Part 31 (Zawgyi)

Background color
Font
Font size
Line height

"ဒီလောက်မြန်မြန် ရောက်လာမယ် မထင်ထားဘူး "

"ဆိုတော့ ဒါမင်းအကြံအစည်ပေါ့ " ရိုင်း အံကြိတ်ကာ မေးလိုက်၏။

"ဟား...ဟား...ဟား...ဟား...ဟား "

အဏ္ဏဝါ၏ အေးစက်စက် ရယ်သံကြောင့် ရိုင်း ထပ်ဆွဲထားသော အဏ္ဏဝါ၏ ကော်လံကို လွှတ်ချလိုက်ကာ အလိုလိုပင် နောက်ဆုတ်မိသွားသည်။

"အရိုင်းတုံးလေး သိပြီးသားမလား ဘာလို့ထပ်မေးနေရတာလဲ ဟုတ်တယ် ကိုယ်လုပ်တာလို့ ပြောရင်ရော အရိုင်းတုံးလေး ကိုယ့်ကို ထပ်ထိုးမှာလား " အဏ္ဏဝါ သူ့ပါးကို အရိုင်းတုံးလေးရှေ့ ထိုးပေးလိုက်၏။

"ကြိုက်သလောက်ထိုး အရိုင်းတုံးလေး မင်းကျေနပ်တဲ့ အထိ "

ထပ်ပြီး ရောက်လာတဲ့ အရိုင်းတုံးလေးရဲ့ လက်သီးချက်လေးကို အဏ္ဏဝါ ဂုဏ်ယူစွာ ခံယူလိုက်သည်။

အဲတာက ကိုယ့်အတွက် အပြစ်ဒဏ်ပဲ။

ကိုယ်တန်ဖိုးထားတဲ့ ပန်းလေးကို ကိုယ်တိုင်နင်းချေပြီးမှ အပြစ်ဒဏ်ခံနေတယ်တဲ့လား အဏ္ဏဝါ မင်းက စောက်ရူးပဲ

"မင်း ခွေးကောင် မင်းကြောင့် မင်းကြောင့် ငါ့အိမ်မက်တွေ ဖျက်ဆီးကုန်ပြီ မင်းသိရဲ့လား အဲတာက ငါ့အတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ.....မင်း လူမဆန်တဲ့အကောင် "

အရိုင်းတုံးလေး၏ မျက်ရည်များက သူ့ပါးပြင်ပေါ် ကျဆင်းလာသည်။

အခုလက်ရှိအနေအထားမှာ ကြမ်းပြင်တွင် အဏ္ဏဝါ လှဲနေပြီး အဏ္ဏဝါအပေါ် မှ ရိုင်းဟာ ရင်နာနာဖြင့် အဏ္ဏဝါ မျက်နှာအား လက်သီးဖြင့် ထိုးနေတော့သည်။

"ကိုယ့်ကို လူမဆန်အောင်လို့ လုပ်တာ အရိုင်းတုံးလေးမဟုတ်ဘူးလား " အားပျော့လာသော အရိုင်းတုံးလေးရဲ့ လက်ကို ကိုင်လိုက်ပြီး အရိုင်းတုံးလေးကို သူနှင့်အတူ လှဲချစေလိုက်သည်။

ဘယ်လောက်ပဲ အရိုင်းတုံးလေးကို ဖျက်ဆီးဖို့ ကြံရွယ်ထား ကြံရွယ်ထား အရိုင်းတုံးလေးရဲ့ မျက်ရည်ကို တွေ့လိုက်တာနဲ့ သူရဲ့ ပြောင်မြောက်လှတဲ့ အစီအစဉ်ဟာလည်း ပျက်စီးသွားရပြန်သည်။

အရိုင်းတုံးလေးရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးပြီး သူ့ကို မှီခိုစေချင်ပေမယ့်လည်း ပြုံးပြုံးရွှင်ရွှင်နဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိတဲ့ အရိုင်းတုံးလေးကို ပိုမြတ်နိုးပါတယ်.......

