Part-4(Final)
Background color
Font
Font size
Line height
For Uni
အလှူနေ့ဖြစ်တာကြောင့် ကြာကြာအိပ်ရန်မသင့်တော်တာကြောင့် ရာဇာမနက်သုံးနာရီကတည်းကပင်နိုးနေသည်။ သူ့ထက်အစောနိုးတတ်သော နောင်ရိုးသည် မည်သည့်အချိန်ကတည်းက ထသွားသည်မသိ ဘေးနားစမ်းကြည့်တော့လဲ အေးစက်နေသည့် ကြမ်းခင်းကိုသာစမ်းမိသည်။ ထသြားတာ ကြာပြီထင်ပါရဲ့ ...။
ရာဇာသည်လဲ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ရန် အောက်သို့ဆင်းလာခဲ့လိုက်သည်။ မနက်သုံးနာရီ မှောင်ရီနေသောအချိန်ဖြစ်သော်ငြားလည်း နောင်ရိုးသည် လှေကားမှတစ်ဆင့် အုတ်ကန်ဆီသို့သွားသည့် မီးချောင်းများအားသွယ်တန်းထွန်းပေးထား၏။
ရာဇာလဲ မျက်နှာသစ်ကိုယ်လက်သန့်ဆင်ကာ အိမ်ပေါ်သို့တက်လာခဲ့လိုက်သည်။ ထိုအခါတွင်တော့ နောင်ရိုးကအပေါ်သို့ရောက်နေပြီဖြစ်သည်။
"ရာဇာ နိုးနေပြီလား၊ စောပါသေးတယ်"
"၅နာရီက် တရားနာမြာမလား၊ ကူလုပ်ပေးမလို့"
"ကျုပ်ရှိနေတာပဲကို အပင်ပန်းခံလို့"
"ရတယ္ဆို၊ ဖယ်ဦး ကျုပ်အဝတ်လဲမလို့"
"အင်း ကျုပ်အောက်မှာစောင့်နေမယ်၊ ရာဇာပြီးရင်ဆင်းလာခဲ့ ကူချင်ရင်လဲ အဆာပြေစာစားပြီးမှသာကူတော့"
"အင်းပါ"
နောင်ရိုးအောက်ဆင်းသွားသည်နှင့်ရာဇာလဲ အဝတ်လဲကာ အောက်သို့ဆင်းလာခဲ့လိုက်သည်။ အိမ်အောက်စားပွဲဝိုင်းတွင် ထိုင်စောင့်နေသောသူ၏အရှေ့တွင်တော့ အမည်စုံသော မုန့်များအား ပန်းကန်ထဲသို့ထည့်ကာချထား၏။
"လာ ..ရာဇာ"
ရာဇာ့အားထိုင်ခိုင်းကာ လက်ဖက်ရည်ခွက်လေးအား ရှေ့သို့တိုးပေး၏။
"ဒီမြာ မုန့်၊ အဆာပြေလေးစားထား"
"အင်းပါ"
ရှေ့ရှိပန်းကန်ထဲမှ ကောက်ညှင်းထုတ်တစ်ထုတ်အားယူကာ စားလိုက်၏။
"ကျုပ်ဘာတွေကူစရာရှိသေးလဲ နောင်ရိုး"
"ဘာမှသိပ်မရှိပါဘူး၊ ဒီတိုင်းမေမေတို့နားကပ်နေလိုက်"
"အင်း .."
