29[U]

Background color
Font
Font size
Line height

"နယုန် ..ပေး .. အဲ့ဒီအိတ်ကြီး ကိုကို့ပေး၊ ကိုကို ဆွဲလိုက်မယ် "

ဦးနှင့်နယုန်တို့က Palawan Beach ကို ဟန်းနီးမွန်းထွက်ရန် မနက် ၁၀ နာရီမှာ တိုက်ခန်းကထွက်ဖို့ ပြင်ဆင်ကြသည်။ ဦးက မနက်ဖြန်ညနေ Flight နဲ့ မြန်မာပြည်ကို ပြန်ရမည်မို့ Beach မှာ တစ်ရက်ပဲ နေဖို့ အချိန်ရသည်။အဲ့ဒါကြောင့် အဝတ်သုံးစုံစီကိုပဲ ခရီးဆောင်အိတ် တစ်အိတ်တည်းကို ပေါင်းထည့် သည်။ နယုန်က အခန်းကို တံခါးပိတ်နေတုန်းမှာ ဦးက နယုန့်လက်ထဲက ခရီးဆောင်အိတ်ကို ဆွဲယူဖို့ လုပ်သည်။

"ဦး .. ကျွန်တော် ဘေဘီနယုန် မဟုတ်တော့ဘူး၊ ဦး အားကိုးလို့ရတဲ့ ကောင်လေးဖြစ်လာပြီဗျ၊ ဦးက ကျွန်တော့်လက်ကိုသာ ကိုင်ထားပေး၊ ဦးကို ဘာမှမလုပ်ခိုင်းတော့ဘူး "

ရောင်ခြည့်မှာ အကြီးပီပီ ခရီးဆောင်အိတ်ကို ဆွဲပေးဖို့ ယူတာကို နယုန်လေးက စကားတွေတတ်ပြီး အိတ်ကို အပါမခံဘဲ ပြန်ဆွဲထားသည် ။

"Clever Boy ! လိမ္မာလိုက်တဲ့ ကလေး၊ ကိုကိုက ချာတိတ်ကို အားကိုးလို့ ရနေပြီပေါ့၊ ဟုတ်လား"

နယုန်က ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်သည်။ နယုန့်လက်တစ်ဖက်က ခရီးဆောင်အိတ်ကို ကိုင်သည်။ အခြားလက်တစ်ဖက်က ဦးရဲ့လက်ကို ဆုပ်ကိုင်ပြီး ဓာတ်လှေကားထဲကို ဝင်လိုက်သည်။ Ground Floor ကို နှိပ်လိုက်သည့်အခါမှာ ဓာတ်လှေကားက တငြိမ့်ငြိမ့်နဲ့ အောက်ကို ဆင်းသွားသည်။

"တကယ်ပြောတာဗျ၊ ကျွန်တော့်ကို အားကိုးလိုက်စမ်းပါ ဦးရယ်၊ ကမ်းခြေရောက်ရင် ဦးကို ကုန်းပိုးဦးမှာ "

နယုန် ရယ်စရာပြောတာ မဟုတ်ပါ။ နယုန်ငယ်ငယ် ကတည်းက ဦးကပဲ နယုန့်ကို ချီပိုးလာတာ။ အခု နယုန်က ကျားပျိုလေး ဖြစ်လာပြီဆိုတော့ ဦးကိုပြန်ပြီး ကုန်းပိုးနိုင်ပြီလေ။

"ဟား ဟား နယုန်ရယ်၊ ကလေးက ကိုကို့ကို နိုင်လို့လား "

နယုန် ပြောတာလေးကို ရောင်ခြည် သဘောကျလို့ ရယ်လိုက်ကာ၊ နယုန့်ပါးလေးကို ချစ်စနိုးနဲ့ ဆွဲဖဲ့လိုက်သည်။

"ဦးနော်၊ ကျွန်တော် ဒီ လေးနှစ်မှာ ဦးအမြဲတမ်းသောက်ခိုင်းတဲ့ နွားနို့ကို မပျက်မကွက် နေ့စဉ်သောက်လာတာ၊ အားကစားလည်း လုပ်တယ် ၊ Gym လည်း ဆော့တယ်၊မိုးသားနယုန်က အရင်ကလို ပိန်ပိန်ပါးပါးလေး မဟုတ်တော့ဘူး ဦးရဲ့ "

"ဦးအရှေ့ကို ရောက်လာတဲ့ ရန်သူတွေကို အပီအပြင် တိုက်ထုတ်ပေးနိုင်တဲ့ စစ်သူကြီး ဖြစ်နေပြီ၊ ကျွန် တော် ဘွဲ့ရလို့ အလုပ်ရရင် ဦးက ဘာအလုပ်မှ မလုပ်နဲ့တော့၊ ဦးကို ဆံဖြူသွားကျိုးတဲ့အထိ ကျွန်တော်က ပြုစုလုပ်ကျွေးမှာ "

နယုန်လေးရဲ့ သိတတ်လိမ္မာတဲ့ စကားတွေကြောင့် ရောင်ခြည် ပြုံးမိသည်။ နယုန်လေးကို ကျွေးမွေး စောင့်ရှောက်လာတယ်ဆိုတာ ဒီကလေးဆီက ဘာကိုမှ ပြန်ရဖို့ ရောင်ခြည် မမျှော်လင့်ပါဘူး။

"နယုန် ..ကလေးအပေါ် ထားရှိတဲ့ ကိုကို့မေတ္တာတွေက ဖြူစင်တယ်၊ ကလေးဆီက ဘာမှပြန်ရဖို့ မမျှော် လင့်ထားဘူး၊ ကိုကိုနဲ့ကလေးက အသက်ကွာတယ်ဆိုပေမယ့် အခု ကလေးက ကိုကို့ရဲ့လင်ယောင်္ကျား ဖြစ်သွားပြီ၊ ကိုကိုကသာ ကလေးကို လုပ်ကျွေးရမှာ"

