ပြိုင်ဘက်ကင်းသိုင်းဧကရာဇ်
စာစဉ်(၁၂)
အပိုင်း (၂၀၆) ဂျီဂျီအဆင့်တတ်ခြင်း
စာရေးသူ _ ဦးဟန်
ချန်ဇီက အကြီးအကဲလောင်ချန်း၏ပြုလုပ်ပုံများက်ို နောက်မှဂရုတစ်ုိက်ကြည့်၍ လိုအပ်သည်များကို မှာကြားနေပြီးလျှင် သူက ခုံတစ်ခုံပေါ်တွင် အခန့်သင့်ထိုင်လိုက်လေသည်
" ဝုန္း ... "
အချိန် ခနအကြာတွင် ချန်ဇီ၏ ရှေ့ရှိဆေးကြိုအိုးက ပေါက်ကွဲသံ ခပ်သဲ့သဲ့ထွက်ပေါ်၍လာပြီးလျှင်ဆေးဖော်စပ်ရာအခန်းတွင်း၌ဆေးရနံ့များက ထုံသင်းစွာ ပျံ့နှံ့၍လာလေသည်...။ ချန်ဇီက ဆေးကျိုအိုး၏ အနားသ်ုိ့တိုးကပ်၍သွားကာ သူက ဆေးလုံးများကို စစ်ဆေးကြည့်လိုက်လေသည် ..။
" အားလုံး ... အဆင့်မြင့်ဆေးလုံးတွေ ကြီးပဲတစ်ခါထဲ သုံးလုံးတောင် ဖော်စပ်နိုင်တယ်ဆိုတော့အကြီးအကဲလောင်က တကယ့်ကို ဆေးဖော်စပ်တဲ့ နေရာမှာ ပါရမီပါတာပဲ "
ချန်ဇီက ပြုံးရွှင်၍ ဆေးလုံးများကို ကြည့်ကာ ပြောလိုက်ခြင်း ဖြစ်လေသည် ..။ ထိုစဉ်သူက ဆေးလုံးတစ်လုံးကို ကောက်ယူ၍ လက်ထဲ၌ ဆော့ကစားနေပြီး ....
" ကဲ .. အကြီးအကဲလောင် .. ဒီဂျူနီယာကဆေးဖော်စပ်တာနဲ့ပတ်သက်ပြီး သင်ပြပြီးတဲ့နောက်တော့ ဒီဆေးတစ်လုံးကို ယူသွားပြီနော်အကြီးအကဲလောင်က စိတ်မဆိုးဘူး မဟုတ်လား .. "
အကြီးအကဲလောင်ချန်းမှာ ချန်ဇီအားတားစီးချိန်ပင်မရရှိလိုက်ဘဲ ချန်ဇီက ဆေးလုံးက်ို ယူပြီးသည်နှင့် အခန်းတွင်းမှ လှစ်ခနဲနေအောင် ထွက်ခွာသွားလေတော့သည် ..။
" အိုက်ယား... ဒီကောင်ကတော့ ငါ့ကိုလုပ်ချသွားပြန်ပြီ "
အကြီးအကဲလောင်ချန်းမှာ စိတ်ပျက်စွာဖြင့် ပြောဆိုလိုက်ပြီး လျှင် သူ၏ ဆေးနှစ်လုံးကို တယုတယ ကိုင်တွယ်၍ သေတ္တာထဲသ်ုိ့ထည့်ကာ သိမ်းဆည်း လိုက်လေသည် ..။ချန်ဇီက အကြီးအကဲလောင်ချန်း၏ အနောက်ဘက်တောအုပ်ထဲသ်ုိ့ တစ်ကိုယ်တည်းထွက်ခွာ၍သွားပြီးလျှင် သူ၏ သခင်ကျေးကျွန် အသိအမှတ်ပြုထားသော စိတ်ဝိညာဉ် တံဆိပ်ကိုဖွင့်၍ သူ၏သားရဲ၏ တည်နေရာကို ရှာဖွေလိုက်လေသည် ..။
" ဟားဟား ...မင်းက ဒီရောက်နေတာပဲ မင်းမလာမှတော့ ငါကပဲ လာရတော့မှာပေါ့ "
ချန်ဇီက သူ၏ သားရဲ၏ အငွေ့အသက်ကိုခံစားသိရှိလိုက်မိသည်နှင့် သူက နဂါးခြေလှမ်းသ်ိုင်းကို အသုံးပြုကာ ဂျီဂျီရှိရာသို့ ထွက်ခွာ၍ သွားလေသည် ..။ သူ၏ သားရဲ လေမီးမှော်သိန်းငှက်ဘုရင်မှာ တောင်ကုန်းတစ်ခု၏အနီးတွင် တစ်ကိုယ်တည်း လှဲလျောင်းကာ အိပ်စက်၍ နေပြီး ချန်ဇီက သူ၏ အနားသ်ုိ့ ကပ်လာသည်ကိုပင် သတိထားမိခြင်း မရှိချေ ..။
ချန်ဇီက သူ၏ သားရဲ သိန်းငှက်ကိုစိတ်ပျက်စွာ ကြည့်၍ အနီးအနားရှိခဲလုံး တစ်လုံးကိုယူ၍ စွမ်းအင်အနည်းငယ်ထည့်ကာ သူ၏သားရဲသိန်းငှက်၏ ခေါင်းထက်သို့ အားဖြင့်လွှဲကာ ပစ်လိုက်လေတော့သည် ...။
" ဝှစ် ... ဂီး ... "
ချန်ဇီ၏ လက်ထဲက ခဲလုံးက ဂျီဂျီ၏ခေါင်းသ်ုိ့ ထိမှန်သွားသည်နှင့် သူ၏သားရဲသိန်းငှက်မှာ ကျယ်လောင်စွာ အော်ဟစ်လ်ိုက်ပြီးလျှင် သူက သူအား နာကျင်စေသူအားကြည့်လိုက်လေသည် ..။ ထို့နောက်တွင် သူ၏မျက်လုံးထဲ၌ ချန်ဇီ၏ ပုံရိပ်က ဝင်ရောက်လာသည့်အခါတွင် သားရဲသိန်းငှက်မှာ ပျော်ရွှင်၍သွားပြီးကျယ်လောင်စွာ အော်ဟစ်ကာ ချန်ဇီ၏အနားသ်ို့ဝဲပျံ၍ ကျလာလေသည် ...။ ချန်ဇီက ဂျီဂျီ၏ ခေါင်းကို ညင်သာစွာပွတ်၍ ....
