Part 41 (Unicode)

Background color
Font
Font size
Line height

ကားဘီးလေးက တစ်လိမ့်လိမ့်နဲ့ အရှိန်က သိသာစွာ နှေးသွားပြီး ခြံဝန်းတစ်ခု၏ အကွာအဝေးတစ်နေရာစာတွင်ရပ်လိုက်သည်။ Joy စာထဲမှ လိပ်စာကိုကြည့်လိုက်ပြီး နေရာမှန်ရောက်သွားသဖြင့် ကားပေါ်မှ နောက်လူတစ်ယောက်ကို ပြောလိုက်သည်။

" ဒီနေရာပဲ လိပ်စာထဲကနေရာပဲ "

ဦးဂုဏ်မင်းလတ် ကားတံခါးဖွင့်ပြီးဆင်းလိုက်သည်။ ပန်းပင်မျိုးစုံ စိုက်ပျိုးထားပြီး အပြာရောင်ခြယ်ထားတဲ့ သစ်သားစာပွဲဝိုင်းလေးနဲ့ သစ်သားထိုင်ခုံရှည်လေးမှာ ထိုင်နေတဲ့ ကျောပြင်ငယ်လေးကို တွေ့လိုက်ရသည်။ ထိုင်ခုံပေါ်က ကောင်လေးမှာ အခုလေးတင် ခူးထားတဲ့ ပန်းများကို ကပ်ကြေးနဲ့ အရိုးတံများကို တိပြီး ပန်းအိုးလေးထဲ ထိုးစိုက်နေသည်။

ခါးလောက်ပဲရှိတဲ့ သစ်သားခြံတံခါးလေးကို တွန်းဖွင့်လိုက်ပြီး ဦးဂုဏ်မင်းလတ်ရဲ့ ခြေလှမ်းတွေက နှေးကွေးနေပေမယ့် ပေါ့ပါးလို့နေသည်။

" ကလေး "

ကြည်ကြည်လင်လင်ထွက်ပေါ်လာတဲ့ ဦးဂုဏ်မင်းလတ်အသံကြောင့် ထိုင်ခုံပေါ်က ကောင်လေးရဲ့ လှုပ်ရှားမှုက ရုတ်တရက်ရပ်တန့်သွားပြီး အံအားသင့်ဖွယ် မျက်ဝန်းတွေနဲ့ လှည့်ကြည့်လာတယ်။ ထိုနောက် ကောင်လေးက သူလက်ထဲ ပန်းတွေကို ပစ်ချလိုက်ပြီး ထိုခေါ်သံပိုင်ရှင်ဆီ ပြေးကာ ရင်ခွင်ထဲ ခိုဝင်လိုက်သည်။

" အကို "

ပြဒါးမှိုင်း သူဆေးရုံမှာ ပိတ်ခံထားခဲ့ရတဲ့တစ်လျှောက်လုံး အပြင်လောကမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ သိခွင့်မရခဲ့ဘူး။ ဒါပေမယ့် အဏ္ဏဝါက ဖြစ်ခဲ့သမျှကို အကျဥ်းချုပ်ပြောပြခဲ့တယ်။ အကို ကားတိုက်မှုဖြစ်ခဲ့တဲ့အကြောင်းရောပေါ့။

" အကို....ဟင့် တကယ် အကိုဖြစ်နေတာပဲ...ကျွန်တော်မြင်ယောင်နေတာမဟုတ်ဘူးမလား....အကိုမလား "

သူ့ကို အသည်းသန်ဖက်ထားရင်း ကြောက်ရွံနေတဲ့ ကလေးကို ဦးဂုဏ်မင်းလတ် ပြန်လည်ပြီး တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။

" ကိုယ်ပါ...ကိုယ်အခု ကလေးဆီရောက်လာပြီ... မကြောက်နဲ့တော့ ကိုယ်ရောက်လာပြီ "

" ဒီနှစ်တွေ အကိုအဆင်ပြေရဲ့လား... ဟင့်... အကို ကားမတော်တဆမှုဖြစ်သေးတယ်ဆို "

ဦးဂုဏ်မင်းလတ် ပြဒါးမှိုင်းရဲ့ မျက်ရည်ကြည်လေးများကို သုတ်ပေးလိုက်ပြီး ရှိုက်နေတဲ့ နှုတ်ခမ်းသားလေးတွေကို စုပ်နမ်းလိုက်သည်။ သူတို့နှစ်ယောက်ရဲ့ အနမ်းလေးတွေကြား နွေးထွေးတဲ့ လေထုလေးဖြစ်ပေါ်လာသည်။