ဦးရဲ့အတွင်းစိတ်ဖြူဖြူကို နယုန်ကမြင်ပြီးသားပါ။ ဦးဆိုတာ နယုန့်ကို အဖေလိုလည်း သွန်သင်ဆုံးမပေးသည်။အစ်ကိုလို ထိန်းသိမ်းစောင့်ရှောက်ပေး သည်။ ချစ်သူလိုလည်း ကျောချင်းကပ်လို့ အခက် အခဲ မှန်သမျှ ရင်ဆိုင်ဖြေရှင်းပေးသည်။ ဦးကို ကြည့်ရင်းကြည့်ရင်းနဲ့ကို ချစ်လွန်လွန်းလို့ ခရီးဆောင်အိတ်ကို လက်ကလွှတ်ချပြီး ဦးရဲ့ရင်ခွင်ထဲ ခေါင်းတိုးဝင်ပြီး ဦးရဲ့ခါးကို နယုန်ဖက်ထားလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဦး ၊ ကျွန်တော့်ကို အခုချိန်အထိ စေတနာသန့်သန့်နဲ့ မြေတောင်မြှောက်ပေးခဲ့လို့၊ ပြီးကျတော့ သူမတူအောင် ချစ်ပေးလို့"

"အဲ့ဒါတွေ ပြောနေစရာမလိုပါဘူး ကလေးရယ်၊ ကိုကိုက ကလေးကို အမြင့်ဆုံးမှာပဲ ထားချင်တာ၊ ကလေးကို အရမ်းချစ်လို့ ..တစ်ခုပဲ .. ကိုကိုတောင်းဆိုချင်တာ တစ်ခုပဲ ရှိတယ် "

ဦးရဲ့ စကားသံတွေ တိုးလျသွားတာမို့ နယုန်က ဦးကို
ခေါင်းမော့ကြည့်လိုက်သည်။ ဓာတ်လှေကားက မြေညီ ထပ်ကို ရောက်နေပြီ ဖြစ်ပေမယ့် နယုန် မထွက်သေးဘဲ ဦးကိုပဲ ကြည့်နေမိသည်။

"တစ်ခုလေးပဲ တောင်းဆိုချင်တာ ကလေးကို "

"ဘာကိုလဲ .. ဦး "

"ကိုကို အင်အားမရှိတော့တဲ့ အချိန်ရောက်မှ ကိုကို့လက်ကို မလွှတ်ချခဲ့ပါနဲ့၊ အခုချိန်က မသိသာသေးပေမယ့် နောင်ဆိုရင် ကိုကိုနဲ့ကလေးက အသက်အရမ်းကွာနေတာ သိသာလာမယ်လေ၊ အဲ့ဒီအချိန်ရောက်ရင် ကိုကို့လက်ကိုမလွှတ်ချလိုက်ပါနဲ့ "

ဦးရဲ့တိုးလျလျစကားသံတွေကြောင့် နယုန့်ရင်ထဲ ဆို့နင့်သွားရသည်။ ဦးရဲ့လက်ဖဝါးကို ဆုပ်ကိုင်ပြီး နယုန့်ပါးပြင်ကို ကပ်ထားလိုက်သည်။ ဦးကို ချစ်ရည်ရွှန်းလဲ့နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

"ဦး စိုးရိမ်နေသလို ဘယ်တော့မှ ဖြစ်မလာစေရဘူး၊ မီးစာကုန် ဆီခမ်းချိန်အထိ ကျွန်တော်က ဦးရဲ့လက်ကိုပဲ ဆုပ်ကိုင်ထားမှာ၊ ဦးနဲ့ပဲ ကျောချင်းကပ်ထားမှာ၊ ဦးကို ချစ်တာ ထာဝရထက် တစ်ရက်ပိုတယ် "

နယုန်က အဲ့လို အခိုင်အမာပြောလိုက်လို့ ဦးရဲ့မျက်နှာက ပြုံးယောင်သမ်းလာသည်။ နယုန်လည်း စိတ်ချမ်းသာသည်။

"လိမ္မာလိုက်တာ၊ အဲ့ဒါကြောင့် ကလေးကိုအသည်းစွဲချစ်နေရတာ၊ ကလေးက ကိုကို့တုတ်ကောက်လေး၊ ဘုရားသွားဖော် ဆေးပေးမီးယူလေး၊ ကိုကို့ အိုဇာတာကောင်းလေး"

ဦးက နယုန့်ကိုဆွဲဖက်ထားပြီး စကားတစ်ခွန်း ပြောလိုက်တိုင်းမှာ နယုန့်နှုတ်ခမ်းပေါ် အနမ်းတစ်ပွင့် ကြွေဆင်းကျသည်။ ဦးရဲ့အနမ်းကို ရနေလို့ နယုန့်မျက်နှာလေး ပြုံးသွားရသည်။ ဦးနှင့်နယုန်သည် တိုက်ခန်းကနေ ကားမှတ်တိုင်ကို လက်ချင်းတွဲလို့ လမ်းလျှောက်ကြသည်။ Palawan ကမ်းခြေကိုရောက်တော့ ကမ်းခြေနှင့် အနီးဆုံးဖြစ်တဲ့ ဟိုတယ်မှာ တည်းခိုကြသည်။

နယုန်သည် ဟိုတယ်အခန်းထဲရောက်တာနဲ့ လိုက်ကာစကို ဆွဲဖယ်ကာ အပြင်ရှုခင်းကို ငေးကြည့်လိုက်သည်။ နယုန့်မျက်စိရှေ့မှာ အပေါ် စီးကနေ မြင်နေရသော Palawan ကမ်းခြေက ကမ်းခြေအရှည်မိုင် တိုတောင်းတယ်ဆိုပေမယ့် သန့်ရှင်းသာယာလှပနေ သည်။ အပေါ်စီးက ကြည့်နေတာမို့ ကြိုးတံတားတစ်စင်းကိုပါ မြင်နေရသည်။ ကြိုးတံတားရဲ့ ဟိုဘက်မှာ မျှော်စင်နှစ်ခုလည်း ရှိသည်။ ကမ်းခြေကို လာလည်ကြတဲ့ ခရီးသွားတွေက ကြိုးတံတားကို ဖြတ်သန်းနေကြပြီး မျှော်စင်ပေါ်ကို တက်သွားနေကြသည်။

"ဦးရေ ..အခု ကမ်းခြေမှာ လမ်းသွားလျှောက်ပြီး ရေထဲဆင်းကြမလား "

