Unicode
ခြောက်နာရီကျော်ကျော်သာ ရှိသေးသည့် အချိန်ဖြစ်သဖြင့် နွေဦးနံနက်ခင်းလေးသည် မြူနှင်းမှုန်ပျပျတို့၏ နေရာယူခြင်းကို ခံထားရသည်။ လေနုအေးလေးများ ဖြတ်တိုက်သွားမှုကြောင့် ပတ်ဝန်းကျင်သည် အေးမြလျက် နေ့သစ်အတွက် လန်းဆန်းတက်ကြွနေဟန်ရှိသည်။
လမ်းတစ်ကြောရှိ အစိုးရပိုင် ခြံဝင်းကျယ်ကြီးများနှင့် ပုံစံတူဆောက်ထားသော နှစ်ထပ်တိုက်အိမ်ကြီးများသည် အစိုးရလုပ်ငန်းတစ်ခုမှ ရာထူးကြီးသည့် သူများအတွက် ပေးအပ်ထားသည့် အိမ်ရာများပင်ဖြစ်သည်။ ထိုကဲ့သို့ ပုံစံတူခြံဝင်းကြီးများအနက် ခြံတစ်ခုအတွင်းရှိ လူအချို့သည် ကားနောက်ခန်းအတွင်းသို့ သိပ်မများသည့် အထုပ်အပိုးများကို ထည့်လျက် အလုပ်ရှုပ်နေကြသည်။ အကုန်ထည့်ပြီး၍ အားလုံးပြီးစီးသွားချိန်တွင်တော့ သွားမည့်ခရီးအား စတင်ရန် ပြင်ကြသည်။
"အကုန်အဆင်သင့်ဖြစ်ပြီဆိုရင် သွားရအောင်"
ဒေါ်ယဥ်ယဥ်အောင်သည် သားဖြစ်သူ လင်းသစ်မာန်နှင့် သုထက်မာန်ကို ဆော်သြလျက် ကားရှေ့ခန်းသို့ ဝင်ထိုင်လိုက်သည်။ ညီအစ်ကိုနှစ်ယောက်သည် သူတို့၏ ဖခင်ဖြစ်သူ ဦးဟိန်းမာန်အား နှုတ်ဆက်ပြီးနောက် ကားထဲသို့ ဝင်လာကြသည်။ လင်းသစ်သည် မာမီနှင့်အတူ တစ်လှည့်စီကားမောင်းမည်ဖြစ်ပြီး အလျင်မောင်းမည်ဖြစ်သဖြင့် ရှေ့ခန်းဒါရိုက်ဘာခုံ၌ ဝင်ထိုင်လိုက်သည်။ သုထက်ကတော့ အနောက်ခန်းတွင် ကားထိုင်ခုံပေါ် ခြေပစ်လက်ပစ်မှီထိုင်လိုက်သည်။
အနက်ရောင်ကားလေးသည် ခြံဝင်းထဲမှ စတင်ထွက်ခွာလာချေပြီဖြစ်သည်။ လင်းသစ် မောင်းနှင်လာသော ဒေါ်ယဥ်ယဥ်အောင်၏ ကားလေးသည် သူတို့၏ ယခင်ခြံဝင်းအတွင်းမှ ထွက်လာချိန်တွင် ထိုခြံအနီးရှိ သော်ကပန်းရုံလေးအနား၌ စက်ဘီးတစ်စီးနှင့် ကောင်ငယ်လေးတစ်ယောက်ရှိနေသည်။ ထိုကောင်ငယ်လေးသည် ရှေ့သို့ မပြင်းသောအရှိန်နှင့် ထွက်ခွာသွားသော ထိုကားကို မမှိတ်မသုန်ဖြင့် တိတ်ဆိတ်ငြိမ်သက်စွာ ငေးကြည့်နေပါသည်။
စိမ်းစိမ်းစိိုစို မြင်ကွင်းများသည် တရိပ်ရိပ်နှင့် နောက်ကျန်ရစ်ခဲ့သည်။ သုထက်သည် ကားမှန်ချထားပြီး ထိုမြင်ကွင်းများကို တိတ်တဆိတ် ငေးကြည့်နေမိသည်။ ကားကပင် ထွက်နေပြီမို့ သူငယ်ချင်းများကိုလည်း မျှော်မနေမိတော့ပါ။ လင်းသစ်ကိုယ်တိုင်ကိုက ထွက်မည့်အချိန်က စောသေးသဖြင့် မည်သူ့ကိုမျှ မလာရန် ပြောခဲ့သည်လေ။
သုထက်သည် သည်မြေတွင် နေထိုင်ခဲ့သည်မှာ တစ်နှစ်ပင် မပြည့်ခဲ့ပါ။ သို့သော် သူ့အတွက်တော့ တစ်သက်မမေ့ရက်နိုင်သည့် အမှတ်တရများသည် နှလုံးသားထဲတွင် ခြေကုပ်ယူခဲ့ပြီဖြစ်သည်။ အိမ်ဟူသည့် ခံစားချက်အစစ်အမှန်ကို ပေးစွမ်းခဲ့သည့် သည်မြို့လေးထံသို့ အခွင့်အခါသင့်ပါက တစ်ကြိမ်မျှဖြစ်ဖြစ် ပြန်လာချင်မိပါသည်။
လင်းသစ် မောင်းနှင်နေသည့် ကားလေးသည် ဖြည်းဖြည်းနှင့် မှန်မှန်သာ သွားနေသည်။ မန္တလေးမှာရှိစဥ်ကတည်းက ကားမောင်းခြင်းကို သင်ယူခဲ့ခြင်းဖြစ်ပြီး ကျွမ်းကျွမ်းကျင်ကျင်တော့ သူ မောင်းတတ်နေပြီဖြစ်သည်။ သို့သော် ခပ်မတ်မတ် မြေပြင်အနေအထားတို့ကြောင့် သတိထား၍ မောင်းနေရသည်။ တစ်ခါတစ်ခါတော့ ကားပြတင်းပေါက်မှ မြင်နေရသည့် မြင်ကွင်းတို့ကို ငေးမောမိ၏။ သစ်ပင်ပန်းမန်များ၊ နေအိမ်အဆောက်အဦးများ၊ စျေးဆိုင်များ၊ ဆိုင်ခန်းများ။ ထိုအရာများကို ချန်ရစ်ပြီး ထွက်ခွာလာချိန်တွင် သူ့နှလုံးသားကတော့ ထိုအရာများနှင့်အတူ တစ်စုံတစ်ယောက်၏ အနား၌ ကြွင်းကျန်ရစ်ခဲ့သည်။
ဒေါ်ယဥ်ယဥ်အောင်သည်လည်း ပြင်ဦးလွင်မြို့၏ အေးချမ်းသာယာသော မြင်ကွင်းများကို ငေးကြည့်နေမိသည်။ ပြီးနောက် အနောက်ခန်း၌ မှိုင်တွေတွေဖြင့် အပြင်သို့ ငေးနေသည့် သားငယ်ဖြစ်သူ သုထက်မာန်ကို ကားနောက်ကြည့်မှန်မှတစ်ဆင့် လှမ်းကြည့်လိုက်၏။
"သားငယ်"
သူမခေါ်လိုက်တော့ သားငယ်က ယောင်လည်လည်ဖြင့် လှည့်ကြည့်လာရှာသည်။ ဒေါ်ယဥ်ယဥ်အောင်သည် ချိုသာစွာ ပြုံးပြလျက်
"သားငယ်က မာမီနဲ့ လိုက်လာရတာ မပျော်ဘူးလား"
"မဟုတ်ပါဘူး..."
