Part 3
Background color
Font
Font size
Line height
UN
       ကျန်းဇယ်ယွီမှာ ယခင်က Idolပစ္စည်းတစ်ခုလက်ထဲရောက်လာတိုင်း လေမထိနိုင်လောက်အောင်ပင်သိမ်းထားတတ်သော်လည်း ယခုတစ်ခေါက်တွင်တော့ လွယ်အိပ်တွင်ကီးချိန်းတကားကားနှင့် ကျောင်းတက်နေခဲ့သည်။ သူအမှန်တကယ်ဆေးစားမှားခြင်းဖြစ်လိမ့်မည်။
"အိ!...
ရှောင်းပေါင်ရေ...
      ရှေ့ကသွားနေရင်း ရုတ်တရက်ရပ်လိုက်သောကျန်းဇယ်ယွီကြောင့် လုကျဲမင်လည်းကျန်းဇယ်ယွီနောက်ကျောကိုဝင်တိုက်မိသွားရသည်။ ကျန်းဇယ်ယွီက လုကျဲမင်ကိုဆွဲကာ နံရံဆီပြေးကပ်လိုက်ပြီး တစ်ဖက်ကိုမသိမသာပြန်ချောင်းကြည့်နေ၏။ လက်တစ်ဖက်ကလည်း ရင်ဘတ်လေးကိုဖိထားသေးသည်။
"ရှောင်းပေါင်...
"ရှူးးးး
သူဒီဘက်လမ်းကိုလာနေတာ"
       လုကျဲမင်မျက်လုံးကစားကြည့်လိုက်လျင် ဟိုပြဿအိုးနှစ်ယောက်ကမြင်ကွင်းထဲချက်ချင်းဝင်လာ၏။ ။
"ရွန်း မင်းဘာတွေရှာနေတာလဲ"
"ဘယ်သူရှိရဦးမှာလဲ"
"မမူတော့ဘူးပေါ့"
"ဘာကိုလဲ"
"ဟိုပိုးဟတ်ဖြူလေးကိုရှာနေတာမဟုတ်ဆိုပြီး မူတောင်မမူတော့ဘူးပေါ့လို့"
"ငါသူနဲ့ပတ်သက်ပြီး အမြဲခက်ခဲနေတယ်လို့ ဘာလို့ခံစားနေတာလဲမသိဘူး DouDou
အခုလည်း ဒီအနားလေးမှာမြင်လိုက်တာ ချက်ချင်းမြင်ကွင်းထဲကပျောက်သွားတယ်"
"ရွန်း မင်းက ကျိန်စာမကိုဋ်ရဲ့အရွေးချယ်ခံနော်"
"မင်းကအဲဒါကိုယုံတာလား"
"အဲလိုလည်းမဟုတ်ပါဘူး
ဒီတိုင်း တိုက်ဆိုင်လို့"
"တော်ပြီ တော်ပြီ အဲအကြောင်းကိုထည့်ထည့်မပြောနဲ့ အာရုံနောက်စရာကောင်းတယ်"
       ကျန်းကျွင့်ဟောင်တို့ရှေ့ဆက်လျှောက်လာခဲ့ပြီး တစ်နေရာအရောက်တွင်တော့ ... ...
"ဇယ်! ယွီ!....
