အပိုင်း ၂၀ ZG

Background color
Font
Font size
Line height

မိုးသီးမိုးပေါက်များကတဖြောက်ဖြောက်နဲ့အိမ်ခေါင်မိုးကိုရိုက်ခတ်နေသည်။သစ်ပင်များကစိုစွတ်မှုကိုခံယူကာ လေ၏လွှမ်းမိုးမှုကြောင့်ဟိုဘက်ဒီဘက်ယိမ်းနေကြ၏။
ညပိုင်းမိုးရွာလျှင် တစ်ချို့ကစောင်နဲ့ကွေးကာအိပ်ကောင်းသည်ဟုပြောကြသော်လည်း ခင်နွဲ့မေအတွက်တော့ ထိုစကားသည်မဟုတ်ပေ။

ဘာတွေဆွေးနေတာတုန်း မမကြီးခင်ရဲ့

ပြတင်းပေါက်တွင်ရပ်ကာ မိုးရွာသည်ကိုရပ်ကြည့်နေသောခင်နွဲ့မေအနားသို့ သပြေညိုလာရပ်သည်။တစ်ချက်တစ်ချက် မိုးစက်များက မျက်နှာကို လာစင်သည်။

မိုးရွာတာကိုကြည့်နေတာပါ

ဆောင်းကုန်ခါနီးတာနဲ့မိုးကရွာတော့တာပဲနော်

နွကေူးနေပြီလေ ဒီလိုပဲတစ်ခါတစ်လေရွာတတ်တယ် မိုးကျဲပါ

သပြေညိုက ခေါင်မိုးအစွန်းမှတစက်စက်ကျနေသော ရေစက်များကိုလက်နဲ့လှမ်းခံလိုက်ပြီး ခင်နွဲ့မေကိုစကားပြန်လိုက်သည်။

တော်သေးတယ် မိုးပဲရွာလို့ ကျွန်မကလျှပ်စီးလက်တာနဲ့မိုးခြိမ်းတာဆိုသိပ်ကြောက်တာ လေတိုက်တာကိုလဲကြောက်တယ် လေအရမ်းတိုက်ရင် သစ်ပင်တွေကျိုးကျတတ်တယ်လေ

ခင်နွဲ့မေကခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြသည်။သပြေညိုကပင်စကားဆက်ပြောသည်။

မမကြီးခင်က မိုးရွာတာကိုကြည့်ရတာကြိုက်လား

ကြိုက်တယ်တော့မဟုတ်ပါဘူး။ တစ်ကယ်က ကောင်းကင်မှာသာနေတဲ့ လကို ကြည့်ရတာကြိုက်တာ ကောင်းကင်ကကြည်စင်နေတဲ့အချိန်မှာသာနေတဲ့ဖိုးလမင်းကြီးကိုကြည့်လိုက်ရင်စိတ်တည်ငြိမ်မှုကိုပေးတယ် အေးချမ်းတယ်လို့ခံစားမိတယ်။ ကလေးမကရော

ကျွန်မကတော့ လ ကိုကြည့်ရတာကိုကြိုက်တဲ့ အမျိုးသမီးကိုမြတ်နိုးတာ။ ကျွန်မအတွက်တော့သူ့ကို မြင်ရုံနဲ့အရာအားလုံးဟာလှပတယ်လေ

မမကြီးခင်ကနှစ်လိုဖွယ်ပြုံးပြသည်။

တော်တော်မလွယ်တဲ့ကလေးမပဲ

ကျွန်မတို့အကြောင်းလူတွေသိကုန်ရင်ဘာပြောကြမလဲမသိဘူးနော် မမကြီးခင်

သပြေညိုကသက်ပြင်းတစ်ချက်ချလိုက်သည်။ခင်နွဲ့မေက လေတိုက်လို့သစ်ပင်လှုပ်ရမ်းနေတာကိုစူးစိုက်ကာကြည့်နေ၏။မိုးသံကြောင့်အသံများက တဝုန်းဝုန်းဖြင့်ဆူညံနေသည်။ခင်နွဲ့မေ၏ နှုတ်ခမ်းများကခပ်လေးလေးဖွင့်ဟလာသည်။