သုထက်က အသံတိုးတိုးဖြင့် ပြန်ဖြေသည်။
"ဒီမှာပျော်နေပုံပဲ၊ ဟုတ်လား။ သူငယ်ချင်းတွေနဲ့ အဆင်ပြေရဲ့လား"
သုထက်၏ မျက်နှာမှာ ရုတ်တရက် တောက်ပလာပြီး ခေါင်းကို တဆတ်ဆတ် ညိတ်လျက် ဖြေသည်။
"ဟုတ်တယ်။ အဆင်ပြေတယ်။ သူငယ်ချင်းတွေက သားအပေါ် တကယ်ကောင်းတယ်။ ဂရုလည်းစိုက်တယ်။ နောက်တစ်ခါကျရင် မာမီနဲ့ တွေ့ပေးမယ်လေ"
"သား သဘောပါ"
သုထက်၏ အားရဝမ်းသာစကားတို့ကို မာမီက ခေါင်းတညိတ်ညိတ်ဖြင့် ပြန်ဖြေလိုက်သည်။ သုထက်သည် ခုနကနှင့် မတူတော့ဘဲ အနည်းငယ် ရွှင်လန်းလာသည်။ ထို့နောက် လင်းသစ်၏ MP3 Playerကို ထုတ်ယူပြီး သီချင်းနာထောင်ရန် ရှာကြည့်မိသည်။ သို့သော် သူတွေ့ရသည် သူ မရင်းနှီးလှသည့် ဟိုအလျင်က သီချင်းများသာဖြစ်နေသည်။
"သားကြီးလည်း တော်တော်တောင် ကားမောင်းကျွမ်းနေပြီပဲ။ ဆိုင်ကယ်စီးရော ရနေပြီမလား။ မန္တလေးရောက်ရင်တော့ သားအတွက် ဆိုင်ကယ်တစ်စီးလောက် ဝယ်ပေးရမယ်။ အသက်လည်းပြည့်ပြီဆိုတော့ လိုင်စင်လည်းလုပ်ဖို့ အဆင်ပြေလောက်ပြီ"
မာမီ့အစီအစဥ်များကို လင်းသစ် ပြုံးပြပြီးသာ တုံ့ပြန်လိုက်သည်။
ကားလေးသည် ရှေ့သို့ တဖြည်းဖြည်း ခရီးနှင်သွားလေသည်။ ခဏတာ ခိုနားခဲ့သော နေရာလေးသည် အနောက်တွင် ကျန်ရစ်ခဲ့လေပြီ။
••••••••••
လွန်းညီသည် သည်နေ့တော့ ကျောင်းပိတ်သည့်တိုင် အစောကြီး နိုးနေခဲ့သည်။ အနောက်ပြတင်းပေါက်အားဖွင့်ပြီး ခုံယူကာ ပြတင်းပေါက်ဘောင်ပေါ် မေးတင်လျက် ထိုင်နေသည်မှာ နိုးကတည်းပင် ဖြစ်သည်။ နေရောင်မပြင်းသေးသည့်အချိန်ကတည်းက ထိုင်နေပြီး ယခုဆိုလျှင် နေ၏အပူရှိန်ကပင် မြင့်လာချေပြီ။
လိုင်းခန်းများ၏ အနောက်ဘက်တွင် ပေ၂၀ဆယ်ကျော်မျှ ကျယ်သော မြေကွက်လပ်လွတ်များ ကျန်နေသေးသည်။ ထိုခြံအနောက်ဘက်၌ သစ်ပင်ကြီးများ မြားမြောင်စွာ ပေါက်ရောက်နေလျက်ရှိသဖြင့် အုံ့အုံ့ဆိုင်းဆိုင်းရှိလှကာ တောအုပ်ကြီးနှင့်ပင် တူလှပါသည်။ သီးပင်စားပင် အချို့ကိုလည်း နေထိုင်သူများက စိုက်ပျိုးထားကြသေးသည်။ လိုင်းခန်းတိုင်း၏ အနောက်နံရံတွင် ပြတင်းပေါက်များပါရှိသဖြင့် ထိုပြတင်းပေါက်အား ဖွင့်လိုက်သည်နှင့် အပင်များနှင့် အုံ့ဆိုင်းနေသည့် အနောက်ခြံဝင်းကို မြင်နိုင်သည်။
လွန်းညီ၏ စိတ်အစဥ်သည်လည်း ထိုခြံဝင်းကဲ့သို့ပင် ထိုင်းမှိုင်းအုံ့ဆိုင်းနေသည်။ နေရောင်မှိန်မှိန်ကြောင့် မြင်နေရသည့် အပင်စိမ်းစိမ်းလေးများသည်ပင် သူ့ရင်ကို စိမ်းလန်းစေရန် မစွမ်းနိုင်။ နေရောင်သည်လည်း အလင်းမဖောက်နိုင်။ အတွေးတစ်ခုသည် သူ့နှလုံးသားကို ပိတ်ကာဆို့လျက် အလင်းပိတ်ထားလေသည်။
သည်အချိန်ဆိုလျှင် အစ်ကိုတို့ သွားဖို့ပြင်နေလောက်ပြီ၊ သည်အချိန်ဆိုရင်တော့ ထွက်ပြီ ထင်တယ်၊ အခုတော့ လမ်းမှာရောက်နေလောက်ပြီ၊ အစရှိသဖြင့်သာ သူတွေးနေမိပါသည်။ မည်သို့ပင် ဖြည့်တွေးစေကာမူ အစ်ကို့ကို ထပ်မံမြင်ရဖို့ မလွယ်တော့ဘူးဟူသည့် အတွေးသည် သူ၏ငိုချင်စိတ်ကို လက်တို့ပေးလျက်ရှိသည်။
ကြာညောင်းစွာ ထိုင်မှိုင်နေပြီးကာမှ လွန်းညီ မတ်တပ်ထရပ်ပြီး တစ်နေ့တာကို စတင်လိုက်တော့သည်။ သူ ယခုလိုဖြစ်နေပုံကို အစ်ကိုသိလျှင်လည်း စိတ်ကောင်းမည်မဟုတ်ပါ။
