မင်းသာလျှင် ep(32)

Background color
Font
Font size
Line height

Unicode

ဟန်မင်းကိုကို

ကျွန်တော်စိတ်တိုသည်
တော်တော်လဲဒေါသထွက်နေသည်
အရှင်းမှာဒီလိုတိုက်ခန်းရှိတာကို
ကျွန်တော်အပါဝင်မည်သူမှ
သိလိမ့်မည်မထင်ပါ
ပြီးတော့အရှင်းကိုကျွန်တော်
အရမ်းစိတ်ပူနေသည်
ပြီးတော့တခြားသူမဟုတ်ဘဲ
ဝနနဲ့မှပတ်သတ်နေရတာလဲ
ဒါကြောင့်အရှင်းကိုမစောင့်ဘဲ
တိုက်ခန်းထဲသို့အတင်းဇွတ်ဝင်ခဲ့သည်
.
.
.
ကျွန်တော်အခန်းထဲရောက်တော့
ပြင်းရှရှအနံ့တစ်ခုနဲ့အတူ
တိုက်ခန်းတစ်ခုလုံးမှောင်မည်းနေသည်
ဒါဘယ်လိုခံစားချက်ကြီးလဲ
ကျွန်တော်မကြိုက်ဘူး
အရှင်းဘာတွေရှောက်လုပ်နေတာလဲ
ကျွန်တော်တွေးနေတုန်း

ဂျောက်!!

အရှင်းမီးဖွင့်လိုက်ပြီး
ဆိုဖာခုံပေါ်ပက်လက်လှန်ပြီး
မှိန်းနေသည်ပြီးတော့

"မင်းပြောချင်တာပြောပြီး
ပြန်တော့''

မျက်လုံးမှိတ်ထားရင်း
ကျွန်တော့ကိုပြောသည်

ကျွန်တော်အရှင်းကိုပြောမို့လုပ်တုန်း
ကျွန်တော့နှာခေါင်းထဲအနံ့ထက်ရောက်လာသည်
အဲဒီအနံ့ကအိပ်ခန်းဘက်က
ဟုတ်တယ် အိပ်ခန်းဘက်က
အရှင်းကိုထားခဲပြီးအိပ်ခန်းဘက်သို့
ဦးတည်သွားခဲ့သည်

သျှားဝင့်ရှင်း

ကျွန်တော်ဆေးလိပ်ထဲဆေးထည့်ပြီး
မှိန်းနေတုန်း အပြင်ကဘဲသံကြားရသည်
ဝန ဆိုရင်bellကိုတစ်ကြိမ်ဘဲ
တီးလေ့ရှိသည် ပြီးတော့
သူ့ဘာသာဖွင့်ဝင်လာသည်
အဲဒါသူ့ထုံးစံပါ
သူရောက်ကြောင်းသတင်းအရင်
ပေးပြီးမှဝင်လေ့ရှိသူဖြစ်သည်
အခုဟာကတစ်ကြိမ်မက
ဒါကြောင့်ဝနမဟုတ်ကြောင်း
ထင်ရှားသည် bellကို
အကြိမ်ကြိမ်တီးနေ၍
ကျွန်တော်နားညီးမခံနိုင်
ကျွန်တော်ဆေးလိပ်ကိုချပြီး
အခန်းထဲကအထွက်ဝနနဲ့အဟန်
အသံကြားလိုက်ရသည်
ဒါကြောင့်ကျွန်တော်တံခါးကို
ကျောမှီကာထိုင်ချလိုက်ပြီး
သူတို့ပြောတာကိုနားထောင်နေလိုက်သည်
ဒါပေမယ့်ဝနနဲ့အဟန်ကြား
အခြေနေတွေကပိုတင်းမာ
လာသောကြောင့်ကျွန်တော်
ဝင်မပါလျှင်မဖြစ်တော့
ဘယ်လိုကြောင့်အဟန်
ကျွန်တော်ရှိသည့်နေရာကို
သိသွားတာလဲ ဝနပြောတဲ့
အဟန့်အဖေလူတွေဆိုတာ
အဟန်လွှတ်ထားတာများလား
ကျွန်တော်စဉ်းစားနေတုန်း
အဟန်ဒေါသနဲ့ဝနကိုအော်လိုက်တဲ့
အသံကြောင့်အတွေးတွေ
ကြက်ပျောက်ငှက်ပျောက်
ပျောက်သွားရသည်
အဟန်အော်သံတစ်ခါမှမကြားဖူး
ကျွန်တော်သိတဲ့အဟန်က
အနေအေးသည် ရင့်ကျက်သည်
တည်ငြိမ်သည် ဘယ်ကိစ္စမဆို
ခေါင်းအေးအေးထားကာဖြေရှင်းလေ့ရှိသည်
ဒေါသဖြစ်စိတ်ဆိုးနေရင်တောင်
သိုဝှက်တတ်သည် တခြားသူကို
ချမပြဖူးပေ ပိုးပိုးလေးဆိုတဲ့သူ
မပေါ်လာခင်အထိပေါ့
ကျွန်တော်အဟန်မျက်နှာကို
မကြည့်ချင်ပါ
ဒါပေမယ့်ကျွန်တော်ဝင်ထိန်းမှရမှာမလား
ကျွန်တော့်ကိုမတွေ့ရမခြင်း
ပြန်မယ့်ပုံမပေါ်
ဒါကြောင့်ကျွန်တော်တံခါးဖွင့်လိုက်ပြီး

