Minghao Tianjiarui အတွက်သူပြင်ဆင်ထားတဲ့စားသောက်ဆိုင်ကိုအရင်ဆုံးသူကိုခေါ်လာလိုက်တော့သည်။ဟိုလဲရောက်တော့Tianjiaruiတို့အထဲဝင်လိုက်တော့ မှောင်မဲနေတာမို့
"GeGe ဆိုင်ကမှားနေတာတော့မဟုက်ပါဖူးနော်"
"အဲ့လိုမျိူးကိုကမှားပါ့မလား"
Minghao ပြောပြီလက်ဖြောက်တီးလိုက်တာနဲ့အလည်နေရာမှာမှီးရောင်မှိန်မှိန်လေးတစ်ရောင်သာထွက်လာသည်။ထိုမီးရောင်အောင်မှာစားပွဲအေသးေလးတစ်လုံးနှင့် ဘေးပက်ပက်လယ်တစ်ခုလုံးမှာလဲနှင်းဆီပန်းရောင်စုံကိုခပ်ကြဲကြဲခင်းထားသေးသည်။
"Ge...."
"လာလိုက်ခဲ့"
Minghao အံဩနေတဲ့Tianjiaruiကိုလတ်ကနေဆွဲကာစားပွဲဆီလာကာအရင်ဆုံးထိုင်ခိုင်းလိုက်တော့သည်။ပြီတာနဲ့ဝန်ထမ်းဆီကသူပြင်ထားတဲ့အနီရောင်ပန်းစည်းခပ်ကြီးကြီးကိုယူကာ
"ကိုယ်ဘာပြင်ဆင်ရမလဲစဉ်စားရင်ဒါပဲခေါင်းထဲကထွက်နေတော့ ဒါလေးပဲပြင်ထားတယ်RuiRuiကြိုက်ပါ့မလားတော့မသိဖူး"
"Omm Omm ကျွန်တော်Geပြင်ပေးတာအကုန်ကြိုက်တယ်"
Tianjiarui ခေါင်းကိုဘယ်နကြိမ်ငြိမ်လိုငြိမ့်မိမှန်းပင်မသိ။ပါးပေါ်ကိုစီးကျလာတဲ့မျတ်ရည်တွေကိုလဲမသုက်မိ။Minghaoငိုနေတဲ့ခလေးလေးကိုအရင်ဆုံးမျတ်ရည်တွေသုတ်ပေးပြီမှ
"ခုမှအစောကြီးရှိသေးတာကိုဘာလိုငိုနေသေးတာလဲ ဟမ်"
"ဟွန့် Geကခုလိုအံဩအောင်လုပ်တာကို ကျွန်တော်ကဘာမှပြင်မဆင်လာရတာကို"
"တစ်ကယ်တော့လေ RuiRui ကဘာပြင်ဆင်မူမှမလိုဖူး ဒီတိုင်းပြည့်စုံပြီသား"
Tianjiarui သူရှေ့ကလူကိုလတ်တစ်ဖက်ဖြင့်ဖတ်ထားကာဒီလူရင်ခွင်ထဲမှာပဲငိုချမိလိုက်တော့သည်။Minghaoငိုနေတဲ့ကောင်လေးကိုခပ်တင်းတင်းဖတ်ထားပေးကာနောတ်ေကြာလေးကိုခပ်ဖွဖွပွတ်ပေးကာ
"ကိုယ်မင်းကိုပေးစရာရှိသေးတယ်"
"ကျန်သေးတာလား"
Minghao သူရင်ခွင်ထဲကနေထွက်ကာသူမျတ်ရည်တွေကိုသုက်ပြီသူကိုမောကြည့်လာတဲ့ကောင်လေးခေါင်းကိုခပ်ဖွဖွပွတ်ကာသူအိတ်ကပ်ထဲကဗူးတစ်ဗူးကိုထုပ်လာတော့သည်။ပြီတာနဲ့ Tianjiarui လက်တဖက်ကိုယူကာ
"ကိုယ်ဟိုလကခရီးသွားရင်နဲ့ ဆိုင်တစ်ဆိုင်တွေ့ခဲ့တယ် အဲ့မှာမင်းနဲ့လိုက်မဲ့လက်စွပ်ကိုရှာရင်ူမတွေ့တာနဲ့ပြန်ရောက်တော့ ကိုယ်ဒီဇိုင်နာနဲ့သေချာတိုင်ပင်ပြီဒါလေးမင်းတွက်ကိုယ်စီစဉ်ထားခဲ့တာ မင်းလက်ခံပေးနိုင်မလား"
Tianjiarui Minghao လက်ထဲကဆင်တူလက်စွပ်နှစ်ကွင်းကိုကြည့်ကာတွေဝေနေမိတော့သည်။သူMinghaoကိုမချစ်လို့လားဆိုတော့မဟုက်ပေ။ဒါပေမဲ့ သူစိတ်ထဲခုထိသူကိုယ်တိုင်မဖြေရှင်းနိုင်သေးတဲ့အရာတစ်ခုရှိသေး၏။ဒါကြောင့် သူMinghaoဆီကလက်စွပ်ကိုလတ်ခံဖို့ဝန်လေးနေမိခြင်းဖြစ်သည်။
"Ge တစ်ကယ်တော့လေ ကျွန်တော်...."
