Unicode
နိုဝင်ဘာလ၏ နေ့ရက်များက ဆောင်းနှင်းမှုန်မှုန်ကြားမှာ မှိန်ဖျော့စွာ။ အဝေးမှ လှမ်းမြင်နေရသည့် ရှမ်းတောင်တန်းကြီးကလည်း မြူတွေဆိုင်းလျက် မှိုင်းညှို့လို့နေသည်။
မြေသားလမ်းနီနီလေးတစ်လျှောက်မှာ အတန်းလိုက်ရှိနေသည့် တရုတ်စကားပင်များ။ နောက်ဆုံးသော အပင်ကြီး၏ ဘေးတွင်တော့ တရုတ်စကားပင်ပေါက်လေးတစ်ပင်ရှိလေသည်။ နောက်ဆုံးရှိ အပင်ကြီး၏အောက်မှာတော့ အခင်းတစ်ခုပေါ်၌ အနွေးထည်ထူထူဝတ်ထားသည့် ကောင်လေးနှစ်ယောက်က ထိုင်ချထားလျက် စာအုပ်ကိုယ်စီကိုင်ပြီး စာကြည့်နေကြ၏။ သူတို့မှာ လင်းသစ်နှင့် လွန်းညီပင် ဖြစ်သည်။
စာမေးပွဲနီးလာသည်နှင့်အတူ အစိုးရစစ်လည်းဖြစ်သဖြင့် ကျောင်းသားများအဖို့ စာကိုအလွန်ပင် အာရုံစိုက်ကြိုးစားနေရသည့် အချိန်ဖြစ်သည်။ သို့ရာတွင်လည်း ကြားထဲ၌ တန်ဆောင်တိုင်ပွဲတော်နှင့်အတူ နှစ်သစ်ကူးကလည်း ရှိသေးသည်။ ထိုသို့သော ပွဲလမ်းသဘင်များကိုတော့ မည်သူကမျှ လက်လွှတ်မခံချင်သဖြင့် ပွဲလမ်းများ မဖြစ်သေးမီတွင် အချိန်ရှိခိုက်လုံ့လစိုက်နေကြခြင်းလည်း ဖြစ်သည်။
သည်ရက်ပိုင်းတွင်း လင်းသစ်တို့အုပ်စုသည်လည်း အလည်အပတ်နှင့် ဆော့ကစားခြင်းများထက် စာသာအတူတူလုပ်ဖြစ်သည်။ ခြောက်ယောက်ဆုံသည့်အခါလည်း ဆုံသည်။ တစ်ခါတစ်လေတော့လည်း လင်းသစ်နှင့် လွန်းညီက သည်နေရာကို သီးသန့်လာ၍ ယခုလို စာလာလုပ်တတ်သည်။
"အရင်ဆုံး ဒီကွင်းကိုရှင်းလိုက်လေ။ 17က ကွင်းထဲက 3/4နဲ့လည်း ဆိုင်တယ်၊ xနဲ့လည်း ဆိုင်တယ်ဆိုတော့ အရင်မြှောက်လိုက်။ ပြီးမှ ဟိုဘက်က equationနဲ့ ညှိ"
လွန်းညီတစ်ယောက် Algebraများကို တွက်နေရင်းနှင့်ပင် လည်ထွက်နေသည်မို့ လင်းသစ်က ပြန်ရှင်းပြနေခြင်းဖြစ်သည်။ ရှင်းပြပြီးတော့ လွန်းညီက ခေါင်းတညိတ်ညိတ်နှင့် ဟုတ်ဟုဆိုကာ စာအုပ်ကို ပေါင်ပေါ်တင်ကာ ပြန်တွက်သည်။ အကြမ်းတွက်သည်မို့ စာအုပ်ဗလာထဲတွင် လွန်းညီက ခပ်သော့သော့ချရေးတွက်၏။ လင်းသစ်သည် အာရုံစူးစိုက်ပြီး ခေါင်းငုံ့လျက် အားကြိုးမာန်တက် တွက်ချက်နေရှာသော လွန်းညီ ပြုံး၍ ကြည့်နေမိကာ ကျက်လက်စစာကိုပင် မေ့သွားသည်။ ခဏကြာမှ ပြန်သတိရပြီး ဆက်ကျက်ရ၏။
စာကျက်ရင်း၊ တွက်စာများတွက်ရင်း၊ စာရှင်းပြရင်းနှင့် နာရီဝက်မျှ ကြာသွားပြီးနောက် အနားယူသည့်အနေနှင့် လင်းသစ်၏ နားကြပ်ကို တစ်ဖက်စီတပ်ကာ သီချင်းနားထောင်ဖြစ်ကြသည်။ အညောင်းအညာပြေရန် တရုတ်စကားပင်တန်းလေးအောက်တွင်လည်း လမ်းလျှောက်ဖြစ်ကြသည်။ ရာသီဥတုကြောင့် အေးစက်စက်ဖြစ်နေသော လက်နှစ်ဖက်ကတော့ အကြောင်းပြချက်မရှိသော်ငြား ယှက်သွယ်ထားလျက်ရှိသည်။ မြောက်လေများက ခပ်ကြမ်းကြမ်းပင် ဖြတ်တိုက်သွားပြီး တရုတ်စကားပန်းနံ့လေးများက သင်းခနဲ ဖြစ်သွားသည်။ အအေးဒဏ်ကလည်း ဝတ်ထားသည့် အနွေးထည်ကိုပင် ဖြတ်ကျော်ကာ သူတို့အား စိမ့်ခနဲ အေးသွားစေ၏။
"အစ်ကို"
အနောက်တွင်ကျန်ခဲ့သော သူတို့၏ တရုတ်စကားပင်ပေါက်လေးကို လွန်းညီက တစ်ချက်လှမ်းကြည့်ပြီး ခေါ်သည်။
"ဗျာ..."
