part 7{U}

Background color
Font
Font size
Line height

ခမ်းနားထည်ဝါစွာ ဆောက်လုပ်ထားသော
အဖြူရောင် နှစ်ထပ် တိုက်အိမ်ကြီး ၏ ဆင်ဝင်အောက်တွင် B&W အပြာရင့်ရောင်ကားကို ရပ်လိုက်ပြီး ကားပေါ်မှ နေရဲမာန်တစ် ယောက် စတိုင်ကျကျ ဆင်းလာကာ ကားသော့ ကို ညာဘက် ဘောင်းဘီအိပ်ကပ်ထဲသို့ထည့်ပြီး ''Let me love you'' သီချင်းကို ခပ်တိုးတိုး ညည်းကာ အိမ်ထဲသို့ဝင်လာသည်။

ဧည့်ခန်းထဲတွင် အဖြူရောင် လက်ပြတ်အင်္ကျီနဲ့ ဒူးအထက် ပန်းနုရောင် ဘောင်းဘီအတို ဝတ်ဆင်ထားပြီး ခြေချိတ်ထိုင်ကာ လက်ထဲတွင် Ipad ကို ကိုင်ကာ တစ်ခုခုကိုသဲကြီးမဲကြီး ရှာနေသော နေရဲမာန်၏ တစ်ဦးတည်း သောအမတော်ဖြစ်သူ ဟေမာန် ။ ခါးထိရှည်လျားသော ဆံကေသာတို့မှာလည်း မစည်း ထားသောကြောင့်ဝဲကျလျက်။

မောင်ဖြစ်သူ နေရဲမာန်အား လှမ်းကြည့်ကာ

''ဟဲ့ ငါ ဝယ်လာခိုင်းတာ ပါလား?''

နေရဲမာန်လည်း ပါတယ်ဆိုသောသဘောဖြင့် ဘယ်ဘက်လက်က ကိုင်ထားသော chilli sauce ပုလင်းမြှောက်ပြ လိုက်ပြီး

''မာမီ ကော?''
ဟု မေးလိုက်သည်။

'ထုံးစံအတိုင်း စာဖတ်ခန်းထဲမှာဘဲပေါ့ ''
ဟု ဖြေရင်း အနီးရှိ လှပသေသပ်စွာ ပုံဖော်ထားသော ကျွန်းသစ် စားပွဲကခင်းထားသော
ဖန်ပြားပေါ်ရှိ အငွေ့တစ်ထောင်းထောင်းထ
နေသော ကော်ဖီခွက်ကို လှမ်းယူ ကာ တစ်ငုံ
မော့လိုက်ပြီး Ipad ပြန်သုံး နေလိုက်သည်။

စာအုပ် အထူ အပါး စသည့် စာအုပ်အမျိုးအစားစုံလွင်စွာဖြင့် သေသေသပ်သပ် နေရာယူထားသောစာအုပ်စင်ကြီးများသည် နံရံဘေးပတ်ပတ်လည်တွင် အကန့်အသတ်ဖြင့် နေရာယူထားသည်။ အလယ်ရှိ ကျွန်းစားပွဲဝိုင်းပေါ်တွင် အထပ်လိုက် ပုံထားသောစာရွက်စာတမ်းများကြားတွင် တစ်ရွက်ချင်းလှန်ကာ ဖတ်နေသော ဒေါ်သိင်္ဂီထက် (နေရဲမာန်အမေ)။ အသက် 40ရှိပြီ
ဖြစ်သော်လည်း အရွယ်တင်နုပျိုနေဆဲ။
တည်ကြည်သော မျက်နှာအမူအရာ တို့သည်
ရင့်ကျက် တည်ငြိမ်ထက်မြက်ပြီး ကျက်သရေရှိလှသော အမျိုးသမီး တစ်ယောက်ဖြစ် ပုံကို ထင်ဟပ်လျက်။

နေရဲမာန်၏ ဒယ်ဒီ သည် မာန် 8တန်း
ကတည်းက နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။လင်မရှိ မုဆိုးမတစ်ယောက်ဖြစ်သော်လည်း စိတ်ဓာတ်မကျ ။ကွယ်လွန်သူ ခင်ပွန်းလက်ထက် ကတည်းက တည်ထောင်ထားသော Golden Land(GL) ကုမ္ပဏီ ကြီး ကို ချုပ်ကိုင်ထားသော အမျိုးသမီး CEO တစ်ယောက်ဖြစ်ရုံသာမကမြန်မာနိုင်ငံ၏လျှမ်းလျှမ်းတောက် ကျော်
ကြားသော စီးပွားရေးလုပ်ငန်းရှင်များတွင် တစ်ဦးအပါအဝင်ဖြစ်ပေသည်။

