မေ့ချစ်သက်လယ်🤍🤎

Background color
Font
Font size
Line height

part 1❤️

ဘော်!  ဘော်!  ဘူ!

မော်တော်ဆိပ် မှ ထွက်ခွာ ရန် အချက်ပေးသံ ကို ၃ကြိမ်မြောက် ကြားရသော်လည်း
နေ ခြေလှမ်းတို့က ကျောက်ချထားတဲ့ သင်္ဘော ပမာ လှုပ်ရှားမှုမဲ့နေဆဲ

မျက်၀န်းတို့က မျက်ရည်မကျမိအောင် ထိန်းထားရတော့ နေရဲ့ မျက်နှာ လှလှလေးက နီရဲပြင်းထန်နေဆဲ

ရောက်ချင်ရာရောက် လို့ စိတ်ဆုံးဖြတ်ပီး ထွက် လာခဲ့ပေမယ့်
ရေလမ်းခရီး မထွက်ဖူးတော့ စိတ်တို့က ရွံကြောက်နေမိတယ်

'ဟူးးးးးး'
သက်ပြင်းရှည်ကြီးကို နေ မှုတ်ထုတ်ပစ်လိုက်မိသည်
တော်ပါပီကွာ...
မသွားတော့ဘူးးးးး

ဆုံးဖြတ်ချက်နဲ့ လှည့်အထွက်

'ဒုတ် '    "     အားးး"    "အမလေး"

"ဟယ်  နောက်ကျနေရတဲ့ အထဲ   sorryနော်  အကို"
 
နေ့ ရင်ခွင်ထဲပစ်တိုက်မိသည့် မိန်းမအား စိတ်တိုစွာဖြင့် ဘုကြည့် ကြည့် မိသောအခါ

"ဟာ   ခင်ဗျား ခင်ဗျားးးးးးးး"

နေရုတ်တရက် လှမ်းမည့်ခြေလှမ်းများ တန့် ကာ ထို မိန်းမနောက် သို့ အမိ အရ လိုက်မိတော့သည်

 
ထိုမိန်းမသည်ကား သူ့ကိုပင်လှည့်မကြည့်အား အပြေးတပိုင်း ခြေလှမ်းတို့ဖြင့်

ထွက်ခွာနေပီ ဖစ်သော မော်တော် ပေါ် သို့ တပြိုင် နက် လို လို ခုန် ကူး မိတော့

ထမိန် ၀တ်ထားသော ထို မိန်းမ ရဲ့ ကိုယ် ဟန် က ယိုင် ကနဲဖြစ်အသွားတွင်

နေ   ချက်ချက် ဖမ်း ထိန်း လိုက်မိသည်

"အမလေးတော့့့့့့့"

ရွယ်ရွယ်     ဒိတစ်ခါတော့ သွားပီ လို့ တွေးမိပီး မျက်လုံး မှိတ်ပီး ရေပြင်ကျယ်ဆီ ကျမယ့် ခံစားမှုနဲ့အတူ ရုတ်တရက် လက်တစ်ဖက်က ထိန်း ပွေ့ ခြင်း ခံ လိုက်ရသည်

မော်တော်က စက်ဖွင့်ကာ ထွက်ခွာ လာခဲ့သော်လည်း  ကျမ မျက်လုံးမဖွင့်ရဲသေးပါ

စိတ်ငြိမ်မှ မျက်လုံး ဖွင့် ပီး  ကျေးဇူးရှင် လက်ပိုင်ရှင် အား ကျေးဇူးတင်စကားပြောရန် မော့ အကြည့်

"ဟင် နင် နင်''

"နေပင်လယ်"

'ဟုတ်ပါတယ် အမ  အမ မှတ်မိသားပ့ဲ'

"နင့်အရုပ်ကို လဠ်းတ ချီသွားရင်တောင် ငါမတ်မိတယ်ဟဲ့
လွှတ်စမ်း  ပါ ငါ့ကို "

ကျမ ချက်ချင်း ရုန်းထွက်ပစ်ပီး သူ့ကို ကျောခိုင်းပစ် လိုက်မိတယ်

"၀ဠ်ကြွေး မကျေသေးဘူးလား  ပြန် လာဆုံ နေရအောင်က"

ကျမ နှုတ်က ပြောရင်း ခရီးသည် ခုံ နေရာလပ် ကို ရှာဖွေ နေမိသည်

အနောက်ဆုံး  နေရာတွင် ခုံအချို့လပ်နေ၍ ကျမ ၀င်ထိုင်ကာ အထုပ်အပိုးများချကာ  စိတ် ငြိမ်စေရန် မျက်လုံးမိှတ်ချ လိုက်စဥ်

သင်းပျံတဲ့ ရနံ့ လေးတစ်ခုနဲ့အတူ နဘေးတွင် တစ်စုံ တယောက် လာရောက် ထိုင် လိုက်သောအခါ

ကျမ ချက်ချင်းပ့ဲ  ရန် တွေ့ ရန် အတွက် ရုတ်တရက် လှည့် လိုက်တော့

"ဟယ်"

နီရဲနေသည့်မျက်လုံးများဆီက မည်မျှ ကြာအောင် ထိမ်း ခဲ့ သည်မသိသေး မျက်ရည်မြစ် နစ်စင်း က စီးကျကာ 
နေသည့် ဖြူစင်၀င်းမွှတ်နေသည့်  နေပင်လယ် အားမြင် လိုက်၍ ကျမ ပြောမည့်စကား  များ ပျောကဆုံးလေပြီ

'အမ  ကျနော် တောင်းပန်ပါတယ် အမရယ်'
"ကျနော့်ကို မောင်းမထုတ်ပါနဲ့ဗျာ"
ပြောပြောဆိုဆို ကျမ ပခုံး လေးပေါ် ခေါင်းမှီ ကာ ကလေးတစ်ယောက် လို ငိုရှိုက်နေသော ကောင်လေး အား ကြည့် ၍

မ လုံ မလဲ ပတ်၀န်းကျင် ကို ​ေ၀့ကြည့် မိရာ
အမလေး   ငါ့ အသိတွေက များ လှချည် လား
ဦးထုတ်ကို ငိုက်ဆောင်းထားတဲ့ နေပင် လယ် ကို
ငိုရှိုက်နေမှန်း ဘယ်သူမ မသိ ဘဲ ကျမ သာ သိရ၍

ပြူးကျယ်စပ်စုနေကြသော လူအုပ်အား ကျမ မချိ သွား ဖြဲ ပြမိပြီး စိတ်ထဲမှာတော့ 

"သေပီပေါ့ မိရွယ်ရယ် တသက်လုံး ထိမ်းလာတဲ့ သိက္ခာ မြှောင်း ထဲ မျှောပီပေါ့အေ    ဟူးးးးးးး"

                   ❤️❤️❤️❤️❤️❤️

ပထမဆုံး ရေးသားခြင်းမို့  အမှားပါလျှင် သည်းခံပေးပါနော်

Part 2မျှော်🥰🥰


You are reading the story above: TeenFic.Net