ရာဇာစားပြီးသည့်နောက်တွင်တော့ မေမေတို့ရှိသည့် အန်တီနီလာတို့ဝိုင်းအား ကူးလာခဲ့လိုက်သည်။
ကူစရာရှိသည်များအားကူညီပေးရင်း မနက်ငါးနာရီအချိန်တွင်တော့ ရွာဦးကျောင်းအားသို့သွားကာ အလှူပေးတရားနာယူရသည်။
ရွာအလှူဓလေ့အရ မနက်ခင်း ၆ နာရီအချိန်တွင်ပင် လာရောက်စားသုံးသည့် ဧည့်သည်များသည် အတော်များများပင်ဖြစ်နေ၏။ ရာဇာသည်လဲ လုပ်စရာရှိသည်များအား ဝိုင်းကူပေးရင်း ဘုန်းကြီးကျောင်းအတွင်းပင် အလုပ်ရှုပ်ကာ ယောက်ယက်ခက်နေသည်။
အလှူ့အမဖြစ်သည့် အန္တီနီလာကေတာ့ ပြုံးပျော်ရွှင်ကာဖြင့် ကြွရောက်လာသည့် ဧည့်သည်များအား လိုက်လံဧည့်ခံကျွေးမွေးနေသည်။
မေမေသည်လဲ အန်တီမြနှင့်အတူ ဝိုင်းကူကာလုပ်ပေးရင်း မျက်နှာထက်၌ အပြုံးတို့ဖြင့် ပွင့်လန်းနေသည်။ မေန့က မောင်ရင်လောင်းတို့သည် ယနေ့တွင်တော့ ကိုရင်များအဖြစ်ပြောင်းလဲကာ လွန်စွာကြည်ညိုဖွယ်ကောင်းလှသည်။
ရွာဦးဘုန်းကြီးကျောင်းအတွင်း၌ ကလေးသူငယ်၊ လူလတ်လူရွယ်များသာမက လူကြီးများပင်ဖြင့် ပြည့်အံ့လုနီးပါးဖြစ်နေသည်။ ရာဇာတစ်ယောက်လဲ ကူစရာရှိသည်များအား ကူပြီးသည်နှင့် အတော်လေးချွေးစို့လာပြီဖြစ်၍ မနေ့ကထိုင်ခဲ့သည့် ထုံးစေတီဆီသို့ဦးတည်ကာလာလိုက်သည်။
ထိုစေတီအားရောက်သည်နှင့် မေန့က နောင်ရိုးနှင့်အတူထိုင်ခဲ့သည့်နေရာလေးကိုသာရွေးကာထိုင်လိုက်သည်။ နောင်ရိုးဆိုမှ မနက်ဝိုင်းကထွက်ကတည်းက သူ့အားမတွေ့တော့ခြင်းဖြစ်သည်။ အလှူထဲတွင်လဲ မေတြ့ရ၊ လူများနေလို့များလား ..။
မနက်ဖြန်ဆို ရာဇာတို့က အိမ်ကိုပြန်ရတော့မည်။ သူမပြန်ခင်အချိန်အတွင်း နောင်ရိုးအား သူချစ်သည်ကိုတော့ ဝန်ခံချင်ခဲ့ပါသေးသည်။ အချိန်တိုတိုတစ်ခုအတွင်း လူတစ်ယောက်အား မည်သို့မည်ပုံချစ်သွားသည်ကို သူမသိပါ။ သူသိသည်ကတော့ သူတကယ်ပင် နောင်ရိုးအားချစ်မိသွားပါသည်။
အချစ်တွေသာစစ်မှန်ရင် ယောကျၤားချင်းဖြစ်လို့၊ မိန်းကလေးချင်းဖြစ်လို့ဟူသည့် အကြောင်းပြချက်တွေမလိုအပ်ပါ
နှလုံးသားက ဖြစ်တည်လာတဲ့ချစ်ခြင်းမေတ္တာသည် မည်သူမဆို မည်သူတစ်ဦးတစ်ယောက်ထံသို့ သဘောကျပိုင်ခွင့်၊ ချစ်ပိုင်ခွင့်အပြည့်ရှိသည်။
