မြို့အုပ်မင်းကမြို့လူဆိုးလေးကိုအုပ်လိုက်တယ်🖤2
ရှောင်းကျန့်မြို့အုပ်မင်းအသစ်ရောက်တော့မယ်တဲ့
အဲ့တော့ဘာလုပ်ရမှာလဲ
ကျန်းချန်မင်းဘယ်ကကြားခဲ့ပြန်တာလဲ
တော်တော်များများပြောနေကြတာပဲ ဟွိုက်စန်းမင်းမကြားဘူးလား
စန်း:::ငါမကြားဘူး အဲ့ဒါတကယ်ဆိုမင်းဘယ်လိုလုပ်မလဲရှောင်းကျန့်
ပုံမှန်ပဲကိုဘာတွေတွေးပူနေတာလဲ
ငွေမကြိုက်တဲ့သူရှိလို့လား
ကျန်း:::ငါကြားတာတော့ဒီတစ်ယောက်ကတော်တော် လေးတော်တယ်တဲ့
သူကငယ်ငယ်လေးနဲ့မြို့အုပ်ဖြစ်လာပြီးလာဘ်စားတာလည်းမရှိဘူးတဲ့လေ
အပိုတွေ သူကအသပြာမစားချင်ရင် ရတနာစားချင်လို့နေမှာပေါ့
စန်း:::အဲ့ဒါတွေတစ်ခုမှမစားချင်ရင်ဘယ်လိုလုပ်မလဲ
အဲ့တော့သူစားချင်တာပြောခိုင်းရမှာပေါ့
ကျန်း:::အရင်ဟာတွေတုန်းကအတိုင်းရရင်ကောင်းမယ် မပင်ပန်းတော့ဘူး
နည်းနည်းခက်တော့အပျင်းပြေတာပေါ့
အများကြီးတွေးမနေနဲ့ ပြောလို့မရဘူးဆိုတာမရှိဘူး မလိမ္မာရင်ငါနည်းနည်းလေးအုပ်ပေးလိုက်မယ်
ကျန်း:::အဆင်ပြေရင်လည်းပြီးတာပဲ
ဒါနဲ့ မင်းနဲ့ကျင်းယီယီကကောဘယ်တော့လဲ
ချီးပဲ
ဘာတွေလာပြောနေတာလဲ
စန်း:::မင်းသူ့ကိုနည်းနည်းလေးတောင်မကြိုက်ဘူးလား
ဟိုက မင်းကိုသဘောကျလွန်းလို့မြို့မှာကျောင်းပြီးတာတောင်ဒီမှါမိသားစုစီးပွါးရေးပဲပြန်လုပ်နေတာ
ငါအရက်သောက်တာအရသာပျက်အောင်လုပ်နေတာရပ်လိုက်တော့
စန်း:::ေအးပါကွာ
ရှောင်းကျန့်ဆိုတာအဲ့လိုလူတစ်ယောက်
သူ့ရဲ့လောင်းကစားရုံနဲ့သေရည်ကလွဲရင်ကျန်တာဘာမှစိတ်မ၀င်စားတဲ့သူ
ကျင်းယီယီဆိုတာနမ်ချိုင်မြို့ရဲ့အလှဘုရင်မတစ်ပါး
ကျင်းအိမ်တော်ရဲ့တစ်ဦးတည်းသောသခင်မလေး ဖြစ်တဲ့သူမကငယ်စဉ်တည်းကရှောင်းကျန့်ကိုသဘောကျနေတာသိတယ်
မြို့မှာကျောင်းတတ်ပေမယ့်ဒီမှါပဲပြန်ပြီးအခြေချတဲ့သူမှရဲ့မျှော်လင့်ချက်လေးကရှောင်းကျန့်
ဒါပေမယ့် ကိုယ်တော်ချောကမသိချင်ယောင်ဆောင်လို့ချေလေတယ်
သူတို့သိချင်လှတယ် မြို့လူဆိုးလေးရဲ့ကြင်ယာတော်ကဘယ်လိုပုံစံဖြစ်လောက်မလဲဆိုတာ
******
၀ူး...ဂျစ် ဂျစ် ကျွီ
(ဂျစ်ကားသံပါနော် ကိုယ်လည်းအသံဘယ်လိုမှန်းမသိလို့😁😁😁)
အိမ်ဘေးကဂိုထောင်ထဲကိုမောင်း၀င်သွားတဲ့ဂျစ်ကားသံကြားရတဲ့အချိန်မှရှောင်းသခင်မကြီးကသက်ပြင်းချနိုင်တယ်
နာရီကိုကြည့်လိုက်တော့ ည၁၀ နာရီခွဲနေပြီ
မား အိပ်သေးဘူးလား
ရှောင်းသခင်ကြီး::;;ဟေ့ကောင်ရှောင်းကျန့် မင်းငါ့မြင်လား
မြင်တယ်လေ
