ep(14)

Background color
Font
Font size
Line height

နူးညံ့စွာ...သိမ်းပိုက်တက်သော
💔💔💔💔💔💔💔💔
Les story part..(14)
တောင်ကြီးမှအပြန်ခရီးဟာသူ့အတွက်တော့...တကယ်ကိုခါးသီးလွန်းလှပါသည်...မမက..တစ်ညအိပ်ခိုင်းတာတောင်သူလက်မခံဘဲချက်ခြင်းတန်းပြန်ခဲ့တာ....နှလုံးသားတစ်ခုလုံးကိုဆွဲထုတ်သွားသည့်အလား..ရင်ထဲမှာနာကျင်ခံစားနေရသည်...အသက်ပင်အနည်းအလုအယက်ရူရှိုက်နေရသည်...။ဘယ်တော့မှ...သူဒီတောင်ကြီးမြေက်ိုခြေမချချင်တော့ပါဘူး....။ချစ်...ပျော်ရွှင်ပါစေ...ချစ်ဘဝလေးသာယာပါစေ...တော့..။
ပိုးသံစဉ်ကို နဲ့ဝါဆိုတို့တရားရုံးတွင်လက်မှတ်ထိုးခဲ့ကြသည်....။ဝါဆိုကတော့အပျော်ကြီးပျော်နေသည်..။သူမကတော့မလှုပ်မယှက်....အသက်မဲ့နေတဲ့သူတယောက်ပမာ...။ရင်ထဲမှာ...ဘာခံစားချက်မှ...ရှိမနေ...ပျော်ရွှင်မှု...ဝမ်းနည်းမှု...များအစားဝါဆိုကိုနာကြည်းတဲ့စိတ်ကသာနေရာယူနေသည်....။မုန်းတယ်..ဝါဆို....နင့်ကိုငါခံစားရတာနဲ့ဆယ်ဆသာတဲ့နာကျင်ခံစားမှုတွေကိုငါအမြဲပေးနေမှာပါ...။နောက်ဆုံးသူမြတ်နိုးစွာနမ်းရှိုက်သွားတဲ့နဖူးလေးကိုကိုင်ရင်း...သူမနှလုံးသားတွေတဆစ်ဆစ်နာကျင်နေရသည်...။ဘာလို့သူမကို...ပက်ပက်စက်စက်ပြောမသွားခဲ့ရတာလည်းသူရယ်....။သူဆီကရတဲ့နောက်ဆုံးအနမ်းလေးက...သူမအတွက်ထာဝရမမေ့နိုင်တဲ့အရာတစ်ခု...ဘယ်တော့မှပြန်မရနိုင်တဲ့...နောက်ဆုံးအနမ်းတခုပေါ့....။လက်မှတ်ထိုးပြီးလူကြီးမိဘများကိုကန်တော့ကာသူမနဲ့ဝါဆိုတို့အတွက်ဝါဆိုအဖေစီစဉ်ပေးသော...ကျောင်းကြီးစုရပ်ကွက်ထဲကတိုက်ပုလေးဆီလာခဲ့ကြသည်...။အိမ်ရောက်တော့..ဝါဆိုက...

''နင်ငါ့ကိုအခုထိခွင့်မလွှတ်နိုင်သေးဘူးလားပိုးရယ်...´´

သူမဝါဆိုကိုမုန်းတီးနာကျည်းသောအကြည့်များဖြင့်စူးစူးနစ်နစ်ကြည့်လိုက်ပြီး....

''နင့်ကိုငါကခွင့်လွှက်ရမယ်ဟုတ်လား...ဝေးသေးတယ်....နင့်လိုအောက်တန်းကျတဲ့ကောင်ကို...ငါမဖြစ်သာလို့လက်ထပ်လိုက်ရတာ....နင့်ကိုငါဘယ်တော့မှခွင့်မလွှတ်ဘူး..´´

  ''ငါတောင်းပန်ပါတယ်ဟာ..နော်..ငါနင့်ကိုအရမ်းချစ်လို့ကြံမိကြံရာကြံလိုက်မိတာပါ....´´

''တော်တော့!နင့်ပါးစပ်ကအဲ့ဒိချစ်တယ်ဆိုတဲ့စကားကိုမထွက်နဲ့...´´

ဒေါသကြီးစွာသူ့ကိုအော်လိုက်သောသူမကိုဝါဆိုဘာမှပြန်မပြောရဲ...။
သူ့အပေါ်ဘာလို့ဒီလောက်ခါးသီးနေရတာလဲ....ရင်ထဲမှာနာကျင်စွာတွေးနေမိသည်...။

''ဒီမှာဝါဆို...နင်နဲ့ငါတရားဝင်လက်ထပ်ထားတာဆိုပေမဲ့....ငါ့အသားကိုထိဖို့မကြိုးစားပါနဲ့...နင်ငါ့အသားကိုထိတာနဲ့....ဟော့ဒီမှာတွေ့လား..´°

သူမကဓားမြှောင်သေးသေးလေးကိုထုတ်ပြီး..သူမလည်ပင်းကိုရွယ်ထားသည်...။

''ဒီဓားနဲ့....ငါ့ကိုယ်ငါအဆုံးစီရင်ပြစ်မယ်...ငါ့ကိုလာထိမယ်မကြံနဲ့...´´

သူမပုံစံမှာ တကယ့်ကိုလုပ်မဲ့ပုံဖြစ်တာကြောင့်ဝါဆိုမှာချက်ခြင်းပင်....

''အဲ့လိုမလုပ်ပါနဲ့...ပိုးရယ်....စိတ်ချပါ...ငါကတိပေးပါတယ်နင့်အသားကို..နင့်ဆန္ဒမပါပဲနဲ့ငါမထိပါဘူး...နင်ဘာမှလျှောက်မလုပ်ပါနဲ့ဟာ...နော်...နင်ကြိုက်သလိုစိတ်ချမ်းသာသလိုနေပါ..´´

သူတကယ်ပင်သူမ၏နာကျည်းမုန်းတီးမှုများကိုလက်ဖျားခါနေမိသည်....သူမှားခဲ့ပြီလား..။သူစိတ်မသက်သာစွာသက်ပြင်းတွေကိုအကြိမ်ကြိမ်ချနေမိသည်...။

ထက်ထက်ဖြိုးကျော် တယောက်ခြံထဲကဒန်းလေးပေါ်တွင်တိတ်ဆိတ်စွာထိုင်နေမိသည်....။ဖွားဖွားကသူမဘေးတွင်လာထိုင်ပြီး....

