Unicode
မီးဝါရောင်မှိန်တိန်တိန်ဖြင့် 'Cafe' May Myo'ဆိုသည့် ဆိုင်းဘုတ်လေးရှေ့၌ အဖြူရောင်ကားလေးတစ်စီးရှိနေသည်။ ထိုကားကိုမှီရပ်ရင်း တစ်စုံတစ်ယောက်အလာကို မျှော်နေသောသူတစ်ယောက်လည်းရှိ၏။
မီးခိုးရင့်ရောင် ဆွယ်တာလည်ထောင်လေးသည် ပိန်ရှည်သောခန္ဓာကိုယ်တွင် လျော့ရဲရဲရှိသည်။ ညာဘက်လက်ဖျံရိုးတစ်လျှောက်မှ အင်္ကျီလက်ကိုမူ ခေါက်တင်ထားသောကြောင့် သွေးကြောစိမ်းမျှင်မျှင်တို့ဖြင့် ရှည်သွယ်သောလက်ဖျံရိုးနှင့် ဖုန်းကိုင်ထားသော လက်ချောင်းတို့မှာထင်းနေ၏။ ဖုန်းကိုတစ်ချက်ကြည့်လိုက်၊ အဝင်လမ်းသွယ်ကိုတစ်ချက်ကြည့်လိုက်ဖြင့် အလုပ်ရှုပ်နေသောမျက်ဝန်းတစ်စုံမှာ ကြည်လင်ရွှန်းပ၏။ မျက်လုံးလေးကပင် ကြင်နာမှုကို ခံစားရစေသယောင်ယောင်။ တစ်ချက်တစ်ချက် တွန့်တက်သွားသော အပြုံးနုသယ်ဆောင်သည့် နှုတ်ခမ်းပါးတစ်စုံကြောင့် မြင်ရသူအဖို့ ရင်ထဲသိမ့်သွားစေသူ။
"အယ်...ကိုသာမလား"
အနားသို့ရုတ်တရက်ရောက်လာသော မိန်းကလေးတစ်ယောက်ကြောင့် ဖွင့်ကြည့်လက်စ ဗွီဒီယိုကိုဆတ်ခနဲပိတ်လိုက်ပြီး ပြန်ကြည့်လိုက်တော့...
"ရွက်ဝါ...။ ဒီဆိုင်ကိုလာတာလား"
ကိုသာမေးတော့ ရွက်ဝါကခေါင်းညိတ်ရင်း ပြုံးသည်။
"ဟုတ်တယ် ကိုသာ"
ကိုသာသည် ဆိုင်မှန်တံခါးကို တစ်ချက်လှည့်ကြည့်ရင်း မေရွက်ဝါကိုပြန်ကြည့်ကာ လက်မလေးကိုနောက်သို့ထိုးပြလျက် မှန်တံခါးမှစာကို ညွှန်ပြလိုက်သည်။
'Closed'ဟူသောစာသားကြောင့် မေရွက်ဝါတစ်ယောက် မျက်နှာစိတ်ဓာတ်ကျသွားဟန်ဖြင့် သက်ပြင်းလေးချသည်။
"ဟင်...သွားပါပြီ။ ဒီနေ့ ကိုကိုနဲ့ ချစ်သူသက်တမ်းတစ်နှစ်ပြည့်မလို့ ဒီဆိုင်လေးလာပါတယ်။ ဆိုင်ကပိတ်ထားရတယ်လို့"
မေရွက်ဝါ၏ခပ်ညည်းညည်းပုံစံကို ကိုသာကရယ်တော့မေရွက်ဝါက မျက်စောင်းပြန်ထိုးသည်။ ထို့နောက် သက်ပြင်းလေးခပ်ယဲ့ယဲ့ချလေပြီး ကိုသာ့ကို စူးစမ်းစွာကြည့်လေသည်။ ကိုသာလည်း ထိုသို့အကြည့်ခံရသောကြောင့် ဖြောင့်တန်းသောမျက်ခုံးတန်းများကို ကွေးညွတ်ခွင့်ပြုလိုက်မိသည်။
"ဆိုင်ပိတ်တယ်ဆိုရင် ကိုသာကရော ဒီမှာဘာလာလုပ်နေတာလဲ"
မေရွက်ဝါအမေးကြောင့် ကိုသာရှက်ပြုံးလေးပြုံးလိုက်မိသည်။ ကိုယ့်လည်ကုပ်လေးကိုယ် လက်ဖြင့်အသာပွတ်ရင်း မျက်လုံးဝေ့ကစားပုံကြောင့် မေရွက်ဝါရိပ်စားစပြုလာသည်။
"ကိုသာ တစ်ခုခုပဲနော်"
"ဘာတစ်ခုခုလဲ"
"ကိုသာနော်...အချင်းချင်းလျှိုမထားနဲ့။ ဒီမှာ ဘယ်သူ့ကိုစောင့်နေတာလဲ ပြော"
မေရွက်ဝါမေးခွန်းကို ကိုသာရှက်ရှက်နှင့်ဖြေရသည်။
"တကယ်တော့ ဒီဆိုင်ကို ကိုသာတစ်ညလုံးငှါးထားတာ။ ကိစ္စလေးရှိလို့"
"အယ်...အယ်...။ အင်း...ကြည့်ရတာ တစ်ယောက်ယောက်ကို ပရိုပို့စ်လုပ်မလို့နဲ့တူတယ်"
အရိပ်ပြလျှင်အကောင်သာမက အတွင်းကလီစာတွေအထိပါမြင်သော မေရွက်ဝါပါလေ။ မိန်းကလေးများ၏ အာရုံခံနိုင်စွမ်းကိုတော့ ကိုသာလက်ဖျားခါရမည်။ နောက်ပြီး သိနေသည်ဆိုလည်း ရှောင်သွားပါရော့လား။ သူတို့ကထိုသို့လည်းမဟုတ်၊ ကာယကံရှင်ပါးစပ်ကနေ ပြောထွက်အောင်ကိုလုပ်သည်။
