အပိုင်း(၇၁) "စီရင်စုက လှလိုက်တာ အစ်ကိုရယ်"

Background color
Font
Font size
Line height

အပိုင်း(၇၁) "စီရင်စုက လှလိုက်တာ အစ်ကိုရယ်"

တုန်းဖူစားသောက်ဆိုင်တွင် မီးဖိုချောင်ရှိ စားဖိုမှူးယွီသည် မှိုများဝယ်ပိုင်ခွင့်ရှိ၏။

အစောပိုင်းက စန်းလော့၏ဟင်းချက်နည်းများ လဲလှယ်ပေးသောကြောင့် ကျေးဇူးတင်ကာ အခြောက်ခံရန် ရွေးချယ်ထားသော ကြွက်နားရွက်မှို အနည်းငယ်မှလွဲ၍ သူမ ယူလာသောမှိုများအားလုံးကိုဝယ်ရန် အဆင်သင့် သဘောတူလိုက်သည်။

ခြင်းနှစ်ခြင်းသည် ပေါင် ဒါဇင်များစွာအလေးချိန်ရှိ၏။ မျိုးကွဲများစွာရှိသော်လည်း စားသောက်ဆိုင်၏လိုအပ်ချက်အတွက် လုံလောက်ရုံမျှ အနိုင်နိုင်ရှိသော ပေါင် အနည်းငယ်ထက် ဘယ်ဟာမျှမပိုပေ။

အတော်အသင့်ပမာဏသည် စားသောက်ဖွယ်စာရင်းသွင်းရန်ပင် မလုံလောက်ပေ။

စားဖိုမှူးယွီထံမှ ဤအကူအညီသည် စန်းလော့၏စီးပွားရေးကို အထောက်အပံ့ပေးသည့် ထင်ရှားသောအမူအရာဖြစ်သည်။

သာမန်ကောက်ရိုးမှိုများမှာ ဈေးသက်သာပြီး တစ်ပေါင်လျှင် ဝမ်အနည်းငယ်သာ ပေးရသည်။ သို့သော် ခေါင်းလောင်းပုံမှိုနက်ကဲ့သို့သော အခြားမှိုများမှာ ဈေးကောင်းရပြီး စားဖိုမှူးယွီသည် တစ်ပေါင်လျှင် ၁၂ ဝမ်ပေး၏။

စန်းလော့က အထူးသဖြင့် သူမ စိတ်အားထက်သန်စွာစုဆောင်းခဲ့သော ခေါင်းလောင်းပုံမှိုနက်များအတွက် ဈေးရ‌သောကြောင့် စိတ်ကျေနပ်သွားလေသည်။ သူမနှင့် ရှန်းနဉ်၏ခြင်းတောင်းများက စုစုပေါင်းဝင်ငွေသည် ၂၈၃ ဝမ်ဖြစ်သည်။

စန်းလော့က မြို့တံခါးအပြင်ဘက်ရှိရွာသားအချို့သည်လည်း စားဖိုမှုးယွီ အလွယ်တကူ ဝယ်ယူရန်သဘောတူထားသည့် နောက်ထပ် ခြင်းလေးခုပါသည့်မှိုများကို စုဆောင်းထားကြကြောင်း ပြောလိုက်လေသည်။

"ဟုတ်ပြီ၊ အဲ့တာတွေကို ဝယ်လိုက်မယ်။ ငါတို့မှာအလုံအလောက်မရှိလို့ အမှာစာအနည်းငယ်ပြီးတာနဲ့ စားဖွယ်စာရင်းထဲကနေ ထုတ်ပစ်လိုက်တော့မလို့ စဉ်းစားနေတာ"

သူက စန်းလော့ပါလာသည့်ခြင်းတောင်းများကို ကူသယ်ရန် ပန်းကန်ဆေးနေသောကောင်လေးကို လှမ်းခေါ်လိုက်လေသည်။

......