''စိတ်မကောင်းဖြစ်မနေပါနဲ့မြေးလေးရယ်....အရင်လိုပျော်ပျော်ရွှင်ရွှင်လေးပဲပြန်နေပါ...ဘယ်သူ့ကိုမှအပစ်မတင်ပါနဲ့....မြေးလေးတို့ရေစက်မကုန်ရင်တော့ပြန်ဆုံကြအုံးမှာပါပဲ..´´

ပြန်ဆုံကြရအုံးမှာတဲ့လားဖွားဖွားရယ်...ဒီအခြေနေရောက်မှ...သူတို့တွေတကယ့်ကိုဝေးသွားပါပြီ...။

''ဖွားဖွား ရယ်...မြေးသူ့ကိုမေ့လို့မရနိုင်ဘူးအရင်လိုချစ်နေတုန်းပါပဲ...သူဘယ်လိုဘဝမျိုးကိုပဲရောက်ရောက်....သမီးသူ့ကိုချစ်နေအုံးမှာ..´´

ဒေါ်နန်းကြာမှုံမြေးမလေးကိုကြည့့်ပြီးသနားနေမိသည်....အခုလိုခံစားနေရတဲ့မြေးမလေးကိုဘယ်လိုအားပေးနှစ်သိပ်ရမလဲ....စဉ်းစားမရ....။အော်...ကံဆိုးလိုက်တဲ့မြေးမလေးရယ်....။ငယ်ငယ်ကလေးတည်းက..အဖေကောအမေကိုဆုံးရှုံးခဲ့ရတာ....။အခုလည်းချစ်ရသူကိုဆုံးရှုံးရပြန်ပြီ...။
သူတို့ကျောင်းပြန်ဖွင့်ဖို့ကသိပ်မလိုတော့...သူတောင်ကြီးမှာကျောင်းတက်ချင်စိတ်မရှိ....။သူမကိုမြင်တွေ့နေရရင်သူ့စိတ်တွေထိန်းလို့ရမှာမဟုတ်...။အိမ်ထောင်ရှိတဲ့...သူတယောက်ကိုသူပစ်မှားမိနေတော့မှာ....။နောက်တစ်တန်းကိုဆက်မတက်ချင်တော့....တစ်နှစ်အောက်ရင်လည်းအောက်ပါစေတော့...။
သူအိပ်ယာမှထလိုက်ပြီးမျက်နှာသစ်ကာထမင်းစားခန်းထဲသို့ဝင်ခဲ့သည်....။ထမင်းချက်ဒေါ်နန်းနုက...

''ဖြိုးကျော်လေး...ကောက်ညှင်းပေါင်းနဲ့ဆက်သားခြောက်ဖုတ်လေး...မနက်စာအတွက်လုပ်ပေးထားတယ်....စားလိုက်အုံး...´´

ထမင်းစားစားပွဲတွင်သူဝင်ထိုင်လိုက်ပြီး...

''ဖွားဖွား ကော...မတွေ့ပါလား..ဘုရားရှိခိုးနေတာလား..°´

''မတွေ့မိသေးဘူးဒီမနက်...အိပ်ယာကမထသေးဘူးထင်တယ်...´´

''ဟုတ်လား....အဲ့ဒါ ဆိုရင်ဖွားဖွားကိုသွားနိုးလိုက်အုံးမယ်...´´

သူအိမ်အပေါ်ထပ်ရှိဖွားဖွားအခန်းသို့ထွက်ခဲ့လိုက်သည်...။အခန်းရှေ့ရောက်တော့....သူတံခါးကိုခေါက်လိုက်ပြီး

''ဖွား..ဖွားရေ...ဖွား..ဖွား.´´

အခန်းထဲမှဘာအသံမှမကြားတာကြောင့့်သူတံခါးကိုဖွင့်ကာဝင်လိုက်မိသည်။
ဖွားဖွား ကုတင်ဆီသို့ပြေးသွားကာ...ဖွားဖွား ကိုသူနိုးလိုက်မိသည်....။

''ဖြား..ဖြား ...ဖြား.ဖြား . .´´

ဖွားဖွား ရဲ့နဖူးတွေလက်တွေကိုသူစမ်းကြည့်လိုက်တော့အေးစက်နေသည်...သူအရမ်းစိတ်ပူသွားကာ....

''ဒေါ်နန်း....ဒေါ်နန်းရေ.....လာပါအုံး....ဒေါ်နန်း...ဒီမှာဖွားဖွား...ခေါ်လို့မရတော့ဘူး´´

သူအာခေါင်ကိုခြစ်ကာအော်လိုက်မိသည်...ဒေါ်နန်းမှာသူ့အသံကြောင့်..အပြေးအလွှားရောက်လာပြီး..ဖွားဖွားဟိုစမ်းဒီစမ်းလုပ်လိုက်ပြီး....မျက်ရည်တွေကျကာ....

''ဖြိုးကျော်...ဖြိုးကျော်ရဲ့
ဖွားဖွား....ဆုံး...ဆုံးပြီ....´´

''ဘာ!´´

သူမယုံနိုင်စွာအော်လိုက်မိသည်.....။မဖြစ်နိုင်တာ...ညကမှအကောင်းကြီးရှိသေးတာကို....ဒေါ်နန်းမှားပြောတာပဲနေမှာ.....၊

''အဓိပ္ပါယ်မရှိတာ...ဖွားဖွားက ဘာလို့သေရမှာလည်း....´´
သူထိုသို့ပြောပြီးခြံထဲသို့ပြေးထွက်လာကာဦးစိုင်းလူကို....

''ဦးစိုင်းလူ....ဆရာဝန်ဆီကိုမြန်မြန်ဖုန်းဆက်ပေးပါ....ဖွားဖွား ဘာဖြစ်မှန်းမသိဘူး...´´

သူ့စကားကြောင့်ဦးစိုင်းလူမှာမျက်လုံးကြီးပြူးကျယ်ကာ...

