(၄၇)

Background color
Font
Font size
Line height

Unicode

နွေဦးနေ့ခင်းသည် မိုးရိပ်တို့ဖြင့် အေးမြနေသည်။ မိုးသားတိမ်လိပ်တို့သည် ကောင်းကင်ထက်တွင် တဖြည်းဖြည်း နေရာယူလာသည်။ မနေ့ကတင် နေသာနေခဲ့သော ကောင်းကင်ကြီးကား ယနေ့တွင်တော့ အုံ့မှိုင်းနေ၏။ တရုတ်စကားပင်တန်းကြီးကား လမ်းတစ်ဖက်တွင် အပြည့်။ နောက်ဆုံးရှိအပင်ငယ်လေးတွင် ပွင့်ချပ်အရင်း၌ အဝါရောင်သန်းနေသော တရုတ်စကားပန်းတစ်ဆုပ် ပွင့်နေသည်။

လွန်းညီသည် ထိုအပင်လေးဘေးတွင် ဆောင့်ကြောင့်ထိုင်လျက် ပန်းပွင့်လေးများအား မော့ငေးနေမိသည်။ အပင်လေးမှာ ထွားလာသဖြင့် ထိုင်နေသူလွန်းညီအဖို့ မော့ကြည့်နေရသည့် အခြေအနေပင်။  ရှိုက်ကြီးတငင် ငိုကြွေးထားသဖြင့် မို့အစ်နေသည့် မျက်လုံးများသည် ကျိန်းစပ်လို့နေသည်။ မနေနိုင်သဖြင့် မှိတ်ချမိသည့်အခါ ပူစပ်လှသည်။ လွန်းညီသည် မမှီ့တမှီနှင့် ပန်းပွင့်လေးများကို လှမ်း၍ ထိတွေ့မိသည်။ လှိုက်တက်လာသည့် ရင်တွင်းက ဝမ်းနည်းမှုသည် မျက်ရည်များကို ထပ်မံသယ်ဆောင်လာသည်။ ဝေ့တက်လာသည့် မျက်ရည်များကို လက်တစ်ဖက်နှင့် သုတ်ပစ်ရင်း ရှိုက်သံများကို မြိုသိပ်လိုက်မိပြန်သည်။

တကယ်တော့ သူ့အနေနှင့် မျက်ရည်ကျရုံသာ တက်နိုင်တော့ပြီး ရှိုက်သံပင် မထွက်နိုင်အောင် ပင်ပန်းနေပြီဖြစ်သည်။ ဘာဆက်လုပ်ရမည်ကိုလဲ မသိတော့ချေ။ စိတ်တွေအရမ်းမွန်းကျပ်ပြီး ရှုပ်ထွေးနေသည်။ ဖြစ်နိုင်လျှင် အစ်ကို့ကို ရင်ဖွင့်ပြောပြပြီး ငိုချပစ်ချင်သည်။ အစ်ကိုသာဆိုလျှင် သူ့ကျောကို ခပ်ဖွဖွပုတ်ပေးရင်း၊ သူခေါင်းကို အသာပွတ်သပ်ပေးရင်း အားပေးစကားများဆိုနေလိမ့်မည်။ ပြီးလျှင် သူ့ကိုနောက်မှာထားကာ အရာအားလုံးကို ရင်ဆိုင်ဖြေရှင်းလိမ့်မည်။

သို့ရာတွင် လွန်းညီ ဘယ်လိုစိတ်နဲ့များ လုပ်ရက်နိုင်မလဲ။ အစ်ကိုကိုယ်တိုင်က အလုပ်တွေရှုပ်နေချိန်မှာ လွန်းညီ ဘယ်လိုစိတ်မျိုးနဲ့ သွားပြီးအပူကပ်ရက်နိုင်မလဲ။ ဘာမှမကူညီနိုင်သူမို့ ဘာမှလည်းမနှောင့်ယှက်လိုပါ။ အစ်ကို လျှောက်လှမ်မယ့် လမ်းအတွက် လှေကားတစ်ထစ်မဖြစ်နိုင်လျှင်တောင် ဆူးညှောင့်ခလုတ်တော့ မဖြစ်လို။ ထို့ကြောင့်ပင် အစ်ကို့ထံ ဆက်သွယ်ဖို့ အစ်ကိုသူရ ရုံးသွားနေသဖြင့် အစ်ကိုအောင်ထွေးဆီ လှမ်းနေသည့် သူ့ခြေလှမ်းများက ဦးတည်ရာပြောင်းလာခဲ့ခြင်းဖြစ်သည်။ ထို့နောက် တရုတ်စကားပင်တန်းအောက်မှာ ဒူးတုပ်ထိုင်ကာ ဒူးပေါ်မျက်နှာကိုအပ်၍ ငိုနေခဲ့မိသည်။ လမ်းသွားလမ်းလာတွေရှိသော်ငြား လွန်းညီ မရှက်နိုင်။ သူ့စိတ်ပင်ပန်းမှုတွေကို ဘယ်သူမှနားလည်နိုင်မှာမှမဟုတ်ဘဲလေ။

ဖေဖေတို့သည် ဘာ့ကြောင့်များ လက်ခံနိုင်ရန် ဤမျှခက်ခဲနေသလဲဟု လွန်းညီ မခံချင်စွာ၊ ဝမ်းနည်းစွာ တွေးမိသည်။ ရိုးရှင်းလှသော သူတို့၏ ချစ်ခြင်းသည် ဘာတွေကိုများ ဖျက်ဆီးနေလို့လဲ။ ဘယ်သူတွေကိုများ ထိခိုက်နေလို့လဲ။ လွန်းညီသည် မေးခွန်းများစွာထုတ်နေသောလည်း ဖြေသူကား မရှိ။ အဖြေကား ဗလာနတ္ထိ။

အခြားမေးခွန်းများကို မစဥ်းစာနိုင်သည့်အဆုံး အစ်ကို့အဝေးမှာ သူ တစ်ယောက်တည်း သည်အရာတွေကို ဘယ်လိုရင်ဆိုင်ရမလဲဟု ပြောင်းတွေးရသည်။ သို့ရာတွင်လည်း သူ အဖြေကို မသိချေ။ အစ်ကိုနှင့် အဆင်ပြေချင်သည်၊ ဖေဖေတို့ကို နားလည်စေချင်သည်။ လွန်းညီ ထိုမျှသာ သိသည်။ ထိုဆန္ဒတို့သာရှိသည်။ ဘယ်လိုလုပ်ရမည်ကို မသိ။