ဝင်ခွင့်ကတ်ပြားမရှိသောကြောင့် မြို့ထဲသို့ဝင်ရန်အဆင်မပြေသည့် သူတို့ရွာမှ လူအုပ်စုသည် မြို့တံခါးဝတွင် စိတ်အားထက်သန်စွာစောင့်မျှော်နေကြပြီး စန်းလော့ကို မြင်တော့ သိသိသာသာပင်စိတ်လှုပ်ရှားနေကြသည်။

မြို့တံခါးဝ အတွင်းနှင့်အပြင်ကြားတွင် ပစ္စည်းများဖြတ်သန်းခွင့်ပြုထားပြီး မြို့စောင့်များသည် ပူးပေါင်းဆောင်ရွက်ပေးကြ၏။ စန်းလော့က အမျိုးသမီးချန်းနှင့်အမျိုးသမီးရှီ၏ ဒုတိယချွေးမဆီမှ ယူလိုက်ပြီး ထိုအချိန်တွင် ကောင်လေးသည် အဘွားလုနှင့် လုသညိုတို့ကို ကူညီနေသည်။

တန်းစီချိန်တွယ်ပြီးနောက် အဘွားချန်းနှင့် ရှီမိသားစု၏‌ဒုတိယချွေးမတို့သည် ၁၉၀ ဝမ် နှင့် ၁၄၉ ဝမ် အသီးသီးရရှိကြပြီး ခြင်းတောင်းနှစ်ခုဖြင့် အဘွားလုနှင့်မြေးမလေးတို့သည် ၂၉၆ ဝမ် ရရှိလေသည်။

ငွေပေးချေရန်အတွက် စင်အရှေ့တွင် စန်းလော့သည် မိသားစုသုံးစုအတွက်ငွေများကို ခွဲခြမ်းကာ သူမ၏ကိုယ်ပိုင်ဝေစုကို မတောင်းဆိုဘဲ ၂၈၃ဝမ်ကိုလက်ခံရယူမည့်အစား တုန်းဖူစားသောက်ဆိုင်အား ပြန်ဆပ်ရန်စဉ်းစားနေလေသည်။

ဆိုင်တာဝန်ခံရွှီ မရှိတော့သဖြင့် စန်းလော့လည်း အချိန်ဆွဲမနေတော့ပေ။ ငွေကိုင်နှင့် စားဖိုမှူးယွီကို ကျေးဇူးတင်စကားပြောလိုက်ပြီးနောက် ခြင်းတောင်းအလွတ်၆ခုကို ကိုင်ကာ တုန်းဖူစားသောက်ဆိုင်မှ ထွက်လာလေသည်။

သူမသည် မြို့တံခါးဝအပြင်ဘက်ရှိမိသားစုသုံးစုအား ပိုက်ဆံပေးဝေလိုက်၏။ အဘွားလုသည် အထူးသဖြင့် ဝင်ငွေအများဆုံးရသောကြောင့် စိတ်လှုပ်ရှားနေသည်။

စန်းလော့၏အကူအညီကြောင့် သူတို့၏ပိုင်ဆိုင်မှုကိုတွက်ဆရင်း ဆန်၂ပြည်ကျော်ဝယ်ရန် လုံလောက်သည်ဟု မှတ်ချက်ချကာ အဘွားချန်းသည်လည်း ဝမ်းသာနေ၏။

အဘွားလုနှင့်ရှီမိသားစုမှ ဒုတိယချွေးမတို့သည် စန်းလော့ကို နွေးထွေးစွာဖြင့်ကျေးဇူးတင်လိုက်ကာ သူတို့၏မျက်လုံးများ မှိတ်လုမတတ်ပြုံးပြလိုက်လေသည်။

ရှီမိသားစုဒုတိယချွေးမ၏ လေးစားမှုနှင့်အားကျမှုတို့မှာ မျက်နှာတစ်ခုလုံးတွင် ရေးထားလုမတတ်ပင်ဖြစ်နေသည်။

"စန်းလော့၊ နင်က တစ်ကယ်ကိုလုပ်နိုင်တာပဲနော်။ နင်က ဒီကို ခဏပဲရောက်ဖူးတာဆိုပေမယ့် မြို့ထဲက တည်းခိုခန်းပိုင်ရှင်တွေနဲ့သိတယ်။ ငါတော့ ဒီမှာ ကလေးဘဝထဲကနေလာတာဆိုပေမယ့် စီရင်စုမြို့ကို မရောက်ဖူးသလောက်ပဲ။ လမ်းတွေကိုတောင် သိပ်မသိဘူး"