" ကောင်လေး .. မင်းက သားရဲရော ဟုတ်ရဲ့လားကွာ အချိန်ပြည့်အိပ်နေတာပဲ အကယ်၍ငါ့နေရာမှာသာ ရန်သူဆိုရင် မင်းတော့ သေနေပြီပဲ "
ချန်ဇီက ဂျီဂျီ၏ ခေါင်းကို ခေါက်လိုက်ပြီးလျှင် သူ့အား မန်မဲလိုက်လေသည် ..။ သူ၏သားရဲ သိန်းငှက်မှာ ချန်ဇီအား အသနားခံသည့် မျက်နှာထားနှင့်ကြည့်၍ ...
" သခင်က .. ဂျီဂျီကို ပစ်ထားတယ် အခုမှပြန်လာပြီးတော့ အနိုင်လဲကျင့်သေးတယ် လုံးဝမကောင်းဘူးနော် "
ဂျီဂျီက သူ၏ သားရဲစိတ်ဝိညာဉ်မှတစ်ဆင့် ချန်ဇီ၏ စိတ်ဝိညာဉ်ထံသို့ ပြောလိုက်ခြင်းဖြစ်လေသည် ..။ ချန်ဇီက ဂျီဂျီ၏ ခေါင်းကိုထပ်မံ၍ ခေါက်လိုက်ပြီးလျှင် ...
" ကောင်းပြီ .. မင်းက လာပြီး ..ဘာမှမသိတဲ့ပုံစံနဲ့ ငါ့ကို လာပတ်မနေနဲ့ .. မင်းအတွက်သတင်းကောင်း ပါတယ် "
ထို့နောက်တွင် ချန်ဇီက သူ၏အင်္ကျီလက်အိုးထဲမှ ရွှေလူဝံသားရဲ ဆေးကို ထုတ်ယူ၍ လက်ဝါးထဲတွင် ထားကာ ဂျီဂျီအား ပြလိုက်လေသည် ..။ ချန်ဇီ၏ သားရဲသိန်းငှက်မှာ ရွှေလူဝံဆေးလုံးထံမှ ထွက်ပေါ်လာသော သင်းပျံ့သည့်မွှေးရနံ့နှင့် တရှိန်ရှိန်တတ်နေသော စွမ်းအားအော်ရာတို့ကြောင့် သူ၏ မျက်လုံးများကတဖျက်ဖျက်လတ်၍ နေပြီးလျှင် ထိုဆေးလုံးအား သွားရည်တမြမြ နှင့်ကြည့်နေလေသည်။
ချန်ဇီက ဂ်ျီဂျီ၏ ပုံစံကြောင့် ကျယ်လောင်စွာ ရယ်မောလိုက်ပြီးလျှင် ...
" ဟားဟား .. မင်းက ပစ္စည်းကောင်းကိုတော့တော်တော် သိသေးတာပဲ ကောင်းပြီ ရော့ဒါကိုစားလိုက် .. ပြီးရင်အဆင့်တတ်ဖို့လုပ် ငါကဒီက ထွက်သွားတော့မယ် "
ချန်ဇီက အဆင့် ၇ ရွှေလူဝံဆေးအားသူ၏သားရဲ သိန်းငှက်အား ပေးလိုက်သည်နှင့်သူ၏ သားရဲသိန်းငှက်မှာ ရွှေလူဝံဆေးအားချက်ချင်းပဲ ပါးစပ်ထဲ ထည့်ကာ မျိုချလိုက်လေသည် ..။ ထို့နောက်တွင်ချန်ဇီ၏ သားရဲ သိန်းငှက်မှာ ဆေးလုံး၏ အာနိသင်များကို သန့်စင်ကာသူ၏ စွမ်းအင်များဖြင့် ဆေးလုံးအား စုပ်ယူနေလိုက်လေသည် ..။
ချန်ဇီက သူ၏ သားရဲ၏ အဆင့်တတ်မှုတွင် တစ်စုံတစ်ခုသော အမှားအယွင်း မဖြစ်ပေါ်စေရန်အတွက် သူက ဘေးကနေ အရိပ်တကြည့်ကြည့်နှင့် ကြည့်နေကာ လိုအပ်ပါကအချိန်မရွေး ကူညီနိုင်ရန် သူက အသင့်ရှိနေလေသည် ..။
" ဂီး ... ဂီး ... "
လေမီးမှော်သားရဲ သိန်းငှက်ဘုရင်မှာဆေးလုံး၏ အာနိသင်များကို စုပ်ယူသန့်စင်နေရင်းသူ၏ ခန္ဓာကိုယ်က ဆက်တိုက်ပြောင်းလဲမှုများဖြစ်ပေါ်နေကာ သူက နာကျင်စွာဖြင့်အော်ဟစ်နေရလေသည် ..။ ထို့နောက်တွင်သူ၏ခန္ဓာကိုယ်မှလည်း စွမ်းအင်များက တရှိန်ရှိန်နှင့် ထွက်ပေါ်၍နေပြီး သူ၏ အော်ရာကအစပြောင်းလဲ၍ သွားလေသည် ..။
" ဂီး ... ဂီး ... "
လေမီးမှော်သားရဲ သိန်းငှက်ဘုရင်၏ နာနာကျင်ကျင်နှင့်အော်ဟစ်သံများက တောအုပ်ထဲတွင် ပျံ့နှံ့၍ သွားကာ သူ၏ အသံကြောင်တခြားသားရဲများပင်လျှင် ကြောက်လန့်စွာဖြင့်ဟိန်းဟောက်လိုက်ကြလေသည် ..။ နောက်ဆုံးတွင် လေမီးမှော်သားရဲ သိန်းငှက်၏ အတောင်များက ရွှေရောင်များ တလတ်လတ်တောက်ပလာသည်ကို ချန်ဇီက တွေ့လိုက်ရလေသည် ...။
ချန်ဇီ၏ လေမီးမှော်သားရဲ သိန်းငှက်က၏တောင်ပံများက တဖြေးဖြေးရွှေရောင်များတောက်ပ၍လာကာ သူ၏ အရိုးများကလည်းတဖြောက်ဖြောက်မည်ကာ သူ၏ခန္ဓာကိုယ်ကစတင်၍ ပြောင်းလဲကာ လာလေသည် ..။ချန်ဇီက သူ၏ သားရဲ၏ ပြောင်းလဲမှုမှန်သမျှကိုအလစ်မပေးရဲဘဲ ဂရုတစိုက်ကြည့်နေလေသည် ...။
