Ding.....Ding.....Ding....
"ဟယ်လို..."
"ငါ့ကို ကျောင်းပေါက်ကစောင့်နေလိုက်ကွာ
ငါလာခဲ့မယ် "
ရိုင်း ဖုန်းချပြီးသည်နှင့် ရေမိုးချိုးကာ တက္ကသိုလ်နယ်မြေကြီးထဲ ခြေချရန် ပြင်ဆင်တော့သည်။ အခုဆို အဏ္ဏဝါနဲ့ မတွေရတာ အတိအကျဆိုရင် ငါးလနဲ့ ဆယ့်နှစ်ရက်ရှိပြီ။
နောက်ပိုင်း ဖုန်းခေါ်ချိန်က အရင်ကထက်နည်းသွားသလို သူတို့နှစ်ဦး အလှမ်းဝေးလာသည်လို့လဲ ရိုင်းထင်သည်။ ဒါပေမယ့်လည်း ဒါက ရိုင်းတစ်ယောက်တည်း တွေးချင်ရာ တွေးမိတာပါ။
" မောနင်း ကိုကို "
" မောနင်း ရိုင်း ဘယ်လိုလဲ တက္ကသိုလ်ကျောင်းသားကြီး ကိုကို လိုက်ပို့ပေးရမလား "
" ဟင့်အင်း ကိုယ့်ဘာသာကို သွားမယ် ကျွန်တော် လူကြီးပါဗျ "
"ဟုတ်ပါပြီ ကိုကို က ရိုင်းငယ်ငယ်တုန်းကလို ငိုယိုပြီး အိမ်ကို လမ်းလျှောက်ပြန်လာမှာ ဆိုးလို့ "
"ဟွန့်..."
ကိုကို စကားကို ရိုင်း နှာမှုတ်၍ စိတ်ဆိုးကြောင်း
ပြလိုက်သည်။ သူ့ငယ်ငယ်ကဆိုးခဲ့တာမှန်ပေမယ့် အခုတော့သူကကြီးလာပြီလေ။ ကိုကိုကသူ့ကို ကလေးတစ်ယောက်လိုမြင်နေတုန်းပင်။
"ကိုကိုနော်....အလုပ်ကိစ္စ အလုပ်ကိစ္စဆိုပြီးတော့
Aနိုင်ငံကို ခဏခဏ သွားနေတာ ဘာလဲ နိုင်ငံခြားသူ ချောချောလေးကို အိမ်ခေါ်လာတော့မို့လား "
ဟား...ဟား...ဟား...
ရိုင်းစကားကို ပြဒါးမှိုင်း ရယ်လိုက်သည်။ ဒီကလေးက သူ့မိန်းမရသွားမည်ကို တကယ်စိုးရိမ်နေပုံပဲ။
" လျှောက်ပြောမနေနဲ့ ကျောင်းနောက်ကျမယ်
သွားတော့ "
"ဟုတ်ကိုကို မွ "
ကိုကို နဖူးကို နှုတ်ဆက်အနမ်းပေးရင် ရိုင်းကျောင်းသို့ ထွက်လာခဲ့သည်။
စားပွဲပေါ်ရှိ မှိုင်း ဖုန်းလေးက မက်ဆေ့စ်တစ်စောင်က မှိုင်းကို တစ်နေ့တာ စိတ်ချမ်းသာမှုများ
ပေးစွမ်းနိုင်သည်။
>>>>>>>>>>>>>>>>>>
" ပြဒါးရိုင်းတို့ကတော့ ကျောင်းနောက်မကျရင် မနေနိုင်မစားနဲ့ "
"အေးပါကွာ...စိတ်မဆိုးပါနဲ့ ဒီနေ့ ငါကျွေးမယ် "
ပုကာ ကျန်ခဲ့သည့် ကောင်းကင်ထက်ကို ပခုံးဖက်ကာ နှစ်သိမ့်ပေးလိုက်သည်။
