Part 7

Background color
Font
Font size
Line height

အပိုင်း (၇)

မောင့်ပျိုမဒီ(or)အမုန်းနဲ့ဖွဲ့သီတဲ့ချစ်ခြင်း

" သမီးပိန်သွားတယ် ....သူငယ်ချင်းနဲ့ ဘယ်တွေလျောက်သွားနေလို့ ...မေမေတို့ ph call
လို့မရတဲ့ အထိတောင်ဖြစ်ရတာလဲ ...မေမေ့မှာ နေ့တိုင်းစိတ်ပူနေရတာ...
နောက်တစ်ခါ....လိုင်းမရတဲ့ ဆီတွေမသွားပါနဲ့ ပျိုရယ် ....
မေမေရော ဖေဖေရော ....သမီးကို တအားတွေစိတ်ပူနေရတာရယ် "

" ဘယ်တွေသွားခဲ့ကြတာလဲ ...မေမေ့ကိုပြောပြပါဉီး "

အိမ်ပြန်ရောက်ထဲက ...မေမေ့ရဲ့မေးခွန်းတွေက ...တစ်ခုပီးတစ်ခုရယ်
ပျို့မှာ ဖေဖေ့နဲ့စကားပြောပီး ..အခန်းထဲဝင်လာတဲ့အထိ အနောက်ကနေလိုက်ဝင်လာပီး
မေးခွန်းတွေတစ်ခုပီးတစ်ခုနဲ့ ...မေမေ့ကိုပြန်ဖြေဖို့အတွက် တွေဝေနေတဲ့အချိန်မှာပဲ
      ပျို့အခန်းတံခါး...ခေါက်သံနှင့်အတူ  ...အခန်းထဲသို့ဝင်လာတဲ့မောင်လေး

" မမကို ..ဒီညပွဲ တစ်ခု လိုက်တက်ပေးဖို့လာခေါ်တာ ...ရေသွားချိုးမမ
ပီးရင် ကျွန်တော်နဲ့အတူသွားမယ်....ဒီနေ့ညပွဲက အရေးကြီးတယ်
ကျွန်တော်တို့ ...company နဲ့ အလုပ်တွေတွဲလုပ်ဖို့ ...ကမ်းလှမ်းထားတဲ့ Companyရဲ့ပွဲ
မြန်မြန်လုပ်နော်မမ......
မေမေကလာ.....ကျွန်တော်နဲ့အတူ ..မမကိုအပြင်မှာပဲစောင့်ရအောင်
မေမေ့သမီးကြီးကို .....နောက်မှအေးဆေးမေးလဲရပါတယ်မေမေရယ်"

မေမေ့ကိုပါ အခန်းပြင်ကို သူနဲ့အတူတူခေါ်သွားတဲ့ မောင်လေး
ကျေးဇူးပါ......မေမေ့ ရဲ့များပြားလွန်းတဲ့မေးခွန်းတွေအောက်ကနေဆွဲထုပ်ပေးလို့။
မေမေ့ရဲ့နားက နေလွတ်အောင် မောင်လေးနဲ့ အတူ Company ပွဲသွားတက်တာက
အကောင်းဆုံးပဲ......

ပျိုလဲမေမေ့မေးခွန်းတွေကြား.......
ပြန်မတွေးချင်တဲ့ ...အဖြစ်အပျက်တွေ ခေါင်းထဲ ပြန်ဝင်လာတာ
အဆင်ပြေမနေဘူးရယ် ။
မေ့ပျောက်သွားမှာပါ....အခုမှနှစ်ဆယ့်လေးနာရီတောင်မပြည့်သေးတာ ဒင်းရဲ့နှိမ့်ဆက်မှုတွေအောက်ကလွတ်မြောက်တာ
  မေ့သွားမှာပါ.....သိပ်မကြာခင်ပုံမှန်အတိုင်းပြန်ဖြစ်သွားမှာရယ်။
ရေချိုးခန်းထဲက ရေပန်းအောက်မှာ...မျက်နှာကို ထိုးခံလိုက်ကာ...ပါးပေါ်လိမ်းဆင်းလာတဲ့
မျက်ရည်စက်တွေကို .....ရေပန်းကကျလာတဲ့ ရေနဲ့အတူ ဆေးချလိုက်သည်။
ဒီမျက်ရည်တွေကလည်း....တော်ပါတော့
ပျို ပင်ပန်းနေပီရယ်။

။။။။။။။။။။။။။။။။။။
                ။။။။။။။။။။။။။။။။။။။။

" ကျေးဇူးပါ ...အန်ကယ်ချို "

