အခန်း ၉၈၉ Kameiအလှပြင်ဆိုင်ပိုင်ရှင်

Background color
Font
Font size
Line height

[Unicode]
အခန်း ၉၈၉ Kameiအလှပြင်ဆိုင်ပိုင်ရှင်

“သမီးသိပါတယ်၊ ဒါပေမယ့် သမီးဆန္ဒအလျောက် လက်လျော့ချင်တုန်းပဲ။” ကုနင်းကလေးနက်စွာပြန်ဖြေလေသည်။ “ဖိုးဖိုး၊ သမီးတစ်ခုလောက်တောင်းဆိုချင်လို့။ သမီးရဲ့ဒီနာမည်ကို ၁၉နှစ်လောက်သုံးလာတာဆိုတော့ မပြောင်းချင်တော့ဘူး။ လက်ရှိနာမည်အတိုင်းပဲဆက်နေချင်တယ်။” သူမ၏လက်ရှိမျိုးရိုးနာမည်နှင့်အသားကျနေပြီဖြစ်ကာ ထန်မျိုးရိုးကိုသဘောမကျပေ။

“သမီးကို ထန်မိသားစုရဲ့မိသားစုစာရင်းထဲထည့်ပေးဖို့မလိုပါဘူး။ ဒါပေမယ့် အမေ့ကိုတော့ထည့်ပေးပါ။ သမီးဒီလိုလုပ်ရတာ အကြောင်းရှိပေမယ့် အခုတော့မပြောပြနိုင်သေးဘူး။”

ထိုစကားကြောင့် ထန်မိသားစုအပါအဝင် လူတိုင်းအံ့ဩမိရပြန်သည်။

ကုနင်း၏လက်ရှိနာမည်ကို ၁၉နှစ်တောင်သုံးလာခဲ့တာကြောင့် နာမည်မပြောင်းချင်တာကို နားလည်ပေးနိုင်သော်လည်း သူမက ထန်မိသားစု၏မိသားစုစာရင်းထဲတောင် မဝင်ချင်ဘူးတဲ့လား။

ဧည့်သည်တွေဘယ်လောက်ပဲသိချင်စိတ်ပြင်းပြနေပေါစေ အပြင်လူများအနေဖြင့် မေးခွန်းထုတ်ဖို့မဖြစ်နိုင်ပေ။

ထန်မိသားစု၏မိသားစုဝင်များကတော့ ကုနင်းအလိုအတိုင်းသဘောတူကြသည်။ ဘာပဲဖြစ်ဖြစ် သူမသည် ထန်ဟိုင်ဖုန်း၏သမီးအရင်းဖြစ်သည့်အမှန်တရားက ပြောင်းလဲသွားမည်မဟုတ်ပေ။

“ဟုတ်ပါပြီ၊ နင်းနင်းဆုံးဖြတ်ပြီးပြီဆိုမှတော့ အဖိုးတော့ လက်ခံပေးပါမယ်။” ထန်ဟိုင်ဖုန်း စိတ်ပျက်မှုနှင့်အတူသက်ပြင်းချမိသည်။ သူ့မြေးအရင်းက သူတို့မိသားစုစာရင်းထဲမဝင်ချင်သည်က သူ့ကိုအနည်းနှင့်အများတော့ထိခိုက်နာကျင်စေသည်။

ထို့နောက် ကုနင်းက အသစ်စက်စက်ဇနီးမောင်နှံ၏သမီးအနေဖြင့် မိဘများအတွက် စကားပြောပေးသည်။

“အဖေ၊ သမီးက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေရတော့မှာ ပြီးတော့ မြို့တော်တက္ကသိုလ်က သမီးရည်မှန်းချက်ပဲ။ အခုကစပြီး သမီးအဖေတို့နဲ့အတူနေချိန်သိပ်မရှိတော့ဘူး။ ဒါကြောင့် အမေ့ကိုကောင်းကောင်းစောင့်ရှောက်ပေးပါ။ အမေက သမီးအတွက်အမေကောင်းတစ်ယောက်၊ သမီးအတွက်အခက်အခဲတွေအများကြီး ဖြတ်ကျော်ခဲ့ရတယ်။ အဖေသာ အမေ့ကိုကောင်းကောင်းမဆက်ဆံရင် သမီးအမေ့ကိုခေါ်ထုတ်သွားမှာ။”

