မြို့အုပ်မင်းကမြို့လူဆိုးလေးကိုအုပ်လိုက်တယ် P16

Background color
Font
Font size
Line height

မြို့အုပ်မင်းကမြို့လူဆိုးလေးကိုအုပ်လိုက်တယ် 🖤16

ရှောင်းပါး ::::အာ...မြို့အုပ်မင်းကြွပါ
ဟေး..လုလုမြို့အုပ်မင်းအတွက်ကော်ဖီကောင်းကောင်းလေးတစ်ခွက်လောက်ဖျော်ခဲ့စမ်းပါ

ရပါတယ်မလိုပါဘူး
ဒါနဲ့ ဒီကကျင်းမိန်းကလေးဟုတ်ပါတယ်နော်

ကျင်း::::ဟုတ်ကဲ့ဟုတ်ပါတယ်

ဒါဆိုရင်ကျင်းမိန်းကလေးကဟိုဘက်က မေကျီ ရဲ့အနားကိုပြောင်းထိုင်ပေးနိုင်မလား

    သူတို့၀င်လာတည်းကယောက်ယက်ခပ်နေခဲ့တာ ကိုအခုပဲ၀မ်ရိပေါ်ကနေရာအကျယ်ကြီးမှာ ကျင်းယီယီကိုမေကျီဘက်ရွှေ့ခိုင်းရတယ်လို့ သူသိနေသားပဲ ကျင်းယီီယီနဲ့သူနဲ့နီးကပ်နေမှာကိုမလိုလားလို့မြို့အုပ်အာဏာပြနေတယ်ဆိုတာ ထိုင်ခုံမှာခပ်မိန့်မိန့်၀င်ထိုင်နေတဲ့သူ့ဘေးမှာပဲခပ်တည်တည်နဲ့၀င်ထိုင်လိုက်တယ်သူအမှန်အတိုင်းပြောရရင်သူနည်းနည်းလေးစိတ်လှုပ်ရှားနေသလောက်၀မ်ရိပေါ်ကတော့တည်ငြိမ်နေနိုင်လွန်းတယ်

ကျင်းမိသားစုကနည်းနည်းအံ့သြနေသလောက်ရှောင်းမိသားစုကတော့သိပ်ကိုပျော်ရွှင်နေတယ် သူ့အမဆိုသိပ်သိသာနေလွန်းတယ် ပြောလိုက်ချင်တယ်မငမ်းနဲ့ဒါနင့်ခဲအို ငါ့ယောကျာ်းဆိုပြီးတော့
ကျန်းချန်နဲ့ဟွိုက်စန်းကတော့တကယ်ကြီးကိုပဲဆိုတဲ့ပုံစံနဲ့ကြည့်နေကြတယ်

ရှောင်ပါး::::မြို့အုပ်မင်းရောက်လာတာသိပ်ကောင်းသွားတာပဲ ဒီနေ့ကရှောင်းကျန့်နဲ့သမီးယီယီတို့ရဲ့စေ့စပ်ပွဲနေ့လေ အစကမြို့အုပ်မင်းပါဖိတ်ဖို့ ခရီးထွက်နေတယ်ဆိုလို့ပါ

ခရီးကရောက်တာ ၂ရက်လောက်ရှိပြီ
ဒီနေ့ကစေ့စပ်ပွဲဆို

ရှောင်မား:::ဟုတ်တယ်မြို့အုပ်မင်းလေးရဲ့ကျန့်ကျန့်နဲ့ယီယီလေးတို့ရဲ့စေ့စပ်ပွဲလေ ပြီးရင်သိပ်မကြာခင်မင်္ဂလာပွဲပေါ့

သြော်...
ကျွန်တော်ဒီကိုလာခဲ့တာ ရှောင်းသခင်ကြီးနဲ့ရှောင်းသခင်မကြီးရဲ့သဘောထားကိုသိချင်လို့လာခဲ့တာပါ ပြီးတော့တောင်းစရာလေးလည်းရှိနေခဲ့လို့

  ၀မ်ရိပေါ်ရဲ့စကားကြောင့်အားလုံးရဲ့စိတ်၀င်စားမှုကမြင့်တက်လာတယ်

ရှောင်းပါး:::မြို့အုပ်မင်းကဘယ်သဘောထားကိုများသိချင်တာလည်း ပွင့်ပွင့်လင်းလင်းပြောပါ

ကျွန်တော့်ကိုနမ်ချိုင်မြို့အုပ်မင်းလို့အသိအမှတ်ပြုမယ့်အစာရှောင်းအိမ်တော်ရဲ့သမက်အဖြစ်လက်ခံနိုင်မလား
အဲ့ဒါဘယ်လိုသဘောရလဲ