ဖေဖေတို့နှင့် ရင်ဆိုင်ရမှာကို ကြောက်သည်၊ အစ်ကိုနှင့် ဝေးမှာကိုလည်း ကြောက်သည်။ တကယ်တော့ လွန်းညီ အကုန်ကိုကြောက်နေမိသည်။ သူ့မှာ ဘယ်အရာကိုမှ ရင်ဆိုင်ဖို့ ခွန်အားမရှိပေ။ စိတ်ညစ်စရာကောင်းလှသော ဤအခြေအနေတွင် ဘာမှမတတ်စွမ်းနိုင်သည့် သူ့ကိုယ်သူသာ စိတ်ပျက်လာမိတော့သည်။ ငိုချင်နေမိသည့်စိတ်ကိုလည်း သူ ရိုက်ချိုးပစ်ချင်မိသည်။

သူ တကယ်ကို သတ္တိမရှိဘူးပဲ၊ ဘာမှလည်း မလုပ်နိုင်ဘူး။ သည်လိုဆို... လမ်းတစ်ခုပဲ ရှိတော့မှာလား။ မရဘူးလေ။ အစ်ကိုနဲ့သာ တကယ်ကြီး အပြီးအပိုင် ဝေးသွားရရင် လွန်းညီ ရူးသွားလိမ့်မယ်။ လွန်းညီ ဘာတွေဆက်လုပ်ရတော့မလဲ။

•••••••••••

ကိုယ်ချစ်ရသူတစ်ယောက်က သူချစ်တဲ့သူကြောင့် ကိုယ့်ရှေ့မှာ ပြိုလဲနေတာကို မြင်ဖူးကြလား။ မြင်ဖူးတယ်ဆိုရင်တော့ အောင်ထွေးနောင်ဆိုတဲ့ သူ့ကို နားလည်ပေးနိုင်ကြမယ်ထင်ပါရဲ့။ ဝဋ်နာကံနာကျနေသလို ခံစားချက်မျိုးလေ။ သူ့ရဲ့ မှိန်ဖျော့နေတဲ့ မျက်လုံးတွေကို မြင်ရတိုင်း ရင်ထဲက တဆစ်ဆစ်နာရတယ်။ မျက်ရည်စတွေကိုမြင်တိုင်း နှလုံးသားက တမြေ့မြေ့ လောင်ကျွမ်းရတယ်။ အောင်ထွေးရဲ့ ရင်ကို လာလာဟပ်တဲ့ အပူမီးဟာ သူ့ဆီက၊ သူချစ်တဲ့သူကြောင့် ဖြစ်လာတဲ့ မီးတွေတဲ့။

အောင်ထွေး ဘာလုပ်ပေးနိုင်မလဲလို့ စဥ်းစားကြည့်ရတယ်။ အဲ့မီးတွေကို ဘယ်လိုငြှိမ်းပေးရမလဲပေါ့။ မရဘူး။ ဘာမှလုပ်ပေးလို့မရဘူး။ ဟိုအရင်ကလိုပဲလေ။ ဒါပေမဲ့ ခက်တာက ဆံပင်တွေကို ကျစ်ကျစ်ပါအောင် ဆွဲဆုပ်ပြီးတောင် မငိုနိုင်တော့တာဘဲ။ အားနည်းဖျော့တော့နေတဲ့ သူ့ကို ငေးပြီး စိတ်တွေတဖြည်းဖြည်း ကျိုးကြေလာတာကိုပဲ စောင့်နေရတယ်။ အဲဒီစိတ်အကျိုးအပဲ့တွေထဲ ဒီခံစားချက်တွေ ပါသွားဖို့ မျှော်လင့်မိတယ်။

နောက်ပိုင်းမှာ အောင်ထွေး သိလိုက်ရတာတစ်ခုက သူ့အချစ်က ကျိန်စာသင့်နေတယ်ဆိုတာပဲ။  ဟုတ်တယ်၊ မဖြစ်သင့်တဲ့သူတွေအပေါ်ပဲ သူ့စိတ်က တိမ်းညွှတ်နေတတ်တာ။ မပြစ်မှားထိုက်တဲ့ ဆရာအပေါ်၊ ကိုယ့်သူငယ်ချင်းရဲ့ ချစ်သူအပေါ်။ စိတ်ယိုင်တာလို့ အလွယ်တကူ ပြောရလောက်ဖို့ကျ ဒီခံစားချက်တွေ​ကြောင့် သူကိုယ်တိုင်လည်း အများကြီးခံစားခဲ့ရတာမို့ မလွန်လွန်းဘူးလား။ အချစ်လို့လည်း... ခေါင်းစဥ်တပ်ဖို့  သူ မဝံ့ရဲပါဘူး။ အဲ့လိုသတ်မှတ်လိုက်ရင် သူ့အချစ်က တန်ဖိုးမဲ့သွားလိမ့်မယ်။ ဒါပေမဲ့လည်း... သူ မလိမ်ချင်ပြန်ဘူး။

ဒါကြောင့်... အပြစ်မကင်းတဲ့ ချစ်ခြင်းတရားလို့ပဲ သတ်မှတ်ခဲ့လိုက်တာ။ အဲဒီချစ်ခြင်းတွေထဲမှာ ခပ်ဝေးဝေးပြေးရင်း ဆွေးခဲ့ရတဲ့ နေ့ရက်တွေပဲ အများဆုံး နေရာယူထားတယ်။ မထိန်းချုပ်နိုင်ခြင်းတွေနဲ့ ရှေ့တိုးမိတဲ့နေ့တွေမှာတော့ တစ်စုံတစ်ယောက်ရဲ့ မျက်နှာကို ခဏခဏ မြင်ယောင်ပြီး စိတ်တွေ ပူလောင်ရတယ်။ ကြာလာတော့ ကိုယ့်ကိုယ်ကိုယ်တောင် မသတီတော့ဘူး။ ပြီးတော့... မုန်းလည်းမုန်းတယ်။

ရှေ့ဆက်တိုးဖို့လည်း မဝံ့သလို၊ အနောက်လည်း မဆုတ်ရဲပြန်ဘူး။ သူ့ရှေ့မှာ သူ့ဦးနှောက်ရှိတယ်။ ပြီးတော့ ပြောနေတယ်။ ရှေ့ဆက်မတိုးနဲ့တဲ့။ ဘယ်လောက်ပဲ အချစ်လို့ပြောပြော အပြစ်မကင်းတဲ့၊ နောင်တမကင်းတဲ့ ဒီခံစားချက်တွေကိုတော့ သူ့ကို မဖော်ပြနဲ့တဲ့။ အနောက်ဆုတ်ဖို့ ကြံရွယ်တော့လည်း အနောက်မှာ သူ့ရဲ့နှလုံးသားရှိနေပြန်တယ်။ သူကတော့ ဆိတ်ဆိတ်နေနေပါတယ်လေ။ ဒါပေမဲ့... အောင်ထွေး ဘယ်လိုစိတ်နဲ့ ဖြတ်နင်းသွားရက်ရမလဲ...။ ဒါပေမဲ့လည်း... ဘယ်လိုမျက်နှာပြောင်တိုက်မှုနဲ့ ရှေ့တိုးရဦးမလဲ။