ဖေဖေ ရုံးသွားပြီဖြစ်သဖြင့် အိမ်တွင် မေမေနှင့် သူသာ ကျန်ခဲ့သည်။ မနက်ခင်း၏ နိစ္စဓူဝကိစ္စများကို လုပ်ဆောင်ပြီးနောက် မေမေ့ကို မီးဖိုချောင်တွင် ကူညီပေးရင်း အစ်ကို့အကြောင်းကို မတွေးမိအောင် ကြိုးစားနေမိသည်။ ခရီးသွားနေသည့် သူအကြောင်းကို အမြဲတွေးနေ၊ ပြောနေလျှင် လမ်းခရီးမှာ ထိုသူအခက်တွေ့တတ်သည်၊ ခရီးနှောင့်နှေးတတ်သည်ဟု မေမေတို့ ပြောသည်ကို ကြားဖူးသဖြင့် အစ်ကို့ကို သူ့ကြောင့်နှင့် အနှောင့်အယှက်မဖြစ်စေချင်သောကြောင့်ဖြစ်သည်။ လွန်းညီသည် ထိုသို့သော အယူကိစ္စများကို အယုံအကြည်မရှိလှသော်ငြား ခဏခဏ ကြားပါများလာသောကြောင့် မသိစိတ်က စွဲလာပြီး အလိုလိုရှောင်ကြဥ်မိခြင်းဖြစ်သည်။
နေ့လယ်ရောက်သောအခါ ယခင်နေ့များက ရေးမှတ်ထားခဲ့သော ဂျပန်စာများကို ပြန်၍ကြည့်မိသည်။ အင်တာနက်ဆိုင်သွားပြီး စာဆက်လုပ်ရန်တော့ စိတ်မပါချေ။ အစ်ကိုသူရသည်လည်း သူ့ထံ လာသေးသည်။ အစ်ကိုတို့ မန္တလေးကို ရောက်ပြီဖြစ်ပြီး ဖုန်းဆက်ကြောင်း လာပြောခြင်းသာ။
ဖေဖေ့ကတ်ဆတ်ဆီမှ လွန်းညီဖွင့်ထားသော သီချင်းများသည် သူ့တစ်နေ့တာကို စိုးမိုးထားခဲ့သည်။ အများစုကတော့ အစ်ကိုကြိုက်သည့် စိုင်းထီးဆိုင်၏ သီချင်းများသာဖြစ်သည်။ အစ်ကိုက အခြားခေတ်လူငယ်များနှင့်တော့ နည်းနည်းကွဲပြား၏။ ခေတ်ပေါ်သီချင်းများထက် စိုင်းထီးဆိုင်၊ ခင်မောင်တိုး၊ စိုးလွင်လွင်၊ ထူးအိမ်သင်၊ ဖိုးကာ၊ ခိုင်ထူး စသည့် အဆိုတော်များ၏ သီချင်းများကိုသာ အများအားဖြင့် နားထောင်တတ်သူဖြစ်သည်။ သို့သော် အစ်ကိုက ဇော်ပိုင့်သီချင်းများကိုတော့ တခုတ်တရ နားထောင်တတ်သေးသည်။ လွန်းညီကတော့ အစ်ကိုနားထောင်နေကြ သီချင်းဟောင်းများကို ဖေဖေ့ကြောင့် မစိမ်းသက်ဘဲ ကျွမ်းဝင်လို့နေသည်။
ယခုကဲ့သို့ နေ့တစ်နေ့ကို သီချင်းများနှင့် ဖြတ်သန်းရသောအခါ ဘေးမှာ အစ်ကိုရှိနေသကဲ့သို့ ခံစားမိသည်။ အစ်ကိုကိုယ်တိုင် ဂီတာတီး၍ သီချင်းဆိုပြနေသလို၊ နားကြပ်တပ်ပေး၍ သီချင်းဖွင့်ပေးနေသလို။ အစ်ကိုဟာ သူ့နှလုံးသားတင်မက ဘဝရဲ့ နေရာတိုင်းမှာပင် ရှိနေပါလားဟု တွေးမိချိန်တွင်တော့ လွန်းညီ ပြုံးမိသွားပါသည်။ သီချင်းများကိုချစ်သော အစ်ကိုသည် သူ့အား သီချင်းများနှင့်အတူ ခံစားချက်များစွာ၊ အတွေးများစွာကို ချန်ထားပေးခဲ့သည်။
နေမစောင်းခင်အချိန်တွင်တော့ တစ်နေ့လုံး အိမ်တွင်းအောင်းပြီး မလန်းမဆန်းဖြစ်နေခဲ့သဖြင့် ခမ်းမောင်အိမ်သို့ သွားဖြစ်သည်။
ခမ်းမောင်၏ မိဘများသည် လွန်းညီ၏ ဖခင်ကဲ့သို့ပင် မနက်ကနေ ညနေစောင်းထိ ရုံးတက်ကြရသဖြင့် အိမ်တွင် ခမ်းမောင်တစ်ယောက်တည်းသာ ရှိနေသည်။ သို့ဖြစ်သည့်တိုင် ခမ်းမောင်သည် သူ့အိမ်တွင်သာနေလေ့ရှိပြီး သုထက်နှင့် လွန်းညီကသာ တစ်လှည့်စီ လာရတတ်သည်။ သည်နေ့တွင်လည်း ယခင်အတိုင်းပင် ခမ်းမောင်က ခြံထဲရှိ ဒန်းပေါ်တွင် တစ်ယောက်တည်း ထိုင်နေသည်။
ပျင်းလို့သာ ရောက်လာခြင်းဖြစ်ပြီး ပြောစရာစကားမရှိသည်မို့ သူတို့နှစ်ဦးကြားက လေထုက ငြိမ်သက်လွန်းပါသည်။ သည်အချိန်မှာသာ သုထက်ရှိနေလျှင် သေချာပေါက် စိုပြည်နေမှာဟု လွန်းညီ တွေးလိုက်မိသည်။ ခမ်းမောင်လည်း ဤသို့ တွေးနေလိမ့်မည်ဟု ထင်သည်။
"ပန်းချီ မဆွဲဘူးလား"
"ဆွဲချင်စိတ်မရှိဘူး"