၀မ်ရိပေါ်ပြောလိုက်တဲ့စကားကြောင့်လေထုကတိတ်ဆိတ်သွားတယ်  အားလုံးကမထင်မှတ်ထားတာမို့လည်းဖြစ်လိမ့်မယ်

ရှောင်မား:::မြို့အုပ်မင်းကရှောင်းအိမ်တော်ရဲ့သမက်ဖြစ်ခွင့်တောင်းဆိုနေတာလား

ဟုတ်ပါတယ်

ရှောင်းပါး:::မင်းသဘောကရော

ရှောင်းမား:::သမီးလေးသဘောကရော

မေ::::ပါးနဲ့မားသဘောပါပဲ

     လခွမ်း!!! စောက်ကျိုးနည်းဘယ်လိုတောင်လွဲမှားမှုကြီးလည်း
ကာယကံရှင်ကသူပါနော်သူကတော့စိတ်ထဲမထားဘူးသဘောမတူလည်းသူကအထုပ်တောင်မယူဘဲ၀မ်ရိပေါ်နောက်လိုက်သွားဖို့စိတ်ကူးပြီးသား

ရှောင်ပါး:::မြို့အုပ်မင်းကိုငြင်းစရာမရှိပါဘူး ကျုပ်လည်းအစောကြီးတည်းကတွေးမိပါတယ်မြို့အုပ်မင်းကိုသမက်အဖြစ်လက်ခံနိုင်ပါတယ်

တကယ်ပဲလား

ရှောင်ပါးးးအိုးတကယ်ပါ

ကျေးဇူးတင်ပါတယ်ပါးနဲ့မား

ရှောင်မား:::အာ...ရပါတယ် သားရယ် ဒီနေ့ကတော့မင်္ဂလာအရှိဆုံးပဲ

ပါးတို့ကတကယ်သဘောတူတာလား
၀မ်ရိပေါ်ကိုသမက်အဖြစ်လက်ခံဖို့

ရှောင်းပါး:::တကယ်ပေါ့ သားကလည်းဘာလို့တုန်း

ကျေးဇူးတင်ပါတယ်ပါးနဲ့မား

ကျွန်တော်ဒီမင်္ဂလာပွဲကိုအမြန်ဆုံးလုပ်ချင်ပါတယ်

ရှောင်မား:::သားတို့ကချက်ချင်းလက်ထပ်တော့မှာလား ကျန့်ကျန့်မင်္ဂလာပွဲကနောက်လထဲမှာ

ဒါဆိုရင်ကျွန်တော်တို့ရဲ့မင်္ဂလာပွဲကိုရှေ့အ ရင်လုပ်လိုက်ကြတာပေါ့
မင်္ဂလာစရိတ်ကိုကြိုက်သလောက်တောင်းပါမင်္ဂလာပွဲကိုလည်းအကောင်းဆုံးဖြစ်စေရပါမယ်

မေ::;မြို့အုပ်မင်းကရောဘယ်လိုပုံစံကြိုက်လဲ

ဘယ်လိုဖြစ်ဖြစ်ရတယ် ကိုယ်ချစ်တဲ့သူဖြစ်နေဖို့ပဲလိုတယ်

ရှောင်းမား ::::ဒါဆိုရင်မင်္ဂလာပွဲကိုအတူတူလုပ်လိုက်ရင်ရော

ရှောင်ပါး:::အဲ့ဒါလည်းကောင်းတယ်

သမီးယီယီကရောဘယ်လိုပုံစံဖြစ်စေချင်လည်း

အဆင်ပြေပါတယ် ကျန့်ကောလုပ်သမျှကြိုက်ပါတယ်

ကျန်းချန်နဲ့ဟွိုက်စန်းခမျာ ဒီနေရာကလူတွေကိုသနားလိုက်တာ သူတို့အလှည့်ခံနေရပြီ ညာဏ်များတဲ့လင်လင်နှစ်ယောက်ကအတိုင်အဖောက်ညီညီနဲ့ကိုချည်ပြီးတုပ်ပြီးလုပ်နေကြတာပဲ သူတို့မှာသနားလွန်းလို့ရှေ့ကကော်ဖီနဲ့မုန့်ကိုယူစားပြီးရုပ်ရှင်ထိုင်ကြည့်နေလိုက်တယ်

