Chung Subinဆိုသည့် သူမသည် ဘ၀ကို လွတ်လပ်
ပေါ့ပါးစွာသာဖြတ်သန်းချင်သော မိန်းကလေးတစ်ဦး
ဖြစ်သည်။
သူမရဲ့ဝါသနာက ဓာတ်ပုံရိုက်ချင်းနှင့် တောရွာလေး
တွေဆီအလည်အပတ်သွားချင်းဖြစ်သည်။
ပြီးတော့ ဓာတ်ပြားစက်နှင့်သီချင်းနားထောင်ရတာ
ကြိုက်တာမို့ ဓာတ်ပြားတွေလည်း ၀ယ်စုဖြစ်ပါသည်။
အခုတော့ သူမအနေနဲ့ albumတွေတစ်ချပ်ပြီး
တစ်ချပ်ရွေးရင်းသာ အချိန်တွေကုန်နေဖြစ်တယ်။
လက်ချောင်းရှည်ရှည်သွယ်သွယ်လေးတွေ
ရပ်တန့်သွားရာနေရာက.... Taeyeon ရဲ့ Why
albumဆီ။
ကောင်တာဆီသွားရင်း ကျသင့်ငွေရှင်းကာ
ထိုဆိုင်မှ Subinထွက်လာခဲ့သည်။ နေ့လည်ကြ
ရင်တော့ Hyewonနဲ့အတူ သူတို့ရွာလေးကို
အလည်အပတ်သွားဖို့ စီစဥ်ထားတာကြောင့်
အခုထဲကနေ ခရီးအတွက်လိုအပ်တာတွေ
ဝယ်ထားရမည်။
(A/n- ရွာနာမည်မထည့်တော့ပါဘူး။ စိတ်ကူးယဥ်
ဖန်တီးထားတဲ့ရွာမို့ပါ။ )
Kang Hyewonဆိုတာ Subinနဲ့အလယ်တန်းကတည်း
က ရင်းနှီးလာခဲ့တဲ့ သူငယ်ချင်း။ Subinရဲ့ Best friend။
အိမ်က အဖေနှင့်အမေကိုနှုတ်ဆက်ကာ Luggage
လေးဆွဲပြီး Hyewonရဲ့ကားပေါ် ဆူဘင်းတက်လိုက်
သည်။
တစ်နာရီခရီးစဥ်ဖြစ်တာကြောင့် လမ်းမှာအိပ်မနေချင်
တာနဲ့ ကင်မရာလေးယူခဲ့တာဟာ အတော်ဘဲဖြစ်သွား
သည်။ လမ်းမှာလှပတဲ့မြင်ကွင်းတွေ့ရင် ကင်မရာနဲ့
မှတ်တမ်းတင်ထားချင်လို့။
ကားမောင်းနေတဲ့ Hyewonကတော့ Twiceရဲ့
sweet summer dayလေးဖွင့်ကာ တစ်ချက်တစ်
ချက် သီချင်းလေးညည်းရင်း ကားမောင်းနေလေ
ရဲ့။
ရွာရောက်ဖို့ နာရီ၀က်အလိုတွင် သီချင်းလေးပိတ်ကာ
ဟေ၀န်းက ဆူဘင်းကိုသူ့ရွာအကြောင်း အနည်းငယ်
ပြောပြတော့သည်။
ရွာအကြောင်းဆိုတာထက် အချို့သောရွာကလူတွေ
အကြောင်း။
"ဆူဘင်းနား.... နင်ရွာရောက်ရင် အထူးရှောင်ကြဥ်
ရမဲ့သူက တစ်ယောက်ဘဲရှိတယ်။ "
"ဘယ်သူလဲ။ "
"ငါ့ရဲ့ တစ်၀မ်းကွဲအစ်မ။ အီဟေရီ။ နင်သူ့ကို
ရှောင်ရင်ဘဲ အန္တရာယ်ကင်းပြီး။ "
"ဘာလို့လဲ။ "
"သူက တအားအနောက်သန်တာ။ ပြီးတော့ ပိုဆိုးတာ
က ရုပ်တည်နဲ့နောက်တာ။ ဦးလေးတို့အိမ်မရောက်ခင်
၁၀မိနစ်စာ အကွာအဝေးကနေ သူ့ရယ်သံကို နင်ကြား
ရလိမ့်မယ်။ အဒေါ်ကြီးရယ်သံနဲ့ရယ်ရယ်ပြီး အသေ
စတာ ကလေးတွေကို။ ငါ့ထက်၅နှစ်ကြီးတယ်လေ။ "