ခမ်းမောင်တစ်ယောက် ပန်းချီမဆွဲချင်သည့် အချိန်လည်း ရှိသေးသားပဲဟု လွန်းညီ တွေးလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ခမ်းမောင်သည် ပန်းချီဆွဲခြင်းကို အလွန်ခုံမင်သည်။ တစ်ဦးတည်း စာရွက်ဖြူပေါ်၌ ခဲတံနှင့် ခဲပန်းချီဖြစ်စေ၊ ရောင်စုံခဲတံနှင့်ဖြစ်စေ တစ်ခုခုကို ဖန်တီးရေးဆွဲနေတတ်သည်။ သူနှင့် သုထက်က ပုံဆွဲပေးဖို့ တောင်းဆိုတိုင်းလည်း ဘယ်တော့မှ ငြင်းလေ့မရှိ။ လူပုံတူ၊ ရှုမျှော်ခင်းပုံ၊ အဆောက်အဦးပုံ စသည့် ခမ်းမောင်၏ လက်ရာများသည် ပြစ်ချက်မရှိဟု မပြောနိုင်သော်ငြား ပညာအဆင့်အတန်းကတော့ မနိမ့်ပါးပါချေ။
"မင်း မဆွဲချင်တဲ့ အချိန်တော့ ရှိသေးသားပဲ"
အတော်ကြီးကြာကာမှ လွန်းညီဘက်က ပြန်စလိုက်သည့် စကားပင်။
"မဆွဲချင်တာမဟုတ်ဘူး။ ဆွဲချင်တယ်ဆိုတဲ့ ဆန္ဒမရှိတာ"
ခမ်းမောင်သည် ဒန်း၏ လက်ရန်းကို ကိုင်လျက် ကြိုးတန်းကို ခေါင်းမှီပြီး ရှေ့သို့သာ ကြည့်ပြီးပြောနေသည်။ လွန်းညီသည် ခမ်းမောင်အား ခင်မင်မြင်တွေ့လာရသည့်တစ်လျှောက်လုံး ယခုကဲ့သို့ အရိုးမရှိသူပမာမှီတွယ်နေပုံကို မမြင်ဖူးသဖြင့် ခေတ္တတော့ ငေးကြည့်နေမိသည်။ ခမ်းမောင်သည် ပန်းချီဆွဲ၊ စာရေးချိန်က လွဲ၍ အမြဲလိုလို ခါးမတ်ပြီး နေတတ်သည့်သူပင်။ ထို့ပြင် လွန်းညီသာ အထင်မမှားလျှင် ခမ်းမောင်၏ မျက်နှာမှာ သိသိသာသာ နွမ်းလျနေသည်။
"ဘာကွာလို့လဲ"
"ကွာတယ်။ လက်က ဆွဲချင်နေပေမဲ့ စိတ်က မလိုက်နိုင်ဘူးဖြစ်နေတာ"
"ဟုတ်လား။ ဘာလို့လဲ"
လွန်းညီ မျက်ခုံးပင့်၍ မေးခွန်းထုတ်တော့ ခမ်းမောင်က ပြန်မဖြေပါ။ သက်ပြင်းငွေ့ငွေ့ကိုသာ ချသည်။
"မင်း သုထက်ကို လွမ်းနေတာလား"
သုထက်ကြည့်ခဲ့သလိုမျိုး ခမ်းမောင်ကို လွန်းညီ စူးစူးစမ်းစမ်း ကြည့်ရင်း မေးမိသောအခါ လက်ရန်းကို ကိုင်ထားသော ခမ်းမောင်၏ လက်များ တင်းသွားသည်ကို မြင်လိုက်ရသည်။
"အင်း..."
ခမ်းမောင်၏ ဝန်ခံစကားက တိုးညင်းပြီး ခပ်ပြတ်ပြတ်သာ။
"ငါလည်း လွမ်းတယ်"
လွန်းညီကို တစ်ချက်လှည့်ကြည့်လာသည့် ခမ်းမောင်၏ မျက်လုံးများသည် တစ်ခုခုကို ပြောချင်နေသယောင်ရှိသည်။ သို့သော် ချက်ချင်းထွက်မလာဘဲ အနည်းငယ်ကြာမှ ပြောထွက်လာသည်။
"သုထက်ရဲ့ အစ်ကိုကိုရော လွမ်းတယ်မလား"
မျက်နှာထား တည်တည်နှင့် ထိုစကားကို ခမ်းမောင် ဘယ်လိုပြောသလဲမသိ။ ခမ်းမောင်၏ မျက်လုံးမှေးကျဥ်းကျဥ်းများကတော့ ရယ်ရွှင်ရိပ်လေးများ သန်းသွားပါသည်။ လွန်းညီကတော့ လှစ်ခနဲ ပြုံးလိုက်မိသွားပြီးနောက် သူ့လက်၌ ပတ်ထားသော လက်ပတ်လေးကို ငုံ့ကြည့်လိုက်မိသည်။
"အင်း... လွမ်းတယ်"
လွန်းညီ မပွင့်တပွင့်ဖြင့် ခပ်ပြုံးပြုံးနှင့် တိုးတိတ်စွာ ဝန်ခံတော့ ခမ်းမောင်ကလည်း နှုတ်ခမ်းထောင့်လေး တွန့်ရုံမျှ ပြုံးပါသည်။
ထို့နောက် စကားတစ်ခွန်းစ၊ နှစ်ခွန်းစ ပြောဖြစ်လိုက်၊ ပြန်တိတ်သွားလိုက်နှင့် နာရီဝက်မျှ အချိန်ကုန်ဆုံးခဲ့သည်။
ညနေ၅နာရီကျော်ချိန်တွင်တော့ လွန်းညီ အိမ်ကို အပြေးလေး ပြန်မိသည်။ သူရောက်ပြီးပြီးချင်း ဖေဖေလည်း ပြန်ရောက်လာသည်။ ညနေစာစားပြီးသည့်နောက် ဖေဖေနှင့် မေမေက ဧည့်ခန်းထဲတွင် ထိုင်လျက် စကားပြောတပြောပြောဖြင့်။ ကတ်ဆတ်ထဲမှ ခင်မောင်တိုး၏ သီချင်းသံကလည်း သာသာယာယာ ထွက်ပေါ်နေသည်။ လွန်းညီသည်လည်း မေမေ့ဘေးနား ကပ်ထိုင်၍ ဖေဖေ့လက်ကိုင်ဖုန်းထံ ဝင်လာမည့် ဖုန်းကောလ်ကို မျှော်နေမိသည်။
ရင်းနှီးနေသည့် ဖုန်းဝင်သည့် အသံကြောင့် လွန်းညီ ဆတ်ခနဲ တုန်သွားရသည်။ ဖေဖေသည် ဖုန်းနံပါတ်စိမ်းအား တစ်ချက်ကြည့်လျက် ကိုင်လိုက်၏။
"ဟယ်လို"
"....."