လွန်းညီက ရှေ့သို့ပြန်လှည့်ပြီး လင်းသစ်ကို မော့ကြည့်ကာဆိုသည်။
"တရုတ်စကားပင်တွေက ကြီးထွားဖို့ဆိုရင် ၃နှစ်ကနေ ၅နှစ်အထိ ကြာတယ်တဲ့"
"ဟုတ်လား။ အစ်ကိုတောင် မသိဘူးရယ်။ ညီက တော်လိုက်တာ။ ဘယ်လိုသိတာလဲ"
"စာအုပ်တစ်အုပ်ထဲမှာတွေ့တာ"
"ဪ... အင်းအင်း။ ကောင်းတယ်၊ ကောင်းတယ်။ အသိအသေးအမွှားလေးတွေဆိုပေမဲ့ အဲဒီအသိလေးတွေများလာတဲ့အခါ ကိုယ့်မှာဗဟုသုတတွေ စုံလာရော။ 'မြတ်ပညာ'ဆိုတဲ့ ပျို့ကဗျာထဲကလိုပေါ့။ 'တွေ့ရာမှတ်သား၊ မိုးပေါက်များသော်၊ အင်းနားချောင်းကန်၊ ပြည့်သောဟန်တည့်' တဲ့၊ မိုးရေတစ်ပေါက်ဆိုပေမဲ့ များလာတဲ့အခါ အင်းတွေ၊ ချောင်းတွေတောင် ပြည့်လျှံသွားနိုင်တယ်တဲ့။ အဲ့လိုပဲ"
လွန်းညီက ခေါင်းကို အသာအယာ ညိတ်ပြလေသည်။
"အင်း... ပြောစရာရှိရင် ဆက်ပြောလေ ညီ။ အစ်ကို စကားဖြတ်ပြောသလို ဖြစ်သွားတယ်၊ ဆောရီး"
လင်းသစ် အားနာနာနှင့် စကားပြန်ဆက်ခိုင်းရသည်။ အောင်ထွေးကိုသာ ဆရာလုပ်လွန်းသည်ဟု ခဏခဏ ပြောသော်လည်း တကယ်တော့ သူ့မှာလည်း ဆရာလုပ်တတ်သည့် ဉာဉ်လေးက မွေးရာပါရှိနေသည်။
"အာ... မဟုတ်တာ။ ရပါတယ်"
အတော်ဝေးဝေးရောက်တော့ သူတို့နှစ်ဦး ပြန်ကွေ့ကာ လာရာလမ်းအတိုင်းသာ လမ်းဘေးကပ်၍ ပြန်လျှောက်လာခဲ့သည်။
"ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ရဲ့ အပင်လေး ကြီးလာဖို့က တော်တော်ကြာဦးမှာလို့ပါ။ ပြီးတော့..."
"အင်း..."
"ပြီးတော့လေ... အဲဒီအပင်လေးကြီးလာတာကို ကျွန်တော်တစ်ယောက်တည်း မကြည့်ချင်ဘူး အစ်ကို"
လင်းသစ်၏ ခြေလှမ်းတို့က တုံ့ခနဲ ရပ်သွားတော့ လွန်းညီက လည်း ခြေလှမ်းတွေကို ရပ်ပစ်လိုက်သည်။ ထို့နောက် ခေါင်းကိုငုံ့ကာ မြေပြင်ကိုသာ ငေးကြည့်နေလိုက်၏။ လွန်းညီမြင်နေရတာက မြေသားနီနီပေါ်က ဘွတ်ဖိနပ်စီးထားတဲ့ ခြေထောက်နှစ်စုံ။
လွန်းညီက ဘွတ်ဖိနပ်စီးလေ့တော့မရှိပေ။ သို့သော် ဆောင်းတွင်းရောက်ပြီမို့ မေမေဝယ်ပေးထားသည့် ဘွတ်ဖိနပ်အသစ်လေးကိုတော့ သည်နေ့ထုတ်စီးဖြစ်ခဲ့သည်။ အိမ်မှာကတည်းက သာမန်ကာလျှံကာ ထိုးစီးပြီး ချည်လာသည့် ဖိနပ်တစ်ဖက်က ကြိုးပြေနေလေ၏။
ရုတ်တရက်ပါပင်၊ အစ်ကိုဆုပ်ကိုင်ထားသော သူ့လက်က လစ်လပ်သွားပြီးနောက် သူ့ရှေ့တွင် အစ်ကိုက မုဆိုးဒူးထောက်ထိုင်ချလာသည်။ ပြီးနောက် လွန်းညီ၏ ပြေနေသော ဘယ်ဘက်ဖိနပ်ကြိုးကို အသေအချာ ချည်ပေးသည်။ ချည်ပြီးသည့်နောက် အစ်ကိုက ဖြည်းညင်းစွာ မတ်တပ်ရပ်လာကာ သူ့အားနူးညံ့စွာဖြင့် ငေးကြည့်လာသည်။
"အစ်ကိုပြောဖူးတယ်မလား။ အစ်ကိုက တစ်စုံတစ်ယောက်အတွက် သေချာပေါက် ဒီမြို့ကို ပြန်လာမှာဆိုတာလေ"
လွန်းညီ ခပ်ဖွဖွ ခေါင်းညိတ်ပြမိသည်။ သူ မှတ်မိပါသည်။ အဲဒီတစ်စုံတစ်ယောက်ကို မမြင်ဖူး၊ မသိဖူးပါဘဲနှင့် သူ့မှာမနာလိုသလို၊ အားလည်းကျခဲ့ရသည်။ အခုတော့... အဲ့လိုဖြစ်စရာမလိုတော့ဘူးမလား။
အစ်ကိုက သူ့လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်လာသည်။ သူ့လက်က အေးနေသည်။ အစ်ကို့လက်ကလည်း အေးနေပါသည်။ သို့သော် အစ်ကိုက သူ့လက်အား ကိုင်သည်ဆိုသည့် အသိက နွေးထွေးစေသည်။ အစ်ကို့မေတ္တာတွေကိုပါ ခံစားနေမိသောကြောင့်လည်း ပိုနွေးရပါသည်။
"အဲဒီတစ်စုံတစ်ယောက်က ညီပဲလေ။ ဘယ်ကိုရောက်ရောက် အစ်ကိုက ဒီကိုသေချာပေါက် ပြန်လာခဲ့မှာ။ ဒီအပင်လေးတဖြည်းဖြည်းကြီးထွားလာတာကို အတူတူကြည့်ဖို့ ကတိမပေးနိုင်ပေမဲ့... အပင်ကြီးဖြစ်သွားပြီး ညီက အဲ့အပင်လေးကို ငေးကြည့်နေတဲ့အခါမှာတော့ အစ်ကိုက ညီ့ဘေးမှာရှိနေပေးမှာ"