      လုကျဲမင်က ကျန်းဇယ်ယွီအားနေရာမှထွက်သွားဖို့ အတင်းတွန်းနေရင်း အပြန်အလှန်တွန်းထုတ်နေခဲ့ကြရာ လုကျဲမင်ကအပြင်ဘက်သို့တွန်းထုတ်ခံလိုက်ရခြင်းဖြစ်သည်။ သို့သာမက ကျန်းကျီကိုပါတိုက်မိကာ ကြမ်းပြင်ပေါ်ဖင်လိုက်လျှက်သားလေးကျသွား၏။ လုကျဲမင်လွယ်အိပ်ကြိုးတစ်ဖက်ကကျန်းဇယ်ယွီလက်ထဲတွင်ရှိနေကာ ကျန်းဇယ်ယွီလွယ်အိပ်ကြိုးတစ်ဖက်ကလည်း လုကျဲမင်လက်ထဲတွင်ဖြစ်သည်။ ဤအခြေနေကြောင့် ကျန်းဇယ်ယွီကပါလုကျဲမင်အပေါ်လှဲကျမတတ်ဖြစ်သွားသော်လည်း ကျန်းကျီမှအင်္ကျီဂုတ်ကိုဖမ်းဆွဲထားပေးလိုက်၏။ ထိုတပြိုင်နက်တည်းမှာပင် ကျန်းကျီက ကျန်းကျွင့်ဟောင်ကိုပါတစ်ချက်လှည့်ကြည့်လာခဲ့သည်။
"မင်းအဆင်ပြေရဲ့လား"
       လုကျဲမင်က ဖုန်မှုန့်များပေနေမည်ထင်ရသောဘောင်းဘီကို လက်ဖြင့်ခါထုတ်ရင်း ကျန်းဇယ်ယွီကိုအပြန်ကြီးမေးလာ၏။ ကျန်းကျီလက်ထဲမှသူ့သူငယ်ချင်းလေးကိုလည်း ပြန်ဆွဲခေါ်လိုက်သေးသည်။
"ဆိုးလိုက်တဲ့ ရေစက်
ဂြိုလ်ကောင်လေးတွေနဲ့ပဲတေ့တိုးနေတော့ပါလား''
"မင်းဘာစကားပြောတယ်!...
"ကျဲမင်...
         ဘယ်ဘဝကရေစက်ကြောင့်မသိ လုကျဲမင်နှင့်ကျန်းကျီက တဇောင်းစေးနှင့်မျက်ချေးလိုဖြစ်ခဲ့သည်။ ကျန်းဇယ်ယွီက လုကျဲမင်ကိုတားကာ ချက်ချင်းပြန်တောင်းပန်လိုက်၏။
"တောင်းပန်ပါတယ်
ကျွန်တော်တို့မတော်တဆတိုက်မိသွားခဲ့လို့"
      ကျန်းကျီက ဤပိုးဟတ်ဖြူလေးကိုထပ်စချင်စိတ်ပေါ်လာပြီး တစ်ခုခုပြန်ပြောရန်ကြိုးစားလိုက်ချိန် ကျန်းကျွင့်ဟောင်က 'ကျီ' ဟု ခေါ်လိုက်၏။ သူ မချိုမချဥ်အပြုံးလေး နှုတ်ခမ်းပေါ်ရောက်မသွားအောင်သည်းခံလိုက်ရင်း စကားကိုပြန်မြိုချလိုက်ရသည်။ ကျန်းဇယ်ယွီက 'ခွင့်ပြုပါဦး 'ဟု နှုတ်ဆက်ရင်း သူတို့မျက်စေ့ရှေ့မှပျောက်ကွယ်သွားတော့၏။
"ဘယ်လိုခေါ်လိုက်တာလဲ
အဲဒီ ကျဲမင် က"
"ရွန်း... ရွန်း...
       ကျန်းကျီက သံရှည်ဆွဲခေါ်ရင်း လက်ဖျားလာလိုက်သည်။
"ဘာဖြစ်ပြန်တာလဲ"
"မင်းပိုးဟတ်ဖြူလေးကို...