" ငါ့ကျေးဇူးတင်မနေနဲ့ ....တစ်ခြားတစ်ယောက်ကိုတင်ရမှာ"

အချုပ်ခန်းထဲ မှာ သိပ်ကြာကြာမနေလိုက်ရပဲ ....ရဲစခန်းကိုရှေ့နေနဲ့အတူ
ရောက်လာတဲ့အန်ကယ်ချိုကြောင့် .....အန်ကယ်ချို မောင့်ကို ခံဝန်နဲ့ထုပ်ပေးတာထင်လိုက်တာရယ်။

" အန်ကယ်ချို ....မောင့်ကို လာထုပ်ပေးတာမဟုတ်ဘူးလား"

"ဟုတ်တယ် .....ဒါပေမယ့်ဟိုဘက်ကကြေအေးပေး အမှုပိတ်ပစ်လိုက်လို့
မင်းလွတ်လာတာ မောင်"

"ဘယ်လို ...အန်ကယ်ချို"

" ကာယကံရှင် မိန်းကလေးကိုယ်တိုင်က အမှုပိတ်လိုက်လို့ မင်းလွတ်လာတာလို့ "

ပျိုလား....ပျိုကအမှုပိတ်လိုက်တာလား။

"သူ့မောင်ကတော့ သိပ်ကြေနပ်ပုံမရဘူးတဲ့ ...စခန်းမှုး ငါ့ကိုရှင်းပြနေတာ
ဒီလို ပြသနာရှာတာ...ဒါနောက်ဆုံးဖြစ်ပါစေမောင်...
တောထဲ ထပ်သွားဖို့ မစဉ်းစားနဲ့တော့.....ငါနဲ့တစ်ခါတည်းလိုက်ခဲ့
ဒီနေ့ည မဖြစ်မနေ တက်ရမယ့် ....ပွဲရှိတယ်
ဒီတစ်ခါတော့ မင်းငြင်းခွင့်မရှိတော့ဘူး"

စိတ်ဆိုးနေပုံရတဲ့ အန်ကယ်ချိုရဲ့ မျက်နှာအမူအရာကြောင့် မောင်
ထပ်ပီး အငြင်းစကားမဆိုနိုင်ပဲ .....အန်ကယ်ချိုကားနဲ့အတူ
လိုက်သွားခဲ့ရတော့သည်။
သူ့အလုပ်တွေ ရူပ်နေတဲ့ကြားကနေ ....မောင့်ဆီလိုက်လာရတော့..
စိတ်ဆိုးနေပီပေါ့ ။ဟူးးးး
လူတွေရှေ့ မျက်နှာထွက်ပြရတော့မှာပေါ့ .....
မောင်ကတော့ ........အခုလိုပဲလွတ်လွတ်လပ်လပ်နေချင်သေးတာရယ်။

။။။။။။။။။။။။။။။။။။။။။။။။။

                        ။။။။။။။။။။။။။။။။။။။။။။။။။

များပြားလှတဲ့ အရောင်စုံသူတွေကြား......ပျိုနဲ့ရင်းနှီးတဲ့သူအချို့နဲ့
စကားလက်စုံကျကာ......ပစ္စုပန် နဲ့လိုက်လျောညီထွေ ဖြစ်လာတဲ့ ပျို
လက်ထဲမှာ ကိုင်ထားတဲ့ဝိုင်ခွက်ထဲက ဝိုင်အနည်းငယ်ကို
အရသာခံ ပီး ဖြည်းဖြည်းချင်းမော့သောက်လိုက်သည်။

အိမ်မှာနေ နေရရင် မေမေ့ မေးခွန်းတွေနဲ့ အသက်ရူကြပ်နေရမှာ
ဒီမှာဆိုတော့......အသက်ရူချောင် လွတ်လပ်နေသည်ရယ်။

အဲ့အခြေအနေလေး ....လွတ်လပ်ပေါ့ပါးမှုလေးက ....ကြာကြာမခံလိုက်

ဖန်ခွက်ကိုရိုက်ကာ....attention ယူလိုက်တဲ့အသံနှင့်အတူ

" အားလုံးပဲ ...ဒီနေ့ညပွဲလေးမှာ....ကျွန်တော်ကြေငြာစရာလေးတစ်ခုရှိလို့ပါ
ဒီမှာရှိနေတဲ့ ...ကျွန်တော့ မိတ်ဆွေအားလုံးလည်း သိပီးသား ဖြစ်မှာပါ
ကျွန်တော်က Company ကိုတာဝန်ယူထားပေးမယ့်......နောက်ကွယ်ကနေ Company
ရဲ့ အကျိုးအမြတ်အတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ  အလုပ်တွေကို လုပ်နေတာက
ဒီ Company ရဲ့ ပိုင်ရှင် အစစ်ပါ......အခု ဒီCompany ရဲ့ပိုင်ရှင် ပဲ့ကိုင်ရှင်ကို ဒီမှာရှိနေတဲ့
လူကြီးမင်း
အားလုံးနဲ့   မိတ်ဆက်ပေးပါ့မယ် "