ထို့နောက်တွင် လေသားရဲသိန်းငှက်၏အော်ရာမှာ အမြင့်ဆုံးထိ ထိုးတတ်သွားပြီလျှင်သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲသံသဲ့သဲ့က ဆက်တိုက်ဆိုသလ်ိုပင်ထွက်ပေါ်၍ လာကာ သူ၏ တစ်ကိုယ်လုံးက အဖြူရောင်မှ ရွှေရောင်သို့ ပြောင်းလဲသွားလေသည် ..။
" ဂီး ... ဂီး ... "
လေမီးမှော်သိန်းငှက်မှာ နောက်ဆုံးအကြိမ် ကျယ်လောင်စွာ တွန်ကြွေး၍ မိုးထိမြင့်အောင် ထိုးတတ်သွားပြီးလျှင် ထို့နောက်ပြန်လည်၍ ထိုးဆင်း၍ လာကာ ချန်ဇီ၏ အနားသို့ ဆင်းသက်လာကာ သူ၏ ခေါင်းများဖြင့်ချန်ဇီ၏ ကိုယ်ကို တိုးဝှေ့နေလေသည် ..။
ဂျီဂျီ၏ မျက်လုံးများက ချန်ဇီအား ကျေးဇူးတင်စွာဖြင့် ကြည့်၍ နေကာ သူကအသံထွက်၍ စကားမပြောသော်လည်း ချန်ဇီကသူ၏မျက်လုံးများမှ တစ်ဆင့် မြင်တွေ့နေရလေသည် ...။
ချန်ဇီက သူ၏ သားရဲသိန်းငှက်၏ ကိုယ်မှ ထွက်ပေါ်နေသော လောလောလတ်လတ် အဆင့်တတ်ထားသည့် အော်ရာကို ခံစားမိလိုက်ပြီး သူက ထိတ်လန့်သွားကာ ပျော်ရွှင်မှုကိုလည်း ဖြစ်စေလေသည် ....။ ထိုအရာက သူ၏ သားရဲသိန်းငှက်၏ ကိုယ်မှထွက်ပေါ်နေသော အော်ရာက စိတ်စွမ်းအင်အလယ်အလတ်အဆင့် ကျင့်ကြံသူကိုပင် တန်းတူတိုက်ခိုက်နိုင်နေပြီမဟုတ်ပါလား ...။
ချန်ဇီက သူ၏ သစ္စာခံသားရဲကို ကျေနပ်စွာဖြင့်ကြည့် ၍ ...
" ဟားဟား... မင်းက နောက်ဆုံးတော့ အဆင့် ၈ သားရဲတောင် ဖြစ်သွားပြီပေါ့ ကောင်းတယ်တကယ်ကောင်းတယ် အခုဆို မင်းကငါ့ထက်တောင်သန်မာနေပြီပဲ .. "
ချန်ဇီ၏ စကားကြောင့် ဂျီဂျီက ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီးလျှင် ချန်ဇီ၏စိတ်ဝိညာဉ်မှ တစ်ဆင့် ဆက်သွယ်ကာ စကားပြောလိုက်လေတော့သည် ..။
" ဒါတွေအားလုံးက. ... သခင့်ရဲ့ကျေးဇူးတွေပါပဲ ဂျီဂျီ ကသခင့်ကို သေသည်အထိ အလုပ်အကျွေးပြုပါ့မယ် .. "
" ဟားဟား .. ကောင်းတယ် .. ငါတို့က အားလုံးကို နှုတ်ဆက်ကြတာပေါ့ "
ထို့နောက်တွင် ချန်ဇီက ဂျီဂျီ၏ ကိုယ်ပေါ်သို့ တတ်၍ လေနတ်ဘုရား ဗိမာန်ရှ်ိရာသို့ထွက်ခွာသွားလေတော့သည် ...။
...
ပြိုင်ဘက်ကင်း သိုင်းဧကရာဇ်
စာစဉ်(၁၃)
အပိုင်း (၂၀၇) အားလုံးကို နှုတ်ဆက်ထွက်ခွာခြင်း ....
စာရေးသူ _ ဦးဟန်
ချန်ဇီနှင့်သူ၏ မှော်သားရဲသိန်းငှက်တို့မှာ လေနတ်ဘုရားဗိမာန်ဂိုဏ်း၏ ဂိုဏ်းပရဝုဏ် အတွင်းသို့ ပျံသန်းကာ ဆင်းသက်၍လာလေသည် ..။ ထို့နောက်တွင် သူတို့နှစ်ဦးကဂိုဏ်းစုဝေးကွင်းသို့ လျှောက်လှမ်းကာ လာလေသည် ..။
လေနတ်ဘုရားဗိမာန်ဂိုဏ်းအတွင်းရှိစုဝေးကွင်းတွင် လူအများက စုဝေးရောက်ရှိနေကြပြီး သူတို့အားလုံးက တစ်စုံတစ်ခုကိုစောင့်မျှော် နေကြသည့်ပုံရသည် ...။ ချန်ဇီက ထိုစုဝေးအကွင်းသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားလေသည် ..။ စုဝေးကွင်းအတွင်းရှိ လူအားလုံးက ချန်ဇီအား ရုတ်တရက် မြင်တွေ့လိုက်ရမှုကြောင့် သူတို့အားလုံး၏ မျက်နှာများကအံ့သြမင်သက်သွားကြရလေသည် ..။
ဂိုဏ်းချူပ်ကျောက်ဖိန်က ချန်ဇီအနီးသို့လျှောက်လှမ်းလာပြီးလျှင် ..
