Part 4

Background color
Font
Font size
Line height

"အ!..ငါ့..ကို..လွှတ်လို့!!!"

မင်းဘယ်သူလဲ ထိုသူစိမ်းရဲ့အသံဟာရေခဲတမျှအေးစက်နေကာတော်တော်လေးကြောက်ဖို့ကောင်းသည်။ချင်းယန်နေရာမှာမိန်းမပျိုလေးတစ်ယောက်သာဆိုရင်ချက်ချင်းကြောက်လန့်လွန်းလို့ ဒူးခွေကျသွားနိုင်သည်လေ

ချင်းယန်တစ်ယောက် အရှေ့ကထိုလူစိမ်းအား ကူညီထားတာကို‌မထောက် နိုးနိုးချင်း လည်ပင်းလာညှစ်တာကြောင့် စိတ်ဆိုးကာ
သူ့မှော်အစွမ်းသုံးကာ တွန်းထုတ်လိုက်တော့်ထိုလူတော်တော်ဝေးဝေးလွင့်ထွက်သွားသည်။

"အ!! အဟွတ်!! ဟွတ်!!"

ထိုလူစိမ်းဆီမှနာကျင်သွားတဲ့အသံထွက်လာတာကြောင့် ချင်းယန်အနည်းငယ်တော့်အားနာမိသွားသည်၊ ဘာလို့ဆိုဟိုကဒဏ်ရာနဲ့လေ.

"တောင်း..တောင်းပန်ပါတယ် မရည်ရွယ်ပါဘူး ခင်ဗျားက ကျွန်တော့်ကို လန့်အောင်လာလုပ်တာကို!!"

ချင်းယန်တစ်ယောက်ထိုလူစိမ်းဆီကို မဝံ့မရဲနဲ့ကပ်သွားကာ အနားရောက်တော့မှ ဒဏ်ရာတွေကိုကြည့်ပြီးပိုအားနာသွားရသည်။

ကျော်ချန်းဝူတစ်ယောက်မိမိကိုတွန်းထုတ်လိုက်ပြီးမှ ဒဏ်ရာတွေကိုကြည့်ကာ အားနာာနေတဲ့ထိုကောင်လေးအား ကြောင်ကြည့်နေမိသည်။ အစကတော့ ထိုကောင်လေးအားရန်သူထင်ပြီး တိုက်ခိုက်သော်လည်း ထိုကောင်လေးကသူ့ကို အလွယ်လေးသတ်လို့ရတာတောင်မသတ်သည့်အပြင် ဂရုစိုက်နေတာကြောင့် အနည်းငယ်‌ေတာ့စိတ်သက်သာရရသွားသည်။

"ငါ မေးတာအခုထက်ထိမဖြေရသေးဘူး
မင်းကဘယ်သူလဲ ဘာလို့ငါ့ကိုကူညီနေတာလဲ?!"

"အာ..? ကျွန်တောါကဒီအတိုင်း..ကမ်းစပ်နားမှာခင်ဗျားကိုတွေ့လို့ စေတနာနဲ့ကူညီပေးတာပါနော် ဘာအကြံနဲ့မှ မဟုတ်ပါဘူး"

"အဆို ...မင်းကဘယ်သူလဲ?"

"ကျွန်တော်က ....အိုက်ယား.!..အခုအဲ့တာကက အရေးမကြီးပါဘူး. ခင်ဗျားဒဏ်ရာတွေကအခြေအနေကောင်းသေးတာမဟုတ်ဘူး
လာပါအရင်အနားယူလိုက်ပါအုံး.."