"အပြင်မှာ နေပူနေပြီ၊ ကြိုးတံတားပဲ သွားလျှောက်ပြီး ရှုခင်းကြည့်မယ်လေ၊ ညနေကျမှ ကမ်းခြေဆင်းကြမယ်လေ နယုန်"

"ဟုတ် .. ဦး၊ အဲ့ဒါဆို အင်္ကျီလဲပြီး သွားရအောင် "

နယုန်သည် ခရီးဆောင်အိတ်ထဲက တီရှပ်နှစ်ထည်နဲ့ ဘောင်းဘီတိုနှစ်ထည်ကို ထုတ်သည်။ ဟန်းနီးမွန်းထွက်လာသည့် အတွဲမို့ ဆင်တူဝတ်ကြမည်။

"ဦးကို ဝတ်ပေးမယ် "

ဦးက နယုန်စိတ်တိုင်းကျ လုပ်ချင်ရာ လုပ်လို့ရသည့် အရုပ်ကလေးလို ငြိမ်ပေးနေသည်။ နယုန်က ဦးကို တီရှပ်အဖြူရောင်ဝတ်ပေးသည်။ သစ်ရွက်သစ်ခက် အကြီးကြီးတွေပါသော ဟာဝိုင်အီ အပွင့်ရိုက်ရှပ်လက်ရှည် အနီရောင်ကို အပေါ်က ထပ်ဝတ်ပေး သည်။

"ဦး .. မပြီးသေးဘူးနော် ..နေဦး၊ အင်္ကျီကို လက် ခေါက်ပေးဦးမယ် "

နယုန်က ဦးရဲ့ဒီဇိုင်နာပါ။ အပေါ်ရှပ်အင်္ကျီကို ကြယ် သီးမတပ်ဘဲ ဟပြဲထားပြီး တံတောင်ဆစ်အထိ လက်ခေါက်တင်ပေးသည်။

"ပြီးပြီလား ကလေး"

"ခဏ ..ဒါလေး တပ်ပြီးရင် Perfect "

ဦးရဲ့ နှာရိုးပေါ်ကို ရောက်ရှိသွားသော နေကာမျက်မှန်တစ်လက်။ ဦးက နယုန်ဆင်ပေးထားသောဒီဇိုင်းဖြင့် လန်းနေပြီ။အခုခေတ်က ဦးတို့လို အသက် ၃၀ကျော် ရုပ်ရှိရေလျှံတွေက ခေတ်စားနေကြတာ။ ဘောင်းဘီအိတ်ထဲ လက်နှိုက်ပြီး ကြိုးတံတားရှုခင်းကို လှမ်းကြည့်လိုက်သော ဦးကို နယုန်စိတ်မချတော့ပါ။

"ဘဲကြီးက ကျွန်တော့်ယောင်္ကျားနော်၊ လမ်းမှာ ဘယ်ကောင်လေးမှ မကြည့်ရဘူး၊ တစ်ခါတည်း မှာထားမယ်"

နယုန်သည် အဝတ်လဲနေရင်း ဦးကို လှမ်းအော်လိုက်သည်။ ဦးက ရယ်မောပြီး နယုန့်အနားကို ရောက်လာသည်။

"ကိုကို့ နဖူးမှာ စာကပ်ထားချင်လား၊ This man is mine "

နယုန် ရယ်လိုက်သည်။ ဦးက နယုန့်ကိုယ်လုံးကြီးကို ဆွဲညှစ်ပစ်သည်။

"ဟား ဟား ဟား ကိုကိုချစ်တာ ကလေးတစ် ယောက်တည်း၊ ကိုကိုက ကလေးတစ်ယောက်တည်းပဲ မြင်တာ၊ ကလေးတစ်ယောက်တည်းကိုပဲ ဘောင် ခတ်ကြည့်တာ "

"ဒါပဲနော်၊ တခြားကောင်လေးတွေ မကြည့်ရဘူးနော်.. ဦး၊ Only မိုးသားနယုန်ပဲနော်"

"Sure"

နယုန့် မျက်နှာလေး စိတ်အလိုကျပြီး ပြုံးသွားလို့ ဦးက နယုန့်နှာခေါင်းကို ဆွဲညှစ်ပစ်ပြန်သည်။

"OK .. Let's go Na Yone "

"OK .. U "

ဦးနှင့်နယုန် နှစ်ယောက်သား ဖက်ရှင်ဆင်တူ နေကာ မျက်မှန် ဆင်တူတပ်ပြီး ဟိုတယ်အောက်ကို ဆင်းလာကြသည်။ယောင်္ကျားလေးနှစ်ယောက်က အခုလိုဆင်တူတွေ ဝတ်ထားကြလို့ မြင်တဲ့သူမှန်သမျှ လှည့်ကြည့်လှည့်ကြည့်နှင့်မို့ နယုန်တို့က ပေါ်ပြူလာ ဖြစ်နေပြီ။

ဦးနှင့်နယုန် ဟိုဘက်ကမ်းက သောင်ထွန်းနေသော ကျွန်းပေါ်ကို သွားရန် လမ်းလျှောက်လာကြသည်။ နယုန်တို့ လှမ်းမြင်နေရသည့် သောင်ထွန်းနေသော ကျွန်းမှာ မျှော်စင်နှစ်ခု ရှိသည်။မျှော်စင်ပေါ်တက်ကြရန် နယုန်တို့က ဒီဘက်ကမ်းကနေ ဟိုဘက်ကကျွန်းကို ဆက်ထားသော ကြိုးတံတားကို ဖြတ်လျှောက်ကြသည်။ ကြိုးတံတားရဲ့အောက်မှာက ပင်လယ်ရေတွေပါ။ ပင်လယ်ကနေ ကွဲထွက်လာသော ရေလမ်းကြောင်း အသေးလေးပေါ်မှာ သောင်ထွန်းနေသော ကျွန်းနှင့်ဆက်၍ ကြိုးတံတားကို ဆောက်ထားခြင်းလည်း ဖြစ်သည်။

"ဦးရေ .. Selfie ရိုက်မယ်နော် "