" သူကတော့......ဒေါ် ခင်မမမောင်ပဲ ဖြစ်ပါတယ်"

အားလုံးရဲ့ လက်ခုတ်တီးပီး ကြိုဆိုတဲ့ အသံတွေကြား....လူတွေရှေ့မှာ
ရပ်နေတဲ့ .....မောင် ...

ဒီကိစ္စမောင်လေးသိရဲ့လား...
သိရဲ့သားနဲ့တော့ ....ပျို့ကို ဒီနေရာခေါ်လာမယ် မထင်ပါ။
ရုတ်တရက် ထိုးအောင့်လာတဲ့ ခေါင်းက ...ပျို့ရဲ့ ခြေထောက်တွေကို
လူထူထပ်နေတဲ့ပွဲနေရာကနေ ....မှောင်ရိတ်အနည်းငယ်ကျတဲ့ ..
စားပွဲဝိုင်းတစ်ခုဆီ
မောင် ...လူအများထဲက ပျို့ကိုများတွေ့သွားမလား စိုးရွံလှသည်။
သူနဲ့ ပျို မျက်နှာချင်း မဆိုင်ချင်သေးပါ။

ဒါနဲ့....သူက
မောင်ကလေ......Company ပိုင်ရှင်တဲ့လား......
ပျိုနဲ့ အတူရှိနေစဉ်တုန်းကဖြစ်သလိုနေခဲ့တဲ့ ပုံစံနဲ့မဟုတ်တော့
ကိုယ်ရောင်ကိုယ်ဝါတွေ ထွက်နေတဲ့ အနက်ရောင်ဝတ်စုံနဲ့ မင်းသားလေးတစ်ပါးလို

အောက်က ရှပ်အကျီအဖြူကို ရင်ဘတ်အောက်ထိ ကျယ်သီးဖြုတ်ကာ ...အပေါ်ကနေ
အနက်ရောင် ကုတ်တစ်ထည် လက်တစ်ဝက်ခေါက်တင်ကာ
အနက်ရောင် စတိုင်ပန်နဲ့တွဲဖက်ဝတ်ဆင်ထားတဲ့ မောင့်ရဲ့စတိုင်က
အလွန်ပဲ ကြည့်ကောင်း စတိုင်ကျလွန်းနေသည်။

"ဒေါ် ခင်မမမောင်ဆိုလို့ ငါကအဒေါ်ကြီးများလားလို့ ...ဟက်ဟက်
ထွက်လာတော့ အဆင်လေးဟဲ့ ....အသက်လဲအဲ့လောက်မကြီးသေးပါဘူး
လုပ်ပါဉီး...ငါတော့ကြိုက်သွားပီလို့"

" အေးနော် ....မထင်ရဘူးဟဲ့ ...ငယ်ငယ်ချောချောလေးနော်"

ပျိုထိုင်နေတဲ့ စားပွဲနားက ဖြတ်သွားတဲ့ မိန်းကလေးတွေပြောသွားတဲ့
စကားသံတွေ ....
အင်းလေ....မောင်က တစ်ကယ်လဲ ချောတာကို
အဲ့ချောမောတဲ့ မျက်နှာလေးနဲ့သူက တစ်အားလည်းရက်စက်တက်တာ
မင်းတို့မှမသိပဲရယ်။

သောက်ထားတာက နည်းနည်း သူ့ကို မြင်တော့မှ စိတ်လူပ်ရှားပီးမူးတက်လာတဲ့
ခေါင်း .....မောင်လေးကို ph ဆက်ကာပြန်ဖို့ပြောရမည်။
မောင်လေးလဲ ပွဲကိုစရောက်ထဲက ...သူ့မိတ်ဆွေတွေနဲ့ စကားကောင်းနေကြတာ
မောင်လေးကိုခေါ်မှ.....အိပ်ထဲက ph ကို ပျိုထုပ်ဖို့ပြင်လိုက်စဉ်မှာပင်

ပျို့ရဲ့ ph ကိုင်ထားတဲ့ လက်ကို လာရောက်ဆုပ်ကိုင်လိုက်တဲ့ သန်မာတဲ့လက်တစ်ဖက်

" ဘယ်သူ့ကို ph ဆက်ခေါ်မလို့လဲ ....မောင့်ရဲ့ မိန်းမ က"

"မောင် .."

