UN
"အရို့
မရီးရယ် ယွီမင်ကို ကျွန်တော်ချီပါ့မယ်"
စစ်သူကြီးမျိုးရိုးအိမ်တော်မှ အိမ်တော်သခင်လေးက အစ်ကိုတော်၏မိန်းမလက်ထဲရှိ လေးနှစ်အရွယ်တူမလေးအား လက်ပြောင်းယူလိုက်သည်။ သူ့အနေနှင့် ကိုယ်ဝန်လွယ်ထားရသော မရီးဖြစ်သူအား ကောင်းကောင်းစောင့်ရှောက်ရမည်ဖြစ်၏။
"နင့်မိန်းမကိုသာ ဂရုစိုက်ပါ
ငါက ကလေးတစ်ယောက်မွေးဖူးပြီးပါပြီ"
"မရီးကိုယ်ဝန်က နေ့စေ့လစေ့နဲ့လေ
ကျွန်တော့်မိန်းမက နုပါသေးတယ်ဗျ
တော်ကြာ အလုပ်ပင်ပန်းပြီးပြန်လာတဲ့ ကျွန်တော့်အစ်ကို အမောမပြေဖြစ်နေပါ့မယ်ဗျ"
"ငါတို့မျိုးဆက်က ဘယ်သူများ စိတ်မမောပဲနေနိုင်လို့တုန်း"
မရီးဖြစ်သူစကားကြောင့် အိမ်တော်သခင်လေးမျက်နှာ ညှိုးငယ်သွား၏။ ယခုသူတို့မျိုးဆက်သည် ရှေ့ကပြီးခဲ့သောကျိန်စာ၏ ဒုတိယမျိုးဆက်ဖြစ်လေရာ သူတို့၏သားသမီးများသည် တတိယမျိုးဆက်ဖြစ်ကုန်ကြသည်။ လက်ရှိတွင် အမတ်မျိုးရိုးအိမ်တော်၌ သားတစ်ယောက် သမီးတစ်ယောက်ရှိနေပြီး သူတို့စစ်သူကြီးမျိုးရိုးတွင် သမီးတစ်ယောက်ရှိနေပေပြီ။ သို့သော် ဆက်ခံသူမကိုဋ်တော်ရော ကျိန်စာပျယ်မကိုဋ်တော်ကပါ လူမရွေးချယ်ရသေးပေ။ အိမ်တော်သခင်သူ့တွင် အမျိုးသမီးကကိုယ်ဝန်လွယ်ထားရပြီး အစ်ကို့အမျိုးသမီးတွင်လည်း ဒုတိယကိုယ်ဝန်ရှိနေပေပြီ။ အမတ်အိမ်တော်သခင်မလေးတွင်လည်း ကိုယ်ဝန်လွယ်ထားရကြောင်း သူသိခဲ့ရပြီဖြစ်၏။ မကိုဋ်တော်များအားလုံး၏အဖြေသည် လက်ရှိဗိုက်ထဲတွင်ပင်ရှိနေသော ကလေးငယ်များသာဖြစ်ကြောင်း မှန်းဆစရာပင်လိုမည်မထင်။ ။
"ကိုကြီး ညီမလေးတို့မှာ ဆက်ခံသူရော ဟိုဟာကရွေးချယ်တဲ့သူရောမရှိသေးဘူး
ဘယ်လိုလုပ်ကြမလဲ
ညီမလေးကိုယ်ဝန်ကရင့်လာနေပြီ"
"ကိုကြီးလည်းမတတ်နိုင်ဘူးလေ
ဘိုးဘေးတွေတောင်ရှောင်လွဲဖို့မတတ်နိုင်ခဲ့တာ
ကိုကြီးတို့လည်း ရင်ဆိုင်ရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး
ဟိုဘက်အိမ်တော်ကလည်း အခုထိနှစ်ခုလုံးမရွေးချယ်ရသေးဘူး"
"ဘိုးဘေးတွေထဲမှာ အရံအိမ်တော်ကရွေးချယ်ခံရတာရှိခဲ့ဖူးတယ်မို့လား ကိုကြီး"
"ကဲပါညီမလေးရယ် ကိုယ်ဝန်ကြီးနဲ့ အဲလောက်အများကြီးမတွေးပါနဲ့
ကောင်းကောင်းအနားယူ"
အမတ်မျိုးရိုးအိမ်တော်သခင်က ညီမဖြစ်သူအားနှင့်သိမ့်ပေးနေသော်လည်း သူအဖို့ အတော်ပင်မျက်ခမ်းလှုပ်စရာဖြစ်သည်။ ညီမဖြစ်သူကိုယ်ဝန်ရင့်လာသည်နှင့် ကျိန်စာပျယ်မကိုဋ်တော်မှ ထူးခြားမှုရှိလာနေကြောင်း သူသတိပြုခဲ့သည်ပင်။ ဘိုးဘေးများကြောင့် စတင်ခဲ့သော ထိုကျိန်စာကြောင့် ဘာမှမသိမဆိုင်သော မျိုးဆက်များကိုထိ ဖျက်စီးလာခဲ့ရသည်။ ထိုကျိန်စာကို ယခုမျိုးဆက်တွင် ပယ်ဖျက်နိုင်ဖို့ဆုတောင်းရုံမှတပါး အခြားမတတ်နိုင်ပေ။
~~~~~~~~~~
"တော်ဝင်မကိုဋ်က အဖြုရောင် ရောင်စင်ကိုပေးတယ်!...
ထိုအသံက မီးဖွားပြီးခါစ အိမ်တော်သခင်၏ မရီးပင်ကြားရလောက်သည်။ သူမက သားယောက်ျားလေးကို လွယ်ကူစွာမွေးဖွားခဲ့သည့်အပြင် ဆက်ခံသူမကိုဋ်ကပါရွေးချယ်ခဲ့ပြီး အဖြူရောင် ရောင်စဥ်ကိုပင် ဖော်ပြပေးခဲ့သည်။ သူမက ချင်ချင်းပင် သားငယ်လေးနဖူးပြင်အားထိလိုက်ပြီး 'ကျီ'ဟု ပြောလိုက်သည်။ သူ့သားငယ်သည် အထွဋ်ထိပ်ရောက်သည်ထိ ပြိုင်ဘက်ကင်းစွာ အောင်မြင်ပြီး အာဏာစက်ကြီးမားဟု ဆိုလိုက်ခြင်းပင်။
"ညီလေး ငါတော့စိတ်မပျော်နိုင်ဘူး
ဆက်ခံသူမကိုဋ်က ငါ့သားလေးကိုရွေးချယ်လိုက်ပြီ
မင်းပဲကျန်တော့တာမို့လို့...
