''တကယ်ဘဲမင်းအဲ့တိုင်းဘဲနေသွားမှာလားလိုတရ''
မင်းသိုက်ရဲ့မေးခွန်းကိုလိုတရကဘာလဲဟုပခုံးတွန့်ပြလိုက်သည်.....
''အန်တီစွဲမက်မောခင်ကိုနည်းနည်းလေးတော့သနားသင့်ပါတယ်ကွာ...ဖြစ်ခဲ့တာတွေကသူနဲ့မှမဆိုင်တာ''
''ဆိုင်တာပေါ့...သိပ်ကိုဆိုင်တယ်....... ငါ့မိဘတွေကိုသတ်ခဲ့တာသူ့အဖေလေ....အဲ့လူရဲ့သွေးတွေကိုသူအမွေဆက်ခံထားမှတော့သူလည်းဆိုင်တယ်''
''ငါ့အထင်....မင်း....ပြင်သစ်မှာတုန်းကကိစ္စကိုမကျေသေးတဲ့ပုံဘဲ''
''ပြင်သစ်...ဟုတ်လား ''
''ဟုတ်တယ်လေ.....အဲ့တုန်းကမင်းတို့တွဲခဲ့သေးတာဘဲမလား.........''
''သွားစမ်းပါကွာ...အိမ်မက်ထဲတောင်မရှိတော့ဘူး''
လိုတရစားပွဲပေါ်ကဆောက်လက်စကွန်ဒိုတွေရဲ့ဒီဇိုင်းစာရွက်တွေစိတ်မပါလက်မပါနဲ့ဆွဲယူကာကြည့်နေလိုက်သည်....
''အဖွားဆုံးမခဲ့တဲ့စကားကိုမှတ်မိသေးလားတတ''
''ဘာစကားလဲ''
''ကျန်တာတွေအကုန်လုံးကညာနေရင်တောင်နှလုံးသားနဲ့မျက်လုံးကတော့ညာလို့မရဘူးဆိုတာလေ''
''ပြောစရာမရှိတော့ရင် ဟိုဘက်မှာတံခါးပေါက်ရှိတယ်..ပြန်တော့''
မင်းသိုက်ကမတ်တပ်ထရပ်ကာ...
''တတ....မင်းကိုငါ့ညီမလေးလိုသဘောထားလို့မဖြစ်သင့်တာတွေမဖြစ်ခင်ငါကကြိုပြောတာ.......''
''ပြန်လို့ရပြီ....''
မိဘတွေဆုံးပြီးတော့လိုတရကိုမင်းသိုက်ရဲ့အဖွားကမွေးစားခဲ့တာကြောင့်....လိုတရအပေါ်မင်းသိုက်ဟာညီမလေးလိုသဘောထားလေသည်.....
''မမလေး........''
မင်းသိုက်ထွက်သွားတာနဲ့ရုံးခန်းထဲပြေးဝင်လာသူကမိုဘီ...
''ဘာဖြစ်တာလဲ ''
''ဉီးသူရိန်ရောက်နေပါတယ်မမလေး''
''ဟက်.....သူ့ညီမတော့သူအတော်ချစ်ရှာတာဘဲ...ရုံးခန်းဆီလွှတ်လိုက်''
''ဟုတ်ကဲ့မမလေး ''
လိုတရ..အခန်းထောင့်ကရေခဲသေတ္တာကိုဖွင့်ပြီး
ဘရမ်ဒီတစ်ခွက်ငှဲ့သောက်နေလိုက်သည်...
''လိုတရ......''
ဒေါသတကြီးရုံးခန်းထဲဝင်လာသူဟာ...လိုတရအလွန်တရာမုန်းတီးစက်ဆုပ်လွန်းတဲ့ဉီးသူရိန်မင်းထင်...
''ဝိုး.....လောလှချည်လား ယောက်ဖရဲ့.....အချင်းချင်းတွေဘဲဟာ.....ဘရမ်ဒီသောက်အုံးမလား......''
''ငါ့ညီမဘယ်မှာလဲလိုတရ......ငါ့ညီမငါ့ကိုပြန်ပေး''
''အဲ့လောက်လွယ်မလား ဉီးသူရိန်ရဲ့........''
လက်ထဲကဘရမ်ဒီကိုတမင်ဇီမ်ခံကာသောက်လိုက်သည်....