"ကြိုက်လို့လေ
လိုက်မလို့"
"ဝိုးးးး
ပိစိလေးမှကိုမမူတော့တာပါလား
မင်းတကယ်ပြောင်းလဲသွားတာပဲ
ပိုးဟတ်ဖြူလေးကမှော်များတတ်သလားမသိဘူး''
"မင်းလည်း အခုတလော တော်တော်မျက်ခွက်ပြောင်နေတယ်လို့ ငါခံစားရတယ်''
     ထိုနေ့က ကျန်းကျွင့်ဟောင် သူ့ပိုးဟတ်ဖြူလေးနာမည်အား မမှတ်မိလိုက်ပေ။ ။
     အတန်းထဲပြန်ရောက်သွားသော် လုကျဲမင် ကျန်းဇယ်ယွီ မျက်နှာကိုသေချာစိုက်ကြည့်နေခဲ့သည်။ ခိုးကြည့်ခါမှ မျက်စေ့ရှေ့ဘွားခနဲပေါ်လာသည်ကြောင့်ထင်။ ကျန်းဇယ်ယွီမျက်နှာလေးက လန့်ဖြတ်ဖြူရော်သွားသည်ဟု လုကျဲမင်ထင်မိသောကြောင့်ပင်။ ထို့နောက်ချက်ချင်း ဟိုပြဿနာအိုးခေါ်သော 'ပိုးဟတ်ဖြူ' ဆိုသည့်နာမည်အားလည်း အမှတ်ရသွား၏။
"ရှောင်းပေါင်
မင်းတကယ်ပိုးဟတ်ဖြူလေး... ...
"မျက်နှာလာပြောင်နေတာလား...
              ~~~~~~~~~~
       ကျန်းကျွင့်ဟောင်က အဖွားအသဲနှလုံးလေးဖြစ်ပြီး ကျန်းကျွင့်ဟောင်ကလည်း အဖွားစကားဆိုလျင် အိမ်တော်သခင်နေရာယူရမည့်ကိစ္စလွဲ ကျန်တာအကုန်တစ်သွေမသိမ်းနားထောင်တတ်သူပင်။ ယနေ့ကကျောင်းချိန်မနက်ပိုင်းမို့ ညနေစောင်းတွင် အဖွားအား ဥယျာဥ်ထဲလေညင်းခံဖို့အဖော်ပြုပေးနေခြင်းဖြစ်၏။
"အားရွန်း"
       အဖွားက ကျန်းကျွင့်ဟောင်ခေါင်းကိုအသာပွတ်သတ်လာ၏။ သူမ အသံကအမြဲတစေတည်ငြိမ်အေးချမ်းကာ စကားလုံးများကလည်း ချိုသာလို့သာနေသည်။
"အားရွန်းလေးက လေးငယ်နဲ့တကယ်တူတာပဲ
မကိုဋ်တော်ရဲ့နမိတ်တွေတင်မဟုတ်ဘူး
မျက်လုံးမျက်ခုံး နှုတ်ခမ်း နှာတံလေး တွေ စိတ်သဘောထားလေးတွေကအစ တူတာ"
"အဖွား လေးငယ်ဆိုတာ ဟိုကျိန်စာကြောင့် ဆုံးသွားတာဆိုတဲ့ ဘိုးဘေးကိုပြောတာမို့လား"
"ဒါပေါ့ကလေးငယ်ရယ်
အဲတုန်ကအဖွားအသက်၁၂လောက်ပေါ့
လေးငယ်က ဖွားဖွားအသက်ကြီးပြီးမှမွေးတာမို့လို့ အဖွားနဲ့၇နှစ်လောက်ပဲကွာတယ်"
"ဘိုးဘေဆုံးတော့ ၂၀လောက်ပဲရှိသေးတာပေါ့
အဖွား ဒီအကြောင်းတွေပြန်မပြောနဲ့တော့
ကျွန်တော်အဖွားကိုပြောပြချင်တာလေးရှိတယ်"
"အဖွားမြေးငယ်လေး ချစ်သူတွေ့နေလို့လား"
      ကျန်းကျွင့်ဟောင်က အဖွားလက်အောက်မှခေါင်း အနည်းငယ်မော်ကာ ပြန်ကြည့်လာ၏။
"တကယ်ဟုတ်နေတာပဲ...
ဟင်းးးး
ဒီအရွယ်ကိုရောက်လာပြီပေါ့
အဲမိန်းကလေးနဲ့ဘယ်လောက်အနေထားလဲ"
"အဖွား
ကျွန်တော် အခုထိသူနာမည်ကိုတောင်မသိရသေးဘူး
ပြီးတော့... ပြီးတော့... အဖွား သူကလေ
သူ... သူက... သူက မိန်းကလေးမဟုတ်ဘူး...