"ပျော်ပျော်နေတတ်တဲ့သူဖြစ်မှာပေါ့။ အသားလွှတ်ကြီး
ရှောင်နေရင် အားနာစရာကြီးကို။ "
"ဟင်းဟင်း.... ဒါကတော့ သူ့နဲ့တွေ့တဲ့အခါ
နင့်ဘာသာဆုံးဖြတ်ပေါ့။ "
လေးနာရီကျော်ကနေထွက်ခဲ့တာမို့ ရွာကိုရောက်တဲ့
အချိန်ဟာ ၅နာရီကျော်နေပြီးဖြစ်သည်။ ဦးလေးတို့
နေတဲ့လမ်းတစ်ခုဘဲ ရွာအ၀င်၀လမ်းမို့ ကားသွားလို့
အဆင်ပြေတာ။ တခြားလမ်းတွေဆို စက်ဘီးနှင့်
ဆိုင်ကယ်တို့ဖြင့်သာ သွားလို့ရမည်။
ဦးလေးတို့ကို ကြိုပြောထားတာမို့ ဟယ်၀န်းတို့လာမှာ
ကို သိထားကြသည်။
ဦးလေးတို့အိမ်ရှေ့ရောက်တော့ ညီမအငယ်ဆုံးလေး
ယူရီက ဟယ်၀န်းတို့ကိုလာကြိုသည်။
ယူရီ "unnieတို့လာမယ်ပြောထားလို့ မေမေက
နေမဲ့အခန်းတွေကိုကြိုပြင်ထားတာ။ "
ဟယ်၀န်း " ဟုတ်လား Yuri။ ဒါနဲ့ ဦလေးနဲ့ဒေါ်လေး
ကော။ "
ယူရီ " မေမေက unnieတို့လာရင် စားဖို့ဆိုပြီး
သူ့လက်ရာတွေကို ကြွားဖို့မီးဖိုချောင်ထဲမှာ
ပြင်ဆင်နေတာ။ ဖေဖေက မမဟေရီ သူများ
ကြက်ကိုခိုးတာမိသွားလို့ ပိုင်ရှင်လာတိုင်တာနဲ့ ပိုက်ဆံ
လျော်ပြီး တုတ်တစ်ချောင်းနဲ့ မမအနောက်လိုက်သွား
တယ်။ အခုဆို သူ့သူငယ်ချင်းအိမ်မှာ အဲ့ကြက်ကို
ကင်ပြီးsojuနဲ့မြည်းနေလောက်ပြီး။"
ယူရီဆိုတဲ့ကလေးမလေးက သွားအကြဲလေးတွေ
ပေါ်တဲ့အထိ အသံစာစာလေးနဲ့ ဟေ၀န်းကိုပြောပြ
နေတော့ ဆူဘင်းပြုံးလိုက်မိတယ်။
Hyewon " unnieက အခုထိ ထိန်းမရတုန်းဘဲ
ပေါ့။ "
Yuri "ဟုတ်တယ် unnie။ ဒါနဲ့ unnieရဲ့ဘေးက
အရမ်းချောတဲ့ unnieက unnieရဲ့သူငယ်ချင်း
ဆိုတဲ့တစ်ယောက်လားဟင်။ "
Hyewon "ဟုတ်တယ်။ Chung Subinတဲ့။ "
Yuri " ဟီးဟီး... Subin unnieက လှလိုက်တာ။ "
Subin " ကျေးဇူးပါ Yuriလေး။ "
Yuri " ဟီး "
"ယူရီလေး.... unnieတို့ကို အထဲ၀င်မနားခိုင်းဘဲနဲ့
အိမ်၀မှာဘာလို့ နေခိုင်းထားတာတုန်း။ "
ဒေါ်လေးက ထွက်လာရင်းဆိုတော့ ဟေ၀န်း
ပြုံးလိုက်ကာ...
"မတွေ့ရတာကြာတော့ သမီးတို့ဒေါ်လေးက နုလာ
လိုက်တာ။ "
"အံမယ်..။ ဟေ၀န်းလေးက ငယ်ငယ်ကအတိုင်း
စကားတတ်တုန်း။ ဘေးက ကလေးမက သမီးရဲ့
သူငယ်ချင်းလာ။ "
"ဟုတ်တယ် ဒေါ်လေး။ Chung Subinလေ။ "
ဟေ၀န်းမိတ်ဆက်ပေးတော့ Subinပြုံးကာ
ခေါင်းငုံ့လိုက်ပြီး..