ကြိုးတံတားမို့ လမ်းလျှောက်လိုက်တိုင်းမှာ လူက ယိုင်နဲ့ နေပေမယ့် နယုန်က ဖုန်းကိုထုတ်လိုက်သည်။ လက်တစ်ဖက်ကို ခပ်မြင့်မြင့် မြှောက်ပစ်လိုက်သည်။ ကြိုး တံတားရဲ့ အလယ်တည့်တည့်မှာရပ်ပြီး မျှော်စင်ကို background ယူလိုက်သည်။

"ဦးရေ .. ရိုက်ပြီနော် "

ဦးက နယုန့်ကို အမြဲအလိုလိုက်တာ များသည်မို့ ကြိုး တံတားပေါ်မှာ ဆိုပေမယ့် တားမြစ်တာမျိုး မရှိပါ။

"1---- 2 ----- 3 "

Timing နှင့်ကွက်တိမှာ ဦးက နယုန့်ပါးပြင်လေးကို နမ်းလိုက်သည်။ နယုန့်စိတ်ထဲ တေးထားလိုက်သည်။ နောက်တစ်နေရာမှာ ထပ်ရိုက်ရင် နယုန်က ဦးထက် အရင်ဦးအောင် ဦးကိုနမ်းပစ်ဦးမည်။

"ဟား ဟား ဟား ချာတိတ်၊ ရုပ်လေးက ဘာဖြစ်တာလဲ"

"ဦးကို ကလဲ့စားချေမလို့ "

"ဟား ဟား ချစ်ဖို့ကောင်းလိုက်တာ "

ဦးက နယုန့်ပါးပြင်ကို အသည်းယားစွာ ဆွဲညှစ်ပြန် သည်။ ပြီးတော့မှ ကြိုးတံတားအဆုံးကို ရောက်သည်အထိ ဆက်လျှောက်သွားသည်။ ကြိုးတံတားကို ဖြတ်လျှောက်ကြပြီးတော့ နယုန်တို့နှစ်ယောက် သောင်ထွန်းနေသော ကျွန်းပေါ်ကို ရောက်သွားကြသည်။ ကျွန်းပေါ်မှာ သစ်သားနဲ့ ဆောက်ထားတဲ့ မျှော်စင်တစ်ခုပေါ် ဆက်ပြီး တက်လာကြသည်။မျှော်စင်က ညီနောင်ဆိုပြီး နှစ်ခုဆောက်ထားပြီး ဟိုဘက်နဲ့ ဒီဘက်ကို ကူးလို့ရအောင် ပေါင်းကူးတံတားလေး လုပ်ထားသည်။

နယုန်တို့ ဖြည်းဖြည်းချင်းတက်လာကြပြီး မျှော်စင် အပေါ်ဆုံးထပ်ကို ရောက်လာကြသည်။ အပေါ်ဆုံး ရောက်လာချိန်မှာ မောပန်းသမျှတွေ ပြေပျောက်သွားအောင် လှပလွန်းသော မျှော်မဆုံးသည့် ပင်လယ်ပြာပြာကို အပေါ်စီးကနေ လှပစွာ မြင်နေရသည်။ ပင်လယ်ပြာထဲမှာ တရွေ့ရွေ့နဲ့ သွားနေသော အပျော်စီး သင်္ဘောတွေလည်း အများအပြား ရှိနေသည်။

"လှလိုက်တာ ဦးရယ်၊ Palawan နဲ့ နီးနီးလေးကို ကျွန်တော် မရောက်ဖြစ်ဘူး "

နယုန်သည် ပင်လယ်ပြာပြာ သဘာဝအလှတရားကို မင်သက်စွာ ငေးနေလိုက်သည်။ ဦးက နယုန့်ဘေးမှာ မတ်တပ်ရပ်ပြီး နယုန့်ပခုံးကို လက်တစ်ဖက်က သိုင်းဖက်ထားသည်။

"ကိုကို တစ်ခေါက်ရောက်ဖူးတယ်၊ ကောင်းမြတ်နဲ့ အတူလာကြတာ "

" ဟင် ..ဟုတ်လား၊ ဦး မရောက်ဖူးဘူးလို့ ကျွန်တော်ထင်နေတာ၊ အဲ့ဒါဆို အခုမြင်နေရတာ ဘာပင်လယ်ကြီးလဲ၊ ပင်လယ်ကြီးက ပြာလွင်နေတာ အရမ်းလှတာပဲ "

" တောင်တရုတ်ပင်လယ်လေ ကလေးရဲ့ "

" ပင်လယ်ပြာကြီး နောက်ခံထားပြီး ဓာတ်ပုံရိုက်မယ်"

" ရိုက်စေဗျာ "

" ဦးက ဖုန်းကို ကိုင်ထားရမယ်နော် "

" ကိုကို့ပါးကို ပြန်နမ်းမလို့လား "

" မပြောတတ်ဘူး "

" ဟား ဟား ဟား အလည်လေး မေးခွန်းလျှိုတယ် "

ဦးက သဘောတကျရယ်ပြီး နယုန့်ဖုန်းကို လှမ်းယူလိုက်သည်။ တောင်တရုတ်ပင်လယ်ကို background ယူလိုက်သည်။ ပင်လယ်ပြာထဲမှာ ပြေးနေသော ငါးဖမ်းလှေနှင့် အပျော်စီးသင်္ဘောတွေပါ background ထဲမှာ ပါလာသည်။

"ကလေး ရိုက်တော့မယ် Ready 1 - 2- 3 "

ဦးကလည်း အကြံနှင့် နယုန်ကလည်း အကြံသမားမို့ ခေါင်းကို တစ်ယောက်က ညာဘက်လှည့်လိုက်သည်။ တစ်ယောက်က ဘယ်ဘက်ကို လှည့်လိုက်သည်။Timing နှင့် ကွက်တိမှာပဲ နှုတ်ခမ်းနှစ်စုံတို့ တွေ့ဆုံကြပြီးတော့ လှပသော အနမ်းတစ်ပွင့် ဖြစ်တည်သွားသည်။ အဲ့ဒီ မျှော်စင်ထိပ်ဆုံးမှာ နှုတ်ခမ်းချင်းထိကပ်ပြီး နယုန်တို့တွေ ဆက်နမ်းကြသည်။

" ပျော်လား ကလေး "