"ဟျောင့် သူငယ်ချင်းအဖြစ်က သေခန်းပြတ် ပြတ်သွားမယ် ဖယ်လိုက် မင်းလက်ကို "
လေသံမာမာကြောင့် ရိုင်း နောက်ကျောလေး
အေးစိမ့်သွားသည်။ စောက်ပိုတွေအရမ်းလုပ်တဲ့ အတွဲတွေ အမြင်ကိုကပ်တယ်။
ကျောင်းချင်းမတူတာတောင် ဒင်းက ကောင်းကင်ထက်ကို စိတ်မချလို့ သူများကျောင်းကို လိုက်လာသည်တဲ့။
ခပ်တည်တည်နှင့်ပင် ကောင်းကင်ထက် ပခုံးကို
"သွားမယ် အဲဖုန်းပဲ ကြည့်မနေနဲ့ အခန်းရှာရအုံးမယ် "
ခပ်တည်တည် ပိတ်ဟောက်ရင်း ထွက်လာခဲ့သည်။ရှေ့မှ ကော့တော့ကော့တော့ထွက်သွားသည့် အတွဲကို မြင်ရင် သိမ်ငယ်စိတ်က ဝင်လာတော့သည်။
အဏ္ဏဝါ ရှိရင် သိပ်ကောင်းမှာပဲ။
အလုပ်သင် ကိစ္စများကြောင့် အဏ္ဏဝါ ကျောင်းကို နှစ်လလောက်နောက်ကျမယ်လို့ လွန်ခဲ့တဲ့တစ် လက ဖုန်းရင်း ပြောပြသည်။ ထိုတစ်လက စပြီး ရိုင်းတို့ အဆက်သွယ်ပြတ်သွားကြသည်။
နောက်တစ်ယောက်များ ရှိနေတာလား။
မဖြစ်နိုင်ပါဘူး။ ဟုတ်တယ် လျှောက်မတွေးနဲ့။ နှစ်လတည်းကို စောင့်လိုက်။ အနည်းဆုံးတော့ ကျောင်းမပြောင်းသွားပဲ တူတူတက်လို့ရသေးသည် မဟုတ်လား။
ပြဒါးရိုင်းက ဒီဇိုင်းမေဂျာ၊အဏ္ဏဝါနဲ့ ထက်မြတ်ပိုင်စိုးက စီးပွားရေးစီမံခန့်ခွဲရေးမေဂျာ၊ ကောင်းကင်ထက်က ပန်းချီမေဂျာ ဆိုပြီး ကျောင်းတူပေမယ့် နွေဦးကတော့ ဆေးကျောင်းမို့ ကျောင်းချင်းကွဲသွားသည်။ အခန်းတွေကို ကြိုရှာထားရမယ်။
အဏ္ဏဝါကို နည်းနည်းလေးမှ မပင်ပန်းစေချင်ဘူးလေ။
ပထမနှစ်ကလေးတွေမို့ စိနီယာ အကိုတွေ အမတွေက အခန်းလဲ ဝိုင်းရှာပေးကြသည်။ တစ်ချို့ဆို သူငယ်ချင်းတွေတောင်ဖြစ်သွားကြသေးသည်။ ကိုယ်မေဂျာ ကိုယ်ကလေးတွေကို ဂရုစိုက်တတ်တဲ့ စိနီယာတွေက တကယ်ကို လေးစားဖို့ကောင်းသည်။
မနက်ခင်းပိုင်း အတန်းချိန်ပြီးတော့ ကန်တင်းတွင် ရိုင်းတို့ အဖွဲ့ဆုံကြသည်။ စားသောက်စရာများ မှာပြီးတော့စားကြသောက်ကြရင်း စကားများပြော ကြသည်။
"ဒါနဲ့ ရိုင်း မင်းဘာလို့ မြင့်မိုရ်ဦးကို လိုက်မပို့တာလဲ မင်းကို စောင့်နေသေးတယ် မြင့်မိုရ်ဦးက "
ကောင်းကင်ထက်က မေးလိုက်သည်။