ရှောင်းပါး:::မြို့အုပ်မင်းတောင်းဆိုစ ရာရှိတယ်ဆိုတာကရောဘာများလည်း

ကျွန်တော်အခုတည်းကပြန်တာနဲ့ရှောင်းကိုအိမ်ခေါ်သွားပါရစေ

မေကျီ:::မြို့အုပ်မင်းရဲ့အိမ်ကိုလိုက်နေရတော့မှာပေါ့

ဟုတ်ပါတယ် ထပ်ပြီးခွဲမနေနိုင်တော့လို့ပါ

    အို

ကျင်းယီယီ;;;မြို့အုပ်မင်းကအဲ့လောက်တောင်ပဲလား

အဲ့ထက်ပိုပါတယ်

ရှောင်ပါး:::ဒါပေမယ့် ပတ်၀န်းကျင်က

ကျွန်တော်ကမြို့အုပ်မင်းပါ
ပြီးတော့စိတ်ချပာကျွန်တော်ကသူ့ကိုရိုးမြေကျပေါင်းသင်းဖို့စတွေ့တည်းကဆန္ဒရှိတာပါ

  သူ့ကိုကြည့်ပြီးလေးလေးနက်နက်ပြောလာတဲ့သူကြောင့်ရှောင်းကျန့်တစ်ယောက်မှာ အခုနေဘယ်သာမှသာမရှိရင်သူ ၀မ်ရိပေါ်ကိုနမ်းပစ်လိုက်ပြီးပြီ စိတ်မကောင်းစရာကအခုသူတို့နှစ်ယောက်တည်းမဟုတ်တာမို့မြိုသိပ်ထားလိုက်ရတယ်

ရှောင်းမား:::ဒါဆိုလည်းခေါ်သွားပါ ရပါတယ်
မင်္ဂလာပွဲကိုတော့အမြန်ဆုံးစီစဉ်ကျတာပေါ့

ကောင်းပါပြီ
ဒါဆိုကျွန်တော်ရှောင်းကျန့်ကိုခေါ်သွားတော့မယ် ခွင့်ပြုပါဦး

၀မ် ငါ့ကိုအ၀တ်တွေ

မယူနဲ့တော့ မောင်ကမင်းကိုဆင်နိုင်ပါတယ်
မောင်ပိုင်သမျှက မောင့်ရှောင်းအတွက်ပဲဆိုတာ

အားးးး၀မ်ရိပေါ်ကြီးကိုချစ်လိုက်တာ

အဟွန်း မောင်ကပိုချစ်တယ်
ပြန်ရအောင်

အင်း  ပါး မား ကျဲ သူငယ်ချင်းတို့ ငါလိုက်သွားပြီနော်

ရှောင်ပါး:::ဘာတွေပြောနေတာလဲ ရှောင်းကျန့်မင်းကဘာလိုက်လုပ်မှာတုန်း

သားယောကျာ်းနောက်သားလိုက်တာလေ

ဘာ!!"""

သြော်ပြောဖို့မေ့နေတာဟိုနေ့တည်းကပြန်မလာတာ သား၀မ်ရိပေါ်နောက်လိုက်သွားလို့

ယီ:::ကောဘာတွေပြောနေတာလဲ

မေ:::ရှောင်းကျန့် နင်မဟုတ်တာတွေပြောပြီးမစစမ်းနဲ့

ငါကစ စရာလား

ရှောင်ပါး:::ရှောင်းကျန့်မဟုတ်တာတွေပြောတာရပ်တော့ ကိုယ့်ယောက်ဖကိုအဲ့လိုနောက်စရာလား

ဘာယောက်ဖတုန်း ယောကျာ်းပါဆို ၀မ်ရိပေါ်ကရှောင်းကျန့်ရဲ့ယောကျာ်း မယုံရင်ဒီမှါကြည့်တွေ့လားလည်ပင်းမှာ အဲ့အနီကွက်တွေကကျွန်တော်ကိုက်ထားတာ
ပြီးတော့ဟိုနေ့ညတည်းကပြန်မလာတာက၀မ်ရိပေါ်နဲ့ရှိနေတာ အစတည်းကပြောသားပဲကျင်းယီယီကိုမယူဘူးလို့

ယီ:::ဒါဆိုကောပြောတဲ့ ကောကမြို့အုပ်မင်းပုံစံမျိုးပဲကြိုက်တာဆိုတာ

ဟုတ်တယ်

ရှောင်ပါး:::မြို့အုပ်မင်းကမင်းအမကိုအခုပဲလာတောင်းပြီသမက်အဖြစ်လက်ခံဖို့ပြောထားတာကွ

ခနလေးပါ ဒါကျွန်တော့အမှားပါ ကျွန်တော်ကရှောင်းမေကျီကိုလာတောင်းတာမဟုတ်ပါဘူး ရှောင်းကျန့်ကိုလာတောင်းတာပါ
အဲ့ဒါကြောင့်ရှောင်းရဲ့အိမ်ထောင်ဦးစီးရှောင်းအိမ်တော်ရဲ့သမက်အဖြစ်လက်ခံဖို့ပြောတာပါ ပြီးတော့ရှောင်းမေကျီကိုကျွန်တော်မကြိုက်ပါဘူး ကျွန်တော်ချစ်တာကရှောင်းကျန့်ပါ

ဘာ,,,ဘာပြောတယ်

ဟုတ်ပါတယ်ကြားတဲ့အတိုင်းပါပဲ

မား ပါးကိုရှုဆေးဘူးပေးလိုက်ပါဦး

မေ:::ရှောင်းကျန့် နင်

ရှောင်းကျန့်!!!

