အပိုင်း ၂၀

Background color
Font
Font size
Line height

Unicode

မျှော်ကာမှန်းရည်အိမ်ပြန်လမ်းဆီ(၂၀)

အခန်း_၂၀ ((ဘယ်အချိန်ကမသိ ရင်ထဲတစ်နေရာအသဲညှာကိုခိုဝင်နားတဲ့... )

🎵ဘာကိုမှဂရုစိုက်ပဲ အဝေးကိုလွင့်သွားတဲ့ လေပြေလေးဖြစ်ချင်မိ
ရေခဲအဖြစ်ပြောင်းလဲသွားမယ့်အစား ကိုယ့်ကိုကိုယ်ပဲအဆုံးသတ်လိုက်မယ် 🎵

ဟူးးးဟူးးးးး
ညလေပြင်းနဲ့အတူဝတ်ရုံစတွေလေထဲလွင့်လို့
ဝတ်စုံနက်ဝတ်ထားသောလူတစ်သိုက်မှာ
နန်းတော်ခေါင်မိုးတွေကိုကျော်လွှားကာ
တစ်စုံတစ်ရာကိုရှာဖွေနေကြလေသည်။
ထူးဆန်းသည်မှာ အားလုံးပင်ကြောက်မက်ဖွယ်ရာမျက်နှာဖုဲးကိုယ်စီနှင့်
ထိုသူတို့မှာ အရှေ့နန်းဆောင်၏တစ်နေရာအ
ရောက် ရပ်တန့်သွားကြလေသည်။
တေးသီချင်းသံသဲ့သဲ့နှင့်တူ သူတို့၏ပစ်မှတ်မှာ ထိုနေရာ၌ ဓားသိုင်းကနေသည်ကိုမြင်တွေ့
လိုက်ရ၍ဖြစ်သည်။

🎵 နှင်းစက်တွေဟာအထီးကျန်တဲ့လောကကြီးကို အေးစက်မှုတွေပဲသယ်ဆောင်လာတာနှမြောစရာပဲ
ဒီခရီးလမ်းက အေးစက်ပြီးခါးသီးနေတာကိုလည်း နှမြောမိတယ် 🎵

လေတိုးသံနှင့်အတူ သူမ၏အနီးပတ်ဝန်း
ကျင်သို့ကျရောက်လာတဲ့
အနက်ရောင်လူရိပ်များ
စုစုပေါင်းဆယ်ယောက်ခန့်ရှိသည့်အပြင်
အားလုံးမှာမျက်နှာဖုံးကိုယ်စီဖြင့်
တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ကြမှ ရန်လိဟန်မရှိတာနှင့်ကြုံကြိုက်နေလေသည်။

" မင်းတို့ဘယ်သူတွေလဲ
ဘာလို့နန်းဆောင်ကိုကျူးကျော်လာတာလဲ "

" မင်းကိုတမလွန်ပို့မဲ့ မင်းရဲ့သေမင်း"

ပြောပြီးသည်နှင့်တပြိုင်နက်တရစပ်ပင် သူမဆီအတင်းဝင်တိုက်ခိုက်လာကြသောရန်သူများအား သတိအနေအထားဖြင့်
ပြန်လည်တိုက်ခိုက်ရတော့သည်။
မတိုက်ခိုက်လို့လည်းမရ တဖက်ကအသေသတ်ဖို့လာတာ။
အချိန်တစ်ခုအထိတိုက်ခိုက်ပြီးနောက်
သူမလည်းဒဏ်ရာရသွားသလို တဖက်လူတွေမှာလည်းအခြေအနေမဟန်တော့
တိုက်ခိုက်သံတွေကြောင့်လားမသိ သူမနေထိုင်ရာအဆောင်ရှိ နန်းတွင်းသူတစ်ချို့၏
ဆူဆူညံညံအော်ဟစ်သံတွေကြားလိုက်ရပြီးနောက်

" ရှောင်ယွဲ့ ရှောင်ယွဲ့...!