"ဟုတ်ပါတယ် မောင်ပါ....မောင့်ကိုတွေ့တာတောင် ...မောင့်နားမလာပဲနဲ့
မောင့်ရဲ့မိန်းမက ဘယ်ကိုထွက်ပြေးမလို့လဲ"

"ငါ့လက်ကို လွှတ်မောင်....ပီးတော့ အရှက်မရှိ မဟုတ်တဲ့စကားတွေပြောနေတဲ့
မင်း ပါးစပ်ကို ပိတ်ထားပေး"

" ဘာကို မဟုတ်တာလဲ ခင်ဗျားက မောင့်မိန်းမပဲလေ....အဲ့နေ့ညတုန်းကတော့
ခင်ဗျားပဲ အရှက်မရှိ ခံတုန်းကခံ ခဲ့ပီးတော့"

"မောင်...မင်း...

ပျိုရဲ့ စကားမဆုံးလိုက် သူရဲ့သန်မာတဲ့လက်တွေနဲ့ ပွဲနဲ့တော်တော်လှမ်းပီး
မီးရောင် သိပ်မရှိတဲ့နေရာသို့ ဆွဲခေါ်ခြင်းခံလိုက်ရသည်။

စကားပြောဖို့ အားယူလိုက်တဲ့ ပျို့နှုတ်ခမ်းတွေကို အတင်းအကျတ် သိမ်းပိုက်လာတဲ့
မောင့်ရဲ့ ...အဓမ္မဆန်လွန်းတဲ့ အနမ်းကြမ်းကြမ်းတွေ
ရှက်စိတ် ကြောက်ရွံစိတ်တွေနဲ့ ...သူ့ကို ထုရိုက်နေပေမယ့်
သူက ပျို့ရဲ့ထုရိုက်နေတဲ့ လက်တွေကို ချုပ်နှောင်ပစ်ကာ
သူ့နှုတ်ခမ်းတွေက  ပျို့ ရဲ့ အဝတ်လွတ်နေတဲ့ လည်တိုင်ဖွေးဖွေး
ပခုံးသားတွေရော ...အလွတ်မပေးခဲ့ ....

အထိန်းအကွပ်မဲ့နေတဲ့ ...သူ့ရဲ့စိတ်ရိုင်းတွေရဲ့စေခိုင်းချက်အတိုင်း ပျို့ရဲ့လက်ကိုချုပ်ကိုင်
ထားတဲ့ သူ့လက်တစ်ဖက်က ..ပျို့ရဲ့ရင်သားတွေပေါ်ထိတွေ့လာတဲ့အခါ
သူ့ရဲ့ထိန်းချုပ်မှုအောက်က နေ အားကုန်သုံး...သူ့ကိုယ်ကိုတွန်းထုပ်ပစ်ကာ

ပျို့ရဲ့ လက်တစ်ဖက်ကို သူ့ပါးဆီအားကုန်လွှဲရိုက်လိုက်သည်။

"ဖြန်းးးး"

" မှတ်ထား....နောက်တစ်ခါ ..ငါ့ကိုထပ်စော်ကားလာရင် အဲ့ထက်ပိုနာမယ် "

"ခင်ဗျား"

" မမ ကဒီမှာရောက်နေတာလား.....ကျွန်တော်က အန်ကယ်ချိုနဲ့
မိတ်ဆက်ပေးမလို့ ....အန်ကယ်ချို ...ဒါကကျွန်တော့်အစ်မ
ပျိုမဒီ ပါ"

" ခင်ဗျားလဲ ရှိနေတာလား...ဒေါ်ခင်မမမောင် ....ကျွန်တော်အစ်မကိုတော့ ဒုက္ခထပ်ပေးနေတာ

မဟုတ်ဘူးမလား"

" မောင် .."

" မောင် ပွဲထဲမှာတွေ့လို့စကားလာပြောနေတာပါ အန်ကယ်ချို"

" နောက်ဆို ...အတူတူလက်တွဲ လုပ်ရမယ့်အလုပ်တွေအများကြီးရယ်
တစ်ယောက်နဲ့တစ်ယောက် အထင်အမြင်မလွဲကြရင်ကောင်းမယ်"

"ဟုတ်ကဲ့ ...အန်ကယ်ချို ...ကျွန်တော် ...စောဏကရှင်းပြခဲ့တာ ပြောခဲ့တာတွေက အမှန်တွေပါ ..ကျွန်တော်လုပ်ခဲ့တာသေချာတဲ့ အထောက်အထားသက်သေရှိရင်
ကျွန်တော်လုပ်တာမှန်ရင် ......ရဲကလာဖမ်းမှာပေါ့ ...ကျွန်တော်ကျိန်ဆိုရဲပါတယ်
အဲ့လို လုပ်ရပ်မျိုး မလုပ်ခဲ့ဘူးဆိုတာကို"