ကျုပ်ကတော့အများကြီးမတွေးထားပါဘူး
တွေးစရာလဲမလိုဘူးလေ အချစ်ဆိုတာစတင်ဖို့အတွက်လွယ်ကူပေမယ့် ဆက်လက်တည်မြဲနေဖို့ကခက်တယ်တဲ့။ ကလေးမအပေါ်ထားတဲ့ကျုပ်မေတ္တာကတော့ဒီအတိုင်းလေးတည်နေမှာပါပဲ ကလေးမကထားရစ်ခဲ့လဲ ကျုပ်ကနေရစ်ခဲ့မယ် ကလေးမကိုသောကကင်းဝေးပြီးပျော်ရွှင်စေချင်တယ် ကျုပ်အပါအဝင်ဘယ်သူကမှကြားဝင်ဖျက်စီးပစ်တာကိုမလိုချင်ဘူး ကျုပ်အတတ်နိုင်ဆုံးကြိုးစားပေးမှာပါ

ပြတင်းပေါက်ဘောင်ပေါ်တင်ထားသော ခင်နွဲ့မေ၏လက်ကို သပြေညိုကလှမ်းကိုင်လိုက်သည်။ခင်နွဲ့မေက သစ်ပင်မှအကြည့်ခွာကာ သပြေညိုဘက်သို့လှည့်လိုက်သည်။

မမကြီးခင်က ကျွန်မကိုနားမလည်သေးဘူးပဲ ။ ကျွန်မနဲ့မမကြီးခင်ဟာ အတူဖြစ်နေပြီဆိုတာမခံစားမိဘူးလား ကောင်းခြင်းဆိုးခြင်းမှန်သမျှဟာ နှစ်ယောက်လုံးအပေါ်မှာလာရိုက်ခတ်ပြီး နှစ်ယောက်ဟာတစ်ယောက်ထဲဖြစ်နေပြီ နှလုံးသားနှစ်ခုဟာတစ်ခုထဲဖြစ်နေပြီ ဒါကိုမမကြီးခင်ကမသိသေးဘူးလား

သပြေညို၏စကားကို ခင်နွဲ့မေက နှစ်လိုဖွယ်ပြုံးကာထောက်ခံလိုက်သည်။သပြေညိုကခင်နွဲ့မေ၏လက်ကိုဆုပ်ကာဖျစ်ညှစ်လိုက်တော့ ခင်နွဲ့မေကပါတုံ့ပြန်လာသည်။ပြီးနောက် မိုးရွာသဖြင့်စိုစွတ်နေသာလမ်းမဘက်အား ပြိုင်တူ အကြည့်ပို့လိုက်ကြသည်။

လက်ပံပင်တစ်ပင်လုံးနီရဲကာပွင့်နေသည်ကိုအကြောင်းပြချက်မဲ့စွာမော့ကြည့်နေမိသည်။
နွရောသီဆိုလျှင် လက်ပံပွင့်သည်ဟုငယ်ငယ်ကမှတ်သားခဲ့ဖူးသည်။နွဆေိုသော်ငြား တစ်ခါတစ်ခါမိုးရွာတတ်သည်မို့မြေသင်းနံ့ကထုံနေသည်။နေအရမ်းပူပြီးနောက် မိုးတစ်ပြိုက်နှစ်ပြိုက်လောက်ရွာပြီးလျှင်မြေသင်းနံ့ရတတ်သည်။ မိုးရွာပြီးခါစမြေသင်းနံ့ သင်းသင်းလေးကိုသပြေညိုသဘောကျလှသည်။ တစ်ချို့ကမြေခိုးငွေ့ဟုခေါ်သည်။သပြေညိုကတော့ မြေသင်းနံ့ဟုသာမှတ်ထားသည်။ မြေသင်းနံ့ အများကြီးရှူမိလျှင် မျက်စိနာတတ်သည်ဟုလည်း တစ်ခါထဲမှတ်သားခဲ့ဖူးသည်။