"မင်းတို့ရန်ဖြစ်ချင်ရင်
တခြားနေရာသွားကြ
ငါဘာသံမှမကြားချင်ဘူး'' လို့

ပြောပြီးတံခါးပြန်ပိတ်မယ်အလုပ်
အဟန်လက်နဲ့ခံပြီးတားလိုက်တာကြောင့်
အဟန်လက်တံခါးကြားထဲ
ညက်သွားသည်
ကျွန်တော်တံခါးပိတ်လိုက်တဲ့
အရှိန်ကပြင်းသည်
အဟန်လက်တော်တော်နာနေမှန်း
ကျွန်တော်သိတော့
စိတ်မကောင်းဖြစ်ပြီး
ကိုယ့်ကိုကိုယ်သာကျိန်ဆဲမိတော့သည်
အဟန်တော်တော်စိတ်ဆိုးနေတာ
သိသာလှသည်
သူလက်နာတာတောင်ဂရုမစိုက်
သူပြောချင်တာပြောပြီး
ကျွန်တော့ကိုတိုက်ကာဝင်သွားသည်

ကျွန်တော်တော်တော်မှိန်းချင်နေသည်
ဝန ကတော့ကျွန်တော့ပုံစံကို
သဘောပေါက်၍မေးပေမယ့်
ကျွန်တော်ရပါတယ်လို့သာပြောပြီး
ပြန်လွှတ်လိုက်ရသည်

ဝနပြန်သွားတော့
အခန်းထဲကိုလေးကန်တဲ့
ခြေထောက်တွေနဲ့ဝင်လိုက်ပြီး
အမှောင်ထဲမှာရပ်နေတဲ့လူသား
အဟန်ကိုတွေ့တော့မီးဖွင့်လိုက်ပြီး

"မင်းပြောချင်တာပြောပြီး
ပြန်တော့'' လို့

ပြောကာဆိုဖာပေါ်မှာမှိန်းနေလိုက်သည်
ဒါပေမယ့်ဘာစကားသံမှထွက်မလာသဖြင့်
မျက်လုံးဖွင့်ကြည့်လိုက်တော့
အဟန်ကျွန်တော့အိပ်ခန်းဘက်ကို
ဦးတည်ပြီးသွားနေတာဘဲ
မဖြစ်ဘူးမဖြစ်ဘူး
အိပ်ခန်းထဲမှာသုံးလက်စဆေးတွေနဲ့
ဆေးလိပ်တောင်မီးမငြှိမ်းရသေးဘူး
အဟန်တွေ့သွားလို့မဖြစ်ဘူး
အရှင်းအမြန်ထလိုက်ပြီး
အဟန့်ဆီပြေးသွားလိုက်သည်
ဒါပေမယ့်အရှင်းနောက်ကျသွားသည်
အဟန်အခန်းထဲရောက်နေပြီလေ
.
.
.
.
.
.

🌀🌀🌀🌀To be continue 🌀🌀🌀🌀🌀

Zawgyi code

ဟန်မင်းကိုကို

ကျွန်တော်စိတ်တိုသည်
သိလိမ့်မည်မထင်ပါ
အရမ်းစိတ်ပူနေသည်
.
.
.
ကျွန်တော်မကြိုက်ဘူး

ဂျောက်!!

မှိန်းနေသည်ပြီးတော့

ပြန်တော့''

ကျွန်တော့ကိုပြောသည်

ဟုတ်တယ် အိပ်ခန်းဘက်က
ဦးတည်သွားခဲ့သည်

သျှားဝင့်ရှင်း

အဲဒါသူ့ထုံးစံပါ
အခုဟာကတစ်ကြိမ်မက
ထင်ရှားသည် bellကို
အကြိမ်ကြိမ်တီးနေ၍
အသံကြားလိုက်ရသည်
အခြေနေတွေကပိုတင်းမာ
ဘယ်လိုကြောင့်အဟန်
သိသွားတာလဲ ဝနပြောတဲ့
အဟန့်အဖေလူတွေဆိုတာ
အသံကြောင့်အတွေးတွေ
ပျောက်သွားရသည်
ကျွန်တော်သိတဲ့အဟန်က
မပေါ်လာခင်အထိပေါ့
မကြည့်ချင်ပါ
ပြန်မယ့်ပုံမပေါ်

တခြားနေရာသွားကြ

အဟန်လက်တံခါးကြားထဲ
ညက်သွားသည်
အရှိန်ကပြင်းသည်
ကျွန်တော်သိတော့
စိတ်မကောင်းဖြစ်ပြီး
သိသာလှသည်

သဘောပေါက်၍မေးပေမယ့်
ပြန်လွှတ်လိုက်ရသည်

ဝနပြန်သွားတော့
အခန်းထဲကိုလေးကန်တဲ့

ပြန်တော့'' လို့

ဦးတည်ပြီးသွားနေတာဘဲ
မဖြစ်ဘူးမဖြစ်ဘူး
.
.
.
.
.
.

🌀🌀🌀🌀To be continue 🌀🌀🌀🌀🌀



You are reading the story above: TeenFic.Net