“အဲ့လိုအခွင့်အရေးမျိုးရလာမှာမဟုတ်ဘူး!” ထန်ဟိုင်ဖုန်းဘက်ကလဲ အလေးအနက်ကတိပြန်ပေးလေသည်။ သူ ကုမန့်ကိုအလွန်ချစ်ကာ သူမအပေါ်ဆိုးဆိုးရွားရွားဆက်ဆံစရာအကြောင်းမရှိပေ။

ထန်မိသားစုမှယောက်ျားသားအားလုံးသည် သူတို့လက်တွဲဖော်အပေါ် သစ္စာစောင့်သိကြသည်။ ထန်ယွင်ဟန်နှင့်ကျန်းလီဟွာတို့သည်လဲ အခုထိချစ်ခင်စဲဇနီးမောင်နှံဖြစ်နေတုန်းပင်။

“ဟုတ်ပါပြီ၊ အဖေ့ကိုယုံပါတယ်။” ကုနင်းပြုံးလိုက်ပြီးနောက် ကုမန့်ဘက်သို့လှည့်လိုက်သည်။ “အမေ၊ အမေလဲ ကိုယ့်ကိုယ်ကိုယ်ရော အဖေ့ကိုပါ ကောင်းကောင်းဂရုစိုက်ရမယ်။ အဖိုးနဲ့ထန်မိသားစုဝင်အားလုံးနဲ့ သမီးရောက အမေတို့အတွက် ဆုမွန်ကောင်းတောင်းပေးပါတယ်။”

ထန်ယွင်ဖန်းနှင့်အခြားထန်မိသားစုဝင်များ ကုမန့်အပေါ်ကောင်းနေသ၍ ကုနင်းသည်လဲ အားလုံးအပေါ်ပြန်ကောင်းကာ စောင့်ရှောက်ပေးမည်ဖြစ်သည်။

“အမေ့ကိုစိတ်ပူပါနဲ့။”

နောက်ဆက်ပြီး အသစ်စက်စက်ဇနီးမောင်နှံက ထန်ဟိုင်ဖုန်းကို လက်ဖက်ရည်ဆက်သခဲ့သည်။ ပွဲအခမ်းအနား၏နောက်ဆုံးအပိုင်းအနေဖြင့် ကုမန့်က ထန်ဟိုင်ဖုန်းကို အဖေဟုခေါ်ကာ ထန်ဟိုင်ဖုန်းကလဲ ကံကောင်းဖို့အတွက် သူတို့ကိုစာအိတ်နီများပြန်ပေးခဲ့သည်။

ထို့နောက် ထန်မိသားစုဝင်များက သူတို့ပြင်ဆင်ထားသည့်လက်ဆောင်များကို သတို့သမီးအားပေးကြသည်။

အားလုံးက လက်ဆောင်ကောင်းများပြင်ဆင်ထားခဲ့ကာ ကုနင်းကတော့ သူမအမေအတွက်လက်ဆောင်ကိုနောက်ဆုံးအလှည့်မှပေးခဲ့သည်။

သူမက ကျောက်စိမ်းဘူးကိုထုတ်ကာ ကုမန့်ကိုပေးလိုက်သည်။ “အမေ မင်္ဂလာပွဲအတွက်ဂုဏ်ပြုပါတယ်။ ဒါက ကျောက်ပြာရောင်လက်ဝတ်ရတနာအစုံလိုက်၊ ပြီးတော့…”

ပြောရင်းဖြင့် ကုနင်းက ရှေ့နေဘက်ကိုလှမ်းကြည့်လိုက်သည်။ ရှေ့နေက သူမအနားသို့လျှောက်လာကာ ကုနင်းကု စာအိတ်တစ်အိတ်နှင့်ဘောပင်တစ်ချောင်းပေးလေသည်။ ကုနင်းက ထိုအရာများကို ကုမန့်ထံပြန်ပေးကာ ပြောလိုက်သည်။ “အမေ၊ ဒါက ရှယ်ယာလွှဲပြောင်းခြင်းစာချုပ်ပဲ။ အမေလက်မှတ်ထိုးလိုက်တာနဲ့ Kameiအလှပြင်ဆိုင်ရဲ့ပိုင်ရှင်က အမေဖြစ်သွားပြီ။”

