Part - 3 (Unicode)

Background color
Font
Font size
Line height

ကျောင်းပိတ်ရက်မို့ မေလင်းမောင်နဲ့ယုတို့ shopping ထွက်ကြတယ်။ နှစ်ယောက်သား promotion ချနေတဲ့ အကျီတွေကြည့်နေတုန်း

"ဟဲ့ မေလင်းမောင်! ဟိုမှာ နင့်မမ မလား "

"ဟ့ ဟုတ်တယ် ပိတ်ရက်လည်း မြန်မာဝမ်းဆက်ဝတ်တာပဲလား လှလိုက်တာ"

ဇွန်ပွင့်ဖြူတစ်ယောက် မေလင်းမောင်ကို မမြင်ပါ။
သူ့အစ်ကိုက Next Generation ရဲ့ ပိုင်ရှင် ဖြစ်တာမို့
သူ့သူငယ်ချင်း ဇေသူထက်နဲ့ သူ့အစ်ကို ဖြိုးဇေယျာ တို့တွေ့ရန် Next Generation က်ို လာတာ ဖြစ်သည်။သူငယ်ချင်းကောင်း ဇေသူထက်ကတော့

"ဟဲ့ အဖြူ နင့်ဂျူနီယာ မောင်"

"ဘာတုန်း ဂျူနီယာမောင်က"

"ဪ ငါရဲ့သင်္ဘောကြီးလေ "

ဇွန်ပွင့်ဖြူလည်း တစ်ချက်လှမ်းကြည့်ကာ
ဘာမှဆက်မပြောပဲ ဆက်လျှောက်လာစဉ်

"ဖြူ.."

"ရှင် မောင်..အဲ မဟုတ်ပါဘူး မေလင်းမောင် "

ဇေသူထက်က အနောက်မှ

"ခွီး!!သင်္ဘောကြီးရွေ့နေပြီ"

"အဟက် မောင်လို့ခေါ်လည်းရပါတယ်ဗျာ ဘသူမှတော့မခေါ်ခိုင်းပေမယ့် ဖြူအတွက် သီးသန့်ပေါ့"

ထိုစဉ် ဇွန်ပွင့်ဖြူရဲ့မျက်နှာမှာ သိသိသာသာ နီရဲသွားသည်။ဖြူ့ရဲ့ ရဲတက်နေတဲ့ပါးမို့"လေးကို ကြည့်ကာ မေလင်းမောင် တစ်ယောက် စိတ်ကိုအတော်ထိန်းထားရတယ် နမ်းချင်စိတ်က ဟိုဘက်ကမ်းလွန်နေပြီ

"ရပါတယ် မေလင်းမောင် တို့သွားလိုက်ဦးမယ်နော်"

ဖြူလည်း ဇေသူထက်အရင်ထွက်သွားတာမို့
သူ့နောက်ပြေးလိုက်သွားပြီး ယုလည်းရောက်လာကာ

"ဟဲ့ အခြေအနေ..?"

"ဘာအခြေအနေတုန်း"

"ဟာ acc တို့ ဖုန်းနံပါတ်တို့ မတောင်းလာဘူးလား
ဒီတစ်ခါတော့ အ လွန်းသွားပြီ မေလင်းမောင်

တို့ကတော့"

"ဟာ ဟုတ်သား သူ့အပြုံးအောက်မှာမျောသွားတာ
တကယ်ချစ်စရာလေးကွာ သူ့ပါးမို့မို့လေးပေါ်မှာသာ တက်နေချင်တော့တယ်"

"အမလေး မေလင်းမောင် ရူးတာလည်းတော်ရုံပေါ့"

ဖြိုးဇေယျာ ရုံးခန်းရောက်သည့်အခါ-

"ရားးး ကိုကို!!"

"အမေ့ အဖြူမရယ် လန့်လိုက်တာ ဘာလို့အဲ့လောက်အော်နေတာတုန်း"

"နင်တို့ဟာ နမ်းနေကြတာကို ငါမှာ ဇေသူထက်ဘယ်များရောက်သွားလဲလို့"

"ဟဲ"သူငယ်ချင်းကလည်း ငါရဲ့သူငယ်ချင်းကို
တစ်ယောက်ထဲမထားခဲ့ပါဘူး နင့်အနာဂတ်ရ.."

"ဟဲ့!!!!"

"ဇွန်ပွင့်ဖြူ!! ဘာလို့အဲ့လောက်အော်နေတာ
ငါ့ရုံခန်းထဲလည်း နင့်အသံကြီးပဲ"

"ဟီးဟီး"ဇေသူထက်စီမှ ရီသံ

ဖြိုးဇေယျာတစ်ယောက် ဇေသူထက်ကို
အသဲယားလွန်း၍ ကောက်နမ်းလိုက်သည်

"ရွှတ်"

"အင့်ဟင်းး ညီမတစ်ယောက်လုံးရှေ့မှာရှိတာကိုမှ
အားမနာ ငါ့ရှေ့မှာ လာနမ်းနေကြတယ် တော်ပြီ
ပြန်ပြီ"

ဆက်ရန်ရှိသည်။

(နောက်အပိုင်းတွေမှာ sweet ပေးရမလား
လောင်ပေးရမလား ပြောခဲ့ကြပါဦးဗျ🙄)

Vote & Comment pls😭

@thattantyaung56


You are reading the story above: TeenFic.Net