်ျာလည်း အရှေ့ဆုံးအတန်းတွင် ရပ်နေကြသည်။ ဟန်နွေရာကမူ ဥက္ကာမင်းဟန်နှင့်အတူ အလယ်အလတ်နားတွင် ရပ်နေကြသည်။တီချယ်သက်က သူ့အား ပြုံးပြသည့်အခါမျိုး ခေါင်းစောင်းကြည့်သည်အခါမျိုး၌ မြတ်သည် အောက်နှုတ်ခမ်းကိုက်ကာ အပြုံးကို ထိန်းချုပ်နေရသည်။ မြတ်ရပ်နေသည့်နေရာသည် တီချယ်သက်အား တည့်တည့်မမြင်ရတာကြောင့် ဘေးက ရှင်းလက်ျာအား နေရာလဲပေးရန် တောင်းဆိုလိုက်သည်။
"ရှင်းလက်ျာ ငါ့ကို နေရာလဲပေးပါလား? ငါ အဲနေရာမှာ ရပ်ချင်လို့ "
"ကောင်းပြီလေ " ရှင်းလက်ျာသည် စကားအပိုတစ်ခွန်းများထပ်ဆိုလျှင် ကျိန်စာသင့်နေမည်ကို စိုးနေသည့်အလား လျင်မြန်စွာ လဲပေးလိုက်သည်။ သူသည် ယနေ့မနက်တွင် စိတ်ကြည်နေခြင်း မဟုတ်ပါ။ ဟန်နွေရာသည် သူ့အား ရှောင်ဖယ်ကာ ဥက္ကာမင်းဟန်နဲ့သာ တပူးတတွဲတွဲ ဖြစ်နေတာကြောင့် သူ၏ စိတ်အခြေအနေသည် ပုပ်ပွနေသော ကြက်ဥတစ်လုံးနှယ် အန္တရာယ်များလှသော အခြေအနေတွင် ရှိနေလေသည်။
နေရာလဲလိုက်တာကြောင့် မြတ်သည် တီချယ်သက်အား ရှင်းလင်းစွာ မြင်ရသကဲ့သို့ပင် တီချယ်သက်ဖက်ကလည်း သူအား ကောင်းမွန်စွာ မြင်ရဖို့ မျှော်လင့်သည်။
မြတ်သည် သူ၏ ရှေ့နားလေးတွင် ရပ်ကာ အလေးပြုနေသော တီချယ်သက်၏ ပုံရိပ်လေးကို ခိုးမကြည့်ဘဲ မနေနိုင်ခဲ့ချေ။ မိန့်ခွန်းပြောနေသည့် တစ်လျှောက်လုံးတွင်လည်း တီချယ်သက်သည် စိတ်ဝင်တစားနားထောင်နေခဲ့သည်။ တီချယ်သည် မြတ်ပေးထားသော သနပ်ခါးပန်းလေးကို ပန်ဆင်ထားပြီး တစ်ခါတစ်ရံတွင် အကြည့်ချင်း ဆုံမိသောအခါတွင် ရှက်သွေးဖြာကာ လှည့်သွားတာကြောင့် သူ၏ ရင်သည် တလှပ်လှပ်ဖြစ်နေရသည်။
ဤအထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီးသည် အသက် ၅၀ အရွယ်ဖြစ်သော်လည်း ပိန်ပါးသွက်လက်ကာ ဟာသဉာဏ်ရွှင်လှသောကြောင့် ကျောင်းသား၊ကျောင်းသူများအကြားတွင် ချစ်ခင်နှစ်သက်မှုအမြောက်အမြားရထားသူဖြစ်သည်။ ကျောင်းအုပ်ကြီးသည် မိန့်ခွန်းပြောရာ စင်မြင့်ပေါ်တက်၍ ကျောင်းသားများကို နှုတ်ဆက်လိုက်သည်။
"ဒီနေ့ ဆရာကြီး ကျောင်းသားတွေ အကုန်လုံးကို ခေါ်လိုက်တာက ကြေညာစရာရှိလို့ပါ။ သိတဲ့အတိုင်း ဆရာကြီးတို့ကျောင်းမှာက အထက်တန်းကျောင်းသားတွေများတာမို့လို့ အခုလိုစုပေါင်းတွေ့ရတော့ ဆရာကြီး ကြက်သီးတောင် ထမိတယ်။ အထက်တန်းကျောင်းသားဆိုတော့ မကြာခင်မှာ တက္ကသိုလ်အဆင့်မြင့် ပညာကို သင်ကြားရတော့မှာ ဖြစ်တဲ့အတွက် ကိုယ်ကြိုက်နှစ်သက်ရာ တက္ကသိုလ်ကို တက်ရောက်ခွင့်ရဖို့အတွက် အစွမ်းကုန်ကြိုးစားကြပါလို့ ဆရာကြီး မှာချင်တယ်။ "
"ဒီနေ့ရဲ့အဓိကအကြောင်းအရာကတော့ လာမယ် တနင်္လာနေ့မှာ ဆရာကြီးတို့ကျောင်းမှာ ကလေးများစာပေပွဲကျင်းပမှာ ဖြစ်တဲ့အကြောင်း ပြောခြင်းဖြစ်ပါတယ် "
"ဝေး ဟေး ဟေး " ကျောင်းသား၊ကျောင်းသားများ၏ ပျော်ရွှင်စွာ အော်ဟစ်သံများ ပျံ့နှံ့လာသည်။
" အဲနေ့ကျရင် အထက်တန်းကျောင်းသားတွေက ကျောင်းရဲ့ ကြိုဆိုပွဲနဲ့ တခြားသော လုပ်ငန်းတွေကို တာဝန်ယူလုပ်ရမှာ ဖြစ်ပါတယ်။ ဆရာကြီးက အတန်းအလိုက် တာဝန်တွေကို ခွဲဝေပြီးပြီ ဖြစ်တာကြောင့် ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ ကူညီပေးဖို့ မျှော်လင့်ပါတယ်။ ပြီးတော့ ကလေးများစာပေပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြဖို့ တိုက်တွန်းရင်း ဒီနေ့ စုဝေးပွဲကို ရပ်နားပါတယ် "