''တောက်....လိုတရ......ငါတို့ကြားဖြစ်တဲ့ပြဿနာမှာငါ့ညီမကိုဆွဲထည့်စရာဘာစောက်ကြောင်းမှမရှိဘူး''
''ရှိရှိမရှိရှိဆွဲထည့်တော့ခင်ဗျားကဘာတတ်နိုင်လို့လဲ.......ခင်ဗျားညီမကကျွန်မအောက်မှာအော်ပြီးသွားပြီ....ဟားဟား....''
''မင်းကအဲ့လိုပြောမှတော့ငါကလည်းမင်းအမေကို
ဘယ်လိိို ိုးခဲ့လဲဆိုတဲ့အကြောင်းပြန်ပြောရတာပေါ့ကွာ''
ဘရမ်ဒီခွက်ကိုကိုင်ထားသောလိုတရရဲ့လက်များသည်တဆတ်ဆတ်တုန်လာလေသည်
''မင်းအမေကအိမ်ထောင်သည်သာပြောတာ..ငါ့တစ်သက်အပျိုတွေထက်တောင်ပိုပြီးခံစားလို့ကောင်းခဲ့တယ်ကွ.........''
''ခင်ဗျားကြီးပါးစပ်ကိုပိတ်ထားလိုက်ရင်ကောင်းမယ်''
''မင်းတောင်ငါ့ညီမHDငါ့ဆီပို့ခဲ့သေးတာဘဲကွာ....''
''ခင်ဗျားပါးစပ်ကိုပိတ်ထား ''
''ခွပ်''
ငယ်ငယ်ထဲကဂျူဒိုကိုစနစ်တကျသင်ထားခဲ့သောလိုတရရဲ့တန်ပြန်ရိုက်ချက်တွေကိုဉီးသူရိန်မရှောင်နိုင်တော့ပေ...
gymမသွားဘဲKtvသာသွားခဲ့သောကြောင့်ဝဖိုင့်နေသောခန္ဓာကိုယ်ကြီးကြောင့်လည်းလှုပ်ရှားမှုတွေကနှေးနေလေသည်....
''မိုဘီ......''
အလိုက်သိလွန်းတဲ့မိုဘီကချက်ချင်းဘဲရုံးခန်းထဲရောက်လာလေသည်
''ခေါ်ထုတ်သွား....နောက်တစ်ခါ ငါ့ကုမ္ပဏီထဲခွေးထက်နိမ့်တဲ့အတန်းစားတွေမဝင်စေနဲ့''
''စွဲမက်မောခင်....စွဲမက်မောခင်.... ''
''ခွမ်း''
အောက်ထပ်မှာရှိသမျှပစ္စည်းတွေကလိုတရလက်ချက်နဲ့ကွဲတာကကွဲ....တစ်စစီကိုဖရိုဖရဲတွေဖြစ်လို့...
''မင်းဘာဖြစ်နေတာလဲ ''
''ခင်ဗျားအကို.......လူယုတ်မာကြီး......ဟာကွာ....''
''အင့်.....လို....လိုတ..ရ....အင့်....''
နံရံဆီဆောင့်တွန်းကာလည်မျိုကိုခပ်ကြမ်းကြမ်းညစ်ခံရတာကြောင့်စွဲရုန်းကန်နေမိသည်....
''လို....လို...တ...ရ.....အင့်....''
''သေစမ်းခင်ဗျား......ခင်ဗျားသေမှ....ခင်ဗျားအဖေနဲ့အကိုကကိုယ်ချင်းစာတတ်မှာ....''
''အင့်....လွှတ်.......လို...တ..ရ.....''
လည်မျိုကိုညစ်ထားသောသူ့လက်တွေကိုအတင်းဖယ်ပစ်သော်လည်းသူကစွဲထက်အားပိုသန်နေတာကြောင့်မလွယ်ချေ.....
''အင့်....လိုတ...ရ....''
ရုန်းကန်ရင်းပျော့ခွေကျသွားသောစွဲမက်မောခင်......
''စွဲမက်မောခင်......စွဲမက်မောခင်.... ခင်ဗျားဘာဖြစ်သွားတာလဲ.....''
လိုတရရဲ့လက်မောင်းကြားထဲမှာမေ့မျောနေသောသူမ........
သတိမေ့နေသောသူမကိုကားပေါ်ချီတင်ကာဆေးရုံတင်ရပြန်သည်......
