မင်းသာလျှင် ep(19)

Background color
Font
Font size
Line height

Unicode

>>>Smile က အမေရိကန်ဗမာ ကပြားပါ
အသားဖြူတာနဲ့နှာခေါင်းချွန်တာတွေက
အမေရိကန်လူမျိုးနဲ့တူပေမယ့်
မျက်နှာချိုချို ပါးဖောင်းလေးနဲ့ကျတော့
တစ်မျိုးချစ်စရာကောင်းနေပြန်ရော
အရပ်ကလေးကတော့ကျွန်တော်နဲ့
မတိန်းမယိမ်းဘဲ ကျွန်တော်ကပိုရှည်မယ်ထင်တယ်
ကျွန်တော့ထက်လဲငယ်မယ့်ပုံပဲ
အခုလဲကျွန်တော်သူတို့သားအမိကို
Hotel လိုက်ပို့ခဲ့တာလေ
သူတို့ကအမေရိကန်လူမျိုးတွေဖြစ်လို့ မြန်မာနိုင်ငံဥပဒေအရ
ထောက်ခံစာမရသေးဘဲနဲ့
အိမ်မှာတည်းခွင့်မရှိဘူးလေ
ညကျရင်လဲသူတို့ကို
ကျွန်တော်သွားခေါ်ရဦးမည်
မေမေကdinnerဆိုပေမယ့်
ပါတီပုံစံလုပ်ထားတာပါဘဲ
ဖိတ်ထားတဲ့သူတွေလဲအများကြီးလေ
ကုမ္ပဏီလူကြီးတွေနဲ့သူတို့သားသမီးတွေရယ်
အရာထူးအရာခံတွေတတ်တဲ့ပွဲပေါ့<<<

"ကိုကိုရေ ကိုကိုရေ''

>>>ဟောဗျာ ဒီအသံကြားကတည်းက
သိလိုက်ပါပြီ
ကျွန်တော့ညီမဟန်လင်းသန့်ဆိုတာ
သူ့ကြည့်လိုက်ရင်အမြဲတမ်းဆူညံပြီး
စပ်ဆလူးကိုထနေတာဘဲ
အခုလဲကားပေါ်ကနေတောင်မဆင်းရသေးဘူး
သူ့အသံကြားနေရပြီ<<<

"ကိုကို ညီမလေးခေါ်နေတာမကြားဘူးလား
မေမေပြန်ရောက်ပြီဆို မေမေရော
ပြီးတော့ညီမလေးတွက်ဘာမုန့်ပါလာလဲ''

"ကဲအငယ်မရယ် ဖြေးဖြေးပြောပါ ရော့ရေလေးသောက်
ပြီးရင်ကိုကိုပြန်ဖြေပေးမယ်''

အောင်လေးသူ့ညီမရေသောက်နေတာကို
ကြည့်ရင်းပြုံးနေမိသည်
အောင်လေးမှာတွယ်တာစရာဆို
ညီမလေးတစ်ယောက်တည်းရှိသည်အလားဘဲ
သူ့အဖေကလဲအလုပ်တွေနဲ့ဘဲရှုပ်နေသည်
သူတို့ကိုဂရုမစိုက်အား အမေသည်လည်းအလုပ်ထဲမှာပင်
အမြဲအာရုံရောက်နေတတ်သည်
မြန်မာနိုင်ငံတောင်သူတို့ရှိလို့
ပြန်လာနေခြင်းဖြစ်သည် ဒါတောင်တစ်ချိန်လုံးအလုပ်ကိုဘဲ
အာရုံထားနေတတ်သည်
အောင်လေးအကိုသည်လည်းထိုနည်းအတိုင်းပင်
အောင်လေး၅တန်းနှစ်ကတည်းက
USမှာကျောင်းသွားတတ်ပြီး
USမှာဘဲအဖေ့ကုမ္ပဏီမှာအလုပ်ဝင်လုပ်ရင်း
ကုမ္ပဏီရဲ့CEOအနေနဲ့ရှိနေသည်
မြန်မာနိုင်ငံကိုအလုပ်ကိစ္စနှင့်
တစ်ခေါက်သာပြန်လာဖူးသည်
ခင်လင်းသန့်ကတော့
အောင်လေးကိုပိုခင်တွယ်သည်
USကိုကျောင်းပြောင်းဖို့ကိုလက်မခံဘဲ
အောင်လေးနဲ့ဘဲအတူတူနေနေသည်

"အမောပြေသွားပြီလား
ပြောပြမယ် မေမေကသူ့အလုပ်ခန်းထဲမှာရှိတယ်
မုန့်တွေကရေခဲသေတ္တာထဲမှာထည့်ထားတယ်
ဟုတ်ပြီလား ပြီးတော့ညကျပါတီရှိတယ်
ညီမလေးသူငယ်ချင်းတွေပါခေါ်လိုက်''