ဆရာကြီး မိန့်ခွန်းဆုံးသောအခါ၌ ကျောင်းသား၊ကျောင်းသူများသည် မိမိတို့အတန်းဆီကို ပြန်နေကြရင်း လာမည့် စာပေပွဲတော်အကြောင်းကို တက်ကြွစွာ ပြောနေလေသည်။ ကျောင်းသားရေးရာသည် မကြာခင်၌ပင် အတန်းအလိုက် တာဝန်များကို ခွဲဝေပေးရန် ရောက်လာကြသည်။ အတန်းတိုင်းသည် ပုံမှန်ထက်ပို၍ စည်ကားနေကာ မည်သူကမှ ပျင်းရိဖွယ်ကောင်းလှသည့် သင်ခန်းစာများအကြောင်းကို မဆိုကြချေ။ အတန်းသည် အလွန်အမင်းကို စည်းလုံးညီညွတ်ကာ မကြုံစဖူးအောင် ပြောစကား နားထောင်နေကြသည်။
မြတ်တို့သည် ကလေးများအတွက် ကစားကွင်းများပြုလုပ်သော နေရာတွင် ကူညီနေကြသည်။ စစ်ပိုင်ရဲရင့်သည် သေးသော ခုံလေးများကို နေရာတကျပြုလုပ်ကာ ချစ်စဖွယ်ကောင်းသောရုပ်ပုံများကို ကပ်လိုကြောင်း အတန်းသားများအား ပြောနေလေသည်။ မြတ်သည်လည်း ကလေးများနှစ်သက်လောက်မည့် အရုပ်များဆွဲနေစဥ် တီချယ်သက်သည် ဆော့ပင်နှင့် အရောင်စုံစာရွက်များ သယ်ကာ ထွက်လာနေသည်ကို တွေ့ရသည်။ သို့သော်လည်း တီချယ်သက်သည် ထိုပစ္စည်းများကို ကလေးတစ်ယောက်အား ပေးရန် အကူအညီတောင်းပြီးနောက် အခန်းထဲ ပြန်ဝင်သွားတာကြောင့် မြတ်သည် စိတ်အလိုမကျဖြစ်သွားပြီး "ဟွန့်!" ဟူသော အသံသေးသေးလေး ပြုလုပ်လိုက်သည်။
ဟန်နွေရာသည် မြတ်၏ ဘေးတွင် ထိုင်လျက် သူသည်လည်း ပုံများကို ကတ်ကြေးနှင့် ဖြတ်ကူပေးနေသည်။ထိုစဥ် ထက်မြတ်သည် စက္ကူညှပ်ရန် ကလစ်သေးသေးလေးများကို ယူလာကာ မြတ်တို့ပြုလုပ်ထားသော အရုပ်များကို သေချာချိတ်တွယ်ပေနေလေသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်က အခမ်းအနားကို တက်ရောက်မည်ဟု ကြားသိရထဲက ဒေါ်သက်လျာကျော်သည် တစိုးတစိလေးတောင် မနားရတော့ဘဲ အခမ်းအနားကို အလစ်အဟာမရှိအောင် စီစဥ်ရတော့သည် ။ သတင်းထောက်များကိုလည်း ဖိတ်ကြားထားတာကြောင့် ကျောင်းအပြင်အဆင်များကိုလည်း ပိုမိုပြင်ဆင်ရနေသေးသည် ။ ဟောပြောခန်းမအတွင်း သန့်ရှင်းရေးလုပ်နေကြသော ကျောင်းသားများကို ကွပ်ကဲရင်း ဒေါ်သက်လျာကျော်သည် မြတ်တို့အား ကျောင်းကန်တင်းမှ မုန့်များကျွေးရန် မပြောရသေးသည်ကို သတိရလိုက်သည်။။ ထို့ကြောင့် သူသည် နီးစပ်ကာ ကလေးတစ်ယောက်ကို ခေါ်လိုက်သည် ။ ကြမ်းတိုက်နေသော စိုင်းနေရှင်းသည် တီချယ်သက်အနားကို အလျင်အမြန်ပြေးသွားလိုက်သည်။
"တီချယ် ဘာအကူအညီလိုလို့လဲ ခင်ဗျ "
"အိုး စိုင်းနေရှင်း " ဒေါ်သက်လျာကျော်သည် တန်းခွဲ H ၏ အတန်းခေါင်းဆောင် စိုင်းနေရှင်းကို မြင်သောအခါတွင် အာမေဋိတ်သံလေး ပြုမိပြီး အနည်းငယ် အကဲခတ်လိုက်သည်။ စိုင်းနေရှင်းသည် သူ့ထက် အတော်ပင် အရပ်ရှည်လျက် ကောင်းမွန်သော သွင်ပြင်လက္ခဏါရှိသည်။ ဖော်ရွေတတ်သော အကျင့်စရိုက်နှင့် အပြုံးချိုချိုလေးများကို ဟန်နွေရာ၏ စကားများပါ ထပ်လောင်းပေါင်းစပ်၍ ဒေါ်သက်လျာကျော်တွေးမိသောအခါတွင် သူသည် ရုတ်တရက် ရင်ပြည့်သကဲ့သို့ မအီမသာဖြစ်သွားလေသည်။
"တီချယ် ကျွန်တော့် ဘာများလုပ်ပေးရမလဲ ခင်ဗျ " စိုင်းနေရှင်းသည် အတွေးလွန်နေသော တီချယ်ကို ထပ်မေးလိုက်သည်။
"အိုး တီချယ်က တန်းခွဲတွေအတွက် ကျောင်းအုပ်ကြီးပေးထားတဲ့ မုန့်တွေ ပေးပြီးပြီဆိုပေမဲ့ တန်းခွဲ Aကို မုန့်မပေးရလို့။ အဲတာ ကျောင်းကဲန်တင်းမှာ တစ်ချက်လောက်ယူပြီး ကျောင်းကလေးကစားကွင်းကို အလှဆင်နေတဲ့ တန်းခွဲ Aကို သွားပေးစေချင်တာ"
"ဟုတ်ကဲ့ တီချယ်၊ ကျွန်တော် သွားပို့လိုက်ပါ့မယ် "
"သားရော စားပြီပြီလား?"