လွန်းညီ ခေါင်းကို သုံးလေးခါမျှ ဆက်တိုက်ညိတ်ပြလိုက်ပြီး သူ့လက်အား ဆုပ်ကိုင်ထားသည့် အစ်ကို့လက်ကို ခပ်တင်းတင်း ပြန်လည်ဆုပ်ကိုင်လိုက်သည်။ မည်သည့်အရာတွေက တွန်းအားပေးနေသည်ကို မသိသော်ငြား သူ အစ်ကို့ကိုယုံသည်။ ယခင်တုန်းကလည်း ယုံခဲ့သလို၊ နောင်လည်း ဆက်ပြီး ယုံကြည်နေဦးမည်။ အစ်ကိုပြောသလို အတူတူမစောင့်ကြည့်နိုင်ခဲ့လျှင်တောင် အဆုံးသတ်မှာတော့ ထိုအပင်လေးဘေးမှာ နှစ်ယောက်အတူတူ ရှိနေချင်ပါသည်။
မိနစ်ပိုင်းမျှ လမ်းလျှောက်ပြီးသည့်အခါ ယခင်နေရာမှာပင် ပြန်ထိုင်ရင်း စာဆက်ကြည့်ဖြစ်ကြသည်။ ကျောင်းစာတွေပြီးတော့ လွန်းညီက လင်းသစ်အား သူဖတ်သည့် အင်္ဂလိပ်စာအုပ်ထဲမှ နားမလည်သည့် စာကြောင်းများ၊ စကားလုံးများကို မေးသည်။ လင်းသစ်ကလည်း သူနားလည်တတ်ကျွမ်းသလို ပြန်ရှင်းပြပေးသည်။ ဘာသာမပြန်တတ်သည်များကိုတော့ ချမှတ်သွားပြီး နောက်နေ့ရှာလာပေးမည်ဟု ပြောသည်။
လွန်းညီ တက်နေကြ အင်္ဂလိပ်စာသင်တန်းက ဆရာသည် နေရပ်ပြောင်းသွားသဖြင့် ဆက်မသင်ဖြစ်တော့သော်ငြား လင်းသစ်က လွန်းညီကို သူသင်ပြီးသမျှ၊ သိသမျှကို ပြန်၍သင်ပြ၊ ရှင်းပြပေးသည်။ ဤကဲ့သို့ ကျောင်းပိတ်ရက်မျိုးဆို လင်းသစ်က တစ်ခါတလေ လွန်းညီအိမ်သွားပြီး အင်္ဂလိပ်စာပြပေးသည်၊ လွန်းညီမရသည့် ကျောင်းစာများကို ပြန်ရှင်းပြပေးသည်။ ထို့ကြောင့် လွန်းညီ၏ မိဘများနှင့်ပင် လင်းသစ်က အတော်ရင်းနှီးနေလေပြီ။
"ဒီစကားလုံးတွေကို ညီ အားရင် စာအုပ်ထဲချရေးထားလိုက်နော်။ ဒါမှ မှတ်မိမှာ။ ကျန်တာတွေကို အစ်ကို အိမ်မှာ ရှာကြည့်ခဲ့မယ်"
"ဟုတ်။ ကျေးဇူးပါ အစ်ကို"
"ဘာသာစကားတစ်ခုမှာ vocabကြွယ်ဝမှုက အရေးကြီးတာမှန်ပေမဲ့ အရမ်းကြီးဖိပြီး လုပ်စရာမလိုဘူး။ စကားလုံးတိုင်းကိုလည်း အသေးစိတ်ကျကျ လေ့လာနေစရာမလိုဘူး။ အစ်ကိုပြောချင်တာက... ညီက အင်္ဂလိပ်စာကို communicationသဘောမျိုးပဲ သင်ချင်တာ၊ တတ်ချင်တာဆိုရင်ပေါ့။ အဲဒါတွေက သိပ်အရေးမပါဘူး။ အဓိကက ကိုယ်နဲ့ စကားပြောသူကြား အချင်းချင်းနားလည်ဖို့နဲ့ ဖြောင့်ဖြောင့်ဖြူးဖြူးပြောနိုင်ဖို့ပဲ။ ဒီတော့ စကားလုံးအမြင့်ကြီးတွေထက် နေ့စဥ်အသုံးများတဲ့ စကားလုံးတွေကို လေ့လာရင် ပိုအဆင်ပြေမယ်။ အကယ်၍ ကိုယ်က အဲ့ဘာသာစကားနဲ့ ပတ်သတ်ပြီး ကျောင်းတတ်ဖို့၊ အလုပ်လုပ်ဖို့ အစီအစဥ်ရှိထားတယ်ဆိုရင်တော့ သေသေချာချာ သင်ဖို့လိုတယ်နော်"
လွန်းညီက စာအုပ်ကိုပိုက်လျက် ခေါင်းကို ဖြည်းဖြည်းသာသာ ညိတ်ပြသည်။ လင်းသစ်က လွန်းညီ၏ ခေါင်းကို ပွတ်သပ်ကာ ဆံပင်များကို ထိုးဖွလိုက်၏။ ခေါင်းလျှော်ရည်နံ့သင်းသင်းလေးက ပန်းနံ့များနှင့်အတူ ပတ်ဝန်းကျင်၌ ပျံ့နှံ့သွားသည်။
ထုတ်ထားသည့် စာအုပ်များကို ပြန်စီကာ ခဲတံတွေသိမ်းပြီးနောက် လင်းသစ်က လွန်းညီ၏ စက်ဘီးခြင်းတောင်းထဲ သွားထည့်ပေးသည်။ ထို့နောက် လွန်းညီဘေးနား ပြန်လာထိုင်သည်။
"ဒါနဲ့ မနက်ဖြန်ကျရင် အစ်ကို အိမ်ကိုလာဦးမှာလား"
"ညီ လာစေချင်ရင် လာမှာပေါ့"
"ကျွန်တော်တင်မဟုတ်ပါဘူးနော်။ ဖေဖေတို့ကလည်း လာစေချင်နေတာ။ မနက်က အစ်ကို မေမေနဲ့ မဆုံလို့၊ သိလား။ မေမေကလေ၊ လင်းသစ်လေးရော မလာဘူးလား၊ ခေါ်ခဲ့ပါဦးဆိုပြီး အမြဲပြောနေတာရယ်"
လွန်းညီက လင်းသစ် သူ့ခေါင်းအား ပွတ်ပေးနေသည်ကို ငြိမ်ခံရင်း ကျေနပ်နေဟန်ဖြင့် ပြောပြလေသည်။
"ဟုတ်လား ဒါဆိုရင်တော့ လာခဲ့မှာပေါ့"
"ဟုတ်"
လင်းသစ်သည် သဘောကျစွာနှင့် တစ်ချက်ပြုံးမိကာ
"အမြဲတမ်း တဟုတ်တည်း ဟုတ်နေတာပဲ"
"ဟို... အကျင့်ပါနေလို့ပါ"
"အကျင့်ပါတာလေးက ချစ်ဖို့ကောင်းတယ်"
