Unicode
နှစ်သစ်ကူးညက လင်းသစ်အတွက် စိတ်ရှုပ်စရာ အတွေးများနှင့် ညတာရှည်လွန်းခဲ့ပါသည်။ ခံပြင်းမှုများ၊ မကျေနပ်မှုများကြောင့် အရွဲ့တိုက်ပစ်ချင်စိတ်များက တဖွားဖွား ပေါ်လာခဲ့ရ၏။ သို့သော် မည်သည့်အရာကိုမျှ သူ မစွမ်းဆောင်နိုင်သေးသဖြင့် တစ်ဦးတည်းသာ အတွေးများခဲ့ရပါသည်။
ထိုညက အတန်းဖော်တစ်ယောက်အိမ်တွင် အောင်ထွေးနှင့် သူရတို့နှင့်အတူစုနေရင်း သူ၏တစ်စုံတစ်ယောက်ရှိသည့် ခြံဝင်းဆီသို့ သုံးယောက်သား မယောင်မလည်နှင့် လစ်ထွက်ခဲ့ကြသည်။ ပြီးနောက် ညီတို့၏ လိုင်းခန်းနှင့် မျက်စောင်းထိုးတွင်ရှိသော သစ်ပင်အောက်တွင် အသင့်ယူလာသည့် ဂီတာနှင့် သီချင်းဆိုဖြစ်သည်။ သီချင်းကတော့ စိုးသူ၏ 'သူသိပါကွယ်'။ ဘေးတွင်ရှိနေသော အစ်ကိုကြီးတစ်စုကလည်း သူ့သီချင်းကို လိုက်ပါနားဆင်နေကြသည်။
လင်းသစ်မှာ ဆိုသာဆိုနေရသော်ငြား ညီမှ ကြားပါ့မလားဟု စိုးရိမ်မိသည်။ ထွက်များလာမလားဟုလည်း မရဲတရဲ မျှော်လင့်မိသည်။ သီချင်းဆုံးတော့ အစ်ကိုကြီးများက ဘယ်ကောင်မလေးဆီလာတာလဲ၊ ပြောပေးရမလားဟု စေတနာထက်သန်စွာဖြင့် မေးလာကြလေသည်။ သူရကတော့ လင်းသစ်အား ဤသို့ အကြံပေးလာ၏။
"နေဦးကွ။ ဒီကနေဆို ကြားချင်မှ ကြားရမှာ။ မသေချာဘူး။ အဲတော့ အနောက်ဘက်သွားရအောင်။ အဲ့ကနေဆို တိုက်ရိုက်ကြားရမှာ။ ပြတင်းပေါက်လည်းရှိတော့ ထွက်ကြည့်ရင်လည်း ကြည့်မှာ"
သူရ၏ အကြံကို လက်ခံ၍ လိုင်းခန်း၏ အနောက်ဘက်ဆီသို့ သူတို့သွားရန်ပြင်နေစဥ်မှာပင် လင်းသစ်မျက်မှန်းတန်းမိနေသော ဤခြံထဲက ဦးလေးကြီးတစ်ဦးက သူတို့ဆီရောက်လာသည်။ ထို့နောက် ခြံထိပ်ကို ညွှန်ပြကာ လင်းသစ်အား 'မင်းတို့အိမ်က ကားရောက်နေတယ်'ဟု ပြောသည်။ လင်းသစ် ဇဝေဇဝါဖြင့် သွားကြည့်မိတော့ အမှန်တကယ်ပင် ဒယ်ဒီ့ကားနှင့် ဒါရိုက်ဘာဦးလေးကြီး ဖြစ်နေသည်။ ဒယ်ဒီက ခေါ်ခိုင်းလိုက်သည်ဆိုသည့် စကားတစ်ခွန်းကြောင့်နှင့်ပင် လင်းသစ်သည် သူငယ်ချင်းများအား နှုတ်ဆက်ကာ ပြန်လိုက်လာခဲ့သည်။
"ဒယ်ဒီက ဘာလို့ခေါ်ခိုင်းလိုက်တာလဲ ဦးလေး"
"အဲဒါတော့ ဦးလေးလည်း သေချာမသိပါဘူးကွာ။ အိမ်မှာတော့ ဆရာ့ရဲ့ မိတ်ဆွေတွေရောက်နေတယ်။ သားတို့ကို မိတ်ဆက်ပေးမလို့နေမှာပေါ့"
လင်းသစ်သည် ဘာမှမတုံ့ပြန်မိဘဲ ကားမှန်မှ မထင်မရှား ထိုးဖောက်မြင်နေရသည့် ည၏ခပ်မှောင်မှောင် မြင်ကွင်းများကို ငေးနေမိ၏။ ပြီးနောက် နားမလည်သည့် ကိစ္စတစ်ခုကိုလည်း မေးလိုက်မိသည်။
"ဒါနဲ့ ဦးလေးက သား ဒီမှာရှိမှန်းဘယ်လိုသိတာလဲ"
"အစကတော့ သားပြောခဲ့တဲ့ အိမ်ကိုပဲ လာရှာတာပါ။ သားတို့ မရှိတော့ ဆရာ့ကိုပြန်ပြောပြလိုက်တယ်။ ဆရာက အဲ့ခြံဘက်ကို သွားကြည့်ဆိုတာနဲ့ ရောက်လာတာပေါ့"
လင်းသစ် ရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။ ဒယ်ဒီ သိနေသည်လားဆိုသည့် အတွေးကလည်း ခေါင်းထဲရောက်လာလေသည်။ သို့မဟုတ်လျှင် ပိုနီးသည့် အောင်ထွေးအိမ်သို့ ရှာခိုင်းရမည်မဟုတ်လား။ ယခုတော့ ဒယ်ဒီက ညီရှိရာနေရာသို့ တည့်တည့်မတ်မတ်ပင် လမ်းညွှန်လိုက်သည်တဲ့။ လန့်ဖျပ်သွားသည့် စိတ်ကို ထိန်းချုပ်၍ တည်ငြိမ်စေရန် အချိန်ယူပြီး အိမ်ရောက်လျှင် ဒယ်ဒီနှင့် ဘာဆက်ဖြစ်ဦးမည်နည်း၊ မည်သို့လုပ်ရမည်နည်းဟု တွေးတောနေမိသည်။