"မောင်လေး"

" ဟုတ်ပါပြီ  မောင်မင်းခန့်ညီ....မောင်ကလဲ သူ့ညီမလေးအတွက် ဖြေမဆည်နိုင်ဖြစ်နေလို့ပါ
ဒီက မင်းရဲ့အစ်မ ပျိုမဒီအပေါ်အထင်လွဲပီး လုပ်ခဲ့တာတွေအတွက် အန်ကယ်ကပဲတောင်းပန်ပါတယ် .....ရှေ့လျောက်လဲ အလုပ်အတူတူလုပ်ကြရမှာဆိုတော့ ...ဒီကိစ္စကို ဒီမှာပဲရပ်လိုက်ကြရအောင်.....ရဲတွေဆီက တရားခံတွေရဲ့ သတင်းမှန်ရမှဆက်ပြောကြရအောင်
နောက်နေ့မှ Company မှာ တွေ့ကြမယ်လေ....အခုတော့အန်ကယ်နဲ့ မောင့်ကို ခွင့်ပြုဉီး
တစ်ခြားသူတွေ သွားနှုတ်ဆက်လိုက်ဉီးမယ်"

အန်ကယ်ရဲ့ ဆွဲခေါ်မှုကြောင့် မောင့်မှာ....ပျို့အနားမှာ ဆက်နေ၍မရတော့
သူမရဲ့မောင်နဲ့အတူ ပွဲကနေပြန်ထွက်သွားတဲ့ ပျို
အန်ကယ်ချိုမိတ်ဆက်ပေးနေတဲ့ သူတွေကို
တစ်ယောက်ချင်း စကားလိုက်ပြောရင်း....ပျိုမဒီတို့ကားလေး မောင့်ရဲ့ မျက်ဝန်းထဲကပျောက်သွားတဲ့ အထိ ကြည့်နေခဲ့မိသည်။

ပျိုဆိုတဲ့ မိန်းမက မောင့်ရဲ့စိတ်တွေကို ...အရမ်းတွေ ဆွဲဆောင်လွန်းနေတယ်ရယ်

ပွဲပီးလို့ အိမ်ပြန်ရောက်တဲ့ အထိ ...နောက်ဆုံးအိပ်ရာဝင်တဲ့အချိန်ထိ
မောင့်အတွေးတွေထဲမှာ .......သူမရဲ့မျက်နှာ
သူမ နှုတ်ခမ်းတွေက ခဏတာ လေး နမ်းရိူက်လိုက်ရပေမယ့်
အရမ်းတွေ ချိုလွန်းသည်ရယ်
နက်ပြာရောင် ကိုယ်ကျပ်ဝတ်စုံ နဲ့ လိုက်ဖက်လွန်းလှတဲ့  ခန္ဓာကိုယ်
မောင့်ကို လာရောက်ထိတွေ့လှည့်လို့ ....ဖိတ်ခေါ်နေသလို

ပါးပြင်ဆီလက်ရောက်သွားတော့ မောင်ပြုံးလိုက်မိသည်။
သူမ လက်သံပြောင်သားပဲ ....ပါးကစပ်ဖျင်းဖျင်းနဲ့ အခုထိနာနေဆဲ
ကြိုက်တယ် ...........
             မောင်ကလည်း.........လွယ်လွယ်မရနိုင်တဲ့ အရာကိုမှ
ပိုကြိုက်တာ........လွတ်အောင်ပြေးပေါ့ .....
                ပျိုမဒီ .......

Company ချင်း အကျိုးတူပူးပေါင်းထားကြတာဆိုတော့ ...ခင်ဗျားနဲ့ မကြာခဏတွေ့ရမှာပေါ့
Company ကို ခင်ဗျား ...နေ့တိုင်းလာရင် ကောင်းမယ်
ခင်ဗျားကို မောင့်မျက်စိရှေ့ ....အမြဲတမ်းမြင်ချင်သည်။
သူမအကြောင်းတွေးကာ....မောင်အိပ်ပျော်သွားခဲ့သည်။
အိပ်မက်ထဲမှာ ...သူမကို မောင်ဖက်ပီးအိပ်နေတာရယ်...
အိပ်မက်ကောင်းနဲ့ နိုးထလာတဲ့မောင့်ရဲ့ မနက်ခင်း........စိတ်တွေက လန်းဆန်းလို့နေသည်။