"ဒါက ကျွန်တော်တို့ရွေးချယ်လို့ရတဲ့လမ်းမှမဟုတ်ဘဲ
ဖြစ်သမျှကိုအကောင်းဖြစ်အောင် ကြိုးစားပြုပြင်ပေးဖို့ပဲရှိတာပေါ့"
"အမတ်မင်းအိမ်တော်ဘက်မှာတော့ ကျွန်တော့်အမျိုးသမီး မီးဖွားပြီးမှ သူတို့မီးဖွားလောက်တယ်
သူတို့မှာ သခင်မလေးအငယ်တစ်ယောက်ပဲရှိတော့တာ တောင်ဝင်မကိုဋ်က အရံအိမ်တော်ထဲကရွေးဖို့များဖြစ်နေမလား"
"မပြောတတ်တော့ပါဘူး အစ်ကိုကြီးရယ်
အရံအိမ်တော်ဖြစ်ဖြစ် ပင်မအိမ်တော်ဖြစ်ဖြစ် ကြင်ဖက်တစ်စုံက မချစ်မနှစ်သက်ခဲ့ရင် .....
နောက်နှစ်လာခန့်အကြာ၌ စစ်သူကြီးအိမ်တော်အတွက် အပူမီးတစ်ခုကိုသယ်လာခဲ့သည်။ အိမ်တော်သခင်၏ဇနီးသည်မီးဖွားချိန်၌ ကျိန်စာပျယ်မကိုဋ်၏ရောင်ဝါသည် အပြာဖျော့ပြီး အနည်းငယ်အေးစက်မှုကိုပေးခဲ့သည်။ သူမက သားနှင့်သမီး အမွှာလေးကို ၃မိနစ်ခန့်ခြားကာ မွေးဖွားခဲ့ပြီး ထိုအရာက သူမအတွက် အတော်လေးကိုခက်ခဲခဲ့သည်။ ထို့အပြင် တော်ဝင်မကိုဋ်က အနည်းငယ်အေးစက်မှုနမိတ်ကိုပေးခြင်းဖြစ်လေရာ အရံအိမ်တော်များကပင် ရင်ထုမနာဖြစ်ကြရသည်။ သားဖြစ်သူကို ကျန်းယွီယွီ နှင့် သမီးဖြစ်သူကို ကျန်းယွီရှီ ဟု ခေါ်တွင်ခဲ့သည်။
နောက်လအနည်းငယ်ထပ်ကြာပြန်လျှင် စစ်သူကြီးအိမ်တော်၏အပူက အမတ်မင်းအိမ်တော်ဖက် တစ်ဖန်ကူးသွားပြန်သည်။ သခင်မလေးက သားယောက်ျားလေးတစ်ယောက်ကိုသာ ဖွားမြင်သော်လည်း ဆက်ခံသူမကိုဋ်ကရော ကျိန်စာပျယ်မကိုဋ်ကပါ ရွေးချယ်ခဲ့သည်။ ထိုအဖြစ်ပျက်ကြောင့် အဖွားဖြစ်သူမှာ မေ့လဲသွားတော့၏။ ကျိန်စာပျယ်မကိုဋ်တော်က အပြာဖျော့နှင့်နွေးမှုကိုပေးခဲ့ပေရာ ထိုအရာက သိပ်တော့မကောင်းလှချေ။ အဆိုးထဲမှအကောင်းဟုပြောစရာဆိုလျင် ဆက်ခံသူမကိုဋ်တော်၏ရောင်ဝါက အဖြူရောင်များဖြစ်ခြင်းပင်။ သူမ သားလေးကတော့ အဖွားဖြစ်သူ စိတ်ပြေချိန်မှ 'ရွန်းရွန်း' ဟု ခေါ်တွင်ခဲ့ပြီး ဆက်ခံသူဘွဲ့အမည်ကို 'ကျွင့်ဟောင်' ဟု သတ်မှတ်ခဲ့သည်။
နောက်ဆုံး၌ အိမ်တော်နှစ်ခုမှသခင်လေးနှစ်ယောက်မှာ အစဥ်ဆက်ကထားရှိဖူးခဲ့ကြသော မာနတို့ကို တစ်ထစ်လျှော့ကာ တိုင်ပင်ငြှိနှိုင်းမှုတစ်ခုပြုလုပ်ခဲ့ကြတော့သည်။ ထိုငြှိနှိုင်းမှုက ရွန်းရွန်းနှင့် ယွီရှီအား ငယ်စဥ်ကပင်ရင်းနီးမှုရအောင် ထားရှိကြမည်ဖြစ်ကြောင်း အတည်ပြု သဘောတူခြင်းပင်။
~~~~~~~~~~
"မြန်မြန်လုပ်ပါ
ကလေးက နည်းနည်းမှအပူကျမသွားဘူး
နင်အခုထိပြင်ဆင်လို့မပြီးနိုင်သေးဘူးလား"
ဇနီးဖြစ်သူက ကလေးကိုပွေ့ထားရင်း အိမ်တော်သခင်သူ့ခင်ပွန်းအား အော်နေ၏။ ယွီရှီက ယခုမိုးချုပ်သည်ထိ အပူကျမသွားဘဲ ပိုပိုဆိုးလာနေပြီး ဆေးရုံတင်ရန်ပြင်ဆင်နေကြခြင်းပင်။ အိမ်တော်သခင်မှာ ၈နှစ်အရွယ်သမီးငယ်လေးကြောင့် ပူပန်ကြီးကာ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတော့သည်။ သားလေးကလည်း သူ့ညီမနေမကောင်းသည်မို့ လက်ကလေးများကို ဆုတ်ကိုင်ရင်း အနားမှခွာမရဖြစ်၏။
"အစ်ကို အစ်ကို့တူမလေးက တော်ဝင်မကိုဋ်ရဲ့နမိတ်ထက်ကို ပိုဆိုးဝါးနေသလိုပဲ
ဒီလိုလက္ခနာမျိုးက အေးစက်ခြင်းအတိ နမိတ်နဲ့ပိုတူနေတယ်"
မရီးဖြစ်သူက တူမလေးအတွက် အလွန်တရာစိတ်မကောင်းဖြစ်နေပြီး ခင်ပွန်းရင်ခွင်ကိုမှီလျှက် မငိုရုံတမယ်ပြောနေခဲ့သည်။ ယွီရှီက ငယ်ငယ်ကပင် ခြူခြာလွန်းပြီး လက်ရှိ၈နှစ်အရွယ်ရောက်လာသည့်တိုင် စာကိုအိမ်တွင်သာသင်နိုင်ခဲ့သည်။ အခြားကလေးများကဲ့သို့လည်း လုံလုံလောက်လောက်မဖွံ့ဖြိုးဘဲ သေးကွေးလွန်းလှသည်။ သူမကိုကြည့်ရသည်မှာ ၃, ၄နှစ်အရွယ်ကလေးမျှသာရှိ၏။ ယွီယွီသည် ကျန်းကျီတို့ ရွန်းရွန်းတို့နှင့်ယှဥ်လျင် ဖွံ့ဖြိုးမှုနှေးသော်လည်း ယွီရှီ၏နှစ်ဆလောက်ပင် ကြီးထွားနေသေးသည်။ ယွီရှီ၏လက္ခနာများကြောင့် မကိုဋ်တော်မှာရွေးချယ်သူမှာ ယွီရှီမဟုတ်ဘဲ ယွီယွီဖြစ်နေမလား ဟု ပင် သံတရဝင်စေခဲ့သည်။ ယွီရှီဆေးရုံပြန်ဆင်းချိန်တွင် အိမ်တော်နှစ်ခုမှကျန်းသခင်လေးနှစ်ယောက်ခေါင်းချင်းပြန်ဆိုင်ရတော့သည်။