သူလဲလည်းပင် နောင်ရိုးအာယောကျၤားလေးချင်းဟူသည့်အကြောင်းပြချက်ဖြင့်ငြင်းဖူးပါသည်။ သို့သော်ငြား တကယ်တမ်းချစ်သွားသည့်အချိန်တွင်တော့ ဒါတွေက ပညက်ချက်တွေသာဖြစ်သည်ကို သူသိလိုက်ရသည်။ သူချစ်သည့်သူက ယောကျၤားဖြစ်စေ၊ မိန်းမဖြစ်စေ သူသည်ထိုလူဖြစ်နေ၍သာ ချစ်သည်ဟူ၍ပင်။
သူသည် စကားမ်ားအား လှပအောင်သီဖွဲ့ပြောတတ်သည့် သူမဟုတ်ပါ။ ထို့ကြောင့် နောင်ရိုးအားတွေ့သည့်အခါတွင်တော့ လှပျိုဖြူလေးများလို နူးနူးညံ့ညံ့ သဘောကျချင်ဖွယ်ကောင်းအောင် ပြုမူတတ်ချင်မှ တတ်လိမ့်မည်။ သူ့ရင်ထဲကအချစ်တွေကိုတော့ နောင်ရိုးသိအောင် ပြောပြရမည်။
နူးညံ့မနေပါလဲ သူသည်နောင်ရိုးအားချစ်သည်။ မလြေပနပါလဲ သူသည်နောင်ရိုးအားချစ်သည်။ မည်သည့်အခြေနေတွင်မဆို သူသည် နောင်ရိုးအားချစ်သည်။ ဒါသည် သူ့ဘဝတွင်ငြင်းမရသော အမှန်တရားပင်။ သုံးရက်အတွင်းမှာပင် ရာဇာမျိုးနွယ်ဟူသည့် သူသည် နောင်ရိုးဟူသောကောင်လေးအား သူပြောသည့် နှစ်တစ်ရာဖူးစာလို အချစ်မျိုးဖြင့် ချစ်မိသွားခဲ့ပါသည်။
"ဟိတ် .!"
ရုတ်တရက်ထွက်ပေါ်လာသော အသံကြောင့် ရာဇာတစ်ယောက် လန့်ဖြန့်ကာဖြင့် ..
"အေမဘးဘုရား မောင်နဲ့ငါနဲ့ညား!"
"ဟာ .."
ရာဇာ့ယောင်သံကြောင့် နောင်ရိုးသည် ရာဇာ့မျက်နှာရှေ့သို့တိုးကာ မယုံနိုင်သော မျက်ဝန်းများဖြင့်ကြည့်လာသည်။
နောင်ရိုးတစ်ယောက် အလုပ်တွေကူရာမှ ခဏနားသည်ဖြစ်၍ ရာဇာ့အားအဖြေတောင်းရန် လိုက်ရှာလေတော့ မနေ့ကထိုင်ခဲ့သည့် ထုံးစေတီဖြူလေး၌တွေ့လေ၏။ အနားသို့သွားကာ ခေါ်မည်အပြု ပြုံးစိစိဖြင့် မည်သည်အားစိတ်ကူးနေမှန်းမသိတာကြောင့် ရုတ်တရက် အသိဝင်အောင် အသံကျယ်ကျယ်ဖြင့် ခေါ်လိုက်မိခြင်းဖြစ်သည်။
ရာဇာ၏ ထယောင်သော အသံကြောင့် နောင်ရိုးခဗျာ လှန့်မိတာမှန်လေကြောင်း ဝမ်းမြောက်ဝမ်းသာဖြစ်သလို အံ့ဩခြင်းတို့လဲပြည့်နေရ၏။
ရာဇာသည်လဲ နောင်ရိုး၏စူးစိုက်နစ်ဝင်နေသည့် အကြည့်တို့အားနေရခက်စွာ ..
"ဘာ ..ဘာတွေ အဲ့လောက်ကြည့်နေတာလဲ"
"ရာဇာ .."
တိုးလျှစွာထွက်ပေါ်လာသော အသံသည် နူးညံ့မှုအပြည့်ဖြင့်
"အင်း .."