ဒီနေ့ .....အန်ကယ်ချိုနဲ့ အတူ Company မှာ စတင်ရုံးတက်ရတော့မည်။
ဖြစ်နိုင်ရင် Company မှာသူမကိုတွေ့ချင်သည်။ ဖြစ်နိုင်အောင်လည်း
မောင်ကြိုးစားရတော့မည်ပေါ့ ။

" မမ ဖြစ်ပါ့မလား အဲ့လိုလုပ်ဖို့က"

" ဖြစ်ပါတယ် .....အရင်ထဲက ဆုံးဖြတ်ထားပီးသားကိစ္စပဲလေ....
သူ့ကြောင့်နဲ့ ...အကုန်ဖျက်ပစ်ရမှာလား"

" မနေ့ညက ...သူမှန်းသိရင် အဲ့ပွဲကိုမမကိုခေါ်မသွားပါဘူး....စီးပွါးရေးလောကမှာ
နာမည်ကောင်းနဲ့ ကျော်ကြားတဲ့ အန်ကယ်ချိုက သူ့ Company အတွက် အလုပ်လုပ်ပေး
နေတဲ့သူ ဖြစ်နေမယ်လို့ ...မောင်လေး မထင်ခဲ့မိဘူး"

" ထားလိုက်ပါ....အဲ့အတွက်စိတ်ရူပ်မနေနဲ့ ....အရင်ကစီစဉ်ထားတဲ့ အတိုင်း အဲ့Company
ဘက်မှာ မမရုံးတက်မယ့်ကိစ္စသာ ဆက်စီစဉ်လိုက်"

"မမ အဆင်ပြေတာ သေချာတယ်နော် ....အဲ့မောင်ဆိုတဲ့တစ်ယောက်က မမကိုဘာမှ ထိခိုက်အောင် မလုပ်ခဲ့တာ သေချာတယ်နော် "

" တော်ပီ ....ဒီကိစ္စဒီမှာပဲရပ်.....မေမေနဲ့ဖေဖေကြားသွားရင် ...တစ်မျိုးတွေးပီး
စိတ်ပူနေမယ်...မင်းမိန်းမကိစ္စကြောင့် စိတ်မကောင်းဖြစ်ရတာနဲ့တင် သူတို့မှာ
အဆင်ပြေနေတာမဟုတ်ဘူး....မင်းမိန်းမ ဘယ်နေ့ပြန်လာမှာလဲ "

" ဟို....ဒီရက်ပိုင်းထဲပဲပြန်လာမှာပါ ...ဖေဖေနဲ့မေမေကို မောင်လေးပြောပြထားပါတယ်"

" အင်း....အဲ့ဒါကောင်းတယ် ....ပီးတော့ ....ဟိုသေသွားတဲ့ ကလေးမ အဲ့ကလေူမ အလုပ်လုပ်ခဲ့တဲ့ မိဘမဲ့ကလေးကျောင်းရဲ့ လိပ်စာနဲ့ ph numbers ပေး မောင်လေး...
အဲ့ကိစ္စကို မမကိုယ်တိုင်စုံစမ်း မယ်"

" အာ...မဟုတ်တာ မမရယ် ....အဲ့ကိစ္စက

" အဲ့ကိစ္စကြောင့် ငါတို့မောင်နှစ်မ စွတ်စွဲခံနေရတာလေ....မမတို့ အဖြစ်မှန်ကို စုံစမ်းဖို့လိုလာပီ
မင်းလည်း မမကို အမှန်အတိုင်းပြောပြဖို့လိုလာပီ မင်းနဲ့ အဲ့ကလေးမ သာမာန်ရည်းစားတွေအဆင့်ပဲဆိုတာ သေချာလား...."

"ဟို...."

" သာမာန် အဆင့်ထက် ကျော်ခဲ့ကြတယ်ပေါ့ ...ဟုတ်လား မင်းခန့်ညီ"

" ကျွန်တော် တစ်မင်တကာရည်ရွယ်ခဲ့တာ မဟုတ်ဘူး...မထင်မှတ်တဲ့အခြေအနေတစ်ခုမှာ
ဖြစ်သွားတာပါ....တာဝန်ယူပေးချင်ပေမယ့် ....မေမေက သူ့နှလုံးရောဂါ အကြောင်းပြပီး
မဂ်လာဆောင်ခိုက်းခဲ့တာ.....သူအဲ့လို အဖြစ်ဆိုးတွေဖြစ်ပီး ...ကိုယ့်ကိုကိုယ် သက်သေသွားမယ်လို့ "