အရိုင်းတုံးလေးနဲ့ ပတ်သက်ရင် သူကိုယ်တိုင်က နူးညံသွားတတ်တာမျိုး.......

"ငါ တောင်းပန်ပါတယ် " အဏ္ဏဝါ ပခုံးမှာ မျက်ရည်များ ရွဲနေပြီ။ ငိုရမှာကို ရှက်တဲ့ အရိုင်းတုံးလေးလဲ ဒီလို အော်ငိုတတ်သေးတာလား

"ဘာအတွက်လဲ " ဒုတိယအကြိမ် ထပ်မေးလိုက်သည်။

"အရာရာတိုင်းအတွက် ငါမင်းအပေါ် မှားခဲ့တဲ့ အရာရာတိုင်းအတွက် ငါတောင်းပန်ပါတယ် "

အရိုင်းတုံးလေးကို ချီမလိုက်ပြီး ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ အရိုင်းတုံးလေးက ကိုအာလာဝက်ဝံလေးလို သူကို ကုပ်တွယ်လို့ထားသည်။

အများကြီး ပိန်သွားတာပဲ မောင်အရိုင်းတုံးလေးရယ်

မျက်ရည်များ ပြည့်နေတဲ့ မျက်ဝန်းက သူ့ကို စိုက်ကြည့်လာကာ နှုတ်ခမ်းထက် ဖွဖွလေး အနမ်းပေးပြီး ပခုံးပေါ် ပြန်လှဲချလာသည်။

"ငါ အရမ်းပင်ပန်းတာပဲ မောင်ရယ် " ခပ်တိုးတိုးလေး ညည်းသံအဆုံး အသက်ရူသံလေးကို ကြားလိုက်ရသည်။

အရိုင်းတုံးလေး အိပ်ပျော်သွားပြီ......

ခုနကမှ ရုန်းရင်ဆန်ခတ်ဖြစ်ပြီး ဒေါသကြီးနေတဲ့ အရိုင်းတုံးလေးက အခုတော့ ကလေးတစ်ယောက်လို လူအပေါ်မှီပြီး အိပ်ပျော်သွားပြီတဲ့လား

"ကိုယ်မယုံဘူး မင်းကိုယ့်ကိုမချစ်လို့ လမ်းခွဲတယ်ဆိုတာ "

>>>>>>>>>>>>>>>>>>>>

အရိုင်းတုံးလေးကို ကုတင်ပေါ်ချပေးလိုက်ပြီး ဆောင်ခြုံပေးကာ နဖူးလေးကို အနမ်းခြွေရင်း တစ်ဖက် လေသာဆောင်ကို ထွက်လာပြီး Leo အား ဆက်သွယ်လိုက်၏။

"Leo ဗီဒီယိုကို ပြန်ဖျက်လိုက်ပြီး တစ်ခုခုအစားထိုးလိုက် ပြီးတော့ အရာရာတိုင်းကို သူ့နေရာသူ ပြန်ထားလိုက် "

အရိုင်းတုံးလေးနဲ့ သူနဲ့ဗီဒီယိုကို Blue Eyes ကုမ္မဏီ၏ ဝက်ဆိုက်လ်ကို ဖြန့်လိုက်ပြီး သူကိုယ်တိုင်လဲ နောင်တရ ရပါသည်။ သူတစ်ယောက်တည်းသာ မြင်ခွင့်ရှိတဲ့ အရာကို ပြသလိုက်ရတာလေ......