ပါးကဘာလို့အဲ့လောက်ဒေါသထွက်နေရတာလဲ ပါးပဲမြို့အုပ်မင်းကိုသမက်တော်ချင်တယ်လို့ခနခနပြောတာမဟုတ်ဘူးလား

အခုပဲသမက်တော်ရပြီလေ ပျော်နေရမယ့်ဟာကို ကျွန်တော်ကပါးတို့ဆန္ဒကိုဖြည့်ဆည်းပေးထားတာနော်

ကျင်းပါး::ရှောင်းကျန့်မင်းကငါတို့ကိုသပ်သပ်အရှက်ခွဲတာပဲ

ကောမကောင်းဘူး

အရှက်ခွဲတယ် ငါမကောင်းဘူးပြောရအောင် ဒီစေ့စပ်ပွဲကိုငါအစောကြီးတည်းကငြင်းထားတာလေ ကိုယ်ဖာသာလုပ်ကြတာငါနဲ့မဆိုင်ဘူး

မင်း....မင်း
ကျင်းမား:::လာပြန်မယ်သမီး လာပြန်ကျမယ်

ပြန်

ရှောင်မား:::တော်တော့ရှောင်းကျန့်မင်းဘာတွေရှောက်လုပ်လိုက်တာလဲ မင်း

ဘာမှမလုပ်ဘူးကျွန်တော်ငြင်းနေတာကိုအတင်းစီစဉ်တာကို
ပြီးတော့၀မ်ရိပေါ်က ရှောင်းမေကျီကိုမကြိုက်ပါဘူးလို့ပြောတာကိုလည်းယုံမှမယုံကြပဲ

ပြီးတော့ဂုဏ်သိက္ခာနဲ့ကတိတရားကြီးမားတဲ့ရှောင်းသခင်ကြီးနဲ့ရှောင်းသခင်မကြီးကလည်း၀မ်ရိပေါ်ကိုသမက်အဖြစ်လက်ခံပြီးမင်္ဂလာပွဲကိုအမြန်ဆုံးစီစဉ်လိမ့်မယ်လို့ယုံကြည်ပါတယ် အခုတော့၀မ်ရိပေါ်နောက်လိုက်သွားတော့မယ် ဘာမှမယူသွားတော့ဘူးယောကျာ်းကသိပ်ချမ်းသာလွန်းပြီးပြည့်စုံလွန်းတယ်

လုလုရေ ပါးနဲ့မားကိုဆရာ၀န်ပင့်ပြီးဆေးတိုက်လိုက်ဦး

လာ လောင်ကုန်းပြန်ရအောင် အင်္ကျီတွေ၀င်၀ယ်ရဦးမယ်

အင်း မောင့်ရှောင်းသဘော

       နောက်ကိုလှည့်မကြည့်ပဲထွက်သွားတဲ့သူ့သားနဲ့မြို့အုပ်မင်းကိုကြည့်လို့ရှောင်းသခင်ကြီးမှာဒေါသတွေငယ်ထိပ်ရောက်လာတယ် အိပ်ယာထဲမီာလှဲနေတဲ့ရှောင်းသခင်ကြီးကဆရာ၀န်ပေးထားတဲ့သွေးကျဆေးကိုသောက်ထားရတယ်
မျက်နှာမကောင်းတဲ့ရှောင်းသခင်မကြီးကတော့သူ့သမီးကိုနှစ်သိမ့်နေလေရဲ့
တစ်ယောက်တည်းကျန်တော့မှာရှောင်းသခင်ကြီးမှာစိတ်အေးအေးထားလို့ဖြေသိမ့်ရတယ် မြို့အုပ်မင်းကိုသမက်တော်ချင်တာတော့တကယ် ဒါပေမယ့်သမီးပေးပြီးသမက်ရတာနဲ့သားပေးပြီးသမက်ရတာပဲကွာသွားတာကလွဲရင်အတူတူပါပဲ
သူ့သမီးလေးအတွက်စိတ်မကောင်းပေမယ့်ပေါ့လေ.....

B Bhone🖤







You are reading the story above: TeenFic.Net

#yizhan