"ဆိုင်ပိတ်တယ်။ ပြန်တော့"
ကိုသာနှင်ထုတ်သည်ကို မေရွက်ဝါက မသွားဘဲ ပြုံးစိစိဖြင့်ကြည့်လာပြန်သည်။ နောက်ပြီး အနားကိုကပ်လာကာ ခပ်တိုးတိုးဆိုလေသည်။
"ဖိုက်တင်းနော် ကိုသာ"
"ဪ..ဒီကောင်မလေးကတော့ ခက်ပြီ။ ဘာတွေလာပြောနေမှန်းမသိဘူး။ သွားပါတော့ဆို"
"မသွားပါဘူး။ ဒီဆိုင်က ကိုသာငှါးလိုက်တာမလား။ ဒီတော့ ရွက်ဝါတို့ရဲ့ Anniversary ကိုလည်း ဒီမှာပဲ လုပ်သွားလိုက်မယ်လေ"
အရှက်လွန်ပြီး နားရွက်များပင်ရဲလာသောကိုသာ့အား မေရွက်ဝါစပြီးရင်းစချင်နေသောကြောင့် လိုက်ကလိနေမိသည်။ ကိုသာသည် မေရွက်ဝါကို ကျောကုန်းကနေ တွန်းကာနှင်ထုတ်ပြန်သည်။
"မရပါဘူး။ သွားတော့ သွားတော့။ ဟိုမှာ ရွက်ဝါကောင်လေးရောက်နေပြီ။ လိုက်သွားတော့"
အချိန်ကိုက်ရောက်လာသော ရွက်ဝါ၏ချစ်သူအား လက်ညှိုးညွှန်ပြရင်းတွန်းထုတ်သည်။ ရွက်ဝါကတော့ ကိုသာ့ကိုလှည့်ကြည့်ရင်း တခစ်ခစ်နှင့်ရယ်လေသည်။
"ကဲ...အဲ့လောက်နှင်နေမှတော့ ပြန်ပါ့မယ်။ တကယ်ပါပဲ။ ဒါပေမဲ့ နောက်တစ်ခါကျရင်တော့ မိတ်ဆက်ပေးရမယ်နော်။"
"အင်းပါ။ အခုတော့ သွားပါတော့။ စည်သူရေ...ဒီမှာ လာခေါ်ဦးကွ။"
မသွားမချင်း လှည့်လှည့်ပြီးစနေသောမေရွက်ဝါကိုထိန်းရန် သူ(မ)ချစ်သူစည်သူ့ထံ အကူအညီတောင်းရလေသည်။ သည်တော့မှ ရွက်ဝါလည်း စည်သူ့ထံပြေးသွားပြီး အကျိုးအကြောင်းပြောပြလိုက်သည်။ စည်သူကမူ ကိုသာ့အား အားနာသွားဟန်ဖြင့်လှမ်းတောင်းပန်လေသည်။
"ဆောရီး အစ်ကိုရေ။ ဒီအရှုပ်ထုပ်လေးကို ကျွန်တော်ခေါ်သွားလိုက်ပါ့မယ်။ အဆင်ပြေပါစေနော်"
ရွက်ဝါတို့ အကုန်လုံးဖောက်သည်ချလိုက်ပါတကား။ ထို့နောက် ရွက်ဝါကို စည်သူကခေါ်ပြီးထွက်သွားသည်။ ရွက်ဝါသည် ကားထဲမဝင်ခင် ဆရာမကြီးလုပ်သွားသေးသည်။
"ကိုသာစောစောက နားထောင်နေတဲ့ သီချင်းက ကာဗာ songထင်တယ်။ နားထောင်လို့ကောင်းပေမဲ့ ပရိုပို့စ်လုပ်တဲ့အချိန် အဲ့သီချင်းနဲ့တော့ မလိုက်ဘူးနော်။ တိတ်တိတ်ကလေးပဲချစ်သွားမယ် လုပ်မနေနဲ့"
"အင်းပါ။ အခုတော့ သွားတော့။"
မေရွက်ဝါထွက်သွားတော့မှ ကိုသာလည်း သက်ပြင်းချနိုင်သည်။ ထိုစဉ်၌ပင် စိုင်းလေးကားလည်း ဆိုက်ရောက်လာသည်။ ကားထဲကနေ ခြေလှမ်းတုံ့နှေးနှေးဖြင့်ဆင်းလာရင်း သူ့ရှေ့မှထွက်သွားသောကားကို ခဏခဏလှည့်ကြည့်နေသေးသည်။
ငစိုင်းတစ်ယောက် မေရွက်ဝါကို တွေ့လိုက်သည်မဟုတ်ပါလား။ ကိုသာသည် မိမိနှင့်မတွေ့ခင် မေရွက်ဝါနှင့်အရင်တွေ့ခဲ့ခြင်းဖြစ်မည်။
"စိုင်းလေး"
ကိုသာသည် စိုင်းလေးရှေ့သို့ပြေးသွားပြီး မျက်နှာချင်းဆိုင်ရပ်ရင်း အပြုံးလေးဖြင့်စိုက်ကြည့်သည်။ ငစိုင်းလည်း ကိုသာနှင့်မျက်လုံးချင်းမဆုံမိအောင် ခေါင်းငုံ့ထားရင်း အနည်းငယ်နောက်ကျမိသည့်အတွက် တောင်းပန်လိုက်သည်။
"ကျွန်တော် နည်းနည်းနောက်ကျသွားတယ်။ ဒီနေ့က ကျွန်တော် ဒိတ်သွားရတဲ့နေ့မလို့ပါ"
ကိုသာ့၏မျက်ခုံးလေးတစ်ချက်ပင့်၊ နှာခေါင်းလေးတစ်ချက်ရှုံ့ပုံက တစ်ခုခုကို အလိုမကျမှန်း သိသာသည်။
"ထားပါတော့။ ဆိုင်ထဲဝင်ရအောင်လေ...လာ"