မသပြေညို ဒီနေ့စောစောစီးစီးနိုးနေပါ
လားဗျာ့

ကိုအောင်သင်းစကားကြောင့် သပြေညိုရှက်သွားသည်။ဒီနေ့စောစောစီးစီးနိုးနေပါလားဆိုတော့ အရင်နေ့ကစောစောမနိုးဘူးဆိုသည့်သဘောမဟုတ်လား ။ တစ်ပတ်တစ်ခါ သစ်ရုံးသို့သွားရန် ကိုအောင်သင်းကရောက်ရောက်လာကာ ခေါ်တတ်သည်။ပြီးမှ နှစ်ယောက်အတူ ရုံးသို့သွားကြရသည်။ ရုံးမှာက
သပြေညိုအတွက်လုပ်စရာများများစားစားမရှိပေ။ တာဝန်ခံဖြစ်သည့်အတွက် စီမံရေးနှင့်အုပ်ချုပ်ရေးသာ ဖြစ်သောကြောင့် တစ်ပတ်တစ်ခါမှသာရုံးသို့သွားကာ စီမံပေးရသည်။

ကိုအောင်သင်း မနက်စာစားခဲ့ရဲ့လား မစားရသေးရင်ဒီမှာစားသွားပါလား

စားခဲ့ပါတယ်ဗျာ မသပြေညိုသာလုပ်စရာရှိရင်လုပ်ပါ ကျွန်တော်စောင့်နေပါ့မယ် အရင်အတိုင်းပဲဗျို့

ကိုအောင်သင်းက ရွှတ်နောက်နောက်ပြောသည်။အရင်က သပြေညိုမှာ မနက်၇ခွဲကာမှ နိုးတတ်သည်မို့ မနက်၇နာရီတွင်ရောက်ရောက်လာတတ်သော ကိုအောင်သင်းက သပြေညိုမနိုးမချင်းထိုင်စောင့်နေတတ်သည်။

အကုန်ပြီးပါပြီကိုအောင်သင်းရယ် ဒီနေ့တော့စောစောသွားလို့ရပါပြီ

ကိုအောင်သင်းကတဟားဟားနဲ့အော်ရီသည်။
သပြေညိုကလဲအလိုက်သင့်ရောယောင်ကာရီသည်။

သစ်ရုံးမှအပြန်တွင်တော့တစ်ခါတစ်ခါနှင်းပွင့်ကလာခေါ်တတ်သည်။မမကြီးခင်ကတော့ နဂိုထဲကအလုပ်များသူမို့ တော်ရုံမလာတတ်ပေ။ကိုယ့်ရပ်ကိုယ့်ရွာဆိုလျှင်တောင် မလုံခြုံသည်မို့ တစ်ခြားနေရာဒေသတွင်ရောက်နေသော သပြေညိုမှာ ဘယ်တော့မှတစ်ယောက်ထဲ နေစောင်းအောင်မနေတတ်။ သပြေညိုရွာလမ်းအတိုင်းလျှောက်လာခဲ့သည်။ တစ်ယောက်ထဲဖြစ်သည်မို့အနည်းငယ်တော့ စိတ်ထဲကြောက်ရွံ့စိတ်ရှိသော်လည်း မျက်နှာထားကိုတော့တင်းနိုင်သမျှတင်းထားသည်။

ခင်ထွေး၏မျက်နှာမှာဖြူလျော့နေသည်။ အဝေးမှကြည့်ရုံဖြင့် ငိုထားမှန်းသိသာသည်။
အင်္ကျီများမှာလည်း အနည်းငယ်ဖရိုဖရဲဖြစ်နေသည်။လက်သီးကိုဆုပ် ခေါင်းကိုငုံ့ကာ သပြေညိုနဲ့မျက်နှာချင်းဆိုင်လျှောက်လာသည်။ခေါင်းကိုငူံ့ထားသည်မို့ ခင်ထွေးကသပြေညို့ကိုမမြင်။ သပြေညိုနဲ့တဖြေးဖြေးနီးကပ်လာသည့်တိုင် ခင်ထွေးဘက်မှသပြေညို့ကို မြင်ပုံမရ။ အရင်ကဆိုရင် သပြေညို့ကို မြင်သည်နှင့် ရှိသမျှအပြုံးတို့ကို ပါးဝယ်ဆင်မြန်းကာ အနားသို့အပြေးလာတတ်သည်။