" ကိုယ် အဆင်ပြေပါတယ် ကိုယ်က အသုံးမကျတဲ့သူတစ်ယောက်ပါ ကလေးကို ဒုက္ခတွေ အမြဲခံစားခိုင်းရလို့ ကိုယ်တောင်းပန်ပါတယ် "

" ဟင့်အင်း မတောင်းပန်ပါနဲ့ ကျွန်တော်က အကိုကိုချစ်တာမို့ ကျွန်တော် ဒီထက်ပိုကြီးတဲ့ အန္တရာယ်လည်း မကြောက်ပါဘူး "

"ကိုယ်ကလေးကို ထပ်ပြီး အန္တရာယ်တွေ မခံစားခိုင်းတော့ဘူး ကိုယ်အဆုံးထိ ကာကွယ်ပေးပါ့မယ် "

ထို့နောက် နှစ်နှစ်ကြာ ဝေးကွာနေတဲ့ သူတို့နှစ်ယောက်လည်း တင်းကြပ်စွာ ဖက်ထားသည်မှာ တစ်ယောက်ကို တစ်ယောက် ထပ်ပြီးပျောက်ကွယ်သွားတော့မဲ့အလား

Joy ခြံဝန်းလေးထဲ ကြည်နူးစရာအတွဲလေးကို ကြည်ရင်း သူရင်ဘတ်မှာ အမည်မသိတဲ့ခံစားချက်မျိုး ခံစားလိုက်ရသည်။ ဒီလူက သူဆီမှာနေတာ တစ်လတောင် မပြည့်သေးပေမယ့် သူသံယောဇဥ်တွဲနေမိတာလား

Joy သူနဲ့ ဦးဂုဏ်မင်းလတ် စပြီးတွေ့ခဲ့တဲ့အချိန်ကနေ အခုထိ သူတို့နှစ်ယောက်ကြားက ဖြစ်ရပ်လေးတွေ ခေါင်းထဲဝင်လာသည်။ ဒီမှတ်ဥာဏ်တွေက တစ်နေ့ကြသူအတွက် အရေးမပါတဲ့ မှတ်ဉာဏ်တစ်ခုအဖြစ်ပြောင်းလဲသွားမှာပါ...
အချိန်တစ်ခုကြာရင်ပေါ့

နောက် Joy လှည့်ထွက်လာကာ ကားလေးမောင်းရင် ထိုနေရာကို စွန့်ခွာခဲ့တော့သည်။

>>>>>>>>>>>>>>>>>

တစ်ပတ်တောင် ကြာသွားပေမယ့် သူတိုက်ခန်းခဏပြန်ဖို့ ကိစ္စကို အဏ္ဏဝါက ပိတ်ပင်ထားတုန်းပဲ။ အဏ္ဏဝါရဲ့ ပိတ်ပင်ထားတဲ့ ကြားထဲ ဒီနေ့တော့ ပြဒါးရိုင်း တိုက်ခန်းသို့ ရောက်အောင်လာခဲ့တယ်။ Joy နဲ့အတူတူပေါ့ ။ Blue Eyes ကုမ္မဏီက ဦးဆောင်ပြီးကျင်းပမဲ့ လက်ဝတ်ရတနာ ဒီဇိုင်းပြိုင်ပွဲက ရောက်ရှိလာဖို့ ဆယ်ရက်သာကျန်တော့တယ်။ အခုထိလဲ ရိုင်းသူကိုယ်သူ လုံလုံလောက်လောက်ပြင်ဆင်ပြီးသားလို့ မခံစားရဘဲ ကိုယ်ကိုကိုယ် အားမရသေးတာကြောင့် ဒီရက်ပိုင်းအတွင်း ပြင်ဆင်ရန်အလျှင်လိုနေသည်။