''ဟေ....ဟုတ်လား....´´

ပြောပြီးဖွားဖွားအခန်းသို့ပြေးထွက်သွားသည်....သူလည်းနောက်မှပြေးလိုက်မိသည်...။ဖွားဖွားအခြေနေကိုဦးစိုင်းလူအကဲခတ်ပြီး....သက်ပြင်းကိုချရင်း...

''မမကြီး....ဆုံးပြီ...ဖြိုးကျော်...ကြည့်ရတာဦးနှောက်သွေးကြောပျက်သွားပုံရတယ်...´´
ဒေါ်နန်းမှာဖွားဖွားဘေးတွင်ထိုင်ကာတရှုံ့ရှုံ့ငိုနေသည်....။ဦးစိုင်းလူကတော့မမတို့ဆီဖုန်းဆက်ပြီးအကြောင်းကြားနေသည်....။ဟာ....ဘာတွေလည်း....ဘာတွေလည်း....သူဖွားဖွားကိုကြည့်ပြီး....

''ဖွားဖွား.. ....ဖွားဖွား.. .ဖွားဖွား ရယ်....ဖွားဖွားမသေပါဘူးနော်....ဖွားဖွား...သမီးကိုတယောက်တည်းမထားခဲ့ရဘူးလေ....ဖွားဖွား ရဲ့...´´
သူဆောက်တည်ရာမရစွာဖွားဖွားကိုဖတ်ပြီးငိုကြွေးနေမိသည်.....။ဖွားဖွားရဲ့ပုံမှာအိပ်နေသည့်ပုံ....ဖွားဖွားသေတာဘယ်လိုဖြစ်နိုင်မှာလည်း....ပြီးတော့ဖွားဖွားသူ့ကိုအားပေးနှစ်သိပ်ပေးရအုံးမှာလေ....။ဖွားဖွားမရှိတော့ရင်...အာ...ဖွားဖွား မရှိရင်သူဘယ်လိုရပ်တည်ရမှာလည်း.....။ဖွားဖွားရဲ့အေးစက်တော့တင်းတဲ့ခန္ဓာကိုယ်ကိုသူ့ပွေ့ဖတ်ပြီး...

''ဖွားဖွား ရယ်....ထပါတော့...သမီးတောင်းပန်ပါတယ်....သမီးအရင်လိုပျော်ပျော်ရွှင်ရွှင်ပြန်နေပါ့မယ်...ဖွားဖွား နားကထွက်မသွားတော့ပါဘူး....ဖွားဖွား...ဖွားဖွား ´´

သူကျယ်လောင်စွာအော်ဟစ်နေပေမဲ့ဖွားဖွားမှာ....မကြားသည့့်အလား...။သူမျက်ဝန်းထဲမှာ...မျက်ရည်များမရှိလောက်အောင်.....ခန်းခြောက်သွားသည့်အထိသူငိုပစ်လိုက်သည်....။
ဖွားဖွား ရယ်....သမီးကိုရက်ရက်စက်စက်ထားပစ်ခဲ့ပြန်ပြီလား...၊။သမီးဘဝမှာဘာမှမရှိတော့ပါဘူး....ဘာတစ်ခုမှမရှိတော့ပါဘူး...။သိပ်မကြာခင်မှာ...မမနဲ့ကိုဇော်နိုင်ရောက်ချလာသည်....မမမှာငိုရင်းတက်...သွားလို့ဆရာဝန်ကိုခေါ်ပြရတဲ့အထိပင်....။အောင်ဟိန်းနဲ့ပန်ဖကလည်းဖွားဖွားရဲ့နာရေးကိစ္စအတွက်ဝိုင်းကူနေကြသည်...ရွှေစိန်နဲ့ခမ်းစံကတော့သူ့အနားမှာ..........ညပင်ပြန်မအိပ်....အချိန်ပြည့့်သူအနားတွင်..ရှိနေကြသည်....။ပြီးတော့ဆိုင်ဆာတို့မိသားစုပါအိမ်ကိုရောက်လာပြီးမမနဲ့သူမကိုအားပေးနှစ်သိပ်ပေးကြပြန်သည်...။ဆိုင်ဆာမှာ...ဖြိုးကျော်ကိုကြည့်ကာစိတ်မကောင်းဖြစ်နေမိသည်...။သူမသာဖြိုးကျော်နေရာမှာဆိုရင်....ခံနိုင်ရည်ရှိပါ့မလား...။
ဖြိုးကျော်ပုံမှာ....ဘာခံစားမှုမှမရှိတဲ့...အရုပ်လေးတရုပ်လို...။သူ့အဖွားအလောင်းမြေချချိန်တုန်းကဆို....မျက်ရည်ပင်မကျ...။
ဆိုင်ဆာ....ဝါဆိုဖုန်းလေးကိုကောက်နှိပ့်မိသည်....ပိုးသံစဉ်ကို ကဝါဆိုဖုန်းခေါ်ရင်မကြိုက်မှန်းသိပေမဲ့..လည်းဒီကိစ္စကိုတော့ပိုး.
..ကိုသိစေချင်မိသည်...။သိသင့်တယ်လို့လည်းသူမထင်မိသည်...။ဖုန်းဝင်သွားတော့ဝါဆိုအသံကိုကြားရသည်....

''ဟဲလို....´´

''ငါဆိုင်ဆာပါဝါဆို....ပိုးနဲ့စကားပြောချင်လို့....´´

''ဘာလဲဟိုတယောက်အကြောင်းပြောမလို့လား...´´

  ''ဘာအကြောင်းပြောပြောပေါ့ဟာ...နင်သူ့ကိုဖုန်းပေးမလားမပေးရင်လည်းငါချလိုက်တော့မယ်...´´

ဆိုင်ဆာစိတ်မရှည်စွာပြောလိုက်မှ...

  ''ခဏလေး....ငါပေး...ပေးမယ်..´´
ခဏကြာတော့ပိုးအသံကိုကြားရသည်...

''နင်ကလည်းသူ့ဖုန်းကိုမခေါ်ပါနဲ့ဟာ´´

ဆိုင်ဆာထင်တဲ့အတိုင်းပိုးသံစဉ်ကိုကတန်းပြီးပြောသည်....