ကုမန့်အတွက် ကျောက်ပြာရောင်လက်ဝတ်ရတနာအား ကုမန့်ပေးသည်ဟုကြားချိန်တွင် လူအများက မအံ့ဩမိကြပေ။ ကုနင်းအရမ်းချမ်းသာတာ သိထားပြီးမဟုတ်လား။ သို့သော်လည်း ကုနင်းက Kameiအလှပြင်ဆိုင်ကို ကုမန့်အားပေးသည်ကိုကြားလိုက်ရချိန်တွင်တော့ အားလုံးအလွန်အံ့ဩမိသွားကြသည်။

ဒါ့အပြင် Kameiအလှပြင်ဆိုင်ကို ကုနင်းပိုင်သည်ဆိုသည့်သတင်းကလဲ သူတို့အတွက်အံ့ဩစရာပင်။

ကြည့်ရတာ ကုနင်း၏နာမည်အောက်တွင် လူတွေလုံးဝမသိသေးသည့်ကုမ္ပဏီတွေအများကြီး တကယ်ရှိနေသေးတာပဲ!

ကုနင်း သူမကိုKameiအလှပြင်ဆိုင်ပေးမည်အား ကုမန့်သိထားပြီးဖြစ်တာကြောင့် ပျော်ပျော်ရွှင်ရွှင်ပင် စာချုပ်တွင်လက်မှတ်ထိုးလိုက်သည်။

စင်အောက်မှလူများအတွက်တော့ နောက်ထပ်စကားများစရာအကြောင်းတစ်ခုရသွားပြန်သည်။

“မဖြစ်နိုင်တာ! Kameiအလှပြင်ဆိုင်ကလဲ ကုနင်းပိုင်တာပဲပေါ့!”

“ဘုရားရေ၊ သူက တကယ်ကိုအရည်အချင်းရှိတဲ့စီးပွားရေးသမားပဲ!”

“ငါတော့ ပြောစရာမဲ့နေပြီ။”

“အခု ထန်ကတော်က Kameiရဲ့ပိုင်ရှင်ဖြစ်သွားပြီဆိုမှတော့ ငါတို့လဲ အဖွဲ့ဝင်လုပ်ပြီး ထန်ကတော်နဲ့ဆက်ဆံရေးကောင်းအောင်လုပ်နိုင်ပြီ။”

“အဲ့အကြံကောင်းသားပဲ!”

“ငါလဲလက်ခံတယ်!”

ချမ်းသာသည့်အသိုင်းအဝိုင်းမှဇနီးမယားများသည် ကုမန့်နှင့်ဆက်ဆံရေးကောင်းနိုင်မည့်အခွင့်အရေးကောင်းကို လက်မလွှတ်ကြပေ။ သူမက အခုပဲထန်မိသားစုဝင်ဖြစ်သွားပြီမဟုတ်လား။

ထန်မိသားစု၏လွှမ်းမိုးနိုင်မှုနှင့်ဆိုလျှင် Kameiသည် ချမ်းသာသည့်ဖောက်သည်များကိုပိုမိုဆွဲဆောင်နိုင်ပေတော့မည်။

အခုဆို ကုမန့်သည် Kamei၏ပိုင်ရှင်ဖြစ်သွားပြီဖြစ်၍ ကုနင်းသည်လဲ ထိုသို့ချမ်းသာသည့်ဇနီးများ၊ အဆင့်အတန်းမြင့်အမျိုးသမီးများကို ဆွဲဆောင်နိုင်စေဖို့ရည်ရွယ်ခဲ့ခြင်းပင်။

ဒါကနှစ်ဦးနှစ်ဖက်အဆင်ပြေစေမည့်နည်းလမ်းပင်။

စာချုပ်တွင်လက်မှတ်ထိုးပြီးနောက် ဧည့်ခံပွဲစတင်ကာ လူတိုင်းပျော်ရွှင်နိုင်ပေပြီ။

ကုမန့်သည် ထန်ကတော်ဖြစ်သွားတာတောင် ပုံမှန်အတိုင်း သိမ်မွေ့ကြင်နာတတ်စဲဖြစ်တာကြောင့် လူတိုင်းအမြင်ကောင်းများရှိသွားစေသည်။