လွန်းညီ၏ မျက်လုံးလေးများက အနည်းငယ် ဝိုင်းစက်သွားပြီး နှုတ်ခမ်းလေးက စိထားလျက်နှင့် ကော့ညွတ်သွားသည်။
"မေမေကလေ ကျွန်တော် ဟုတ်လို့ပြောရင် စိတ်မကြည်တဲ့အခါဆို ငါ့ကိုရွဲ့နေတာလားဆိုပြီး အမြဲပြောတယ်။ တကယ်တော့... ဒီတိုင်း ဘာပြန်ပြောရမှန်းမသိလို့ ဟုတ်ဆိုပြီး တုံ့ပြန်လိုက်တဲ့သဘောပါပဲ"
"ဘယ်လိုပဲဖြစ်ဖြစ် ညီရော၊ ညီ့မေမေရော မမှားပါဘူး"
"ဟုတ်ပါတယ်လေ။ ဒါပေမဲ့... ဘာလို့လူကြီးတွေက ဟုတ်လို့ပြောရင် မကြိုက်ကြတာလဲဟင် အစ်ကို"
"အဲဒါတော့ အစ်ကိုလည်း သိပ်မသိဘူးလေ။ ဒါပေမဲ့ အစ်ကို့ဦးလေးလည်း အဲ့လိုဆိုမကြိုက်ဘူးရယ်။ အထူးသဖြင့် ဆုံးမနေတဲ့အချိန်ဆို ဟုတ်ဆိုပြီး လိုက်လိုက်ပြောနေရင် သေချာနားမထောင်ပဲ ယောင်ဝါးဝါးလုပ်နေတယ်ဆိုပြီးပြောရော"
"ကျွန်တော်က အဲ့လိုသဘောနဲ့ မဟုတ်ပါဘူး"
"အစ်ကိုသိတာပေါ့။ ဒါပေမဲ့ အဲဒါက လူကြီးမြင်တဲ့အမြင်ပဲလေ။ ပြီးတော့ ဟုတ်ဆိုတာက ခပ်ပြတ်ပြတ်ကြီးဖြစ်နေတယ်တဲ့။ ပြီးပြီးရော ပြောသလိုပဲတဲ့။ အဲဒါကြောင့် ဟုတ်ကဲ့ခင်ဗျ၊ ဟုတ်ကဲ့ရှင့်ဆိုပြီး ပြောသင့်တယ်လို့လည်း ဦးငယ်က ပြောဖူးတယ်"
"အဲဒါတော့ မေမေလည်း ပြောပါတယ်။ ဒါပေမဲ့... အဲ့လိုကြီးကျ ကျွန်တော်သိပ်မပြောတတ်ဘူး။ ဘယ်လိုကြီးလဲမသိဘူး"
လင်းသစ်က လွန်းညီအား ခပ်ပြုံးပြုံးနှင့် ငဲ့စောင်းကြည့်ကာ ပြောသည်။
"ဟုတ်တော့လည်း ဟုတ်ပါတယ်။ ဒါပေမဲ့... အဲဒါကိုက အစ်ကိုတို့ရဲ့ ယဥ်ကျေးမှုတစ်ခုပဲလေ။ ဒီတော့ အစ်ကိုက ထိန်းသိမ်းသင့်တာပေါ့၊ မဟုတ်လား"
လွန်းညီက တွေးဆဟန်ပြုပြီး ခေါင်းညိတ်ပြသည်။
အေးစိမ့်နေသော ရာသီဥတုကို ဆန့်ကျင်လျက် တရုတ်စကားပင်အောက်က ကောင်လေးနှစ်ယောက်ရဲ့ ရပ်ဝန်းငယ်ကတော့ စကားပြောသံနှင့် ရယ်မောသံတို့နှင့်အတူ နွေးထွေးလို့နေသည်။
••••••••••
"ဒါက ဘယ်သူ့ပုံလဲ"
"ငါ့အဘွား"
"ဒီကောင်မလေးကရော"
"ငါ့တူမလေး"
"ဒီအိမ်ကရော ဘယ်သူ့အိမ်တုန်း"
"ဒီတိုင်းလျှောက်ဆွဲထားတာ"
"ဒါက.... အာ... ငါ သိပြီ။ ဟိုထမင်းဆိုင်မလား"
"အင်း..."
"ဒါကလည်း ငါတို့ကျောင်းဆောင်မလား"
"အင်း..."
"ဒီတစ်ယောက်ကရော ဘယ်သူကြီးလဲ"
"ဟိုဘက်အိမ်က ကောင်လေး"
"ဘာ! ဘာလို့ဆွဲတာလဲ။ ဘာမှလည်းမဆိုင်ဘဲနဲ့"
ခမ်းမောင်တစ်ယောက် စိတ်ပျက်စွာနှင့် စုတ်သပ်လိုက်မိသည်။ ထိုအခါ အိမ်ကို စာလာကျက်သည်ဟု ခေါင်းစဥ်တပ်ပြီး ခမ်းမောင်၏ ပန်းချီစာအုပ်ကို လှန်လျော၍ တွေ့သမျှ ပုံတိုင်းကို အိမ်စာလုပ်နေသည့် ခမ်းမောင်အား လိုက်မေးနေသည့် သုထက်မာန်က စူပုတ်ပုတ်နှင့် ကြည့်လာ၏။
"သူက ဆွဲခိုင်းထားပြီး မေ့နေတာကွာ။ ငါကလည်း တော်တော်နဲ့ မပြီးသေးတော့ မပြောဖြစ်ဘူး။ နောက်ကျ သူ အိမ်ပြောင်းသွားပြီးမှ ပြန်သတိရပြီး အပြီးဆွဲဖြစ်လိုက်တာ။ သူလည်း ဘယ်ရောက်နေမှန်းမှမသိဘဲ။ ဒါကြောင့် ဒီတိုင်းသိမ်းထားလိုက်တာ"
သုထက်က ဘာကိုအလိုမကျသည်မသိ။ ဟွန့်ခနဲ အသံပြုကာ နှာခေါင်းရှုံ့လေသည်။
"သူ့ရုပ်ကို မှတ်မိတယ်ပေါ့"
"မွေးကတည်းက သိခဲ့တဲ့ အိမ်နီးချင်းလေ။ မှတ်မိမှာပေါ့"
"အံ့သြစရာ"
"သုထက်၊ မင်းစာမလုပ်ဘူးဆိုရင် တိတ်တိတ်လေး နေပေးလို့မရဘူးလား။ ငါ ဒီမှာစာရေးနေတယ်လေ"
သုထက်က မျက်မှောင်ကို တွန့်ချိုးလျက် စာအုပ်ကိုပစ်ချကာ အခန်းပြင်သို့ ဆိုးဆိုးဆတ်ဆတ် ထွက်သွားတော့သည်။ ဘယ်နှယ့်၊ သူကပဲ စိတ်ဆိုးရတယ်လို့။ ဒီမျောက်ရဲ့စိတ်က တကယ့်လက်တစ်ဆစ်။
ခမ်းမောင်သည် ပါလာသည့် အိမ်စာများကို ဆက်လုပ်ပြီးသည့်နောက် ပစ္စည်းများသိမ်းကာ အပြင်သို့ ထွက်လာခဲ့လိုက်သည်။ ဟိုမျောက်ကတော့ စာကျက်မည်ဆိုပြီး ကျောပိုးအိတ်ကဖြင့် ဇစ်ကိုမဖွင့်ရသေးပေ။