နှစ်ယောက်သား စိတ်ခံစားချက်အတိုင်းပဲ လုပ်ချင်ရာ လုပ်ပြီးပြီမို့ မျက်နှာတွေက ရွှင်မြူးနေကြသည်။

" ပျော်တာပေါ့ ဦးရဲ့၊ အခုချိန်က ဦးနဲ့ ကျွန်တော့်အတွက် ရွှေချထားရမယ့် ပျော်စရာအချိန်လေး "

"ကိုကိုက ကလေးကို တစ်သက်လုံးပျော်အောင် ထားပေးမှာ၊ ကိုကို့ဘေးနားမှာ ရှိနေရင် ကလေးတစ်ဘဝလုံး Happy Time ပဲ"

" ယုံပါတယ် ဦးရယ် "

နယုန်တို့တွေ မျှော်စင်ပေါ်က ထိုင်ခုံတန်းမှာ ထိုင်ကြပြီး ပင်လယ်ပြာပြာ သဘာဝအလှတရားကို အချိန်အတော်ကြာ ငေးကြည့်နေခဲ့ကြသည်။နယုန်က ဦးရဲ့ပခုံးကို ခေါင်းမှီထားသည်။ နယုန် အခုလိုအချိန်လေးကို ဖြစ်နိုင်ရင် ဆွဲဆန့်ထားလိုက်ချင်သည်။ ဒါမှမဟုတ် အခုချိန်လေးကို ရပ်တန့်ထားလိုက်ချင်သည် ။

မနက်ဖြန်။ ဦးနဲ့ ပြန်ခွဲရတော့မယ့် မနက်ဖြန်ကို နယုန်
မရောက်ချင်ပါ။ ၃၆၅ ရက်လုံး ပြန်ဝေးနေကြရမည့်
နေ့ရက်တွေ။ နယုန် တွေးကြည့်ပြီး ရင်ထဲဆို့နင့်လာသည်။ နယုန့်ကျောပြင်လေး သိမ့်ခနဲ့ သိမ့်ခနဲ့ တုန်တုန်သွားသည်။နယုန် မငိုပါဘူး။ မျက်ရည်တွေက သူ့အလို လို ကျဆင်းလာတာ။

" ကလေး .. နယုန် "

ဦးက နယုန့်ဘက်ကို စောင်းငဲ့ကြည့်လာပြီး နယုန့် ခေါင်းလေးကို ရင်ခွင်ထဲကို ဆွဲသွင်းလိုက်သည်။

" အီးဟီး "

နယုန်က ဦးရဲ့ရင်အုပ်ပေါ် ပါးပြင်ကို ကပ်ထားပြီး ငိုမိ သည်။ ဦးက နယုန့်ကိုယ်လုံးလေးကို ဖက်ထားပေးပြီး နယုန့်ခေါင်းလေးကို မွှေးကြူပေးသည်။

"ကလေးရယ် ကိုကိုတို့ နီးတော့မှာပါ "

"အင့် အီးဟီး "

"အားတင်းထားပါ ကလေးရယ်၊ အချိန်တွေဘယ်လောက်မှ မကျန်တော့ဘူး "

"ဦးကို မခွဲနိုင်တော့ဘူး .. အင့် "

"ကလေး လုပ်နိုင်ပါတယ်၊ ကိုကို့ကလေးက ကြံ့ခိုင်တဲ့ကလေးပဲ "

" ကျွန်တော် ဦးနဲ့ မိုင်ထောင်ချီအရပ်ကို ရောက်နေတာ၊ အချိန်တစ်စက္ကန့်တိုင်းမှာ ရင်တွေနာတယ် "

" ကလေးရယ် ကိုကိုတို့က လူချင်းသာ ဝေးနေတာ၊နှလုံးသားချင်း နီးနေတယ်လေ၊ အချစ်တွေရှိနေရင် ဘယ်တော့မှ မဝေးသွားဘူး ကလေးရဲ့ "

" အင့် .. "

ရင်ခွင်ထဲမှာ တအင့်အင့်နဲ့ ရှိုက်ငိုနေသော ကလေးရဲ့ ပါးပေါ်က မျက်ရည်စီးကြောင်းလေးကို ရောင်ခြည် သုတ်ပေးသည်။ နယုန်လေးရဲ့ ပခုံးကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်တဲ့အခါမှာ နယုန်လေးက ရောင်ခြည့်ကို ခေါင်းမော့ကြည့်သည်။

"ကိုကို့စကားကို နားထောင်မယ် မဟုတ်လား နယုန်၊ လိမ္မာတဲ့ ချာတိတ်လေး၊ ဒီတစ်ခါရော လုပ်နိုင်မယ် မဟုတ်လား "

နယုန်လေး ခေါင်းညိတ်ပြလာသည်။ရောင်ခြည် ကြွေကျချင်နေတဲ့ မျက်ရည်ကို ကျဆင်းမလာအောင် ထိန်းထားရသည်။ဒီအချိန်မှာ ကိုယ်ပါ ငိုမိနေရင် ကလေး ပိုဆိုးသွား လိမ့်မည်။ ရင်ထဲမှာ နာကျင်နေရပေမယ့် ၄ နှစ်ဆိုတဲ့ အချိန်ကိုတောင် ဖြတ်ကျော်လာနိုင်ခဲ့ပြီပဲ။ ၃၆၅ ရက်က တစ်ရက်ပြီး တစ်ရက် ဒီလိုနဲ့ပဲ ကုန်ဆုံးသွားမှာ မဟုတ်လား ။

"ကလေး ဗိုက်ဆာနေပြီလား၊ ကိုကိုတို့ နေ့လယ်စာ သွားစားကြမလား "

"ဟုတ် "

နယုန့်လက်ကလေးကို ခပ်တင်းတင်း ဆုပ်ကိုင်ပြီး ရောင်ခြည်တို့ မျှော်စင်ပေါ်က ပြန်ဆင်းလာကြသည်။ ကြိုးတံတားကို ပြန်ဖြတ်လာကြတော့ ဟိုတယ်တွေရှိသည့်ဘက်ကို ပြန်ရောက်လာသည်။ ကမ်းခြေက Restaurant တစ်ခုမှာ နေ့လယ်စာကို ပါဆယ်ဝယ်လိုက်ပြီး ဟိုတယ်ကိုပဲ ပြန်လာကြသည်။ဟိုတယ်အခန်းကို ပြန်ရောက်တော့ အိမ်နေအဝတ်ကို ပြန်လဲဝတ်ကြသည်။ ပြတင်းပေါက်အနားမှာ စားပွဲတစ်လုံး ရှိသည်မို့ ရှုခင်းကြည့်ရင်းနဲ့ပဲ နေ့လည်စာ အတူစားကြသည်။