ရှောင်းသခင်ကြီး:::မြင်ရင်လာထိုင်
မင်းအခုချိန်မှပြန်လာရသလား
အလေလိုက်နေတာတွေတော်သင့်ပြီ
မကောင်းတာတွေလုပ်ပြီးစီးပွါးရှာရသလား
မင်းလုပ်နေတာတွေကငါနာမည်ပျက်တယ်
အိုးးးရှောင်းသခင်ကြီးကသိပ်ကိုတရားမျှတတာပဲနော်
လောင်းကစား၀ိုင်းတွေထောင်တာကိုမကောင်းတာလုပ်တယ်ဆိုရင် ပါပါးရဲ့ကုန်ရောင်းကုန်၀ယ်ကအရမ်းကိုဖြင်သမာအာဇီ၀ကျသပေါ့ ထက်၀က်မကတင်ပြီးတော့လေ
မင်း....မင်း
ရှောင်သခင်ကြီးမှာရှောင်းကျန့်ရဲ့စကားကြောင့်သွေးတတ်ရတယ်
ရှောင်မား:::သား ပင်ပန်းလာတယ်မဟုတ်လားသွားနားတော့
ထမင်းစားမလား မားပြင်ပေးမယ်
အင်းမစားတော့ဘူး
ဗိုက်ပြည့်နေတယ်မားရဲ့
ရှောင်းကျန့်
ပြော
ငါနင့်ထက်အကြီးနော်
မေကျီရယ်တစ်နှစ်ကြီးတာလေးကိုများ
တစ်နှစ်ကြီးလည်းကြီးတာပဲ နင်အဲ့လိုပုံမျိုးလုပ်နေတာ နင့်အသက်ဘယ်လောက်ရှိပြီလဲ၂၅ ကဖစ်နေပြီ နင့်လိုလူမျိုးကိုကျင်းရီရီကဘာကြည့်ကြိုက်လဲမသိဘူး
ဒါကတော့မွေးရာပါ ပါရမီပဲလေ
နင့်တောင်ကြိုက်တဲ့သူရှိလို့လား
နင် ...ရှောင်းကျန့်
ဒီမြို့မှာနင်နဲ့တန်တဲ့သူမရှိဘူးလို့ပြောမလို့လား
မပြောပါနဲ့တော့ နင်တူတယ်တန်တယ်ထင်တဲ့ကျိုးမင်ယွစ်ကလည်း လင်ယူသွားပြီလေ
နင် ...ရှောင်းကျန့်
အခုပြန်လာခဲ့
ပြောပြီး အပေါ်ကိုတတ်သွားတဲ့ရှောင်းကျန့်ကိုကြည့်လို့ ကျန်ခဲ့တဲ့ရှောင်းမေကျီ ကဒေါသထွက်လို့ကျန်ခဲ့တယ်
ရှောင်းကျန့်အပေါ်အစွန်ဆုံးမှာရှိတဲ့သူ့အခန်းထဲကိုရောက်တော့သူ့အမဖြစ်ပြီးကျန်နေတဲ့ရုပ်ကိုတွေးလို့အားရပါးရရယ်လိုက်တယ်
နမ်ချိုင်မြို့ကျိုးအိမ်တော်ရဲ့သားကြီးကျိုးမင်ယွစ်ကသမီးရှင်တွေကြားထဲမှာနာမည်ကြီးတယ်
ချောမောတဲ့ရုပ်ရည်အပြင် တည်ကြည်လေးနက်တယ် ဉာဏ်ထက်မြတ်တယ် ကိုယ်ကျင့်တရားကောင်းတယ် ဘယ်မိန်းမနဲ့မှပတ်သတ်ခြင်းမရှိ အရှုပ်အရှင်းကင်းတယ်
ဒါကြောင့်သမက်တော်ချင်တဲ့သူများတယ်
သူ့မိဘနှစ်ပါးရောပေါ့
ဘယ်ကောင်မလေးနဲ့မှမတွဲတဲ့ကျိုးမင်ယွစ်ကယောကျာ်းယူတော့
သူလည်းတွေးကြည့်ဘူးတယ်
သူ့ကိုသဘောကျတဲ့မိန်းမတွေအများကြီးရှိတယ် ကျင်းယီယီလိုအရမ်းလှတဲ့မိန်းကလေးတောင်သူကမကြိုက်တော့ယောကျာ်းများလိုချင်တာလား
ဒါပေမယ့်သူ့ဘေးမှာရှိတဲ့ကျန်းချန်တို့ ဟွိုက်စန်းတို့ကိုတောင်စိတ်မ၀င်စားတော့သေချာတယ် သူသဘောကျရမယ့်မိန်းကလေးမတွေ့ေသးလို့ဖြစ်မှာပါ
B Bhone🖤🦋
You are reading the story above: TeenFic.Net