''ငါလည်းမခေါ်ချင်ပါဘူးဟာ...နင့်ဆီကအခေါ်ကိုငါမစောင့်နိုင်တော့လို့..´´

ဆိုင်ဆာစကားကြောင့်သူမရင်ထဲပူသွားသည်...သူ...သူဘာများဖြစ်လို့ပါလိမ့်....သူမစိတ်ပူစွာနဲ့....

''သူ....သူ...ဘာဖြစ်လို့လဲ..ဟင်...´´

  ''အင်း...ဖြိုးကျော်ဘာမှမဖြစ်ပါဘူးပိုးရယ်...´´
ပြောနေရင်းဆိုင်ဆာအသံမှာတိမ်ဝင်သွားသည်....

''ဒါပေမဲ့.. .သူ့အဖွားတော့...ဆုံးသွားပြီဟာ...´´

''ဘာ...ဖွားဖွား ဆုံးသွားပြီဟုတ်
လား...´´
သူမတုန်ယင်စွာနဲ့ထပ်မေးလိုက်မိသည်..

''ဟုတ်တယ်...ပိုး...ဦးနှောက်သွေးကြောပျက်သွားတာတဲ့....မနက်ဖန်ဆိုရင်ရက်လည်ပြီလေ...´´

  ''ဒါဆို...သူအရမ်းခံစားနေရမှာပဲနော်...ဟာ....စိတ်မကောင်းလိုက်တာဆိုင်ဆာရယ်.....ငါသူ့အတွက်ဘာမှ...မလုပ်ပေးနိုင်ဘူးဟာ...သူဒီအချိန်မှာ...ဘယ်လောက်တောင်ခံစားနေရမလည်းဆိုတာ...ငါသိနေတယ်....´´

သူမပြောရင်းငိုနေမိသည်....ဝါဆိုကတော့သူမကိုခပ်လှမ်းလှမ်းမှ...ကြည့်နေသည်.....။သူမငိုနေပုံကိုကြည့်ရင်....ဆိုင်ဆာ..ထက်ထကိဖြိုးကျော်အကြောင်းပြောနေမှန်းသူအတပ်သိနေသည်...။ဘာတွေပြောနေကြမှန်းတော့သူသေချာမသိ...။အချိန်ကြာလာရင်တော့...ပိုး..ထက်ထက်ဖြိုးကျော် ကိုမေ့တန်ကောင်းပါရဲ့လေ....။ဒီနေ့ဒီအချိန်ထိသူ...ပိုး...ကိုလက်ဖျားနဲ့ပင်မထိသေး...။ပိုးကိုကားတင်ပြေးတဲ့ညကလည်း....ဆေးအရှိန်တဲ့အိပ်ပျော်နေတဲ့သူမကို....သူ...ဘာမှမကျူးလွန်ခဲ့ပါ...။သူမကို...သူပိုင်ဆိုင်ချင်တဲ့စိတ်တစ်ခုပဲရှိခဲ့တာ...။ပိုးကိုသူချစ်သည်....။ပိုးခန္ဓာကိုယ်ကိုရပြီး...ပိုးအချစ်ကိုမရရင်..သူဘာလုပ်ရမှာလဲ...။လက်ထပ်ပြီးမှ...တဖြေးဖြေးသူ့ကိုချစ်လာအောင်ကြိုးစားမယ်လို့စိတ်ကူးခဲ့တာ...။အခုတော့...ပိုးအချစ်ကိုသူရဖို့နေနေသာသာ...နေ့စဉ်ပိုးဆီမှ...နာကျည်းမုန်းတီးတဲ့အကြည့်တွေကိုသူရင်ဆိုင်နေရသည်....။
သူမဆိုင်ဆာနဲ့ဖုန်းပြောပြီး....ဝါဆိုကိုဖုန်းပြန်ပေးလိုက်သည်...သူမမျက်ရည်တွေကိုမသုတ်မိ....။ဒီအချိန်မှာ...သူ့ကိုအရမ်းသနားနေမိသည်...သူဘယ်တော့တောင်နာကျင်ခံစားနေရမလဲ...သူသိပ်ချစ်တဲ့...သူမကိုကော...ဖွားဖွားကိုကောဆုံးရှုံးရတာ...တယောက်ကရှင်ကွဲ...တယောက်ကသေကွဲ...။ကံကြမ္မာရယ်...ဘာကြောင့်အဲ့လောက်အငြိုးတကြီးရက်စက်ရတာလည်း...။သူ့ကိုသူမအရမ်းသနားနေမိလေလေ..ဝါဆိုကိုပိုမုန်းလေလေပါပဲ....။သူမဝါဆိုကိုကြည့်ပြီး.....

''ငါ့ကို...မယုံသင်္ကာဖြစ်နေတာလားဝါဆို...ငါကဒီအချိန်မှာအိမ်ထောင်သည်ဖြစ်နေပြီ...ငါ့ဘက်ကဘယ်တော့မှနင့်အပေါ်မဖောက်ပြန်ဘူး...နင့့်ကိုချစ်လို့တော့မဟုတ်ဘူးနော်...ငါကဗုဒ္ဓဘာသာမြန်မာမိန်းကလေးတယောက်မို့.....အခုဆိုင်ဆာဖုန်းဆက်တာလည်.း..ငါသိသင့်တဲ့အကြောင်းအရာတစ်ခုကိုလှမ်းပြောပြတာ....´´

''အေးပါ...ဟာ...ငါနင့်ကိုယုံပါတယ်.´´

သူမအခန်းထဲသို့ဝင်လာခဲ့သည်....အခန်းထဲရောက်တော့သူမအိပ်ယာပေါ်ပစ်လှဲလိုက်ပြီး....သူ့အတွက်စိတ်မကောင်းစွာငိုကြွေးနေမိသည်...။သူမလုပ်ပေးနိုင်တာ...သူ့အတွက်မျက်ရည်ကျပေးရုံသက်သက်ပဲလား....။