ခင်ထွေး

သပြေညိုခေါ်လိုက်တော့ ခင်ထွေးက တစ်ချက်တုန်သွားကာ မော့ကြည့်လာသည်။ သပြေညိုကိုမြင်သည်နှင့် သူမ၏မျက်နှာပေါ်ကမျက်ရည်များကို လက်ဖြင့်အတင်းသုတ်ကာ အသက်မပါသောမျက်ဝန်းများဖြင့်ပြုံးပြလာသည်။

ဘာဖြစ်တာလဲခင်ထွေး ဘာဖြစ်လာတာလဲဘာလို့ငိုနေတာလဲ ငါ့ညီမရယ်

အမေးစကားကိုကြားသည်နှင့် အားမရှိသောလူပမာ သပြေညို၏ရင်ခွင်ထဲသို့ခေါင်းဝင်ကာအတင်းငိုရှိုက်လေတော့သည်။ပြီးနောက် ငိုနေရင်းဖြင့် စကားကိုဗလုံးဗထွေးပြောလေသည်။ ထိုစကားများထဲကတစ်ခုကိုတော့ သပြေညိုကောင်းစွာကြားလိုက်ရသည်။
ကိုယ့်နားကိုယ်ပင် မယုံချင်တော့။ဘာတွေဖြစ်ကုန်တာလဲ ဘယ်ကစမှားတာလဲ။

     အရာအားလုံးဟာအကျိုးသင့်
အကြောင်းသင့်ဖြစ်ပေါ်လာသည်ဆိုလျှင် အမှားမရှိပါပဲနှင့် ပြုမူခံလိုက်ရသောတစ်ချို့အရာများ၏အဖြေသည်အဘယ်မှာနည်း။အရာအားလုံးသည် ဘယ်ကစ၍မှားသည်လဲ။ အမှားကိုစ၍ရှာမရသော်လည်း ကိစ္စများသည်ထိုနေ့ကစခဲ့သည်။

မိုးများသည် သည်းကြီးမည်းကြီးရွာမနေခဲ့ပါ။နေပူလျှက်ကမိုးဖွဲများကျနေသည်။

ထိုအခါမျိုးတွင်သက်တံ့ပေါ်တတ်သည်။သက်တံ့ပေါ်လျှင်လူတွေကပျော်ကြသည်။ဓာတ်ပုံရိုက်ကြသည်။မိုးပေါ်သို့ ခေါင်းငဲ့ကာကြည့်ရှူတတ်ကြသည်။ သက်တံ့ကလူအများကြည့်ရှူရန်ကောင်းကင်တွင်တောက်ပနေသော်လည်း မြေပြင်တွင်တော့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်၏ဘဝ ရိုက်ချိုးခံလိုက်ရလေသည်။

ခင်ထွေး ခင်ထွေး။ ဟာ ဒီကောင်မလေးဘယ်ရောက်နေတာတုန်းဟ

လာပြီအကို

သော့တွဲကိုအပြေးယူကာအကို့ကိုတံခါးဖွင့်ပေးလိုက်သည်။အကိုသည် အသားဖြူ၊မျက်ခုံးမွှေးထူကာ သန့်ပြန့်သောရုပ်ရည်ရှိသူဖြစ်သည်။ခင်ထွေးထက် ၆နှစ်မျှကြီးသော အကိုသည် ခင်ထွေးအပေါ်သို့ ကောင်းသည့်အခါလဲရှိသည်၊ဆူပူကြိမ်းမောင်းသောအခါလဲရှိသည်။ မည်သို့ပင်ဖြစ်စေ အကိုရင်းမဟုတ်သော်ငြား ခင်ထွေးသည် အကို့ကိုချစ်သည်။