နောက်ဆုံးမှာတော့ တခြားသူတွေ မထိခိုက်ဖို့ သူ့နှလုံးသားကို စတေးပစ်လိုက်တယ်။ သနားတာလား။ ဟင့်အင်း၊ မသနားပါနဲ့လေ။ တကယ်တော့... ဒုတိယလူက သူကိုယ်တိုင်ပါပဲ။ ပြက်ရယ်မပြုရင်ဘဲ နေသာပါပြီ။ ဒါပေမဲ့ ခက်တာက သူ့ဆီကို စီးကူးလာတတ်တဲ့ အပူတွေပဲ။ သူ့မျက်လုံးတွေဆီကနေ ကူးလာတဲ့ အပူတွေ။ အခုဆိုရင်ပဲ အောင်ထွေး သူ့ကို ခပ်ဝေးဝေးကနေ လှမ်းငေးနေရင်းနဲ့တောင် သူ့ရင်ကို အပူမီးတွေ လာဟပ်နေတာများ၊ ပြာကျတော့မယ့်အတိုင်းပဲ။

"မင်း ဟိုကောင့်ဆီ ဖုန်းခေါ်လို့ရလား"

သူရက သူ့အစ်ကိုဝယ်ပေးထားသော ဖုန်းကို မျက်မှောင်ကြုံ့လျက် စိုက်ကြည့်ရင်း အောင်ထွေးနား ကပ်လာကာ ခပ်တိုးတိုးမေးသည်။ အောင်ထွေးသည် ခပ်လှမ်းလှမ်းရှိ လွန်းညီအား ကြည့်နေရာမှ အကြည့်လွှဲ၍ သူရကို ခေါင်းအသာခါပြလိုက်သည်။ သူရက သက်ပြင်းတစ်ချက်ကို အသာအယာ မှုတ်ထုတ်လိုက်သည်။ ထို့နောက် အောင်ထွေးနည်းတူ နံရံကို မှီလိုက်ပြီးနောက် အောင်ထွေး၏ စာရေးစားပွဲဘေးရှိ ထိုင်ခုံတွင် ထိုင်နေကြသော လွန်းညီနှင့် ခမ်းမောင်ကို လှမ်းကြည့်သည်။

လွန်းညီသည် ခေါင်းကိုငုံ့လျက် လက်နှစ်ဖက်ကို ယှက်သွယ်၍ စားပွဲပေါ်တင်ထားသည်။ ခမ်းမောင်က လွန်းညီ၏ လက်များကို ဆုပ်ကိုင်ပေးထား၏။ စောနတုန်းက လွန်းညီသည် ခမ်းမောင်၏ လက်များကို ခပ်တင်းတင်း ဆုပ်ကိုင်ပြီး မျက်နှာကို စားပွဲပေါ် မှောက်ချထားသည်။ အသံတိတ်ငိုနေဟန်ရှိသည်။

ထိုအချိန်တုန်းက အောင်ထွေး၏ နှလုံးသားမှာ ပြင်းထန်စွာ နာကျင်ခဲ့ရသည်။ လွန်းညီကို ပွေ့ဖက်၍ နှစ်သိမ့်ပေးချင်လာမိသည်။ ထိုအတွေးနှင့်အတူ တစ်ပြိုင်နက်တည်းမှာပင် သူ့တစ်ကိုယ်လုံး ပူလောင်လာသကဲ့သို့ ခံစားလိုက်ရ၏။ ခုမှဖြစ်တာတော့ မဟုတ်ပါ။ သူ လွန်းညီအနားကို တိုးကပ်သွားတိုင်း ထိုသို့သော ပူလောင်ခြင်းမျိုးကို ခံစားရတတ်သည်။ မရိုးသားသည့် သူ၏ စိတ်တွေအတွေက် လောကကြီးမှ သူ့အား ဒဏ်ခတ်ခြင်းပင် ဖြစ်လေမလား။

"ခွေးကောင်က ဖုန်းကို လုံးဝဆက်လို့မရဘူး၊ ခုချိန်ထိ စက်ပိတ်ထားတုန်းပဲ"

သူရ၏ စကားသံက အောင်ထွေး ကြားနိုင်ရုံ တိုးတိုးသာသာ။ လွန်းညီ၏ ပြောကြားချက်အရ အခြေအနေအရပ်ရပ်အားလုံးကို အောင်ထွေးနှင့် သူရအပြင်၊ ခမ်းမောင်လည်း သိပြီးပြီဖြစ်သည်။ စိတ်ဓာတ်ကျနေရှာသည့် လွန်းညီကို သနားလှသော်ငြား သူတို့ဘာလုပ်ပေးမည်မသိ။ မိသားစုကြားကိုလည်း ဘေးလူတွေမို့ ဝင်လို့ဖြစ်မည်မဟုတ်။ သူတို့လုပ်ပေးနိုင်တာဆိုလို့ လွန်းညီ ဖုန်းဆက်ခွင့်မရှိသည့် လင်းသစ်ကို ဆက်သွယ်ပေးဖို့သာရှိသည်။

ပထမနေ့တုန်းက လွန်းညီသည် သူတို့ရှေ့မှာ အားပါးရတကို ငိုချခဲ့သည်။ သူရက လင်းသစ်အား ဖုန်းဆက်မှရမည်ဟုဆိုကာ ဖုန်းဆက်ဖို့လုပ်တော့ တားရှာသည်။ အစ်ကို အလုပ်ပျက်နေလိမ့်မည်တဲ့။ နောက်ရက်မှာတော့ လွန်းညီ မငိုတော့ပါ။ အခုလို တိတ်တဆိတ်ပဲ မှိုင်တွေနေတော့သည်။ သူ့ဘေးမှာလည်း သည်ကိစ္စအတွက် တိုင်ပင်စရာမဟုတ်တောင် ဝမ်းနည်းမှုတွေကို ဖြေချဖို့ အောင်ထွေးတို့သုံးယောက်ပဲ ကျန်တော့သည်လေ။ သို့ရာတွင် လွန်းညီကသာ လင်းသစ်ကို ဖုန်မခေါ်ခိုင်းသော်ငြား လင်းသစ်ကို သူတို့ အစောကြီးကတည်းက ဖုန်းခေါ်လို့မရပါ။ လင်းသစ်ပြန်သွားပြီး နောက်တစ်နေ့ကတည်းက ဖြစ်သည်။ ဖုန်းဝင်သော်ငြား လုံးဝမျှမကိုင်။ နောက်တော့ စက်ပိတ်သွားသည်။ သူရကား လွန်စွာမှ ဒေါသထွက်နေသော်ငြား လွန်းညီရှေ့တွင်တော့ ဘာမှမဆိုချေ။ အောင်ထွေးလည်း ဒေါသထွက်မိပါသည်။ သို့ရာတွင် သူတို့ဘာမှမပြောနိုင်။