အိမ်ရောက်သောအခါ ဦးလေးကြီးပြောသကဲ့သို့ အိမ်ဧည့်ခန်း၌ ဒယ်ဒီ့၏ ရုံးမှမိတ်ဆွေများ၊ စီးပွားရေးအသိများကို တွေ့ရသည်။ ဒယ်ဒီက လင်းသစ်နှင့် သုထက်အား မိတ်ဆက်ပေးသည်။ ထိုလူကြီးများက သူတို့ညီအစ်ကိုနှစ်ဦးအား အကဲခတ်၍ 'လူချောလေးတွေပဲ။ ကိုဟိန်းမာန်အားကိုးရမယ့် သားတွေပဲ'ဟုဆိုကာ မြှောက်ပင့်နေကြလေသည်။ ဒယ်ဒီကလည်း 'သားနှစ်ယောက်ကတော့ ကျွန်တော်ရဲ့ မျှော်လင့်ချက်ပဲဗျို့'ဟု ပြောသည်။
သုထက်က အနေမတတ်သော်ငြား ခပ်ပြုံးပြုံး။ ယခင်က သုထက်ကို ဒယ်ဒီနှင့် မတည့်ဘူးဟု ထင်ခဲ့သည်။ သို့သော် အနေကြာလာမှ သိရသည်က သုထက်သည် တကယ့်ဖအေချစ်သားပင်ဖြစ်သည်။ ဂရုမစိုက်တတ်၊ အချိန်မပေးတတ်သည့် ဒယ်ဒီကို အရွဲ့တိုက်ပြီး ဆိုးပြနေသော်ငြား ဒယ်ဒီ့ကို အလွန်ချစ်သည်။ ဒယ်ဒီဖြစ်စေချင်သည့် သားတစ်ယောက်ဖြစ်ရမည်ဟု သန္နိဋ္ဌာန်ချထားကြောင်းကို လင်းသစ်အား ပြောပြဖူးသည်။ ယခုကဲ့သို့ သူ့အား အလေးပေး၍ ပွဲထုတ်နေသဖြင့် အနေရခက်နေလျှင်တောင် ကျေနပ်နေမည်ထင်သည်။ လင်းသစ်ကတော့ စိတ်လေးနေမိသည်။ ဒယ်ဒီဖြစ်စေချင်သည့် ထိုကဲ့သို့သားမျိုး သူ ဖြစ်နိုင်ပါ့မလား မသေချာ၊ အကယ်၍သာ ဒယ်ဒီက သူ့ဖြစ်စဥ်ကို နားမလည်၊ လက်မခံပေးနိုင်လျှင်ပေါ့။
လင်းသစ်တို့ညီအစ်ကို အကြာကြီးမနေလိုက်ရပါ။ မိတ်ဆက်ပေးပြီးနောက် ခေတ္တစကားပြောပြီး ပြန်လွှတ်ပါသည်။ ထိုအခါ လင်းသစ် ပို၍စိတ်ရှုပ်ရပြန်သည်။ ထိုမျှလောက် မိတ်ဆက်ပေးဖို့နှင့်တော့ အပြင်ရောက်နေသည့်သူ့အား ဒယ်ဒီ လှမ်းမခေါ်သင့်ပါ။ ဘာကြောင့်များလဲ။ သူ့ကို... မယုံလို့လား။
ဟုတ်တာပေါ့။ ဒယ်ဒီက သူ့ကို မယုံဘူးလေ။ မဟုတ်သေးဘူး၊ ဒယ်ဒီက ဘယ်သူ့ကိုမှ မယုံတာ။ သိပ်ကို သံသယကြီးလွန်းသည့် ဒယ်ဒီက မာမီ့ကိုပင် ယုံခဲ့သူ မဟုတ်ဘူး။ သည်တော့ သူ့သွေးသားနှစ်ဦးဖြစ်သည့် သူတို့ညီအစ်ကိုကိုလည်း မယုံဘူး။ ထိုထဲတွင် လင်းသစ်ကိုတော့ ပို၍ပင် မယုံဆုံး ဖြစ်လိမ့်မည်။ ဦးငယ်ကိစ္စနှင် ဆုံးမစကားဆိုလေတိုင်း အမြဲနှုတ်ဆိတ်နေတတ်သည့် သူ့ကို၊ တစ်ယောက်တည်း တကုပ်ကုပ်နှင့် အလုပ်ရှုပ်ပြီး မအားလပ်နေသည့် သူ့ကို ဒယ်ဒီ မယုံကြည်ပေ။ သူ့ညီငယ်၏ လမ်းစဥ်ကို လိုက်မည်ကို စိုးရိမ်နေလေသည်။ သို့သော် ထိုစိုးရိမ်မှုတွင် သံသယများက လိုသည်ထက် ပို၍ရောပါလာသည့်အခါ တစ်ဖက်သူက ထိုစိုးရိမ်ပေးမှုကို မမြင်နိုင်တော့ဘဲ မိမိအပေါ် မယုံကြည်ဘူးဆိုသည့် အတွေးဖြင့် သိမ်ငယ်ရတတ်သည်။ လင်းသစ်လည်း ထိုသို့ခံစားနေမိသည်။ သူ ဦးငယ်ကဲ့သို့ ဖြစ်နေသည်မှာ မှန်သော်ငြား ထိုသို့အမြင်ခံနေရသည်မှာ လွန်စွာအားငယ်စရာ ကောင်းသည်မဟုတ်ပါလား။ သည့်အပြင် ဒယ်ဒီနှင့် တစ်လျှောက်လုံးနေခဲ့ရသည့် သုထက်ရော ထိုအခြေအနေများကို မည်မျှကြုံတွေ့ခဲ့ရမည်နည်းဟုလည်း တွေးမိသည်။
လင်းသစ်သည် ပြင်းထန်သော စိတ်ခံစားချက်များနှင့် အိပ်ခန်းတွင်းသို့ ဝင်လာခဲ့သည်။ ဘာမှလုပ်မဘဲ ခုတင်ပေါ် ထိုင်နေခဲ့သည်မှာ အချိန်မည်မျှကြာသွားသည် မသိပါ။ အတော်ကြာကာမှ စိတ်လျော့၍ အင်္ဂလိပ်စာများ ပြန်ကြည့်ပြီး ခံစားရသမျှတိုင်းကို စာထဲတွင် နှစ်နေမိသည်။ ငယ်ရွယ်စဥ်က သည်အင်္ဂလိပ်စာကို မာမီ သင်ပေးသဖြင့်သာ သင်ခဲ့ရသည်။ ဘာအတွက်ဆိုသည့် ရည်ရွယ်ချက် မရှိခဲ့ဖူးပေ။ သို့သော် ယခုတော့ ထိုဘာသာစကားသည် သူ့အတွက် မျှော်လင့်ချက်တစ်ခုပင် ဖြစ်လာတော့သည်။