အမေနဲ့အဖေရော ပြန်မရောက်သေးဘူးလား

မရောက်သေးဘူးအကို ဒီနေ့ရောက်မယ်တော့ပြောတယ် ခရီးကြန့်ကြာနေတယ်ထင်တယ်

အေအေ နင်ရောဘာစားပြီးပြီလဲ

ခင်ထွေးခေါင်းရမ်းပြလိုက်သည်။

နေစောင်းနေပြီလေခုထိမစားရသေးဘူးလား ဒါဆို သွား ။ ကြီးပုတို့ဆိုင်မှာ ထမင်းဟင်းကျန်သေးလားကြည့်ပြီး သွားဝယ်ခဲ့ အပြန်ကျရင်ငါ့အတွက်အရက်တပုလင်းပါဆွဲခဲ့ ကြားလား

အကိုကအသံမြှင့်ကာအော်ပြောသည်မို့
ခင်ထွေး ခေါင်းအမြန်ငြိမ့်ပြကာ ထွက်လာခဲ့သည်။အကို့တွင်အကျင့်ဆိုးတစ်ခုရှိသည်။အရက်မူးသည့်အခါ သွေးဆိုးတတ်ခြင်းပင်ဖြစ်သည်။တစ်ခါတစ်ခါ ခင်ထွေးကိုရီဝေသောအကြည့်များဖြင့်ကျူးကျော်တတ်သေးသည်။ထိုအခါမျိုးတွင် အကြောင်းအမျိုးမျိုးပြကာ ရှောင်ထွက်ရသည်။ အခုလဲ အမေနဲ့အဖေကခရီးထွက်သွားသောကြောင့် ဘယ်သူမှမရှိပေ။ ကိုယ့်အန္တရာယ် ကိုယ်ကြည့်ရှောင်ရပေမည်။

ကြီးပုဆိုင်မှကျန်သောဟင်းနဲ့ အရက်တစ်လုံးဝယ်ကာ အမြန်ပြန်လာခဲ့သည်။ ကြာနေလျှင်လည်းအကိုကမကြိုက်တတ်။ အိမ်သို့ပြန်ရောက်တော့ ထင်သည့်အတိုင်းပင် အကိုက မျက်မှောင်ကြုတ်ကာ ထမင်းစားပွဲတွင်အသင့်စောင့်နေသည်။

ထမင်းပွဲပြင်လိုက် နင်ရောအတူလာစား

ဟို ခင်ထွေးမဆာသေးဘူးအကို။ နောက်မှ

ဘာနောက်မှလဲ ခုလာစား အလုပ်မရှုပ်နဲ့

အကို့ရဲ့စကားကိုနားမထောင်၍မရသောခင်ထွေးမှာ ထမင်းစားပွဲသို့ထိုင်ပြီးသားဖြစ်ရပြန်သည်။ ထမင်းစားပြီးနောက် အကိုအရက်သောက်တာထိုင်စောင့်ပေးရသေးသည်။မူးရူးနေတုန်းပြောသည့်စကားများကိုလဲနားထောင်ပေးရသေးသည်။အကိုပြောသောစကားများတွင် ကြက်ဝိုင်း၊ဖဲဝိုင်းများဆီကအကြောင်းလဲပါသည်။ ရွာကမိန်းကလေးများကို ရေတွင်းတွင်သွားပိုးတော့
မိန်းကလေးများဘက်မှလဲရေလာမြောင်းပေးပြန်လုပ်သည့်အကြောင်းများလဲပါသည်။ခင်ထွေးမှာ မညီးမညူနားထောင်ပေးရတတ်သည်။

နေကအနောက်ဘက်သို့ဝင်လုပြီ။မိုးကလဲသည်းကြီးမည်းကြီးရွာချချင်လာသည့်အရိပ်အယောင်များပြနေသည်။သက်တံ့သည်လဲမရှိတော့။အကိုကတော့အရက်ဝိုင်းတွင်ရှိနေသေးသည်။ထွန်းထားသောဖယောင်းတိုင်မီးကလဲလေအဝှေ့ကြောင့်ငြိမ်းချင်ချင်။

အကို မှောင်လာပြီ တော်သင့်ပြီထင်တယ်

ငါ့ကိုဆရာကြီးလာမလုပ်စမ်းပါနဲ့။ငါအရက်သောက်နေတုန်းတားရင် သေအောင်ရိုက်သတ်ပစ်ချင်တာပဲ

မဟုတ်ပါဘူး ခင်ထွေးကအကို အရမ်းမူး..