".........."
ဘုရားသခင်ရေ
မဖြစ်ပါစေနဲ့
ကျေးဇူးပြုပြီး အားရွန်းကိုကူညီပေးပါ
       သူ့စကားကြားသည်နှင့် မျက်နှာညှိုးငယ်သွားပြီး နှုတ်ဆိတ်သွားသောအဖွားကြောင့် ကျန်းကျွင့်ဟောင်အတော်လေးနောင်တရသွား၏။ သူပြောပြလိုက်သည်မှာ မှားသွားသလားဟုပင်။
"အဖွား
တောင်းပန်ပါတယ်
ကျွန်တော့်စိတ်က သူ့ကိုမြင်တာနဲ့ ဒီလိုဖြစ်တည်လာတာ"
       သူမ က ကျန်းကျွင်ဟောင်ပါးကို ဖွဖွလေးထိတွေ့လာ၏။
"အားရွန်း ကလေးငယ်ရယ်
ဒါကအမှားမဟုတ်ပါဘူး
ကလေးငယ်ရဲ့မကိုဋ်ရွေးချယ်ပေးသူကတောင် ယောက်ျားလေးဖြစ်နေခဲ့သေးတာပဲ"
      အဖွားစကားကြောင့် အသက်၈နှစ်အရွယ်က ဝိုးတဝါးမှတ်ဉာဏ်လေးကို သူပြန်အမှတ်ရသွားမိ၏။ အဆော့မက်သော ကလေးငယ်လေးတစ်ယောက်က သူနှင့်ကျန်းကျီနှင့်အတူ ကွင်းပြင်ထဲပြေးလွှားနေခဲ့ဖူးသည်။ မတွေ့ရသည်မှာကြာလွန်းပြီး ငယ်ရွယ်လွန်းစဥ်ကမှတ်ဉာဏ်မို့ ထိုကောင်လေးမျက်နှာကို ရှင်းလင်းနေအောင်မှတ်မိဖို့တော့ ခက်ခဲနေသေး၏။ မည်သို့ပင်ဆိုစေကာမူ ထိုအရွယ်က ထိုကောင်လေးအပေါ်ဂရုစိုက်စောင့်ရှောက်ပေးချင်ခဲ့သည်ပင်။ ကျန်းကျွင့်ဟောင် အဖွားဒူးပေါ်မှေးလေးတင်ရင်း သက်ပျင်းလေးသာခိုးရှိုက်မိတော့၏။ သူ့ဘဝတွင် ထိုကောင်လေးအပေါ် အများနှင့်မတူသောသံယောဇဥ်လေးတစ်ခုတွယ်ဖူးခဲ့သော်လည်း အတိတ်သက်သက်သာ။ လက်ရှိတွင် ထိုကောင်လေးမှာ လူ့လောကထဲ၌ရှိသေးမလားပင် မသေချာတော့ပေ။
              ~~~~~~~~~~
"ရှောင်းပေါင်
ရေချိုးတော့လေ ကျောင်းချိန်ရှိနေတယ်မို့လား
ဆိုင်ကမားမားတစ်ယောက်တည်းနဲ့လုံလောက်ပါတယ် ဒီလောက်ကြီးကူဖို့မလိုပါဘူး"
"ရှောင်းပေါင်က အခုပဲသွားတော့မလို့ပါ
မားကိုမပြောဘဲမသွားချင်ဘူးလေ
မားမား မျက်နှာလေးကြည့်ပြီးမှသွားမလို့"
       ကျန်းဇယ်ယွီက အပြောလေးနှင့် မားမား၏ပါးကိုတယုတယနမ်းလိုက်သည်။ မားမားက ကျန်းဇယ်ယွီပါးလေးကိုဖွဖွလေးညှပ်ပြီး 'မားမားအချစ်လေး' ဟု ပြောလိုက်၏။
"အရို့..............