ချန်းဝူလည်းဘာမှထပ်မပြောတော့ပဲထိုကောင်လေးတွဲခေါ်သွားရာကိုသာလိုက်သွားလိုက်သည်။ ကျောက်ဖြာကြီးတစ်ချပ်ပေါ်တွင် နူးညံ့အောင်ပင်လယ်ရေမှော်များဖြင့်ပြုလာပ်ထားသည့်အပေါ်တွင် ချင်းယန်ထိုလူစိမ်းအားသေချာနေရာချပေးကာ သက်တောင့်သက်တာလှဲစေသည်။

"အခုတော့ နားလိုက်အုံး ကျွန်တော်ခင်ဗျားစားဖို့တစ်ခုခုသွားလုပ်ပေးမယ်နော် ဒီမှာပဲနေခဲ့အုံး ဘယ်မှလျှေက်မသွားနဲ့နော်."

သူ့ကိုစိတ်ပူနေပုံပေါ်ကာတရစပ်အမှာစကားပါးနေသောကောင်လေးကြောင့် ချန်းဝူသဘောတူသည့်အနေဖြင့်ခေါင်းအသာငြိမ့်ပြလိုက်သည်။ ထိုအခါမှကျေနပ်သွားပုံပေါ်သည့်ကောင်လေးသည် ပါးချိုင့်လေးများပေါ်အောင်ပြုံးပြပြီး အလျင်မြန်ပင် ချန်းဝူစားဖို့တစ်ခုခုသွားပြင်တော့သည်။

ချန်းဝူလည်းထိုကောင်လေးထွက်သွားမှ မျက်လုံးအသာမှိတ်ကာ ဖြစ်ပျက်ခဲ့သမျှကိုသူပြန်တွေးနေမိသည်။ သူ့ရဲ့သတင်းပေးတွေစီကနေ ပင်းယီသူ့ရဲ့ညီတော်လေးသတင်းကို ကြားကြားချင်းမှာပင် အရမ်းစိတ်ပူသွားမိသည်။ဘာကြောင့်လဲဆိုတော့ ပင်းယီဟာအခုမှလူ့ဘုံကိုခနတာရောက်ဖူးရုံဖြစ်ပြ္း ရောက်ရောက်ချင်းမှာပင် သူနဲ့မိတ်ဆွေဖြစ်သွားသောသူက နတ်ဆိုးဝိညဉ်သားရဲ ယင်းလုံဖြစ်နေသောကြောင့်ပင်။ သိုသော် ပင်းယီကတော့ထိုအကြောင်းသိပုံမပေါ်ပေ။ ချန်းဝူအစကတော့ ယင်းလုံကသူ့ညီတော်ကို အန္တရာယ်မပြုဘူးဆိုတဲ့စိတ်နဲ့ အနည်းငယ်ဖြေသာသော်လည်း ယင်းလုံရဲ့ ပင်းယီအပေါ်ထားသည့်ခံစားချက်တွေကို သိပြီးသည့်အခါသူတုန့်ဆိုင်းနေလို့မရတော့ပေ။

သူယင်းလုံကိုတားလို့မရရင်တောင် သူ့ညီတော်လေး ပင်းယီကိုအမှန်ပြောပြနိုင်သည့်အခွင့်အရေးတော့ရှိသေးတာကြောင့် ချန်းဝူ တစ်ယောက် ပင်းယီရှိရာ ခွန်းလွန်တောင်သို့ သူ့လက်ပါးစေ အနည်းငယ်နဲ့ထွက်ခွာလာခဲ့သည်

သို့သော်လမ်းတစ်ဝက်မှာပင် နတ်ဆိုးဘုရင်ရဲ့တိုက်ခိုက်မှုကြောင့်ဒဏ်ရာအပြင်းအထန်ရကာအတူပါလာတဲ့လက်ပါး‌ေစ‌ေတွဟာလည်းထိန်းချုပ်ခံလိုက်ရသည်။ပထမကတော့ ချန်းဝူတစ်ယောက် နတ်ဆိုးသခင်ရဲ့ ယင်းလုံးမျက်နှာအသွင်ယူထားမှုကိုသတိမမူမိသော်လည်း သူ့ရဲ့ဒေါသအစွမ်းက ယင်းလုံလောက်မပြင်းထန်တာကြောင့် ချက်ချင်းဆိုသလိုရိပ်မိသွားခဲ့သည်။