လင်းသစ်သည် လွန်ခဲ့သည့်သုံးရက်က သူတို့ဆီ ရောက်လာပြီး သူရအိမ်တွင်ပင် သူတို့သုံးဦးစုမိကြသည်။ လင်းသစ်က သူဩစတြေးလျသို့ ပညာသင်သွားရမည့်အကြောင်းကို ပြောပြလာသည်။ ထိုအခါ အောင်ထွေး ပေါက်ကွဲမိသည်။ နိုင်ငံခြားသို့ ပညာသွားသင်ပြီး သည်ကိုပြန်လာတဲ့သူဆိုတာ ဆယ်ယောက်မှာ ငါးယောက်တောင် ပြည့်တာမဟုတ်။ ထို့ကြောင့် အောင်ထွေး လင်းသစ်ကို ပြဿနာရှာခဲ့မိသည်။ ထိုတစ်ချိန်လုံးမှာ သူ တွေးနေမိသည်က လွန်းညီအတွက်ပဲ။ လင်းသစ် ထွက်သွားလျှင် လွန်းညီ ဘယ်လိုကျန်ခဲ့မလဲဆိုတာကိုပဲ တွေးပူနေခဲ့မိသည်။

"ခွေးသား"

သူရ၏ ခပ်ကျိတ်ကျိတ် ဆဲသံကြောင့် အောင်ထွေး အတွေးစများ ပြတ်သွားသည်။ သူရ၏ မျက်မှောင်တွေက ကြုံ့ထားဆဲပင်။

"သုထက်... သုထက်ဆီကိုရော ဖုန်းခေါ်လို့ရလား"

သူရသည် ယခုမှ စဥ်းစားမိဟန်ဖြင့် သုထက်အကြောင်းကို မေး၏။ အောင်ထွေး ခေါင်းကို ဒုတိယမ္ပိခါပြရင်း

"ငါ မနေ့က သူတို့အိမ်ဖုန်းနှစ်ခုလုံးကို ဆက်ကြည့်သေးတယ်။ သုထက်မရှိဘူးတဲ့။ သူ့အမေဖုန်းကတော့ မကိုင်ဘူး"

အောင်ထွေး၏ စကားအဆုံးတွင် သူရက သက်ပြင်းတစ်ချက်ကို ထပ်ချလိုက်သည်။ လွန်းညီကို သူတို့ သည်အကြောင်းမပြောရဲပါ။ တစ်ခုခုဖြစ်နေသလားဟုဆိုကာ တစ်ပူပေါ် တစ်ပူဆင့်၍ စိုးရိမ်နေမည်စိုးသောကြောင့်ဖြစ်သည်။ အောင်ထွေးကတော့ ထိုသို့ဖြစ်နေသည်ဟု မထင်မိ။ ဒုက္ခတစ်ခုခု ကြုံနေရလျှင်တော့ တစ်နည်းမဟုတ်၊ တစ်နည်းနှင့် သူတို့သိရလိမ့်မည်။ သုထက်သည်လည်း သေချာပေါက် ဖုန်းဆက်လိမ့်မည်။ ယခုက ရုတ်တရက်ကြီး အဆက်အသွယ် ပြတ်နေခြင်းဖြစ်သဖြင့် လင်းသစ်တစ်ယောက် တမင်သူတို့ဆက်တာကို မကိုင်သည်လားဟု မတင်မကျတွေးမိသည်။ အမှန်ဆိုလျှင် ဘာအတွက်လဲ။ အကြောင်းမဲ့တော့လည်း မဟုတ်နိုင်ဟု ထင်မိပြန်သည်။ အောင်ထွေး စဥ်းစားနေသော်ငြား အဖြေက ပေါ်မလာ။ သူတို့မြင်နေရသည်က တစ်ဖက်တည်းပေမို့ နှစ်ဖက်ဆုံးဖြတ်ရမည့် ကိစ္စကို မဖြေရှင်းနိုင်ကြခြင်းပင်။

"ဒါနဲ့... မင်း ရုံးမသွားဘူးလား"

သူရက ယခုမှာ သူ့အစ်ကိုနှင့်အတူ ရုံးတွင်အလုပ်လုပ်နေချေပြီဖြစ်ပြီး သည်နေ့နားနေသဖြင့် အောင်ထွေးမေးမိသည်။

"နားလိုက်တာ"

သူရက ထိုသို့သာဖြေပြီး လွန်းညီတို့ကို လှမ်းကြည့်နေပြန်သည်။

"လက်ဖက်ရည်ဆိုင်သွားမယ်ကွာ"

ရုတ်တရက်ကြီး လွန်းညီအနား ထသွားကာ သူရက သည်းမခံနိုင်တော့ဟန်ဖြင့် ပြောတော့သည်။ လွန်းညီက ကြောင်တောင်တောင်နှင့် မော့ကြည့်လာ၏။

"မှိုင်မနေနဲ့တော့၊ လက်ဖက်ရည်ဆိုင် သွားထိုင်ရအောင်"

သူရက လွန်းညီအား ငြင်းခွင့်မပေးဘဲ လက်ကိုဆွဲ၍ ထစေသည်။ ထို့နောက်တော့ သူရ၏ သဘောအတိုင်း အောင်ထွေးတို့သုံးဦး အနီးရှိ လက်ဖက်ရည်ဆိုင်ကို ထွက်လာလိုက်ရသည်။

လက်ဖက်ရည်ဆိုင်က သိပ်တော့အကျယ်ကြီး မဟုတ်ပါချေ။ စားပွဲခုံပုလေး လေးငါးလုံးနှင့် ကောင်တာအသေးလေးတစ်ခုသာရှိသည့် ဆိုင်ငယ်လေးဖြစ်သည်။ သို့ရာတွင် အပြင်အဆင်ကား သပ်ရပ်သည်၊ သန့်ရှင်းသည်။ သည်ရက်ပိုင်းတွင်း အောင်ထွေးနှင့် သူရတို့ အမြဲလိုလို ထိုင်ဖြစ်သည့် ဆိုင်လေးလည်း ဖြစ်သည်။

သူတို့လေးယောက် စားပွဲတစ်ခုမှာ ဝင်ထိုင်လိုက်ကြပြီး လက်ဖက်ရည်ကိုယ်စီ မှာလိုက်ကြသည်။ လွန်းညီကတော့ ခေါင်းကိုသာ ငုံ့ထားရင်း ဆိတ်ဆိတ်နေနေမိသည်။ သူ့ကြောင့်နှင့် အခြားသူများကိုပါ စိတ်မပင်ပန်းစေချင်သော်ငြား မည်သို့မှလည်း ဟန်ဆောင်ပြီးမနေနိုင်ပါချေ။