ရှောင်းပေါင် ငါ့မားမားကမင်းအဲလိုတွေချိုချိုလေးနဲ့ချွဲပဲချွဲနေတော့ ငါ့လိုအပြောဆိုးနဲ့သားလေးကိုတောင် အချစ်တွေပေါ့ကုန်ပြီဟ.....
       စားပွဲတစ်ခုကိုရှင်းပြီး ပြန်ဝင်လာသောလုကျဲမင်မှာ သူ့မားမားကိုအူတိုစွာဖြင့် နှုတ်ခမ်းလေးထော်မိတော့သည်။
"ကျဲမင် မင်းက သုံးနှစ်ကလေးလား"
"မသိဘူးကွာ
မင်းမြန်မြန်အပေါ်ထပ်ကိုကြွလာခဲ့
ငါရေသွားချိုးတော့မယ်"
"မင်းတစ်ယောက်တည်းမားမားမဟုတ်ဘူးလေ
ငါ့ရဲ့လည်းမားမားပဲလေ
မလာခဲ့ဘူး မလာခဲ့ဘူး မားမားအနားနေဦးမှာ"
"ဇယ်ယွီ!...
ကြွခဲ့တော့ဒီကို!...
"အရှေ့မှာ consumerရှိတယ်နော် ကျဲမင်
တိုးတိုးပြောပါ ငါနားမကမ်းသေးဘူး"
"မျက်ခွက်ပြောင်မနေနဲ့ဇယ်ယွီ...
      လုကျဲမင် လှေကားပေါ်တက်ဖို့ဟန်ပြင်နေရင်မှ ကျန်းဇယ်ယွီနှင့် မားမားတို့အနားပြန်လျှောက်လာ၏။
"မားမား သူကောင်လေးတစ်ယောက်ကို... ...
       ကျန်းဇယ်ယွီမှာ အလန့်တကြားလုကျဲမင်ပါးစပ်ကိုလက်ဖြင့်အုပ်ထားလိုက်ရသည်။
"ရူးနေတာလား လုကျဲမင်...
"ငါက...
       လုကျဲမင်ကဖယ်ထုတ်နေသော်လည်း ကျန်းဇယ်ယွီက အတင်းကာရော ပါးစပ်ကိုလိုက်ပိတ်နေ၏။
"ကလေး ဘာဖြစ်လို့လဲ
မားမားကိုပြောစမ်း"
"မား...
       ကျန်းဇယ်ယွီက မားမားပခုံးကိုမှီရင်း ကပ်ချွဲလာ၏။ မားမားက ခေါင်းကိုအသာလေးတွန်းထုတ်လိုက်သည်။
"ပြော ပြော မားမာကိုပြော ဘာတွေဖုံးကွယ်ထားတာလဲ
မဆိုးရဘူးလေ ပြော"
"ရှောင်းပေါင်ကမဆိုးပါဘူး မားမားကလည်း
နောက်ကိုပြောပြပါ့မယ်
အခုကတော့...
"အဲ နောက် မှပြောပြလို့ နောက်ကျသွာရင်ဘယ့်နှယ့်လုပ်မှာလဲ"
"ကြိုက်နေတာလေ.....
"လု! ကျဲ! မင်!...
"ကောင်လေးတစ်​ယောက်ကို"
        ကျန်းဇယ်ယွီတားသော်လည်း မမီလိုက်တော့။ လုကျဲမင်ကမနေနိုင်လွန်းစွာ ရုန်းကန်ရင်းပြောဖြစ်အောင်ပြောလိုက်၏။ မားမားကလည်း ကျန်းဇယ်ယွီမျက်ဝန်းများကိုစေ့စေ့ကြည့်လာတော့သည်။
"မားမား...
ကျွန်တော် ကျွန်တော်...
လု! ကျဲ! မင်!!... ...