"ကျုပ်ကို အဖြေပေးရဦးမယ်လေ"
ရာဇာတစ်ယောက် ရှက်ကာဖြင့် ဂုတ်ပိုးလေးအားလက်ဖြင့်ပွတ်ကာ ခေါင်းငုံ့ထားမိသည်။
"ရာဇာ ..မောင့်ကိုချစ်လား ဖြေပါဦး.."
နောင်ရိုးစကားကြောင့် ရာဇာရှက်ရှက်ဖြင့် ခေါင်းလေးငြိမ့်ကာ အဖြေပေးမိသည်။
"ရာဇာ ...."
နောင်ရိုးက မယုံနိုင်စွာဖြင့် ရာဇာ့အားခေါ်လေ၏။
"အင်း .."
"မောင် ရာဇာ့နှုတ်ဖျားက ပြောတာကြားချင်တယ်၊ မောင့်ိကိုပြောပါလား"
"အင်း ..ကျုပ် မောင့်ကိုချစ်တယ်.."
ရာဇာစကားဆုံးသည်နှင့် ခေါင်းအားငုံ့ကာ ပြုံးလိုက်မိသည်။ သူမောင့်ကိုအဖြေပေးလိုက်ပြီ။ အခုဆို သူနဲ့မောင်က ချစ်သူတြွေဖစ်သွားကြပြီ။
"ရာဇာ ..တကယ်ကျုပ်ကိုချစ်တာပေါ့နော် အဟားးး ဝမ်းသာလိုက်တာဗျာ"
ဝမ်းသာသည်ဟုဆိုကာ နောင်ရိုးက ရာဇာ့အားအတင်းဖက်လာ၏။
"မောင့် ..! ဒါဘုရားမှာနော် ဘယ်လိုဖြစ်နေတာလဲ"
"မောင်ပျော်လို့ပါ မောင့်ရာဇာရယ်၊ ဘုရားမှန်းလဲမောင်သိတယ်၊ လူတွေအများကြီးရှိတာလဲမောင်သိတယ် ရာဇာ့စကားတစ်ခွန်းကြောင့် မောင်ပျော်လို့ပါ .."
နောင်ရိုးက ရာဇာ့အားတင်းနေအောင်ဖက်ကာဆိုလာသည်။ ထိုအချိန်၌သူသည် အလှူပွဲ၏ ဆူညံ့သံတွေကိုလဲမကြားရပါ၊ လူအများကြီး၏ ရှုပ်ထွေးစွာသွားလာနေသည့် အသံတွေကိုလဲမကြားရပါ၊ ဘကြီးဘုန်းကြီးရဲ့ မိုက်ကြီးကိုင်ပြီး အသိပေးဆော်ဩသံတွေလဲ သူမကြားရပါ၊ သူကြားရတာတစ်ခုပဲရှိသည်။ ထိုသည်ကား .. ကျုပ်မောင့်ကိုချစ်တယ် ဆိုသော စကားလေးတစ်ခွန်းပင်။
သူ့နှလုံးသားထဲ၌ အထပ်ထပ် ကြားယောင်နေမိသည်။ ရာဇာသည် သူ့အားချစ်သည်ဟူသော အသိသည်သူ့အား ရူးသွားစေဖို့ လုံလောက်သည်။
"မောင်လေ ..ရာဇာ့ကိုသိပ်ချစ်တယ်၊ ရာဇာသာမောင့်ဘေးမှာ တစ်သက်လုံးရှိရင် မောင်က တစ်သက်လုံး အကောင်းဆုံးနေထိုင်သွားနိုင်မှာ၊ မောင့်ရာဇာက မောင့်အတွက် ပြောမပြတတ်ရလောက်အောင် အဖိုးတန်တဲ့ ရတနာလေး"
"မောင် .."