အခန်းထဲမှထွက်ကာ မီးဖိုချောင်ထဲ ဝင်ခဲ့လေတော့ စားပွဲခုံတွင် ချဥ်ပေါင်ရွက် သင်နေသော သုထက်နှင့် သူ့အမေ။ သုထက်က ခမ်းမောင်ကို မြင်တော့ နှာခေါင်းရှုံ့သည်။ ခမ်းမောင်သည် မမြင်ချင်ယောင်ဆောင်လျက် ဘေစင်ရှိ ပန်းကန်အပေများကို သွားဆေးနေလိုက်သည်။
"သူငယ်ချင်းနှစ်ယောက် ဘာဖြစ်ကြပြန်ပြီတုန်း"
"မေမေ့မွေးစားသားက သားစာလုပ်နေတာကို လိုက်နှောင့်ယှက်နေတာလေ"
ခမ်းမောင်သည် အမေဖြစ်သူ၏ မေးခွန်းကို မဆိုင်းမတွ ပြန်ဖြေမိသည်။
"သားက စကားပြောချင်ရုံပဲကို"
ချက်ချင်းကို ထွက်လာသည့် သုထက်၏ အသံက သနားစဖွယ်။ ခမ်းမောင်သည် ရုတ်တရက် ဖြစ်လာသည့် ရယ်ချင်စိတ်ကို အတင်းကာရော ထိန်းလိုက်ရသည်။
"တခြားအချိန်ကျမှပြောပေါ့ သားရယ်။ စာလုပ်နေတာကို အနှောင့်အယှက်ဖြစ်စေတယ်လေ။ အားတဲ့အချိန်မှ အားရပါးရပြောနော်။ အဲ့အခါကျ နားမထောင်ရင် အမေ့လာပြော သိလား"
"ဟုတ်၊ အမေ"
အတိုင်အဖောက်ညီနေလိုက်ပုံများ။ ခမ်းမောင် လှည့်မကြည့်သော်ငြား သုထက်သည် ဝင့်ကြွားစွာပြုံး၍ ခေါင်းတဆတ်ဆတ် ညိတ်နေမည်ကို သိနေသည်။
ဘယ်ဘဝက ရေစက်လဲတော့ မသိ။ ခမ်းမောင်၏ မိဘနှစ်ပါးသည် သုထက်နှင့် ပထမအကြိမ် ဆုံပြီးကတည်းက အတော်ပင် ခင်တွယ်သွားသည်။ သုထက်လေး၊ သားလေးဆိုသည်ကို ပါးစပ်က မချ။ သုထက်၏ မိသားစုအကြောင်းအချို့ကို ခမ်းမောင်က ပြောထားမိတော့ ပို၍ဂရုစိုက်လာကြသည်။ သုထက်က အစားကြေးများမှန်းသိတော့ သုထက်လာသည့်နေ့တွေဆိုလျှင် သူ့အကြိုက် အသားဟင်းကောင်းကောင်းများကို သီးသန့်ချက်ပေးထားတတ်သည်။ ထိုမျောက်လောင်းကလည်း သူများမိဘများကို ပိုင်စိုးပိုင်နင်းနိုင်စွာဖြင့် အဖေ၊ အမေဟုလည်း ခေါ်သေးသည်။ ထို့အပြင် သူတို့အိမ်၏ နောက်ထပ်မိသားစုဝင်လေးဖြစ်သော 'အလိမ္မာ'လေးကပင် သုထက်ကို အလွန်ခင်တွယ်နေသည်။
"ညောင် ညောင်"
ဟော။ သတိရတုန်းရှိသေး မိအလိမ္မာပေါ်လာချေပြီ။
"မီးမီးလာပြီလား။ ကိုကိုကြီးက မျှော်နေတာရယ်။ လာပါဦး"
ခမ်းမောင်သည် မနေနိုင်စွာ အနောက်သို့ လှည့်ကြည့်မိသည်။ သုထက်သည် ထိုင်ခုံမှထကာ အဝါရောင်ကြောင်မလေးကို ပွေ့ချီကာ ရင်ခွင်ထဲ ထွေးပိုက်ထားလေသည်။
"မင်းတို့ပဲ နားအေးပါးအေး။ ဒီလောက်အေးနေလည်း အနွေးထည်ဝတ်စရာမလိုဘူး"
သုထက်က ပြောရင်း သူ့ရင်ခွင်ထဲက ကြောင်မလေး၏ခေါင်းလေးကို ပွတ်သပ်ပေးသည်။ မျက်နှာလေးကလည်း ပျော်ရွှင်မှုများကြောင့် ရွှင်လန်းလျက်ရှိသည်။ သူ့ရင်ထဲက ကြောင်လေးကလည်း တညောင်ညောင်နှင့် ကျေနပ်နေဟန်။
"ပြန်တော့ပေါ်လာသေးသားနော်၊ မမိချော။ လာ လာ ထမင်းစားမယ်"
ခမ်းမောင်အမေက ခြွေပြီးသွားသော ချဥ်ပေါင်ရွက်များ ထည့်ထားသည့် ဆန်ခါကို ယူသွားပြီး ကြောင်လေးကို လှမ်းခေါ်သည်။ သုထက်ကလည်း ကြောင်လေးကို ပွေ့ချီထားပြီး အစာကျွေးမည့်နေရာသို့ ခေါ်လာ၏။
"စား၊ စား"
မေမေက ငါးကြော်နှင့် ရောထားသော ထမင်းတွေကို ဇလုံလေးထဲထည့်ပေးကာ ကြောင်မလေးအလိမ္မာ့ကို ကျွေးသည်။ သုထက်သည် ဘေးမှနေ၍ 'စားကောင်းလား'ဟု မေးနေ၏။
"သုထက်လေးလည်း စာလုပ်ဦးနော်"
"ဟီး၊ လုပ်မှာပါ အမေရဲ့"
သုထက်၏ ပြုံးဖြီးနေမည့် မျက်နှာကို ခမ်းမောင် မြင်ယောင်မိသည်။ ထို့နောက် သုထက် သူ့ဆီလာနေသည်ကို ခြေသံကြား၍ သိလိုက်သည်။ ခမ်းမောင်သည် ဆေးပြီးသော ပန်းကန်များကို စင်ပေါ်၌ တင်နေချိန်တွင် ဘေးသို့ သုထက်ရောက်လာသည်။ ထို့ပြင် သူ၏ ညာဘက်ပုခုံးပေါ်ကို မှီတင်လာသည့် မေးဖျားလေးတစ်ခု။ ခမ်းမောင်ရင်ဘတ်ထဲက နှလုံးသားက ပြင်းထန်စွာ တစ်ချက်ခုန်ပေါက်သွားလေသည်။
"ခမ်း..."