နတ်ဆိုးဘုရင်ဟာ သူ့အကြံစီပေါက်ကြားသွားတာကြောင့် ချန်းဝူကိုသတ်ဖို့လုပ်တော့သည်။ ချန်းဝူလည်းအတတ်နိုင်ဆုံးတိုက်ခိုက်ပေမဲ့ ဘယ်လိုမှမယှဉ်နိုင်ဖြစ်နေကာ နတ်ဆိုးဘုရင် ဓါးချက်အောက်မှာ အသက်ပျောက်လုနီးနီးဖြစ်သွားခဲ့ရသည်။ သို့သော်သူမ‌သေခဲ့ပါ နတ်ဆိုးဘုရင်ကတော့သူသေပြီအထင်နဲ့ သူ့အသွင်ယူကာ ယင်းလုံကိုသွားတိုက်ခိုက်တော့သည်။

ချန်းဝူသေချာသည်ကတော့ ယင်းလုံတစ်ယောက်သူမလုပ်တဲ့ဆိုးရွားတဲ့အပြစ်တစ်ခုအတွက် ဒဏ်ခံရတော့မည်ဆိုတာကိုပင်

ချန်းဝူတစ်ယောက်အတွေးလွန်နေတုန်း
ချင်းယန်ပြန်ဝင်လာတာကိုတောင်သတိမထားမိလိုက်ပေ။

ချင်းယန်ဝင်လာတော့ ထိုလူစိမ်းတစ်ခုခုကိုတွေးတောနေပုံနီင့်အတွေးတွေလွင့်နေတာကို သတိထားမိတာကြောင့် အရမ်းလန့်မသွားအောင် အနားကိုဖြေးဖြေးချင်းလျှောက်သွားလိုက်ကာ*

"အဟမ်း !အဟမ်း! ကျွန်တော်ဒီမာ ခင်ဗျားအတွက် ကမာစွန်ပြုပ်လုပ်ပေးလာတယ်
ခင်ဗျားကဒဏ်ရာနဲ့ဆိုတော့ ဒါကဒဏ်ရာတွေကိုကျက်စေတဲ့အပြင် အားလည်း   ပြန်‌ပြည့် လာလိမ့်မယ်"

"အာ..ကျေးဇူးပါ မင်းကိုပင်ပန်းစေမိပြီ"

ချန်းဝူတစ်ယောက် ချင်းယန်ဆီမှ ပန်းကန်ကို ဂရုတစိုက်လှမ်းယူလိုက်သည်

"ရပါတယ် ကျေးဇူးတင်ဖို့မလိုပါဘူး
အကူအညီလိုအပ်နေသူကို ကူညီရမှာက ကျွန်တော့်တာဝန်ဘဲလေ"

"ကျေးဇူးပါ ဘယ်လိုဘဲဖြစ်ဖြစ် မင်းကအရမ်းကြင်နာတတ်တဲ့လူတစ်ယောက်ပဲ"

"ဟုတ်ပါပြီဗျာ အရင်ဆုံးစွတ်ပြုပ်မအေးသွားခင်သောက်လိုက်ပါအုံးနော် "

ချန်းဝူလည်း ခေါင်းညိတ်ကာ ထိုစွတ်ပြုပ်အားသောက်မည်အလုပ် ဇွန်းကိုင်ထားသည့် လက်တွေဟာ အားမရှိတာကြောင့် တုန်ရည်နေခဲ့သည်။သို့သော်လည်း သူကဘာမှမဖြစ်သည့်သယောင် တုန်ရည်နေသောလက်တွေနဲ့ပင် စွတ်ပြုပ်ကိုဆက်သောက်ဖို့လုပ်ခဲ့သည်

ချင်းယန်လည်း သူ့အရှေ့ကလူကိုမကြည့်ရက်တာကြောင့်

*
"ကျွန်တော်ခွံကျွေးပါရစေ ဒီလိုပုံနဲ့ဆိုခင်းဗျားဒီစွတ်ပြုပ်ကို စားရတော့မှာမဟုတ်ဘူး"

ချန်းဝူလည်းထိုကောင်လေးပြောတာဟုတ်နေတာကြောင့်အသာတညီလက်ခံလိုက်လေသည်။

"အာ...လာကျွန်တော်ခွံ့ကျွေးမယ်.."