"ဟေ... သုထက်လား။ အိမ်ရောက်ပြီလား၊ သား။ လမ်းခရီး အဆင်ပြေခဲ့ရဲ့လား"
သုထက်၏ ဖုန်းကောလ်ဖြစ်နေသဖြင့် လွန်းညီ စိတ်အေးသွားရကာ ဖေဖေ့အနားသို့ ကိုယ်ကိုညွတ်လျက် တိုးကပ်မိသည်။ ဖေဖေကတော့ ရွှင်ရွှင်မြူးမြူးဖြင့် သုထက်နှင့် ဖုန်းပြောနေပြီး လွန်းညီ၏ ပုံစံကိုတွေ့တော့ ရယ်ကာ ခေါင်းကိုလာပုတ်၏။
"ဪ... လင်းသစ်ရော ရှိနေတာလား"
လွန်းညီ၏ ခေါင်းသည် ဆတ်ခနဲ ထောင်သွားသည်။ ဖေဖေကတော့ အစ်ကိုနှင့်ပင် ဆက်ပြောနေဟန်တူသည်။ မေမေကလည်း ပြုံးပြုံးရွှင်ရွှင်ဖြင့် ဝင်ပြော၏။ ပြီးကာမှ
"ရော့ရော့... သားလည်း ပြောလိုက်ဦးလေ"
ဟုဆိုကာ ဖုန်းကို သူ့ထံပေးလေသည်။ လွန်းညီသည် ဖုန်းကိုနားနားကပ်လျက် စိတ်လှုပ်ရှားစွာဖြင့် 'ဟယ်လို'ဟု အသံပြုလိုက်သည်။ မေမေကတော့ သူ၏ ပျာယာခတ်နေပုံကို ရယ်ချင့်ဖွယ်ကြည့်၍ ဆံပင်များကို သပ်ပေးနေသည်။
"ဟယ်လို။ လွန်းညီလား။ ငါ၊ ငါ။ မင်း အကုန်အဆင်ပြေတယ်မလား။ ခမ်းဆီ ဆက်သေးတယ်၊ မရသေးလို့ မင်းဆီ အရင်ဆက်လိုက်တာ"
ပထမဆုံးကြားရသည်က သုထက်၏ စကားများဖြစ်သည်။ သည်နေ့တစ်နေ့လုံး သုထက်၏ အသံဆူဆူညံညံများနှင့် ဝေးကွာနေခဲ့သဖြင့် ယခုလို အသံပြန်ကြားရချိန်တွင် လွန်းညီ ရွှင်မြူးသွားမိသည်မှာအမှန်ပင်။ သုထက်၏ လူပျိုပေါက်အသံက ဖုန်းလိုင်းထဲမှာ အက်ရှရှဖြစ်နေ၏။
သုထက်နှင့် စကားများများ ပြောဖြစ်လိုက်သည်။ လွန်းညီသည် သာမန်အချိန်၌ စကားနည်းသော်ငြား ပြောမည့်သူရှိလျှင်တော့ သာလိကာတစ်ကောင်ကဲ့သို့ မရပ်မနားပြောတတ်သည်ဟု မေမေတို့က ပြောကြသည်။ ယခုတွင်လည်း တစ်နေ့လုံး ငြိမ်နေခဲ့သမျှ သုထက်နှင့်မှ ပြောလို့ဆိုလို့ မပြီးနိုင်ပါ။
"ဟုတ်ပြီ၊ ဟုတ်ပြီ။ မနက်ဖြန်မှ ထပ်ဆက်မယ်နော်။ အခု ခမ်းဆီ ဆက်လိုက်ဦးမယ်"
သုထက် ထိုသို့ပြောပြီးနောက် သူ့ဘက်မှ အသံခပ်ကျိတ်ကျိတ်ကို ကြားလိုက်ရသည်။ အစ်ကိုတစ်ယောက် သူ့ညီနှင့် ဖုန်းလုနေဟန်ရှိသည်။
"ဟယ်လို"
ထိုစဥ် ကြားလိုက်ရသော ဖုန်းထဲမှ အသံလေးကြောင့် လွန်းညီ ရင်ထဲသိမ့်ခနဲ ဖြစ်သွားရသည်။ ဖုန်းကို ခပ်တင်းတင်း ဆုပ်ကိုင်ပြီးအောက်နှုတ်ခမ်းကို အသာဖိကိုက်လိုက်မိသည်။ ထပ်မံထွက်ပေါ်လာတဲ့ ဖုန်းထဲက အစ်ကို့အသံက ဩရှရှ။
"ညီ၊ အစ်ကိုပါ"
"ဟုတ်... အစ်ကို"
လွန်းညီသည် သူ၏ နှလုံးသား ပြင်းထန်စွာ ခုန်ပေါက်နေသည်ကို အတိုင်းသား ခံစားနေရ၏။ ခေတ္တမျှ တိတ်ဆိတ်သွားသော အစ်ကို့ဘက်မှ အသက်ရှူသံ တိုးတိုးကိုလည်း ကြားနေရသည်။ လွန်းညီသည်လည်း ဝင်လေထွက်လေကို သတိထား၍ ရှူရှိုက်မှုတ်ထုတ်လျက် ဖုန်းကိုနားနားကပ်ကာ ငြိမ်နေမိသည်။
"ညနေစာ စားပြီးပြီလား"
"ဟုတ်၊ စားပြီးပြီ"
အမေးတစ်ခွန်း၊ အဖြေတစ်ခွန်းစီနှင့် စကားဝိုင်းလေးသည် ခြောက်ကပ်ကပ်။ သို့ရာတွင် နားနှင့်နီးနီးကပ်ကပ်ကြားနေသည့် အသက်ရှူသံတို့ကြောင့် အနီးနားမှာ ရှိနေသယောင် ခံစားချက်သည် သူ့အား ရင်ခုန်စေသည်။ အစ်ကို့သည်လည်း ထိုသို့ခံစားနေရမည်ဟု သူ ထင်၏။