လူမှန်းသိတတ်ခါစကတည်းက ရိုးရှင်းစွာနေလာခဲ့သည့် လင်းသစ်တွင် ရိုးရှင်းသော စိတ်ကူးရည်မှန်းချက်များ ရှိခဲ့ဖူးသည်။ ကျောင်းတက်ရင်း ကျောင်းသားဘဝကို အပြည့်အဝခံစားမည်။ ကျောင်းပြီးပါက TTCတွင် ဝင်တက်မည်။ ပြီးသည့်နောက် တာဝန်ကျရာနယ်တွင် ပညာသင်ပေးသည့် ကျောင်းဆရာတစ်ဦးအဖြစ် ရပ်တည်မည်။ သူ့အနာဂတ်အစီအစဥ်က ထိုမျှသာ။ မည်သည့်အရာကိုမျှ ကြိုတွေးတတ်သည့် အကျင့်မရှိသဖြင့် ပေါ့ပျက်ပျက်တော့နိုင်သော်ငြား အပူအပင်တော့ ကင်းလှပါ၏။
သို့သော်... သူ ဘယ်တုန်းက ပြောင်းလဲလာခဲ့မှန်း သူကိုယ်တိုင်ပင် မသိပါချေ။ လင်းသစ် သတိထားမိချိန်မှာ သူသည် အတွေးများကအစ လေးနက်လာသည်။ အစီအစဥ်ဆွဲလုပ်သည့် အကျင့်ကို ကျင့်သုံးဖြစ်လာသည်။ လုပ်သမျှ အရာတိုင်းမှာ ဘယ်အတွက်ဆိုသည့် ရည်ရွယ်ချက်ရှိလာသည်။ ထို့အတူ စိုးရိမ်ပူပန်တတ်လာသည်။ တစ်နည်းအားဖြင့်ဆိုသော် သူ့ ဘဝသည် ရှုပ်ထွေးစပြုလာသည်။
ထိုရှုပ်ထွေးမှုသည် နေလွန်းညီဆိုသည့် ဆက်ထုံးတစ်ခုမှ စတင်ခဲ့ကြောင်းကိုတော့ လင်းသစ် ကောင်းစွာသိပါသည်။ ရှုပ်ထွေးမှုများ၏ အရင်းခံဖြစ်သော ထိုဆက်ထုံးလေးကို သူကတော့ ဘယ်တော့မှဖယ်ရှားပစ်မည် မဟုတ်ပါ။ ထိုဆက်ထုံးလေးသည် သူ့ဘဝ၏ နေရာတိုင်းတွင် အခြေခိုင်စွာ ချည်နှောင်တွယ်ထားနှင့်ပြီးပြီဖြစ်သည်။ လင်းသစ်သည်လည်း ထိုဆက်ထုံးလေးထံမှ နက်နက်နဲနဲ အချည်နှောင်ခံနေပြီးပြီဖြစ်သည်။
••••••••••
ဇန်နဝါရီလတွင်းသို့ ရောက်ရှိချိန်တွင် လင်းသစ်တို့၏ ကျောင်း၌ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်စသည့် ပြိုင်ပွဲများကို အတန်းများအလိုက် ပြုလုပ်ကြသည်။ ထိုမှဆုရရှိသူများနှင့် လပတ်စာမေးပွဲများ၌ အမှတ်အများဆုံးရရှိသူများကို ကျောင်းဆုပေးပွဲတွင် ဆုချီးမြှင့်သည်။ ထိုပွဲပြီးချိန်တွင်တော့ ကျောင်းသားကျောင်းသူများသာမက ဆရာ၊ဆရာမများကပါ စာမေးပွဲအား အာရုံစိုက်၍ လုံးပမ်းကြရတော့သည်။
ဇန်နဝါရီလနှောင်းပိုင်း။
နေ့လယ်မွန်းလွဲပိုင်းသည် နေရောင်ဖျော့ဖျော့ကြားတွင် အအေးဓာတ် စိမ့်စိမ့်ကလေး ရှိနေ၏။ လင်းသစ်တို့သူငယ်ချင်းသုံးယောက်သည် အငယ်သုံးယောက်နှင့်အတူ ယခင်တစ်ခါကအတိုင်း ခြံဝင်းထဲရှိ မန်ကျည်းပင်ရိပ်အောက်၌ စားပွဲခုံခင်းကာ စာကျက်နေကြသည်။
"စာမေးပွဲက တကယ်ကြီး နီးလာပြီနော်။ စာကိုလည်း ဂရုတစိုက်လုပ်၊ လူကိုလည်း အနားပေးဖို့ မမေ့နဲ့။ နားချိန်တန်နားပြီးမှ လုပ်ကြပေါ့။ ပေါ့ပေါ့တန်တန်တော့ မလုပ်ကြနဲ့"
ဆရာတစ်ယောက်၏ လေသံအတိုင်း ပြောလာသည့် ထိုစကားသံသည် သေချာပေါက် အောင်ထွေးနောင်ဆီကဆိုတာ ပြေးကြည့်စရာမလို၊ တွေးကြည့်ရုံနှင့် သိနိုင်ပေသည်။ ခမ်းမောင်၊ သုထက်နှင့် လွန်းညီတို့က စာအုပ်ကိုင်လျက်နှင့် ခေါင်းတညိတ်ညိတ်ဖြင့် အောင်ထွေးစကားကို နာခံကြ၏။
"ငါတော့ နားပဲ နားချင်တော့တယ်"
အကြောဆန့်လျက်ပြောလာသည့် သူရ၏နောက်ကျောကို လင်းသစ်က စာအုပ်နှင့်လှမ်းရိုက်ရင်း 'ကလေးတွေရှေ့ ဦးဆောင်ပျင်းပြနေတယ်'ဟုပြောသည်။ သူရက သူ့အားရိုက်နေသည်ကို လျစ်လျူရှုကာ စကားစပြန်သည်။