"ဦး ..မနေ့ကလို ဖက်ထားပေးဦး၊ ဦးရဲ့ရင်ခွင်ထဲမှာ အိပ်ချင်တယ်"

နယုန်က လက်နှစ်ဖက်ကို ဆန့်တန်းပြလိုက်သည်။ ဦးက နယုန့်ကို ကောက်ချီသွားသည်။ ဖွေးဆွတ်နေသော နှစ်ယောက်အိပ် အိပ်ရာထက်မှာ နယုန့်ကို ပြန်ချပေးသည်။ ဦးပါ နယုန့်ဘေးမှာ လှဲအိပ်ချပြီး နယုန့်ကို ရင်ခွင်ထဲ ဆွဲသွင်းဖက်ထားပေးသည်။ ကုန်ဆုံးသွားမှာကိုပင် နှမြောမိသော အတူရှိနေကြတဲ့ အချိန်လေး။ အခုလို အတူရှိနေတဲ့ အခိုက်အတန့်လေးမှာ နယုန်ရော ဦးရော တစ်ယောက်ကိုတစ်ယောက် ခပ်တင်းတင်းလေး ပွေ့ဖက်ထားမိကြသည်။

*************"

မန္တလေးမြို့

"ကိုကို..ကိုကို ထတော့၊ ကိုကို ထတော့လို့ ..ကိုကို "

ကိုယ့်ပါးပြင်ကို ကိုင်ပြီး လှုပ်ရမ်းနေလို့ မိုးထက် အချိန်မတိုင်ဘဲ နိုးသွားသည်။ မိုးထက်၏ အစောဆုံးသော အိပ်ရာ ထချိန်သည် မနက် ၈ နာရီ။ ညဥ့်နက်မှ အိပ်ရာဝင်သူမို့ မိုးထက် ပုံမှန်ဆိုရင် ၉ နာရီထိုးမှ အိပ်ရာထသည်။ Side Table ပေါ် တင်ထားတဲ့ ဖုန်းကို လှမ်းယူပြီး အချိန်ကို ကြည့်လိုက်သည်။ မနက်ကို ၈ နာရီထိုးဖို့ ၁၅ မိနစ်။ ကိုယ့်ကို လာလှုပ်နှိုးနေသော ထူးကို ဒေါသမျက်လုံးနဲ့ ကြည့်လိုက်သည်။

"ကိုကို"

"ကျစ်! ထူးရာ၊ မင်း ရောက်လာထဲက ငါလည်း အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရ၊

တကယ်ပဲ "

"ဒီနေ့ ကျောင်းဖွင့်ပြီဗျ၊ ကိုကို ကျောင်းလိုက်ပို့ပေး"

"ကိုယ့်ဘာသာ သွားပါလား၊ Taxi ငှါးသွား "

မိုးထက် စောင်ခြုံပြီး မျက်လုံးမှိတ် ပြန်အိပ်လိုက်သည်။

"ကိုကို ..ကိုကိုလို့ ကျောင်းလိုက်ပို့ပေး၊ အန်တီကပြောတယ်၊ ကိုကိုက တစ်နေကုန် အားနေတာ၊ ကျောင်းအကြိုအပို့ ကိုကို့ပဲ လုပ်ခိုင်းတဲ့"

မိုးထက် မျက်လုံးမှိတ်ထားပေမယ့် အတိုင်းသား ကြားနေရသည်။ မိုးထက် ညညဆို တစ်ချိုးတည်း အိပ်မပျော်ပါ။ ဘေးနားက ထူးက ခဏခဏ မိုးထက်ရဲ့ ပေါင်ပေါ်ကို ဘုတ်ခနဲ သူ့ခြေထောက်ကို ပစ်တင်သည်။ အဲ့လိုဆို မိုးထက်က နိုးသွားပြန်ရော။ ကြားထဲက ဖက်လုံးခံထားလည်း သူ့ကိုယ်လုံးကို တစ်ပတ်လှိမ့်ပြီး မိုးထက်ရဲ့ဘေးကို ရောက်ရောက် လာသည်။အခုလည်း ကြည့်။ မိုးထက်ရဲ့အိပ်ရာထချိန် မဟုတ်တာကို အတင်းကို လှုပ်နိုးနေတာ။

"ကိုကို ..ကိုကို "

ထူး ကိုကို့ကိုပြန်လှုပ်နှိုးသည်။ ကိုကိုက တုပ်တုပ်မျှ
မလှုပ်။ ရေထဲက မိချောင်းက သစ်တုံးယောင် ဆောင်ပြီး ငြိမ်သည်။ ကိုကိုလည်း အိပ်ချင်ယောင်ဆောင်ပြီး ငြိမ်နေတာ ဖြစ်နိုင်သည်။ ထူး ကုတင်ပေါ် အရင်တက်လိုက်သည်။ ကိုကို့ခါးပေါ် တက်ခွ ထိုင်ပစ်လိုက်သည်။ ကိုကို့မေးစိကို ကိုင်ပြီး လှုပ်ရမ်းလိုက်သည်။

"ကိုကို ..ကိုကို လိုက်ပို့ပေး၊ ကျောင်းကို လိုက်ပို့ပေးလို့ "

"ကျစ် ! ကောင်ဆိုးလေး၊ အဲ့ဒါ ဘာလုပ်တာလဲ"

ဘုတ် .. !!