လွန်းညီဘေးတွင် ဖေဖေနှင့် မေမေရှိသလို အစ်ကို့ဘေးတွင်လည်း ခမ်းမောင်ကို ဖုန်းဆက်ရန် စောင့်နေသည့် သုထက်ရှိနေလိမ့်မည်။ ထို့ကြောင့် သိပ်ပြီးများများစားစား မပြောဖြစ်လိုက်ဘဲ ဖုန်းခေါ်ဆိုမှုလေးသည် ပြီးသွားသည်။ သို့သော် အသံလေးကြားရုံနှင့်တင် ပျော်ရွှင်ကြည်နူးရင်ခုန်မှုတို့ဟာ မေတ္တာရေစီးမှာ အရှိန်အဟုန်ကောင်းကောင်းနှင့် မျောပါလာလျက် လွန်းညီ၏ ရင်ထဲသို့ စီးဝင်လာတော့သည်။
~~~~~~~~~~~~~~
၅.၁၂.၂၀၂၄
°°°°°°°°°°°
Zawgyi
ေျခာက္နာရီေက်ာ္ေက်ာ္သာ ရွိေသးသည့္ အခ်ိန္ျဖစ္သျဖင့္ ေႏြဦးနံနက္ခင္းေလးသည္ ျမဴႏွင္းမႈန္ပ်ပ်တို႔၏ ေနရာယူျခင္းကို ခံထားရသည္။ ေလႏုေအးေလးမ်ား ျဖတ္တိုက္သြားမႈေၾကာင့္ ပတ္ဝန္းက်င္သည္ ေအးျမလ်က္ ေန႔သစ္အတြက္ လန္းဆန္းတက္ႂကြေနဟန္ရွိသည္။
လမ္းတစ္ေၾကာရွိ အစိုးရပိုင္ ၿခံဝင္းက်ယ္ႀကီးမ်ားႏွင့္ ပုံစံတူေဆာက္ထားေသာ ႏွစ္ထပ္တိုက္အိမ္ႀကီးမ်ားသည္ အစိုးရလုပ္ငန္းတစ္ခုမွ ရာထူးႀကီးသည့္ သူမ်ားအတြက္ ေပးအပ္ထားသည့္ အိမ္ရာမ်ားပင္ျဖစ္သည္။ ထိုကဲ့သို႔ ပုံစံတူၿခံဝင္းႀကီးမ်ားအနက္ ၿခံတစ္ခုအတြင္းရွိ လူအခ်ိဳ႕သည္ ကားေနာက္ခန္းအတြင္းသို႔ သိပ္မမ်ားသည့္ အထုပ္အပိုးမ်ားကို ထည့္လ်က္ အလုပ္ရႈပ္ေနၾကသည္။ အကုန္ထည့္ၿပီး၍ အားလုံးၿပီးစီးသြားခ်ိန္တြင္ေတာ့ သြားမည့္ခရီးအား စတင္ရန္ ျပင္ၾကသည္။
"အကုန္အဆင္သင့္ျဖစ္ၿပီဆိုရင္ သြားရေအာင္"
ေဒၚယဥ္ယဥ္ေအာင္သည္ သားျဖစ္သူ လင္းသစ္မာန္ႏွင့္ သုထက္မာန္ကို ေဆာ္ၾသလ်က္ ကားေရွ႕ခန္းသို႔ ဝင္ထိုင္လိုက္သည္။ ညီအစ္ကိုႏွစ္ေယာက္သည္ သူတို႔၏ ဖခင္ျဖစ္သူ ဦးဟိန္းမာန္အား ႏႈတ္ဆက္ၿပီးေနာက္ ကားထဲသို႔ ဝင္လာၾကသည္။ လင္းသစ္သည္ မာမီႏွင့္အတူ တစ္လွည့္စီကားေမာင္းမည္ျဖစ္ၿပီး အလ်င္ေမာင္းမည္ျဖစ္သျဖင့္ ေရွ႕ခန္းဒါ႐ိုက္ဘာခုံ၌ ဝင္ထိုင္လိုက္သည္။ သုထက္ကေတာ့ အေနာက္ခန္းတြင္ ကားထိုင္ခုံေပၚ ေျခပစ္လက္ပစ္မွီထိုင္လိုက္သည္။
အနက္ေရာင္ကားေလးသည္ ၿခံဝင္းထဲမွ စတင္ထြက္ခြာလာေခ်ၿပီျဖစ္သည္။ လင္းသစ္ ေမာင္းႏွင္လာေသာ ေဒၚယဥ္ယဥ္ေအာင္၏ ကားေလးသည္ သူတို႔၏ ယခင္ၿခံဝင္းအတြင္းမွ ထြက္လာခ်ိန္တြင္ ထိုၿခံအနီးရွိ ေသာ္ကပန္း႐ုံေလးအနား၌ စက္ဘီးတစ္စီးႏွင့္ ေကာင္ငယ္ေလးတစ္ေယာက္ရွိေနသည္။ ထိုေကာင္ငယ္ေလးသည္ ေရွ႕သို႔ မျပင္းေသာအရွိန္ႏွင့္ ထြက္ခြာသြားေသာ ထိုကားကို မမွိတ္မသုန္ျဖင့္ တိတ္ဆိတ္ၿငိမ္သက္စြာ ေငးၾကည့္ေနပါသည္။
စိမ္းစိမ္းစိိုစို ျမင္ကြင္းမ်ားသည္ တရိပ္ရိပ္ႏွင့္ ေနာက္က်န္ရစ္ခဲ့သည္။ သုထက္သည္ ကားမွန္ခ်ထားၿပီး ထိုျမင္ကြင္းမ်ားကို တိတ္တဆိတ္ ေငးၾကည့္ေနမိသည္။ ကားကပင္ ထြက္ေနၿပီမို႔ သူငယ္ခ်င္းမ်ားကိုလည္း ေမွ်ာ္မေနမိေတာ့ပါ။ လင္းသစ္ကိုယ္တိုင္ကိုက ထြက္မည့္အခ်ိန္က ေစာေသးသျဖင့္ မည္သူ႔ကိုမွ် မလာရန္ ေျပာခဲ့သည္ေလ။
သုထက္သည္ သည္ေျမတြင္ ေနထိုင္ခဲ့သည္မွာ တစ္ႏွစ္ပင္ မျပည့္ခဲ့ပါ။ သို႔ေသာ္ သူ႔အတြက္ေတာ့ တစ္သက္မေမ့ရက္ႏိုင္သည့္ အမွတ္တရမ်ားသည္ ႏွလုံးသားထဲတြင္ ေျခကုပ္ယူခဲ့ၿပီျဖစ္သည္။ အိမ္ဟူသည့္ ခံစားခ်က္အစစ္အမွန္ကို ေပးစြမ္းခဲ့သည့္ သည္ၿမိဳ႕ေလးထံသို႔ အခြင့္အခါသင့္ပါက တစ္ႀကိမ္မွ်ျဖစ္ျဖစ္ ျပန္လာခ်င္မိပါသည္။