"ဒါနဲ့ မင်းမွေးနေ့ရောက်တော့မှာဆို"
"အင်း"
လွန်းညီ၏ ခေါင်းလေးသည် ဆတ်ခနဲ ထောင်လာသည်။ သူရက သူ့အား စိုက်ကြည့်ပြီး ပြုံးတုံ့တုံ့လုပ်နေမှန်း မြင်ကာမှ အရှက်ပြေရယ်ပြလျက် ခေါင်းပြန်ငုံ့သွားသည်။
"ဘာကျွေးမှာလဲ"
"ကျောင်းမှာပဲ မနက်စာကျွေးမယ်လေ"
"သုထက်တုန်းကလို အိမ်ခေါ်မကျွေးဘူးလား။ သောကြာနေ့ဆိုတော့ ငါတို့ညအိပ်လို့လည်း ရတယ်လေ"
သူရကတော့ သူဖြစ်ချင်ရာကို ပြောရှာပါသည်။ သို့သော် လင်းသစ်ကတော့ ညီ့ကို အိမ်မခေါ်သွားချင်ပေ။ ဒယ်ဒီ့၏ အကြည့်တစ်ချက်တိုင်းကို လိုက်ကြည့်နေမိပြီး စိတ်မသက်မသာ ဖြစ်နေရလိမ့်မည်။ ညီ့အတွက်လည်း အနေရကျပ်ကောင်းကျပ်နေနိုင်လိမ့်မည်။
ယခင်တစ်ခေါက်က ဆုပေးပွဲသို့ သူတို့သူငယ်ချင်းများအားလုံး၏ မိဘအုပ်ထိန်းသူများ လာကြသည်။ ထိုအခါတုန်းက ဒယ်ဒီ့ရှေ့၌ ညီ့ကို သူ လှမ်းမကြည့်ရဲဖြစ်နေသည်။ ဘယ်အရာကိုလုပ်လုပ် မဝံ့မရဲဖြစ်နေခဲ့သဖြင့် ကိုယ်တိုင်ပင် အားမလိုအားမရဖြစ်ခဲ့ရသည်။ ရှောင်ပြေးမနေသင့်မှန်းသိသော်ငြား သူ မရင်ဆိုင်ရဲသေးဖြစ်နေသည်။
"တော်ပါပြီ။ ကျောင်းမှာပဲ ကျွေးတော့မယ်"
"မမိုက်လိုက်တာ"
သူရ၏ မကျေမနပ် အသံကို လင်းသစ် လျစ်လျူရှုလျက် စာဆက်ကျက်ရန် ပြင်လိုက်သည်။ ကျန်သူများကလည်း ကိုယ်စီကိုယ်စီ စာရေးသူရေး၊ စာကျက်သူကျက်နှင့်ပင်။ ခဏအကြာ၌ သူရက စကားပြန်စ၏။
"Private Studyကာလတောင် ရောက်တော့မယ်။ မင်းတို့က အိမ်မှာပဲနေမှာလား"
သည်တစ်ခါမှာတော့ အောင်ထွေးကပါ မော့ကြည့်လျက် သူရအမေးကို ဖြေသည်။
"မနေဘူး။ အဆောင်သွားဖို့ အမေတို့ကို ပြောထားတယ်။ အိမ်မှာနေရင် စာလုပ်ဖို့ အာရုံကောင်းကောင်းရမှာမဟုတ့်ဘူး"
သူရက နှုတ်ခမ်းအား ရွဲ့ပြပြီး ပြောသည်။
"ငါ့ကိုတော့ အမေက အိမ်မှာမထားဘူးတဲ့"
"ကောင်းရော"
"လင်းသစ်၊ မင်းကရော"
"မင်းတို့နဲ့ အတူတူလုပ်မလို့။ အိမ်မှာပဲနေမယ်ဆိုရင် ငါလည်း နေမယ်။ အဆောင်သွားမယ်ဆိုရင်လည်း တူတူသွားမယ်"
"ဒါဆို အဆောင်ကို သုံးယောက်လုံးသွားဖြစ်မှာပေါ့"
အောင်ထွေးစကားကို ကျန်နှစ်ယောက်က ခေါင်းညိတ်ထောက်ခံကြသည်။ အငယ်သုံးယောက်ကလည်း ခေါင်းထောင်ကာ သူတို့စကားဝိုင်းကို နားစွင့်နေ၏။
"အတူတူဖြစ်အောင် ငါသွားတဲ့ အဆောင်ပဲလိုက်မယ်မလား။ မင်းတို့ရော သွားဖို့ ရည်ရွယ်ထားတဲ့အဆောင်ရှိလား"
"မရှိဘူး။ သွားကိုမသွားချင်တာ"
အောင်ထွေးနှင့် လင်းသစ်က သူရကို တစ်ချက်စီ ဆဲပေးလိုက်ကြသည်။ သူရကတော့ ဂရုမစိုက်ဘဲ အနောက်ကိုလက်ထောက်လျက် စာအုပ်ကို ပြန်ကြည့်သည်။ သုထက်က သူ့အစ်ကိုနှင့် သူငယ်ချင်းများ၏ အစီအစဥ်ကို သဘောကျမိသွားကာ ဘေးကလွန်းညီနှင့် ခမ်းမောင်ကို လက်တို့လိုက်သည်။
"ငါတို့လည်း ဆယ်တန်းကျရင် အဆောင်အတူတူသွားရအောင်"
"အင်း အင်း၊ မင်းသဘော"
ခမ်းမောင်က ထိုသို့ဖြေသည်။ လွန်းညီကတော့ ထောက်ခံဟန်ဖြင့် ခေါင်းညိတ်ပြ၏။ သုထက်ကတော့ ရွှင်မြူးစွာပင် ပြုံးလိုက်မိသည်။ စာလုပ်ရတာက ပျော်စရာမကောင်းပေမဲ့ သူငယ်ချင်းတွေနှင့်ဆိုလျှင်တော့ သူပျော်ပါသည်။
"ဒါနဲ့ အဆောင်သွားမှာက တစ်လလုံးလားဟင်"
လွန်းညီက လှမ်းမေးသည်။ အကုန်လုံးက လွန်းညီထံ လှမ်းကြည့်လာကာ လင်းသစ်က ဖြေပေး၏။
"ဟုတ်တယ် ညီ။ ကျောင်းနားတဲ့ရက်ကစပြီး စာမေးပွဲဖြေပြီးတဲ့အထိ"