"Annyeonghasaeyo ဒေါ်လေး။ "
"အေးအေး။ ဟေ၀န်းသူငယ်ချင်းလေးက ဟေ၀န်း
လိုဘဲ ယဥ်ကျေးပြီးလှလိုက်တာ။ အိမ်က အကြီးမ
နဲ့များကွာပါ့။ ရုပ်ခံလေးရှိနေလို့သာ ဘုရားသခင်
ကို ကျေးဇူးတင်ရမယ်။ နင်တို့ဦးလေး လိုက်ရှင်း
ပေးရတဲ့ ပြဿနာတွေဆိုတာလေ...။ နေတာထိုင်
တာကလည်း ဖြစ်သလိုဟေး...။"
"unnieကတော့ ငယ်ငယ်ကအတိုင်းဘဲ။ "
"ဟုတ်တယ် ဟေ၀န်းရေ။ ကဲ... ခရီးပန်းလာကြ
ရောပေါ့။ ရေချိုးပြီး ခဏနားလိုက်နော်။ ညစာ
စားတဲ့အခါ ဒေါ်လေးလာခေါ်ခိုင်းမယ်။ အခန်းက
တော့ အရင်အတိုင်းဘဲ။ "
"ဟုတ်ကဲ့ ဒေါ်လေး။ "
___________________________
ဟေရီ " ကြက်ကြော်လေးဆို ကြွပ်ကြွပ်ရွရွလေးနဲ့မှ
ပိုစားလို့ကောင်းမှာကို။ ဝူရီတို့က သူအကင်ကြိုက်
တိုင်း။ "
ဝူရီ " ရား.... လောလောလတ်လတ်ကမှ ခိုးထားတဲ့
ကြက်ကို ဘယ်မှာကြော်ဖို့ပစ္စည်းတွေအစုံအလင်
ရှိမှာလဲ။ ပြီးတော့ ဒီလယ်ခင်းထဲဘယ်သူက အဲ့တာ
တွေယူလာမှာလဲ။ "
ချယ်ယောင်း " နင်တို့နှစ်ယောက် ကိုက်မနေကြနဲ့။ "
ဟေရီ , ဝူရီ " ရား!!! "
ချယ်ယောင်း " အဟွတ်! အဟွတ်! အသာအော်ပါဟ။
sojuတောင် နင်တယ်။ "
Woori "အော်မှာပေါ့။ နင်ငါ့တို့ကို ခွေးဘ၀ထဲသွင်း
လိုက်တာလေ။ "
Hyeri "အေးလေ။ "
ချယ်ယောင်း " ငါက နင်တို့စကားများနေမှာဆိုးလို့
ဝင်တားတာကို။ "
ဝူရီ " ဒါနဲ့ Hyeri ya... ။ ဒီနေ့ ဆိုးလ်က နင့်ညီမလေး
လာမှာမဟုတ်လာ။ "
Hyeri " အေးလေး။ "
ကြက်ပေါင်ကိုက်ရင်း ဟေရီပြန်ဖြေလိုက်တော့
Woori "ငါလည်း ဟေ၀န်းလေးနဲ့ မတွေ့တာ
ကြာပြီး။ "
ချယ်ယောင်း " ဝူရီမကတော့ နင့်ညီမကို အခုထိ
crushတုန်း။ ဟိုက မြို့မှာ ရည်းစားတွေရှိရင်
ဒုက္ခ။ "
ချယ်ယောင်းပြောတော့ ဝူရီက မျက်စောင်းချည်း
လိမ့်ထိုးတော့သည်။
ဝူရီ " ငါတို့ Jennie unnieရဲ့အချစ်ကို ရသွားတော့
ပတ်ခ် ချယ်ယောင်းတို့များ ပြောအားရှိနေလိုက်
တာ။ "
ဝူရီပြောတော့ ချယ်ယောင်းမှာ ၀င့်ကြွားတဲ့ မျက်နှာ
ထားကြီးနှင့်။
Hyeri " နင် ငါ့ညီမကို သဘောကျရင် ဖွင့်ပြော
လိုက်လေ ဝူရီ။ "
Woori " ငါကြောက်တယ်။ "
ဟေ၀န်းရဲ့ ဝူရီ့အပေါ်ခံစားချက်ကို ငယ်ငယ်ထဲ
က ရိပ်မိတာမို့ မြောက်ပေးလိုက်သော်လည်း
အို ဝူရီမှာ ငကြောက်ဖြစ်နေသောအခါ ဟေရီ
လည်းဘာမှမတတ်နိုင်တော့ပေ။
"အီ ဟေရီ... ! " (shout)
ပါးစပ်ထဲ ဝင်ယုံသာရှိသေးသည့် sojuလေးမှာ
အဖေ့အော်သံကြောင့် ပြန်ထွက်ကာ....
Hyeri " ရား....ရား.... ပြေးကြတော့။ ငါ့အဖေ
လာနေပြီး။ "
Hyeriစကားအဆုံး ဖိနပ်ကိုယ်ဆီကိုင်ကာ သုတ်ခြေ
တင်ပြေးကြသော သူငယ်ချင်းနှစ်ယောက်။ ဟေရီ့
ပါးစပ်တောင် နှေးနေအုံးမည်။
ဟေရီလည်း ဖြတ်လမ်းသို့ဝင်ကာ ပြေးရတော့
သည်။ အိမ်ရောက်ရင် မေမေတရားဟောတာပါ
ကြားနေရအုံးမည်ကို တွေးမိတော့ ဟေရီမပျော်
တော့ပါ။
ဟေရီ့ဘဝလေး အရမ်းကို သနားစရာကောင်း
နေပါပြီး။
(A/n - ရေးမယ်ရေးမယ်နဲ့ အခုမှဘဲရေးဖြစ်တော့
တယ်။ ပုံစံတွေအများကြီးရှိတဲ့အထဲကမှ ပေါ့ပေါ့ပါးပါးပုံစံလေးရေးချင်လို့ပါ။ updateတော့
ယာယာ သိပ်မအားလို့ ကြာနိုင်တယ်ပေါ့နော်။ ဖတ်ရ
တာအဆင်ပြေရဲ့လားမသိဘူး။)
You are reading the story above: TeenFic.Net