"ဒါက မျိုးရိုးတွေထဲမှာ ပထမဆုံးရွေးချယ်ခံရတာမှမဟုတ်ဘဲ
"အဲအရင်ကလည်းရှိခဲ့ဖူးပါသေးတယ်
ဒါပေမယ့် အဲလိုရွေးချယ်မှုတွေက ပိုလို့တောင်အဆုံးသတ်မကောင်းခဲ့ကြဘူးလေ"
"ခင်ဗျားအဲလိုကြီးမပြောပါနဲ့
အဲတုန်းက ဘိုးဘေးတွေက တော်ဝင်မကိုဋ်ကိုဖျက်စီးဖို့ကြိုးစားခဲ့တာလည်းထည့်ပြောသင့်တယ်"
"အဲတော့ ဘိုးဘေးတွေမင်းသွားအပြစ်တင်ပါလား''
"ကျုပ်ကရော အခုခင်ဗျားကိုအပြစ်တင်နေတာမို့လို့လား"
"တော်ကြပါတော့
မာနတွေ အငြိုးတေးတွေကို လျှော့ကြပါတော့
ကျွန်မသားလေးကို ထပ်ပြီးမစတေးနိုင်ဘူး"
အမတ်မင်းအိမ်တော်သခင်မလေးက စစ်သူကြီးအိမ်တော်သခင်၏ဇနီးကိုဖက်လျှက်ငိုကြွေးလာသည်။ အိမ်တော်သခင်ဇနီးကတော့ အပူများလွန်း၍လားမသိ တစ်ခွန်းမှဝင်မပြောဘဲ မို့အစ်နေသောမျက်ဝန်းသေလေးများနှင့်သာ ငြိမ်သက်နေခဲ့သည်။
"ကိုကြီး စိုးရိမ်လို့ပါ ညီမလေးရယ်
အဲတုန်းက သခင်လေးနှစ်ယောက်ရဲ့နမိတ်တွေကလည်း အခုကလေးနှစ်ယောက်ရဲ့နမိတ်တွေနဲ့တူနေတယ်"
"ကျွန်တော့်သားလေးကမှမကိုဋ်တော်ရဲ့ရွေးချယ်သူအစစ်ပဲ
အထူးတလှည်စောင့်ကြည့်ပေးကြဖို့ပဲရှိတယ်
အဲတုန်းကဘိုးဘေးသခင်လေးနှစ်ယောက် သတ်သေသွားတဲ့ ဥယျာဥ်နောက်ကချော်ကိုအခုထိပိတ်ထားတုန်းပဲဆိုပေမယ့် စိတ်မချရဘူး"
"မဖြစ်ပါစေနဲ့လို့ဆုတောင်းရတာပဲ
ခက်တာ ကလေးနှစ်ယောက်လုံးရဲ့ဘယ်ဘက်ရင်အုံပေါ်က မှဲ့အစိမ်းတွေပါနေတာပဲ"
"သခင်လေး မကောင်းတော့ဘူး
မကောင်းတော့ပါဘူး"
စစ်သူကြီးအိမ်တော်၏အစေခံတစ်ယောက်က ထိပ်လန့်တကြားပြေးလာ၏။ အသံကလည်းတုန်ယင်နေပြီး အလွန်မြန်မြန်ပြေးလာခဲ့ခြင်းကြောင့် ပါးစပ်ဖွင့်ရင်းပင်အသက်ကိုရှူနေရသည်ထိ မောဟိုက်နေသည်။
"စကားကိုရှင်းအောင်ပြောစမ်း
ဘာဖြစ်တာလဲ"
"သခင်လေး သခင်ငယ်လေး ယွီယွီ...
ယွီယွီ... ဥယျာဥ်ထဲမှာပျောက်....
"ဘာ!!...
တစ်ချိန်လုံးအရုပ်ကလေးလိုငြိမ်နေသော အိမ်တော်သခင်ဇနီးက ဥယျာဥ်ရှိရာဆီအရင်ဆုံးပြေးသွားသူဖြစ်နေခဲ့သည်။ ကျန်းယွီယွီမှာ အစေခံများနှင့်ဆော့ကစားနေရင်းက ပြေလွှားကာ ဥယျာဥ်ထဲပျောက်သွားခြင်းပင်။ ကျန်းယွီယွီကိုနောက်ဆုံးတွေ့လိုက်ရသောနေရာက ပိတ်ထားသောဥယျာဥ်နောက်ဘက်ဖြစ်သည်။ ထိုဥယျာဥ်က စစ်သူကြီးအိမ်တော်တွင်တည်ရှိပြီး ထိုနေရာတွင်ချော်တစ်ခုအပြင် အားကောင်းသောရေတံခွန်တစ်ခုလည်းရှိနေသေးသည်။ တစ်နေကုန်အောင်လိုက်ရှာပြီးသည့်နောက် ရေတံခွန်အနီး၌ကျန်းယွီယွီဖိနပ်တစ်ဖက်ကလွဲ အခြားသောအရာရှာမတွေ့ခဲ့ပေ။ ငွေအင်အားပြည့်စုံကြသည်မို့ ပုံစံမျိုးစုံနှင့်နေရာမျိုးစုံ ရှာခဲ့ကြပါသော်လည်း အချိန်များကုန်ဆုံးသွားရုံသာရှိခဲ့သည်။
စစ်သူကြီးအိမ်တော်အတွက် ကြေကွဲစရာကထိုမျှတင်မဟုတ် ကျန်းယွီရှီ၏ဘဝသက်တန်းသည် အသက်၁၀နှစ်၌ ကုန်ဆုံးလို့သွားတော့သည်။ အိမ်တော်သခင်ဇနီးသည်မှာ သားဇောသမီးဇောနှင့် အိပ်ယာထဲလဲကာ လုံးပါး ပါး သောဘဝသို့ရောက်သွားခဲ့သည်။ အကယ်၍ထိုအိမ်တော်တွင် ကျန်းကျီဆိုသော ဆက်ခံသူသခင်ငယ်လေးသာမရှိလျှင် ပြိုကွဲသွားနိုင်လောက်မည်ပင်ထင်၏။
ကျိန်စာပျယ်မကိုဋ်တော်များ၏ ရာဇဝင်သည် ဤသို့ဖြစ်ကြောင်း ကျန်းဘိုးဘေးများကြား ဒဏ္ဍာရီတစ်ခုရှိခဲ့သည်.....