" ချန် .. ချန်ဇီ .. မင်းက ဘယ်တုန်းက ပြန်ထွက်လာတာလဲ ငါတို့အားလုံးက မင်းအတွက်စိတ်ပူနေကြတာ .. အခုရော သက်သာရဲ့လားမင်းရဲ့ အတွင်းဒဏ်ရာတွေကရော အဆင်ပြေရဲ့လား .. "
ဂိုဏ်းချူပ်ကျောက်ဖိန်မှာ ချန်ဇီ၏ ပုခုံးကိုကိုင်လှုပ်၍ ဆိုးရိမ်တကြီးမေးလိုက်လေသည် ..။ လူအားလုံးကလည်း ချန်ဇီ၏ အနီးသို့စုရုံး၍ရောက်ရှိလာကြပြီး အားလုံးက ချန်ဇီအားဂရုတစိုက်နှုင့်မေးကြလေသည် ..။
ချန်ဇီက လူအားလုံး၏ နွေးထွေးသောမေတ္တာများကို ခံစားရပြီး သူ၏ ရင်ထဲကနွေးထွေးမှုကို ခံစားလိုက်ရလေသည် ..။ ထို့နောက်တွင် သူက လူအားလုံးအား လက်သီးဆုပ်၍ဂါရဝပြုလိုက်ပြီးလျှင် ...
" စီနီယာတို့ .. ကျူပ်ရဲ့ ညီနောင်တို့ အားလုံးပဲ ဒီိချန်ဇီကို အခုလ်ိုဂရုစိုက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် .. ဒီချန်ဇီက အခုချိန်မှာ အားလုံးက သက်သာပျောင်ကင်းသွားပါပြ်ီ အဲ့ဒီအတွက် ဂိုဏ်းချူပ်ကျောက်နဲ့အကြ်ီးအကဲအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ "
ထို့နောက်တွင် ချန်ဇီက လူအားလုံးအားကျေးဇူးတင်စကားပြောလိုက်ပြ်ီးလျှင် သူက အကြီးအကဲများနှင့် ခန်းမသခင်အားလုံးအားကြည့်၍ ...
" အကြီးအကဲများနှင့် ခန်းမသခင်များ အားလုံးဒီချန်ဇီကို ဂရုစ်ိုက်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒီချန်ဇီက လေအင်ပါယာကိုရောက်ရှိကတည်းက လေနတ်ဘုရားဂိုဏ်းသားတွေရဲ့ မေတ္တာတွေကို ခံစားရပါတယ် ဒါပေမယ့် ... ကျွန်တော်တ်ုိ့အားလုံးက ကျင့်ကြံခြင်းရဲ့ လမ်းမှာလျှောက်လှမ်းနေကြတဲ့သူတွေမဟုတ်လား ဒါကြောင့် ... "
လူအားလုံးက ချန်ဇီ၏ စကားကိုကြည့်၍ သူ၏ ဆိုလိုရင်းကို ရုတ်တရက် နားလည်လိုက်ကြလေသည် ..။ ကျင့်ကြံခြင်း လမ်းမှာလျှောက်လှမ်း၍ နေသူများအနေဖြင့် တွေ့ကြုံဆုံကွဲခြင်း သည် ဖြစ်မြဲ ဓမ္မတာ ပင် မဟုတ်ပါလား ...။ သူတို့အားလုံးက ချန်ဇီ၏ စကားများအရ ချန်ဇီက လေအင်ပါယာမှ ထွက်ခွာသွားတော့မည်မှာ အသေအချာပင်ဖြစ်လေသည် ..။
လူအားလုံး၏ မျက်နှာများက ညှိုးငယ်သွားကြပြီး တစ်ချို့ ဂျူနီယာကျောင်းသားများဆိုလျှင် သူတို့၏ မျက်လုံးထက်မှ မျက်ရည်များပင် ရစ်ဝဲ၍ နေကြပေသည် ...။ ယခင်အချိန်များစွာက ချန်ဇီသည် ပန်းမြူမြို့တော်မှတဆင့် လေအင်ပါယာသ်ုိ့ စတင်ရောက်ရှိ လာသော အချိန်က သူတို့အားလုံး၏ စိတ်များထဲမှချန်ဇီသည် ယခုအကြိမ်လောက်အထိ နေရာမယူ သေးပေ ...။
သ်ုိ့သော် နောက်ပိုင်း ရက်များတွင် ချန်ဇီ၏ တာဝန်သိစိတ် သူ၏ ဂိုဏ်းသားများ အပေါ်၌ ညီအစ်ကို အရင်းသဖွယ် ထားရှိသောစိတ်ထားများကြောင့် သူတို့အားလုံးက ချန်ဇီအား ရင်ထဲမှနေ၍ ရင်းနှီးကျွမ်းဝင်နေကြပြီဖြစ်လေသည် ..။
နောက်ဆုံးအကြိမ်အဖြစ် သူတို့အားလုံး၏ နှလုံးသား အား ကိုင်လှုပ်သွားသည်မှာလေအင်ပါယာ၏ ဂိုဏ်းပေါင်းစုံ နယ်မြေလုပွဲ၌ပင်ဖြစ်လေသည် ...။ ထိုပွဲတွင် အသင်္ချေတောင်တွင် ချန်ဇီ၏ ရဲရဲဝံ့ဝံ့ တိုက်ပွဲများနှင့် သူ၏ညီနောင်များအပေါ် ထားရှိသော စိတ်ထားများအရ သူတို့အားလုံးက ချန်ဇီ၏ အပေါ်တွင် စီနီယာတစ်ယောက် အပြင် သူတို့၏ စံပြတစ်ဦးအဖြစ်ပင် ယုံကြည် မှတ်ယူထားကြလေသည် ..။
ယခုအချိန်တွင် သူတို့အားလုံးက ချန်ဇီ၏ အပေါ်၌ ညီအစ်ကိုအရင်းသဖွယ် မှတ်ယူထား၍ သူတို့၏ မိသားစုအတိုင်း သဘောထားခဲ့သော အချိန်ကြမှ ချန်ဇီ၏ စကားများက လေအင်ပါယာမှ ထွက်ခွာသွားမည့် စကားများကို စနေလေပြီ ... ။
လူငယ်များအား ကြည့်၍ ဂိုဏ်းချုပ်ကျောက်ဖိန်နှင့် အကြီးအကဲ များက စိတ်မချမ်းမြေ့ကြချေ ...။ သို့သော် သူတို့အားလုံးအနေဖြင့် သူတို့၏ ဂျူနီယာများကို ကြည့်၍ ခေါင်းယမ်းယုံသာ တတ်နိုင်ကြလေသည် ..။ ဂိုဏ်းချူပ်ကျောက်ဖိန်က ခေါင်းဟန့်လိုက်ပြီးလျှင် သူကလူအားလုံးကြားနိုင်လောက်သော အသံကိုပြု၍ ..