လင္းသစ္ ေမာင္းႏွင္ေနသည့္ ကားေလးသည္ ျဖည္းျဖည္းႏွင့္ မွန္မွန္သာ သြားေနသည္။ မႏၲေလးမွာရွိစဥ္ကတည္းက ကားေမာင္းျခင္းကို သင္ယူခဲ့ျခင္းျဖစ္ၿပီး ကြၽမ္းကြၽမ္းက်င္က်င္ေတာ့ သူ ေမာင္းတတ္ေနၿပီျဖစ္သည္။ သို႔ေသာ္ ခပ္မတ္မတ္ ေျမျပင္အေနအထားတို႔ေၾကာင့္ သတိထား၍ ေမာင္းေနရသည္။ တစ္ခါတစ္ခါေတာ့ ကားျပတင္းေပါက္မွ ျမင္ေနရသည့္ ျမင္ကြင္းတို႔ကို ေငးေမာမိ၏။ သစ္ပင္ပန္းမန္မ်ား၊ ေနအိမ္အေဆာက္အဦးမ်ား၊ ေစ်းဆိုင္မ်ား၊ ဆိုင္ခန္းမ်ား။ ထိုအရာမ်ားကို ခ်န္ရစ္ၿပီး ထြက္ခြာလာခ်ိန္တြင္ သူ႔ႏွလုံးသားကေတာ့ ထိုအရာမ်ားႏွင့္အတူ တစ္စုံတစ္ေယာက္၏ အနား၌ ႂကြင္းက်န္ရစ္ခဲ့သည္။
ေဒၚယဥ္ယဥ္ေအာင္သည္လည္း ျပင္ဦးလြင္ၿမိဳ႕၏ ေအးခ်မ္းသာယာေသာ ျမင္ကြင္းမ်ားကို ေငးၾကည့္ေနမိသည္။ ၿပီးေနာက္ အေနာက္ခန္း၌ မႈိင္ေတြေတြျဖင့္ အျပင္သို႔ ေငးေနသည့္ သားငယ္ျဖစ္သူ သုထက္မာန္ကို ကားေနာက္ၾကည့္မွန္မွတစ္ဆင့္ လွမ္းၾကည့္လိုက္၏။
"သားငယ္"
သူမေခၚလိုက္ေတာ့ သားငယ္က ေယာင္လည္လည္ျဖင့္ လွည့္ၾကည့္လာရွာသည္။ ေဒၚယဥ္ယဥ္ေအာင္သည္ ခ်ိဳသာစြာ ၿပဳံးျပလ်က္
"သားငယ္က မာမီနဲ႔ လိုက္လာရတာ မေပ်ာ္ဘူးလား"
"မဟုတ္ပါဘူး..."
သုထက္က အသံတိုးတိုးျဖင့္ ျပန္ေျဖသည္။
"ဒီမွာေပ်ာ္ေနပုံပဲ၊ ဟုတ္လား။ သူငယ္ခ်င္းေတြနဲ႔ အဆင္ေျပရဲ႕လား"
သုထက္၏ မ်က္ႏွာမွာ ႐ုတ္တရက္ ေတာက္ပလာၿပီး ေခါင္းကို တဆတ္ဆတ္ ညိတ္လ်က္ ေျဖသည္။
"ဟုတ္တယ္။ အဆင္ေျပတယ္။ သူငယ္ခ်င္းေတြက သားအေပၚ တကယ္ေကာင္းတယ္။ ဂ႐ုလည္းစိုက္တယ္။ ေနာက္တစ္ခါက်ရင္ မာမီနဲ႔ ေတြ႕ေပးမယ္ေလ"
"သား သေဘာပါ"
သုထက္၏ အားရဝမ္းသာစကားတို႔ကို မာမီက ေခါင္းတညိတ္ညိတ္ျဖင့္ ျပန္ေျဖလိုက္သည္။ သုထက္သည္ ခုနကႏွင့္ မတူေတာ့ဘဲ အနည္းငယ္ ႐ႊင္လန္းလာသည္။ ထို႔ေနာက္ လင္းသစ္၏ MP3 Playerကို ထုတ္ယူၿပီး သီခ်င္းနာေထာင္ရန္ ရွာၾကည့္မိသည္။ သို႔ေသာ္ သူေတြ႕ရသည္ သူ မရင္းႏွီးလွသည့္ ဟိုအလ်င္က သီခ်င္းမ်ားသာျဖစ္ေနသည္။
"သားႀကီးလည္း ေတာ္ေတာ္ေတာင္ ကားေမာင္းကြၽမ္းေနၿပီပဲ။ ဆိုင္ကယ္စီးေရာ ရေနၿပီမလား။ မႏၲေလးေရာက္ရင္ေတာ့ သားအတြက္ ဆိုင္ကယ္တစ္စီးေလာက္ ဝယ္ေပးရမယ္။ အသက္လည္းျပည့္ၿပီဆိုေတာ့ လိုင္စင္လည္းလုပ္ဖို႔ အဆင္ေျပေလာက္ၿပီ"
မာမီ့အစီအစဥ္မ်ားကို လင္းသစ္ ၿပဳံးျပၿပီးသာ တုံ႔ျပန္လိုက္သည္။
ကားေလးသည္ ေရွ႕သို႔ တျဖည္းျဖည္း ခရီးႏွင္သြားေလသည္။ ခဏတာ ခိုနားခဲ့ေသာ ေနရာေလးသည္ အေနာက္တြင္ က်န္ရစ္ခဲ့ေလၿပီ။
••••••••••
လြန္းညီသည္ သည္ေန႔ေတာ့ ေက်ာင္းပိတ္သည့္တိုင္ အေစာႀကီး ႏိုးေနခဲ့သည္။ အေနာက္ျပတင္းေပါက္အားဖြင့္ၿပီး ခုံယူကာ ျပတင္းေပါက္ေဘာင္ေပၚ ေမးတင္လ်က္ ထိုင္ေနသည္မွာ ႏိုးကတည္းပင္ ျဖစ္သည္။ ေနေရာင္မျပင္းေသးသည့္အခ်ိန္ကတည္းက ထိုင္ေနၿပီး ယခုဆိုလွ်င္ ေန၏အပူရွိန္ကပင္ ျမင့္လာေခ်ၿပီ။