ကိုသာသည် ငစိုင်းလက်ကိုဆွဲပြီး ဆိုင်ထဲခေါ်သွားသောကြောင့် ငစိုင်းမျက်လုံးများပင် ပြူးသွားမိသည်။ ယခု မိမိလက်ကို ကိုသာဆွဲပြီးခေါ်သွားပုံက အိပ်မက်သဖွယ် စိတ်ကူးယဉ်ဆန်လွန်းသည်။ အရာရာက ကိုသာ့ထက်မှေးမှိန်သွားသည်။ ငစိုင်းမြင်နိုင်သည်က မိမိကိုလှည့်ကြည့်ရင်း ပြုံးပြသော ကိုသာ့မျက်နှာလေးကိုသာ...။
ဆိုင်ထဲ၌ ကျွန်းသားစားပွဲဝိုင်းလေးတစ်လုံးသာရှိသည်။ ထိုစားပွဲဝိုင်းလေးတွင် ကိုသာက ငစိုင်းအားထိုင်စေသည်။ စားပွဲပေါ်၌ ရောင်စုံပန်းများဝေနေသည့် ပန်းအိုးတစ်လုံးနှင့်ဖယောင်းတိုင်ခွက်လေး နှစ်ခုရှိသည်။ ကိုသာသည် ဖယောင်တိုင်နှစ်တိုင်ကို မီးညှိသည်။ ငစိုင်းနားမလည်စွာဖြင့် ကိုသာ့ကို လိုက်ကြည့်နေမိသည်။
"ခဏနော် စိုင်းလေး"
ကိုသာသည် ကော်ဖီဘူးများ၊ ခွက်များထားရှိသည့် အခန်းထောင့်နားသို့ ထွက်သွားသည်။ ထို့နောက် ရေနွေးတည်သည်။ ကော်ဖီနှပ်သည်။ နောက်ပြီး ကိုသာသည် ကော်ဖီခွက်လေးထဲတွင် ပုံဖော်နေသည်။ နာရီဝက်လောက်ကြာပြီးနောက် ခွက်လေးနှစ်ခွက်ကို သယ်ကာ ငစိုင်းရှေ့ပြန်ရောက်လာသည်။ ကိုသာက စားပွဲအလည်တည့်တည့်၌ ခွက်တစ်ခွက်ကို အသေအချာချသည်။
အသည်းတစ်ခြမ်းပုံစံ ပုံဖော်ထားသော ကော်ဖီခွက်ကိုကြည့်ရင်း ငစိုင်းအနည်းငယ် တွေဝေသွားသည်။ ကိုသာ ကော်ဖီနောက်တစ်ခွက်ချကာမှ ငစိုင်းသဘောပေါက်သွားသည်။ နောက်တစ်ခွက်၌ အသည်းနောက်တစ်ခြမ်း....။
ကိုသာသည် ငစိုင်းမျက်နှာအား တစ်ချက်ငုံ့ကြည့်ရင်း ပြုံးလျက် မျက်နှာချင်းဆိုင်ခုံလေးတွင် ဝင်ထိုင်သည်။ အရောင်မှိန်မှိန်မီးရောင်အောက်မှ ကိုသာ၏ဝိုးတဝါးပုံရိပ်လေးကို ဖယောင်းတိုင်မီးအလင်းတို့ကပံ့ပိုးသည်။ တစ်ဆိုင်လုံးက မီးရောင်ဖျော့ဖျော့နှင့် ဂန္ဓဝင်ဆန်ဆန်လှနေသည်။ ထိုထဲတွင် ငစိုင်း၏နတ်သားလေး ကိုသာကတော့ ဂန္ဓဝင်အဆန်ဆုံးလက်ရာဖြစ်မည်။
"စိုင်းလေး"
ငြိမ်သက်စွာငေးကြည့်နေသောငစိုင်းအား ကိုသာခေါ်လိုက်တော့ ငစိုင်းအသိပြန်ဝင်လာသည်။ မျက်လွှာကိုချက်ချင်းချရင်း ချွေးစေးတွေထွက်နေသည့် မိမိလက်နှစ်ဖက်ကိုသာ ပြန်စိုက်ကြည့်နေမိသည်။ ကိုသာသည် ငစိုင်းအား ထပ်ခေါ်ပြန်သည်။
"စိုင်းလေး"
အသံမူကား နူးညံ့သိမ်မွေ့၏။ ကြည်သာ၏။
"ကျွန်တော့်ကို ဘာပြောစရာရှိလို့ ဒီကိုခေါ်တာလဲ ကိုသာ"
ငစိုင်းအရဲစွန့်မေးကြည့်တော့ ကိုသာက မျက်လုံးအဝိုင်းသားဖြင့်ကြည့်လာသည်။ ထို့နောက် ခေါင်းအသာငုံ့ရင်းတစ်ချက်ပြုံးသည်။ ထိုအပြုံးကြောင့် ဖယောင်းတိုင်မီးတို့ပင် ဦးညွှတ်သွားသလိုခံစားရ၏...။
"အခုထိ မရိပ်မိသေးဘူးလား။ ဘယ်သူကများ လူတစ်ယောက်ကို သာမန်စကားပြောရုံအတွက် ဒီလောက်လုပ်ထားမှာလဲ"
"ခင်ဗျာ"
ငစိုင်းမထုံတတ်သေးဖြင့်ပြန်ဖြေပုံကို ကိုသာက ရယ်လေသည်။ လှောင်ပြောင်ခြင်းမဟုတ် အနည်းငယ်ကြောင်တောင်တောင်ဖြစ်သွားသောငစိုင်းပုံစံကို သဘောကျ၍ဖြစ်သည်။
"ကော်ဖီသောက်ကြည့်ဦး စိုင်းလေး"
ကိုသာသည် ကော်ဖီခွက်လေးကိုရှေ့တိုးပေးသည်။ ကိုသာက်ိုယ်တိုင်လည်း ခွက်ကိုဆွဲယူပြီး အနည်းငယ်သောက်လေသည်။ ထို့နောက် နှာခေါင်းလေးတစ်ချက်ရှုံ့ပြီးပြောသည်။