       လုကျဲမင်ကထွက်ပြေးသွားပြီး ကျန်းဇယ်ယွီကတော့ မားမားဆွဲထားခြင်းကြောင့် နောက်ကမလိုက်နိုင်ခဲ့။ လုကျဲမင်က လှေကားပေါ်မှပင် မျက်နှာပြောင်ပြသွားသေး၏။
"သားငယ် ရှောင်လုပြောတာဟုတ်လား"
"မား...
"မေးတာကိုသေချာဖြေ
ဟုတ်လားလို့"
"ဟုတ်... ဟုတ်ပါတယ်
ကျွန်တော်သူ့ကိုသဘောကျနေပြီ"
"အဲတော့ မားမားမြေးမချီရတော့တာသေချာပြီပေါ့...
      ကျန်းဇယ်ယွီမှာ မားမားစိတ်ဆိုးမည်ဟုထင်ထားခဲ့ခြင်းကြောင့် ယခုလိုအမေးက သူ့ကိုကြောင်သွားစေသည်။ ကျန်းဇယ်ယွီက မျက်တောင်လေး တဖြတ်ဖြတ်ခတ်ရင်း အခြေနေကိုပြန်လည်ထိန်းချုပ်လိုက်၏။
"သူငယ်ချင်းလား စီနီယာလား"
"သူငယ်ချင်းမဖြစ်သေးဘူး
စီနီယာလား အတန်းတူလားလည်းမသိသေးဘူး
ကျွန်တော် သူ့နာမည်ကိုတောင်မသိရသေးဘူး မားမား"
"ရော
မားသားလေးကလက်နှေးလိုက်တာ
ကျောင်းတက်တာပဲတစ်လကျော်နေပြီကို အခုထိဘာမှမသိသေးဘူးလား
မနေ့တနေ့ကမှတွေ့ခဲ့တာမို့လို့လား"
"ကျောင်းတက်လို့ နောက်တစ်ပါတ်လောက်ကတွေ့တာ
ဒါပေမယ့် မေဂျာမတူဘူးထင်တယ် ဒီအတောအတွင်း ကျွန်တော်တို့မျက်နှာချင်းဆိုင်ဆုံတာ လေးကြိမ်လောက်ပဲရှိ...
        ကျန်းဇယ်ယွီမှာ လန့်ပြီးကိုယ်လေးကိုကြုံလိုက်မိသည်။ မားမားလက်တစ်ဖက်က လေပေါ်ဝဲသွားသော်လည်း သူ့ကိုရိုက်ဖို့တော့ဟုတ်မနေခဲ့ပေ။ သူ့ခေါင်းကိုအားဖြင့်ဖိကာ နူးညံ့နေသောဆံပင်များအား ထိုးဖွရုံသာ။
"မားမားသားလေးက တကယ်လက်နှေးတာပဲ"
      မားမားကစိတ်လုံးဝမဆိုးသည့်အပြင် သူ့ကိုပါဤမျှကြာသည်ထိ နာမည်ပင်သိအောင်မလုပ်နိုင်ခြင်းကြောင့် အပြစ်တင်နေသေးသည်။ မားမား၏အပြစ်တင်စကားများက ကျန်းဇယ်ယွီအတွက် အကြီးမားဆုံးခွန်အားတစ်ခုဖြစ်စေ၏။ ကျန်းဇယ်ယွီအတွက် မားမားနှင့်လုကျဲမင်သာထောက်ခံပါက ပြီးပြည့်စုံပြီဖြစ်သည်။
      လုကျဲမင်က ကျောင်းသွားသည့်လမ်းတွင်ရော ကျောင်းခန်းထဲတွင်ပါ တောင်းပန်နေခဲ့၏။ သူက ကျန်းဇယ်ယွီ မားမားထံ အဆူခံထိသွားသည်ဟုထင်ကာ နောင်တရနေခြင်းပင်။ သူက စ နောက် ရုံသက်သက်သာပြောလိုက်ခြင်းဖြစ်၏။
"လု ကျဲ မင် ရေ.....