ပြဒါးရိုင်းတို့ရဲ့ တိုက်ခန်းအဆောက်အဦးရဲ့ကားပါကင်မှာ ကားထိုးဖို့လုပ်လိုက်ပေမယ့် တစ်ဖက်ကားတစ်စီးက အလျှင်မြန် ကားပါကင်နေရာကိုလာလုတာမို့ ကားချင်းတိုက်မိကာ အနည်းငယ်ပွန်းပဲ့ကုန်သည်။တစ်ဖက်ကားမှ လူလတ်ပိုင်းအရွယ် ဗိုက်ပူပူဦးလေးကြီးထွက်လာပြီး ရိုင်းတို့ကို ပြဿနာရှာတော့သည်။

" မင်းတို့ ထွက်ခဲ့စမ်း မင်းတို့လုပ်လိုက်တာ ငါကား ပွန်းကုန်ပြီ "

ထိုဦးလေးကြီးက ကားတံခါးကို ခြေထောက်နဲ့ပြင်းပြင်းထန်ထန်ကန်ပြီး ပြောနေသည်။ Joy မောင်းသူနေရာကနေ ဆင်းလာပြီး ပြေလည်ရာ ပြေလည်ကြောင်း ညှိုနှိုင်းနေသည်။ ရိုင်းလဲ ထပ်မစောင့်နိုင်တော့တာကြောင့် Joy ကိုပြောလိုက်သည်။

" အာမခံ ကုမ္မဏီကိုဖုန်းဆက်လိုက် ပြီးတော့ ရှေ့နေကိုခေါ်ပြီး ဖြေရှင်းလိုက် ဘယ်သူအမှားလဲဆိုတာ သိသာနေတာကို ငါတို့ကို လာလိမ်ချင်နေသေးတယ် "

ရိုင်း CCTV ကိုလက်ညိုးထိုးပြပြီးပြောပြပြီးတာမဲ့ ဓာတ်လှေကားနဲ့ သူတိုက်ခန်းဆီဦးတည်လာတော့သည်။  Joy လည်း ရိုင်းညွန်ကြားတဲ့အတိုင်း ဆောင်ရွက်ရန်ပြင်တော့ တစ်ဖက်ဦးလေးကြီးက ကြောက်ကြောက်လန့်လန့်နဲ့ သူတို့ကို ကားလျော်ကြေးပဲ ပေးဖို့​ ပြောလာတယ်။

မှားတာသူတို့လေ ဘာကြောင့် ငါတို့က လျော်ကြေးပေးရမှာ....

" ကျွန်တော်တို့ ရှေ့နေလာတဲ့အထိ စောင့်လိုက်ပါ ခင်ဗျားအတွက် တရားမျှတမှုရှိရှိဆောင်ရွက်ပေးမှာပါ "

ရိုင်း သူ၏တိုက်ခန်းတံခါးကို ဖွင့်ကာဝင်လိုက်သည်။ တစ်ပတ်လောက် လူမနေသည်တိုက်ခန်းက သန့်ရှင်းလို့နေသည်။ အဏ္ဏဝါ သန့်ရှင်းရေးသမားငှားထားလို့လား။ ရိုင်း အရမ်းကြီးတွေးမနေတော့ဘဲ သူရဲ့အခန်းထဲက ဒီဇိုင်းစာအုပ်ကိုယူလိုက်ပြီးထွက်သွားရန်ပြင်လိုက်ပြီး တုန်ခါနေတဲ့ဖုန်းကို ကိုင်လိုက်သည်။

"ဟယ်လို မောင် "

" အရိုင်းတုံးလေး ဘယ်မှာလဲ "

" ငါ... ငါအိမ်မှာလေ "

ပြဒါးရိုင်း ခပ်တည်တည်နဲ့ ညာလိုက်သည်။

" သေချာလို့လား မောင်ကိုမလိမ်နဲ့ "

"ဟီး ငါအခု တိုက်ခန်းပြန်ရောက်နေတယ် အခုချက်ချင်းပဲ ပြန်...."