အစ်ကိုနှင့် အဆက်အသွယ် ပြတ်နေသည့်တစ်လျှောက်လုံး လွန်းညီ ဘယ်လိုမှ အဆင်ပြေမနေပါ။ အိပ်လို့လည်း မပျော်။ ဖေဖေတို့နှင့်လည်း တစ်အိမ်တည်းနေနေသော်ငြား အနေစိမ်းလာသည်ဟု ခံစားရသည်။ ဘာစာမှလည်း မလုပ်ဖြစ်တော့။ တရုတ်စကားပင်အောက်မှာ သွားထိုင်ချင်ရင် ထိုင်၊ ခမ်းမောင်တို့နှင့် သွားတွေ့ချင်ရင် သွားတွေ့သည်။ အစ်ကိုသူရဆီမှ အစ်ကို့ဂစ်တာလေးကို အိမ်မှာပါယူပြီး တီးဖြစ်သည်။ တစ်နေ့ကဆိုလျှင် အကြာကြီး ထိုင်တီးနေခဲ့မိရာ လက်တွေပင် ထုံကျဥ်လာခဲ့သည်။ သည်ရက်တွေမှာ စိတ်ပင်ပန်းမှုတွေ၊ အားငယ်မှုတွေနှင့် ဝမ်းနည်းမှုတွေဟာ အတိုင်းအဆ မဲ့ခဲ့သည်။ အစ်ကိုနှင့် ဝေးရာ၊ အစ်ကို့အသံတွေနှင့် ကင်းမဲ့ရာ၊ အစ်ကို့အသက်ရှူသံတွေ ဆိတ်သုဥ်းရာ ဤအရပ်တွင် မည်သို့ပင်ဖျော်ဖျော် လွန်းညီ မပျော်နိုင်ပါ။

"အစ်ကိုလင်းသစ်နဲ့ အဆက်အသွယ်ရှိကြသေးလား"

ရောက်ရှိလာသည့် လက်ဖက်ရည်တို့ကို ကိုယ်စီသောက်နေရင်း ခမ်းမောင်က အစ်ကိုသူရတို့ကို ကြည့်၍ မေးသည်။ အစ်ကိုသူရက အစ်ကို့ထံ ဖုန်းဆက်မည်ဟုဆိုသော်ငြား အစ်ကို အလုပ်ပိုနေမည်ကို စိုးသဖြင့် လွန်းညီ မဆက်ခိုင်းခဲ့ပါ။ ထို့ကြောင့် အစ်ကို့အကြောင်းကိုလည်း တစ်စိုးတစ်စိမျှ မကြားရသေးပေ။ အမှန်တိုင်းပြောရလျှင်တော့ လွန်းညီ အိပ်မပျော်ခြင်းမှာ စိတ်ရှုပ်လွန်းသည့်အပြင် အစ်ကို့ကိုလည်း စိုးရိမ်နေမိသောကြောင့်လည်းဖြစ်သည်။ သူ့အကြောင်းကို ပြောမှာစိုး၍သာ မဆက်ခိုင်းမိသော်ငြား ဘာသတင်းမှမကြားရသည့် ဤအခြေအနေမှာလည်း လွန်းညီ နေမထိ၊ ထိုင်မသာ ဖြစ်နေရသည်။

"ဒီကိစ္စတွေကို မသိစေချင်ရင်တောင် ခုလိုကြီးက အဆင်မပြေဘူးလားလို့။ အဆက်အသွယ် ဖြတ်ထားသလို ဖြစ်နေတယ်ထင်တယ်"

ခမ်းမောင်၏ အပြောကို လွန်းညီ အသံတိတ်တော့ ထောက်ခံမိသည်။ အဲ့သလိုဖြစ်နေမှန်းတော့ လွန်းညီ သိပါသည်။ သို့ရာတွင် ဖုန်းဆက်လျှင်ဖြစ်စေ၊ အဆက်အသွယ်ရလျှင်ဖြစ်စေ သည်ကိစ္စကို အစ်ကိုသိသွားနိုင်သည်မဟုတ်လား။

အစ်ကိုအောင်ထွေးနှင့် အစ်ကိုသူရက သူတို့အား ကြည့်နေသော လွန်းညီနှင့် ခမ်းမောင်ကို ကြည့်သည်။ ထို့နောက် အချင်းချင်း ပြန်ကြည့်သည်။ သူတို့နှစ်ဦးသည် ပြောရခက်နေသည့်ပုံဖြစ်နေသဖြင့် လွန်းညီ ထိတ်ခနဲ စိုးရိမ်သွားမိကာ မျှော်လင့်တကြီး ကြည့်မိသည်။ အစ်ကိုအောင်ထွေးကား ခေါင်းငုံ့ကာ မျက်နှာလွှဲသွားပြီး အစ်ကိုသူရက နှုတ်ခမ်းကို လျှာနှင့်သပ်လိုက်သည်။ စကားပြောရန် အရှိန်ယူသည့်ဟန်။

"ငါတို့... လင်းသစ်ကို ဖုန်းဆက်ပေမဲ့ ခေါ်လို့မရဘူး။ ဖုန်းမကိုင်ဘူး"

လွန်းညီ ရင်တွေ ဗြောင်းဆန်သွားသည်။ အစ်ကို တစ်ခုခုများ ဖြစ်နေသည်လား။

"သူ မအားလို့ မကိုင်ဖြစ်တာနေမှာပါ၊ လွန်းညီ။ မစိုးရိမ်ပါနဲ့"

အောက်နှုတ်ခမ်းကို ဖိကိုက်ရင်း အသက်ရှူသံတွေ ပြင်းလာသည့်သူကို အစ်ကိုအောင်ထွေးက သတိထားမိဟန်နှင့် နှစ်သိမ့်လာသည်။ လွန်းညီ၏ မျက်လုံးများ ပူစပ်လာသည်။ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မျက်ရည်များ ကျဆင်းမလာမီ တားရသည်။

"လွန်းညီ..."

အစ်ကိုအောင်ထွေးက သူ့အား မသက်မသာကြည့်ရင်း ခေါ်လာသောအခါ လွန်းညီ ပြုံးပြလိုက်ပြီး ခေါင်းညိတ်ပြရသည်။ အမှန်တော့ လွန်းညီ ရင်တွေတုန်နေသည်။ အစ်ကို တစ်ခုခုများ ဖြစ်နေသည်လားဆိုသည့် အတွေးက သူ့အား နှိပ်စက်နေ၏။

"ခမ်းမောင်၊ မင်းရော သုထက်နဲ့ အဆက်အသွယ်ရှိလား"

"မနေ့ကတော့... ဖုန်းပြောဖြစ်တယ်။ အစ်ကိုလင်းသစ် အိမ်ပေါ်က ဆင်းသွားတယ်လို့ပဲ သိရတယ်"

"ဟမ်..."