ရှီမိသားစုဒုတိယချွေးမ၏ လေးစားမှုမှာ အစစ်အမှန်ဖြစ်သည်။ စန်းလော့သည် သူမအား "အဒေါ်"ဟု ခေါ်သော်လည်း သူမမှာ ၂၄နှစ်သာရှိသေးပြီး စန်းလော့ထက်အသက် သိပ်မကြီးပေ။

သူမက သူ့ယောင်းမထက်ပင် စန်းလော့အား အမြဲအထင်ကြီးနေလေသည်။ စန်းလော့သည် သူမအား ထင်ရှားသိသာသော ၁၄၉ဝမ်ရအောင်ကူညီပေးခဲ့သည့် မြို့၌ ယနေ့မှိုခူးရောင်းခြင်းလုပ်ငန်းသည် သူမအား စန်းလော့နှင့် ပိုမိုရင်းနှီးစေသည်။

စန်းလော့နှင့်ပိုမိုရင်းနှီးလာသည်ဟုခံစားရသော သူမက ချဉ်းကပ်ပြီး မေးလိုက်၏။

"ငါတို့အားလုံးက နင့်ကို စန်းလော့လို့ခေါ်ကြတယ်။ ဒါပေမယ့် နင့်ရဲ့ကိုယ်ပိုင်နာမည်က ဘာလဲ"

စန်းလော့က သူမ၏ချဉ်းကပ်မှုကို ပြုံးလိုက်၏။

"ကျွန်မကို စန်းလော့လို့ပဲခေါ်ပါတယ်။ မိသားစုကတော့ အားလော့လို့ခေါ်တယ်"

ရှီမိသားစုဒုတိယချွေးမသည် ပြုံးလိုက်၏။

"ဒါဆို ငါလည်း အားလော့လို့ပဲခေါ်မယ်။ အဲ့တာက ပိုရင်းနှီးသလိုခံစားရတယ်။ အဒေါ်က တစ်ကယ်တော့ နင့်ထက်အသက် သိပ်မကြီးပါဘူး။ မျိုးဆက်ကြောင့်သာ အကြီးဖြစ်နေတာ"

စန်းလော့သည် သူမ၏ယခင်ဘဝထက်ငယ်ပြီး ၂၄နှစ် သို့မဟုတ် ၂၅နှစ်သာရှိပုံပေါ်သည့် ရှီမိသားစုဒုတိယချွေးမကို သတိပြုမိ၏။

သူမက ရွှင်မြူးစွာတုန့်ပြန်လိုက်လေသည်။

"ရတာပေါ့ အဒေါ်၊ ကျွန်မကို အားလော့လို့ခေါ်လို့ရပါတယ်"

အပြန်လမ်းတွင် ရှီမိသားစု၏ဒုတိယချွေးမသည် အဆက်မပြတ် စကားစမြည်ပြောနေပြီး သူမကို အားလော့ဟု ချစ်စနိုးခေါ်ကာ စန်းလီရွာမှနောက်ဆုံးရထားသည့် အတင်းအဖျင်းများကို မျှဝေနေ၏။

အတင်းအဖျင်းပြောလာသောအခါ ရှီမိသားစု၏ဒုတိယချွေးမသည် စန်းလီရွာတွင် ပြိုင်ဘက်ကင်းဖြစ်နေသည်။

သူမသည် ထူးထူးခြားခြား ကောင်းစွာမသိသော်လည်း

အသက်ဝင်ပြီး ကွက်ကွက်ကွင်းကွင်း ပြောတတ်ခြင်းက သူမ၏အတင်းအဖျင်းစကားကို အထူးစွဲဆောင်မှုရှိစေ၏။

သူမက ကျိုးရွာတွင် စပါးဈေးတက်ခြင်းနှင့်ပတ်သက်သည့် လတ်တလောသတင်းများကို စန်းလော့နှင့်အဘွားချန်းတို့ကိုမျှဝေလိုက်သည်။

"မနေ့ညက ညစာစားပြီးတော့ လမ်းလျှောက်ထွက်တုန်း အားလော့ရဲ့ဦးလေးရှန်း ၊ ရှန်းစန်းလို့ပြောတာ၊ သူက လယ်တွေထဲကနေ ပြန်ရောက်လာစပဲ ရှိသေးတယ်၊ လမ်းမှာရှိတဲ့ စပါးဈေးတက်ကြောင်းနဲ့ ငတ်မွတ်ခေါင်းပါးတဲ့အကြောင်းပြောပြီး စပါးသိုလှောင်ဖို့အကြံပေးနေတဲ့ ကျိုးရွာသူကြီးဆီကိုပြေးသွားတယ်လေ။ နင့်ရဲ့ဦးလေးဘယ်လိုတုံ့ပြန်လဲဆိုတယ ခန့်မှန်းကြည့်စမ်း..."