လွန်းညီက ခေါင်းကို တဆတ်ဆတ်ညိတ်ပြပြီး လင်းသစ်ကို ပြုံးပြသည်။ နားလည်ပါပြီဆိုသည့်သဘော။ လင်းသစ်လည်း နားလည်ပါသည်။ ထိုကောင်လေး၏ စိတ်ကိုပေါ့။
အဆောင်မှာနေသည့်တစ်လျှောက်လုံးတွင် မတွေ့နိုင်မှာကို စိုးနေသည့် ညီ့စိတ်ကို သူနားလည်ပါသည်။ လင်းသစ် ကိုယ်တိုင်လည်း မတွေ့ရမှာကို မလိုလားပါ။ သို့သော် ယခုအချိန်က သူကိုယ်တိုင်ရော၊ ညီပါ စာကို အာရုံစိုက်ရမည့် အချိန်ဖြစ်နေသည်။ ပြီးတော့ မကြာခင်လာမည့် ခွဲခွာမှုသည် သူတို့နှစ်ဦး နောက်ထပ်ကြုံတွေ့ရဦးမည့် ခွဲခွာမှုများနှင့်ယှဥ်လျှင် အသေးအမွှားလေးပင်ရှိနေပါသေးသည်။ ထိုအခြေအနေများကို တွေးမိတော့ လင်းသစ်သည် စိတ်တွင်းမှသာ သက်ပြင်းအရှည်ကြီးကို မောပန်းစွာ ချလိုက်မိပြီး ကိုယ့်ဘာသာကိုယ် ပြန်၍အားပေးရသည်။
စိတ်ပျော့နေလို့မဖြစ်သေးဘူး လင်းသစ်မာန်။ ရှေ့လျောက်ခရီးက အများကြီးလိုသေးတယ်။ အားတင်းထားစမ်းပါ။ ညီ့အတွက်၊ မင်းနဲ့ ညီ့အတွက်။ အားမလျှော့စမ်းနဲ့။ မင်းလုပ်နိုင်တယ်။
~~~~~~~~~~~~~~~
၁၈.၁၁.၂၀၂၄
°°°°°°°°°°
Zawgyi
ႏွစ္သစ္ကူးညက လင္းသစ္အတြက္ စိတ္ရႈပ္စရာ အေတြးမ်ားႏွင့္ ညတာရွည္လြန္းခဲ့ပါသည္။ ခံျပင္းမႈမ်ား၊ မေက်နပ္မႈမ်ားေၾကာင့္ အ႐ြဲ႕တိုက္ပစ္ခ်င္စိတ္မ်ားက တဖြားဖြား ေပၚလာခဲ့ရ၏။ သို႔ေသာ္ မည္သည့္အရာကိုမွ် သူ မစြမ္းေဆာင္ႏိုင္ေသးသျဖင့္ တစ္ဦးတည္းသာ အေတြးမ်ားခဲ့ရပါသည္။
ထိုညက အတန္းေဖာ္တစ္ေယာက္အိမ္တြင္ ေအာင္ေထြးႏွင့္ သူရတို႔ႏွင့္အတူစုေနရင္း သူ၏တစ္စုံတစ္ေယာက္ရွိသည့္ ၿခံဝင္းဆီသို႔ သုံးေယာက္သား မေယာင္မလည္ႏွင့္ လစ္ထြက္ခဲ့ၾကသည္။ ၿပီးေနာက္ ညီတို႔၏ လိုင္းခန္းႏွင့္ မ်က္ေစာင္းထိုးတြင္ရွိေသာ သစ္ပင္ေအာက္တြင္ အသင့္ယူလာသည့္ ဂီတာႏွင့္ သီခ်င္းဆိုျဖစ္သည္။ သီခ်င္းကေတာ့ စိုးသူ၏ 'သူသိပါကြယ္'။ ေဘးတြင္ရွိေနေသာ အစ္ကိုႀကီးတစ္စုကလည္း သူ႔သီခ်င္းကို လိုက္ပါနားဆင္ေနၾကသည္။
လင္းသစ္မွာ ဆိုသာဆိုေနရေသာ္ျငား ညီမွ ၾကားပါ့မလားဟု စိုးရိမ္မိသည္။ ထြက္မ်ားလာမလားဟုလည္း မရဲတရဲ ေမွ်ာ္လင့္မိသည္။ သီခ်င္းဆုံးေတာ့ အစ္ကိုႀကီးမ်ားက ဘယ္ေကာင္မေလးဆီလာတာလဲ၊ ေျပာေပးရမလားဟု ေစတနာထက္သန္စြာျဖင့္ ေမးလာၾကေလသည္။ သူရကေတာ့ လင္းသစ္အား ဤသို႔ အႀကံေပးလာ၏။
"ေနဦးကြ။ ဒီကေနဆို ၾကားခ်င္မွ ၾကားရမွာ။ မေသခ်ာဘူး။ အဲေတာ့ အေနာက္ဘက္သြားရေအာင္။ အဲ့ကေနဆို တိုက္႐ိုက္ၾကားရမွာ။ ျပတင္းေပါက္လည္းရွိေတာ့ ထြက္ၾကည့္ရင္လည္း ၾကည့္မွာ"
သူရ၏ အႀကံကို လက္ခံ၍ လိုင္းခန္း၏ အေနာက္ဘက္ဆီသို႔ သူတို႔သြားရန္ျပင္ေနစဥ္မွာပင္ လင္းသစ္မ်က္မွန္းတန္းမိေနေသာ ဤၿခံထဲက ဦးေလးႀကီးတစ္ဦးက သူတို႔ဆီေရာက္လာသည္။ ထို႔ေနာက္ ၿခံထိပ္ကို ၫႊန္ျပကာ လင္းသစ္အား 'မင္းတို႔အိမ္က ကားေရာက္ေနတယ္'ဟု ေျပာသည္။ လင္းသစ္ ဇေဝဇဝါျဖင့္ သြားၾကည့္မိေတာ့ အမွန္တကယ္ပင္ ဒယ္ဒီ့ကားႏွင့္ ဒါ႐ိုက္ဘာဦးေလးႀကီး ျဖစ္ေနသည္။ ဒယ္ဒီက ေခၚခိုင္းလိုက္သည္ဆိုသည့္ စကားတစ္ခြန္းေၾကာင့္ႏွင့္ပင္ လင္းသစ္သည္ သူငယ္ခ်င္းမ်ားအား ႏႈတ္ဆက္ကာ ျပန္လိုက္လာခဲ့သည္။
"ဒယ္ဒီက ဘာလို႔ေခၚခိုင္းလိုက္တာလဲ ဦးေလး"
"အဲဒါေတာ့ ဦးေလးလည္း ေသခ်ာမသိပါဘူးကြာ။ အိမ္မွာေတာ့ ဆရာ့ရဲ႕ မိတ္ေဆြေတြေရာက္ေနတယ္။ သားတို႔ကို မိတ္ဆက္ေပးမလို႔ေနမွာေပါ့"