လိုင္းခန္းမ်ား၏ အေနာက္ဘက္တြင္ ေပ၂၀ဆယ္ေက်ာ္မွ် က်ယ္ေသာ ေျမကြက္လပ္လြတ္မ်ား က်န္ေနေသးသည္။ ထိုၿခံအေနာက္ဘက္၌ သစ္ပင္ႀကီးမ်ား ျမားေျမာင္စြာ ေပါက္ေရာက္ေနလ်က္ရွိသျဖင့္ အုံ႔အုံ႔ဆိုင္းဆိုင္းရွိလွကာ ေတာအုပ္ႀကီးႏွင့္ပင္ တူလွပါသည္။ သီးပင္စားပင္ အခ်ိဳ႕ကိုလည္း ေနထိုင္သူမ်ားက စိုက္ပ်ိဳးထားၾကေသးသည္။ လိုင္းခန္းတိုင္း၏ အေနာက္နံရံတြင္ ျပတင္းေပါက္မ်ားပါရွိသျဖင့္ ထိုျပတင္းေပါက္အား ဖြင့္လိုက္သည္ႏွင့္ အပင္မ်ားႏွင့္ အုံ႔ဆိုင္းေနသည့္ အေနာက္ၿခံဝင္းကို ျမင္ႏိုင္သည္။
လြန္းညီ၏ စိတ္အစဥ္သည္လည္း ထိုၿခံဝင္းကဲ့သို႔ပင္ ထိုင္းမႈိင္းအုံ႔ဆိုင္းေနသည္။ ေနေရာင္မွိန္မွိန္ေၾကာင့္ ျမင္ေနရသည့္ အပင္စိမ္းစိမ္းေလးမ်ားသည္ပင္ သူ႔ရင္ကို စိမ္းလန္းေစရန္ မစြမ္းႏိုင္။ ေနေရာင္သည္လည္း အလင္းမေဖာက္ႏိုင္။ အေတြးတစ္ခုသည္ သူ႔ႏွလုံးသားကို ပိတ္ကာဆို႔လ်က္ အလင္းပိတ္ထားေလသည္။
သည္အခ်ိန္ဆိုလွ်င္ အစ္ကိုတို႔ သြားဖို႔ျပင္ေနေလာက္ၿပီ၊ သည္အခ်ိန္ဆိုရင္ေတာ့ ထြက္ၿပီ ထင္တယ္၊ အခုေတာ့ လမ္းမွာေရာက္ေနေလာက္ၿပီ၊ အစရွိသျဖင့္သာ သူေတြးေနမိပါသည္။ မည္သို႔ပင္ ျဖည့္ေတြးေစကာမူ အစ္ကို႔ကို ထပ္မံျမင္ရဖို႔ မလြယ္ေတာ့ဘူးဟူသည့္ အေတြးသည္ သူ၏ငိုခ်င္စိတ္ကို လက္တို႔ေပးလ်က္ရွိသည္။
ၾကာေညာင္းစြာ ထိုင္မႈိင္ေနၿပီးကာမွ လြန္းညီ မတ္တပ္ထရပ္ၿပီး တစ္ေန႔တာကို စတင္လိုက္ေတာ့သည္။ သူ ယခုလိုျဖစ္ေနပုံကို အစ္ကိုသိလွ်င္လည္း စိတ္ေကာင္းမည္မဟုတ္ပါ။
ေဖေဖ ႐ုံးသြားၿပီျဖစ္သျဖင့္ အိမ္တြင္ ေမေမႏွင့္ သူသာ က်န္ခဲ့သည္။ မနက္ခင္း၏ နိစၥဓူဝကိစၥမ်ားကို လုပ္ေဆာင္ၿပီးေနာက္ ေမေမ့ကို မီးဖိုေခ်ာင္တြင္ ကူညီေပးရင္း အစ္ကို႔အေၾကာင္းကို မေတြးမိေအာင္ ႀကိဳးစားေနမိသည္။ ခရီးသြားေနသည့္ သူအေၾကာင္းကို အၿမဲေတြးေန၊ ေျပာေနလွ်င္ လမ္းခရီးမွာ ထိုသူအခက္ေတြ႕တတ္သည္၊ ခရီးေႏွာင့္ေႏွးတတ္သည္ဟု ေမေမတို႔ ေျပာသည္ကို ၾကားဖူးသျဖင့္ အစ္ကို႔ကို သူ႔ေၾကာင့္ႏွင့္ အေႏွာင့္အယွက္မျဖစ္ေစခ်င္ေသာေၾကာင့္ျဖစ္သည္။ လြန္းညီသည္ ထိုသို႔ေသာ အယူကိစၥမ်ားကို အယုံအၾကည္မရွိလွေသာ္ျငား ခဏခဏ ၾကားပါမ်ားလာေသာေၾကာင့္ မသိစိတ္က စြဲလာၿပီး အလိုလိုေရွာင္ၾကဥ္မိျခင္းျဖစ္သည္။
ေန႔လယ္ေရာက္ေသာအခါ ယခင္ေန႔မ်ားက ေရးမွတ္ထားခဲ့ေသာ ဂ်ပန္စာမ်ားကို ျပန္၍ၾကည့္မိသည္။ အင္တာနက္ဆိုင္သြားၿပီး စာဆက္လုပ္ရန္ေတာ့ စိတ္မပါေခ်။ အစ္ကိုသူရသည္လည္း သူ႔ထံ လာေသးသည္။ အစ္ကိုတို႔ မႏၲေလးကို ေရာက္ၿပီျဖစ္ၿပီး ဖုန္းဆက္ေၾကာင္း လာေျပာျခင္းသာ။
ေဖေဖ့ကတ္ဆတ္ဆီမွ လြန္းညီဖြင့္ထားေသာ သီခ်င္းမ်ားသည္ သူ႔တစ္ေန႔တာကို စိုးမိုးထားခဲ့သည္။ အမ်ားစုကေတာ့ အစ္ကိုႀကိဳက္သည့္ စိုင္းထီးဆိုင္၏ သီခ်င္းမ်ားသာျဖစ္သည္။ အစ္ကိုက အျခားေခတ္လူငယ္မ်ားႏွင့္ေတာ့ နည္းနည္းကြဲျပား၏။ ေခတ္ေပၚသီခ်င္းမ်ားထက္ စိုင္းထီးဆိုင္၊
You are reading the story above: TeenFic.Net