ကိုကို မျက်လုံးပွင့်လာပြီး ထူးကို သူ့အပေါ်က တွန်း ချလိုက်သည်။ ထူးက ဘေးဘက်ကို ကျသွားကာ အိပ်ရာခင်းနဲ့ ကျောပြင် မိတ်ဆက်သွားသည်။

"ဟင် ..ကောင်လေး၊ တော်တော် သတ္တိရှိနေတယ် ဟုတ်လား၊ ငါ့ အပေါ် တက်ခွထိုင်တာ"

ထူး အသက်ကို မျှင်းမျှင်းသာ ရှူပြီး ကိုကို့ကို မော့ ကြည့်လိုက်သည်။ ကိုကိုက ထူးကို ခြင်္သေ့လို အုပ်မိုးပစ်ထားသည်။

"ကိုကို လိုက်ပို့ပေးလို့ ကျောင်းကို"

"ငါ့ရည်းစားမှ မဟုတ်တာ လိုက်ပို့စရာလား"

"ကျွန်တော်က ကိုကို့ရည်းစားပဲလေ"

"ငါ့ရည်းစား ဟုတ်လား၊ ဘယ်သူ့ သဘောနဲ့လဲ"

မဲ့ပြုံးလေး ပြုံးလိုက်သော ကိုကို့ကို ရင်တွေခုန်ပြီး ထူး မော့ကြည့်နေမိသည်။ ထူးရဲ့ နဖူးပေါ် ကျဆင်းနေတဲ့ ဆံပင်တိုလေးကို ကိုကို့လက်ချောင်းလေးနဲ့ သိမ်းဖယ်ပေးလာသည်။ထူး တစ်ကိုယ်လုံး ဖိန်းတိန်း ရှိန်းတိန်း ဖြစ်တက်လာသည်။ ခေါင်းလေးငုံ့ကြည့်လိုက်တော့ ကိုကို့လက်ဖဝါးက ထူးရဲ့အင်္ကျီအောက်ထဲ ဝင်လာပြီး အသားနုနုလေးကို ပွတ်သပ်နေသည်။

"ကိုကို ... အင်း .. ဟင်း .. "

ထူးက လွယ်တယ်လို့ ကိုကိုပြောဦးမလား။ ကိုကိုနဲ့ ပတ်သက်ရင် ထူးက အရမ်းခံစားလွယ်သည်။ ကိုကို့အနမ်းကိုတောင် မဟုတ်သေးဘူး။ ခါးနားတဝိုက် ပွတ်သပ်နေတဲ့ အထိအတွေ့လေးနဲ့တင် ထူး ခံနိုင်ရည်မရှိပါ။ ထူး ကိုယ်လုံးလေး လူးလွန့်နေသည်။

"ထူး .."

မျက်လုံးမှိတ်ပြီး နှုတ်ခမ်းသားကို လိမ်ကျစ်မိနေရာမှ ခေါ်သံကြားလို့ မျက်လုံးက ဆတ်ခနဲ ပွင့်သည်။

"ကိုကို .. အင်း .."

ထူး နှုတ်ခမ်းလေးကို ဖိကိုက်ထားလိုက်သည်။ ထူးရဲ့ ရင်အုပ်ပေါ်ကို ရွေ့လျားပွတ်သပ်နေသော ကိုကို့လက်ဖဝါး။ ထူး ဖြစ်နေသမျှကို မဲ့ပြုံးလေးနဲ့ ကြည့်နေသော ကိုကို။

"ငါ့ချစ်သူ ဖြစ်ချင်ရင် အဲ့လောက် မလွယ်နဲ့ ၊
မိုးသားနယုန်ဆိုရင် အဲ့လို မဖြစ်ဘူး "

ကိုကိုက မဲ့ပြုံးလေးနဲ့ လူကိုစိုက်ကြည့်ပြောလိုက် ကာ၊ ထူးအပေါ်က ဖယ်ခွာပြီး ရေချိုးခန်းထဲကို ဝင်သွားသည်။ ထူးရဲ့ပါးပြင်ပေါ် မျက်ရည်လေးတွေ စီးကျလာသည်။ ကိုကိုက ထူးကိုချစ်နေပြီမဟုတ်လား။ ကိုကို ထူးကိုချစ်နေပြီလို့ ထူး စိတ်ထဲကပဲ တစ်ဖက် သတ် ထင်နေတာလား။ ကန်းနေတဲ့ မျက်လုံးတွေထက် အမှန်မမြင်နိုင်တဲ့ မျက်လုံးတွေက ပိုဆိုးသည်။ ကိုကို ဘယ်တော့များမှ အမှန်မြင်လာမှာလဲ။

ထူး ဘာလုပ်ရမလဲ။ လိုချင်သည့် အချစ်ကိုရဖို့ ကိုကို့အရှေ့မှာ ဒူးထောက်ပေးရဦးမလား။ လွယ်လွန်းတယ်လို့ အပြောခံရသော ထူးမှာ သုညအဆင့်ကို ရောက်အောင် နိမ့်ကျလွန်းနေပြီ။ ထူး မျက်ရည်လေးသုတ်ပစ်ပြီး အိမ်အောက်ထပ်ကို ပြေးဆင်းလာလိုက်သည်။

"ထူး ...ကျောင်းသွားတော့မလို့လား၊ ကြယ်ကလေးကို လိုက်ပို့ခိုင်းမယ်ဆို"

"ရတယ် အန်တီ၊ ကျွန်တော် ဆိုင်ကယ်ပဲ စီးသွားလိုက်မယ်၊ ကိုကို မနိုးသေးဘူး"

ထူး ကျောပိုးအိတ် ကောက်လွယ်ပြီး အိမ်ထဲက ထွက်လာလိုက်သည်။ ခေါင်းလေးငိုက်စိုက်နဲ့ ကယ်ရီဂိတ်ကို လမ်းလျှောက်ထွက်လာလိုက်သည်။

"ညီလေး ..ဆိုင်ကယ်လား"

ကယ်ရီသမားတွေက ၅ ယောက် တန်းစီပြီး ဂိတ်ထိုးထားသည်။ ကိုကိုတို့အရွယ် ရုပ်ရည်သန့်သော
တစ်ယောက်ကို ထူး လက်ညှိုးထိုးလိုက်သည်။

"ညီလေး ဘယ်သွားမလို့လဲ"

"UFL"

ဆိုင်ကယ်ပေါ်ကို ထူး ခွထိုင်လိုက်သည်။ ဆိုင်ကယ်က မနှေးမမြန်လေး မောင်းထွက်သွားသည်။ ထူး လမ်းဘေးကိုသာ ငေးလာခဲ့သည်။