သူမသည် အကျိုးဆက်အတွက်ဆိုင်းငံ့သွား၏။

စန်းလော့ ခန့်မှန်းလိုက်သည်။

"သာယာစရာတစ်ခုမှတော့ မရနိုင်လောက်ဘူး"

ရှန်းစန်းသည် ရွာထဲတွင် ကျေးဇူးမသိတတ်ခြင်းနှင့်နာမည်ပျက်ကြောင့် လူသိများ၏။

ရှီမိသားစု၏ဒုတိယချွေးမသည် ဝမ်းသာသဖြင့်လက်ခုပ်တီးလိုက်၏။

"သေချာတာပေါ့။ နင်ကြည့်ရအောင် ငါ သူ့ပုံစံ လိုက်တုပြမယ်"

လည်ချောင်းရှင်းလိုက်ရင်း လမ်းလျှောက်နေသည်ကို ရပ်လိုက်ကာ သူမဘက်ကို တန်းပြန်လာပြီး မေးစေ့ကိုတင်းတင်းစေ့ကာ မျက်လုံး‌မှေးပြီးသရော်‌ပြုံးဖြင့် အသွင်ကိုတုပပြလိုက်၏။

"ကျိုးရွာသူကြီး၊ ဘာတွေ အဓိပ္ပာယ်မရှိတာပြောနေတာလဲ။ ကျွန်တော်တို့က လယ်သမားတွေလေ။ စပါးဈေးတွေတက်နေတဲ့အချိန် ရောင်းမှာ၊ မဝယ်ဘူး။ အစာလျှော့စားနိုင်တယ်။ နောက်နှစ်ဆောင်းဦးမှာရော စပါးအသစ် မရနိုင်တော့လို့လား။ ဒါက ငွေကို ဖြုန်းတီးနေတာပဲ"

သူမသည် ထေ့ငေါ့ခြင်းနှင့် သရော်မှုကြားတွင် ရစ်ဝဲနေသော ရှန်းစန်း၏ဒွိဟဖြစ်စေသည့် အသံအနေအထားကို လုံးဝအမိအရ တုပနိုင်လေသည်။

အမျိုးသမီးချန်းက ပြုံးလိုက်၏။

"ဒါက တော်တော်လေးကို တူတာပဲ"

ရှီမိသားစု၏ဒုတိယချွေးမသည် ပြုံးလိုက်၏။

"တိကျရမယ်လေ၊ ကျွန်မက အဲ့မှာရှိနေတာကိုး။ ကျိုးရွာသူကြီးက သူ့ကို ခဏလောက်စိုက်ကြည့်လိုက်ပြီး ခေါင်းခါလိုက်ပြီး ဖြစ်လာနိုင်တဲ့ အကြောင်းအရာကိုပဲပြောပြီး ထွက်သွားတယ်လေ"

"ဒါက အံ့ဩစရာတော့ မဟုတ်ပါဘူး။ အဲ့လိုကိစ္စတွေကို အသိပေးတာတောင် ကြင်နာမှုတစ်ခုဖြစ်နေပါပြီ။ ညည်းညူနေတာတွေကို ဘယ်သူက နားထောင်မှာလဲ"

အငယ်ဖြစ်သောစန်းလော့က တတိယမိသားစုနှင့် ပါဝင်မပတ်သက်ချင်ဘဲ ရိုးရိုးလေးပြုံးလိုက်ပြီး အကြောင်းအရာကို ပြောင်းလိုက်၏။

" မနေ့က ကျိုးရွာသူကြီးရဲ့ သတိပေးချက်က ဝယ်သူအများကြီးကို စပါးဝယ်ဖို့ဆွဲဆောင်နိုင်လား"

အမျိုးသမီးချန်းက ခေါင်းခါလိုက်၏။

"ငါတို့မိသားစု ငါးစုကလွဲပြီး ရွာထဲက ဘယ်သူမှ စပါးမသိုလှောင်ကြဘူး"

