မင်းသာလျှင် ep(12)
Background color
Font
Font size
Line height
Unicode
။အဟန် အရှင်းကို ရီဝေသောအကြည့်များနဲ့ ကြည့်နေပြီး
"အရှင်း ကို မင်းကိုဝန်ခံစရာရှိတယ်''
အရှင်းလဲအဟန့်ကိုပြန်ကြည့်နေတယ်
အရှင်းမျက်နှာလေးက ပန်းရောင်လေးသန်းနေလေရဲ့ အဟန်အရှင်းနဲ့မျက်လုံးချင်းစုံတာနဲ့ အဟန်ဖွင့်ပြောမလို့လုပ်တုန်း
..ဒေါက်..ဒေါက်..ဒေါက်..
တံခါးခေါက်သံကြားတော့ နှစ်ယောက်သားခေါင်းထောင်ကြည့်လိုက်ပြီး
အဟန်ကပြုံးပြကာ ရေချိုးနေနော် ပြီးတော့လာခေါ်မယ် ပြောပြီး
bathrobeကိုဝတ်ကာထွက်သွားတော့မှ
အရှင်းသက်ပြင်းချမိတယ်
သူဘာပြောမလို့ပါလိမ့် လို့
ရေရွတ်ပြီးရေဆက်ချိုးနေလိုက်တယ်
အဟန်တံခါးဖွင့်လိုက်တော့ ဝန ဖြစ်နေတယ်
"အော် ဝန ဘာကိစ္စရှိလို့လဲ''
"ဘာမှမဟုတ်ပါဘူးကွာ မင်းတို့အဆင်ပြေကြလားလို့လာကြည့်တာ
ဝန်ထမ်းတွေကပြောတော့
မင်းတို့မနက်စာတောင်မှာမစားကြဘူးဆို
အဲဒါကြောင့်မို့လာမေးတာ''
ဝနပြောမှကျွန်တော်နာရီကြည့်မိတယ်
၁နာရီတောင်ရှိပြီဘဲအရှင်းပြောပုံအရဆို
မနက်ခင်းမှအိပ်ပျော်သွားတဲ့ပုံဘဲ
စဉ်းစားရင်းစဉ်းစားရင်းနဲ့ အရှင်းကိုပိုပြီးသနားသွားတယ်
"ဟျောင့် အဆင်ပြေရဲ့လား''
ဝန မေးမှကျွန်တော်သတိပြန်လည်လာတယ် ဝနဆိုတာမနေ့ညကမှသိတာပါ သူ့ကိုကျွန်တော်မြင်ဖူးနေတာကြာပါပြီ
အရှင်းနဲ့ပတ်သတ်ပြီးတော့ပေါ့ တစ်ခါနှစ်ခါလောက်တော့တွေ့ဖူးတယ် အရှင်းနဲ့ကသာမန်ဆက်ဆံရေးမျိုး မဟုတ်ဘူးဆိုတာတော့သိတယ်
"ပြေပါတယ် ငါတို့အတွက်စားစရာတွေ
လာပို့ခိုင်းလိုက်တော့ အော်နေဦး ပင်လယ်စာနဲ့ပတ်သတ်တဲ့အစားအစာတေ မထည့်ပါနဲ့ကျန်တာအဆင်ပြေသလို
စီစဉ်လိုက်ပါ'' >>>ဘာလို့လဲဆိုတော့အရှင်းကပင်လယ်စာတွေနဲ့ဓာတ်မတည့်ဘူးလေ<<<
အဟန်တွေးရင်းကိုယ့်ဘာကိုပြုံးနေတယ်
"အင်း အ့ဆိုသွားစီစဉ်လိုက်ဦးမယ်''
"အော် မေ့လို့ဝန်ထမ်းတွေကို
အိပ်ယာခင်းလဲပေးဖို့ပြောလိုက်ပါဦး''
"အေး နောက်ထပ်ဘာမှာစရာရှိသေးလဲ''
"ရပြီ ကျေးဇူးဘဲ''
အဟန်တံခါးကိုပိတ်ပြီးရေခိုးခန်းထဲကိုအသွား
အရှင်းbathtubအပြင်မှာ
ချော်လဲနေတာကိုတွေ့လိုက်တယ်
အဟန်စိတ်ပူသွားပြီး
"ဟာ အရှင်းပီးရင်လဲကို့ကိုခေါ်လိုက်တာမဟုတ်ဘူး
လမ်းလဲမလျှောက်နိုင်သေးဘဲနဲ့''
"လမ်းမလျှောက်နိုင်အောင်ဘယ်သူလုပ်တာလဲ''
အရှင်းအဟန့်ကိုရန်ထောင်ပြီး နှုတ်ခမ်းလေးဆူကာမျက်နှာလေးရဲပြီး
အောက်ကိုငုံ့နေတယ် အဟန်လဲအလိုက်တသိပွေ့ချီလာလိုက်တော့တယ်
>>>ကျွန်တော်သူ့ကိုစိတ်ဆိုးသင့်မဆိုးသင့်
ကျွန်တော်မသိဘူး တကယ်တမ်းက ကျွန်တော်စိတ်မဆိုးချင်ပါဘူး
ဒါပေမယ့်ကျွန်တော်ရှက်တယ် ကျွန်တော်ကယောက်ျားလေးလေ ယောက်ျားလေးတစ်ယောက်က
ဒီလိုအခြေနေကိုနာကျည်းသင့်ပါတယ်
စိတ်ဆိုးလဲဆိုးသင့်ပါတယ် ဒါပေမယ့်ကျွန်တော်စိတ်လဲမဆိုးသလို နာလဲမနာကျည်းပါဘူး ဘာကြောင့်လဲတော့ကျွန်တော်မသိဘူး
အဟန်ဟာကျွန်တော့်အချစ်ဆုံးသူငယ်ချင်းမို့လား
ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ထက်
ပိုနေမိပြီလား<<<
အရှင်းတစ်ယောက်အတွေးထဲနစ်မျောနေတာ
ဆိုဖာပေါ်ရောက်လို့ရောက်နေမှန်းတောင်မသိလိုက်
အဟန်လာပြောမှအသိဝင်လာတယ်
"ရော့ အင်္ကျီဝတ်ထားအအေးပတ်နေမယ်''ပြောပြီး
အရှင်းရဲ့ဆံပင်တွေကိုကိုdryerမှုတ်ပေးနေတယ်
အရှင်းလဲအဟန်ပြောမှသူ့အပေါ်မှာ
အခုထိအဝတ်မကပ်သေးတာကိုသတိရပြီး
မျက်နှာတွေနီရဲလာကာbathtubကို
အမြန်ကောက်ဝတ်လိုက်ပြီး
အောက်ကိုဘဲငုံ့နေမိတယ်
>>>ကျွန်တော်သိပါတယ် အရှင်းဘယ်လောက်ထိရှက်နေမယ်ဆိုတာ
ဒါပေမယ့်သူကျွန်တော့်ကိုအစပိုင်းလောက်ဘဲ ရန်တွေ့တယ်အခုသူငြိမ်နေတယ် တစ်ချိန်လုံးဘဲသူမျက်နှာမှာ
ပန်းရောင်လေးသန်းလို့ ချစ်စရာကောင်းလိုက်တာမှပြောမနေနဲ့ ကျွန်တော်မနဲစိတ်ထိန်းထားရတာ ဆွဲနမ်းမိမှာဆိုးလို့လေ အခုလဲမျက်နှာလေးကဘာကိုတွေးပြီး
ရှက်နေမှန်းမသိဘူးလေ အောက်ကိုငုံ့ထားလိုက်တာများပြောမနေပါနဲ့တော့
အဟက်<<<
အရှင်းသူ့အတွေးနဲ့သူပြုံးနေစဉ်
....ဒေါက်...ဒေါက်...ဒေါက်.....
တံခါးခေါက်သံကြားမှသတိပြန်ဝင်လာကာ
"ဘယ်သူလဲမသိဘူး''
"အော် ခုန ဝန လာလို့စားစရာတွေမှာလိုက်တာ
ပြီးတော့အိပ်ယာခင်းလဲဖို့ရယ် အင်္ကျီတွေလျှော်ဖို့ရယ်လေ အဲဒါဝန်ထမ်းတေထင်တယ် တံခါးသွားဖွင့််ပေးလိုက်ဦးမယ်''
အဟန်ပြောပြီးသွားဖွင့်မယ်လုပ်တုန်း အရှင်းကပြာပြာသလဲ
အဟန်ကိုလှမ်းဆွဲလိုက်တာ အရှိန်လွန်ပြီးအရှင်းပေါ်ပြုတ်အကျမှာ
အရှင်းမျက်နှာနဲ့အဟန့်မျက်နှာ 1cmသာကွာတော့တယ်
>>>ကျွန်တော့ရဲ့မျက်နှာပေါ် အဟန့် ဝင်သက်ထွက်သက်တွေရိုက်ခက်နေတယ် အဟန့်ရဲ့နှလုံးခုန်သံကိုကျွန်တော်ကြားနေရသလို ကျွန်တော့်နှလုံးသားလဲအဆမတန်ခုန်နေလို့ အဟန်ကြားမယ်ထင်ပါတယ်
ကျွန်တော်နဲ့အဟန်အချိန်အတော်ကြာ
နီးကပ်နေချိန်မှာအဟန်မျက်လုံးတွေက ကျွန်တော့နုှတ်ခမ်းဆီအကြည့်ရောက်သွားချိန်
ကျွန်တော်သိလိုက်တယ်
သူကျွန်တော့်ကိုနမ်းချင်နေတယ်ဆိုတာ
ဒါကြောင့်ကျွန်တော်မျက်လုံးကို အသာမှိတ်ပေးလိုက်တယ် ဘာကြောင့်လဲဆိုတော့ကျွန်တော်လဲ အဟန်ဆီကအနမ်းကိုတောင့်တနေလို့ပါဘဲ<<<
.................To be continue..............
(((ဟီး ဝန်ထမ်းတွေရောဒီတစ်နေ့အခန်းထဲကို ဝင်ရပါဦးမလား 😂😂😂 ))
Zawgyi code
..ဒေါက်..ဒေါက်..ဒေါက်..
ဝန်ထမ်းတွေကပြောတော့
"ရပြီ ကျေးဇူးဘဲ''
အဟန်စိတ်ပူသွားပြီး
ပိုနေမိပြီလား<<<
အဟက်<<<
....ဒေါက်...ဒေါက်...ဒေါက်.....
"ဘယ်သူလဲမသိဘူး''
ပြီးတော့အိပ်ယာခင်းလဲဖို့ရယ် အင်္ကျီတွေလျှော်ဖို့ရယ်လေ အဲဒါဝန်ထမ်းတေထင်တယ် တံခါးသွားဖွင့်ပေးလိုက်ဦးမယ်''
နီးကပ်နေချိန်မှာအဟန်မျက်လုံးတွေက ကျွန်တော့နှုတ်ခမ်းဆီအကြည့်ရောက်သွားချိန်
ကျွန်တော်သိလိုက်တယ်
.................To be continue..............
You are reading the story above: TeenFic.Net