ဟော..လာပါပြီ
အသံနှင့်အတူ ရန်လိဟန်မှာ သူမ၏ရှေ့၌
မားမားရပ်လျက်
ရန်ဆန်းမှာမူ ရန်သူများအားအပြင်းအထန်ဝင်ရောက်တိုက်ခိုက်လေတော့သည်။
ထိုအခါ လူသတ်သမားများမှာအခြေအနေမဟန်သဖြင့် ပြန်လည်ဆုတ်ခွာသွားကြလေတော့သည်။

" ရှောင်ယွဲ့..ဘာဖြစ်သွားသေးလဲ
ဘယ်သူတွေလဲ "

" မသိပါဘူး နန်းဆောင်ကိုကျူးကျော်လာလို့တိုက်ခိုက်နေတာပါ "

" မှန်း...ဒါကဘာလဲ
ဘယ်နားထပ်ပြီးထိခိုက်မိသေးလဲ..
ပြ..ပြစမ်း "

ယွဲ့ ထိုက်ရင်း၏ခန္တာကိုယ်အား အတင်းပင်
ဟိုဒီကိုင်ကြည့်ကာရင်ခွင်ထဲတင်းကျပ်စွာဖက်လိုက်တဲ့ ရန်လိဟန်ကြောင့်
အတူလိုက်ပါလာသော ရန်ဆန်းမှာ
အမလေး ငါတို့အရှင့်သား ဘယ်သူ့မှမမြင်တော့ပါလား
မွှန်နေတာ

" _ရန်ဆန်း..!
_အမိန့်ရှိပါအိမ်ရှေ့စံ "

" နန်းတော်လုံခြုံရေးကို ပိုပြီးတင်းကျပ်လိုက်ရဲမက်တွေကို ရှောင်ယွဲ့ နန်းဆောင်အပြင်မှာတာဝန်ချထားလိုက် "

" မင်းတို့..သမားတော်ခေါ်လာခဲ့
အမြန်လာဖို့ပြောလိုက် သွား "

"' အဲ့လောက်ထိမလိုပါဘူး
ဒဏ်ရာကနည်းနည်းလေးပါ  "

"မင်းကငြိမ်ငြိမ်လေးနေ
မင်းတို့တွေအမြန်မသွားကြသေးဘူးလား "

သူမပြောတာကိုဂရုမစိုက်ပဲ လက်မောင်းနားက ဒဏ်ရာကိုသာဂရုတစိုက်ကြည့်ရင်း
သူ၏ငယ်သားတွေအား ဆူပူမာန်မဲလိုက်တဲ့ ရန်လိဟန်

" အမိန့်အတိုင်းပါ.. အရှင့်သား "

သူတို့၏အိမ်ရှေ့စံကတော့ဖြင့် မှာကြားစရာရှိတာမှာကြားပြီးသည်နှင့်
ဒဏ်ရာရထားပုံရသော ယွဲ့ထိုက်ရင်းအား
ပွေ့ချီလျက် အဆောင်ထဲသို့ဝင်ရောက်သွားလေသည်။
ဒဏ်ရာရတာကလက်လေ ခြေထောက်ကအကောင်းကြီးကို ပွေ့ချီစရာလား
အပျိုတော်တစ်ချို့၏ စိတ်ထဲကသာပြောဆိုနေကြသောစကားတွေအား
ရန်လိဟန်တစ်ယောက်ကတော့ဖြင့်မကြားရှာပါ

သမားတော်လာကြည့်ပြီး ဒဏ်ရာကိုဆေးထည့်ပတ်တီးစည်းပေးပြီးနောက်
ပြန်သွားလေသည်။
ရန်ဆန်းကတော့ အခန်းအပြင်ဘက်မှာကင်းစောင့်နေလေရဲ့
ရန်လိဟန်ဆိုတဲ့လူကလည်းကိုယ့်နန်းဆောင်ကိုယ်ပြန်ပါဆိုတာမရဘူး
အတင်းပေကပ်ကျန်နေခဲ့တယ်။
ကျန်နေခဲ့တာလည်းအကောင်းမဟုတ်
သူမရဲ့အိပ်ယာပေါ်မှာ ဘေးတစ်စောင်းလှဲလို့
ရွှယ်လော့ကိုသွားတဲ့လူက ဘယ်လိုပြန်လာတာပါလိမ့်
ထို့ကြောင့်မနေနိုင်ပဲမေးမိတော့သည်။