ချန်းဝူလည်းထိုကောင်လေးပြောတဲ့အတိုင်းပါးစပ်ကိုဟပေးလိုက်ကာ စွတ်ပြုပ်ခွံ့ကျွေးတာကို စားနေခဲ့သည်
စားပြီးတော့။။

"အခုလိုဂရုစိုက်ပေးတာတွေအတွက်ကျေးဇူးပါ"

"မလိုပါဘူး ဒါနဲ့ခင်ဗျားရဲ့နာမည်ကိုအခုထက်ထိမပြောသေးဘူးနော်?"

"ကိုယ့်နာမည်က ကျော်ချန်းဝူပါ နဂါးတိုင်းပြည်ရဲ့အိမ်ရှေ့စံ ပါ"

ချန်းဝူစကားကြောင့်ချင်းယန်တစ်ယောက်မျက်လံုးပြူးသွားကာ ထုင်နေရာမှချက်ချင်းထပြီး!!!

"ကျွန်တော့ရဲ့ ရိုင်းပြမှုအတွက်တောင်းပန်ပ်တယ် ကျွန်တော် ကောင်းကင်စစ်သူကြီးကို တကယ်မသိခဲ့လို့ပါ"

"ရပါတယ် ကိုယ့်ရဲ့ အသက်သခင်ကို အပြစ်မဆိုရက်ပါဘူး အခုမင်းကလဲ့ဘဲ မင်းဘယ်သူလဲ ကိုယ့်ကိုပြောပြပါအုံး"

"ကျွန်တော်က ရေသူမျိုးနွယ်ရဲ့ မင်းသားငယ် မင်ချင်းယန်ပါ စိတ်မရှိရင် မေးခွန်ူတစ်ခုလောက်မေးလို့ရမလား"

"ရပါတယ် မင်းဘာမှန်းသိချင်လို့လဲ?"

"အခုနတ်ပြည်မှာရော လူ့ပြည်မှာပါ ကောင်းကင်စစ်သူကြီကိုသေသွားပြီလို့ပြောနေကြတာ အဲ့တာဘယ်လိုလုပ်!?"

"သူတို့ပြောတဲ့အတိုင်းဖြစ်တော့်မလို သီသီလေးဘဲလိုတော့်တာ မင်းသာမကယ်ခဲ့ရင်ပေါ့
ကိုယ် နတ်ဆိုးဘုရင်ရဒ့ထောင်ချောက်ထဲ မမျှော်လင့်ဘဲရောက်သွားမိတာ အဲ့တာကြောင့်အခြေအနေတွေအခုလိုဖြစ်ကုန်တာ"

"အဆိုခင်ဗျားအသက်ရှင်နေသေးတာသူတို့သိလို့မဖြစ်ဘူး ခင်ဗျားအခုအခြေအနေနဲ့ဆို သူတို့နဲ့တိုက်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး"

"မင်းပြောတာမှန်တယ် ဒါနဲ့ ကိုယ့်ကို
ဝူကောလို့ခေါ်လို့ရတယ်နော် မင်းကြည်ါရတာကိုယ့်ကိုဘယ်လိုခေါ်ရမလဲ စဉ်းစားနေပုံဘဲ"

ချင်းယန်pov: သူအဲ့တာလဘ်းသိတာပဲလည်း ဘာလဲဟသူတို့လိုနဂါးမျိုးနွယ်တွေမှာစိတ်ဖတ်နိုင်တဲ့အစွမ်းတွေဘာတွေများရှိနေတာလား*""

"ဟိတ် ဟိုကောင်လေးကိုပြောတာကြားရဲ့လား?"