"ကျွန်တော်က ပြီးမှ အတန်းသားတွေကို ဝေပေးရင်း အတူစားကြမှာပါ "
"အိုး တီချယ် သိပါပြီ။ ကူညီပေးပါဦး "
စိုင်းနေရှင်းသည် ကျောင်းကဲန်တင်းက မုန့်စက္ကူသေတ္တာကို သယ်ယူလာလျက် ကျောင်းကလေးကစားကွင်းဆီ ယူလာခဲ့သည်။ စက္ကူအရုပ်များကို နံရံပေါ်တွင် ကလစ်နှင့် ချိတ်နေသော ထက်မြတ်ကို မြင်သောအခါတွင် စိုင်းနေရှင်းသည် အနားကို မသွားဘဲ မနေနိုင်တော့ချေ။ သူ၏ ပုကျိသေးသေးလေးသည် မမှီမကမ်းနှင့် ကပ်နေရသည်ကို မြင်ရသည်မှာ သူ့ကို နေမထိထိုင်မသာ ဖြစ်စေသည် ။ တန်းခွဲ A ၏ ခေါင်းဆောင်သည် အလွန်ရက်စက်သည်။ သူ၏ ချစ်စရာ ပုကျိလေးကို ချွေးစက်ကျသည်အထိ အလုပ်ခိုင်းထားသည်။ စိုင်းနေရှင်းသည် ထက်မြတ်မှ ခြေဖျားထောက်ပြီး ကပ်နေသော အရုပ်လေးကို ယူကာ ကပ်ပေးလိုက်သည်။ ထိုအခါတွင် တန်းခွဲA ၏ အတန်းသားတော်တော်များများသည် ချောင်းထဆိုးကြတော့သည်။
"တန်းခွဲ H အတန်းခေါင်းဆောင် စိုင်းနေရှင်း။ တန်းခွဲA အတန်းခေါင်းဆောင်က ဒီမှါပါနော် အဟမ်း " စစ်ပိုင်ရဲရင့်သည် အပါ်၌ အလှဆင်ကြိုးကို တပ်ပေးနေရင်း သူငယ်ချင်းအား လှမ်းစလေသည် ။
" ငါ သိပါတယ်။ မင်းတို့က အတန်းသားအချင်းချင်း မမျှမတတွေ ဆက်ဆံနေလို့ ငါက ကူညီပေးတာ"
" ထက်မြတ် ငါလေး မင်းအပေါ် မမျှမတတွေ ဖြစ်သွားတယ်ထင်ပါရဲ့။ တောင်းပန်တယ်နော် ယောက်ဖ !!
ထက်မြတ်သည် အတန်းတစ်တန်းလုံးက ဝိုင်းစနေကြတာကြောင့် မျက်နှာသည် နီရဲနေလေသည်။
"သူတို့ နှစ်ယောက်က အရမ်းချစ်ဖို့ကောင်းတာပဲဟယ် ငါ အသည်းတွေယားလိုက်တာ " ဟန်နွေရာသည် ရှင်းလက်ျာ၏ လက်ကို ကိုင်လှုပ်ရင်း ပြောနေလေသည်။
"ဟန်နွေရာ ပဲမုန့်ဆိုရင် ရတယ်မလား?" ရှင်းလက်ျာသည် လာချပေးသော မုန့်စက္ကူသေတ္တာဆီကို မုန့်သွားယူရန် မေးလိုက်သည်။ ဟန်နွေရာက ခေါင်းညိမ့်ပြတာကြောင့် ရှင်းလက်ျာက ယူရန် ထွက်သွားလေသည်။
"ဟဲ့ မြတ် ငါ စိုင်းနေရှင်းနဲ့ ထက်မြတ်ကို မြင်မှ သတိရတယ်။ နင် ကျောင်းမလာနေ့ကို မှတ်မိတယ်မလား? "
"အင်း ငါ့အဖွား နေမကောင်းလို့လေ"
"အေး ၊အဲနေ့က ငါတို့အတန်းမှာ အိမ်တွင်းမှု ရှိလို့လေ။ ငါက တီချယ်သက်ကို သွားမြည်းခိုင်းတာ။ အဲတာ တီချယ်က နင့်အကြောင်းမေးတယ်"
"ဟုတ်လား? ဘာမေးတာလဲဟင် " မြတ်သည် တီချယ်သက်က သူ့အကြောင်းမေးသည်ဟု ပြောတာကြောင့် သူအလွန်ဝမ်းမြောက်သွားလေသည်။
"နင့်မှာ ရည်းစားရှိလားတဲ့?"