အများစုမှာ ရှန်းစန်းနှင့်တူညီသော အတွေးအခေါ်ရှိသော်လည်း ရှန်းစန်းသည် သူ့အားကူညီရန်ကြိုးစားသူများကို ခါးခါးသီးသီး ငြင်းဆန်မည်ဟုထင်ပါသည်။

စန်းလော့က သက်ပြင်းချလိုက်၏။

"ကျွန်မလည်း အလကားနေရင်း သတိလွန်ကဲတာမျိုးပဲ ဖြစ်ချင်ပါတယ်"

"အဲ့တာက ပိုက်ဆံဖြုန်းတီးတယ်ဆိုရင်တောင်မှပေါ့"

အများအားဖြင့် ရှီမိသားစု၏ ဒုတိယချွေးမသည် စိတ်ဓာတ်ကျပုံပေါ်သည်။

"အတိအကျပဲ။ ဒီနှစ်မှာ နောက်နှစ်အတွက်အခွန်ဆောင်ပြီးရင်တော့ သူတို့ထပ်မတောင်းလောက်ဖူးလို့ မျှော်လင့်ပါတယ်။ နေ့တိုင်းစားဖို့တောင် ခက်ခက်ခဲခဲ ရုန်းကန်နေရတာ။ ဒီနှစ်မှာ ငါစားခဲ့တဲ့အကောင်းဆုံးအစားအစာက စားသောက်ပွဲတုန်းက အားလော့၊ နင့်ရဲ့အိမ်မှာပဲ"

ဝမ်းနည်းညှိုးငယ်နေသောစိတ်ကို သတိပြုမိသည့် စန်းလော့က ပြုံးပြီး စကားဝိုင်းကိုထိန်းလိုက်၏။

"မနေ့ညက မိုးရွာထားလို့ နောက်ရက်နည်းနည်းလောက်ကြာရင် တောင်ပေါ်မှာ မှိုတွေပိုပေါက်လာလိမ့်မယ်။ ဒီနေ့လည်မှာ နည်းနည်းလောက် သွားခူးကြမလား။ မနက်ဖြန် ဒါတွေကိုမြို့ကိုသယ်ဖို့ အဒေါ်တို့ကို တောင်းဆိုလို့ရနိုင်တယ်။ တို့ဟူးပို့တဲ့အချိန်ကျရင် ဦးလေးယိုထျန်းရဲ့‌မိန်းမက တုန်းဖူစားသောက်ဆိုင်မှာ မေးပေးလို့ရတယ်။ သူတို့မဝယ်ဘူးဆိုရင်လည်း ဈေးမှာရောင်းလို့ရတယ်"

အဘွားလုက သဘောတူလိုက်၏။

"ကောင်းလိုက်တဲ့အကြံ။ အဲ့ကနေ ငွေတစ်ချို့ရှာလို့ရတာပဲ။ အဲ့တာတွေကိုမရောင်းနိုင်ရင်တောင် ဆောင်းရာသီအတွက် အခြောက်ခံလို့ရတယ်။ ကောင်းကင်ဘုံက ပေးတဲ့ကောင်းချီးတစ်ခုပဲ။ ဒါကြောင့် အသုံးမချဘဲ မဖြုန်းတီးသင့်ဘူး"

အဘွားချန်းလည်း ပြုံးကာ အကြံပြုလိုက်၏။

"‌တောင်ပေါ်လမ်းကနေ ဘာလို့မပြန်ကြတာလဲ။ လမ်းနဲ့နီးတဲ့ တောင်တန်းတွေနားကနေ လျှောက်လို့ရတယ်လေ။ ဒီနေရာတွေက ဘေးကင်းပြီး ရွာသားအသွားအလာလဲနည်းလို့ မထိရသေးတဲ့မှိုတွေကို တွေ့နိုင်တယ်။ အပြန်လမ်းမှာ အဲ့တာတွေကို ခူးလို့ရတယ်"

ဤအကြံပြုချက်သည် သည်လို စိတ်အားထက်သန်မှုနှင့် တွေ့ဆုံသွားသည်တွင် ရှန်းနဉ်ကပင် ဝမ်းသာအားရ ခုန်လိုက်ပြီး ထောက်ခံလေသည်။ ဒီလိုနှင့် စန်းလီရွာကို ဖြတ်ကျော်ပြီးသည့်နောက်တွင်တော့ အသက်အရွယ် အမျိုးမျိုးကိုဖြတ်သန်းနေသည့် ၆ယောက်အုပ်စုသည် တောင်ပေါ်သို့ ပြန်သွားကြသည်။