" ဘယ်လိုဖြစ်လို့ပြန်လာတာလဲ
ရွှယ်လော့မှာရှိနေရမှာမဟုတ်ဘူးလား "

" မင်းကိုလွမ်းလို့ပြန်လာတာ
အဲ့ဒိလူသတ်သမားတွေက ဘယ်လိုပုံစံလဲ "

" မျက်နှာဖုံးနဲ့ပဲ အရုပ်မျက်နှာဖုံးနဲ့
ပြီးတော့ သူတို့ကသေချာလေ့ကျင့်ထားပုံရတယ် တိုက်ခိုက်တာအချိတ်အဆက်မိတယ်
အရှင့်သား အချိန်မှီရောက်လာလို့သာပေါ့
မဟုတ်ရင် သေသွားလောက်ပြီ "

သူမရဲ့ပိုပိုသာသာအပြောကြောင့်လား
ထိုလူက ခပ်ဟဟရယ်လျက် သူမ၏နဖူးထက်ကဆံနွယ်စတို့ကို
လက်ဖြင့်အသာအယာသပ်တင်ပြီးနောက်

" မဟုတ်တာတွေမပြောနဲ့
တစ်မိုးအောက်ယွဲ့ထိုက်ရင်းက လွယ်လွယ်နဲ့သေမှာလား
ရှောင်ယွဲ့ကို ကျွန်တော့်ကသေဖို့ခွင့်ပြုမယ်ထင်လို့လား "

" စောနကတည်းကနားထောင်နေတာ
အရှင့်သား..ကျွန်ုပ်ကိုဘယ်လိုခေါ်လိုက်တာ "

" ရှောင်ယွဲ့လေ..!

" ကျွန်ုပ်ကအရှင့်သားထက် အသက်အများကြီးပိုကြီးတယ်နော် "

" အဲ့တော့ဘာဖြစ်လဲ
ပြီးတော့ ကျွန်တော့်ကို ခုချိန်ကစပြီးအရှင့်သားလို့မခေါ်နဲ့တော့ လိဟန်လို့ခေါ်
ကျွန်ုပ်လို့လည်းမသုံးနဲ့ မင်းငါပဲပြော
ဟုတ်ပြီလား "

ဖြစ်ရပြန်ပြီ သူပဲအမျိုးမျိုး
ယောင်္ကျားတွေက ချစ်မိသွားတဲ့အခါဒီလိုပဲလား ဟက်
ရန်လိဟန်..မင်း ငါ့ဆီမှာတော်တော်ပျော်ဝင်နေတာပဲ

" ဒါနဲ့လေ ရှောင်ယွဲ့လက်ကဒဏ်ရာက
ကျွန်တော်တို့ရဲ့ညရေးညတာကိစ္စကို အနှောက်အယှက်မဖြစ်စေလောက်ပါဘူးနော် "

" ဟင်...ဘာပြောတာ "

" ကျွန်တော်..ရှောင်ယွဲ့ကိုမတွေ့ရတာ
တစ်ရက်နဲ့တစ်ညရှိနေပြီလေ အဲ့တာ.."

ထိုအခါမှသဘောပေါက်သွားပုံရတဲ့ ရှောင်ယွဲ့က မျက်နှာကြီးနီမြန်းလျက်
စကားတစ်လုံးသာဆိုလေ၏။

" မင်း..!

____________________

~တဖက်တွင်လည်း
∆ ဟွား(သို့)ဝူတိုင်းပြည် ∆

သူဘက်ကစပြီးလက်ကလေးကိုင်ရုံရှိသေး ပုတ်ချခံလိုက်ရသဖြင့်ဘာမှဆက်မလုပ်ရဲတော့ပေ။
ဒါနဲ့ပဲ ကုတင်ပေါ်မှာနှစ်ယောက်သား‌ဘေးချင်းယှဉ်လျက်ငုတ်တုတ်ထိုင်နေကြတာ
အတင်းအကြပ် သူမလုပ်ချင်တော့ပါ
ဒီရက်တွေထဲ သူအတင်းအကျပ်သောင်း
ကျန်းထားသဖြင့်
ယွဲ့ချိုးလည်းမောပန်းနွမ်းလျနေလောက်ပြီ
ဘာဖြစ်ဖြစ် သူမက ကလေးပဲရှိသေးတာလေ