"ရေး ဒါမှတို့ကိုကိုကွ မုန့်သွားစားလိုက်ဦးမယ်''

"နေဦး ဘာမေ့ကျန်သွားလဲ''
အောင်လေးသူ့ပါးကိုဖောင်းရင်း
လက်ညိုးလေးထိုးပြလိုက်တော့

"ဟီး ဟုတ်သားဘဲ ''
အငယ်မသဘောကျစွာရယ်ရင်းပြန်လှည့်လာပြီး
အောင်လေးရဲ့ပါးပြင်ပေါ်နူးညံ့တဲ့အနမ်းလေ
ကျရောက်ခဲ့သည်

"ဒါဘဲနော် ကိုကို့ပါးကလွဲရင် ဘဲကောင်လေးပါးမှမနမ်းရဘူး''

"စိတ်ချပါကိုကိုရဲ့ ကိုကို့ပါကလွဲရင်ဘယ်ကောင်လေးပါးမှမနမ်းဘူး
ကောင်မလေးပါးဘဲနမ်းမှာ 😝😝''

"ဟင် ဒီကောင်မလေး ငါလုပ်လိုက်ရ''

ဟန်လင်းသန့်လျှာထုတ်ပြောင်ပြီး
ပြေးသွားလေသည်

>>>ဘေးလူကြားရင်တော့ဘာမှမဟုတ်ပေမယ့်
ကိုယ့်ညီမအကြောင်းကိုယ်သာအသိဆုံး
ဟူးး ဒီကောင်မလေးနဲ့တော့မလွယ်ဘူး<<<
အောင်လေးခေါင်းရမ်းရင်းနဲ့သာ
ကျန်နေခဲ့လေသည်

တစ်ဖတ်မှာတော့............

အရှင်းနိုးလာပြီး
ဘေးကိုကြည့်လိုက်တော့
ခုတင်ဘောင်ကိုမှီပြီး စာအုပ်ဖတ်ရင်းအိပ်ပျော်နေဟန်တူသည့်
အဟန်ကိုတွေ့လိုက်သည်
အရှင်းထထိုင်လိုက်ပြီး အဟန်မျက်နှာအစိတ်အပိုင်းတစ်ချင်းဆီကို
ကြည့်နေမိသည်
လေးထောင့်ကျသောမေးရိုး
ထူထည်းသောမျက်ခုံး
ရှည်လျားတဲ့မျက်တောင်လေးတွေရယ်
စိမ်းမြမြ ပသိုင်းမွှေးရေးရေးလေးတွေက
ယောက်ျားပီသမှုကိုဖော်ပြနေသည်
အရှင်းသတိလွတ်အဟန်မျက်နှာပေါ်က
အစိတ်အပိုင်းလေးတွေကို
တစ်ခုချင်းထိကြည့်နေမိသည်

ထိုချိန်အဟန်ပြုံးလိုက်တာကို အရှင်းမြင်လိုက်မှသတိဝင်လာပြီး
အဟန့်ကိုမလုံသလိုကြည့်ရင်း
"နိုးလာပြီလား''လို့မေးပြီး
ခုတင်ပေါ်ကဆင်းပြေးဖို့ပြင်လေသည်
အဟန်လဲသိသည်နှင့် အရှင်းခါးမှသိုင်းဖတ်ထားလိုက်ရင်း

"သူများမျက်နှာကို ပစ်မှားဖို့ကြံနေပြီး
အခုမှဘယ်ပြေးမှာလဲ''
အဟန် အရှင်းကိုစချင်တာနဲ့
နားနားကပ်ခါနှစ်ကိုယ်ကြားကြားနိုင်တဲ့
လေသံမျိုးလေးနဲ့ပြောလိုက်တယ်

.............To be continue..................





Zawgyi code

>>>Smile က အေမရိကန္ဗမာ ကျပားပါ
ထောက်ခံစာမရသေးဘဲနဲ့
ညကျရင်လဲသူတို့ကို

"ကိုကိုရေ ကိုကိုရေ''

သိလိုက်ပါပြီ
စပ်ဆလူးကိုထနေတာဘဲ
သူ့အသံကြားနေရပြီ<<<



အာရုံထားနေတတ်သည်
ခင်လင်းသန့်ကတော့

"အမောပြေသွားပြီလား


"နေဦး ဘာမေ့ကျန်သွားလဲ''

"ဟီး ဟုတ်သားဘဲ ''
ကျရောက်ခဲ့သည်




ပြေးသွားလေသည်

ကျန်နေခဲ့လေသည်

တစ်ဖတ်မှာတော့............

အရှင်းနိုးလာပြီး
အဟန်ကိုတွေ့လိုက်သည်
ကြည့်နေမိသည်
ထူထည်းသောမျက်ခုံး


အခုမှဘယ်ပြေးမှာလဲ''

.............To be continue..................







You are reading the story above: TeenFic.Net