လင္းသစ္သည္ ဘာမွမတုံ႔ျပန္မိဘဲ ကားမွန္မွ မထင္မရွား ထိုးေဖာက္ျမင္ေနရသည့္ ည၏ခပ္ေမွာင္ေမွာင္ ျမင္ကြင္းမ်ားကို ေငးေနမိ၏။ ၿပီးေနာက္ နားမလည္သည့္ ကိစၥတစ္ခုကိုလည္း ေမးလိုက္မိသည္။
"ဒါနဲ႔ ဦးေလးက သား ဒီမွာရွိမွန္းဘယ္လိုသိတာလဲ"
"အစကေတာ့ သားေျပာခဲ့တဲ့ အိမ္ကိုပဲ လာရွာတာပါ။ သားတို႔ မရွိေတာ့ ဆရာ့ကိုျပန္ေျပာျပလိုက္တယ္။ ဆရာက အဲ့ၿခံဘက္ကို သြားၾကည့္ဆိုတာနဲ႔ ေရာက္လာတာေပါ့"
လင္းသစ္ ရင္ထဲ ထိတ္ခနဲျဖစ္သြားသည္။ ဒယ္ဒီ သိေနသည္လားဆိုသည့္ အေတြးကလည္း ေခါင္းထဲေရာက္လာေလသည္။ သို႔မဟုတ္လွ်င္ ပိုနီးသည့္ ေအာင္ေထြးအိမ္သို႔ ရွာခိုင္းရမည္မဟုတ္လား။ ယခုေတာ့ ဒယ္ဒီက ညီရွိရာေနရာသို႔ တည့္တည့္မတ္မတ္ပင္ လမ္းၫႊန္လိုက္သည္တဲ့။ လန္႔ဖ်ပ္သြားသည့္ စိတ္ကို ထိန္းခ်ဳပ္၍ တည္ၿငိမ္ေစရန္ အခ်ိန္ယူၿပီး အိမ္ေရာက္လွ်င္ ဒယ္ဒီႏွင့္ ဘာဆက္ျဖစ္ဦးမည္နည္း၊ မည္သို႔လုပ္ရမည္နည္းဟု ေတြးေတာေနမိသည္။
အိမ္ေရာက္ေသာအခါ ဦးေလးႀကီးေျပာသကဲ့သို႔ အိမ္ဧည့္ခန္း၌ ဒယ္ဒီ့၏ ႐ုံးမွမိတ္ေဆြမ်ား၊ စီးပြားေရးအသိမ်ားကို ေတြ႕ရသည္။ ဒယ္ဒီက လင္းသစ္ႏွင့္ သုထက္အား မိတ္ဆက္ေပးသည္။ ထိုလူႀကီးမ်ားက သူတို႔ညီအစ္ကိုႏွစ္ဦးအား အကဲခတ္၍ 'လူေခ်ာေလးေတြပဲ။ ကိုဟိန္းမာန္အားကိုးရမယ့္ သားေတြပဲ'ဟုဆိုကာ ေျမႇာက္ပင့္ေနၾကေလသည္။ ဒယ္ဒီကလည္း 'သားႏွစ္ေယာက္ကေတာ့ ကြၽန္ေတာ္ရဲ႕ ေမွ်ာ္လင့္ခ်က္ပဲဗ်ိဳ႕'ဟု ေျပာသည္။
သုထက္က အေနမတတ္ေသာ္ျငား ခပ္ၿပဳံးၿပဳံး။ ယခင္က သုထက္ကို ဒယ္ဒီႏွင့္ မတည့္ဘူးဟု ထင္ခဲ့သည္။ သို႔ေသာ္ အေနၾကာလာမွ သိရသည္က သုထက္သည္ တကယ့္ဖေအခ်စ္သားပင္ျဖစ္သည္။ ဂ႐ုမစိုက္တတ္၊ အခ်ိန္မေပးတတ္သည့္ ဒယ္ဒီကို အ႐ြဲ႕တိုက္ၿပီး ဆိုးျပေနေသာ္ျငား ဒယ္ဒီ့ကို အလြန္ခ်စ္သည္။ ဒယ္ဒီျဖစ္ေစခ်င္သည့္ သားတစ္ေယာက္ျဖစ္ရမည္ဟု သႏၷိ႒ာန္ခ်ထားေၾကာင္းကို လင္းသစ္အား ေျပာျပဖူးသည္။ ယခုကဲ့သို႔ သူ႔အား အေလးေပး၍ ပြဲထုတ္ေနသျဖင့္ အေနရခက္ေနလွ်င္ေတာင္ ေက်နပ္ေနမည္ထင္သည္။ လင္းသစ္ကေတာ့ စိတ္ေလးေနမိသည္။ ဒယ္ဒီျဖစ္ေစခ်င္သည့္ ထိုကဲ့သို႔သားမ်ိဳး သူ ျဖစ္ႏိုင္ပါ့မလား မေသခ်ာ၊ အကယ္၍သာ ဒယ္ဒီက သူ႔ျဖစ္စဥ္ကို နားမလည္၊ လက္မခံေပးႏိုင္လွ်င္ေပါ့။
လင္းသစ္တို႔ညီအစ္ကို အၾကာႀကီးမေနလိုက္ရပါ။ မိတ္ဆက္ေပးၿပီးေနာက္ ေခတၱစကားေျပာၿပီး ျပန္လႊတ္ပါသည္။ ထိုအခါ လင္းသစ္ ပို၍စိတ္ရႈပ္ရျပန္သည္။ ထိုမွ်ေလာက္ မိတ္ဆက္ေပးဖို႔ႏွင့္ေတာ့ အျပင္ေရာက္ေနသည့္သူ႔အား ဒယ္ဒီ လွမ္းမေခၚသင့္ပါ။ ဘာေၾကာင့္မ်ားလဲ။ သူ႔ကို... မယုံလို႔လား။
ဟုတ္တာေပါ့။ ဒယ္ဒီက သူ႔ကို မယုံဘူးေလ။ မဟုတ္ေသးဘူး၊ ဒယ္ဒီက ဘယ္သူ႔ကိုမွ မယုံတာ။ သိပ္ကို သံသယႀကီးလြန္းသည့္ ဒယ္ဒီက မာမီ့ကိုပင္ ယုံခဲ့သူ မဟုတ္ဘူး။ သည္ေတာ့ သူ႔ေသြးသားႏွစ္ဦးျဖစ္သည့္ သူတို႔ညီအစ္ကိုကိုလည္း မယုံဘူး။ ထိုထဲတြင္ လင္းသစ္ကိုေတာ့ ပို၍ပင္ မယုံဆုံး ျဖစ္လိမ့္မည္။ ဦးငယ္ကိစၥႏွင္ ဆုံးမစကားဆိုေလတိုင္း အၿမဲႏႈတ္ဆိတ္ေနတတ္သည့္ သူ႔ကို၊ တစ္ေယာက္တည္း တကုပ္ကုပ္ႏွင့္ အလုပ္ရႈပ္ၿပီး မအားလပ္ေနသည့္ သူ႔ကို ဒယ္ဒီ မယုံၾကည္ေပ။ သူ႔ညီငယ္၏ လမ္းစဥ္ကို လိုက္မည္ကို