"တအားချိုသွားတယ်ထင်တယ်"
ငစိုင်းလည်း ကော်ဖီအနည်းငယ်ငုံ့သောက်ပြီး ခေါင်းခါလိုက်သည်။
"သောက်လို့ကောင်းပါတယ် ကိုသာ။ ကျွန်တော်က အချိုကြိုက်တယ်"
ငစိုင်းအဖြေကြားရမှ ကိုသာလည်း စိတ်သက်သာသွားပုံဖြင့် ရင်ဘတ်ကိုလက်ကလေးနှင့် ဖိသည်။
"တော်သေးတာပေါ့ စိုင်းလေးကြိုက်လို့။ ဒီဆိုင်က ကိုသာ့မိတ်ဆွေပိုင်တာလေ။ ညပိုင်း တစ်ဆိုင်လုံးငှါးထားလိုက်တာ။ ဝန်ထမ်းတွေ ထားပေးမယ်လို့တော့ သူကပြောတယ်။ ကိုသာက စိုင်းလေးနဲ့နှစ်ယောက်တည်း စကားပြောချင်လို့ မထားခိုင်းလိုက်တာ။ အဲ့တာနဲ့ တစ်နေ့လယ်လုံး ကော်ဖီဖျော်နည်းနဲ့ ပုံဖော်ပုံလာသင်နေတာ။ သိပ်တောင်ပုံကျမသွားဘူး။"
ကိုသာကပြောရင်း သွားလေးတွေပေါ်သည်အထိ ပြုံးလေသည်။ ကိုသာပြောသမျှကို ငစိုင်းသေချာနားထောင်နေမိသည်။ ကိုသာ့အမူအရာတိုင်းကိုလည်း မျက်ခြေမပြတ်လိုက်ကြည့်နေမိသည်။ ငစိုင်းရှောင်နေသည်က ကိုသာ့အကြည့်တစ်ခုကိုပင်။
ဝေးဝေးသွားဖို့ကြိုးစားတိုင်း ပိုနီးကပ်လာသည်။ ရှောင်ပြေးဖို့ရာလည်း မစွမ်းသာ။ ခြေလှမ်းတိုင်းက ကိုသာ့ဆီကိုသာ ဦးတည်နေမိသည်။ ဦးနှောက်က ကိုသာ့ဆီမသွားဖို့တားသည်။ နှလုံးသားကသွားဖို့ရာတိုက်တွန်းသည်။ သည်ကပျော့ညံ့ညံ့လူသားငစိုင်းသည် နှလုံးသားစကားကို နားထောင်မိသည်။ ဤသည်က နောက်ဆုံးအကြိမ်နားထောင်ခြင်း ဖြစ်ကောင်းပါရဲ့။
ကိုသာသည် ငစိုင်းအား အတန်ငယ်မျှစိုက်ကြည့်ပြီး တစ်နေရာသို့ ထသွားပြန်သည်။ ထို့နောက် ဂစ်တာလေးတစ်ခုကိုဆွဲယူရင်း ရှေ့သို့ပြန်ရောက်လာသည်။ ကိုသာသည် ခုံကိုအနည်းငယ်နောက်ဆုတ်ထိုင်ကာ ဂစ်တာလေးကို ပုံစံတကျပွေ့ပိုက်ပြီးသည်နှင့် ငစိုင်းအားမျက်လုံးလေးလှန်ကြည့်လာသည်။
ငစိုင်းရင်တွင်း၌လည်း နွားရိုင်းပွဲတစ်ခုကျင်းပနေသလို ဆူညံပွက်လောရိုက်နေတော့သည်။
"စိုင်းလေးကို ကိုသာပြောချင်တာတွေကို ဒီသီချင်းလေးနဲ့ ပြောပြမယ်။ စိုင်းလေးနားထောင်ပေးနော်"
ငစိုင်း ကိုသာ့ကိုငေး၍သာကြည့်နေမိသည်။ ကိုသာက နှုတ်ခမ်းပါးလေးကိုတွန့်ရင်းပြုံးသည်။ အပြုံးနောက်တွင် ဂီတသံစဉ်လေးတစ်ခု လွင့်ပျံ့လာသည်။ ငစိုင်းသီချင်းကိုခန့်မှန်းကြည့်သည်။ စိတ်ထဲ၌ပုံပေါ်မလာ။ သံစဉ်ကိုရင်းနှီးနေပါလျက်နှင့် စာသားများက ပေါ်မလာဘဲ ရောထွေးနေသည်။
ငစိုင်းအဖြေမထွက်ခင်မှာတင် ကိုသာ့၏အေးနုနုရှတတအသံလေးသည် စာသားပုလဲသီရင်း ထွက်ပေါ်လာတော့သည်။
""တကယ်ဆိုရင် ကိုယ်ကလည်း ချစ်မိနေပြီ
ဖွင့်ဟလို့ အပြောခက်သည်....""
မိမိအတွက် ရည်ရွယ်သည်မှာ ထိုသီချင်းတဲ့လား။ Lလွန်းဝါ၏ 'မျက်လုံးချင်းစကားပြောနေပြီ'ကိုမှ ကိုသာ အဘယ်ကြောင့်ရွေးဆိုရပါသနည်း။
ကိုသာသည် သီချင်းဆိုရင်း ငစိုင်းအားပြုံးလျက်ကြည့်သည်။ ကိုသာ့အသည်းငယ်သူလေးမှာ မည်သို့မည်ပုံ တုန့်ပြန်မည်လဲဆိုတာကို ရင်တထိတ်ထိတ်နှင့်စောင့်မျှော်ရင်း သီချင်းကိုဆက်ဆိုသည်။
""အကြင်နာတွေပိုမြူချိုလို့ ညှို့မျက်ဟန်ချီ
မင်းအကြည့်ကို ကိုယ်သိသည်....