ဒါပေမယ်လည်း အရိုင်းတုံးလေး ဗီဒီယိုကာ ဘယ်သူမှ သိမ်းဆည်းခွင့်မရှိဘူး ထိုဗီဒီယိုက သူကလွဲ တစ်ခြားသူ သိမ်းဆည်းရင် ဖုန်းဖြစ်စေ ကွန်ပျူတာဖြစ်စေ အကုန်လုံး စနစ်ချို့ယွင်းကာ ဒေတာများကို ပျက်ဆီးစေတဲ့ အန္တရာယ်အရှိဆုံး ဗိုင်းရပ်ကို ထည့်သွင်းထားတာကြောင့်ပင်။

"သခင်လေး စုံစမ်းခိုင်းထားတဲ့ ကိစ္စပါ " အတွင်းရေးမှူးမှ ဖိုင်အား စားပွဲပေါ် တင်ပေးလာသည်။

"သွားတော့..... နေဦး " ထွက်သွားရန်ပြင်နေသော အတွင်းရေးမှူး ပြန်ခေါ်လိုက်ပြီး

"တစ်ချို့ ဟင်းအရွက်နဲ့အသား ဝယ်ပေးအုံး "

အဏ္ဏဝါ စကားကို အတွင်းရေးမှုးမှာ ကြောင်အသွား၏။ သူနေတဲ့နေရာက Aနိုင်ငံ ထိပ်တန်းဟိုတယ်တစ်ခုပါနော် ။ ခလုတ်ကလေး တစ်ချက်နှိပ်ယုံနဲ့ လိုချင်တာ ရတာကို

ဒါပေမယ့်လည်း အတွင်းရေးမှုးဝါ "ဟုတ်ကဲ့ "လို့ပြောပြီး ဝယ်ရမည်များကို စာရင်းမှတ်ကာ ထွက်သွားတော့သည်။

အဏ္ဏဝါ ဖိုင်တွဲကိုဖွင့်ကြည့်လိုက်သည်။ အရိုင်းတုံးလေး အကို ဦးဆောင်တဲ့ ကုမ္မဏီက လွန်ခဲ့တဲ့ နှစ်နှစ်က Aနိုင်ငံကို ရုတ်တရက် ရွေ့ပြောင်းပြီး အခု YT GP ရဲ့ လက်အောက်မှာပင် ။ အဲအချိန်ကတည်းက ပြဒါးမှိုင်းရဲ့ သတင်းက မကြားရတော့ချေ။

YT GP ကို အခုလက်ရှိ ဦးဆောင်သူမှာ အသက် ၂၀ သာရှိသေးသည့် ဦး ဂုဏ်မင်းလတ်ရဲ့ တစ်ဦးတည်းသော သား ဂိုဏ်လ်းပင်။ လက်ရှိ အရိုင်းတုံးလေးနဲ့ စေ့စပ်ထားသူ။

ထူးဆန်းသည်က စေ့စပ်ပွဲကို အရိုင်းတုံးလေးရဲ့ အကိုလည်း မလာသလို ဂိုဏ်လ်း၏ ဖခင်လည်း မတက်ရောက်ချေ။ စေ့စပ်ပွဲအချိန်ကလည်း ဂိုဏ်လ်းရဲ့ အမေဆုံးပြီး တစ်လအကြာတွင်သာ။

"အမေကို အတော်ချစ်တဲ့သားပဲ" အဏ္ဏဝါ လှောင်လိုက်၏။

ဦးဂုဏ်မင်းလတ်မှာလည်း ကျန်းမာရေးကြောင့် အနားယူသွားပြီး အခုထိ လူရှေ့ထပ်ပေါ်မလာတော့ပေ။

YT GP ရဲ့ နောက်ကွယ်မှာ အမည်မသိ မှောင်ခိုဂိုဏ်းလည်း ရှိနေသည်။

"ဆိုတော့ မင်းကို ဖြုတ်ချဖို့ တော်တော်ခက်မှာပေါ့ "

ဖိုင်ကို ကြည့်နေရင်းပင် တစ်ဖက်က ဝင်လာတဲ့ ဖုန်းကို အဏ္ဏဝါကို ကိုင်လိုက်သည်။

" ဟယ်လို မြင့်မိုရ်ဦး! "

TBC>>>>>>>>>>>>>>>>
12.4.2023 WED


You are reading the story above: TeenFic.Net