လေသံက တိုးသာသာ။ လည်ပင်းကို ရိုက်ခတ်လညသည့် အာငွေ့လေးကြောင့် ခမ်းမောင် လက်တွေပင် တုန်သွားရသည်။ စိတ်ထဲမှ သုထက်ဟုသာ တိုးတိုးရွတ်မိ၏။
"ငါ့ကိုသင်္ချာတွေ ရှင်းပြပေးဦးနော်"
တောင်းဆိုလာသည့် အသံလေးက တမင်ပင် သနားစဖွယ်ဖြစ်အောင် လုပ်ထားမှန်း ခမ်းမောင် သိပါသည်။ သို့သော် သူ ရင်တွေခုန်နေသည်။ သူ့လည်ပင်းကို ထိရိုက်နေသည့် အသက်ရှူသံလေးသည် သူ့ရင်ကို ကလူကျီစယ်နေသည်။
သုထက်မာန်။ ခမ်းမောင်ကို သိပ်ပြုစားလွန်းတဲ့ သူ။ စတွေ့ကတည်းက ပြုစားပြီး သူ့နှလုံးသားကို အပိုင်စီးသွားတဲ့ သူ။ ပထမဆုံးရင်ခုန်သံနဲ့ ပထမဆုံးသော အချစ်ကို အရယူသွားတဲ့ သူ။ စကားချိုချိုတွေနဲ့၊ အပြုံးချိုချိုတွေနဲ့ ညှို့တတ်လွန်းတဲ့ သူ။ သို့သော် သူမှာ ဘောက်ဆတ်ဆတ် အပြုအမူတွေကစလို့ စိတ်တိုင်းမလို့ တွန့်ချိုးသွားတဲ့ မျက်ခုံးတွေအဆုံး မေတ္တာတွေ သက်ဝင်ရသည်။ သုထက်ဆိုသော သူ၏သူငယ်ချင်းလေးသည် နစ်မွန်းမယ်မှန်း သိလျက်နှင့် သူကိုယ်တိုင် တိုးဝင်မိခဲ့သော နွံအိုင်လေးတစ်ခုပင်ဖြစ်ပါသည်။
~~~~~~~~~~~~~~~
၆.၁၁.၂၀၂၄
°°°°°°°°°°°
Zawgyi
ႏိုဝင္ဘာလ၏ ေန႔ရက္မ်ားက ေဆာင္းႏွင္းမႈန္မႈန္ၾကားမွာ မွိန္ေဖ်ာ့စြာ။ အေဝးမွ လွမ္းျမင္ေနရသည့္ ရွမ္းေတာင္တန္းႀကီးကလည္း ျမဴေတြဆိုင္းလ်က္ မႈိင္းညႇိဳ႕လို႔ေနသည္။
ေျမသားလမ္းနီနီေလးတစ္ေလွ်ာက္မွာ အတန္းလိုက္ရွိေနသည့္ တ႐ုတ္စကားပင္မ်ား။ ေနာက္ဆုံးေသာ အပင္ႀကီး၏ ေဘးတြင္ေတာ့ တ႐ုတ္စကားပင္ေပါက္ေလးတစ္ပင္ရွိေလသည္။ ေနာက္ဆုံးရွိ အပင္ႀကီး၏ေအာက္မွာေတာ့ အခင္းတစ္ခုေပၚ၌ အေႏြးထည္ထူထူဝတ္ထားသည့္ ေကာင္ေလးႏွစ္ေယာက္က ထိုင္ခ်ထားလ်က္ စာအုပ္ကိုယ္စီကိုင္ၿပီး စာၾကည့္ေနၾက၏။ သူတို႔မွာ လင္းသစ္ႏွင့္ လြန္းညီပင္ ျဖစ္သည္။
စာေမးပြဲနီးလာသည္ႏွင့္အတူ အစိုးရစစ္လည္းျဖစ္သျဖင့္ ေက်ာင္းသားမ်ားအဖို႔ စာကိုအလြန္ပင္ အာ႐ုံစိုက္ႀကိဳးစားေနရသည့္ အခ်ိန္ျဖစ္သည္။ သို႔ရာတြင္လည္း ၾကားထဲ၌ တန္ေဆာင္တိုင္ပြဲေတာ္ႏွင့္အတူ ႏွစ္သစ္ကူးကလည္း ရွိေသးသည္။ ထိုသို႔ေသာ ပြဲလမ္းသဘင္မ်ားကိုေတာ့ မည္သူကမွ် လက္လႊတ္မခံခ်င္သျဖင့္ ပြဲလမ္းမ်ား မျဖစ္ေသးမီတြင္ အခ်ိန္ရွိခိုက္လုံ႔လစိုက္ေနၾကျခင္းလည္း ျဖစ္သည္။
သည္ရက္ပိုင္းတြင္း လင္းသစ္တို႔အုပ္စုသည္လည္း အလည္အပတ္ႏွင့္ ေဆာ့ကစားျခင္းမ်ားထက္ စာသာအတူတူလုပ္ျဖစ္သည္။ ေျခာက္ေယာက္ဆုံသည့္အခါလည္း ဆုံသည္။ တစ္ခါတစ္ေလေတာ့လည္း လင္းသစ္ႏွင့္ လြန္းညီက သည္ေနရာကို သီးသန္႔လာ၍ ယခုလို စာလာလုပ္တတ္သည္။
"အရင္ဆုံး ဒီကြင္းကိုရွင္းလိုက္ေလ။ 17က ကြင္းထဲက 3/4နဲ႔လည္း ဆိုင္တယ္၊ xနဲ႔လည္း ဆိုင္တယ္ဆိုေတာ့ အရင္ေျမႇာက္လိုက္။ ၿပီးမွ ဟိုဘက္က equationနဲ႔ ညႇိ"