အတော်များများက ကုမန့်သည် ထန်မိသားစုနှင့်လက်ထပ်သွားနိုင်၍ မောက်မာသွားမည်ဟုတွေးထားကြသော်လည်း သူတို့အထင်များလွဲနေခဲ့သည်။

တကယ်လဲ မောက်မာသည့်လူများကို ဘယ်သူကမှမကြိုက်ကြဘဲ အကျိုးအမြတ်ကြောင့်သာ ထိုမောက်မာသူများကိုမြှောက်ပင့်နေကြရတာဖြစ်သည်။

ထန်မိသားစုဝင်များသည် သိုသိုသိပ်သိပ်ပင်နေတတ်ကြကာ တခြားလူမျာအပေါ်လဲ ယဉ်ယဉ်ကျေးကျေးသာပြုမူကြသည်။ သူတို့နှင့်မိတ်ဆွေဖြစ်ဖို့မခက်ခဲလှသော်လည်း သူငယ်ချင်းဖြစ်ဖို့ကတော့ ခက်ခဲလှသည်။

“ထန်ကတော် အသက်ဘယ်လောက်ရှိပြီလဲမေးကြည့်လို့ရမလား?” အဆင့်အတန်းမြင့်အမျိုးသမီးတစ်ဦး နောက်ဆုံးသိချင်စိတ်ကိုမထိန်းနိုင်ဘဲ ကုမန့်ကိုမေးလိုက်သည်။

………Book 66 Part 989…………

 


[Zawgyi]
အခန္း ၉၈၉ Kameiအလွျပင္ဆိုင္ပိုင္ရွင္

“သမီးသိပါတယ္၊ ဒါေပမယ့္ သမီးဆႏၵအေလ်ာက္ လက္ေလ်ာ့ခ်င္တုန္းပဲ။” ကုနင္းကေလးနက္စြာျပန္ေျဖေလသည္။ “ဖိုးဖိုး၊ သမီးတစ္ခုေလာက္ေတာင္းဆိုခ်င္လို႔။ သမီးရဲ႕ဒီနာမည္ကို ၁၉ႏွစ္ေလာက္သုံးလာတာဆိုေတာ့ မေျပာင္းခ်င္ေတာ့ဘူး။ လက္ရွိနာမည္အတိုင္းပဲဆက္ေနခ်င္တယ္။” သူမ၏လက္ရွိမ်ိဳး႐ိုးနာမည္ႏွင့္အသားက်ေနၿပီျဖစ္ကာ ထန္မ်ိဳး႐ိုးကိုသေဘာမက်ေပ။

“သမီးကို ထန္မိသားစုရဲ႕မိသားစုစာရင္းထဲထည့္ေပးဖို႔မလိုပါဘူး။ ဒါေပမယ့္ အေမ့ကိုေတာ့ထည့္ေပးပါ။ သမီးဒီလိုလုပ္ရတာ အေၾကာင္းရွိေပမယ့္ အခုေတာ့မေျပာျပႏိုင္ေသးဘူး။”

ထိုစကားေၾကာင့္ ထန္မိသားစုအပါအဝင္ လူတိုင္းအံ့ဩမိရျပန္သည္။

ကုနင္း၏လက္ရွိနာမည္ကို ၁၉ႏွစ္ေတာင္သုံးလာခဲ့တာေၾကာင့္ နာမည္မေျပာင္းခ်င္တာကို နားလည္ေပးႏိုင္ေသာ္လည္း သူမက ထန္မိသားစု၏မိသားစုစာရင္းထဲေတာင္ မဝင္ခ်င္ဘူးတဲ့လား။

ဧည့္သည္ေတြဘယ္ေလာက္ပဲသိခ်င္စိတ္ျပင္းျပေနေပါေစ အျပင္လူမ်ားအေနျဖင့္ ေမးခြန္းထုတ္ဖို႔မျဖစ္ႏိုင္ေပ။

ထန္မိသားစု၏မိသားစုဝင္မ်ားကေတာ့ ကုနင္းအလိုအတိုင္းသေဘာတူၾကသည္။ ဘာပဲျဖစ္ျဖစ္ သူမသည္ ထန္ဟိုင္ဖုန္း၏သမီးအရင္းျဖစ္သည့္အမွန္တရားက ေျပာင္းလဲသြားမည္မဟုတ္ေပ။