" အဟမ်း ... အားလုံးပဲ လေနတ်ဘုရားဗိမာန်ဂိုဏ်းသားတွေအားလုံးပဲ နားထောင်ကြပါ ...မင်းတို့အားလုံးရဲ့ စိတ်ထဲကအတိုင်း ချန်ဇီက ဒီမှာပဲ သူ့ရဲ့အနာဂါတ် ကအဆုံးသတ်မသွားနိုင်ဘူး သူက လေအင်ပါယာလ်ို အလယ်အလတ်အဆင့် နိုင်ငံလောက်မှာပဲ ထွန်းတောပ်မယ့် သူမျိူးမဟုတ်ဘူး သူက ဒီထက် မကမြင့်မားတဲ့ အနာဂါတ်ကို လိုလားနေတယ် ဒါကိုမင်းတို့က နားလည်ပေးရမယ် "
ဂိုဏ်းချူပ်ကျောက်ဖိန်က သူ၏ ဂိုဏ်းသားများအားကြည့်၍ လေးနက်စွာ ပြောလိုက်လေသည် ..။ ထို့နောက်တွင် သူက ချန်ဇီအားကြည့်၍ ...
" ချန်ဇီ .. မင်းကို အကြီးအကဲလောင်က ပန်းမြူမြို့တောက်ကနေ ဒီကို ခေါ်လာခဲ့စဉ်အချိန်ကတည်းက ငါက မင်းရဲ့ အနာဂါတ်ကို ကြိုတင်မှန်းဆထားခဲ့တယ် .. မင်းရဲ့ အနာဂါတ်ကျင့်ကြံမှုလမ်းက လေအင်ပါယာလို အလယ်အလတ်အဆင့် နိုင်ငံလောက်နဲ့ အဆုံးမသတ်ဘူးဆိုတာကိုပေါ့ ဒါပေမယ့် မင်းက အခုလောက်ထိစောစော စီးစိ်ီး ထွက်ခွာသွားလိမ့်မယ်လို့တော့ ငါက တကယ် ထင်မထားခဲ့ဘူး ဘယ်လိုပဲဖြစ်ဖြစ် ဘယ်နေရာပဲ ရောက်ရောက် မင်းကငါတို့ရဲ့ ဂိုဏ်းကို အမြဲသတိရနေပေးပါ ငါတို့အားလုံးက မင်းကို အမြဲတမ်း နွေးထွေးစွာကြိုဆိုနေမယ် "
" ကျေးဇူးတင်ပါတယ် .. ဂ်ိုဏ်းချူပ်... ဒီချန်ဇီကအမြဲတမ်း စီနီယာ ဂိုဏ်းချူပ်ရဲ့ စကားတွေကို မှတ်သားထားပါ့မယ် ဒီချန်ဇီက တစ်နေ့ ဒီလေအင်ပါယာကို ပြန်လာခဲ့ပါဦးမယ် "
ချန်ဇီက ဂိုဏ်းချူပ်ကျောက်အား ပြန်လည်၍ ဖြေကြားလိုက်ခြင်း ဖြစ်လေသည် ..။ဂိုဏ်းချူပ်ကျောက်ဖိန်က ...
" ချန်ဇီ ... ဒါဆိုရင် မင်းက ဘယ်တော့လောက်သွားမယ်လို့ စီစဉ်ထားသလဲ ... အခုချက်ချင်းကြီးတော့ မသွားဘူး မဟုတ်လား "
ဂိုဏ်းချုပ်ကျောက်ဖိန်က ချန်ဇီအားကြည့်၍ မေးလိုက်ပြ်ီး ချန်ဇီက လက်သီးဆုပ်၍ ...
" တောင်းပန်ပါတယ် .. စီနီယာ ဂိုဏ်းချူပ် ဒီချန်ဇီက အခုပဲ ထွက်ခွာသွားဖို့ စီစဉ်ထားပါတယ် ဘယ်ကို ဦးတည်ပြီး သွားရမယ်မှန်း မသိသေးပေမယ့် ဒီဂျူနီယာက ခြေဦးတည့်ရာကိုလျှောက်ရင်း ကျင့်ကြံခြင်းအတွက် အသိပညာတွေကို ရှာဖွေစူးစမ်းချင်ပါတယ် ခင်ဗျာ "
ချန်ဇီ၏ စကားကြောင့် ဂိုဏ်းချုပ်ကျောက်ဖိန်က လေးပင်စွာ ဖြင့် သက်ပြင်းချလိုက်ပြီးလျှင် သူက ချန်ဇီကို ကြည့်၍ ...