ဖွားဖွား နာရေးပြီးတော့မမကသူ့ကို....သူတို့နဲ့တောင်ကြီးမှာလိုက်နေရန်ခေါ်သည်....။သူကတော့...မလိုက်ချင်ပါ....ဖွားဖွား နဲ့ဟိုးငယ်ငယ်လေးကတည်းကနေခဲ့တဲ့ဒီအိမ်ကြီးကိုမစွန့်ခွာနိုင်....။ဖွားဖွားအငွေ့သက်တွေ..ဒီအိမ်ကြီးမှာရှိနေသေးသည်...။ဖွားဖွားရဲ့....နွားမွေးမြူရေးခြံတွေ...ပြီးတော့လက်ဖက်စိုက်ခင်းတွေ...ဝယ်မဲ့သူတွေဝိုင်းနေသော်လည်းသူမရောင်းပါ....ဒီအလုပ်တွေကိုသူဆက်လုပ်မည်....။ဖွားဖွားချန်ခဲ့သော...ငွေကြေးများဟာ..သူအတွက်ဒီတသက်စားမကုန်ပါ.....။မမကလည်း.၊အမွေမက်သူမဟုတ်....ကိုဇော်နိုင်မှာတစ်ဦးတည်းသောသားပီပီပိုင်ဆိုင်မှုတွေကမနည်းလှ...ပေ...။

''ညီမလေးရယ်....ကျောင်းပြန်ဖွင့်တော့မှာပဲ...မမတို့နဲ့တခါတည်းလိုက်ခဲ့ပါနော်....ဒီမှာညီမလေးတယောက်တည်းမမစိတ်မချပါဘူး...´´

''မလိုက်ချင်ပါဘူးမမရယ်....ညီမလေးအတွက်မစိုးရိမ်ပါနဲ့...ဦးစိုင်းလူတို့လင်မယားလည်းရှိတာပဲလေ..´´

ဦးစိုင်းလူကသူ့စကားကိုထောက်ခံသည့်အလားခေါင်းတဆက်ဆက်ညိတ်လိုက်ပြီး....

''ဟုတ်ပါတယ်တူမလေး...ရယ်...ဖြိုးကျော်လေးအတွက်စိတ်ချပါ...ဦးတို့ရှိနေတာပဲ...နောက်ပြီးဖြိုးကျော်လေးဆိုတာငယ်ငယ်ကတည်းကဦးတို့လက်ပေါ်မှာကြီးခဲ့တာပဲ...သားသမီးအရင်းလေးလိုဖြစ်နေပါပြီကွယ်....´´

ဒေါ်နန်းနုကလည်း...

''ဟုတ်ပါတယ်ကွယ်....ဒေါ်နန်းတို့ရှိနေတာပဲ..မမကြီးမရှိတော့ပေမဲ့...ဖြိုးကျော်လေးစိတ်ချမ်းသာသလိုနေပါစေကွယ်....´´

မမကလက်လျော့သွားဟန်ဖြင့်ငြိမ်သက်သွားသည်....ကိုဇော်နိုင်ကတော့..သူ့ကိုစာနာနားလည်စွာကြည့်ပြီး...

''အင်းလေ...ဖြိုးကျော်မလိုက်ချင်သေးရင်လည်းကိုနိုင်တို့အတင်းမခေါ်တော့ပါဘူး...ဒါပေမဲ့ တစ်ခုတော့ကတိပေးပါကိုနိုင်တို့ကို....´´

''ကျောင်းပြန်ဖွင့်ရင်တော့....ကျောင်းပြန်တက်ရမယ်....´´

သူမခေါင်းခါလိုက်သည်....ဘယ်လိုမှမဖြစ်နိုင်ပါ....။ပိုးသံစဉ်ကို မျက်နှာကိုသူမမြင်ချင်တာမဟုတ်....မြင်ရင်စိတ်ကပစ်မှားမိအုံးမယ်....။ပြီးရင်သူပိုပြီးနာကျင်နေရမှာ...။သူ...သူမကိုအခုထိသိပ်ချစ်နေတုန်းပဲလေ...။

''မတက်ချင်တော့ပါဘူးကျောင်းလည်း....ဒီနှစ်နားလိုက်တော့မယ်....နောက်နှစ်မှ....ပင်လုံကိုပြန်ပြောင်းတက်တော့မယ်....´´

မမကတော့သူ့ကိုကြည့်ပြီးငိုနေပြန်သည်...

  ''ဖွားဖွား ရေ...ဖွားဖွား မြေးကိုလာနားချပါအုံး.....´´

''မျိုးကလည်းကွာ....ကလေးစိတ်ညစ်အောင်လုပ်နေပါပြီ..မငိုနဲ့တော့.....´´

  ''မမရယ်...ညီမလေးအတွက်စိတ်ချပါညီမလေးနောက်နှစ်ကျောင်းပြန်တက်မှာပါ...ကတိပေးပါတယ်...ညီမလေးတောင်ကြီးမြေပေါ်ကိုခြေမချချင်တော့တာ...ကိုတော့နားလည်ပေးပါနော်....´´

မမကသူကိုဘာမှပြန်မပြောပဲငိုသာငိုနေသည်...။

''မငိုပါနဲ့မမရယ်...အထဲကကလေးကိုထိခိုက်နေပါအုံးမယ်နော်..´´

သူချော့လိုက်မှ..မမငိုတာရပ်သွားပါသည်...တောင်ကြီးကိုမပြန်ခင်..ဦးစိုင်းလူတို့လင်မယားကိုသူ့..ကိုဂရုစ်ိုက်ဖို့တဖွဖွမှာကြားသွားပါသေးသည်....။
သူကတော့မမတို့ပြန်သွားတာနဲ့...ဖွားဖွားဦးစီးလုပ်ကိုင်ခဲ့သော...လုပ်ငန်းများကိုဖွားဖွားရှိစဉ်ကလိုပဲသူဦးစီးလုပ်ကိုင်ခဲ့သည်....။အလုပ်ထဲမှာစိတ်ကိုနှစ်ထားသောလည်း...ဖွားဖွား နဲ့သူမကိုတော့...သူအမြဲလွမ်းနေမိသည်...။သတိရတိုင်းလည်းမျက်ရည်ကျခဲ့ရသည်....။သူမအဆင်ပြေရဲ့လား....။မတွေးပဲသူ့ခေါင်းထဲသူမအကြောင်းကအလိုလိုရောက်လာသည်...။သူညနေစာကိုတယောက်တည်းတိတ်ဆိတ်စွာစားနေချိန်ဆိုင်ဆာသူ့ဆီကိုရောက်လာသည်....။
ဆိုင်ဆာကိုမြင်တော့သူထမင်းကိုလက်စသက်လိုက်သည်.၊။