“ဟုတ္ပါၿပီ၊ နင္းနင္းဆုံးျဖတ္ၿပီးၿပီဆိုမွေတာ့ အဖိုးေတာ့ လက္ခံေပးပါမယ္။” ထန္ဟိုင္ဖုန္း စိတ္ပ်က္မႈႏွင့္အတူသက္ျပင္းခ်မိသည္။ သူ႔ေျမးအရင္းက သူတို႔မိသားစုစာရင္းထဲမဝင္ခ်င္သည္က သူ႔ကိုအနည္းႏွင့္အမ်ားေတာ့ထိခိုက္နာက်င္ေစသည္။

ထို႔ေနာက္ ကုနင္းက အသစ္စက္စက္ဇနီးေမာင္ႏွံ၏သမီးအေနျဖင့္ မိဘမ်ားအတြက္ စကားေျပာေပးသည္။

“အေဖ၊ သမီးက တကၠသိုလ္ဝင္ခြင့္စာေမးပြဲေျဖရေတာ့မွာ ၿပီးေတာ့ ၿမိဳ႕ေတာ္တကၠသိုလ္က သမီးရည္မွန္းခ်က္ပဲ။ အခုကစၿပီး သမီးအေဖတို႔နဲ႔အတူေနခ်ိန္သိပ္မရွိေတာ့ဘူး။ ဒါေၾကာင့္ အေမ့ကိုေကာင္းေကာင္းေစာင့္ေရွာက္ေပးပါ။ အေမက သမီးအတြက္အေမေကာင္းတစ္ေယာက္၊ သမီးအတြက္အခက္အခဲေတြအမ်ားႀကီး ျဖတ္ေက်ာ္ခဲ့ရတယ္။ အေဖသာ အေမ့ကိုေကာင္းေကာင္းမဆက္ဆံရင္ သမီးအေမ့ကိုေခၚထုတ္သြားမွာ။”

“အဲ့လိုအခြင့္အေရးမ်ိဳးရလာမွာမဟုတ္ဘူး!” ထန္ဟိုင္ဖုန္းဘက္ကလဲ အေလးအနက္ကတိျပန္ေပးေလသည္။ သူ ကုမန႔္ကိုအလြန္ခ်စ္ကာ သူမအေပၚဆိုးဆိုး႐ြား႐ြားဆက္ဆံစရာအေၾကာင္းမရွိေပ။

ထန္မိသားစုမွေယာက္်ားသားအားလုံးသည္ သူတို႔လက္တြဲေဖာ္အေပၚ သစၥာေစာင့္သိၾကသည္။ ထန္ယြင္ဟန္ႏွင့္က်န္းလီဟြာတို႔သည္လဲ အခုထိခ်စ္ခင္စဲဇနီးေမာင္ႏွံျဖစ္ေနတုန္းပင္။

“ဟုတ္ပါၿပီ၊ အေဖ့ကိုယုံပါတယ္။” ကုနင္းၿပဳံးလိုက္ၿပီးေနာက္ ကုမန႔္ဘက္သို႔လွည့္လိုက္သည္။ “အေမ၊ အေမလဲ ကိုယ့္ကိုယ္ကိုယ္ေရာ အေဖ့ကိုပါ ေကာင္းေကာင္းဂ႐ုစိုက္ရမယ္။ အဖိုးနဲ႔ထန္မိသားစုဝင္အားလုံးနဲ႔ သမီးေရာက အေမတို႔အတြက္ ဆုမြန္ေကာင္းေတာင္းေပးပါတယ္။”

ထန္ယြင္ဖန္းႏွင့္အျခားထန္မိသားစုဝင္မ်ား ကုမန႔္အေပၚေကာင္းေနသ၍ ကုနင္းသည္လဲ အားလုံးအေပၚျပန္ေကာင္းကာ ေစာင့္ေရွာက္ေပးမည္ျဖစ္သည္။

“အေမ့ကိုစိတ္ပူပါနဲ႔။”