အသံလေးတိမ်ဝင်ပီး...လက်နှစ်ဖက်နဲ့မျက်နှာကို အုပ်ကာ ပြောလိုက်တဲ့မောင်လေး
ပျို့ရဲ့အပြစ်တင်ချင်တဲ့စကားတွေက ....မောင်လေးရဲ့ ဝမ်းနည်းနေတဲ့ အပြုအမူအောက်မှာ
အငွေ့ပျံ ပျောက်ဆုံးကုန်ကြသည်။

" အဲ့ကလေးမ အတွက်တရားမျှတမှု......မမတို့မောင်နှစ်မ နှစ်ယောက်ကို စွပ်စွဲထားတာတွေအတွက် ....အမှန်တရားကို သိဖို့လို အပ်လာပီ ...မောင်လေး"

ဝမ်းနည်းနေတဲ့မောင်လေးရဲ့ ပုခုံးကို ထိကိုင်ကာ ...ပျို  ထမင်းစားခန်းထဲကနေ ထွက်လာခဲ့တော့သည်။

ဒီ အကြောင်းအရာတွေ ...အဖြစ်အပျက်တွေ မောင်လေးနဲ့လက်ထပ်ထားတဲ့ မောင်လေးရဲ့ ဇနီးအသစ်စက်စက်လေးက သိပါလေစ...
သူမ...သိလို့အဆင်မပြေနိုင် ...အခုမှလက်ထပ်ကာစ လင်မယားတွေ ပြသနာတက်နိုင်သည်။
မောင်လေးပုံစံက ....သူ့ဇနီးထက်သေသွားပီဖြစ်တဲ့ ကလေးမလေးပေါ်မှာသာ
ခံစားချက်ရှိနေသေးသည်ရယ် ။

အေးလေ.....သူ့ဇနီးကိုစိတ်မဝင်စားလို့သာ....လက်ထပ်ပီး ရက်ပိုင်းလောက်နဲ့ သူမအမေ နေမကောင်းတဲ့အကြောင်းပြချက်နဲ့ ပြုစုချင်လို့ဆိုတဲ့စကားနဲ့အတူ

သူမအမေ ....နေထိုင်ရာ တောင်ကြီးမြို့မှာ သွားနေတာ တစ်ပတ်ပြည့်တော့မည်တဲ့။
မောင်လေးကလည်း .....Company အလုပ်အကြောင်းပြပီး လိုက်မသွားခဲ့ပါ။

လက်ထပ်ပီးခါစ လင်မယားဟာ....ချစ်စခင်စ ကြင်နာစ ဖြစ်နေတဲ့အချိန်မှာ
တစ်ယောက်တစ်နေရာ.....တစ်ကွဲတစ်ပြားစီရယ်
မေမေဆန္ဒနဲ့  အချစ်မပါပဲ
တည်ဆောက်ခဲ့ရတဲ့ မောင်လေးရဲ့ အိမ်ထောင်ရေး
အဆင်ပြေပါစေလို့ ......ဆုတောင်းပေးရုံက လွဲပီး
ပျိုလဲ ......ဘာတတ်နိုင်မှာလဲကွယ်

သိပ်မကြာခင်မှာလည်း .........ပျို့ရဲ့ အလှည့်ရောက်လာတော့မှာ

ပျို ဘယ်လောက်ပဲ အချိန်တွေဆွဲ ပီးရှောင်နေလည်း
နောက်ဆုံးကြရင် .....မေမေစီစဉ်တဲ့
ပျို့ရဲ့ မဂ်လာပွဲ ....

မေမေ့ စိတ်ကြိုက်ရွေးချယ်ထားတဲ့ .....မေမေ့သူငယ်ချင်းရဲ့သား
ပျို့ရဲ့ ငယ်သူငယ်ချင်းလည်းဖြစ်တဲ့

သာထက်ဇော်

ဇော်နဲ့ စီစဉ်ထားတဲ့ ....ပျိုရဲ့ မဂ်လာပွဲ

ဘယ်လို အကြောင်းအရာမျိုးနဲ့ ထပ်ပီး အချိန်ဆွဲရဉီးမလဲ ....
မေမေကတော့ ..ပျို့အသက် သုံးဆယ်ကျော်နေပီဆိုတဲ့အကြောင်းပြချက်နဲ့
မြန်မြန်စီစဉ်ချင်နေတာရယ် ။