" ကောင်းပြီ..မင်းနားတော့လေ
ကိုယ် ကိုယ့်အဆောင်ပဲပြန်လိုက်တော့မယ်
ကောင်းသောညပါ ကိုယ့်မင်းသမီးလေး "

သူမကိုနှုတ်ဆက်ပြီး နဖူးပြင်ပေါ်သို့
ခပ်ဖွဖွအနမ်းတစ်ပွင့်ခြွေသွားတဲ့ ထိုလူ
သူမရင်ထဲ ခေါင်းလောင်းလေးတွေမြည်ဟီးသွားသလို ရင်တွေလည်းလှိုဏ်ခနဲခုန်တက်သွားမိသည့်အထိပင်။

" ဟင်းးးးး !

မင်းကြီးထွက်သွားမှသက်ပြင်းချမိသည်..
ယွဲ့ချိုး.. နင်သတိထားစမ်း..
နင်သူ့ကိုချစ်လို့မရဘူးနော်..
သတိထား.. သတိထားစမ်းပါ
ခေါင်းတွေကိုတစ်ဖတ်ဖတ်ရိုက်ရင်း ကိုယ့်ဖာသာကိုယ်သတိပေးနေမိသည်။

ယွဲ့ချိုးဆီကပြန်လာပြီး
ချိန်ဖုန်းဆီသ်ို့အလာမြင်ရတဲ့မြင်ကွင်းကစိတ်မသက်သာစရာ
ဒီကောင်က ယဲ့ရှင်းကိုပွေ့လာတာနှင့်ပက်ပင်တိုးသည်
ဟိုကဖြင့်အကောင်းကြီးကို..

"_သူဘာဖြစ်တာလဲ..

_လေ့ကျင့်ရင်းဒဏ်ရာရသွားလို့ "

"ဟမ်..ဘာဖြစ်သွားသေးလဲ.."

မဖြစ်ဘူး သူ့ညီမသိရင်သောင်းကျန်းမယ်
ယခုမှ မင်းကြီးပိုင်ရိကျယ်လဲစိုးရိမ်လာတော့သည်။

" ထိုင်ခုံပေါ်တင်လိုက်..ဖြေးဖြေး..
ပြစမ်း..
ထိခိုက်သွားတာဘယ်မှာလဲ..ကြည့်ရအောင် "

ငါတယ်လေ..
စိတ်ညစ်နေရတဲ့ကြားကပြုံးမိသွားသေးတယ်
လက်မောင်းကိုနည်းနည်းလေးရှပ်ထိရုံပါ
တကယ့်ကိုမှ ဒဏ်ရာအသေးစားလေး
ဒီလောက်ကမသေနိုင်ပါဘူး
ဟိုကောင်ကသောက်ပိုတွေလုပ်ပြနေတာ..
ဟိုမိန်းကလေးကလည်းအပိုတွေညီးပြနေတာများ မသိရင် ယဲ့ရှင်းမဟုတ်သလိုပဲ
ကြည့်ရမြင်ရတာစိတ်မသက်သာဘူး..

"_ချိန်ဖုန်း..!
_ဟုတ်မင်းကြီး.."

" မင်းကိစ္စပြီးရင်ငါ့ဆီဝင်လာခဲ့အုံး
ငါသွားပြီ.."

" အမိန့်အတိုင်းပါ "

ငါလုပ်လိုက်ရ..
အမိန့်အတိုင်းပါ သာပြောနေတာလူကဖြင့်လှည့်တောင်မကြည့်ဘူး
သူ့ဟာမလေးကိုအဖြစ်သည်းနေတာ..
ချိန်ဖုန်းလည်းသွားရှာပြီလား
ဘယ်ဘဝကရေစက်တွေပါလိမ့်
ယွဲ့ညီအမတွေနဲ့ကျမှဘာဖြစ်ရတယ်မသိ
ဝဋ်လည်တာ ဝဋ်လည်တာ ဟားးးးးး