ေနာက္ဆက္ၿပီး အသစ္စက္စက္ဇနီးေမာင္ႏွံက ထန္ဟိုင္ဖုန္းကို လက္ဖက္ရည္ဆက္သခဲ့သည္။ ပြဲအခမ္းအနား၏ေနာက္ဆုံးအပိုင္းအေနျဖင့္ ကုမန႔္က ထန္ဟိုင္ဖုန္းကို အေဖဟုေခၚကာ ထန္ဟိုင္ဖုန္းကလဲ ကံေကာင္းဖို႔အတြက္ သူတို႔ကိုစာအိတ္နီမ်ားျပန္ေပးခဲ့သည္။

ထို႔ေနာက္ ထန္မိသားစုဝင္မ်ားက သူတို႔ျပင္ဆင္ထားသည့္လက္ေဆာင္မ်ားကို သတို႔သမီးအားေပးၾကသည္။

အားလုံးက လက္ေဆာင္ေကာင္းမ်ားျပင္ဆင္ထားခဲ့ကာ ကုနင္းကေတာ့ သူမအေမအတြက္လက္ေဆာင္ကိုေနာက္ဆုံးအလွည့္မွေပးခဲ့သည္။

သူမက ေက်ာက္စိမ္းဘူးကိုထုတ္ကာ ကုမန႔္ကိုေပးလိုက္သည္။ “အေမ မဂၤလာပြဲအတြက္ဂုဏ္ျပဳပါတယ္။ ဒါက ေက်ာက္ျပာေရာင္လက္ဝတ္ရတနာအစုံလိုက္၊ ၿပီးေတာ့…”

ေျပာရင္းျဖင့္ ကုနင္းက ေရွ႕ေနဘက္ကိုလွမ္းၾကည့္လိုက္သည္။ ေရွ႕ေနက သူမအနားသို႔ေလွ်ာက္လာကာ ကုနင္းကု စာအိတ္တစ္အိတ္ႏွင့္ေဘာပင္တစ္ေခ်ာင္းေပးေလသည္။ ကုနင္းက ထိုအရာမ်ားကို ကုမန႔္ထံျပန္ေပးကာ ေျပာလိုက္သည္။ “အေမ၊ ဒါက ရွယ္ယာလႊဲေျပာင္းျခင္းစာခ်ဳပ္ပဲ။ အေမလက္မွတ္ထိုးလိုက္တာနဲ႔ Kameiအလွျပင္ဆိုင္ရဲ႕ပိုင္ရွင္က အေမျဖစ္သြားၿပီ။”

ကုမန႔္အတြက္ ေက်ာက္ျပာေရာင္လက္ဝတ္ရတနာအား ကုမန႔္ေပးသည္ဟုၾကားခ်ိန္တြင္ လူအမ်ားက မအံ့ဩမိၾကေပ။ ကုနင္းအရမ္းခ်မ္းသာတာ သိထားၿပီးမဟုတ္လား။ သို႔ေသာ္လည္း ကုနင္းက Kameiအလွျပင္ဆိုင္ကို ကုမန႔္အားေပးသည္ကိုၾကားလိုက္ရခ်ိန္တြင္ေတာ့ အားလုံးအလြန္အံ့ဩမိသြားၾကသည္။

ဒါ့အျပင္ Kameiအလွျပင္ဆိုင္ကို ကုနင္းပိုင္သည္ဆိုသည့္သတင္းကလဲ သူတို႔အတြက္အံ့ဩစရာပင္။

ၾကည့္ရတာ ကုနင္း၏နာမည္ေအာက္တြင္ လူေတြလုံးဝမသိေသးသည့္ကုမၸဏီေတြအမ်ားႀကီး တကယ္ရွိေနေသးတာပဲ!

ကုနင္း သူမကိုKameiအလွျပင္ဆိုင္ေပးမည္အား ကုမန႔္သိထားၿပီးျဖစ္တာေၾကာင့္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ပင္ စာခ်ဳပ္တြင္လက္မွတ္ထိုးလိုက္သည္။

စင္ေအာက္မွလူမ်ားအတြက္ေတာ့ ေနာက္ထပ္စကားမ်ားစရာအေၾကာင္းတစ္ခုရသြားျပန္သည္။

“မျဖစ္ႏိုင္တာ! Kameiအလွျပင္ဆိုင္ကလဲ ကုနင္းပိုင္တာပဲေပါ့!”

“ဘုရားေရ၊ သူက တကယ္ကိုအရည္အခ်င္းရွိတဲ့စီးပြားေရးသမားပဲ!”