"ဟီး ဟီး တီချယ်က အဲလိုမေးတာပေါ့။ နင်က ဘာပြန်ပြောလိုက်လဲ"
" နင်သိတယ်မလား? ငါတို့အတန်းရှေ့မှာ စိုင်းနေရှင်းက ထက်မြတ်ကိုဖွင့်ပြောတာလေ။ ငါက ထက်မြတ်ကို နင်နဲ့မှားပြီးတော့ တီချယ့်ကို နင်နဲ့ စိုင်းနေရှင်း အတွဲတွေလို့ ပြောမိသွားတယ် "
"ဘာ!!! နင် ဘာပြောလိုက်တယ်"
"တီချယ့်ကို နင်နဲ့ စိုင်းနေရှင်း အတွဲတွေလို့ ပြောမိသွားတယ်လို့ "ထိုသို့ ပြောပြီးနောက် ဟန်နွေရာသည် ထိုင်နေရာမှ ထပြေးလေသည်။
"မိဟန်ဟန် နင်ငါ့လက်က လွတ်အောင် ပြေး၊ ငါ မိရင် နင်သေပဲ " မြတ်သည် တီချယ်က သူ့အား အဘယ်ကြောင့် ရှောင်ဖယ်ရှောင်ဖယ်လုပ်နေသည်ကို မသိရသောကြောင့်အချိန်များစွာ စိတ်ဖိစီးခဲ့ရသည် ။ လတ်စသတ်တော့ ဒီငမွှေထိုးလေးက သူ့ကို ဝင်မွှေသွားခဲ့တာကြောင့် တီချယ်က သူ့ကို ရှောင်ဖယ်နေတာကိုး။
ကျောင်းသား၊ကျောင်းသူများ ပျားပန်းခတ်မျှ လှုပ်ရှားနေကြသော ကွင်းပြင်၌ ဟန်နွေရာသည် ကွေ့ပတ်ကာ လျှောက်ပြေးလေသည် ။ ရှင်းလက်ျာသည် ပဲမုန့်နှစ်ခုကို ကိုင်ထားလျက် သူ့ထံသို့ ပြေးလာသော ဟန်နွေရာကို ကြည့်နေမိသည်။ နောက်တွင် မြတ်က ပြေးလိုက်လာတာကြောင့် ဒီကောင်မလေး ပြသနာထပ်ရှာပြန်ပြီဟု သိလိုက်ရသည်။
"ဟူးး မိဟန်ဟန် ငါ့လည်း နင့်ပြသနာတွေကို ရှင်းရရင်းနဲ့......."
" ရှင်းလက်ျာ ငါ့ကို ကူပါဦး။ ငါ့ကို မြတ်သတ်တော့မယ် ထင်ပါရဲ့။ အတူပြေးကြရအောင် "
ရှင်းလက်ျာ၏ အတွေးစလေးသည် မပြီးခင်၌ပင် ဟန်နွေရာက သူ့လက်ကို ဆွဲလျက် ကျောင်းစင်္ကြံန်တစ်လျှောက် ပြေးသွားလေသည်။ ရှင်းလက်ျာသည် ပဲမုန့်နှစ်ခုကို ကိုင်ထားလျက် ဟန်နွေရာနောက်ကို လိုက်ပါသွားရတော့သည် ။
မြတ်သည် ထိုကောင်မလေးကို ဒီနေ့တော့ လုံးဝ အလွတ်ပေးမည် မဟုတ်ချေ။ ထိုကောင်မလေးကြောင့် ပွဲပျက်နေရပေါင်း မနည်းတော့ချေ ။ သူ့ကိုမှ မရိုက်ရလျှင် သူ့နာမည်ကိုသာ ပြောင်းပစ်လိုက်တော့မည်။
ဟန်နွေရာသည် ရှင်းလက်ျာ၏ လက်ကို ဆွဲလျက် သူသည် ကျောင်းဝင်းအတွင်း၌ လျှောက်ပတ်ပြေးနေသည်။ သူ၏ ပုံစံသည် အလွန်အမင်းပျော်ရွှင်နေပုံရတာကြောင့် ရယ်သံလေးများပင် ထွက်နေလေသည်။ ရှင်းလက်ျာသည် သူလည်း ပျော်ရွှင်လာတာကြောင့် ဟန်နွေရာနဲ့အတူ ရယ်မိတော့သည်။ ထိုစဥ် ကျောင်းကြိုဆိုပွဲအခမ်းအနားတွင် သုံးရန် ပန်းပွင့်များ သယ်လာသော ကောင်မလေးတစ်ဦးသည် လှေကားပေါ်ကနေ ဆင်းလာသည်ကို တွေ့လိုက်ရတာကြောင့် ရှင်းလက်ျာသည် ဟန်နွေရာအား ဘေးဖက်သို့ ဆွဲလိုက်ပြီး လူရှင်းသော အလယ်တန်းကစားကွင်းဖက် ပြေးလာခဲ့သည်။
ဒေါ်သက်လျာကျော်သည် ဟောခန်းအတွင်း၌ ခင်းရန် စားပွဲခင်းများကို ယူကာ ရုံးခန်းထဲက ထွက်လာလေသည်။ သူသည် ကလေးစာပေပွဲတော်နေ့အတွက် အစီအစဥ်များကို တွေးနေတာကြောင့် လမ်းကို သတိမထားမိခဲ့ချေ။
လှေကားပေါ်ကနေ ပန်းဗန်းကို ကိုင်လာသော ကောင်မလေးသည် ဟန်နွေရာကို ရှောင်လိုက်စဥ် သူ၏ ဗန်းကိုင်ထားသော လက်သည် ချော်ထွက်သွားစဥ် ဒေါ်သက်လျာကျော်က လှေကားရှေ့က အဖြတ်ချိန် ဖြစ်နေလေသည်။