" ကောင်းပြီ ... မင်းက အခုသွားဖို့အတွက် ဆန္ဒ ရှိမှတော် ငါက မတားတော့ပါဘူး ဒါပေမယ့် ငါက လက်ဆောင်တစ်ခုတော့ ပေးလိုက်ချင်တယ် ဒါက မင်းအတွက် အသုံးလိုကောင်းလိုလိမ့်မယ်လို့ ငါထင်တဲ့အတွက် စီစဉ်ထားတဲ့အရာတစ်ခုပဲ မင်းကြိုက်မယ်လို့မျှော်လင့်ပါတယ် ... "
ဂိုဏ်းချုပ်ကျောက်ဖိန်က သူ၏လက်ကိုဝှေ့ယမ်း၍ အရာဝတ္ထုတစ်ခုအား သိုလှောင်လက်စွပ်ထဲမှ ထုတ်လိုက်လေသည် ...။ ထိုအရာက ပြင်ပသို့ရောက်ရှိသည်နှင့် သိပ်သည်းသော သားရဲ အငွေ့အသက်များက စုဝေးကွင်းပြင်အနှံ့သို့ ပျံ့နှံသွားကာ လူအများကို ခြောက်လှန့်၍ နေလေသည် ...။ ဂိုဏ်းချုပ်ကျောက်ဖိန်က ...
" ချန်ဇီ ... ဒါက တခြားအရာတော့မဟုတ်ဘူးဒါက ဂိုဏ်းထိန်းဘိုးဘေး အဘိုးအို သုံးဦးရဲ့ လက်ဆောင်ပဲဖြစ်တယ် သူတို့ကတော့ မင်းအတွက် အသုံးဝင်လာလိမ့်မယ်လို့တော့ ပြောတယ် ဒါက အစစ်အမှန် နဂါးတစ်ကောင်ရဲ့ ဦးချိုပဲ ရော့လက်ခံပါ "
" ဟမ် ...အစစ်အမှန် နဂါးဦးချို ... "
ဂိုဏ်းချူပ်ကျောက်ဖိန်၏ လက်ထဲမှအရာကိုကြည့်၍ လူအများက ထိတ်လန့်သွားကြလေသည် ..။ ချန်ဇီကိုယ်တိုင်ကလည်း အံသြသွားရပြီးလျှင် သူက ထိုအရာကို ချက်ချင်းလက်ခံကာ သိုလှောင် လက်စွပ်ထဲသို့ ဂရုတစိုက်ထည့်ယူ သိမ်းဆည်းလိုက်လေသည် ..။
" ဂိုဏ်းချူပ်နဲ့ .. ဘိုးဘေး သုံးဥိ်ီးကို ကျေးဇူးတင်ပါတယ် "
ချန်ဇီက ဂိုဏ်းချူပ်ကျောက်ဖိန်အားကျေးဇူးတင်စကားပြောလိုက်လေသည် ..။ ဂိုဏ်းချူပ်ကျောက်ဖိန်က မည်သည့်စကားမှ ပြန်လည်၍ ပြောခြင်းမရှိတော့ဘဲ သူက တစ်ဖက်သို့ မျက်နှာလွှဲထားလိုက်လေသည် ...။
" အားလုံးကို နှုတ်ဆက်ခဲ့ပါတယ် .. ကျူပ်တို့က ကျင့်ကြံခြင်းလမ်းကြောင်းမှာ လျှောက်ရင်း မသေသေးရင်းပြန်တွေ့ကြတာပေါ့ "
ချန်ဇီက အားလုံးကို နှုတ်ဆက်ပြ်ိ်ီးလျှင်သူက နောက်သို့လှည့်၍ ဂျီဂျီကို ခေါ်ဆောင်ကာ လေနတ်ဘုရား ဗိမာန်ဂိုဏ်းမှ ထွက်ခွာသွားလေတော့သည် ...။သို့သော် ချန်ဇီက ရုတ်တရက်တစုံတစ်ခုက်ို သတိထားလိုက်မိလေသည် ..။ ထိုအရာကား ယနေ့လူအုပ်ထဲ၌ ချန်ဇီက သူ၏ ဆရာဓားသခင်အား ရှာဖွေသော်လည်း တွေ့ရှိခြင်းမရှိချေ ..။
ထို့ကြောင့် သူက ဂျီဂျီအား ဆက်သွယ်၍ နတ်ဓားတောင်ဆီသို့ ဦးတည်ကာ ပျံသန်းသွားလေတော့သည် ...။
...
ပြိုင်ဘက်ကင်းသိုင်းဧကရာဇ်
စာစဉ်(၁၃)
အပိုင်း (၂၀၈) စိတ်ဝိညာဉ် သလင်းကျောက်များ ကိုအမှတ်နဲ့လဲယူခြင်း ...