အာဏာနှင့် ကြွယ်ဝချမ်းသာမှုအပေါ် တက်မက်ခြင်းသည် မျိုးနွယ်စုတစ်ခုလုံးဒုက္ခရောက်သည်ထိ ရိုက်ခတ်နိုင်ခဲ့သည်။
ယခင်မင်းအဆက်ဆက်က 'ကျန်း'အိမ်တော်နှစ်ခုသည် အလွန်မတန်သင့်မြတ်ခဲ့ကြဖူးပြီး မျိုးရိုးထိန်းသိမ်းဖို့ရာကို အချင်းချင်းထိမ်းမြားလက်ထပ်ပေးကြသော အလေ့အထပင်ရှိခဲ့ကြသည်။ နောက်ပိုင်းတွင်တော့ 'ကျန်း'အမတ်မင်းမျိုးရိုးအိမ်တော် နှင့် 'ကျန်း'စစ်သူကြီးမျိုးရိုးအိမ်တော် တို့က အချင်းချင်း ပြိုင်ဆိုင်မှုများရှိလာကြသည်။ အာဏာနှင့်ကြွယ်ဝမှုကိုသာမက အခြားသောအသေးအမွှားလေးများကိုပင် ပြိုင်ဆိုင်လာကြလေရာ ဘိုးဘေးများတုန်းကလို မသင့်မြတ်ကြတော့ပေ။ တစ်ခုသောမျိုးဆက်၌ ကျန်းအိမ်တော်နှစ်ခုမှာ စစ်ခင်းမတတ်ဖြစ်လာခဲ့ပြီး ဘုရင်ကိုပါမျက်ခမ်းလှုပ်စေခဲ့သည်။ ထိုအခါဘုရင်ကအမျက်တော်ချပြီး အဓိပ္ပါယ်မဲ့လှစွာသော ကျိန်စာတစ်ခုကို နတ်ဆရာအားစီရင်စေခဲ့သည်။
နတ်ဆရာက ပင်မအိမ်တော်မှလူများကို သွေးတစ်စက်စီဖောက်ယူပြီး မကိုဋ်တော်နှစ်ခုစီရင်ကာ အိမ်တော်နှစ်ခုအား အချစ်ကျိန်စာတိုက်ခဲ့သည်။ လက်ရှိမျိုးဆက်တွင် အိမ်တော်နှစ်ခုကြား လက်ဆက်ရမည့်ကြင်ဖော်တစ်တွဲကို ရွေးချယ်ပြီး ကျိန်စာကိုပယ်ဖျက်ရမည်ဖြစ်သည်။ မပျယ်ဖျက်နိုင်ပါက နောက်မျိုးဆက်သုံးဆက်ကို ဤကျိန်စာကသက်ရောက်မည်ဖြစ်၏။
"မင်းတို့မျိုးဆက်က မကိုဋ်တော်ရွေးချယ်သူတွေဟာ လက်ဆက်ရမယ့်သူတွေပဲ
ရွေးချယ်သူနှစ်ယောက်က လက်ဆက်ဖို့ငြင်းဆန်ခဲ့ရင် သွေးစိမ်းအန်ပြီး အသေဆိုးနဲ့သေကြရမှာ
အချစ်စစ်ကိုရှာမတွေ့ရင်လည်း ရွေးချယ်ခံကသူတွေက စတေးခံရသူတွေပဲ
ဒီမျိုးဆက်မှာ ကျိန်စာမဖျယ်နိုင်ရင် နောက်ထပ်သုံးဆက်မြောက်မျိုးဆက်ထိသယ်သွားရလိမ့်မယ်"
အစပိုင်းတွင် ကျန်းအိမ်တော်နှစ်ခုလုံးက မင်းနေပြည်တော်ကိုစွန့်ခွာကာ မတူညီသာနယ်ပယ်များတွင်နေထိုင်ခဲ့ကြသေးသည်။ ကျိန်စာကတော့ လိုက်မြဲလိုက်နေလေရာ ပင်မအိမ်တော်များ တစ်စတစ်စပျက်စီးလာကြ၏။ ထိုအခါမှသာ ရှောင်လွဲမရသောမကိုဋ်တော်ရွေးချယ်မှုကိုလက်ခံလျှက် လက်ထပ်ထိမ်းမြားပေးခြင်းကိုပြုလုပ်ကြတော့သည်။ သို့တိုင် မချိုးနှိမ်နိုင်သောမာန်မာနတို့ကြောင့် မျိုးဆက်သုံးခုမဆိုထားနှင့် ရာစုနှစ်ပေါင်းအလီလီကုန်ဆုံးလာသည့်တိုင် ကျိန်စာကိုမပျယ်ဖျက်နိုင်ခဲ့ကြပေ။ ကျိန်စာမပယ်ဖျက်နိုင်ခြင်းကြောင့် ရွေးချယ်ခံရသူတိုင်းသည် အသက်၂၅နှစ်ပြည့်သည်နှင့် နာကျင်စွာအသက်သေဆုံးကြရတော့သည်။
~~~~~~~~~~
"တီတီ တီ......
တီ...... တီတီ......တီ..............