____________________

ခမည်းတော် ရွှယ်လော့နန်းတော်ဆီသွားတာအတူလိုက်ပါရတဲ့သူ့ကို
မယ်တော်က ရှောင်ယွဲ့ကိုအတူခေါ်သွားဖို့ခွင့်မပြုနိုင်တာကြောင့် ထားခဲ့ရတာ
ရွှယ်လော့နန်းတော်ဆိုတာက ယခုလိုဆောင်းရာသီရောက်လာတဲ့အခါ တော်ဝင်
မိသားစုတွေအပမ်းဖြေရင်း
ခမည်းတော်ရဲ့ကျန်းမာရေးအတွက် ရေပူစမ်းမှာအနားယူတာပေါ့
ဒီခရီးမှာ ခမည်းတော်၊မယ်တော်တို့အပြင်
သူရယ် အိမ်ရှေ့စံမိဖုရားရယ်ပါပါတယ်
ရန်ဆန်းကို ရှောင်ယွဲ့ကိုကာကွယ်ဖို့ချန်ထားရစ်ခဲ့မယ်ဆိုတော့လည်း
ရှောင်ယွဲ့ကလက်မခံ အရှင့်သားကိုကာကွယ်ဖို့သာခေါ်သွားပါတဲ့
ကျွန်ုပ်က ရန်ဆန်းထက်သာတာသိတယ်မလားဆိုလာတာကြောင့်
ခုတော့ကြည့်စမ်း လုပ်ကြံသူတွေကျူးကျော်လာသတဲ့
ဒီလောက်တိုက်ဆိုင်ရလား
အဲ့တာကလည်း ဒီရန်လိဟန်ရဲ့မိန်းကလေးကိုလေ
သတ္တိကတော့ကောင်းသားပဲ
သူပြန်လာတာစောလို့သာပေါ့
ရှောင်ယွဲ့က ဒီနန်းတော် မဟုတ်သေးဘူး
ဒီဆွေ့တိုင်းပြည်အတွင်းမှာ ရန်သူရှိတာမဟုတ်ဘူး
ရှောင်ယွဲ့ကိုသတ်ချင်တဲ့လူက..အဲ...နေစမ်းပါဦး မဟုတ်မှ
အိမ်ရှေ့စံမိဖုရားလား
မေယွမ်က ဒီလောက်သတ္တိမကောင်းပါဘူး
မယ်တော်များလား
လွန်ခဲ့တဲ့ရက်တွေက ရှောင်ယွဲ့ကိစ္စကြောင့်
မယ်တော်နဲ့အကြီးအကျယ်စကားများခဲ့တာ
မှတ်မိသေးတယ်။
မယ်တော် မျက်စိစပါးမွှေးစူးမယ်ဆိုလည်းစူးချင်စရာပါပေ
ဒီတလော သူ..ရှောင်ယွဲ့ဆီမှာပဲညအိပ်ဖြစ်တာများတယ်
အမှန်တကယ်ဆို သူဟာ..ဒီလောက်တဏှာရာဂများတဲ့လူမဟုတ်ပါ
ဒီမိန်းမနဲ့မှဘာဖြစ်ရတယ်မသိ
အချိန်ပြည့်ပလူးပလဲနေချင်တဲ့စိတ်တွေပဲပေါ်နေတယ်
ရန်ဆန်းကတောင်ပြောတယ်
အရှင့်သား အနေအထိုင်လေးဘာလေးဆင်ခြင်သင့်တယ်နော်တဲ့
မတတ်နိုင်ဘူးလေ ယွဲ့ထိုက်ရင်းကိုမတွေ့ရရင်မနေနိုင်လောက်အောင်
ဒီရန်လိဟန်က အရူးအမူးစွဲလမ်းမိသွားပြီကိုး
ခုလဲ ဘေးနားကရှောင်ယွဲ့ကို မြတ်မြတ်နိုးနိုးငုံ့ပြီးနမ်းရှိုက်မိတော့
ရှောင်ယွဲ့က မျက်မှောင်ကုတ်လျက်