"လိုက်မပို့ချင်လို့ပေါ့ကွာ "
ရိုင်း ခပ်မာမာသာ ပြန်ဖြေလိုက်သည်။ ကိုယ်ကအရင်စပြီး နမ်းလို့ဖြစ်သွားတဲ အမှားအတွက် သူကိုယ်တိုင်လဲမျက်နှာပြဖို့ရှက်နေမိတာမို့ လိုက်မပို့ခဲ့တာဖြစ်သည်။
" ဒါနဲ့မြင့်မိုရ်ဦးက သူ့ကိုခွင့်လွှတ်ပေးပါလို့ မင်းကိုပြောပေးဖို့ မှာသွားတယ်
စိတ်ဆိုးနေကြတာလား "
"မင်းနဲ့မဆိုင်ဘူး အေးအေးဆေးဆေးသာ စားစမ်းပါ "
"ဟွန်...နွေဦး ငါကို အအေးဘူး ဖောက်ပေး "
ရိုင်းကို မနိုင်တော့ သူနိုင်သည့် နွေဦးကိုသာ မဲပြန်သည်။
"အော်...ရိုင်း မင်းအစ်ကိုမှာ ရည်းစားရှိလား "
ထက်မြတ်က မေးလာတာကြောင့် ရိုင်း အအေးပိုက်စုပ်ရင်း ခေါင်းခါပြလိုက်သည်။
"အော်.."
"ဘာလို့လဲ "
"ဘာမှမဟုတ်ပါဘူးဒီတိုင်းမေးကြည့်တာ "
"အဟမ်း....မင်း ငါ့အကိုကို ကြံနေတယ်ဆိုရင် လစ်လိုက်တော့ ငါက ငါအကိုကို ဘယ်သူ့ကိုမှ မပေးဘူး "
"မဟုတ်ပါဘူး ငါက ဒီတိုင်း မေးကြည့်တာပါ "
"ပြီးရော "
တစ်ဖက်သို့ ရိုင်း လှည့်သွားမှ ထက်မြတ် ဖုန်းကို
ပြန်ကြည့်လိုက်သည်။
Facebook Acc တစ်ခု အတိအကျဆိုရင် ဦးရဲ့ Acc ။ ရှုခင်းပုံများသာ တင်လေ့ရှိသော်လည်း
အခုလေးတင် ပုံတင်လာသည်မို့ ထက်မြတ် အပြေးအလွှားကြည့်လိုက်သည်။
နောက်ကျောပုံစံလေး ။ Aနိုင်ငံရဲ့ အထင်ကရရှုခင်းကို နောက်ခံထားကြီး နောက်ကျောပုံလေးကို
CV ပြောင်းထားသည်။
ဘယ်လိုကြည့်ကြည့် ထိုနောက်ကျောက အကိုမှိုင်းနှင့် တကယ်တူသည်။ ရင်းနှီးလွန်းတာကြောင့် သတိထားမိသည်။
>>>>>>>>>>>>
"ဖြူလုံးလေးရေ ဖြူလုံးရေ ပါးပါးကြက်ကြော်
ဝယ်လာတယ် ဖြူလုံးလေးရေ "
ရိုင်း အိမ်ပြန်ရောက်ရောက်ချင်း လွယ်အိတ်ကို ဧည့်ခန်းထဲက ဆိုဖာပေါ်ပစ်တင်ရင်း ဖြူလုံးလေးကို ခေါ်လိုက်သည်။ ခါတိုင်းဆို ကြက်ကြော်သံ
ကြားသည်နှင့် လုံးတုံးတုံးလေး ပြေးထွက်လာသည့် ခွေးလေး။ အခုတော့ ငြိမ်ချက်သားကောင်းနေသည်။
"ဖြူလုံးလေးရေ.....အခုမလာရင် အကုန်စားလိုက်မှာနော်....မချန်ထားတော့ဘူး "
"ဖြူလုံးလေး..."