နှစ်ကိုယ်တူ ချစ်ရေးချစ်တဲ့အကြောင်းကိုတည်
ခူးမယ့်ပြင်သည်အပင် အရင်ညွှတ်မည်
အခုတော့ တမင်ဟန်ဆောင်ပြီ...
ဘယ်လိုအခြေအနေ ပုံစံမျိုးဖြင့် တွေ့ကြုံမည်
အသည်းနှလုံးက ထိတ်လှပြီ...
ပန်သူအလျင်လိုပါရင် ကြွေလာပါနှင်းဆီ
အချိန်တော်ခါ မလင့်မီ...""
ပထမအပိုဒ်ပြီးသည်နှင့် ဂစ်တာသံလွင်လွင်လေးက နေရာယူလာပြန်သည်။ ငစိုင်းပါးတစ်ဖက်စီ၌လည်း မျက်ရည်ပူတို့က စီးကျနေချေပြီ။ မျက်ရည်တို့ မြစ်ဖျားခံရာ မျက်ဝန်းတို့ကလည်း မထိန်းနိုင်မသိမ်းနိုင် မျက်ရည်များကို တသွင်သွင်စီးစေသည်။
ကိုသာသည် ဂစ်တာတီးခြင်းကိုရပ်လိုက်ပြီး ငစိုင်းဘေးနားရောက်လာသည်။ ထို့နောက် ပါးတစ်ဖက်ကို လက်ဖြင့်အုပ်မိုးကိုင်လျက် ငစိုင်းမျက်နှာအား မော့စေရင်း မျက်ရည်စီးကြောင်းများ၊ မျက်ရည်ဥများကို လက်မလေးဖြင့် အသာဖိသုတ်ပေးသည်။ ငစိုင်း နှုတ်ရော၊ ကိုယ်ပါ ကိုသာစေစားရာအတိုင်းလိုက်ရင်း ကိုသာ့မျက်ဝန်းများကို ကြည့်လိုက်မိသည်။
မြတ်နိုးရပါသောကိုသာနှင့် ဤမျှလောက် နီးကပ်ခွင့်ရမည်ဟု မတွေးခဲ့မိသောအခိုက်အတန့်၊ အရာရာဟာအိပ်မက်နှင့်တူသည်။ အိပ်မက်ထက်ပိုလှသည်။ စိတ်ကူးတွေထက် ပိုလှသည်။ ပိုရင်ခုန်သည်။ ထိုအရာတို့ထက် ပိုသည်က ကိုသာ့အပေါ်ထားသည့် ချစ်ခြင်းဖြစ်မည်။
ကိုသာက ငစိုင်းရင်ကိုအမြဲလှုပ်ခတ်စေခဲ့သော အပြုံးကိုပြုံးသည်။ ဆံပင်များကို လက်နှင့်အသာဖွသည်။ တိုးညှင်းသောလေသံဖြင့် ဆိုသည်။
"စိုင်းလေးကို ကိုသာချစ်မိနေပြီ...."
************************************
လေငြိမ်ပြီး နေသာသောနေ့တစ်နေ့ဖြစ်၏။ ငဂျစ်ကလေး မင်းခွန်မှိုင်းတစ်ယောက်ကတော့ စွန်တစ်ခုနှင့် ရစ်ဘီးတစ်လုံးကိုင်ကာ မြောက်ကြွမြောက်ကြွနှင့် ကန်တော်ကြီးထဲ ရောက်လာပြန်သည်။ လမ်းတစ်လျှောက်လုံးလည်း စွန်ဘယ်လိုလွှတ်ရကြောင်း၊ ငယ်ငယ်က ဘယ်လိုလွှတ်ခဲ့ကြောင်း၊ ဘယ်နေရာမှာ စွန်ပြတ်ကျသွားကြောင်းများကို သူမွေးကတည်းက အနားတွင်ရှိခဲ့သောသူအား ဖောက်သည်ချသေးသည်။ Kiteဖြစ်နေလို့သာပင် သူပြောသမျှကို စိတ်ရှည်လက်ရှည် နားထောင်နိုင်ခြင်းဖြစ်သည်။ Kiteကိုယ်တိုင်လည်း တစ်ခါတလေ ထိုမောင်ငဂျစ်အား ပါးစပ်ကိုတိပ်နှင့်ပိတ်ပြီး ထားချင်သောအခိုက်အတန့်များရှိပါသည်လေ။
"Kite...မင်းသိလား။ မင်းသိလား။ အဲ့တုန်းကကွာ..."