စိုးရိမ္ေနေလသည္။ သို႔ေသာ္ ထိုစိုးရိမ္မႈတြင္ သံသယမ်ားက လိုသည္ထက္ ပို၍ေရာပါလာသည့္အခါ တစ္ဖက္သူက ထိုစိုးရိမ္ေပးမႈကို မျမင္ႏိုင္ေတာ့ဘဲ မိမိအေပၚ မယုံၾကည္ဘူးဆိုသည့္ အေတြးျဖင့္ သိမ္ငယ္ရတတ္သည္။ လင္းသစ္လည္း ထိုသို႔ခံစားေနမိသည္။ သူ ဦးငယ္ကဲ့သို႔ ျဖစ္ေနသည္မွာ မွန္ေသာ္ျငား ထိုသို႔အျမင္ခံေနရသည္မွာ လြန္စြာအားငယ္စရာ ေကာင္းသည္မဟုတ္ပါလား။ သည့္အျပင္ ဒယ္ဒီႏွင့္ တစ္ေလွ်ာက္လုံးေနခဲ့ရသည့္ သုထက္ေရာ ထိုအေျခအေနမ်ားကို မည္မွ်ႀကဳံေတြ႕ခဲ့ရမည္နည္းဟုလည္း ေတြးမိသည္။
လင္းသစ္သည္ ျပင္းထန္ေသာ စိတ္ခံစားခ်က္မ်ားႏွင့္ အိပ္ခန္းတြင္းသို႔ ဝင္လာခဲ့သည္။ ဘာမွလုပ္မဘဲ ခုတင္ေပၚ ထိုင္ေနခဲ့သည္မွာ အခ်ိန္မည္မွ်ၾကာသြားသည္ မသိပါ။ အေတာ္ၾကာကာမွ စိတ္ေလ်ာ့၍ အဂၤလိပ္စာမ်ား ျပန္ၾကည့္ၿပီး ခံစားရသမွ်တိုင္းကို စာထဲတြင္ ႏွစ္ေနမိသည္။ ငယ္႐ြယ္စဥ္က သည္အဂၤလိပ္စာကို မာမီ သင္ေပးသျဖင့္သာ သင္ခဲ့ရသည္။ ဘာအတြက္ဆိုသည့္ ရည္႐ြယ္ခ်က္ မရွိခဲ့ဖူးေပ။ သို႔ေသာ္ ယခုေတာ့ ထိုဘာသာစကားသည္ သူ႔အတြက္ ေမွ်ာ္လင့္ခ်က္တစ္ခုပင္ ျဖစ္လာေတာ့သည္။
လူမွန္းသိတတ္ခါစကတည္းက ႐ိုးရွင္းစြာေနလာခဲ့သည့္ လင္းသစ္တြင္ ႐ိုးရွင္းေသာ စိတ္ကူးရည္မွန္းခ်က္မ်ား ရွိခဲ့ဖူးသည္။ ေက်ာင္းတက္ရင္း ေက်ာင္းသားဘဝကို အျပည့္အဝခံစားမည္။ ေက်ာင္းၿပီးပါက TTCတြင္ ဝင္တက္မည္။ ၿပီးသည့္ေနာက္ တာဝန္က်ရာနယ္တြင္ ပညာသင္ေပးသည့္ ေက်ာင္းဆရာတစ္ဦးအျဖစ္ ရပ္တည္မည္။ သူ႔အနာဂတ္အစီအစဥ္က ထိုမွ်သာ။ မည္သည့္အရာကိုမွ် ႀကိဳေတြးတတ္သည့္ အက်င့္မရွိသျဖင့္ ေပါ့ပ်က္ပ်က္ေတာ့ႏိုင္ေသာ္ျငား အပူအပင္ေတာ့ ကင္းလွပါ၏။
သို႔ေသာ္... သူ ဘယ္တုန္းက ေျပာင္းလဲလာခဲ့မွန္း သူကိုယ္တိုင္ပင္ မသိပါေခ်။ လင္းသစ္ သတိထားမိခ်ိန္မွာ သူသည္ အေတြးမ်ားကအစ ေလးနက္လာသည္။ အစီအစဥ္ဆြဲလုပ္သည့္ အက်င့္ကို က်င့္သုံးျဖစ္လာသည္။ လုပ္သမွ် အရာတိုင္းမွာ ဘယ္အတြက္ဆိုသည့္ ရည္႐ြယ္ခ်က္ရွိလာသည္။ ထို႔အတူ စိုးရိမ္ပူပန္တတ္လာသည္။ တစ္နည္းအားျဖင့္ဆိုေသာ္ သူ႔ ဘဝသည္ ရႈပ္ေထြးစျပဳလာသည္။
ထိုရႈပ္ေထြးမႈသည္ ေနလြန္းညီဆိုသည့္ ဆက္ထုံးတစ္ခုမွ စတင္ခဲ့ေၾကာင္းကိုေတာ့ လင္းသစ္ ေကာင္းစြာသိပါသည္။ ရႈပ္ေထြးမႈမ်ား၏ အရင္းခံျဖစ္ေသာ ထိုဆက္ထုံးေလးကို သူကေတာ့ ဘယ္ေတာ့မွဖယ္ရွားပစ္မည္ မဟုတ္ပါ။ ထိုဆက္ထုံးေလးသည္ သူ႔ဘဝ၏ ေနရာတိုင္းတြင္ အေျခခိုင္စြာ ခ်ည္ေႏွာင္တြယ္ထားႏွင့္ၿပီးၿပီျဖစ္သည္။ လင္းသစ္သည္လည္း ထိုဆက္ထုံးေလးထံမွ နက္နက္နဲနဲ အခ်ည္ေႏွာင္ခံေနၿပီးၿပီျဖစ္သည္။
••••••••••
ဇန္နဝါရီလတြင္းသို႔ ေရာက္ရွိခ်ိန္တြင္ လင္းသစ္တို႔၏ ေက်ာင္း၌ လြတ္လပ္ေရးေန႔အထိမ္းအမွတ္အျဖစ္ အားကစားၿပိဳင္ပြဲ၊ စာစီစာကုံးၿပိဳင္ပြဲ၊ ပန္းခ်ီၿပိဳင္စသည့္ ၿပိဳင္ပြဲမ်ားကို အတန္းမ်ားအလိုက္ ျပဳလုပ္ၾကသည္။ ထိုမွဆုရရွိသူမ်ားႏွင့္ လပတ္စာေမးပြဲမ်ား၌ အမွတ္အမ်ားဆုံးရရွိသူမ်ားကို ေက်ာင္းဆုေပးပြဲတြင္ ဆုခ်ီးျမႇင့္သည္။ ထိုပြဲၿပီးခ်ိန္တြင္ေတာ့ ေက်ာင္းသားေက်ာင္းသူမ်ားသာမက ဆရာ၊ဆရာမမ်ားကပါ စာေမးပြဲအား အာ႐ုံစိုက္၍ လုံးပမ္းၾကရေတာ့သည္။
ဇန္နဝါရီလေႏွာင္းပိုင္း။