"သက်! " ဒေါ်သက်လျာကျော်သည် အဖျားဆွတ်ခေါ်သံလေးကြောင့် နောက်လှည့်ကြည့်စဥ် လှေကားပေါ်က ပန်းဗန်းသည် သူ့အပေါ်ပြုတ်ကျလာသည်ကို တွေ့လိုက်ရသည်။ ဒေါ်သက်လျာကျော်သည် အံ့အားသင့်နေမိချိန်တွင် သူ၏ ခန္ဓာကိုယ်သည် ဘေးကို ဆွဲယူခံလိုက်ရပြီး များစွာသော ပန်းပွင့်ချပ်များသည် သူ့ကိုယ်ပေါ် ကျလာသည်။
မြတ်သည် ဟန်နွေရာနောက်ကို ပြေးလိုက်နေရင်း ဟန်နွေရာကြောင့် ပန်းကိုင်ထားသော ကောင်မလေးလက်ချော်သွားသည်ကို တွေ့လိုက်ရသည်။ထိုစဥ် ဒေါ်သက်လျာကျော်ကလည်း လှေကားရှေ့ရောက်နေတာကြောင့် သူသည် အလျင်အမြန်ဆွဲယူကာ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည် ။
များစွာသော ပန်းပွင့်ချပ်တို့ ပြန့်ကျဲလာချိန်တွင် မြတ်နှင့် ဒေါ်သက်လျာကျော်တို့သည် အကြည့်ချင်းဆုံမိသွားသည်။ ရုတ်တရက် ကမ္ဘာကြီးသည် ရပ်တန့်သွားသကဲ့သို့ပင် ခံစားလိုက်ရသည်။ ဧဒင်ဥယျာဥ်ထဲက ပန်းပေါင်းစုံတို့သည် ရုတ်တရက် ဖူးပွင့်လာသကဲ့သို့ ပတ်ဝန်းကျင်သည် နူးညံ့သိမ်မွေ့သွားသည်။ ထို့အပြင် တေငှက်တို့၏ တေးသီသံတို့သ်ည အရပ်မျက်နှာတစ်ခွင်မှ ချိုသာသောတေးသံစဥ်လေးနှင့်အတူ ပျံ့လွင့်လာသကဲ့သို့ ဖြစ်လေသည်။ နှစ်ဦးစလုံး၏ ရင်တွင်းက အိပ်မောကျနေသော အချစ်မျိုးစေ့လေးသည် အမြစ်တွယ်က အပင်သစ်ကလေး ပေါက်လာနေချေသည်။ မည်သည့်စကားတို့ကို မဆိုသော်လည်း နူးညံ့သော အကြည့်လေးများသည် ထောင်သောင်းမကသော အချစ်စကားများကို လဲလှယ်ပေးလိုက်ပုံရသည်။
ပတ်ဝန်းကျင်က အသံမပေးခင်အချိန်ထိ ဒေါ်သက်လျာကျော်သည် မြတ်၏ ရင်ခွင်တွင်း၌ ရှိနေခဲ့ပြီး မြတ်သည်လည်း တီချယ်သက်ကို ထွေးပွေ့ထားခဲ့သည်။ မြတ်သည် နူးညံ့ချိုသာသော အသံလေးဖြင့် ဆိုလိုက်သည်။
" တီချယ်သက်ကို မြတ် ကယ်လိုက်ပြီနော်"
Thanks for reading 💕
A\N - ကိုရီးယားဒွမ်မာထဲကလို ရေးပေးထားပါတယ်ဗျို့😗
" တရားမ်ွတ လြတ္လပ္ျခင္း နဲ႔မေသြ၊တို႔ ျပည္၊ တို႔ ေျမ၊
မ်ားလူ ခတ္သိမ္း ၿငိမ္းခ်မ္းေစဖို႔၊ခြင့္တူညီမ်ွ၊ ဝါဒျဖဴစင္တဲ့ျပည္၊တို႔ျပည္၊ တို႔ေျမ၊
ျပည္ေထာင္စု အေမြ၊ အၿမဲတည္တန႔္ေစ၊
အဓိ႒ာန္ျပဳေပ၊ ထိန္းသိမ္းစို႔ေလ။ "
-------
ေက်ာင္း၏ assembly က်င္းပရာကြင္းျပင္၌ အျဖဴအစိမ္းဝတ္ထားေသာ ေက်ာင္းသား၊ေက်ာင္းသူမ်ားသည္ ႏိုင္ငံေတာ္သီခ်င္း ''ကမ႓ာမေက်´´ကို ညီညာစြာသီဆိုေနသည့္ျမင္ကြင္းသည္ ရင္ကိုပင္ လႈပ္ခတ္ေစႏိုင္သည့္အထိ နားဝင္ခ်ိဳဖြယ္ရာေကာင္းလွသည္။ အထက္တန္းေက်ာင္းသားစုစုေပါင္း ၂၅၀၀ ေက်ာ္ရိွေသာ ေက်ာင္းတြင္ ေက်ာင္းသား/သူတို႔၏ ႏိုင္ငံေတာ္သီခ်င္းသီဆိုသံသည္ ပတ္ဝန္းက်င္တစ္ခုလံုးကိုပင္ လႊမ္းၿခံဳသြားေစသည္။ ဆယ္တန္းပညာေရးစနစ္သည္ အသက္ဝင္ေနဆဲ ျဖစ္တာေၾကာင့္ အထက္တန္းေက်ာင္းသားမ်ားသည္ ေနာက္ဆံုးႏွစ္ေက်ာင္းသားမ်ား ျဖစ္သည့္အေလ်ာက္ မၾကာခင္တြင္ အဆင့္ျမင့္ပညာကို သင္ရေတာ့မည္ျဖစ္သည္။ ထို႔ေၾကာင့္ ေက်ာင္းသားမ်ားသည္ အားမာန္တက္ႂကြေနသည့္အျပင္ ျမငရသူအေပါင္းကလည္း တက္သစ္စအဖူးေလးမ်ား ပြင့္ဟေသာ ပန္းခင္းႀကီးကို ေစာင့္ေနရသကဲ့သို႔ အလြန္ကို စိတ္လႈပ္ရွားဖြယ္ေကာင္းလွသည္။