စာရေးသူ _ ဦးဟန်
" ဂီး ... ဂီး ... "
ချန်ဇီနှင့် သူ၏သားရဲသိန်းငှက် ဂျီဂျီိမှာနတ်ဓားတောင်ပေါ်သို့ ဦးတည်ပျံသန်းရင်း ချန်ဇီက နောက်ဆုံးအနေဖြင့် လေနတ်ဘုရားဗိမာန်ဂိုဏ်းကို သူက ဝေဟင်ထက်မှ ငုံ့ကြည့်လိုက်သည် ...။ သူ၏ ရင်ထဲမှ ဖော်မပြနိုင်သောခံစားချက်များ ရောပြွန်းနေသော ခံစားချက်ကိုခံစားနေရသော်လည်း ချန်ဇီက သူ့ကိုယ်သူ ဖြေသိမ့်နိုင်လိုက်သည် ...။
သူသည် သာမန်သူ မဟုတ်၊ ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည် ...။ ထို့ကြောင့်ပင်ကျင့်ကြံသူတစ်ယောက် အနေဖြင့် အချိန်ပြည့်ကျင့်ကြံ နေရမည်သာဖြစ်ပြီး ကျင့်ကြံခြင်းနှင့်လမ်းစဉ်က တစ်လမ်းစီဖြစ်သည် ...။ ကျင့်ကြံခြင်းသည် စွမ်းအင်သိုလှောင်သော ကျင့်ကြံမှုလုပ်ငန်းစဉ်ဖြစ်ပြီး လမ်းစဉ်ကတော့ မိမိကိုယ်တိုင် ဖော်ရသော လမ်းစဉ်သာ ဖြစ်သည် ..။
( စာရေးသူ _ ကျင့်ကြံခြင်းနှင့် လမ်းစဉ်ကို နောက်ပိုင်းတွင်အကျယ်တဝင့် ရှင်းပြပါမည် )
ချန်ဇီသည် သူ၏ လမ်းစဉ်ကို သူကိုယ်တိုင်သာ ဖောက်မည်ဖြစ်ပြီး သူက သူ့ကိုယ်သူ ဒီလောက်နှင့်ရောင့်ရဲ၍ ရပ်တန့်မည် မဟုတ်ပေ..။ သူ၏ ရည်မှန်းချက်က တစ်နေ့တွင် သူသည် နတ်ဘုရားကောင်းကင်ဘုံသို့ ပြန်လည်၍ သွားကာ သူ၏ မဟာရန်သူတော် အမှောင်နတ်ဘုရားအား လက်စားချေရဦးမည်ဖြစ်လေသည် ...။
ထို့နောက်တွင် သူ့တွင် နောက်ဆက်တွဲတာဝန်များလည်း ကျန်ရှိနေသေးသည် ..။ ထိုအရာ ဆေးနတ်ဘုရားလုချောင်ရို၏ ဆန္ဒအရဆေးနတ်ဘုရား ဂိုဏ်းအား ပြန်လည်တည်ထောင်စေခြင်း၊ နတ်ကုချင်းဂိုဏ်း၏ ဂိုဏ်းသခင်မလေးအား ပြန်လည်ရှာဖွေ၍ နတ်ကုချင်းဂိုဏ်းကို ပြန်လည်၍ ရယူရမည်ဖြစ်သည် ..။
ထို့ပြင် သူက နတ်ဘုရားကောင်းကင်ဘုံသို့ရောက်သည့်အခါတွင် နှင်းနတ်ဘုရားတိုင်းပြည်သို့သွားကာ အမတော် နှင်းနတ်ဘုရားမနှင့်လည်း တွေ့ရဦးမည်ဖြစ်လေသည် ...။ ထိုသို့သော ကြီးလေးသည့်တာဝန်များက သူ၏ပခုံးတွင် ထမ်းထားရလေရာ သူ့အနေဖြင့် ထိုသို့သော တာဝန်များကို ဆောင်ရွက်နိုင်ဖို့ရန်အတွက် သူက လုံလောက်အောင်သန်မာရလိမ့်မည်လည်းဖြစ်သည် ..။
ထို့ကြောင့်ပင် ချန်ဇီက ယခုကဲ့သ်ို့ ကျင့်ကြံခြင်းအား ကြိုးစား၍ လုပ်ဆောင်နေပြီး သူကကျင့်ကြံမှု လမ်းစဉ်နှင့် သူ၏ တာအို ကိုလည်းအပျက်စီး မခံဘဲ ဂရုတစ်ိုက်နှင့် လျှောက်လှမ်းနေခြင်းပင် ဖြစ်သည် ..။ ချန်ဇီက သူ၏အတွေးများကို ပြန်လည်၍ သိမ်းဆည်းလိုက်ပြီးလျှင် သူက နတ်ဓားတောင်ပေါ်၌ ဆင်းသက်လိုက်လေသည် ...။
နတ်ဓားတောင်သည် အစဉ်သဖြင့် တိတ်ဆိတ်၍ နေပြီး ယခုအခါတွင်လည်း လွန်စွာစိတ်ငြိမ်၍ နေလေသည် ..။ နတ်ဓားတောင်ရှိပတ်ဝန်းကျင် တစ်လျှောက် လေများက တဖြူးဖြူးတိုက်ခက်နေပြီး ထိုလေများက နတ်ဓားတောင်ပေါ်ရှိ တဲအိမ်လေးတစ်လုံးအတွင်းသို့ဦးတည်၍ သွားလေသည် ..။
ချန်ဇီက ဂျီဂျီအား နတ်ဓားတောင်ရှိတောင်ခြေတစ်ခုတွင် နေရစ်စေလိုက်ပြီး သူကနတ်ဓားတောင်ပေါ်ရှိ တဲအိမ်လေး တစ်ခုထံသို့ဦး တည်၍ လျှောက်လှမ်းသွားလေသည် ..။ ချန်ဇီက တစ်လှမ်းခြင်းလျှောက်လှမ်းနေပြီး နတ်ဓားတောင်ပေါ်မှနေ၍ လေနတ်ဘုရားဗိမာန်ဂိုဏ်းအား ခြံရယ်ထားသော တောင်တန်းများသို့ ဂရုတစိုက်ကြည့်လိုက်လေသည် ...။
ချန်ဇီက နတ်ဓားတောင်ပေါ်မှ ပတ်ဝန်းကျင်၏ ရူခင်းများကို လမ်းတစ်လျှောက် ကြည့်ရှူ့ခံစား၍ နေပြီးလျှင် ထိုတဲအိမ်လေးအနီးသို့ ရောက်ရှိ၍ သွားလေသည် ..။ ချန်ဇီက တဲအိမ်ကလေးအား ခြံရံထားသော ခြံစည်းရိုးတံခါးက်ုိ ညင်သာစွာဖွင့်၍ သူက ဝင်ရောက်သွားလေသည် ..။
ချန်ဇီက ခြံဝန်းထဲသို့ ဝင်ရောက်သွားသည်နှင့် တဲအိမ်လေးအတွင်းမှ အငွေ့များတထောင်းထောင်း ထနေပြီးလျှင် လေနှင့်အတူထိုအငွေ့များ၏ ရနံ့များက သူ၏ နှာခေါင်းဝသို့ လာရောက်၍ တိုက်ခက်လေသည် ..။ ချန်ဇီကထိုအငွေ့များကို အားရအောင် ရူရှိုက်လိုက်ပြီးတဲအိမ်လေး၏ တံခါးကိုတွန်းဖွင့်ကာ အထဲသို့ဝင်ရောက်သွားလေသည် ..။
တဲအိမ်လေး၏ အလယ်ဗဟိုတွင် လူနှစ်ဦးက ငြိမ်သက်စွာဖြင့် လက်ဖက်ရည်သောက်နေပြီးလျှင် သူတို့နှစ်ဦးက ချန်ဇီလာရောက်မည်ကို သိရှိထားသည့်အလား လက်ဖက်ရည်တစ်ခွက်အား ကြိုတင်၍ တည်ခင်းထားလေသည် ...။
ချန်ဇီက သူ့အတွက် အသင့်ထားရှိထားသော ထိုင်ခုံ၌ ဝင်ရောက်၍ထိုင်လိုက်ပြီးလျှင်သူက လက်ဖက်ရည်ခွက်အား ယူ၍ တစ်ငုံစုပ်ယူလိုက်ပြိီးလျှင် သူက လက်ဖက်ရည်၏ အရသာကို ခံစားနေလိုက်လေသည် ...။ ထို့နေုာက်တွင် ချန်ဇီက ပြုံးလိုက်ပြီးလျှင် ..