မားမားငါ့ကို တကယ်မဆူလိုက်ဘူးလို့
ငါစာလုပ်မရတော့ဘူး"
"မဖြစ်နိုင်တာ
ငါ့ကိုမနှင့်သိမ့်နဲ့ ငါတကယ်...
"လု ကျဲ မင်
ငါတော်တော်လေးကို နားငြီးနေပြီမို့လို့ ကျေးဇူးပြုပြီး ပါးစပ်ကိုပိတ်ထားပါတော့"
"ငါ.....
"မားမားက သူ့နာမည်ကိုအခုထိမသိရသေးလို့တောင် ငေါက်နေခဲ့သေးတာ
ဟုတ်ပြီလား
စာတန်းပြုစုဖို့ကိုအာရုံစိုက်တော့.....
       ထိုနေ့က ကျန်းဇယ်ယွီ လုကျဲမင်ကို အိမ်ပြန်ပြီး မားမားနှင့်မတွေ့မချင်း ဖြေရှင်းချက်ပေးမရဖြစ်ခဲ့သည်။ လုကျဲမင်မှာ စွာရုံမက အတော်လေးလည်းခေါင်မာပြီး နားကောက်သော ကောင်လေးတစ်ယောက်ဖြစ်၏။ အိမ်ပြန်ရောက်ချိန် မားမားမှာသူ့၏လွဲချော်နေသောနားလည်မှုကို နားဝင်အောင်ပြောလိုက်ရသေးသည်။ ထိုအခါမှသာ လက်ခံပြီး နားအေးသွားရတော့သည့်အဖြစ်ပင်။
TO BE CONTINUE
ZJ
"အိ!...
ရှောင်းပေါင်ရေ...
"ရှောင်းပေါင်...
"ရှူးးးး
"ဘယ်သူရှိရဦးမှာလဲ"
"မမူတော့ဘူးပေါ့"
"ဘာကိုလဲ"
"အဲလိုလည်းမဟုတ်ပါဘူး
"ဇယ်! ယွီ!....
"မင်းအဆင်ပြေရဲ့လား"
"ဆိုးလိုက်တဲ့ ရေစက်
"မင်းဘာစကားပြောတယ်!...
"ကျဲမင်...
"တောင်းပန်ပါတယ်
"ဘယ်လိုခေါ်လိုက်တာလဲ
အဲဒီ ကျဲမင် က"
"ရွန်း... ရွန်း...
"ဘာဖြစ်ပြန်တာလဲ"
"ကြိုက်လို့လေ
လိုက်မလို့"
"ဝိုးးးး
"ရှောင်းပေါင်
              ~~~~~~~~~~
"အားရွန်း"
"ဒါပေါ့ကလေးငယ်ရယ်
"တကယ်ဟုတ်နေတာပဲ...
ဟင်းးးး
"အဖွား
".........."
ဘုရားသခင်ရေ
မဖြစ်ပါစေနဲ့
"အဖွား
တောင်းပန်ပါတယ်
"အားရွန်း ကလေးငယ်ရယ်
ဒါကအမှားမဟုတ်ပါဘူး
              ~~~~~~~~~~
"ရှောင်းပေါင်
"အရို့..............
"မသိဘူးကွာ
"ဇယ်ယွီ!...
ကြွခဲ့တော့ဒီကို!...
"ရူးနေတာလား လုကျဲမင်...
"ငါက...
"ကလေး ဘာဖြစ်လို့လဲ
မားမားကိုပြောစမ်း"
"မား...
မဆိုးရဘူးလေ ပြော"
အခုကတော့...
"ကြိုက်နေတာလေ.....
"လု! ကျဲ! မင်!...
"ကောင်လေးတစ်ယောက်ကို"
"မားမား...
ကျွန်တော် ကျွန်တော်...
လု! ကျဲ! မင်!!... ...
"မား...
"မေးတာကိုသေချာဖြေ
ဟုတ်လားလို့"
"ဟုတ်... ဟုတ်ပါတယ်
"ရော
You are reading the story above: TeenFic.Net