" ဘာဖြစ်နေတာလဲ မအိပ်သေးဖူလား
ရွှယ်လော့ကနေ ဘာလို့ပြန်လာလဲလို့
ခုထိမဖြေရသေးဘူးနော် "

" မင်းကိုလွမ်းလို့ပြန်လာတာပါဆို တကယ်
မနမ်းတတ်တဲ့ ကျွန်တော့်ရဲ့ရှောင်ယွဲ့ကို
သတိရလို့ပါ "

" မနမ်းတတ်ဘူး
ဟက်..! ငါကမနမ်းတတ်ဖူးဆိုပဲ "

သူမမာနကိုထိခိုက်သွားလို့လားမသိ
အိပ်နေရာကလူးလဲထပြီး ခနိုးခနဲ့ရယ်ပါလေတော့သည်။
တကယ်လဲမနမ်းတတ်ပါ
သူတို့ရဲ့ပထမဆုံးညက သူ့ရဲ့အနမ်းတွေကို
အလိုက်အထိုက်ပြန်လည်တုံ့ပြန်လာပေမဲ့
ရှောင်ယွဲ့ဟာ အမှန်ပင်မနမ်းတတ်မှန်းသိလိုက်ရလို့ ပိုပြီးတောင်မြတ်နိုးရပါသေးတယ်
ဘာလိုဆို သူမရဲ့ပထမဆုံးက
ရန်လိဟန်ဆိုတဲ့ သူ..ဖြစ်နေခဲ့လို့
ထို့ကြောင့် သူပိုပြီးစနောက်ချင်လာတာကြောင့် သူပါလှဲနေရာကထထိုင်ပြီး
ရှောင်ယွဲ့မျက်လုံးထဲတည့်တည့်စိုက်ကြည့်ကာ

" တကယ်‌သိချင်လို့ပါ
ကျွန်တော်နဲ့မှပထမဆုံးနမ်းဖူးတာလားလို့
အိပ်တာရောလေ
မဟုတ်မှ နှစ်တစ်ထောင်အတွင်းပထမဆုံးအကြိမ်လား "

"ငါက ယောင်္ကျားတွေကိုအရမ်းမုန်းတာလေ
ဘယ်ယောင်္ကျားက ငါ့ကိုထိရဲမှာလဲ
ငါတို့တိုင်းပြည်မှာက မိန်းမပဲရှိတာသိသားနဲ့
တမင်မေးနေတာလား "

ဤနှယ်မျက်မှောင်ကုတ်လျက် ဒေါသသံဖြင့်
ပြောလာပြီဆိုပါက
ရှောင်ယွဲ့တစ်ယောက် စိတ်တိုနေပြီဆိုတာ
မပြောလဲသဘောပေါက်သည်။

" _ဒါဖြင့် ကလေးကောမွေးဖူးလား
_ဘာ "

" အာ လန့်လိုက်တာ
ကျွန်တော်ကြားဖူးတာလေ အရွယ်ရောက်တဲ့မိန်းကလေးတိုင်း
နတ်ရေကန်ကရေကိုသောက်သုံးပြီး မျိုးဆက်ပြန့်ပွားရတယ်ဆို "

သူထင်တဲ့အတိုင်းပင် ရှောင်ယွဲ့၏ဘဝင်မြင့်တဲ့ရောဂါကပြန်လည်ခေါင်းထောင်လာလေသည်။

" အဲ့တာက နန်းတွင်းသူတွေနဲ့ သာမန်အရပ်သူတွေလေ
ငါကဘယ်သူလဲ ဟွားတိုင်းပြည်ရဲ့မဏ္ဍိုင်
လမင်းခံတပ်ရဲ့ပဲ့ကိုင်ရှင်ပါ
မျိုးဆက်ပြန့်ပွားစရာလား "

" ကောင်းတယ် ကောင်းတာပေါ့
ဒါဆို ကျွန်တော့်ကလေးကို ပထမဆုံးမွေးပေး ရှောင်ယွဲ့ နဲ့ ကျွန်တော့်ကလေး "

" ဟက်..!
မင်း စိတ်ကူးယဉ်နေတာလွန်သွားပြီ
မင်းကြင်ယာတော်ကရော သူ့နာမည်ကဘယ်သူပါလိမ့် "