အကိုကအရက်ပုလင်းကိုစားပွဲပေါ်မှပုတ်ချလိုက်သည်။ပြီးနောက် ဖန်ခွက်ထဲတွင်ကျန်သော အရက်ကိုအကုန်အစင်မော့သောက်လိုက်သည်။ခင်ထွေးကထသွားရန်ကြံတော့
ခင်ထွေးလက်ကိုအတင်းဆွဲထားသည်။

အကို ခင်ထွေးနားတော့မယ် လွှတ်ပေးပါ
ဒါတွေမနက်မှသိမ်းလိုက်မယ်

အကိုကဘာမှပြန်မပြောပဲ ခင်ထွေးကိုအတင်းသိမ်းကြုံးဖက်သည်။

အကို လွှတ်ပေးပါ လွှတ်ပေးပါအကိုရယ်

အမှောင်သည်မကောင်းမှုကိုအားပေးသည်။ရုန်းကန်နေရသောခင်ထွေး၏အသံသည်တဖြေးဖြေးတိုး၍လာသည်။အကိုသည် အတွေ့ကိုမလွန်ဆန်နိုင်စွာအဆုံးထိတိုးသည်။၁၅နှစ်အရွယ်ကောင်မလေးသည် သူမ၏ မွေးစားအကို၏လက်ထဲတွင် ကြေမွသွားခဲ့သည်။

တောက်စ်

ယူကြုံးမရဖြစ်သံနဲ့ ဝမ်းနည်းသံရောယှက်နေသောတောက်ခေါက်သံပေါ်၍လာသည်။ နေမင်းကြီးကနီရဲသွေးကာ အနောက်တောင်များဆီသို့ဝင်ဟန်ပြနေသည်။လွန်ခဲ့သော ၁၀ နှစ် ဒီအချိန်မျိုးတွင် ခင်ထွေး၏ဘဝခရီးသည်မစတင်ရသေးပဲဆုံးခဲ့ရသည်။

နောက်တော့ဘာဆက်ဖြစ်လဲ

အဲ့ဒီနေ့ပြီးတဲ့နောက်မှာ အကိုကတကယ်ပဲမသိတာလား၊မသိချင်ယောင်ဆောင်လိုက်တာလားတော့မသေချာဘူး ခင်ထွေးကိုပုံမှန်အတိုင်းဆက်ဆံတယ်။ခင်ထွေးကလဲ ပြီးခဲ့သမျှအစမဖော်ချင်တာရယ် အဖေ၊အမေတို့ရဲ့ကျွေးမွေးစောင့်ရှောက်ထားတဲ့ကျေးဇူးတွေကြောင့်ရော ငြိမ်နေခဲ့တယ်

၁၅နှစ်အရွယ်ကောင်မလေးတစ်ယောက်သည် ရင့်ကျက်သည်ဟုပြောရမလား၊ ကျေးဇူးတရားများကြောင့်ငြိမ်ခံလိုက်ရသည်ပြောရမလား။ နေရပ်ဒေသအသီးသီးတွင် ထိုကဲ့သို့ မတရားပြုမူခံရပြီး နှုတ်ပိတ်နေခဲ့ရသော အမျိုးသမီးတွေဘယ်လောက်တောင်ရှိနေပြီလဲ။

နောက်တော့ခင်ထွေးမှာကိုယ်ဝန်ရှ်ိလာတယ်။ ခင်ထွေးလဲဘာလုပ်ရမှန်းမသိ၊ငယ်လဲငယ်သေးတော့ နောက်ဆုံးအကို့နဲ့မိဘတွေကိုဖွင့်ပြောခဲ့တယ်။ သူတို့ကဘယ်သူ့ကိုမှပြန်မပြောဖို့နဲ့ ကလေးကိုဖျက်ချဖို့ပြောခဲ့တယ်။ ခင်ထွေးကငယ်သေးပေမယ့် မလုပ်ရက်ဘူးအစ်မသပြေ ။ နောက်တော့သူတို့လဲ တားမရမှန်းသိတော့ သူတို့ဆွေမျိုးတော်တဲ့ အဒေါ်တစ်ယောက်ဆီမှာပို့ထားပြီးမွေးခိုင်းခဲ့တယ်
ကလေးကိုလဲ အဲ့မှာပဲထားခဲ့ကြတယ်