မနက်စောစောစီးစီး အမတ်မင်းမျိုးရိုးအိမ်တော် ပင်မစံအိမ်ရှေ့ ကားဟွန်းသံက ဆူညံစွာထွက်ပေါ်လို့လာ၏။ ကျန်းကျီက အမတ်မင်းအိမ်တော်အကြီးကဲများကိုဂရုမစိုက်သလို ကျန်းကျွင့်ဟောင်ကလည်း စစ်သူကြီးအိမ်တော်အကြီးကဲများကို ဂရုမစိုက်ပေ။ မလေးစားဟုပြောရအောင်လည်း လူကြီးဘိုးဘွားများကို ရိုကျိုးကြပေရာ ဂရုမစိုက်ဟူသောအသုံးနှုန်းကိုသာ သုံးရမည်ထင်၏။ ယခုလည်းဆောင်းဦးမနက်စောစော ပင်မစံအိမ်တော်ရှေ့ထိပင်လာကာ ကားဟွန်းတီးနေသည်မှာ ကျန်းကျွင့်ဟောင်အိမ်ပြင်ထွက်လာချိန်ထိဖြစ်၏။
"ရွန်း မင်းဒီနေ့ငါးမိနစ်တောင်နောက်ကျတယ်"
"အေး ငါမနေ့ညက drumတီးရင်း ညနက်သွားလို့"
"Drumတီးရင်းညနက်သွားတယ်
မင်းကတကယ့်ကောင်ပဲ ရွန်း"
"ကျစ်!
မင်းစက်ဘီးလိုက်ယူမှာလားမယူဘူးလားပြော"
"သေချာပေါက်ယူမှာပေါ့
နှစ်ယောက်သား ကားဂိုဒေါင်ရှိရာဆီသွားပြီး ဂိုဒေါင်ညာဘက်ခြမ်းမှစက်ဘီးများထဲ ပြိုင်ဘီးနှစ်စီးယူကာ ပြေးလမ်းမပေါ်ထွက်လာခဲ့ကြသည်။
လက်ရှိအခြေနေ၌ ကျန်းအိမ်တော်နှစ်ခုလုံး၏ ဆက်ခံသူနှစ်ယောက်တွင် ကောင်းသောအကြောင်းရာ တစ်ခုသာရှိ၏။ သခင်လေးနှစ်ယောက်က ညီအစ်ကိုအရင်းချာများကဲ့သို့ ခင်မင်ကြခြင်းပင်။ ကျန်အကြောင်းရာများကတော့ အိမ်တော်များအတွက် ကောင်းရာတစ်ခုတစ်လေမှမရှိ။ အိမ်တော်စီးပွားရေး စိတ်မဝင်စားခြင်း ၊ အရွယ်ရောက်ပွဲလည်းပြီးပြီမို့ အထက်တန်းအပြီး၌ ကျန်းကျီအတွက်ကြင်ယာတော်ရွေးချယ်ဖို့ အကြီးကဲများတိုင်ပင်နေစဥ်အတွင်း နှစ်ယောက်သား ဟောင်ကောင်သို့၂ပတ်ခန့်ခိုးလစ်သွားခြင်း ၊ အိမ်တော်အုပ်ချုပ်ရေးအကြောင်း တစ်ခွန်းမှနားမထောင်ချင်ခြင်း ၊ အိမ်တော်၏အကျိန်စာအကြောင်း ယောင်၍ပင်မဖတ်ကြ နားမထောင်ကြခြင်း ၊ ဝါသနာပါရာ အားကစား ဂီတ များမှလွဲ ကျန်တာခေါင်းထဲမထည့်ကြခြင်း ၊ စသော စသော ပြောမကုန်သည့် အကြောင်းရာများစွာဖြစ်သည်။ အလယ်တန်းနှင့် အထက်တန်း စာသင်နှစ်များတစ်လျှောက် မျက်စေ့ရှေ့မဟုတ်တာမြင်လျှင် ငြိမ်မခံတတ်သောအကျင့်များကြောင့် ကျန်းအိမ်တော်၏ 'ဇိုး' နှစ်ယောက်ဟုလည်း နာမည်ပြောင်ရှိသေးသည်။ ကျန်းအိမ်တော်ဟုပြောလိုက်လျှင်ပင် မည်သူမဆိုရှိန်ကုန်ကြသည်ထိပင်။
TO BE CONTINUE
A/N
ကလေးတို့ရေ 'နှောင်ကြိုး'ရေးရင်းချတဲ့ပလော့မို့လို့ ဇာတ်အိမ်ကတော့ ကျောင်းသားလေးတွေဘဝဆီကို ရောက်သွားပါတယ်
ZhangJunHao & ZhangZeYu ပါနော်ကလေးတို့
'နှောင်ကြိုး' ကိုစရေးတော့ ကလေးတချို့လာလာတောင်းတဲ့ ရှစ်လေးမို့လို့ ပါ
QiXin only နဲ့ Wenzhu onlyလေးကလည်း ပလော့ချထားပါတယ်
ဒါပေမယ့် တာ့ကော OCဘက်ကိုပြန်လှည့်ချင်နေတာမို့လို့ ပြိုင်တူupပေးဖို့တော့ မဖြစ်နိုင်ပါဘူး
ဆိုတော့ ဆိုတော့ ဆိုတော့ နောက်ပလော့လေးတွေက ခဏတော့ကြာပါဦးမယ် ထင်တာပဲ
ဒါလေးupလိုက်ပြီမို့လို့ 'နှောင်ကြိုး'ကို မနက်ဖြန် မupပါဘူး ကလေးတို့ရေ
ZJ
"အရို႔
မရီးရယ္ ယြီမင္ကို ကြၽန္ေတာ္ခ်ီပါ့မယ္"
စစ္သူႀကီးမ်ိဳးရိုးအိမ္ေတာ္မွ အိမ္ေတာ္သခင္ေလးက အစ္ကိုေတာ္၏မိန္းမလက္ထဲရွိ ေလးႏွစ္အ႐ြယ္တူမေလးအား လက္ေျပာင္းယူလိုက္သည္။ သူ႕အေနႏွင့္ ကိုယ္ဝန္လြယ္ထားရေသာ မရီးျဖစ္သူအား ေကာင္းေကာင္းေစာင့္ေရွာက္ရမည္ျဖစ္၏။