“ငါေတာ့ ေျပာစရာမဲ့ေနၿပီ။”

“အခု ထန္ကေတာ္က Kameiရဲ႕ပိုင္ရွင္ျဖစ္သြားၿပီဆိုမွေတာ့ ငါတို႔လဲ အဖြဲ႕ဝင္လုပ္ၿပီး ထန္ကေတာ္နဲ႔ဆက္ဆံေရးေကာင္းေအာင္လုပ္ႏိုင္ၿပီ။”

“အဲ့အႀကံေကာင္းသားပဲ!”

“ငါလဲလက္ခံတယ္!”

ခ်မ္းသာသည့္အသိုင္းအဝိုင္းမွဇနီးမယားမ်ားသည္ ကုမန႔္ႏွင့္ဆက္ဆံေရးေကာင္းႏိုင္မည့္အခြင့္အေရးေကာင္းကို လက္မလႊတ္ၾကေပ။ သူမက အခုပဲထန္မိသားစုဝင္ျဖစ္သြားၿပီမဟုတ္လား။

ထန္မိသားစု၏လႊမ္းမိုးႏိုင္မႈႏွင့္ဆိုလွ်င္ Kameiသည္ ခ်မ္းသာသည့္ေဖာက္သည္မ်ားကိုပိုမိုဆြဲေဆာင္ႏိုင္ေပေတာ့မည္။

အခုဆို ကုမန႔္သည္ Kamei၏ပိုင္ရွင္ျဖစ္သြားၿပီျဖစ္၍ ကုနင္းသည္လဲ ထိုသို႔ခ်မ္းသာသည့္ဇနီးမ်ား၊ အဆင့္အတန္းျမင့္အမ်ိဳးသမီးမ်ားကို ဆြဲေဆာင္ႏိုင္ေစဖို႔ရည္႐ြယ္ခဲ့ျခင္းပင္။

ဒါကႏွစ္ဦးႏွစ္ဖက္အဆင္ေျပေစမည့္နည္းလမ္းပင္။

စာခ်ဳပ္တြင္လက္မွတ္ထိုးၿပီးေနာက္ ဧည့္ခံပြဲစတင္ကာ လူတိုင္းေပ်ာ္႐ႊင္ႏိုင္ေပၿပီ။

ကုမန႔္သည္ ထန္ကေတာ္ျဖစ္သြားတာေတာင္ ပုံမွန္အတိုင္း သိမ္ေမြ႕ၾကင္နာတတ္စဲျဖစ္တာေၾကာင့္ လူတိုင္းအျမင္ေကာင္းမ်ားရွိသြားေစသည္။

အေတာ္မ်ားမ်ားက ကုမန႔္သည္ ထန္မိသားစုႏွင့္လက္ထပ္သြားႏိုင္၍ ေမာက္မာသြားမည္ဟုေတြးထားၾကေသာ္လည္း သူတို႔အထင္မ်ားလြဲေနခဲ့သည္။

တကယ္လဲ ေမာက္မာသည့္လူမ်ားကို ဘယ္သူကမွမႀကိဳက္ၾကဘဲ အက်ိဳးအျမတ္ေၾကာင့္သာ ထိုေမာက္မာသူမ်ားကိုေျမႇာက္ပင့္ေနၾကရတာျဖစ္သည္။

ထန္မိသားစုဝင္မ်ားသည္ သိုသိုသိပ္သိပ္ပင္ေနတတ္ၾကကာ တျခားလူမ်ာအေပၚလဲ ယဥ္ယဥ္ေက်းေက်းသာျပဳမူၾကသည္။ သူတို႔ႏွင့္မိတ္ေဆြျဖစ္ဖို႔မခက္ခဲလွေသာ္လည္း သူငယ္ခ်င္းျဖစ္ဖို႔ကေတာ့ ခက္ခဲလွသည္။

“ထန္ကေတာ္ အသက္ဘယ္ေလာက္ရွိၿပီလဲေမးၾကည့္လို႔ရမလား?” အဆင့္အတန္းျမင့္အမ်ိဳးသမီးတစ္ဦး ေနာက္ဆုံးသိခ်င္စိတ္ကိုမထိန္းႏိုင္ဘဲ ကုမန႔္ကိုေမးလိုက္သည္။

………Book 66 Part 989…………


You are reading the story above: TeenFic.Net