''ဖြိုးကျော်....နင်နေကောင်းရဲ့လား...အရမ်းပိန်သွားတယ် တယ်နော်...´´

''ကောင်းပါတယ်ဟာ...´´
ကောင်းပါတယ်သာပြောပေမဲ့သူ့ပုံစံကအရင်နဲ့အများကြီးကွာခြားနေသည်...။လူပုံက...အရင်လိုလန်းလန်းဆန်းဆန်းမဟုတ်....။သူ့မျက်လုံးတွေမှာအရင်လိုမရောင်မတောက်တော့...ဖျော့တော့ပြီးညိုးငယ်နေသည်....။

''နင်ကျောင်းမတက်တော့ဘူးဆို...´´

''အင်း...ဟုတ်တယ်....´´

''အဲ့လိုတော့မလုပ်ပါနဲ့ဟာ...ဒီတတန်းပြီးအောင်ဆကိတက်ပါအုံးလား...ပြီးမှပြန်ပြောင်းချင်ပြောင်းပေါ့...´´

သူခပ်ဖွဖွပြုံးကာ......

''တော်ပါပြီ..ငါဆုံးဖြတ်ပြီးသွားပြီ.၊မပြင်တော့ဘူး...နောက်နှစ်မှပဲပင်လုံမှာပြန်တက်တော့မယ်....´´

''အင်းပါလေ....ငါနားလည်ပါတယ်နင့်ရင်ထဲကခံစားချက်တွေကို....နင်..ပိုးကိုမမုန်းဘူးလားဟင်...´´

သူအားရပါးရြုပံ ုးမိသည်....မမုန်းဘူးလားတဲ့...သူကဘာအတွက်မုန်းရမှာလည်းလေ...။သူမကိုအရမ်းချစ်တာကို....။

''မမုန်းပါဘူး....အခုလည်းချစ်မယ်နောင်လည်းချစ်နေမှာပါပဲ....သူဘယ်ဘဝရောက်နေနေသူဟာ..ငါ့နှလုံးသားထဲမှာရှိနေမှာပါ...ငါ့နှလုံးသားကိုသူ့က..အပိုင်သ်ိမ်းပိုက်ထားတာကြာပြီပဲလေ...´´

''ငါစိတ်မကောင်းပါဘူး...နင်တို့နှစ်ယောက်အတွက်... ´´

''ကျေးဇူးတင်ပါတယ်ဟာ....ငါလည်းနင့်ကိုတောင်းပန်ပါတယိ....အရင်ကငါနင့်အပေါ်အနိုင်ယူချင်တဲ့စိတ်နဲ့လုပ်ခဲ့တာတွေကို....´´

''ရပါတယ်ဟာ...တောင်းပန်စရာမလိုပါဘူး....ငါ့စိတ်ထဲမှာဘယ်လိုမှသဘောမထားပါဘူး.....´´

''အခုလိုငါ့အပေါ်နားလည်ပေးလို့ဝမ်းသာပါတယ်ဟာ.....သူအဆင်ပြေမှာပါနော်.....´´

''ပြေမှာပါ....နင်သာဂရုစိုက်ပါ...နင်အခုလိုပုံစံကိုသာသူမြင်ရင်စိတ်ကောင်းမှာမဟုတ်ဘူး...´´

''သူမမြင်နိုင်ပါဘူးဟာ...ငါ့ကြောင့်သူ့ ကိုစိတ်မဆင်းရဲစေချင်ဘူး....အဲ့ဒါ ကြောင့်လည်းငါဒီလမ်းကိုရွေးလိုက်တာ...ငါပုံစံကိုမြင်ပြီးသူစိတ်မချမ်းသာမှာကိုငါမလိုချင်ဘူး..´´

''ငါနားလည်ပါတယ်နင့်ကို...ငါလည်းမနက်ဖန်တောင်ကြီးသွားတော့မှာ...ဟိုအဖွဲ့တွေကော...ဘယ်တော့သွားကြမှာလဲ..´´

''နင့်ကိုပန်ဖမပြောဘူးလား....´´

''ငါနဲ့အခုရက်ပိုင်းမတွေ့ဖြစ်သလို..အဆက်သွယ်လည်းမရဘူး...အခုတလော...´´

''အော်...ရွှေစ်ိန်ပြောတာ..သဘက်ခါလို့ပြောတာပဲ၊..ငါ့ကိုစိတ်ဆိုးနေကြတယ်သူတ်ု့လည်း....နောက်နှစ်ပင်လုံကိုပြန်ပြောင်းခဲ့မယ်တဲ့...´´

''ဟူတ်လား....အင်းကောင်းပါတယ်နင်အဖော်ရတာပေါ့လေ...´´

''ငါကတော့မပြောင်းစေချင်ပါဘူး...သူတို့ကငါ့ကိုစိတ်မချ ဖြစ်နေတာ...ငါ့အတွက်တော့ဒိထက်ခါးသီးမှုမျုးထက်မကြုံနိုင်တော့ပါဘူး....´´

''ဟုတ်ပါပြီ...ငါပြန်တော့မယ်နော်...ဂရုစိုက်အုံးကျန်းမာရေးကို...ပြီးပြီးရောမနေနဲ့အုံး...´´

''အေးပါ....´´

ဆိုင်ဆာကိုသူနှုက်ဆက်ပြီး...အိမ်ထဲကိုပြန်ဝင်ခဲ့သည်....။ပြီးတော့tvကိုဖွင့့်ကာ..အဓိပ္ပါယ် မဲ့စွာကြည့်နေမိသည်...။