"နင့္မိန္းမကိုသာ ဂ႐ုစိုက္ပါ
ငါက ကေလးတစ္ေယာက္ေမြးဖူးၿပီးပါၿပီ"
"မရီးကိုယ္ဝန္က ေန႕ေစ့လေစ့နဲ႕ေလ
ကြၽန္ေတာ့္မိန္းမက ႏုပါေသးတယ္ဗ်
ေတာ္ၾကာ အလုပ္ပင္ပန္းၿပီးျပန္လာတဲ့ ကြၽန္ေတာ့္အစ္ကို အေမာမေျပျဖစ္ေနပါ့မယ္ဗ်"
"ငါတို႔မ်ိဳးဆက္က ဘယ္သူမ်ား စိတ္မေမာပဲေနနိုင္လို႔တုန္း"
မရီးျဖစ္သူစကားေၾကာင့္ အိမ္ေတာ္သခင္ေလးမ်က္ႏွာ ညွိုးငယ္သြား၏။ ယခုသူတို႔မ်ိဳးဆက္သည္ ေရွ႕ကၿပီးခဲ့ေသာက်ိန္စာ၏ ဒုတိယမ်ိဳးဆက္ျဖစ္ေလရာ သူတို႔၏သားသမီးမ်ားသည္ တတိယမ်ိဳးဆက္ျဖစ္ကုန္ၾကသည္။ လက္ရွိတြင္ အမတ္မ်ိဳးရိုးအိမ္ေတာ္၌ သားတစ္ေယာက္ သမီးတစ္ေယာက္ရွိေနၿပီး သူတို႔စစ္သူႀကီးမ်ိဳးရိုးတြင္ သမီးတစ္ေယာက္ရွိေနေပၿပီ။ သို႔ေသာ္ ဆက္ခံသူမကိုဋ္ေတာ္ေရာ က်ိန္စာပ်ယ္မကိုဋ္ေတာ္ကပါ လူမေ႐ြးခ်ယ္ရေသးေပ။ အိမ္ေတာ္သခင္သူ႕တြင္ အမ်ိဳးသမီးကကိုယ္ဝန္လြယ္ထားရၿပီး အစ္ကို႔အမ်ိဳးသမီးတြင္လည္း ဒုတိယကိုယ္ဝန္ရွိေနေပၿပီ။ အမတ္အိမ္ေတာ္သခင္မေလးတြင္လည္း ကိုယ္ဝန္လြယ္ထားရေၾကာင္း သူသိခဲ့ရၿပီျဖစ္၏။ မကိုဋ္ေတာ္မ်ားအားလုံး၏အေျဖသည္ လက္ရွိဗိုက္ထဲတြင္ပင္ရွိေနေသာ ကေလးငယ္မ်ားသာျဖစ္ေၾကာင္း မွန္းဆစရာပင္လိုမည္မထင္။ ။
"ကိုႀကီး ညီမေလးတို႔မွာ ဆက္ခံသူေရာ ဟိုဟာကေ႐ြးခ်ယ္တဲ့သူေရာမရွိေသးဘူး
ဘယ္လိုလုပ္ၾကမလဲ
ညီမေလးကိုယ္ဝန္ကရင့္လာေနၿပီ"
"ကိုႀကီးလည္းမတတ္နိုင္ဘူးေလ
ဘိုးေဘးေတြေတာင္ေရွာင္လြဲဖို႔မတတ္နိုင္ခဲ့တာ
ကိုႀကီးတို႔လည္း ရင္ဆိုင္႐ုံကလြဲၿပီး ဘာမွမတတ္နိုင္ဘူး
ဟိုဘက္အိမ္ေတာ္ကလည္း အခုထိႏွစ္ခုလုံးမေ႐ြးခ်ယ္ရေသးဘူး"
"ဘိုးေဘးေတြထဲမွာ အရံအိမ္ေတာ္ကေ႐ြးခ်ယ္ခံရတာရွိခဲ့ဖူးတယ္မို႔လား ကိုႀကီး"
"ကဲပါညီမေလးရယ္ ကိုယ္ဝန္ႀကီးနဲ႕ အဲေလာက္အမ်ားႀကီးမေတြးပါနဲ႕
အမတ္မ်ိဳးရိုးအိမ္ေတာ္သခင္က ညီမျဖစ္သူအားႏွင့္သိမ့္ေပးေနေသာ္လည္း သူအဖို႔ အေတာ္ပင္မ်က္ခမ္းလႈပ္စရာျဖစ္သည္။ ညီမျဖစ္သူကိုယ္ဝန္ရင့္လာသည္ႏွင့္ က်ိန္စာပ်ယ္မကိုဋ္ေတာ္မွ ထူးျခားမႈရွိလာေနေၾကာင္း သူသတိျပဳခဲ့သည္ပင္။ ဘိုးေဘးမ်ားေၾကာင့္ စတင္ခဲ့ေသာ ထိုက်ိန္စာေၾကာင့္ ဘာမွမသိမဆိုင္ေသာ မ်ိဳးဆက္မ်ားကိုထိ ဖ်က္စီးလာခဲ့ရသည္။ ထိုက်ိန္စာကို ယခုမ်ိဳးဆက္တြင္ ပယ္ဖ်က္နိုင္ဖို႔ဆုေတာင္း႐ုံမွတပါး အျခားမတတ္နိုင္ေပ။
~~~~~~~~~~
"ေတာ္ဝင္မကိုဋ္က အျဖဳေရာင္ ေရာင္စင္ကိုေပးတယ္!...
ထိုအသံက မီးဖြားၿပီးခါစ အိမ္ေတာ္သခင္၏ မရီးပင္ၾကားရေလာက္သည္။ သူမက သားေယာက္်ားေလးကို လြယ္ကူစြာေမြးဖြားခဲ့သည့္အျပင္ ဆက္ခံသူမကိုဋ္ကပါေ႐ြးခ်ယ္ခဲ့ၿပီး အျဖဴေရာင္ ေရာင္စဥ္ကိုပင္ ေဖာ္ျပေပးခဲ့သည္။ သူမက ခ်င္ခ်င္းပင္ သားငယ္ေလးနဖူးျပင္အားထိလိုက္ၿပီး 'က်ီ'ဟု ေျပာလိုက္သည္။ သူ႕သားငယ္သည္ အထြဋ္ထိပ္ေရာက္သည္ထိ ၿပိဳင္ဘက္ကင္းစြာ ေအာင္ျမင္ၿပီး အာဏာစက္ႀကီးမားဟု ဆိုလိုက္ျခင္းပင္။
"ညီေလး ငါေတာ့စိတ္မေပ်ာ္နိုင္ဘူး
ဆက္ခံသူမကိုဋ္က ငါ့သားေလးကိုေ႐ြးခ်ယ္လိုက္ၿပီ
မင္းပဲက်န္ေတာ့တာမို႔လို႔...