ဖခင်မရှိတော့သော်လည်း မျက်နှာမငယ်ရ
အောင် သားသမီးနှစ်ယောက်ကို
လောကအလယ်တွင် လူတစ်လုံးသူတစ်လုံး
ဖြစ်အောင် တင့်တင့်တယ်တယ်နေနိုင်အောင် ယခု အသက်အရွယ်အချိန်ထိ သွန်သင်ထိန်း
ကျောင်းဆုံးမ ပေးခဲ့သည်။ ဂုဏ်အရှိန်အဝါ ကြီးသလောက် မာန်မာန ကလည်း ကြီးပေသည်။
(အမေ့တူသား)

''ဒေါက် ဒေါက် ဒေါက်''

အိမ်ပြန်ရောက်ပြီဆိုသည့် အကြောင်း မိခင်ထံသို့ သံတော်ဦးတင်ရမည့်အတွင်း နေရဲမာန်
တစ်ယောက် မဝင်ခင် တံခါး ခေါက်လိုက်သည်။

''ဝင်ခဲ့ ''

ဆိုသော ခွင့်ပြုချက် ရသည်နှင့် တံခါးဖွင့်ကာစာဖတ်ခန်းထဲဝင်လာလိုက်သည်။

မိခင်ဖြစ်သူ က စာရွက်စာတမ်းများ ဖတ်နေရာမှ အကြည့်မရွေ့။
''မာမီ သား ပြန်ရောက်ပြီ''
ဟု အသံတစ်ချက် ပေးလိုက်ရာ

မာန်ဘက်သို့ကြည့်လိုက်ပြီး တပ်ထားသော
မျက်မှန်ကို တဖြည်းဖြည်းဆွဲချွတ်ရင်း စားပွဲပေါ်တင်လိုက် ကာ နှထင် တစ်ဖက်တစ်ချက်စီကို လက်ညှိုးဖြင့်အသာလေး နှိပ်နယ်ရင်း
'အေး သား ။ ဒီအပတ် တနင်္ဂနွေ သားတို့ဒယ်ဒီ ဆုံးတာ ဘာလိုလို နဲ့8နှစ်ပြည့်ပြီ ။ မာမီ တို့ ဒယ်ဒီ အတွက် ရည်စူးပြီး မိဘမဲ့ဂေဟာ တစ်ခုမှာ အလှူအတန်းတစ်ခုလုပ်ဖို့စီစဉ်ထားတယ်သား''

မာမီ သတိပေးလိုက်မှ မာန်တစ်ယောက်လည်း အဖေဆုံးတာ8 နှစ်ပြည့်မှန်းသတိရလိုက်သည်။ သူလည်း အခုတလော စိတ်နဲ့လူနဲ့ မကပ်။
* အချိန်တွေကုန်တာ မြန်တာ ။ ဘာလိုလိုနဲ့ ဒယ်ဒီ သားတို့နဲ့ခွဲသွားတာ 8နှစ်ရှိပြီတဲ့လား?*

''ဟုတ် မာမီ ။ အရင်တုန်းက
ဘုန်းကြီးကျောင်းမှာ အလှူအတန်းလုပ်နေကြပါ ။ ဒီနှစ်ကျမှ မာမီဘာစိတ်ကူးပေါက်ပြီး မိဘမဲ့ဂေဟာ မှာလုပ်ဖြစ်သွားရတာလဲ?''
မာန်တစ်ယောက် အထူးအဆန်းဖြစ်ကာ
မေးလိုက်သည်။

ထိုအမေးစကားကိုကြားသော် ဒေါ်သိင်္ဂီတစ်
ယောက်အိန္ဒြေရရ ပြုံးလိုက်ပြီး

''သားရယ် အလှူ အတန်းဆိုတာ ဘယ်နေရာမှာ လှူ ရမယ်ဆိုပြီး သတ်မှတ်ထားတာမရှိပါဘူး။ ဘုန်းကြီးကျောင်းမှ မဟုတ်ဘူး. . .တကယ် လိုအပ်တဲ့နေရာ ကိုယ်လှူချင်တဲ့ နေရာ မှာ စိတ်စေတနာသန့်သန့် နဲ့ သဒ္ဒါ တရား ထက်သန်စွာ လှူ တယ်ဆိုရင် ဒါနမြောက်တယ်လို့ခေါ်တယ်။
မိဘမဲ့ ဂေဟာမှ အလှူ အတန်းသွားလုပ်တာ အထူးအဆန်းမဟုတ်ဘူး သား။ ကွယ်လွန်သွားဖြစ်တဲ့ မင်းဒယ်ဒီအတွက်ကုသိုလ်
လည်းရ ကျန်ရှိခဲ့သော မာမီတို့အတွက် ဒါနလည်းမြောက်တယ်။ လိုအပ်တဲ့နေရာဖြစ်တဲ့
မိဘမဲ့ဂေဟာအတွက်လည်း ကောင်းတာပေါ့ ။ သား အာ့မှာ ရပ်မနေနဲ့။ လာထိုင်လေ''
ဟု ပြောလိုက်မှ