"ဟုတ်. ဟုတ်ကြားပါတယ် ဒါနဲ့ ဝူကောလဲ ကျွန်တော့်ကို ချင်းယန် လို့ခေါ်လို့..ရ"

ချင်းယန်စကားမဆုံးခင်ဘဲ ချန်းဝူကစကားဖျက်ပြောလာကာ**"

"ကိုယ်မင်းကို ယန်ယန်လို့ခေါ်လို့ရမလား?'

"အမ်.?...ရ..ရတာပေါ့..ဟဟ!!"

ချန်းဝူpov: ဘယ်လိုတောင်လဲချစ်စရာကောင်းနေတာက မဟုတ်သေးပါဘူးငါဘာတွေတွေးနေမိတာလဲ**

"အဆို ...ဝူကော နားလိုက်တော့်နော် ကျွန်တော်သွားတော့မယ်"

"ယန်ယန်ကိုပင်ပန်းစေမိပြီ"

"ရပါတယ်မလိုပါဘူး ကောကောင်းကောင်းနားပြီးပြန်အားပြည့်ဖို့ဘဲ အရေးကြီးတာပါ"

ချင်းယန်ပြောပြီးတာနဲ့ ချန်းဝူနားလို့ရအောင်ထွက်သွားပေးလိုက်သည်။
နောက်တစ်နေ့လည့်ချင်းယန်ဟာ ချန်းဝူရှိတဲ့နေရာကိုသွားပြီးအဖော်ပြုပေးကာ ဂရုစိုက်ပေးခဲ့သည်။ ဒီလိုနဲ့နေ့တိုင်းချင်းယန်ဟာသွာသွားနေတာကြောင့် ချန်းဝူနဲ့အရင်ကထက်ရင်းနီးလာခဲ့သည်။ ချန်းဝူဟာလည်း ဒဏ်ရာသက်သာသွားသည့်တိုင်အောင် ချင်းယန်အနားကမခွာသေးပေ။ တစ်နေ့တော့

"ယန်ယန်"

"ဟုတ်ကော ?..ပြောလေ တစ်ခုခုလိုလို့လား?"

"မဟုတ်ပါဘူး ကိုယ် ယန်ယန်နဲ့ပင်လယ်ထဲလိုက်ခဲ့လို့ရမလား?"

"ကောလိုက်ချင်ရင်ရတာပေါ့ ကောကလည်းနဂါးပဲဟာ ပင်လယ်ရေကကောကိုလန်းဆန်းစေမှာပေါ့"

"အွန်း ကိုယ်လဲ ပျင်းနေတာနဲ့အတော်ပဲ"

"အဆိုသွားကြမလားကော?"

ချင်းယန်တစ်ယောက် ချန်းဝူကိုလက်ကမ်းပေးလိုက်ကာ အတူသွားဖို့ခေါ်လိုက်သည်။
ချန်းဝူလည်းတုန့်ဆိုင်းခြင်းမရှိဘဲ ထိုလက်လေးအားစွဲကိုင်လိုက်သည်။

ရေသူထီးလေးနဲ့နဂါးလေးတစ်ကောင်ရဲ့ပင်လယ်ကြီးဆီသို့လက်များကိုမြဲမြံစွာကိုင်ထားလျက်အတူတကွဟိုးအနက်ရှိုင်းဆုံးသမုဒ္ဒရာထဲသို့ ထွက်ခွာသွားခဲ့ကြသည်။....
.
.
.
.
.
Upပိစိလေးနောက်ကျသွားတယ်ရော်😘
ပင်းယီလေးရဲ့အကိုတော်ကမသေသေးပါဘူးနော်အခုနှစ်ပိုင်းလုံးအချိုကျွေးပြီးသွားပြီဆိုတော့ ဆီးချိုမဖြစ်ရလေအောင် အခါးလေးတွေလာပါတော့မယ်ရှင့်🫣🫣🫣🫣👌


You are reading the story above: TeenFic.Net