ကျောင်းပြန်ဖွင့်တော့...ဝါဆ်ိုကသူ့ကားနဲ့လိုက်ဖို့ပြောသည်....သူမလက်မခံခဲ့....။သူနဲ့လုံးဝတွဲသွားချင်စိတ်ကိုမရှိ.....။ဝါဆိုမှာ..လက်မထပ်ခင်အချိန်တုန်းကမှ...သူမနဲ့အတူတွဲသွားတွဲလာခွင့်ရသေဲး့....အခုလက်ထပ်ပြီးအချိန်မှစပြီးတအိမ်တည်းသာအတူနေရတာ...သူမနဲ့..အရမ်းဝေးကွာနေသလိုခံစားနေရသည်...။သူဘယ်အထိတောင့်ခံထားနိုင်မှာပါလိမ့်...။

ပရယ်တီကယ်လ်အခန်းကိုရောက်တော့...အရင်ဆုံးသူထိုင်နေကြနေရာလေးကိုသူမတန်းကြည့်မိသည်...။သူ့ကိုမတွေ့ရ...ကျန်တဲ့လေးယောက်ကိုသာတွေ့ရသည်....။သူ...သူ..မလာသေးတာလား....ဒါမှမဟုတ်.. .သူမလာသေးတာပဲနေမှာပါ....။သူမလိုရာကိုစွဲတွေးနေမိသည်...။

💌💌💌💌💌💌💌💌💌
ဆက်ရန်ႏူးညံ့စြာ...သိမ္းပိုက္တက္ေသာ
💔💔💔💔💔💔💔💔
Les story part..(14)
ေတာင္ႀကီးမွအျပန္ခရီးဟာသူ႕အတြက္ေတာ့...တကယ္ကိုခါးသီးလြန္းလွပါသည္...မမက..တစ္ညအိပ္ခိုင္းတာေတာင္သူလက္မခံဘဲခ်က္ျခင္းတန္းျပန္ခဲ့တာ....ႏွလုံးသားတစ္ခုလုံးကိုဆြဲထုတ္သြားသည့္အလား..ရင္ထဲမွာနာက်င္ခံစားေနရသည္...အသက္ပင္အနည္းအလုအယက္႐ူရွိုက္ေနရသည္...။ဘယ္ေတာ့မွ...သူဒီေတာင္ႀကီးေျမက္ိုေျခမခ်ခ်င္ေတာ့ပါဘူး....။ခ်စ္...ေပ်ာ္႐ႊင္ပါေစ...ခ်စ္ဘဝေလးသာယာပါေစ...ေတာ့..။
ပိုးသံစဥ္ကို နဲ႕ဝါဆိုတို႔တရား႐ုံးတြင္လက္မွတ္ထိုးခဲ့ၾကသည္....။ဝါဆိုကေတာ့အေပ်ာ္ႀကီးေပ်ာ္ေနသည္..။သူမကေတာ့မလႈပ္မယွက္....အသက္မဲ့ေနတဲ့သူတေယာက္ပမာ...။ရင္ထဲမွာ...ဘာခံစားခ်က္မွ...ရွိမေန...ေပ်ာ္႐ႊင္မႈ...ဝမ္းနည္းမႈ...မ်ားအစားဝါဆိုကိုနာၾကည္းတဲ့စိတ္ကသာေနရာယူေနသည္....။မုန္းတယ္..ဝါဆို....နင့္ကိုငါခံစားရတာနဲ႕ဆယ္ဆသာတဲ့နာက်င္ခံစားမႈေတြကိုငါအၿမဲေပးေနမွာပါ...။ေနာက္ဆုံးသူျမတ္နိုးစြာနမ္းရွိုက္သြားတဲ့နဖူးေလးကိုကိုင္ရင္း...သူမႏွလုံးသားေတြတဆစ္ဆစ္နာက်င္ေနရသည္...။ဘာလို႔သူမကို...ပက္ပက္စက္စက္ေျပာမသြားခဲ့ရတာလည္းသူရယ္....။သူဆီကရတဲ့ေနာက္ဆုံးအနမ္းေလးက...သူမအတြက္ထာဝရမေမ့နိုင္တဲ့အရာတစ္ခု...ဘယ္ေတာ့မွျပန္မရနိုင္တဲ့...ေနာက္ဆုံးအနမ္းတခုေပါ့....။လက္မွတ္ထိုးၿပီးလူႀကီးမိဘမ်ားကိုကန္ေတာ့ကာသူမနဲ႕ဝါဆိုတို႔အတြက္ဝါဆိုအေဖစီစဥ္ေပးေသာ...ေက်ာင္းႀကီးစုရပ္ကြက္ထဲကတိုက္ပုေလးဆီလာခဲ့ၾကသည္...။အိမ္ေရာက္ေတာ့..ဝါဆိုက...

''နင္ငါ့ကိုအခုထိခြင့္မလႊတ္နိုင္ေသးဘူးလားပိုးရယ္...´´

သူမဝါဆိုကိုမုန္းတီးနာက်ည္းေသာအၾကည့္မ်ားျဖင့္စူးစူးနစ္နစ္ၾကည့္လိုက္ၿပီး....

''နင့္ကိုငါကခြင့္လႊက္ရမယ္ဟုတ္လား...ေဝးေသးတယ္....နင့္လိုေအာက္တန္းက်တဲ့ေကာင္ကို...ငါမျဖစ္သာလို႔လက္ထပ္လိုက္ရတာ....နင့္ကိုငါဘယ္ေတာ့မွခြင့္မလႊတ္ဘူး..´´

  ''ငါေတာင္းပန္ပါတယ္ဟာ..ေနာ္..ငါနင့္ကိုအရမ္းခ်စ္လို႔ႀကံမိႀကံရာႀကံလိုက္မိတာပါ....´´

''ေတာ္ေတာ့!နင့္ပါးစပ္ကအဲ့ဒိခ်စ္တယ္ဆိုတဲ့စကားကိုမထြက္နဲ႕...´´

ေဒါသႀကီးစြာသူ႕ကိုေအာ္လိုက္ေသာသူမကိုဝါဆိုဘာမွျပန္မေျပာရဲ...။
သူ႕အေပၚဘာလို႔ဒီေလာက္ခါးသီးေနရတာလဲ....ရင္ထဲမွာနာက်င္စြာေတြးေနမိသည္...။

''ဒီမွာဝါဆို...နင္နဲ႕ငါတရားဝင္လက္ထပ္ထားတာဆိုေပမဲ့....ငါ့အသားကိုထိဖို႔မႀကိဳးစားပါနဲ႕...နင္ငါ့အသားကိုထိတာနဲ႕....ေဟာ့ဒီမွာေတြ႕လား..´°

သူမကဓားျမႇောင္ေသးေသးေလးကိုထုတ္ၿပီး..သူမလည္ပင္းကို႐ြယ္ထားသည္...။

''ဒီဓားနဲ႕....ငါ့ကိုယ္ငါအဆုံးစီရင္ျပစ္မယ္...ငါ့ကိုလာထိမယ္မႀကံနဲ႕...´´

သူမပုံစံမွာ တကယ့္ကိုလုပ္မဲ့ပုံျဖစ္တာေၾကာင့္ဝါဆိုမွာခ်က္ျခင္းပင္....