"Tianjiarui မင်းကိုယ်ကိုချစ်တယ်မလား"
Tianjiarui တွေဝေမနေပဲခေါင်းကိုခပ်မြန်"ငြိမ်ပြလိုက်သည်။Minghaoစိတ်ခုသွားမှာသူမလိုချင်ပေ
"ဒါလေးကိုအရင်လက်ခံပေးထားရင်ကော နောတ်မင်းအဆင်ပြေမှ ကိုယ်ကိုလက်စွပ်ဝတ်ပေးရင်ကော"
"Ge....ကျွန် ကျွန်တော်Geကိုမချစ်လိုမဟုက်ပါဖူး "
"ကိုယ်သိပါတယ် ကိုယ်တို့အတူတူရှိတာမကြာသေးပေမဲ့ မင်းကိုယ်အပေါ်စိတ်နှစ်ထားတာကိုယ်တစ်ကယ်ခံစားမိပါတယ်ဒါကြောင့်အများကြီးမတွေးနဲ့နော်"
Minghao လက်စွပ်ကိုTianjiaruiလက်သွယ်"လေးမှာစွပ်ပေးလိုက်သည်။မီးရောင်အောင်မှာ လက်ဖြူဖြူလေးပေါ်ကလက်စွပ်ကလေးမှာပြောမပြတက်အောင်လိုက်ဖတ်ညီလွန်းလှ၏။Minghao Tianjiarui ကိုသူရင်ခွင်ထဲဖတ်ထားကာ နဖူးပေါ်ခပ်ဖွဖွနမ်းကာ
"RuiRui ကြိုက်တယ်မို့လား"
"Ommm ကျွန်တော်အများကြီးကြိုက်တယ်"
"ဗိုက်ဆာနေပြီမို့လား စားကြရအောင်"
Minghao Tianjiarui တွက်ထိုင်ခုံကိုရွေ့ပေးကာ သူကတော့Tianjiaruiနဲ့မျတ်နှာချင်းဆိုင်မှာပဲဝင်ထိုင်ကာTianjiaruiကြိုက်တက်မဲ့အစားသောက်များကိုသာမှာယူလိုက်သည်။
"GeGe...."
"ဘာမှာချင်သေးလို့လဲRuiRui"
"Ge ကျွန်တော်တို့Wineသောက်ကြရင်ကော ဒီလောက်ပြီးပြည့်သုံတဲ့ညလေးကိုဘာလို့Wineတစ်ခွက်လောက်နဲ့ဂုဏ်မပြုရမှလဲ"
"ကိုယ်ပြန်ရင်ကားမောင်ရဉီးမယ်လေ RuiRui ကလဲWineသောက်ဖို့လောက်ထိခွင့်ပြုလို့မရသေးဖူးလေ"
"GeGe တစ်ခါပဲလေနော် ကျွန်တော်တို့အဌားယာဉ်မောင်ကိုလဲခေါ်လို့ရတယ်လေ "
"Omm ဟုတ်ပြီမင်းသဘော"
"ဟီး Geကအကောင်းဆုံးပဲ"
Minghao Tianjiarui နဲ့အတူသောက်လို့ရအောင်wineတစ်ပုလင်းပါအရင်ဆုံးမှာလိုက်တော့သည်။သူတို့စားပြီးတဲ့ချိန်မှWineသောက်ချင်ပါတယ်ဆိုသည်Tianjiaruiမှာသောက်ခွက်မြှောက်ခွက်မှာပင်နဖူးနှင့်စားပွဲစောင့်မိသွားတော့သည်။
"RuiRui RuiRui ကိုယ်တို့ပြန်ကြရအောင်"
"ဟင့်အင်း ကျွန်တော်မပြန်ချင်သေးဖူး ဆတ်သောက်ရအောင် နော် နော်လို့ GeGe လာပါ"
သူကိုထူဖို့အနားရောက်လာတဲ့Minghaoလတ်ကိုအတင်ဆွဲကာသူဘေးထိုင်ချခိုင်းရင်းလတ်ထဲကိုwineခွက်အတင်းထိုးထည့်ပေးသူမှာသူကိုယ်တိုင်ကတော့မျတ်လုံးမပွင့်တစ်ပွင့်။
"ဒါဆိုဒီတစ်ခွက်သောက်ပြီရင်ပြန်ကြမယ်နော်"
"Omm Omm GeGeသဘော"
Minghao Tianjiarui လတ်ထဲကwineခွက်ကိုယူကာအကုန်မော့သောက်လိုက်ပြီပြန်မို့ပြောပေမဲ့မူးနေတဲ့အမူးသမားလေးကတော့တချတ်မှမလှုပ်ပေ။
"RuiRui အိမ်ပြန်ကြရအောင်လေ"
"GeGe ချီ"
"Hmmm ...."
"ကျွန်တော်ကိုချီ"
"ကောင်းပြီ"
Minghao ပေါ့လွန်းတဲ့Tianjiaruiကိုလေးကိုပွေချီလိုက်တော့သူလတ်ထဲစွေခနဲပါလာပြန်သည်။သူချီလိုက်တော့သူရင်ခွင်ထဲကအမူးသမားလေးကတခစ်ခစ်နဲ့သဘောတကျရီးရင်းငြိမ်"မနေပဲသူမျတ်နှာတလျောက်ကိုနေရာလွတ်မရှိနမ်းပြန်သည်
"RuiRui ငြိမ်ငြိမ်နေလေ"
"ဟင့်အင်း GeGeကိုနမ်းတာလေမရဖူးလား"
"ရပါတယ်ကွာ"
Minghao သူရင်ခွင်ထဲကအငြိမ်မနေတဲ့အမူးသမားလေးကိုဆတ်မပြောတော့ပဲကားဆီသယ်လာလိုက်တော့သည်။ပြီတာနဲ့ ကားနောတ်ခန်းထဲမှာနေရာချပေးကာသူကိုယ်တိူင်လဲTianjiarui ဘေးမှာဝင်ထိုင်ကာ သူလတ်တောက်ကိုခေါ်ကာသူတို့ကိုအိမ်ပြန်ပို့ခိုင်ဖို့သာစီစဉ်လိုက်တော့သည်။
You are reading the story above: TeenFic.Net