"ဒါက ကြၽန္ေတာ္တို႔ေ႐ြးခ်ယ္လို႔ရတဲ့လမ္းမွမဟုတ္ဘဲ
ျဖစ္သမွ်ကိုအေကာင္းျဖစ္ေအာင္ ႀကိဳးစားျပဳျပင္ေပးဖို႔ပဲရွိတာေပါ့"
"အမတ္မင္းအိမ္ေတာ္ဘက္မွာေတာ့ ကြၽန္ေတာ့္အမ်ိဳးသမီး မီးဖြားၿပီးမွ သူတို႔မီးဖြားေလာက္တယ္
သူတို႔မွာ သခင္မေလးအငယ္တစ္ေယာက္ပဲရွိေတာ့တာ ေတာင္ဝင္မကိုဋ္က အရံအိမ္ေတာ္ထဲကေ႐ြးဖို႔မ်ားျဖစ္ေနမလား"
"မေျပာတတ္ေတာ့ပါဘူး အစ္ကိုႀကီးရယ္
အရံအိမ္ေတာ္ျဖစ္ျဖစ္ ပင္မအိမ္ေတာ္ျဖစ္ျဖစ္ ၾကင္ဖက္တစ္စုံက မခ်စ္မႏွစ္သက္ခဲ့ရင္ .....
ေနာက္ႏွစ္လာခန့္အၾကာ၌ စစ္သူႀကီးအိမ္ေတာ္အတြက္ အပူမီးတစ္ခုကိုသယ္လာခဲ့သည္။ အိမ္ေတာ္သခင္၏ဇနီးသည္မီးဖြားခ်ိန္၌ က်ိန္စာပ်ယ္မကိုဋ္၏ေရာင္ဝါသည္ အျပာေဖ်ာ့ၿပီး အနည္းငယ္ေအးစက္မႈကိုေပးခဲ့သည္။ သူမက သားႏွင့္သမီး အမႊာေလးကို ၃မိနစ္ခန့္ျခားကာ ေမြးဖြားခဲ့ၿပီး ထိုအရာက သူမအတြက္ အေတာ္ေလးကိုခက္ခဲခဲ့သည္။ ထို႔အျပင္ ေတာ္ဝင္မကိုဋ္က အနည္းငယ္ေအးစက္မႈနမိတ္ကိုေပးျခင္းျဖစ္ေလရာ အရံအိမ္ေတာ္မ်ားကပင္ ရင္ထုမနာျဖစ္ၾကရသည္။ သားျဖစ္သူကို က်န္းယြီယြီ ႏွင့္ သမီးျဖစ္သူကို က်န္းယြီရွီ ဟု ေခၚတြင္ခဲ့သည္။
ေနာက္လအနည္းငယ္ထပ္ၾကာျပန္လွ်င္ စစ္သူႀကီးအိမ္ေတာ္၏အပူက အမတ္မင္းအိမ္ေတာ္ဖက္ တစ္ဖန္ကူးသြားျပန္သည္။ သခင္မေလးက သားေယာက္်ားေလးတစ္ေယာက္ကိုသာ ဖြားျမင္ေသာ္လည္း ဆက္ခံသူမကိုဋ္ကေရာ က်ိန္စာပ်ယ္မကိုဋ္ကပါ ေ႐ြးခ်ယ္ခဲ့သည္။ ထိုအျဖစ္ပ်က္ေၾကာင့္ အဖြားျဖစ္သူမွာ ေမ့လဲသြားေတာ့၏။ က်ိန္စာပ်ယ္မကိုဋ္ေတာ္က အျပာေဖ်ာ့ႏွင့္ႏြေးမႈကိုေပးခဲ့ေပရာ ထိုအရာက သိပ္ေတာ့မေကာင္းလွေခ်။ အဆိုးထဲမွအေကာင္းဟုေျပာစရာဆိုလ်င္ ဆက္ခံသူမကိုဋ္ေတာ္၏ေရာင္ဝါက အျဖဴေရာင္မ်ားျဖစ္ျခင္းပင္။ သူမ သားေလးကေတာ့ အဖြားျဖစ္သူ စိတ္ေျပခ်ိန္မွ '႐ြန္း႐ြန္း' ဟု ေခၚတြင္ခဲ့ၿပီး ဆက္ခံသူဘြဲ႕အမည္ကို 'ကြၽင့္ေဟာင္' ဟု သတ္မွတ္ခဲ့သည္။
ေနာက္ဆုံး၌ အိမ္ေတာ္ႏွစ္ခုမွသခင္ေလးႏွစ္ေယာက္မွာ အစဥ္ဆက္ကထားရွိဖူးခဲ့ၾကေသာ မာနတို႔ကို တစ္ထစ္ေလွ်ာ့ကာ တိုင္ပင္ျငႇိႏွိုင္းမႈတစ္ခုျပဳလုပ္ခဲ့ၾကေတာ့သည္။ ထိုျငႇိႏွိုင္းမႈက ႐ြန္း႐ြန္းႏွင့္ ယြီရွီအား ငယ္စဥ္ကပင္ရင္းနီးမႈရေအာင္ ထားရွိၾကမည္ျဖစ္ေၾကာင္း အတည္ျပဳ သေဘာတူျခင္းပင္။
~~~~~~~~~~
"ျမန္ျမန္လုပ္ပါ
ကေလးက နည္းနည္းမွအပူက်မသြားဘူး
နင္အခုထိျပင္ဆင္လို႔မၿပီးနိုင္ေသးဘူးလား"
ဇနီးျဖစ္သူက ကေလးကိုေပြ႕ထားရင္း အိမ္ေတာ္သခင္သူ႕ခင္ပြန္းအား ေအာ္ေန၏။ ယြီရွီက ယခုမိုးခ်ဳပ္သည္ထိ အပူက်မသြားဘဲ ပိုပိုဆိုးလာေနၿပီး ေဆး႐ုံတင္ရန္ျပင္ဆင္ေနၾကျခင္းပင္။ အိမ္ေတာ္သခင္မွာ ၈ႏွစ္အ႐ြယ္သမီးငယ္ေလးေၾကာင့္ ပူပန္ႀကီးကာ ေျခမကိုင္မိလက္မကိုင္မိျဖစ္ေနေတာ့သည္။ သားေလးကလည္း သူ႕ညီမေနမေကာင္းသည္မို႔ လက္ကေလးမ်ားကို ဆုတ္ကိုင္ရင္း အနားမွခြာမရျဖစ္၏။
"အစ္ကို အစ္ကို႔တူမေလးက ေတာ္ဝင္မကိုဋ္ရဲ႕နမိတ္ထက္ကို ပိုဆိုးဝါးေနသလိုပဲ
ဒီလိုလကၡနာမ်ိဳးက ေအးစက္ျခင္းအတိ နမိတ္နဲ႕ပိုတူေနတယ္"