ဆရာ၊ဆရာမမ်ားသည္ assembly က်င္းပရာ ကြင္း၏ ေဘးဖက္တြင္ ေနရာယူထားသည္။ တန္းခြဲအလိုက္ တန္းစီးရသည္ ျဖစ္ရာ တန္းခြဲ A သည္ ညာဖက္ပထမဆံုးအတန္းျဖစ္ေနေလသည္။ တန္းခြဲကိုယ္စားျပဳမ်ားျဖစ္ၾကေသာ အတန္းေခါင္းေဆာင္၊ေက်ာင္းေကာင္စီအဖြဲ႔ဝင္မ်ားအျပင္ ျမတ္ႏွင့္ ရွင္းလက္်ာလည္း အေရ႔ွဆံုးအတန္းတြင္ ရပ္ေနၾကသည္။ ဟန္ေနြရာကမူ ဥကၠာမင္းဟန္ႏွင့္အတူ အလယ္အလတ္နားတြင္ ရပ္ေနၾကသည္။တီခ်ယ္သက္က သူ႔အား ၿပံဳးျပသည့္အခါမ်ိဳး ေခါင္းေစာင္းၾကည့္သည္အခါမ်ိဳး၌ ျမတ္သည္ ေအာက္ႏႈတ္ခမ္းကိုက္ကာ အၿပံဳးကို ထိန္းခ်ဳပ္ေနရသည္။ ျမတ္ရပ္ေနသည့္ေနရာသည္ တီခ်ယ္သက္အား တည့္တည့္မျမင္ရတာေၾကာင့္ ေဘးက ရွင္းလက္်ာအား ေနရာလဲေပးရန္ ေတာင္းဆိုလိုက္သည္။
"ရွင္းလက္်ာ ငါ့ကို ေနရာလဲေပးပါလား? ငါ အဲေနရာမွာ ရပ္ခ်င္လို႔ "
"ေကာင္းၿပီေလ " ရွင္းလက္်ာသည္ စကားအပိုတစ္ခြန္းမ်ားထပ္ဆိုလ်ွင္ က်ိန္စာသင့္ေနမည္ကို စိုးေနသည့္အလား လ်င္ျမန္စြာ လဲေပးလိုက္သည္။ သူသည္ ယေန့မနက္တြင္ စိတ္ၾကည္ေနျခင္း မဟုတ္ပါ။ ဟန္ေနြရာသည္ သူ႔အား ေရွာင္ဖယ္ကာ ဥကၠာမင္းဟန္နဲ႔သာ တပူးတတြဲတြဲ ျဖစ္ေနတာေၾကာင့္ သူ၏ စိတ္အေျခအေနသည္ ပုပ္ပြေနေသာ ၾကက္ဥတစ္လံုးႏွယ္ အႏၲရာယ္မ်ားလွေသာ အေျခအေနတြင္ ရိွေနေလသည္။
ေနရာလဲလိုက္တာေၾကာင့္ ျမတ္သည္ တီခ်ယ္သက္အား ရွင္းလင္းစြာ ျမင္ရသကဲ့သို႔ပင္ တီခ်ယ္သက္ဖက္ကလည္း သူအား ေကာင္းမြန္စြာ ျမင္ရဖို႔ ေမ်ွာ္လင့္သည္။
ျမတ္သည္ သူ၏ ေရ႔ွနားေလးတြင္ ရပ္ကာ အေလးျပဳေနေသာ တီခ်ယ္သက္၏ ပံုရိပ္ေလးကို ခိုးမၾကည့္ဘဲ မေနႏိုင္ခဲ့ေခ်။ မိန္႔ခြန္းေျပာေနသည့္ တစ္ေလ်ွာက္လံုးတြင္လည္း တီခ်ယ္သက္သည္ စိတ္ဝင္တစားနားေထာင္ေနခဲ့သည္။ တီခ်ယ္သည္ ျမတ္ေပးထားေသာ သနပ္ခါးပန္းေလးကို ပန္ဆင္ထားၿပီး တစ္ခါတစ္ရံတြင္ အၾကည့္ခ်င္း ဆံုမိေသာအခါတြင္ ရွက္ေသြးျဖာကာ လွည့္သြားတာေၾကာင့္ သူ၏ ရင္သည္ တလွပ္လွပ္ျဖစ္ေနရသည္။
ဤအထက္တန္းေက်ာင္း၏ ေက်ာင္းအုပ္ႀကီးသည္ အသက္ ၅၀ အရြယ္ျဖစ္ေသာ္လည္း ပိန္ပါးသြက္လက္ကာ ဟာသဉာဏ္ရႊင္လွေသာေၾကာင့္ ေက်ာင္းသား၊ေက်ာင္းသူမ်ားအၾကားတြင္ ခ်စ္ခင္ႏွစ္သက္မႈအေျမာက္အျမားရထားသူျဖစ္သည္။ ေက်ာင္းအုပ္ႀကီးသည္ မိန္႔ခြန္းေျပာရာ စင္ျမင့္ေပၚတက္၍ ေက်ာင္းသားမ်ားကို ႏႈတ္ဆက္လိုက္သည္။
"ဒီေန့ ဆရာႀကီး ေက်ာင္းသားေတြ အကုန္လံုးကို ေခၚလိုက္တာက ေၾကညာစရာရိွလို႔ပါ။ သိတဲ့အတိုင္း ဆရာႀကီးတို႔ေက်ာင္းမွာက အထက္တန္းေက်ာင္းသားေတြမ်ားတာမို႔လို႔ အခုလိုစုေပါင္းေတြ့ရေတာ့ ဆရာႀကီး ၾကက္သီးေတာင္ ထမိတယ္။ အထက္တန္းေက်ာင္းသားဆိုေတာ့ မၾကာခင္မွာ တကၠသိုလ္အဆင့္ျမင့္ ပညာကို သင္ၾကားရေတာ့မွာ ျဖစ္တဲ့အတြက္ ကိုယ္ႀကိဳက္ႏွစ္သက္ရာ တကၠသိုလ္ကို တက္ေရာက္ခြင့္ရဖို႔အတြက္ အစြမ္းကုန္ႀကိဳးစားၾကပါလို႔ ဆရာႀကီး မွာခ်င္တယ္။ "
"ဒီေန့ရဲ့အဓိကအေၾကာင္းအရာကေတာ့ လာမယ္ တနလၤာေန့မွာ ဆရာႀကီးတို႔ေက်ာင္းမွာ ကေလးမ်ားစာေပပြဲက်င္းပမွာ ျဖစ္တဲ့အေၾကာင္း ေျပာျခင္းျဖစ္ပါတယ္ "