"ဟာ ... ဟိုကားက ဘယ်လိုမောင်းနေတာလဲ"

အရှေ့က ကယ်ရီမောင်းနေသော အစ်ကို့ဆီက စိတ်မရှည်သလို ထွက်လာသောအသံ။ ထူး လှမ်းကြည့်လိုက်တော့ ပြိုင်ကားအနီလေးကို တွေ့ရသည်။ ကားနံပါတ်ကို ကြည့်လိုက်သည်။ အဲ့ဒါ ကိုကို့ကား။

"အရှေ့က အစ်ကို၊ မြန်မြန်လေး မောင်းပေးပါ၊ အတန်း မမှီမှာစိုးလို့ "

ထူး အနောက်ကနေ အော်ပေးလိုက်တော့ ဆိုင်ကယ်က သိသိသာသာ အရှိန်မြန်သွားသည်။ ထူး မဲ့ပြုံးလေးပြုံးပြီးတော့ ကယ်ရီအစ်ကိုကြီးရဲ့ ခါးကို အနောက်ကနေ ဖက်ထားလိုက်သည်။

ဝူး ... !

"အွန့် !"

အရှိန်ပြင်းပြင်း မောင်းနေသော ဆိုင်ကယ်အရှေ့ကို
ပြိုင်ကားအနီက လမ်းကြောင်းပြောင်းပြီး ပိတ်ကာရပ်ပစ်လိုက်လို့ ကယ်ရီအစ်ကိုကြီးက သူ့ဆိုင်ကယ်ကို ဘရိတ်အမြန်အုပ်လိုက်ရသည်။ ထူးလည်း အရှိန်နဲ့မို့ ဟိုအစ်ကိုရဲ့ ကျောပြင်နဲ့ ထူးရဲ့နဖူးက သွားဆောင့်မိသည်။

"ဟေ့ကောင် .. မင်း ကားဘယ်လိုမောင်းတာလဲ၊ ကားစီးနိုင်တယ်ဆိုပြီး မာန်တက်တာလား "

"ထူး .. အဲ့ဒီအပေါ်က အခုဆင်း .. လိုက်ခဲ့ "

ထူးတို့ ဆိုင်ကယ်အနားကို ကိုကိုရောက်လာသည်။ ဆိုင်ကယ်ကယ်ရီသမားက ကိုကို့ကို ရန်တွေ့သည်။ မှားတဲ့သူက ကိုကို။ ထူးရဲ့လက်ကောက်ဝတ်ကို ကိုကိုက ခပ်တင်းတင်း ဆွဲဆုပ်ထားသေးသည်။ ကိုကို့ကို မကြည်သလိုပဲ ထူး ကြည့်ပေးလိုက်သည်။

"မလိုက်ဘူး၊ ကျွန်တော် ကျောင်းသွားမလို့၊ လူကို အခုမှ လာဂရုမစိုက်နဲ့၊ ကျွန်တော် ကိုကို့ရည်းစား မဟုတ်ဘူး"

ထူးက ဒီလိုပြန်ပြောလိမ့်မယ်လို့ မထင်မှတ်တာပဲလား။ ကိုကို့ မျက်ခုံးတွေက တွန့်ကွေးသွားသည်။

"ဘာရယ် .. ထူး .. မင်းဘာပြောလိုက်တယ်"

"ကိုကို့ရည်းစား မဟုတ်ဘူး၊ လွှတ် .. ကျွန်တော့်လက်ကို "

ထူးက ကိုကို့လက်ကို ဆောင့်ရုန်းပစ်လိုက်သည်။ ကိုကို့မျက်လုံးတွေ ပြူးကျယ်ဝိုင်းစက်သွားသည်။ ဒါပေမယ့် ထူးရဲ့လက်ကောက်ဝတ်ကို ပြန်ဆုပ်ကိုင်လာသည်။

"မင်း ဒီကောင့်ခါးကို ဖက်ထားတာ အရင်လွှတ် လိုက်စမ်းပါ"

ထူးကို မချစ်ဘူးလို့ အော်နေပြီး၊ ဒါမျိုးကျ မဖြစ်စေချင်ဘူးပေါ့။ ထူးက လွယ်လွန်းတယ်။ မိုးသားနယုန်လို မဟုတ်လို့တဲ့လား။ ထူး ကိုကို့မျက်လုံးကို သေ ချာစိုက်ကြည့်ပြီး မဲ့ပြုံးလေး ပြုံးလိုက်သည်။

"ကိုကိုနဲ့ ဆိုင်သလား၊ ကျွန်တော် ဘယ်သူနဲ့ဖက်ဖက်၊
ဘယ်သူ့ကို နမ်းနမ်း၊ ကိုကိုနဲ့ ဆိုင်သလား"

"ထူး ... မင်း ငါ့ကို လာမရွဲ့နဲ့"

"အဟွန်း ..မရွဲ့ပါဘူး၊ အဖြောင့်ပဲ သွားနေတာ.. လွှတ်..ကျွန်တော့်လက်ကို"

ကိုကို့ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်ပြီးတော့ ပြန်ပြောပေးလိုက်သည်။ ထူးက ဒုတိယအကြိမ်ပဲ ကိုကို့လက်ကို ဆွဲဖြုတ်ချလိုက်သည်။

"ရှေ့က အစ်ကို၊ မောင်းလို့ရပြီ"

"ဟေ့ကောင် .. ရော့ .. ကယ်ရီခ"

ဆိုင်ကယ်ခြင်းထဲကို ပစ်ထည့်လိုက်သော ၅ထောင်တန် တစ်ရွက်။

"ကိုကို လွှတ်၊ မထိနဲ့ ..သွားသွား ..မကိုင်နဲ့"

ကိုကိုက ထူးကို ဆိုင်ကယ်ပေါ်က ဆိုးခနဲဆတ်ခနဲ ချီချပြီး ပြိုင်ကားဆီကို ပွေ့ချီလာသည်။ ထူးက ကိုကို့လက်တွေကနေ ရုန်းလိုက်သည်။

ဒုန်း ... !

Lover seat ပေါ်မှာ ထူးကိုပစ်ချပြီး ကားတံခါးကို

You are reading the story above: TeenFic.Net