''အသက်ရှူလမ်းကြောင်းပိတ်ပြီးမေ့သွားတာပါ......အခန့်မသင့်ရင်အသက်ပါဆုံးရှုံးရနိုင်တာမို့နောက်တစ်ခါမဖြစ်အောင်ဂရုစိုက်ပေးပါ''
''ဟုတ်ကဲ့ဒေါက်တာ ကျေးဇူးတင်ပါတယ် ''
oxygen ပိုက်ထည့်ထားရတဲ့သူမကခုတင်ပေါ်မှာငြိမ်သက်စွာလဲလျောင်းနေ၏........
''အင်း........''
သူမရဲ့မျက်ဝန်းတွေကဖြေးဖြေးချင်းပွင့်လာလေသည်
''eden''
ဘေးမှာရှိတဲ့ လိုတရကိုကြည့်ကာထိုနာမည်ကိုခပ်တိုးတိုးခေါ်၏..
''edenကသေသွားပြီ.......''
''ဟင်အင်း.......သူရှိနေပါသေးတယ်....ငါသိတယ်....သူရှိနေသေးတယ်...မင်းရဲ့မျက်လုံးထဲမှာသူ့ကိုငါမြင်နေရတယ်''
လိုတရသည်ဘာမှမပြောဘဲစွဲရဲ့ oxygenပိုက်ကိုဖြုတ်ကာနှုတ်ခမ်းပါးတို့ကိုနမ်းရှိုက်တော့သည်....
''လိုတရ''
''ဘာမှထပ်မမေးပါနဲ့ဒေါ်စွဲမက်မောခင်.....''
''မင်းထမင်းစားပြီးပြီလား''
တခြားအကြောင်းအရာမေးမည်ထင်ထားသော်လည်းတကယ်တမ်းမေးလာတာကတစ်ခုဖြစ်နေသည်.....
''ခဏနေမိုဘီလာလိမ့်မယ်.......''
''ကျွီ'
ဆေးရုံအခန်းတံခါးပွင့်သွားပြီးအခန်းထဲအရင်ဝင်လာသူက.အသက်၇၀နီးပါးရှိသောအမျိုးသမီးကြီး
တစ်ဉီး...
''ဖွားဖွား ''
''မင်းလုပ်ခဲ့တဲ့လုပ်ရပ်တွေတွက်ဖြေရှင်းချက်ပေးနိုင်မယ်ထင်တယ်တတ''
''ဟုတ်ကဲ့..တတရှင်းပြပါ့မယ်ဖွားဖွား''
လိုတရရဲ့အဖွားဆိုသူကစွဲနားဝင်ထိုင်ကာ...
''သမီးကအဖွားမြေးရဲ့အိမ်ထောင်ဘက်လား......''
''ရှင်....ဟိုဟာ...အဲ့တာက......''
''မြေးထက်အသက်ကြီးတယ်ဆိုတော့ဆုံးမနိုင်တာပေါ့ကွယ်.........''
''ရှင်''
အဖွားကလိုတရကိုမျက်စောင်းထိုးကာ
''အဖွားမြေးကမှားတာတွေရှိရင်လည်းသမီးကဘဲနားလည်ပေးပါအုံးနော်.....အဖွားကဘဲဒီကလေးမကိုယ်စားမေတ္တာရပ်ခံတာပါ''
''အဖွား..သူက...''
လိုတရကစောဒကတက်ဖို့လုပ်လျှင်အဖွားကလက်ကာပြကာ..
''တော်စမ်းလိုတရ.....မဆုံးနိုင်တဲ့အာဃာတတွေကိုရပ်လိုက်တော့ဖို့အဖွား မင်းကိုအတန်တန်ပြောခဲ့ပြီးပြီ...မင်းနားထောင်ခဲ့လား....''
''ဒါကတော့......''
အဖွားကမိုဘီဘက်လှည့်ကာ...
''လက်ထပ်ပွဲစီစဉ်လိုက်မိုဘီ''
''အဖွား....''
''သူများသားသမီးကိုယူမယ်ဆိုလည်းတင့်တင့်တယ်တယ်တောင်းယူမှပေါ့.....ငါ့မြေးကမိကောင်းဖခင်သားသမီးလုပ်ရပ်ကိုမလုပ်ခဲ့ဘူးလို့ငါအပြောမခံနိုင်ဘူး''
လိုတရသည်ဘာမှထပ်မငြင်းနိုင်ဘဲအီလည်လည်ရုပ်ဖြင့်သာခေါင်းညိမ့်လိုက်ရသည်
Sweetcandy
You are reading the story above: TeenFic.Net