" အကြီးအကဲတို့ ... အခုချိန်ထိ ဒီ လက်ဖက်ရည်ကို ကြိုက်တုန်းပဲကိုး "
ချန်ဇီ၏ စကားကြောင့် အဘိုးအိုတစ်ဦိးမှ ချန်ဇီအားကြည့်၍ ...
" လူငယ်လေး ... မင်းက အခုပဲ ထွက်သွားတော့မယ်ပေါ့.... မင်းအနေနဲ့ ဒါက မစောလွန်းဘူးလား "
ချန်ဇီအား စကားပြောလိုက်သူ အဘိုးအိုမှာ စာကြည့်တိုက်အကြီးအမှုးပင်ဖြစ်ပြီး ချန်ဇီက စာကြည့်တိုက်အကြီးအမှုးကိုကြည့်၍....
" စီနီယာအကြီးအကဲ ခင်ဗျာ... ကျင်ကြံခြင်းမှာစောတယ်ဆိုတာ မရှိပါဘူး ...အချိန်တိုင်းနောက်ကျနေရတာပါပဲ ... တစ်တောင်ထက်တစ်တောင်က မြင့်မားနေမှတော့ ဒီဂျူနီယာအတွက် နောက်ကျတယ် ဆိုတာမရှိတော့ပါဘူး ဒီဂျူနီယာရဲ့ အချိန်တိုင်းက ကျင်ကြံမှုအတွက်ပါပဲ "
ချန်ဇီက တည်ကြည်သော မျက်နှာထားနှင့် လေးနက်သော စကားကို ပြောလိုက်ခြင်းဖြစ်လေသည်။ စာကြည့်တိုက်အကြီးအမှုးကသက်ပြင်းတစ်ချက်ချလိုက်ပြီးလျှင် ချန်ဇီအားကြည့်၍ မည်သည့်စကားမှ မပြောတော့ပေ ..။ ထို့နောက်တွင် ဓားခန်းမသခင်က သူ၏ အင်္ကျီလက်အိုးထဲမှ အရာဝတ္ထုတစ်ခုကိုထုတ်၍ သူက ခုံပေါ်သို့ တင်လိုက်လေသည်။ဓားခန်းမသခင်က ...
" ချန်ဇီ... မင်းမှာ စိတ်ဝိညာဉ် သလင်းကျောက်တွေ ရှိသေးလား "
ချန်ဇီက သူ၏ သိုလှောင်လက်စွပ်ထဲသို့ကြည့်၍ ...
" ဒီဂျူနီယာမှာ ငွေသလင်းကျောက် ၅၀၀၀ နဲ့ ကြေးသလင်းကျောက် ၁၂၀၀၀ ရှိပါသေးတယ်စီနီယာ "
" ကောင်းပြီ ... မင်းက လေနတ်ဘုရားဗိမာန်ဂိုဏ်းက ထွက်ခွာသွားတော့မယ်ဆိုတော့မင်းမှာရှိတဲ့ ကျောင်းသားအမှတ်တွေက မလိုအပ်တော့ဘူး ဒါကြောင့် မင်းရဲ့ ကျောင်းသားအမှတ်တွေနဲ့ သလင်းကျောက်တွေနဲ့ လဲဖို့များ ဆန္ဒရှိလား "
ချန်ဇီက ဓားခန်းမ သခင်၏ စကားကြောင့် သူ၏ ကျောင်းသား တံဆိပ်ပြားကို ထုတ်ယူ၍ စားပွဲခုံပေါ်တင်လိုက်ပြီးလျှင် ....
" ကောင်းပြီလေ ဒီအမှတ်တွေက ဒီဂျူနီယာအတွက်အသုံးမဝင်မှတော့ လဲကြတာပေါ့... ကျူပ်မှာ ကျောင်းသားအမှတ် ၁သိန်း ၂သောင်း ၆ထောင် ရှိတယ် အဲ့ဒါကိုအကြီးအကဲက သလင်းကျောက်ဘယ်လောက်နဲ့ လဲမှာလဲ "
ချန်ဇီက သူ၏ ကျောင်းသားကဒ်ပြားကို
ချန်ဇီက ဓားနန်းတော်သခင်ထံမှ သိုလှောင်လက်စွပ်ကိုယူ၍ သူ၏ စိတ်အသိအားသိုလှောင်လက်စွပ်ထဲသို့ ပို့လွှတ်လိုက်သည်နှင့်သူ၏ မျက်လုံးများက ပြူးကျယ်၍ သွားရလေသည် ..။ အဘယ့်ကြောင့်ဆိုသော် သိုလှောင်လက်စွပ်ထဲ၌ ရွှေစိတ်ဝိညာဉ်သလင်းကျောက် ၃သိန်း၊ ငွေစိတ်ဝိညာဉ် သလင်းကျောက် ၅သိန်း နှင့် ကြေးစိတ်ဝိညာဉ်သလင်းကျောက်က ၈သိန်း အထိ ပါရှိနေသည်မဟုတ်ပါလား ...။
ထိုပမာဏက အဆင့်နိမ့် နိုင်ငံတစ်ခု၏
၃ နှစ်စာ အသုံးပြုနိုင်သော ပမာဏပင် မဟုတ်ပါလား ..။ ချန်ဇီက သိုလှောင်လက်စွပ်ကို
You are reading the story above: TeenFic.Net