"ေဝး ေဟး ေဟး " ေက်ာင္းသား၊ေက်ာင္းသားမ်ား၏ ေပ်ာ္ရႊင္စြာ ေအာ္ဟစ္သံမ်ား ပ်ံ့ႏွံ႔လာသည္။
" အဲေန့က်ရင္ အထက္တန္းေက်ာင္းသားေတြက ေက်ာင္းရဲ့ ႀကိဳဆိုပြဲနဲ႔ တျခားေသာ လုပ္ငန္းေတြကို တာဝန္ယူလုပ္ရမွာ ျဖစ္ပါတယ္။ ဆရာႀကီးက အတန္းအလိုက္ တာဝန္ေတြကို ခြဲေဝၿပီးၿပီ ျဖစ္တာေၾကာင့္ ေက်ာင္းသား၊ေက်ာင္းသူေတြအေနနဲ႔ ကူညီေပးဖို႔ ေမ်ွာ္လင့္ပါတယ္။ ၿပီးေတာ့ ကေလးမ်ားစာေပပြဲေတာ္ကို ေပ်ာ္ရႊင္စြာ ပါဝင္ဆင္ႏႊဲၾကဖို႔ တိုက္တြန္းရင္း ဒီေန့ စုေဝးပြဲကို ရပ္နားပါတယ္ "
ဆရာႀကီး မိန္႔ခြန္းဆံုးေသာအခါ၌ ေက်ာင္းသား၊ေက်ာင္းသူမ်ားသည္ မိမိတို႔အတန္းဆီကို ျပန္ေနၾကရင္း လာမည့္ စာေပပြဲေတာ္အေၾကာင္းကို တက္ႂကြစြာ ေျပာေနေလသည္။ ေက်ာင္းသားေရးရာသည္ မၾကာခင္၌ပင္ အတန္းအလိုက္ တာဝန္မ်ားကို ခြဲေဝေပးရန္ ေရာက္လာၾကသည္။ အတန္းတိုင္းသည္ ပံုမွန္ထက္ပို၍ စည္ကားေနကာ မည္သူကမွ ပ်င္းရိဖြယ္ေကာင္းလွသည့္ သင္ခန္းစာမ်ားအေၾကာင္းကို မဆိုၾကေခ်။ အတန္းသည္ အလြန္အမင္းကို စည္းလံုးညီၫြတ္ကာ မႀကံဳစဖူးေအာင္ ေျပာစကား နားေထာင္ေနၾကသည္။
ျမတ္တို႔သည္ ကေလးမ်ားအတြက္ ကစားကြင္းမ်ားျပဳလုပ္ေသာ ေနရာတြင္ ကူညီေနၾကသည္။ စစ္ပိုင္ရဲရင့္သည္ ေသးေသာ ခံုေလးမ်ားကို ေနရာတက်ျပဳလုပ္ကာ ခ်စ္စဖြယ္ေကာင္းေသာရုပ္ပံုမ်ားကို ကပ္လိုေၾကာင္း အတန္းသားမ်ားအား ေျပာေနေလသည္။ ျမတ္သည္လည္း ကေလးမ်ားႏွစ္သက္ေလာက္မည့္ အရုပ္မ်ားဆြဲေနစဥ္ တီခ်ယ္သက္သည္ ေဆာ့ပင္ႏွင့္ အေရာင္စံုစာရြက္မ်ား သယ္ကာ ထြက္လာေနသည္ကို ေတြ့ရသည္။ သို႔ေသာ္လည္း တီခ်ယ္သက္သည္ ထိုပစၥည္းမ်ားကို ကေလးတစ္ေယာက္အား ေပးရန္ အကူအညီေတာင္းၿပီးေနာက္ အခန္းထဲ ျပန္ဝင္သြားတာေၾကာင့္ ျမတ္သည္ စိတ္အလိုမက်ျဖစ္သြားၿပီး "ဟြန္႔!" ဟူေသာ အသံေသးေသးေလး ျပဳလုပ္လိုက္သည္။
ဟန္ေနြရာသည္ ျမတ္၏ ေဘးတြင္ ထိုင္လ်က္ သူသည္လည္း ပံုမ်ားကို ကတ္ေၾကးႏွင့္ ျဖတ္ကူေပးေနသည္။ထိုစဥ္ ထက္ျမတ္သည္ စကၠူၫွပ္ရန္ ကလစ္ေသးေသးေလးမ်ားကို ယူလာကာ ျမတ္တို႔ျပဳလုပ္ထားေသာ အရုပ္မ်ားကို ေသခ်ာခ်ိတ္တြယ္ေပေနေလသည္။
ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္က အခမ္းအနားကို တက္ေရာက္မည္ဟု ၾကားသိရထဲက ေဒၚသက္လ်ာေက်ာ္သည္ တစိုးတစိေလးေတာင္ မနားရေတာ့ဘဲ အခမ္းအနားကို အလစ္အဟာမရိွေအာင္ စီစဥ္ရေတာ့သည္ ။ သတင္းေထာက္မ်ားကိုလည္း ဖိတ္ၾကားထားတာေၾကာင့္ ေက်ာင္းအျပင္အဆင္မ်ားကိုလည္း ပိုမိုျပင္ဆင္ရေနေသးသည္ ။ ေဟာေျပာခန္းမအတြင္း သန္႔ရွင္းေရးလုပ္ေနၾကေသာ ေက်ာင္းသားမ်ားကို ကြပ္ကဲရင္း ေဒၚသက္လ်ာေက်ာ္သည္ ျမတ္တို႔အား ေက်ာင္းကန္တင္းမွ မုန္႔မ်ားေကြၽးရန္ မေျပာရေသးသည္ကို သတိရလိုက္သည္။။ ထို႔ေၾကာင့္ သူသည္ နီးစပ္ကာ ကေလးတစ္ေယာက္ကို ေခၚလိုက္သည္ ။ ၾကမ္းတိုက္ေနေသာ စိုင္းေနရွင္းသည္ တီခ်ယ္သက္အနားကို အလ်င္အျမန္ေျပးသြားလိုက္သည္။
"တီခ်ယ္ ဘာအကူအညီလိုလို႔လဲ ခင္ဗ် "