'မင်းသိလား ၊ မင်းသိလား'ဟုမေးပြီး သိသည်ဟု ပြန်ပြောလျှင်လည်း လူသတ်တော့မည့်အကြည့်ဖြင့် ကြည့်ခံရသေးသည်။ ထို့ကြောင့် ပြောသမျှခေါင်းလိုက်ညိတ်ပြီး နားထောင်နေရုံမှအပ အခြားရွေးချယ်စရာမရှိခဲ့။
"ငါ့စွန်ပြတ်သွားတော့ ငါငိုရော။ ကိုသာ့ကို အတင်းပြန်လိုက်ရှာခိုင်းတာ။ ဒါပေမဲ့ ဘယ်ကျမှန်းမှမသိတာ။ ဘယ်လိုလုပ်ရှာလို့ရမှာလဲ။ ကိုသာလည်း ငါကတအားငိုနေတော့ လိုက်ရှာပေးရှာပါတယ်ကွာ။ ငါကဘေးနားကနေ ကို့သာ့အင်္ကျီကိုဆွဲပြီး တကောက်ကောက်လိုက်ရင်း ငိုတာ။ နောက်ဆုံးမတွေ့တော့ ကိုသာ့က ငါ့ကိုအသစ်ဝယ်ပေးမယ်ဆိုပြီး ချော့မော့ပြီးပြန်ခေါ်လာတာ။ ပြီးတော့ ငါတို့စွန်လွှတ်ခဲ့တဲ့နေရာကို ပြန်လာပြီး ပစ္စည်းတွေသိမ်းတာပေါ့။ အဲ့မှာလေ ငါ့စွန်လေးက ပြန်ရောက်နေတာ။ ငါတအားပျော်သွားတာ။ ဘယ်သူလာထားပေးသွားမှန်းလဲမသိဘူး။"
"အင်း အင်း"
မင်းခွန်မှိုင်းမှာ အာပေါင်အာရင်းသန်သန်ဖြင့် ပြောနေသော်လည်း စိတ်မပါလက်မပါဆန်သောKite၏ တုန့်ပြန်မှုကြောင့် ပေစောင်းစောင်းကြည့်လိုက်မိသည်။ Kiteကတော့ သူ့အကျင့်အတိုင်း မျက်လုံးသေများဖြင့် ပြန်ကြည့်ပြီး မေးဆတ်ပြသည်။
"Kite မင်းငါပြောတာ စိတ်ရောဝင်စားရဲ့လား"
"အင်း ဝင်စားပါတယ်"
"ဘယ်မှာဘာတွေဝင်စားတာလဲ"
စိတ်မဝင်စားဘူးဟုဖြေလျှင် အရစ်တက်ခံရမည်ကိုသိသောကြောင့် စိတ်ဝင်စားကြောင်းအတိုချုပ်ဖြေမိသော်လည်း စကားအထအနလိုက်ကောက်ပါသည်လေ။
"မရစ်နဲ့ မင်းခွန်မှိုင်းရယ်။ မင်းပြောတာတွေအကုန်လုံးက ငါသိပြီးသားတွေ။ သိသိကြီးနဲ့နားထောင်ပေးတာ တော်ရောပေါ့"
သည်လိုပြောခံရတော့ မင်းခွန်မှိုင်းမကျေနပ်ဖြစ်သည်။
"မင်းကလေ ငါ့ကိုကြိုက်ပြီး အကောင်းတစ်ခွန်းမှမပြောဘူး။ စိတ်လည်းမရှည်ဘူး"
"ငါမင်းကိုကြိုက်တယ်လို့ တစ်ခါမှမပြောဖူးသလို ကြိုက်လည်းမကြိုက်ပါဘူးနော်"
"ဟမ်..."
မင်းခွန်မှိုင်းပြန်ပြောရန် စကားစပျောက်သွားရသည်။ Kiteပြောသည်မှာမမှား။ သူ မိမိကိုကြိုက်သည်ဟု တစ်ကြိမ်တစ်ခါမျှ မဆိုဖူးခဲ့။ သို့သော် 'ချစ်တာကိုသိထားလို့ရတယ်'ဆိုသည့် စကားကို ပြောဖူးသည်မဟုတ်လား။ ဆက်ပြောလျှင်လည်း ချစ်တာနှင့်ကြိုက်တာမတူကြောင်း အမျိုးအစားတွေခွဲပြချေဦးမည်။ စကားကို ဤနေရာတွင် ရပ်မှတော်ကာကျမည်ဖြစ်ကြောင်း ပညာရှိပီသစွာ ဆုံးဖြတ်လိုက်သည်။
"Kite မင်းကစွန်ကိုကိုင်ပြီး ဟိုနားမှာသွားရပ်နေ။ ငါလွှတ်ဆိုမှ လွှတ်နော်။ မြင့်မြင့်မြှောက်ပြီးလွှတ်"
Kiteအား စွန်ကိုကိုင်ထားစေပြီး လိုချင်သောကြိုးအနေအထားရောက်သည်အထိ နောက်ဆုတ်ခိုင်းလိုက်သည်။ စွန်စလွှတ်တော့မည်ဆိုကာမှ အလိုက်ကန်းဆိုးမသိသောသူက ဖုန်းဆက်ပြန်သည်။ ရစ်ဘီးကို မြက်ခင်းပေါ်ဆတ်ခနဲချကာ အိတ်ထဲမှဖုန်းကိုကောက်ကိုင်လိုက်သည်။ ဖုန်းဆက်သူက ကျော်ကြီးဖြစ်သည်။
"ငါဒီနေ့ နားမယ်လို့ပြောတယ်လေ။ ဘာခိုင်းဦးမလို့လဲ။"
ကျော်ကြီးဘာမှမခိုင်းနိုင်ခင် ပိတ်ပြောလိုက်တော့ ကျော်ကြီးထံမှသက်ပြင်းချသံကိုကြားရသည်။
"မင်းကိုငါဒီနေ့ ငါ့အစ်ကိုနဲ့တွေ့ပေးမယ်လို့ ပြောထားတယ်လေ။ မတွေ့တော့ရင်လည်း ပြောလေ။ ငါ့အစ်ကိုက စတူဒီယိုမှာတောင် လာစောင့်ပေးနေတာ"