ဝုတ်...ဝုတ်
အပေါ်ထပ်မှ အသံလေးထွက်လာသည်။
အခန်းထဲမှာ ပိတ်မိနေပြန်ပြီထင်တယ်။
ရိုင်းအပေါ်ထပ်သို့ တက်သွားတော့ ဖြူလုံးလေး
ဟောင်သံက အဏ္ဏဝါ နေခဲ့သည့် အခန်းက ဖြစ်နေသည်။
အခန်းတံခါးကို တွန်းဖွင့်လိုက်တော့ သူ့အမြီးကိုသူ လှမ်းလှမ်းကိုက်နေတဲ့ ဖြူလုံးလေး။ ဖြူလုံးလေးကို ကောက်ချီလိုက်ပြီး
"ဒယ်ဒီကို သတိရနေတာလား ကလေးက ဟုတ်လား "
ဝုတ်...ဝုတ်
"အွမ်း...အေးပါအေးပါ ကြက်ကြော်စားကြ.... အမလေး "
ဖြူလုံးလေးနဲ့စကားပြောနေရင်း အနောက်ဘက်မှ ကြီးမားသည့် ရင်ခွင်ထဲ အထည့်ခံလိုက်ရတာကြောင့် လန့်ပြီးအော်လိုက်မိသည်။
"ဘာတွေလန့်သွားတာလဲ ကိုယ်အနောက်မှာ ရပ်နေတာကြာနေပြီ ဖြူလုံးလေးကိုပဲ ဂရုစိုက်နေတယ် "
အဏ္ဏဝါ အရိုင်းတုန်းလေး လက်ထဲက ဖြူလုံးလေးကို အောက်ချပေးလိုက်တော့ ကြက်ကြော်အနံရှိရာသို့ပြေးသွားတော့သည်။
"အင့် "
"ဘာ..ဘာလုပ်တာလဲ "
"လွမ်းလို့....ခဏလောက် ဖက်ချင်တယ် "
ကုတင်ပေါ် ပစ်တင်ပြီး သူ့ကိုယ်လုံးကြီးနဲ့ တက်ဖိရင်း လွမ်းတယ်ဆိုပြန်တော့ ဒီကောင်က မငြင်းနိုင်တော့ပြန်ဘူး။
"လေးလိုက်တာ မင်းဝိတ်တက်လာတာလား "
"ကိုယ် အရိုင်းတုန်းလေးကို တွေ့ချင်လွန်းလို့ မအိပ်မစားဘဲ အလုပ်ကြိုးစားခဲ့တာပါနော်..ကိုယ်ကို ဆုမပေးချင်ဘူးလား "
"ဘာဆုလဲ "
" နမ်းရင်ကျေနပ်တယ် "
"အွန့် "
နှုတ်ခမ်းများကို အပေါ်တစ်လှည့်အောက်တစ်လှည့် ကျွမ်းကျင်စွာ နမ်းရင်း အနမ်းယဥ်ကြောကို အဆုံးသတ်လိုက်သည်။
"ငါလည်း မင်းကို လွမ်းနေခဲ့တာ..... "
"ကိုယ်ရောပဲ...ကျေးဇူးပါ...ကိုယ်ကို လွမ်းနေပေးလို့ "
"ချစ်တယ် "
"အွန်း ကိုယ်ရောပဲ "
ရိုင်းတို့နှစ်ယောက် ပြဒါးမှိုင်း မပြန်လာခင်အထိ နမ်းလိုက် နားလိုက်နှင့် နေမင်းကြီးကကွယ်သွားတော့သည်။
TBC>>>>>>>>>>
23.2.2023 THU
You are reading the story above: TeenFic.Net