ရာဇာ့ခေါ်သံကြောင့် နောင်ရိုးဖက်ထားရာမှ အသာလွှတ်ကာ ရာဇာ့အားကြည့်လိုက်သည်။
"မောင် ငါ့ကိုချစ်တယ်ဆိုရင်လေ တစ်သက်လုံးမခွဲခွာပါပဲ ငါ့အနားမှာရှိပေးပါ၊ ဘယ်လိုအခက်ခဲပဲရှိလာရှိလာ မောင်က ငါ့ကိုပဲလက်တွဲထားပေးပါ"
"ဒါတွေက မောင့်ရာဇာပြောစရာကိုမလိုတဲ့ကိစ္စတွေပါ၊ မောင်သိပါတယ်၊ မောင်တို့ချစ်ခြင်းရဲ့ခရီးလမ်းက ကြမ်းတမ်းမယ်ဆိုတာ မောင်ကလေ အဆုံးထိ ရာဇာ့လက်ကိုတွဲပြီးပဲရှင်သန်မှာမလို့ ရာဇာကစိုးရိမ်ဖို့မလိုဘူး၊ မောင့်ကိုသာပိုချစ်ပြီး မောင်နဲ့သာ အတူတူအဆုံးထိ ရှင်သန်ပေးပါ၊ ကျန်တဲ့ကိစ္စတွေကို မောင်ကပဲတာဝန်ယူမယ် .."
မောင့်စကားကြောင့်ရာဇာ ပြုံးလိုက်မိသည်။ ရာဇာ မောင့်ကိုယုံတယ်။ မောင်က ရာဇာ့ဘဝမြာ အယုံရဆုံးလူပါပဲ ..။
ပြီးပါပြီ ..။
အခ်စ်ဆိုတာ အချိန်အကန့်သတ်တွေမလိုပါဘူး၊ တစ်ခါမြင်ဖူးရုံနဲ့ ဟိုးနှလုံးသားအတွင်းပိုင်းထိ ဆွဲငင်ညှို့ယူနိုင်သလို ပေါက်ကွဲထွက်ဖို့လဲ အင်အားရှိတယ်။ အချစ်တွေသာ စစ်မှန်ရင် ဘယ်အရာကိုမှ ကြောက်စရာမလိုပါပဲ အလှပဆုံးနေ့ရက်တွေဖန်တီးနိုင်ကြမှာပါ။ မောင်နဲ့ရာဇာတို့ကလဲ ထပ္တူပါပဲ ..။
ချစ်တဲ့ Kera
၆ရက်၊ ၉လ၊ ၂၀၂၂ခုနှစ်။
For Zaw
"၅နာရီက် တရားနာမွာမလား၊ ကူလုပ်ပေးမလို့"
"ရတယ်ဆို၊ ဖယ်ဦး ကျုပ်အဝတ်လဲမလို့"
"အင်းပါ"
"လာ ..ရာဇာ"
"ဒီမွာ မုန့်၊ အဆာပြေလေးစားထား"
"အင်းပါ"
"အင်း .."
အချစ်တွေသာစစ်မှန်ရင် ယောင်္ကျားချင်းဖြစ်လို့၊ မိန်းကလေးချင်းဖြစ်လို့ဟူသည့် အကြောင်းပြချက်တွေမလိုအပ်ပါ
"ဟိတ် .!"
"အမေဘးဘုရား မောင်နဲ့ငါနဲ့ညား!"
"ဟာ .."
"ရာဇာ .."
"အင်း .."
"ရာဇာ ...."
"အင်း .."
"မောင် ရာဇာ့နှုတ်ဖျားက ပြောတာကြားချင်တယ်၊ မောင့ိကိုပြောပါလား"
"မောင် .."
ပြီးပါပြီ ..။
ချစ်တဲ့ Kera
၆ရက်၊ ၉လ၊ ၂၀၂၂ခုနှစ်။
You are reading the story above: TeenFic.Net