"အာ...ဟုတ်သားပဲ။ ငါမေ့နေတာ။ ငါအခုလာခဲ့လိုက်မယ်။ ခဏစောင့်ခိုင်းထားပေး။ နော် သူငယ်ချင်း"
"သူငယ်ချင်းလုပ်မနေနဲ့။ မြန်မြန်လာ။"
"အိုကေ အိုကေ"
ဖုန်းကျသွားသည်နှင့် ပစ္စည်းများပြန်ကောက်သိမ်းသည်။ Kiteကမူ မင်းခွန်မှိုင်းအား နားမလည်စွာကြည့်နေသည်။ မင်းခွန်မှိုင်းလည်း သက်ပြင်းလေးအနည်းငယ်ချပြီး Kiteအားရှင်းပြရသည်။
"ငါလူတစ်ယောက်နဲ့တွေ့ဖို့ချိန်းထားတာ မေ့နေလို့။ အဲ့တာ အခုသွားမှဖြစ်မယ်"
"မင်းငါ့ကိုအဖြေပေးဖို့ကိစ္စကရော"
"မင်းရဲ့တစ်ယောက်သောသူကို ငါမသိရသေးဘူးလေ။"
"မင်းပဲလေ။ မင်းပဲ။ ငါ့မှာဘယ်သူရှိလို့လဲ"
Kiteဖြေပုံက မင်းခွန်မှိုင်းရင်ကို လှုပ်ခတ်စေပြန်ပါသည်။ ထို့ကြောင့် မျက်တောင်တွေဆက်တိုက်ခတ်၊ လက်ဖြင့်ယပ်ခတ်လိုက်ကာ မကြားချင်ယောင်ဆောင်လေသည်။
"အာ...ပူလိုက်တာနော်။ ဒီနေ့ မိုးမရွာဘူးနဲ့တူတယ်"
"ဝေ့လည်ကြောင်ပတ်မလုပ်နဲ့ မင်းခွန်မှိုင်း။ လူလည်ကျချင် တခြားသူကိုသွားကျ။ ငါ့ကိုမရဘူး။ ငါ့ဘက်ကကိစ္စပြီးပြီ။ မင်းအဖြေကိုပြောတော့"
တည်တည်တံ့တံ့ပြောလာသော Kiteကြောင့် မင်းခွန်မှိုင်းအနည်းငယ် တုန်လှုပ်သွားမိသည်။ စိတ်ထဲ၌လည်း "ငါဒီကောင်ကြီးကိုချစ်ပါတယ်ဆိုပြီး ဘယ်လိုပြောရမလဲ"ဟုတွေးကာ နေမထိထိုင်မသာဖြစ်မိသည်။ မတတ်သာသည့်အဆုံး အချိန်ထပ်ဆွဲဖို့ ဉာဏ်များရပြန်ပါသည်။
"ငါ..ငါ့ဧည့်သည်နဲ့တွေ့ပြီးရင် အဖြေပေးမယ်"
"မင်းကတိမတည်ဘူး။ နောက်ဆို မင်းကိုမယုံတော့ဘူး"
Kiteစိတ်ဆိုးသွားပြန်တော့လည်း မင်းခွန်မှိုင်းမနေတတ်။ သို့ပေမဲ့ အဆင်သင့်မဖြစ်သေးသောကြောင့် အားယူချိန်လိုနေသည်။
"ငါဒီတစ်ခါအတည်ကွာ။ အခု ဧည့်သည်နဲ့တွေ့ပြီးရင် တကယ်ငါ့အဖြေကိုပြောပြမယ်"
"ကတိ"
"အင်း ကတိ"
ငယ်ငယ်က သူငယ်ချင်းအချင်းချင်းကတိပြုသလိုမျိုး လက်ချင်းယှက်ရစ်၍ ကတိပေးခြင်းကိုအတည်ပြုလိုက်သည်။
စတူဒီယိုရှေ့ရောက်တော့ ကျော်ကြီးနှင့်အတူ ဘေး၌စောင့်ကြိုနေသော သူ့အစ်ကိုပါရှိလေသည်။ ကျော်ကြီးနှင့်ငါးနှစ်သာကွာသည်ဆိုသော်လည်း မတိမ်းမယိမ်းဟုသာခံစားရသည်။ နတ်ဆိုးများအကြောင်းသိသည်ဆိုသောထိုလူသည် လူငယ်ဆန်ဆန်ပဲဝတ်စားထားသည်။ ဇာတ်ကားများထဲကကဲ့သို့ ဝတ်ဖြူစင်ကြယ်များ၊ ဖို့လို့ဖားလားများကို ဝတ်စားမထားချေ။
ထိုလူသည် မင်းခွန်မှိုင်းကို တွေ့တွေ့ချင်း နားလည်ရခက်သောအပြုံးနှင့်ပြုံးရင်း ကြည့်နေသည်။
"ကိုသက်ပိုင်..ဒါကျွန်တော်ပြောတဲ့ သူငယ်ချင်းပဲ။ ခွန်မှိုင်း...ဒါငါ့အစ်ကို ကိုသက်ပိုင်"
"တွေ့ရတာဝမ်းသာပါတယ် ငါ့ညီ"
ကိုသက်ပိုင်သည် လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းလာသဖြင့် မင်းခွန်မှိုင်းလည်း ပြန်နှုတ်ဆက်လိုက်သည်။ သူက မင်းခွန်မှိုင်းကိုနှုတ်ဆက်ရင်း နောက်ကိုလှမ်းကြည့်ကာ ပြုံးပြသောကြောင့် မင်းခွန်မှိုင်းကြောင်သွားသည်။ သူ့နောက်တွင် Kiteရှိနေသည်ကို သိနေခြင်းများလား။
"ငါ့ညီနဲ့ အစ်ကိုစကားအေးဆေးပြောချင်တယ်။ အစ်ကိုတည်းနေတဲ့ သစ်လုံးအိမ်လေးကို လိုက်ခဲ့ပါလား။"
"ဟုတ် အစ်ကို။ ကျွန်တော်လည်း သိချင်တာလေးတွေ ရှိတယ်။ အစ်ကိုပြောပြနိုင်မယ်လို့ထင်ပါတယ်"
"ဒါလေးအကြောင်းလား"