''ရတယ် မာမီ ။ သား အဝတ်အစား သွားလှဲလိုက်အုံးမယ်''
ဟု ပြောပြီး စာဖတ်ခန်းထဲမှထွက်လာကာ
ပေါ့ပေါ့ပါးပါး အဝတ်အစားလဲခဲ့လိုက်သည်။

စာဖတ်ခန်းထဲမှ ထွက်သွားသော သားတော်
မောင်အားကြည့်ရင်း တစ်ချက်ပြုံးလိုက်ပြီး လုပ်လက်စ စာရင်းဇယား စာတမ်းကိစ္စများ ဆက် လုပ်နေလိုက်သည်။

အဝတ်အစားလဲပြီး ဖုန်းကို ဖွင့်လိုက်ပြီး ''မျိုးမြင့်'' ဆိုသော contact ကို လက်နဲ့ထောက်လိုက်သည်။သူကို ဟို ကိစ္စကြွားရအုံးမည်မဟုတ်လား။

" မျိုးမြင့်  ငါ့ အဲ့ကောင်လေးနာမည် ကို သိရပြီ မင်းမခတဲ့ MU 3rd year Botany က ''

'' အမလေး ဘာများလဲလို့ မင်းဘိုးအေ တော်တော်ကိုး ဖြစ်နေတာ"

" ဟီး မင်းကလည်း ငါ့ကို တစ်ခုကူညီစမ်းပါ ။ သူ့ fb accလေး တစ်ချက် စုံစမ်းပေးစမ်းပါ။ ရှာမတွေ့လို့ ။မင်းမှာက MU အသိတွေ ပေါတယ်လေ "

" Haha သားကြီး အလကားတော့ မရဘူးနော်  တစ်ဝိုင်း တစ်ဝိုင်း''

နေရဲမာန် ကြိတ်ဆဲချင်သော်လည်း မင်းမခ Acc သိရဖို့အရေးကြီးတာကြောင့် အေးပါကွာ ဆိုပြီး တစ်ဝိုင်းကျွေးဖို့ ကတိပေးလိုက်သည်။

ညရောက်တော့ နေရဲမာန်ရဲ့ cb ထဲသို့ မင်းမခ fb acc link ကျလာသည်။

တုံနှေးမဆိုင်း acc link ထဲ ဝင်ပြီး 'add friend  'ဆိုသည့် အပြာရောင် button အားနှိပ်လိုက်သည်။ သူ့wall ထဲတွင် မုန့်လုပ်နည်းများနှင့် ခရီးရူခင်း ပုံများနှင့် BJD (Ball-jointed Dolls) ပုံများမှ လွှဲလျှင် ကျန်တာမတွေ့ရ။ Profile picture ပုံတောင် ဘေးတစောင်းပုံ ဘဲ တင်ထားသည်။
*ရုပ်လေး ပြရမှာကိုးကပ်စေးနည်းလိုက်တာ*
မကျေမနပ်ရေရွတ်နေသော နေရဲမာန်သည် UMM ရဲ့ King ကော ဟုတ်ပါလေစ

~~~~~~~~~~
Note

BJD (ball-jointed doll) ဆိုတဲ့  အရုပ်တစ်ရုပ်မှာ အဆစ်အလက်တွေ ပါပါတယ်။ လက်ချောင်းတွေကအစ  အသေးစိတ် ဖန်တီးထားတာပါ။ BJD အရုပ်တစ်ခုကို လုပ်ဖို့ လှရင် လှသလို အရမ်းလက်ဝင်ပြီး အသေးစိတ်ဆန်တာကြောင့် ပုံဆွဲတာကအစ အဝတ်အစားအဆုံး အချိန်အရမ်းပေးရသလို စျေးလည်း တစ်ရုပ် တရုပ် ဆို သိန်းဆယ်ချီပါတယ်။ သောင်းဂဏန်း BJD တွေလည်း ရှိပါတယ်။


ပေးရတဲ့ တန်ဖိုးမြင့်လေ အရုပ်က ပိုအသေးစိတ်ဆန်ပြီး ပိုကြွပါတယ်။

BJD ကို သိချင်ရင် www.ringdoll.com မှာရှာကြည့်ပါ။ အဲက အရုပ်တွေက အရမ်းလှပါတယ်။​

တစ်ရုပ်လောက်တော့ ဝယ်ချင်မိတယ်။ ဒါပေမဲ့ Xing မှာ အရုပ် psycho ရှိလို့ အရုပ်တစ္ဆေထဲကလို ဖြစ်မှာစိုးလို့ မဝယ်ရဲဘူး 😁
ပုံပြထားတယ်နော်







You are reading the story above: TeenFic.Net