ပျိုကတော့....လက်မထပ်ချင်ပါ။
အခုပျိုက ...အရင်ကပျိုလိုမျိုးလဲ မဟုတ်တော့ ...
အတွေးထဲ ပေါ်လာတဲ့ မောင့်ရဲ့မျက်နှာ
အဲ့နေ့ညက
အနိုင်ရသူတစ်ယောက်ရဲ့ အပြုံး
မတွေးနဲ့ .......သူ့အကြောင်းမတွေးမိစေနဲ့ ........လူမဆန်တဲ့သူ
ရုပ်လေးနဲ့မှမလိုက် ....ပျို့ရဲ့စိတ်ရော ခန္ဓာ ကိုပါနာကျင်စေသူ
ရှင့်ကို မုန်းချင်တယ် ....မောင်...
ရှင့် ကို နာနာကျည်းကျည်းနဲ့ကို .....ပျို မုန်းပစ်လိုက်ချင်သည်။

အခန်းထဲက ကုတင်ထက် အတွေးထဲ နစ်မြောနေတဲ့ ပျို
ပျို့ရဲ့ ph ထမြည်သံကြောင့်.
အတွေးတွေက နိုးထကာ....ph ကို answer လုပ်လိုက်သည်။

" Hello....ဇော်.......ဒီအပတ် စနေနေ့လား
အင်း....အားပါတယ် .....အင်း.....မေမေ့ကိုပြောပီးပီလား
မေမေ လက်ခံရင်ပျို လာခဲ့ပါ့မယ် ....
Ok ..see u နော်"

စနေနေ့တွေ့ဖို့ ချိန်းတာ....အရင်က လက်ထပ်ပေးဖို့မပြောခင်က
သူငယ်ချင်းတွေဆိုတဲ့ ..ပက်သက်မှုနဲ့ နှစ်ယောက်ထဲလည်း...အပြင်ထွက်မုန့်စား
လုပ်ခဲ့ပေမယ့်.....အခုက သူ့အမေရဲ့ လက်ထပ်ဖို့ကမ်းလှမ်းမှုကို
ပျို့မေမေလက်ခံပီးတဲ့နောက်မှာတော့ .....
နှစ်ယောက်တည်း အပြင်မှာတွေ့ဖို့ကို .....ပျိုရှောင်ပါသည်။
မေမေ လက်ခံရင်တော့ ....မေမေ့ခွင့်ပြုချက်နဲ့ သွားတွေ့ဖြစ်ခြင်းသာ
ဇော်က ပျို့အတွက် ခင်ပွန်းကောင်းတစ်ယောက် ဖြစ်နိုင်ရင် ဖြစ်နိုင်ပေမယ့်

ပျို့ အတွက်တော့ .....ထူးခြားမနေပါ။
မေမေ့ မှာသာ နှလုံးအားနည်းတဲ့ရောဂါ မရှိရင်ဘယ်လောက်ကောင်းလိုက်မလဲ
အဲ့ဒါဆို ပျိုလည်း ..အငြင်းစကားကို မေမေ့ မျက်မှာ ကို ကြည့်ပီး
စိတ်အေးလက်အေးပြောလို့ရမည်ကို.....
အခုတော့လေ........အခုများတော့

ပျို ဘယ်လိုများ လုပ်ရပါ့မလဲ .....ရှေ့မှာ လက်ထပ်ထားတဲ့ မောင်လေးတို့လင်မယားရဲ့
အခြေအနေတွေက .....ပျို့ရဲ့ ဆုံးဖြတ်ချက်တွေကို
ပိုဝေဝါးအောင် လုပ်နေသေးသည်။
ပျို တစ်ခုခုတော့ ဆုံးဖြတ်ရတော့မှာပဲ

မေမေစိတ်ချမ်းသာအောင် မဂ်လာပွဲလက်ခံပေးရမလား......ဒါမှမဟုတ်
ပျို့ဆန္ဒ အတိုင်း.......မေမေ့ရဲ့ကျန်းမာရေးကို ဂရုမစိုက်ပဲ
ပျိုလက်မထပ်ချင်ဘူး.....မေမေရယ်ဆိုပီး ...
အမှန်အတိုင်းပဲပြောရမည်လား...ဝေခွဲရခက်လှပါသည်။

ဖေဖေ....ဖေဖေ ကူညီရင်ကောင်းမယ် ...
ဖေဖေသာ ...ပျို့ ဘက်ကနေ မေမေ့ကိုပြောပေးနိုင်ရင်ကောင်းမည်။
ပျို့အတွေးတွေ အကောင်အထည်ဖော်ဖို့ အတွက်
ဖေဖေ့ အခန်းရှိရာဆီသို့........ပျို့ရဲ့ခြေထောက်တွေဉီးတည်လိုက်တော့သည်။

Note......like မပေး react မပေးခိုးဖတ်သွားတဲ့ readers များ
ရည်းစား ...ရစ်တာခံရပါစေ ...like တွေနည်းရင် နောက်အပိုင်းတွေနေ့တိုင်း
မတင်တော့ဘူး


You are reading the story above: TeenFic.Net