မင်းခွန်မှိုင်းလက်ပတ်ကို မေးလေးဆတ်ပြပြီးပြောသောကြောင့် အံ့အားသင့်ရပြန်ပါသည်။ နှလုံးသားအမြုတေကိုပါ သူမြင်နေသည်လား။
မေးခွန်းပေါင်းများစွာဖြင့် ထိုလူခေါ်ရာကို မင်းခွန်မှိုင်းလိုက်သွားသည်။ Kiteကတော့ အဘယ်အတွက်လည်းမသိပေမဲ့ ငြိမ်သက်စွာပင်လိုက်လာပေးသည်။ ကားပေါ်မတက်ခင်တုန်းက 'အဝတ်အစားနဲ့မိတ်ကပ်တွေရော'ဟု တစ်ခါမေးသည်။ မင်းခွန်မှိုင်း ခေါင်းအသာခါပြခဲ့သေးသည်။ Kiteသည် မိမိအလုပ်အတွက် ဒိတ်သွားမည်ဟု ထင်နေခြင်းဖြစ်မည်။
"ဒီနေရာပဲ ငါ့ညီ။ ဆင်းလို့ရပြီ"
သစ်လုံးအိမ်လေးများ တန်းစီဆောက်ထားသောနေရာတစ်ခုဖြစ်သည်။ ပုံစံလေးကအေးချမ်းလွန်းသည်။ ပြင်ဦးလွင်တွင် ယခုလို တည်းခိုခန်းလေးများကလည်း ပေါသည်မဟုတ်လား။ အေးအေးဆေးဆေးနေလိုလျှင် ထိုနေရာများ၌သာတည်းသင့်သည်။
"ငါ့ညီနဲ့ပါလာတဲ့မိတ်ဆွေကိုတော့ အပြင်မှာနေခိုင်းပေးပါ။"
ကိုသက်ပိုင်နောက်ကိုလိုက်သွားရင်း သစ်လုံးအိမ်တစ်လုံးရှေ့ရောက်တော့ ကိုသက်ပိုင်သည် Kiteကိုထားခဲ့ရန်ပြောလေသည်။ သူအမှန်တကယ်ပင် Kiteကိုမြင်နေရပါတကား။ Kiteကတော့ သူ့ကိုအာရုံရှိပုံမရ။ ဒိတ်အတွက်လာသည်ထင်ကာ ရှောင်ပြေးဖို့အတွက်ပင် ပြင်နေသည်။
မင်းခွန်မှိုင်း ချက်ချင်းပဲ Kiteကိုလှည့်ကြည့်လိုက်ပြီး...
"မင်းအပြင်မှာ နေခဲ့လိုက်နော် Kite ။ ငါကိစ္စပြီးတာနဲ့ ပြန်လာမယ်။"
"အဖြေရော..."
"ငါ့ကတိငါသိတယ်"
မင်းခွန်မှိုင်းပြောပြီးလှည့်ထွက်ခဲ့သည်။ အထဲမဝင်ခင် Kiteကိုတစ်ချက်လှည့်ကြည့်တော့ Kiteကလည်း သူ့ကိုကြည့်နေသည်။ မင်းခွန်မှိုင်း ဘာကြောင့်ရယ်မှန်းမသိ ကြည်နူးမိသောကြောင့်ပြုံးလိုက်မိသည်။ ထို့နောက် Kiteကို 'တာ့တာ'ဟုနှုတ်ခမ်းလှုပ်ရုံပြောပြီး လက်ပြနှုတ်ဆက်ကာ အထဲသို့ဝင်လိုက်တော့သည်။
Kiteနှင့်ပတ်သက်ပြီး သိချင်သည့်အကြောင်းအရာများကို သိရဖို့လည်းမျှော်လင့်သည်။ Kiteကို ပိုပြီးနားလည်ချင်သည်။ Kiteအကြောင်းပိုသိချင်ပါသည်။
Kiteအကြောင်းဘာမှမသိပေမဲ့ Kiteဆိုသောနတ်ဆိုးတစ်ကောင်သည် မင်းခွန်မှိုင်းစိတ်ထဲအများကြီး စိုးမိုးနေခဲ့ပြီဖြစ်သည်။ Kiteနှင့်ပတ်သက်ပြီး မင်းခွန်မှိုင်းသိသည်က နှစ်ခုပင်ရှိသည်။
Kiteသည်နတ်ဆိုးတစ်ကောင်ဖြစ်သည်။ နောက်တစ်ခုက Kiteသည် မိမိကိုချစ်သည်....။
Thanks For Reading
BGM-မျက်လုံးချင်းစကားပြောနေပြီ(Lလွန်းဝါ)
Note
Updateနောက်ကျတဲ့အကြောင်းပြောပြဦးမယ်။ အစက နေ့ခင်းကတည်းက ရေးပြီးတင်မယ်ပေါ့။ ဖြစ်ချင်တော့ အိမ်အနောက်ဘက်က မြက်တောကြီး မီးထလောင်ရော။ ကိုယ့်မှာအော်သံတွေလည်းကြားရော မီးပဲငြှိမ်းရမလား ၊ စာပဲဆက်ရေးရမလား လမ်းတွေပျောက်ကုန်ရော။ နောက်ဆုံးတော့ အိမ်ကဆီပွိုင့်နဲ့နီးတော့ ပေါက်ကွဲရင်သေမှာစိုးလို့ ရေပဳန္်းကြီးဆွဲပြီး ပြေးရတော့တာပါပဲ။ သေရင် updateနောက်ကျတာထက် ဆိုးသြားမွာကိုး😆။ ဘာရယ္မဟုတ္ဘူး။ စာရေးခြင်းတစ်ခန်းရပ်အကြောင်းပြောပြတာ။
Zawgyi
"အယ်...ကိုသာမလား"
အနားသို့ရုတ်တရက်ရောက်လာသော မိန်းကလေးတစ်ယောက်ကြောင့် ဖွင့်ကြည့်လက်စ ဗွီဒီယိုကိုဆတ်ခနဲပိတ်လိုက်ပြီး ပြန်ကြည့်လိုက်သည်။
"ရွက်ဝါ...။ ဒီဆိုင်ကိုလာတာလား"
"ဟုတ်တယ် ကိုသာ"
ကိုသာသည်
You are reading the story above: TeenFic.Net