အစ်ကိုသူရ၏ အာမေဍိတ်သံ။ လွန်းညီ အပါအဝင်သုံးယောက်စလုံး ခမ်းမောင်ကို ကြည့်လိုက်မိသည်။ ခမ်းမောင်ကား ကုန်ခါနီး သူ၏လက်ဖက်ရည်ခွက်ကိုသာ ခပ်စိုက်စိုက်ကြည့်ရင်း သက်ပြင်းကို အသာချသည်။

"ဘာလို့လဲဟင်..."

လွန်းညီ၏ မေးသံကား တုန်တုန်ယင်ယင် ထွက်လာ၏။ ခမ်းမောင်တစ်ယောက် သည်စကားကို ဘာကြောင့်များ အခုမှပြောရသလဲဟု လွန်းညီ တွေးလို့မရ။ ခမ်းမောင်က အောက်နှုတ်ခမ်းကို တစ်ချက်ကိုက်ပြီး ခေါင်းခါပြသည်။

"မသိဘူး"

လွန်းညီ ငိုမချမိဖို့ အတင်းထိန်းလိုက်ရသည်။ ခမ်းမောင်က သူ့ပုခုံးကို အသာဆုပ်ကိုင်ပေးလာ၏။ လွန်းညီ အတွေးတွေ ရှုပ်လွန်းလို့ ရူးသွားတော့မလို ခံစားနေရသည်။ အစ်ကို အဆင်မှပြေပါရဲ့လား။ လွန်းညီက အိမ်တွင်းရှိ သွေးအေးစစ်ပွဲကြောင့် မပြေလည်သော်ငြား အစ်ကိုက အဝေးသွားရတော့မည့်သူဖြစ်သည်။ တစ်ခုခုများ အနှောင့်အယှက် ကြုံနေရသလား။ လွန်းညီ တကယ်ကို မတွေးတတ်တော့ချေ။