လြန္းညီတစ္ေယာက္ Algebraမ်ားကို တြက္ေနရင္းႏွင့္ပင္ လည္ထြက္ေနသည္မို႔ လင္းသစ္က ျပန္ရွင္းျပေနျခင္းျဖစ္သည္။ ရွင္းျပၿပီးေတာ့ လြန္းညီက ေခါင္းတညိတ္ညိတ္ႏွင့္ ဟုတ္ဟုဆိုကာ စာအုပ္ကို ေပါင္ေပၚတင္ကာ ျပန္တြက္သည္။ အၾကမ္းတြက္သည္မို႔ စာအုပ္ဗလာထဲတြင္ လြန္းညီက ခပ္ေသာ့ေသာ့ခ်ေရးတြက္၏။ လင္းသစ္သည္ အာ႐ုံစူးစိုက္ၿပီး ေခါင္းငုံ႔လ်က္ အားႀကိဳးမာန္တက္ တြက္ခ်က္ေနရွာေသာ လြန္းညီ ၿပဳံး၍ ၾကည့္ေနမိကာ က်က္လက္စစာကိုပင္ ေမ့သြားသည္။ ခဏၾကာမွ ျပန္သတိရၿပီး ဆက္က်က္ရ၏။
စာက်က္ရင္း၊ တြက္စာမ်ားတြက္ရင္း၊ စာရွင္းျပရင္းႏွင့္ နာရီဝက္မွ် ၾကာသြားၿပီးေနာက္ အနားယူသည့္အေနႏွင့္ လင္းသစ္၏ နားၾကပ္ကို တစ္ဖက္စီတပ္ကာ သီခ်င္းနားေထာင္ျဖစ္ၾကသည္။ အေညာင္းအညာေျပရန္ တ႐ုတ္စကားပင္တန္းေလးေအာက္တြင္လည္း လမ္းေလွ်ာက္ျဖစ္ၾကသည္။ ရာသီဥတုေၾကာင့္ ေအးစက္စက္ျဖစ္ေနေသာ လက္ႏွစ္ဖက္ကေတာ့ အေၾကာင္းျပခ်က္မရွိေသာ္ျငား ယွက္သြယ္ထားလ်က္ရွိသည္။ ေျမာက္ေလမ်ားက ခပ္ၾကမ္းၾကမ္းပင္ ျဖတ္တိုက္သြားၿပီး တ႐ုတ္စကားပန္းနံ႔ေလးမ်ားက သင္းခနဲ ျဖစ္သြားသည္။ အေအးဒဏ္ကလည္း ဝတ္ထားသည့္ အေႏြးထည္ကိုပင္ ျဖတ္ေက်ာ္ကာ သူတို႔အား စိမ့္ခနဲ ေအးသြားေစ၏။
"အစ္ကို"
အေနာက္တြင္က်န္ခဲ့ေသာ သူတို႔၏ တ႐ုတ္စကားပင္ေပါက္ေလးကို လြန္းညီက တစ္ခ်က္လွမ္းၾကည့္ၿပီး ေခၚသည္။
"ဗ်ာ..."
လြန္းညီက ေရွ႕သို႔ျပန္လွည့္ၿပီး လင္းသစ္ကို ေမာ့ၾကည့္ကာဆိုသည္။
"တ႐ုတ္စကားပင္ေတြက ႀကီးထြားဖို႔ဆိုရင္ ၃ႏွစ္ကေန ၅ႏွစ္အထိ ၾကာတယ္တဲ့"
"ဟုတ္လား။ အစ္ကိုေတာင္ မသိဘူးရယ္။ ညီက ေတာ္လိုက္တာ။ ဘယ္လိုသိတာလဲ"
"စာအုပ္တစ္အုပ္ထဲမွာေတြ႕တာ"
"ဪ... အင္းအင္း။ ေကာင္းတယ္၊ ေကာင္းတယ္။ အသိအေသးအမႊားေလးေတြဆိုေပမဲ့ အဲဒီအသိေလးေတြမ်ားလာတဲ့အခါ ကိုယ့္မွာဗဟုသုတေတြ စုံလာေရာ။ 'ျမတ္ပညာ'ဆိုတဲ့ ပ်ိဳ႕ကဗ်ာထဲကလိုေပါ့။ 'ေတြ႕ရာမွတ္သား၊ မိုးေပါက္မ်ားေသာ္၊ အင္းနားေခ်ာင္းကန္၊ ျပည့္ေသာဟန္တည့္' တဲ့၊ မိုးေရတစ္ေပါက္ဆိုေပမဲ့ မ်ားလာတဲ့အခါ အင္းေတြ၊ ေခ်ာင္းေတြေတာင္ ျပည့္လွ်ံသြားႏိုင္တယ္တဲ့။ အဲ့လိုပဲ"
လြန္းညီက ေခါင္းကို အသာအယာ ညိတ္ျပေလသည္။
"အင္း... ေျပာစရာရွိရင္ ဆက္ေျပာေလ ညီ။ အစ္ကို စကားျဖတ္ေျပာသလို ျဖစ္သြားတယ္၊ ေဆာရီး"
လင္းသစ္ အားနာနာႏွင့္ စကားျပန္ဆက္ခိုင္းရသည္။ ေအာင္ေထြးကိုသာ ဆရာလုပ္လြန္းသည္ဟု ခဏခဏ ေျပာေသာ္လည္း တကယ္ေတာ့ သူ႔မွာလည္း ဆရာလုပ္တတ္သည့္ ဉာဥ္ေလးက ေမြးရာပါရွိေနသည္။
"အာ... မဟုတ္တာ။ ရပါတယ္"
အေတာ္ေဝးေဝးေရာက္ေတာ့ သူတို႔ႏွစ္ဦး ျပန္ေကြ႕ကာ လာရာလမ္းအတိုင္းသာ လမ္းေဘးကပ္၍ ျပန္ေလွ်ာက္လာခဲ့သည္။
"ကြၽန္ေတာ္ေျပာခ်င္တာက ကြၽန္ေတာ္တို႔ရဲ႕ အပင္ေလး ႀကီးလာဖို႔က ေတာ္ေတာ္ၾကာဦးမွာလို႔ပါ။ ၿပီးေတာ့..."