စကားပင်မဆုံးသေး ပြဒါးရိုင်း လည်ပင်းနားမှ စူးကနဲ နာကျင်သွားတာကြောင့် အနောက်ကိုလှည့်ကြည့်လိုက်တော့ ကြောက်စရာကောင်းတဲ့ အငွေ့သက်များ လွမ်းခြုံနေတဲ့ ဂိုဏ်လ်းပင်။

" ဂိုဏ်လ်း မင်း....မင်းဘယ်လိုလုပ်.. "

ပြဒါးရိုင်း စကားပင်မဆုံးသေး သူရဲ့မျက်ခွံများဟာ ထိန်းမရတော့ဘဲ မှိတ်ကျသွားတော့သည်။

ကြမ်းပြင်ပေါ်မှ ဖုန်းလေးထဲကနေ အဏ္ဏဝါ၏ စိုးရိမ်ပူပန်မှုကြောင့် အလောကြီးနေတဲ့ အသံကိုကြားနေရသည်။

ဂိုဏ်လ်း သူ၏အနက်ရောင် Boot ဖိနပ်ဖြင့် ဖုန်းအား နင်းခြေကာ ခွဲလိုက်သည်။ ပြီးနောက် ပြဒါးရိုင်းကို  ပွေ့ချီလိုက်ပြီး တိုက်ခန်းမှ ထွက်လာသည်။

>>>>>>>>>>>>

အဏ္ဏဝါ အစည်းအဝေးခန်းတွင် သူရဲ့ဖုန်းမှာ ရုတ်တရက်ထမြည်လာတဲ့ သတိပေးချက်ကြောင့် ဖုန်းကို ချက်ချင်းကိုင်လိုက်သည်။ ဖုန်းထဲမှ ပြလာတဲ့ အရိုင်းတုံးလေးရဲ့ တည်နေရာဟာ ရွေ့လျားနေခဲ့သည်။ အဏ္ဏဝါ အစည်းအဝေးကို အဆုံးသတ်ရန် အချက်ပြလိုက်ပြီး ချက်ချင်းအစည်းအဝေးခန်းတွင်းမှ ထွက်လာသည်။

ဖုန်းကိုတစ်ချက်ပြန်ကြည့်လိုက်တော့တည်နေကာပြနေတဲ့အနီရောင်အစက်လေးကအရိုင်းတုံးလေးရဲ့တိုက်ခန်းမှာရပ်တန့်သွားသည်။အရိုင်းတုံးလေးကိုသူကတိပေးထားတဲ့အတိုင်းတိုက်ခန်းကိုလိုက်ပို့ချင်ပေမယ့်အခုထိဖမ်းမမိသေးတဲ့ဂိုဏ်လ်းကြောင့်အရိုင်းတုံးလေးကိုသူအချိန်ဆွဲထားမိခဲ့သည်။အခုတော့အရိုင်းတုံးလေးကသူ့ဘာသူတိုက်ခန်းကိုထွက်သွားခဲ့ပြီ။

အဏ္ဏဝါဖုန်းဖြင့်အရိုင်းတုံးလေးကိုချက်ချင်းအဆက်သွယ်လုပ်လိုက်သည်။အရိုင်းတုံးလေးကတော့သူကိုလိမ်ညာပြီးအိမ်မှာလို့ပြောနေတယ်။အဏ္ဏဝါနောက်တစ်ခေါက်မေးလိုက်တော့မှတိုက်ခန်းကိုရောက်နေကြောင်းပြောပေမယ့်စကားပင်မဆုံးနမည်တစ်ခုကိုကြားလိုက်သည်။

" ဂိုဏ်လ်း....မင်း....မင်းဘယ်လိုလုပ် "

ဖုန်းထဲမှကြားလိုက်ရတဲ့နမည်ကြောင့်အဏ္ဏဝါခြေလက်များပင်တုန်လာသည်။

" အရိုင်တုန်းလေး " ဆက်ပြီးခေါ်နေပေမယ့်ဖုန်းဟာအဆက်သွယ်ပြတ်လို့သွားပြီးတည်နေရာကိုပြနေသည့်အနီစက်ကလေးပါပျောက်ကွယ်သွားသည်။

ဒါပေမယ့်လည်းအဏ္ဏဝါလွှတ်ထားတဲ့လူများကသံသယရှိဖွယ်အခြေအနေကြောင့်ချက်ချင်းတင်ပြလာသည်။

" ဟယ်လို Boss အကိုလေးကို တစ်ခြားကားနဲ့ခေါ်သွားလို့ ကျွန်တော်တို့အခု မျက်ခြေမပြတ်အောင် စောင့်ကြည့်ပြီး လိုက်နေပါတယ် "

" မင်းတို့အခုချက်ချင်းအဲ့ကားကို ရအောင်တားထား....!"

TBC>>>>>>>>
18.6.2023 SUN

The next part is the end of the episode 🥺♨


You are reading the story above: TeenFic.Net