" မေယွမ်လား "

" ဟုတ်တယ် သူ
သူ့ကိုမွေးခိုင်လေ ငါ့ထက်စာရင်
သူမက မင်းကလေးကိုပိုပြီးလိုချင်မှာပဲ
ဒါနဲ့ မင်း..သူမဆီရောသွားရဲ့လား "

" ဟောဗျာ..
သဘောထားကလဲကြီးပါ့
တစ်ခုတော့သေချာမှတ်ထားပါ

ကျွန်တော့်မှာမိန်းမတွေဘယ်လောက်ရှိရှိ
ကျွန်တော့်နှလုံးသားက ရှောင်ယွဲ့ တစ်ယောက်ထဲပဲရှိတယ်ဆိုတာအမြဲမှတ်ထားပါ
ပြီးတော့ ရှောင်ယွဲ့ကပိုကောင်းတယ်လေ "

ထိုစကားကို သူမနားနားကပ်ပြီး မထိတထိဆိုလိုက်လျှင်
ရှောင်ယွဲ့၏စောနက မည်သို့မျှခံစားရပုံမရသောအေးစက်စက်အမူအရာမှာ ချက်ချင်းပင်ဒေါသတကြီးဖြစ်သွားလေတော့သည်။

" မင်း..!

#_____________________#

အပိုင်း ၂၀မျှော်
Thanks for reading 💙
#CherryRay🐦
19 January 2023
Thursday 9:20PM




Zawgyi





ဟူးးးဟူးးးးး
ထူးဆန်းသည်မှာ အားလုံးပင်ကြောက်မက်ဖွယ်ရာမျက်နှာဖဲုးကိုယ်စီနှင့်
လိုက်ရ၍ဖြစ်သည်။


အနက်ရောင်လူရိပ်များ

" မင်းတို့ဘယ်သူတွေလဲ




ဟော..လာပါပြီ
မားမားရပ်လျက်

ဘယ်သူတွေလဲ "


" မှန်း...ဒါကဘာလဲ
ပြ..ပြစမ်း "

မွှန်နေတာ

" _ရန်ဆန်း..!



"' အဲ့လောက်ထိမလိုပါဘူး
ဒဏ်ရာကနည်းနည်းလေးပါ  "





ပြန်သွားလေသည်။





" မဟုတ်တာတွေမပြောနဲ့


" ရှောင်ယွဲ့လေ..!


" အဲ့တော့ဘာဖြစ်လဲ
ဟုတ်ပြီလား "



" ဟင်...ဘာပြောတာ "


စကားတစ်လုံးသာဆိုလေ၏။

" မင်း..!

____________________

~တဖက်တွင်လည်း


ကျန်းထားသဖြင့်


သူမရင်ထဲ ခေါင်းလောင်းလေးတြွေမည်ဟီးသွားသလို ရင်တွေလည်းလှိုဏ်ခနဲခုန်တက်သွားမိသည့်အထိပင်။

" ဟင်းးးးး !

သတိထား.. သတိထားစမ်းပါ

ချိန်ဖုန်းဆီသို့အလာမြင်ရတဲ့မြင်ကွင်းကစိတ်မသက်သာစရာ

"_သူဘာဖြစ်တာလဲ..

"ဟမ်..ဘာဖြစ်သွားသေးလဲ.."


ပြစမ်း..

ငါတယ်လေ..

"_ချိန်ဖုန်း..!
_ဟုတ်မင်းကြီး.."

ငါသွားပြီ.."

" အမိန့်အတိုင်းပါ "

ငါလုပ်လိုက်ရ..

____________________

မယ်တော်များလား
မှတ်မိသေးတယ်။

ခုထိမဖြေရသေးဘူးနော် "

သတိရလို့ပါ "

" မနမ်းတတ်ဘူး

တကယ်လဲမနမ်းတတ်ပါ

" တကယ်‌သိချင်လို့ပါ
အိပ်တာရောလေ

တမင်မေးနေတာလား "

ပြောလာပြီဆိုပါက
မပြောလဲသဘောပေါက်သည်။

" _ဒါဖြင့်

You are reading the story above: TeenFic.Net