ထိုညက လွန်းညီတစ်ယောက် မအိပ်မီ ဘုရားရှိခိုးပြီး အစ်ကို အစစအရာရာ အဆင်ပြေစေရန် မြတ်စွာဘုရားရှင်ထံတွင် ဆုတောင်းခြင်းအမည်တပ်ကာ အပူကပ်ခဲ့မိပါသည်။

~~~~~~~~~~~~~~~
၂၈.၁၂.၂၀၂၄

°°°°°°°°°

Zawgyi

ေႏြဦးေန႔ခင္းသည္ မိုးရိပ္တို႔ျဖင့္ ေအးျမေနသည္။ မိုးသားတိမ္လိပ္တို႔သည္ ေကာင္းကင္ထက္တြင္ တျဖည္းျဖည္း ေနရာယူလာသည္။ မေန႔ကတင္ ေနသာေနခဲ့ေသာ ေကာင္းကင္ႀကီးကား ယေန႔တြင္ေတာ့ အုံ႔မႈိင္းေန၏။ တ႐ုတ္စကားပင္တန္းႀကီးကား လမ္းတစ္ဖက္တြင္ အျပည့္။ ေနာက္ဆုံးရွိအပင္ငယ္ေလးတြင္ ပြင့္ခ်ပ္အရင္း၌ အဝါေရာင္သန္းေနေသာ တ႐ုတ္စကားပန္းတစ္ဆုပ္ ပြင့္ေနသည္။

လြန္းညီသည္ ထိုအပင္ေလးေဘးတြင္ ေဆာင့္ေၾကာင့္ထိုင္လ်က္ ပန္းပြင့္ေလးမ်ားအား ေမာ့ေငးေနမိသည္။ အပင္ေလးမွာ ထြားလာသျဖင့္ ထိုင္ေနသူလြန္းညီအဖို႔ ေမာ့ၾကည့္ေနရသည့္ အေျခအေနပင္။  ရႈိက္ႀကီးတငင္ ငိုေႂကြးထားသျဖင့္ မို႔အစ္ေနသည့္ မ်က္လုံးမ်ားသည္ က်ိန္းစပ္လို႔ေနသည္။ မေနႏိုင္သျဖင့္ မွိတ္ခ်မိသည့္အခါ ပူစပ္လွသည္။ လြန္းညီသည္ မမွီ႔တမွီႏွင့္ ပန္းပြင့္ေလးမ်ားကို လွမ္း၍ ထိေတြ႕မိသည္။ လႈိက္တက္လာသည့္ ရင္တြင္းက ဝမ္းနည္းမႈသည္ မ်က္ရည္မ်ားကို ထပ္မံသယ္ေဆာင္လာသည္။ ေဝ့တက္လာသည့္ မ်က္ရည္မ်ားကို လက္တစ္ဖက္ႏွင့္ သုတ္ပစ္ရင္း ရႈိက္သံမ်ားကို ၿမိဳသိပ္လိုက္မိျပန္သည္။

တကယ္ေတာ့ သူ႔အေနႏွင့္ မ်က္ရည္က်႐ုံသာ တက္ႏိုင္ေတာ့ၿပီး ရႈိက္သံပင္ မထြက္ႏိုင္ေအာင္ ပင္ပန္းေနၿပီျဖစ္သည္။ ဘာဆက္လုပ္ရမည္ကိုလဲ မသိေတာ့ေခ်။ စိတ္ေတြအရမ္းမြန္းက်ပ္ၿပီး ရႈပ္ေထြးေနသည္။ ျဖစ္ႏိုင္လွ်င္ အစ္ကို႔ကို ရင္ဖြင့္ေျပာျပၿပီး ငိုခ်ပစ္ခ်င္သည္။ အစ္ကိုသာဆိုလွ်င္ သူ႔ေက်ာကို ခပ္ဖြဖြပုတ္ေပးရင္း၊ သူေခါင္းကို အသာပြတ္သပ္ေပးရင္း အားေပးစကားမ်ားဆိုေနလိမ့္မည္။ ၿပီးလွ်င္ သူ႔ကိုေနာက္မွာထားကာ အရာအားလုံးကို ရင္ဆိုင္ေျဖရွင္းလိမ့္မည္။

သို႔ရာတြင္ လြန္းညီ ဘယ္လိုစိတ္နဲ႔မ်ား လုပ္ရက္ႏိုင္မလဲ။ အစ္ကိုကိုယ္တိုင္က အလုပ္ေတြရႈပ္ေနခ်ိန္မွာ လြန္းညီ ဘယ္လိုစိတ္မ်ိဳးနဲ႔ သြားၿပီးအပူကပ္ရက္ႏိုင္မလဲ။ ဘာမွမကူညီႏိုင္သူမို႔ ဘာမွလည္းမေႏွာင့္ယွက္လိုပါ။ အစ္ကို ေလွ်ာက္လွမ္မယ့္ လမ္းအတြက္ ေလွကားတစ္ထစ္မျဖစ္ႏိုင္လွ်င္ေတာင္ ဆူးေညႇာင့္ခလုတ္ေတာ့ မျဖစ္လို။ ထို႔ေၾကာင့္ပင္ အစ္ကို႔ထံ ဆက္သြယ္ဖို႔ အစ္ကိုသူရ ႐ုံးသြားေနသျဖင့္ အစ္ကိုေအာင္ေထြးဆီ လွမ္းေနသည့္ သူ႔ေျခလွမ္းမ်ားက ဦးတည္ရာေျပာင္းလာခဲ့ျခင္းျဖစ္သည္။ ထို႔ေနာက္ တ႐ုတ္စကားပင္တန္းေအာက္မွာ ဒူးတုပ္ထိုင္ကာ ဒူးေပၚမ်က္ႏွာကိုအပ္၍ ငိုေနခဲ့မိသည္။ လမ္းသြားလမ္းလာေတြရွိေသာ္ျငား လြန္းညီ မရွက္ႏိုင္။ သူ႔စိတ္ပင္ပန္းမႈေတြကို ဘယ္သူမွနားလည္ႏိုင္မွာမွမဟုတ္ဘဲေလ။

ေဖေဖတို႔သည္ ဘာ့ေၾကာင့္မ်ား လက္ခံႏိုင္ရန္ ဤမွ်ခက္ခဲေနသလဲဟု လြန္းညီ မခံခ်င္စြာ၊ ဝမ္းနည္းစြာ ေတြးမိသည္။ ႐ိုးရွင္းလွေသာ သူတို႔၏ ခ်စ္ျခင္းသည္ ဘာေတြကိုမ်ား ဖ်က္ဆီးေနလို႔လဲ။ ဘယ္သူေတြကိုမ်ား ထိခိုက္ေနလို႔လဲ။ လြန္းညီသည္ ေမးခြန္းမ်ားစြာထုတ္ေနေသာလည္း ေျဖသူကား မရွိ။ အေျဖကား ဗလာနတၳိ။

အျခားေမးခြန္းမ်ားကို မစဥ္းစာႏိုင္သည့္အဆုံး အစ္ကို႔အေဝးမွာ သူ တစ္ေယာက္တည္း သည္အရာေတြကို ဘယ္လိုရင္ဆိုင္ရမလဲဟု ေျပာင္းေတြးရသည္။ သို႔ရာတြင္လည္း သူ အေျဖကို မသိေခ်။ အစ္ကိုႏွင့္ အဆင္ေျပခ်င္သည္၊ ေဖေဖတို႔ကို နားလည္ေစခ်င္သည္။ လြန္းညီ ထိုမွ်သာ သိသည္။ ထိုဆႏၵတို႔သာရွိသည္။ ဘယ္လိုလုပ္ရမည္ကို မသိ။

ေဖေဖတို႔ႏွင့္ ရင္ဆိုင္ရမွာကို ေၾကာက္သည္၊ အစ္ကိုႏွင့္ ေဝးမွာကိုလည္း ေၾကာက္သည္။ တကယ္ေတာ့ လြန္းညီ အကုန္ကိုေၾကာက္ေနမိသည္။ သူ႔မွာ ဘယ္အရာကိုမွ ရင္ဆိုင္ဖို႔ ခြန္အားမရွိေပ။ စိတ္ညစ္စရာေကာင္းလွေသာ ဤအေျခအေနတြင္ ဘာမွမတတ္စြမ္းႏိုင္သည့္ သူ႔ကိုယ္သူသာ စိတ္ပ်က္လာမိေတာ့သည္။ ငိုခ်င္ေနမိသည့္စိတ္ကိုလည္း သူ ႐ိုက္ခ်ိဳးပစ္ခ်င္မိသည္။