''အဲ့လိုမလုပ္ပါနဲ႕...ပိုးရယ္....စိတ္ခ်ပါ...ငါကတိေပးပါတယ္နင့္အသားကို..နင့္ဆႏၵမပါပဲနဲ႕ငါမထိပါဘူး...နင္ဘာမွေလွ်ာက္မလုပ္ပါနဲ႕ဟာ...ေနာ္...နင္ႀကိဳက္သလိုစိတ္ခ်မ္းသာသလိုေနပါ..´´

သူတကယ္ပင္သူမ၏နာက်ည္းမုန္းတီးမႈမ်ားကိုလက္ဖ်ားခါေနမိသည္....သူမွားခဲ့ၿပီလား..။သူစိတ္မသက္သာစြာသက္ျပင္းေတြကိုအႀကိမ္ႀကိမ္ခ်ေနမိသည္...။

ထက္ထက္ၿဖိဳးေက်ာ္ တေယာက္ၿခံထဲကဒန္းေလးေပၚတြင္တိတ္ဆိတ္စြာထိုင္ေနမိသည္....။ဖြားဖြားကသူမေဘးတြင္လာထိုင္ၿပီး....

''စိတ္မေကာင္းျဖစ္မေနပါနဲ႕ေျမးေလးရယ္....အရင္လိုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေလးပဲျပန္ေနပါ...ဘယ္သူ႕ကိုမွအပစ္မတင္ပါနဲ႕....ေျမးေလးတို႔ေရစက္မကုန္ရင္ေတာ့ျပန္ဆုံၾကအုံးမွာပါပဲ..´´

ျပန္ဆုံၾကရအုံးမွာတဲ့လားဖြားဖြားရယ္...ဒီအေျခေနေရာက္မွ...သူတို႔ေတြတကယ့္ကိုေဝးသြားပါၿပီ...။

''ဖြားဖြား ရယ္...ေျမးသူ႕ကိုေမ့လို႔မရနိုင္ဘူးအရင္လိုခ်စ္ေနတုန္းပါပဲ...သူဘယ္လိုဘဝမ်ိဳးကိုပဲေရာက္ေရာက္....သမီးသူ႕ကိုခ်စ္ေနအုံးမွာ..´´

ေဒၚနန္းၾကာမႈံေျမးမေလးကိုၾကည့့္ၿပီးသနားေနမိသည္....အခုလိုခံစားေနရတဲ့ေျမးမေလးကိုဘယ္လိုအားေပးႏွစ္သိပ္ရမလဲ....စဥ္းစားမရ....။ေအာ္...ကံဆိုးလိုက္တဲ့ေျမးမေလးရယ္....။ငယ္ငယ္ကေလးတည္းက..အေဖေကာအေမကိုဆုံးရႈံးခဲ့ရတာ....။အခုလည္းခ်စ္ရသူကိုဆုံးရႈံးရျပန္ၿပီ...။
သူတို႔ေက်ာင္းျပန္ဖြင့္ဖို႔ကသိပ္မလိုေတာ့...သူေတာင္ႀကီးမွာေက်ာင္းတက္ခ်င္စိတ္မရွိ....။သူမကိုျမင္ေတြ႕ေနရရင္သူ႕စိတ္ေတြထိန္းလို႔ရမွာမဟုတ္...။အိမ္ေထာင္ရွိတဲ့...သူတေယာက္ကိုသူပစ္မွားမိေနေတာ့မွာ....။ေနာက္တစ္တန္းကိုဆက္မတက္ခ်င္ေတာ့....တစ္ႏွစ္ေအာက္ရင္လည္းေအာက္ပါေစေတာ့...။
သူအိပ္ယာမွထလိုက္ၿပီးမ်က္ႏွာသစ္ကာထမင္းစားခန္းထဲသို႔ဝင္ခဲ့သည္....။ထမင္းခ်က္ေဒၚနန္းႏုက...

''ၿဖိဳးေက်ာ္ေလး...ေကာက္ညွင္းေပါင္းနဲ႕ဆက္သားေျခာက္ဖုတ္ေလး...မနက္စာအတြက္လုပ္ေပးထားတယ္....စားလိုက္အုံး...´´

ထမင္းစားစားပြဲတြင္သူဝင္ထိုင္လိုက္ၿပီး...

''ဖြားဖြား ေကာ...မေတြ႕ပါလား..ဘုရားရွိခိုးေနတာလား..°´

''မေတြ႕မိေသးဘူးဒီမနက္...အိပ္ယာကမထေသးဘူးထင္တယ္...´´

''ဟုတ္လား....အဲ့ဒါ ဆိုရင္ဖြားဖြားကိုသြားနိုးလိုက္အုံးမယ္...´´

သူအိမ္အေပၚထပ္ရွိဖြားဖြားအခန္းသို႔ထြက္ခဲ့လိုက္သည္...။အခန္းေရွ႕ေရာက္ေတာ့....သူတံခါးကိုေခါက္လိုက္ၿပီး

''ဖြား..ဖြားေရ...ဖြား..ဖြား.´´

အခန္းထဲမွဘာအသံမွမၾကားတာေၾကာင့့္သူတံခါးကိုဖြင့္ကာဝင္လိုက္မိသည္။
ဖြားဖြား ကုတင္ဆီသို႔ေျပးသြားကာ...ဖြားဖြား ကိုသူနိုးလိုက္မိသည္....။

''ျဖား..ျဖား

You are reading the story above: TeenFic.Net

#gl