ေန႔လယ္မြန္းလြဲပိုင္းသည္ ေနေရာင္ေဖ်ာ့ေဖ်ာ့ၾကားတြင္ အေအးဓာတ္ စိမ့္စိမ့္ကေလး ရွိေန၏။ လင္းသစ္တို႔သူငယ္ခ်င္းသုံးေယာက္သည္ အငယ္သုံးေယာက္ႏွင့္အတူ ယခင္တစ္ခါကအတိုင္း ၿခံဝင္းထဲရွိ မန္က်ည္းပင္ရိပ္ေအာက္၌ စားပြဲခုံခင္းကာ စာက်က္ေနၾကသည္။
"စာေမးပြဲက တကယ္ႀကီး နီးလာၿပီေနာ္။ စာကိုလည္း ဂ႐ုတစိုက္လုပ္၊ လူကိုလည္း အနားေပးဖို႔ မေမ့နဲ႔။ နားခ်ိန္တန္နားၿပီးမွ လုပ္ၾကေပါ့။ ေပါ့ေပါ့တန္တန္ေတာ့ မလုပ္ၾကနဲ႔"
ဆရာတစ္ေယာက္၏ ေလသံအတိုင္း ေျပာလာသည့္ ထိုစကားသံသည္ ေသခ်ာေပါက္ ေအာင္ေထြးေနာင္ဆီကဆိုတာ ေျပးၾကည့္စရာမလို၊ ေတြးၾကည့္႐ုံႏွင့္ သိႏိုင္ေပသည္။ ခမ္းေမာင္၊ သုထက္ႏွင့္ လြန္းညီတို႔က စာအုပ္ကိုင္လ်က္ႏွင့္ ေခါင္းတညိတ္ညိတ္ျဖင့္ ေအာင္ေထြးစကားကို နာခံၾက၏။
"ငါေတာ့ နားပဲ နားခ်င္ေတာ့တယ္"
အေၾကာဆန္႔လ်က္ေျပာလာသည့္ သူရ၏ေနာက္ေက်ာကို လင္းသစ္က စာအုပ္ႏွင့္လွမ္း႐ိုက္ရင္း 'ကေလးေတြေရွ႕ ဦးေဆာင္ပ်င္းျပေနတယ္'ဟုေျပာသည္။ သူရက သူ႔အား႐ိုက္ေနသည္ကို လ်စ္လ်ဴရႈကာ စကားစျပန္သည္။
"ဒါနဲ႔ မင္းေမြးေန႔ေရာက္ေတာ့မွာဆို"
"အင္း"
လြန္းညီ၏ ေခါင္းေလးသည္ ဆတ္ခနဲ ေထာင္လာသည္။ သူရက သူ႔အား စိုက္ၾကည့္ၿပီး ၿပဳံးတုံ႔တုံ႔လုပ္ေနမွန္း ျမင္ကာမွ အရွက္ေျပရယ္ျပလ်က္ ေခါင္းျပန္ငုံ႔သြားသည္။
"ဘာေကြၽးမွာလဲ"
"ေက်ာင္းမွာပဲ မနက္စာေကြၽးမယ္ေလ"
"သုထက္တုန္းကလို အိမ္ေခၚမေကြၽးဘူးလား။ ေသာၾကာေန႔ဆိုေတာ့ ငါတို႔ညအိပ္လို႔လည္း ရတယ္ေလ"
သူရကေတာ့ သူျဖစ္ခ်င္ရာကို ေျပာရွာပါသည္။ သို႔ေသာ္ လင္းသစ္ကေတာ့ ညီ့ကို အိမ္မေခၚသြားခ်င္ေပ။ ဒယ္ဒီ့၏ အၾကည့္တစ္ခ်က္တိုင္းကို လိုက္ၾကည့္ေနမိၿပီး စိတ္မသက္မသာ ျဖစ္ေနရလိမ့္မည္။ ညီ့အတြက္လည္း အေနရက်ပ္ေကာင္းက်ပ္ေနႏိုင္လိမ့္မည္။
ယခင္တစ္ေခါက္က ဆုေပးပြဲသို႔ သူတို႔သူငယ္ခ်င္းမ်ားအားလုံး၏ မိဘအုပ္ထိန္းသူမ်ား လာၾကသည္။ ထိုအခါတုန္းက ဒယ္ဒီ့ေရွ႕၌ ညီ့ကို သူ လွမ္းမၾကည့္ရဲျဖစ္ေနသည္။ ဘယ္အရာကိုလုပ္လုပ္ မဝံ့မရဲျဖစ္ေနခဲ့သျဖင့္ ကိုယ္တိုင္ပင္ အားမလိုအားမရျဖစ္ခဲ့ရသည္။ ေရွာင္ေျပးမေနသင့္မွန္းသိေသာ္ျငား သူ မရင္ဆိုင္ရဲေသးျဖစ္ေနသည္။
"ေတာ္ပါၿပီ။ ေက်ာင္းမွာပဲ ေကြၽးေတာ့မယ္"
"မမိုက္လိုက္တာ"
သူရ၏ မေက်မနပ္ အသံကို လင္းသစ္ လ်စ္လ်ဴရႈလ်က္ စာဆက္က်က္ရန္ ျပင္လိုက္သည္။ က်န္သူမ်ားကလည္း ကိုယ္စီကိုယ္စီ စာေရးသူေရး၊ စာက်က္သူက်က္ႏွင့္ပင္။ ခဏအၾကာ၌ သူရက စကားျပန္စ၏။
"Private Studyကာလေတာင္ ေရာက္ေတာ့မယ္။ မင္းတို႔က အိမ္မွာပဲေနမွာလား"
သည္တစ္ခါမွာေတာ့ ေအာင္ေထြးကပါ ေမာ့ၾကည့္လ်က္ သူရအေမးကို ေျဖသည္။
"မေနဘူး။ အေဆာင္သြားဖို႔ အေမတို႔ကို ေျပာထားတယ္။ အိမ္မွာေနရင္ စာလုပ္ဖို႔ အာ႐ုံေကာင္းေကာင္းရမွာမဟုတ့္ဘူး"
သူရက ႏႈတ္ခမ္းအား ႐ြဲ႕ျပၿပီး ေျပာသည္။
"ငါ့ကိုေတာ့ အေမက အိမ္မွာမထားဘူးတဲ့"
"ေကာင္းေရာ"
"လင္းသစ္၊ မင္းကေရာ"
"မင္းတို႔နဲ႔ အတူတူလုပ္မလို႔။ အိမ္မွာပဲေနမယ္ဆိုရင္ ငါလည္း ေနမယ္။ အေဆာင္သြားမယ္ဆိုရင္လည္း တူတူသြားမယ္"
"ဒါဆို အေဆာင္ကို သုံးေယာက္လုံးသြားျဖစ္မွာေပါ့"
ေအာင္ေထြးစကားကို က်န္ႏွစ္ေယာက္က ေခါင္းညိတ္ေထာက္ခံၾကသည္။ အငယ္သုံးေယာက္ကလည္း ေခါင္းေထာင္ကာ
You are reading the story above: TeenFic.Net