ကိုတင်မင်းက ခင်ထွေးကိုလက်ထပ်မယူဘူးလား သူ့ကလေးကိုရောမမွေးဘူးလား

ခင်ထွေးကခေါင်းရမ်းပြသည်။

အကိုက အမှားတစ်ခုပဲတဲ့။တာဝန်မယူနိုင်ဘူးပြောတယ် ကလေးကိုလဲတစ်ခါမှမကြည့်ဘူး ခုထိသူ့ကလေးသူမတွေ့ဖူးဘူးအစ်မသပြေ

ဒါဆို ရထားပေါ်မှာတွေ့ခဲ့တဲ့ ကလေးက ခင်ထွေးကလေးလား

ဟုတ်တယ်အစ်မသပြေ။ အဲ့နေ့က သားလေးကို ပျဉ်းမနားကသွားခေါ်လာတာ လမ်းမှာကလေးကဖျားတော့တာပဲ။ ဖြစ်ချင်တော့ ပစ္စည်းတွေကရထားပေါ်မတက်ခင်မှာပျောက်သွားတယ် ရထားလက်မှတ်လဲပါသွားတယ် အဲ့ချိန်မှာအစ်မသပြေနဲ့တွေ့တာပဲ

ကလေးကခုဘယ်မှာလဲ

သားလေးက ဟိုဘက်ရွာကခင်ထွေးသူငယ်ချင်းဆီမှာထားထားတယ်

ခုကဘာဖြစ်လာတာလဲ

အကို အရက်မူးနေပြန်ပြီအစ်မသပြေ
အကိုအရက်မူးတိုင်းမှာ ခင်ထွေးကအဖြည့်ခံပဲ။ အစကတော့ ဖြစ်သမျှအကြောင်းအကောင်းကြည့်ပဲဆိုပြီးငြိမ်ခံပါတယ် မဟုတ်ရင်လဲခင်ထွေးမှာသွားစရာမရှိဘူး သူတို့ကျေးဇူးတွေလဲခင်ထွေးမှာရှိတယ် ခုတော့ဒီဘဝကိုခင်ထွေးငြီးငွေ့နေပြီ ဒါကြောင့်အကို့ဆီကအတင်းထွက်ပြေးလာတာ

အစ်မကိုပြောတော့ ခင်ထွေးတို့ကမောင်နှမအရင်းဆို ဘာလို့လိမ်ပြောရတာလဲ

လိမ်ချင်လို့လိမ်ရတာမဟုတ်ပါဘူးအစ်မသပြေရယ် အကိုကဒီလိုပြောခိုင်းတာပါ အကိုကအစ်မသပြေကိုလိုချင်နေတယ်လေ
ခင်ထွေးကသူ့စကားနားထောင်လို့မရဘူး ခင်ထွေးကိုခွင့်လွှတ်ပါ

လက်အုပ်ချီကာပြောလာသောခင်ထွေးလက်ကိုဆုပ်ကိုင်ကာကျောကိုပုတ်ပေးလိုက်သည်။
အဆင်ပြေနေတယ်ထင်ရပေမယ့် တစ်ချို့ဘဝတွေမှာလူမသိအောင်ဒုက္ခခံနေကြရတာတွေရှိနေကြပါလား။ခင်ထွေးဘယ်လောက်တောင် သောကတွေခံစားခဲ့ရတာပါလဲ။ကိုယ်ချင်းစာပါတယ်၊ခံစားမိပါတယ်ဘယ်လောက်ပဲပြောပါစေ ကာယကံရှင်လောက်ဘယ်သူမှ
သေချာမသိနိုင်ဘူးမဟုတ်လား....

              ----------------------------

       


You are reading the story above: TeenFic.Net