သူ တကယ္ကို သတၱိမရွိဘူးပဲ၊ ဘာမွလည္း မလုပ္ႏိုင္ဘူး။ သည္လိုဆို... လမ္းတစ္ခုပဲ ရွိေတာ့မွာလား။ မရဘူးေလ။ အစ္ကိုနဲ႔သာ တကယ္ႀကီး အၿပီးအပိုင္ ေဝးသြားရရင္ လြန္းညီ ႐ူးသြားလိမ့္မယ္။ လြန္းညီ ဘာေတြဆက္လုပ္ရေတာ့မလဲ။

•••••••••••

ကိုယ္ခ်စ္ရသူတစ္ေယာက္က သူခ်စ္တဲ့သူေၾကာင့္ ကိုယ့္ေရွ႕မွာ ၿပိဳလဲေနတာကို ျမင္ဖူးၾကလား။ ျမင္ဖူးတယ္ဆိုရင္ေတာ့ ေအာင္ေထြးေနာင္ဆိုတဲ့ သူ႔ကို နားလည္ေပးႏိုင္ၾကမယ္ထင္ပါရဲ႕။ ဝဋ္နာကံနာက်ေနသလို ခံစားခ်က္မ်ိဳးေလ။ သူ႔ရဲ႕ မွိန္ေဖ်ာ့ေနတဲ့ မ်က္လုံးေတြကို ျမင္ရတိုင္း ရင္ထဲက တဆစ္ဆစ္နာရတယ္။ မ်က္ရည္စေတြကိုျမင္တိုင္း ႏွလုံးသားက တေျမ့ေျမ့ ေလာင္ကြၽမ္းရတယ္။ ေအာင္ေထြးရဲ႕ ရင္ကို လာလာဟပ္တဲ့ အပူမီးဟာ သူ႔ဆီက၊ သူခ်စ္တဲ့သူေၾကာင့္ ျဖစ္လာတဲ့ မီးေတြတဲ့။

ေအာင္ေထြး ဘာလုပ္ေပးႏိုင္မလဲလို႔ စဥ္းစားၾကည့္ရတယ္။ အဲ့မီးေတြကို ဘယ္လိုျငႇိမ္းေပးရမလဲေပါ့။ မရဘူး။ ဘာမွလုပ္ေပးလို႔မရဘူး။ ဟိုအရင္ကလိုပဲေလ။ ဒါေပမဲ့ ခက္တာက ဆံပင္ေတြကို က်စ္က်စ္ပါေအာင္ ဆြဲဆုပ္ၿပီးေတာင္ မငိုႏိုင္ေတာ့တာဘဲ။ အားနည္းေဖ်ာ့ေတာ့ေနတဲ့ သူ႔ကို ေငးၿပီး စိတ္ေတြတျဖည္းျဖည္း က်ိဳးေၾကလာတာကိုပဲ ေစာင့္ေနရတယ္။ အဲဒီစိတ္အက်ိဳးအပဲ့ေတြထဲ ဒီခံစားခ်က္ေတြ ပါသြားဖို႔ ေမွ်ာ္လင့္မိတယ္။

ေနာက္ပိုင္းမွာ ေအာင္ေထြး သိလိုက္ရတာတစ္ခုက သူ႔အခ်စ္က က်ိန္စာသင့္ေနတယ္ဆိုတာပဲ။  ဟုတ္တယ္၊ မျဖစ္သင့္တဲ့သူေတြအေပၚပဲ သူ႔စိတ္က တိမ္းၫႊတ္ေနတတ္တာ။ မျပစ္မွားထိုက္တဲ့ ဆရာအေပၚ၊ ကိုယ့္သူငယ္ခ်င္းရဲ႕ ခ်စ္သူအေပၚ။ စိတ္ယိုင္တာလို႔ အလြယ္တကူ ေျပာရေလာက္ဖို႔က် ဒီခံစားခ်က္ေတြ​ေၾကာင့္ သူကိုယ္တိုင္လည္း အမ်ားႀကီးခံစားခဲ့ရတာမို႔ မလြန္လြန္းဘူးလား။ အခ်စ္လို႔လည္း... ေခါင္းစဥ္တပ္ဖို႔  သူ မဝံ့ရဲပါဘူး။ အဲ့လိုသတ္မွတ္လိုက္ရင္ သူ႔အခ်စ္က တန္ဖိုးမဲ့သြားလိမ့္မယ္။ ဒါေပမဲ့လည္း... သူ မလိမ္ခ်င္ျပန္ဘူး။

ဒါေၾကာင့္... အျပစ္မကင္းတဲ့ ခ်စ္ျခင္းတရားလို႔ပဲ သတ္မွတ္ခဲ့လိုက္တာ။ အဲဒီခ်စ္ျခင္းေတြထဲမွာ ခပ္ေဝးေဝးေျပးရင္း ေဆြးခဲ့ရတဲ့ ေန႔ရက္ေတြပဲ အမ်ားဆုံး ေနရာယူထားတယ္။ မထိန္းခ်ဳပ္ႏိုင္ျခင္းေတြနဲ႔ ေရွ႕တိုးမိတဲ့ေန႔ေတြမွာေတာ့ တစ္စုံတစ္ေယာက္ရဲ႕ မ်က္ႏွာကို ခဏခဏ ျမင္ေယာင္ၿပီး စိတ္ေတြ ပူေလာင္ရတယ္။ ၾကာလာေတာ့ ကိုယ့္ကိုယ္ကိုယ္ေတာင္ မသတီေတာ့ဘူး။ ၿပီးေတာ့... မုန္းလည္းမုန္းတယ္။

ေရွ႕ဆက္တိုးဖို႔လည္း မဝံ့သလို၊ အေနာက္လည္း မဆုတ္ရဲျပန္ဘူး။ သူ႔ေရွ႕မွာ သူ႔ဦးေႏွာက္ရွိတယ္။ ၿပီးေတာ့ ေျပာေနတယ္။ ေရွ႕ဆက္မတိုးနဲ႔တဲ့။ ဘယ္ေလာက္ပဲ အခ်စ္လို႔ေျပာေျပာ အျပစ္မကင္းတဲ့၊ ေနာင္တမကင္းတဲ့ ဒီခံစားခ်က္ေတြကိုေတာ့ သူ႔ကို မေဖာ္ျပနဲ႔တဲ့။ အေနာက္ဆုတ္ဖို႔ ႀကံ႐ြယ္ေတာ့လည္း အေနာက္မွာ သူ႔ရဲ႕ႏွလုံးသားရွိေနျပန္တယ္။ သူကေတာ့ ဆိတ္ဆိတ္ေနေနပါတယ္ေလ။ ဒါေပမဲ့... ေအာင္ေထြး ဘယ္လိုစိတ္နဲ႔ ျဖတ္နင္းသြားရက္ရမလဲ...။ ဒါေပမဲ့လည္း... ဘယ္လိုမ်က္ႏွာေျပာင္တိုက္မႈနဲ႔ ေရွ႕တိုးရဦးမလဲ။

ေနာက္ဆုံးမွာေတာ့ တျခားသူေတြ မထိခိုက္ဖို႔ သူ႔ႏွလုံးသားကို စေတးပစ္လိုက္တယ္။ သနားတာလား။ ဟင့္အင္း၊ မသနားပါနဲ႔ေလ။ တကယ္ေတာ့... ဒုတိယလူက သူကိုယ္တိုင္ပါပဲ။ ျပက္ရယ္မျပဳရင္ဘဲ ေနသာပါၿပီ။ ဒါေပမဲ့ ခက္တာက သူ႔ဆီကို စီးကူးလာတတ္တဲ့ အပူေတြပဲ။ သူ႔မ်က္လုံးေတြဆီကေန ကူးလာတဲ့ အပူေတြ။ အခုဆိုရင္ပဲ ေအာင္ေထြး သူ႔ကို ခပ္ေဝးေဝးကေန လွမ္းေငးေနရင္းနဲ႔ေတာင္ သူ႔ရင္ကို အပူမီးေတြ လာဟပ္ေနတာမ်ား၊ ျပာက်ေတာ့မယ့္အတိုင္းပဲ။

"မင္း ဟိုေကာင့္ဆီ ဖုန္းေခၚလို႔ရလား"

သူရက သူ႔အစ္ကိုဝယ္ေပးထားေသာ ဖုန္းကို မ်က္ေမွာင္ႀကဳံ႕လ်က္ စိုက္ၾကည့္ရင္း ေအာင္ေထြးနား ကပ္လာကာ ခပ္တိုးတိုးေမးသည္။ ေအာင္ေထြးသည္ ခပ္လွမ္းလွမ္းရွိ လြန္းညီအား ၾကည့္ေနရာမွ အၾကည့္လႊဲ၍ သူရကို ေခါင္းအသာခါျပလိုက္သည္။ သူရက သက္ျပင္းတစ္ခ်က္ကို အသာအယာ မႈတ္ထုတ္လိုက္သည္။ ထို႔ေနာက္ ေအာင္ေထြးနည္းတူ နံရံကို မွီလိုက္ၿပီးေနာက္ ေအာင္ေထြး၏ စာေရးစားပြဲေဘးရွိ ထိုင္ခုံတြင္ ထိုင္ေနၾကေသာ

You are reading the story above: TeenFic.Net