"အိုး စိုင္းေနရွင္း " ေဒၚသက္လ်ာေက်ာ္သည္ တန္းခြဲ H ၏ အတန္းေခါင္းေဆာင္ စိုင္းေနရွင္းကို ျမင္ေသာအခါတြင္ အာေမဋိတ္သံေလး ျပဳမိၿပီး အနည္းငယ္ အကဲခတ္လိုက္သည္။ စိုင္းေနရွင္းသည္ သူ႔ထက္ အေတာ္ပင္ အရပ္ရွည္လ်က္ ေကာင္းမြန္ေသာ သြင္ျပင္လကၡဏါရိွသည္။ ေဖာ္ေရြတတ္ေသာ အက်င့္စရိုက္ႏွင့္ အၿပံဳးခ်ိဳခ်ိဳေလးမ်ားကို ဟန္ေနြရာ၏ စကားမ်ားပါ ထပ္ေလာင္းေပါင္းစပ္၍ ေဒၚသက္လ်ာေက်ာ္ေတြးမိေသာအခါတြင္ သူသည္ ရုတ္တရက္ ရင္ျပည့္သကဲ့သို႔ မအီမသာျဖစ္သြားေလသည္။
"တီခ်ယ္ ကြၽန္ေတာ့္ ဘာမ်ားလုပ္ေပးရမလဲ ခင္ဗ် " စိုင္းေနရွင္းသည္ အေတြးလြန္ေနေသာ တီခ်ယ္ကို ထပ္ေမးလိုက္သည္။
"အိုး တီခ်ယ္က တန္းခြဲေတြအတြက္ ေက်ာင္းအုပ္ႀကီးေပးထားတဲ့ မုန္႔ေတြ ေပးၿပီးၿပီဆိုေပမဲ့ တန္းခြဲ Aကို မုန္႔မေပးရလို႔။ အဲတာ ေက်ာင္းကဲန္တင္းမွာ တစ္ခ်က္ေလာက္ယူၿပီး ေက်ာင္းကေလးကစားကြင္းကို အလွဆင္ေနတဲ့ တန္းခြဲ Aကို သြားေပးေစခ်င္တာ"
"ဟုတ္ကဲ့ တီခ်ယ္၊ ကြၽန္ေတာ္ သြားပို႔လိုက္ပါ့မယ္ "
"သားေရာ စားၿပီျပီလား?"
"ကြၽန္ေတာ္က ၿပီးမွ အတန္းသားေတြကို ေဝေပးရင္း အတူစားၾကမွာပါ "
"အိုး တီခ်ယ္ သိပါၿပီ။ ကူညီေပးပါၪီး "
စိုင္းေနရွင္းသည္ ေက်ာင္းကဲန္တင္းက မုန္႔စကၠူေသတၲာကို သယ္ယူလာလ်က္ ေက်ာင္းကေလးကစားကြင္းဆီ ယူလာခဲ့သည္။ စကၠူအရုပ္မ်ားကို နံရံေပၚတြင္ ကလစ္ႏွင့္ ခ်ိတ္ေနေသာ ထက္ျမတ္ကို ျမင္ေသာအခါတြင္ စိုင္းေနရွင္းသည္ အနားကို မသြားဘဲ မေနႏိုင္ေတာ့ေခ်။ သူ၏ ပုက်ိေသးေသးေလးသည္ မမွီမကမ္းႏွင့္ ကပ္ေနရသည္ကို ျမင္ရသည္မွာ သူ႔ကို ေနမထိထိုင္မသာ ျဖစ္ေစသည္ ။ တန္းခြဲ A ၏ ေခါင္းေဆာင္သည္ အလြန္ရက္စက္သည္။ သူ၏ ခ်စ္စရာ ပုက်ိေလးကို ေခြၽးစက္က်သည္အထိ အလုပ္ခိုင္းထားသည္။ စိုင္းေနရွင္းသည္ ထက္ျမတ္မွ ေျခဖ်ားေထာက္ၿပီး ကပ္ေနေသာ အရုပ္ေလးကို ယူကာ ကပ္ေပးလိုက္သည္။ ထိုအခါတြင္ တန္းခြဲA ၏ အတန္းသားေတာ္ေတာ္မ်ားမ်ားသည္ ေခ်ာင္းထဆိုးၾကေတာ့သည္။
"တန္းခြဲ H အတန္းေခါင္းေဆာင္ စိုင္းေနရွင္း။ တန္းခြဲA အတန္းေခါင္းေဆာင္က ဒီမွါပါေနာ္ အဟမ္း " စစ္ပိုင္ရဲရင့္သည္ အပၚ၌ အလွဆင္ႀကိဳးကို တပ္ေပးေနရင္း သူငယ္ခ်င္းအား လွမ္းစေလသည္ ။
" ငါ သိပါတယ္။ မင္းတို႔က အတန္းသားအခ်င္းခ်င္း မမ်ွမတေတြ ဆက္ဆံေနလို႔ ငါက ကူညီေပးတာ"
" ထက္ျမတ္ ငါေလး မင္းအေပၚ မမ်ွမတေတြ ျဖစ္သြားတယ္ထင္ပါရဲ့။ ေတာင္းပန္တယ္ေနာ္ ေယာက္ဖ !!
ထက္ျမတ္သည္ အတန္းတစ္တန္းလံုးက ဝိုင္းစေနၾကတာေၾကာင့္ မ်က္ႏွာသည္ နီရဲေနေလသည္။
"သူတို႔ ႏွစ္ေယာက္က အရမ္းခ်စ္ဖို႔ေကာင္းတာပဲဟယ္ ငါ အသည္းေတြယားလိုက္တာ " ဟန္ေနြရာသည္ ရွင္းလက္်ာ၏ လက္ကို ကိုင္လႈပ္ရင္း ေျပာေနေလသည္။
"ဟန္ေနြရာ ပဲမုန္႔ဆိုရင္ ရတယ္မလား?" ရွင္းလက္်ာသည္ လာခ်ေပးေသာ မုန္႔စကၠူေသတၲာဆီကို မုန္႔သြားယူရန္ ေမးလိုက္သည္။ ဟန္ေနြရာက ေခါင္းညိမ့္ျပတာေၾကာင့္ ရွင္းလက္်ာက ယူရန္ ထြက္သြားေလသည္။
"ဟဲ့ ျမတ္ ငါ စိုင္းေနရွင္းနဲ႔ ထက္ျမတ္ကို ျမင္မွ သတိရတယ္။ နင္
You are reading the story above: TeenFic.Net