"အင္း..."
"ၿပီးေတာ့ေလ... အဲဒီအပင္ေလးႀကီးလာတာကို ကြၽန္ေတာ္တစ္ေယာက္တည္း မၾကည့္ခ်င္ဘူး အစ္ကို"
လင္းသစ္၏ ေျခလွမ္းတို႔က တုံ႔ခနဲ ရပ္သြားေတာ့ လြန္းညီက လည္း ေျခလွမ္းေတြကို ရပ္ပစ္လိုက္သည္။ ထို႔ေနာက္ ေခါင္းကိုငုံ႔ကာ ေျမျပင္ကိုသာ ေငးၾကည့္ေနလိုက္၏။ လြန္းညီျမင္ေနရတာက ေျမသားနီနီေပၚက ဘြတ္ဖိနပ္စီးထားတဲ့ ေျခေထာက္ႏွစ္စုံ။
လြန္းညီက ဘြတ္ဖိနပ္စီးေလ့ေတာ့မရွိေပ။ သို႔ေသာ္ ေဆာင္းတြင္းေရာက္ၿပီမို႔ ေမေမဝယ္ေပးထားသည့္ ဘြတ္ဖိနပ္အသစ္ေလးကိုေတာ့ သည္ေန႔ထုတ္စီးျဖစ္ခဲ့သည္။ အိမ္မွာကတည္းက သာမန္ကာလွ်ံကာ ထိုးစီးၿပီး ခ်ည္လာသည့္ ဖိနပ္တစ္ဖက္က ႀကိဳးေျပေနေလ၏။
႐ုတ္တရက္ပါပင္၊ အစ္ကိုဆုပ္ကိုင္ထားေသာ သူ႔လက္က လစ္လပ္သြားၿပီးေနာက္ သူ႔ေရွ႕တြင္ အစ္ကိုက မုဆိုးဒူးေထာက္ထိုင္ခ်လာသည္။ ၿပီးေနာက္ လြန္းညီ၏ ေျပေနေသာ ဘယ္ဘက္ဖိနပ္ႀကိဳးကို အေသအခ်ာ ခ်ည္ေပးသည္။ ခ်ည္ၿပီးသည့္ေနာက္ အစ္ကိုက ျဖည္းညင္းစြာ မတ္တပ္ရပ္လာကာ သူ႔အားႏူးညံ့စြာျဖင့္ ေငးၾကည့္လာသည္။
"အစ္ကိုေျပာဖူးတယ္မလား။ အစ္ကိုက တစ္စုံတစ္ေယာက္အတြက္ ေသခ်ာေပါက္ ဒီၿမိဳ႕ကို ျပန္လာမွာဆိုတာေလ"
လြန္းညီ ခပ္ဖြဖြ ေခါင္းညိတ္ျပမိသည္။ သူ မွတ္မိပါသည္။ အဲဒီတစ္စုံတစ္ေယာက္ကို မျမင္ဖူး၊ မသိဖူးပါဘဲႏွင့္ သူ႔မွာမနာလိုသလို၊ အားလည္းက်ခဲ့ရသည္။ အခုေတာ့... အဲ့လိုျဖစ္စရာမလိုေတာ့ဘူးမလား။
အစ္ကိုက သူ႔လက္ကို ခပ္ဖြဖြ ဆုပ္ကိုင္လာသည္။ သူ႔လက္က ေအးေနသည္။ အစ္ကို႔လက္ကလည္း ေအးေနပါသည္။ သို႔ေသာ္ အစ္ကိုက သူ႔လက္အား ကိုင္သည္ဆိုသည့္ အသိက ေႏြးေထြးေစသည္။ အစ္ကို႔ေမတၱာေတြကိုပါ ခံစားေနမိေသာေၾကာင့္လည္း ပိုေႏြးရပါသည္။
"အဲဒီတစ္စုံတစ္ေယာက္က ညီပဲေလ။ ဘယ္ကိုေရာက္ေရာက္ အစ္ကိုက ဒီကိုေသခ်ာေပါက္ ျပန္လာခဲ့မွာ။ ဒီအပင္ေလးတျဖည္းျဖည္းႀကီးထြားလာတာကို အတူတူၾကည့္ဖို႔ ကတိမေပးႏိုင္ေပမဲ့... အပင္ႀကီးျဖစ္သြားၿပီး ညီက အဲ့အပင္ေလးကို ေငးၾကည့္ေနတဲ့အခါမွာေတာ့ အစ္ကိုက ညီ့ေဘးမွာရွိေနေပးမွာ"
လြန္းညီ ေခါင္းကို သုံးေလးခါမွ် ဆက္တိုက္ညိတ္ျပလိုက္ၿပီး သူ႔လက္အား ဆုပ္ကိုင္ထားသည့္ အစ္ကို႔လက္ကို ခပ္တင္းတင္း ျပန္လည္ဆုပ္ကိုင္လိုက္သည္။ မည္သည့္အရာေတြက တြန္းအားေပးေနသည္ကို မသိေသာ္ျငား သူ အစ္ကို႔ကိုယုံသည္။ ယခင္တုန္းကလည္း ယုံခဲ့သလို၊ ေနာင္လည္း ဆက္ၿပီး ယုံၾကည္ေနဦးမည္။ အစ္ကိုေျပာသလို အတူတူမေစာင့္ၾကည့္ႏိုင္ခဲ့လွ်င္ေတာင္ အဆုံးသတ္မွာေတာ့ ထိုအပင္ေလးေဘးမွာ ႏွစ္ေယာက္အတူတူ ရွိေနခ်င္ပါသည္။
မိနစ္ပိုင္းမွ် လမ္းေလွ်ာက္ၿပီးသည့္အခါ ယခင္ေနရာမွာပင္ ျပန္ထိုင္ရင္း စာဆက္ၾကည့္ျဖစ္ၾကသည္။ ေက်ာင္းစာေတြၿပီးေတာ့ လြန္းညီက လင္းသစ္အား သူဖတ္သည့္ အဂၤလိပ္စာအုပ္ထဲမွ နားမလည္သည့္ စာေၾကာင္းမ်ား၊ စကားလုံးမ်ားကို ေမးသည္။ လင္းသစ္ကလည္း သူနားလည္တတ္ကြၽမ္းသလို ျပန္ရွင္းျပေပးသည္။
You are reading the story above: TeenFic.Net