မရီးျဖစ္သူက တူမေလးအတြက္ အလြန္တရာစိတ္မေကာင္းျဖစ္ေနၿပီး ခင္ပြန္းရင္ခြင္ကိုမွီလွ်က္ မငို႐ုံတမယ္ေျပာေနခဲ့သည္။ ယြီရွီက ငယ္ငယ္ကပင္ ျခဴျခာလြန္းၿပီး လက္ရွိ၈ႏွစ္အ႐ြယ္ေရာက္လာသည့္တိုင္ စာကိုအိမ္တြင္သာသင္နိုင္ခဲ့သည္။ အျခားကေလးမ်ားကဲ့သို႔လည္း လုံလုံေလာက္ေလာက္မဖြံ႕ၿဖိဳးဘဲ ေသးေကြးလြန္းလွသည္။ သူမကိုၾကည့္ရသည္မွာ ၃, ၄ႏွစ္အ႐ြယ္ကေလးမွ်သာရွိ၏။ ယြီယြီသည္ က်န္းက်ီတို႔ ႐ြန္း႐ြန္းတို႔ႏွင့္ယွဥ္လ်င္ ဖြံ႕ၿဖိဳးမႈႏွေးေသာ္လည္း ယြီရွီ၏ႏွစ္ဆေလာက္ပင္ ႀကီးထြားေနေသးသည္။ ယြီရွီ၏လကၡနာမ်ားေၾကာင့္ မကိုဋ္ေတာ္မွာေ႐ြးခ်ယ္သူမွာ ယြီရွီမဟုတ္ဘဲ ယြီယြီျဖစ္ေနမလား ဟု ပင္ သံတရဝင္ေစခဲ့သည္။ ယြီရွီေဆး႐ုံျပန္ဆင္းခ်ိန္တြင္ အိမ္ေတာ္ႏွစ္ခုမွက်န္းသခင္ေလးႏွစ္ေယာက္ေခါင္းခ်င္းျပန္ဆိုင္ရေတာ့သည္။
"ဒါက မ်ိဳးရိုးေတြထဲမွာ ပထမဆုံးေ႐ြးခ်ယ္ခံရတာမွမဟုတ္ဘဲ
ေရွ႕ကေ႐ြးခ်ယ္မႈ ႏွစ္ခုမွာလည္း ဆက္တိုက္ျဖစ္ခဲ့တာ"
"အဲအရင္ကလည္းရွိခဲ့ဖူးပါေသးတယ္
ဒါေပမယ့္ အဲလိုေ႐ြးခ်ယ္မႈေတြက ပိုလို႔ေတာင္အဆုံးသတ္မေကာင္းခဲ့ၾကဘူးေလ"
"ခင္ဗ်ားအဲလိုႀကီးမေျပာပါနဲ႕
အဲတုန္းက ဘိုးေဘးေတြက ေတာ္ဝင္မကိုဋ္ကိုဖ်က္စီးဖို႔ႀကိဳးစားခဲ့တာလည္းထည့္ေျပာသင့္တယ္"
"အဲေတာ့ ဘိုးေဘးေတြမင္းသြားအျပစ္တင္ပါလား''
"က်ဳပ္ကေရာ အခုခင္ဗ်ားကိုအျပစ္တင္ေနတာမို႔လို႔လား"
"ေတာ္ၾကပါေတာ့
မာနေတြ အၿငိဳးေတးေတြကို ေလွ်ာ့ၾကပါေတာ့
ကြၽန္မသားေလးကို ထပ္ၿပီးမစေတးနိုင္ဘူး"
အမတ္မင္းအိမ္ေတာ္သခင္မေလးက စစ္သူႀကီးအိမ္ေတာ္သခင္၏ဇနီးကိုဖက္လွ်က္ငိုေႂကြးလာသည္။ အိမ္ေတာ္သခင္ဇနီးကေတာ့ အပူမ်ားလြန္း၍လားမသိ တစ္ခြန္းမွဝင္မေျပာဘဲ မို႔အစ္ေနေသာမ်က္ဝန္းေသေလးမ်ားႏွင့္သာ ၿငိမ္သက္ေနခဲ့သည္။
"ကိုႀကီး စိုးရိမ္လို႔ပါ ညီမေလးရယ္
အဲတုန္းက သခင္ေလးႏွစ္ေယာက္ရဲ႕နမိတ္ေတြကလည္း အခုကေလးႏွစ္ေယာက္ရဲ႕နမိတ္ေတြနဲ႕တူေနတယ္"
"ကြၽန္ေတာ့္သားေလးကမွမကိုဋ္ေတာ္ရဲ႕ေ႐ြးခ်ယ္သူအစစ္ပဲ
အထူးတလွည္ေစာင့္ၾကည့္ေပးၾကဖို႔ပဲရွိတယ္
အဲတုန္းကဘိုးေဘးသခင္ေလးႏွစ္ေယာက္ သတ္ေသသြားတဲ့ ဥယ်ာဥ္ေနာက္ကေခ်ာ္ကိုအခုထိပိတ္ထားတုန္းပဲဆိုေပမယ့္ စိတ္မခ်ရဘူး"
"မျဖစ္ပါေစနဲ႕လို႔ဆုေတာင္းရတာပဲ
ခက္တာ ကေလးႏွစ္ေယာက္လုံးရဲ႕ဘယ္ဘက္ရင္အုံေပၚက မွဲ႕အစိမ္းေတြပါေနတာပဲ"
"သခင္ေလး မေကာင္းေတာ့ဘူး
မေကာင္းေတာ့ပါဘူး"
စစ္သူႀကီးအိမ္ေတာ္၏အေစခံတစ္ေယာက္က ထိပ္လန့္တၾကားေျပးလာ၏။ အသံကလည္းတုန္ယင္ေနၿပီး အလြန္ျမန္ျမန္ေျပးလာခဲ့ျခင္းေၾကာင့္ ပါးစပ္ဖြင့္ရင္းပင္အသက္ကိုရႉေနရသည္ထိ ေမာဟိုက္ေနသည္။
"စကားကိုရွင္းေအာင္ေျပာစမ္း
ဘာျဖစ္တာလဲ"
"သခင္ေလး သခင္ငယ္ေလး ယြီယြီ...
ယြီယြီ... ဥယ်ာဥ္ထဲမွာေပ်ာက္....
"ဘာ!!...
တစ္ခ်ိန္လုံးအ႐ုပ္ကေလးလိုၿငိမ္ေနေသာ အိမ္ေတာ္သခင္ဇနီးက ဥယ်ာဥ္ရွိရာဆီအရင္ဆုံးေျပးသြားသူျဖစ္ေနခဲ့သည္။ က်န္းယြီယြီမွာ အေစခံမ်ားႏွင့္ေဆာ့ကစားေနရင္းက ေျပလႊားကာ ဥယ်ာဥ္ထဲေပ်ာက္သြားျခင္းပင္။
You are reading the story above: TeenFic.Net