ချင်ဖန်းညန်နှင့်အခြားသူများသည် မြို့မှပြန်ရန် နာရီဝက်ကျော်ကြာသော်လည်း သူတို့သည် ရွာကို ခါတိုင်းထက် တစ်နာရီလောက်နောက်ကျပြီးမှ ပြန်ရောက်လေသည်။

ခြင်းတောင်း၆ခုလုံးတွင် မှိုများဖြင့်ပြည့်နေပြီး သူတို့၏သယ်ယူလာမှုမှာ ထင်ရှားသည်။

ရွာသားများသည် မှိုရောင်းရန်မြို့သို့သွားသည်ကိုသတိမထားမိဘဲ တောင်တန်း၏နက်ရှိုင်းသောနေရာများတွင် တစ်မနက်လုံး လိုက်ရှာနေကြသည်ဟု ယူဆကြပြီး အသီးအရွက်အနည်းငယ်မျှစုဆောင်းရန် သူတို့၏မြှုပ်နှံမှုကို အရွှန်းဖောက်ခဲ့ကြသည်။

အဘွားချန်းနှင့် အခြားသူများသည် မြို့တွင်းတွင် မှိုများကို စျေးကောင်းကောင်းဖြင့် ရောင်းချရန် နှုတ်ဆိတ်နေကြလေသည်။

ဒီအကြောင်းကို ပြောပြီး အားလုံးက အဲဒီကို အပြေးအလွှားကြအောင် ဘာလို့လုပ်မှာလဲ။

ဒါက မှိုဈေးတွေကို မြန်မြန်ကျသွားစေမှာလေ။

ထို့အပြင် ဤပေါများမှုသည် မကြာသေးမီက မိုးရွာထားသောကြောင့်ဖြစ်သည်။ မြို့ထဲ၌မရောင်းလျှင်ပင် မိုးရွာပြီးသည့်နောက်တွင်လူတိုင်း စုအုံနေမည်ဖြစ်ပြီး မြင်းစာ၊နွားစာ အနည်းငယ်သာကျန်၏။ ယနေ့ကဲ့သို့ပင် ထိုပမာဏအတွက် အဝေးသို့စွန့်စားရန်လိုအပ်သည်။ ရရှိသောအမြတ်များကို တိတ်တဆိတ်ခံစားရန် အကောင်းဆုံးဖြစ်သည်။

......

စန်းလော့ အိမ်ပြန်ရောက်သောအခါ သူတို့အိမ်အပြင်ဘက်တွင် လှုပ်ရှားမှုများဖြင့် စည်ကားနေသည်။ ချန်းအာ့ရှန်၊ ဟူကျီ၊ အားနျိုနှင့် ရှန်းအန်းတို့သည် အလုပ်ရှုပ်နေကြပြီး အချို့မှာ ပေါက်ပြားများ ကိုင်ဆောင်ကြပြီး အချို့မှာ အိမ်၏အဝင်ပေါက်မှ စမ်းချောင်းပေါက်ဆီသို့ မြေများပြင်ဆင်ကြသည်။ ပထမတာဝန်မှာ မြက်နှင့် မြက်ခင်းပြင်များကို ရှင်းလင်းရန်ဖြစ်သည်။

စန်းလော့နှင့်ရှန်းနဉ် ပြန်ရောက်လာသည်ကိုမြင်တော့ ရှန်းအန်းသည် ပေါက်တူးကို မြန်မြန်ပစ်ချလိုက်ကာ ပြေးသွားလိုက်ပြီး ရှန်းနဉ်၏ခြင်းတောင်းထဲသို့ သိချင်စိတ်ဖြင့်ချောင်းကြည့်လိုက်သည်။ အံ့ဩဖို့ကောင်းသည်မှာ ထိုအရာထဲတွင်မှိုများပြည့်နေခြင်းဖြစ်သည်။

ရှန်းအန်းက ထိတ်လန့်သွားလေ၏။

"ဒါတွေက မြို့မှာ မရောင်းခဲ့ရတာတွေလား"

ရှင်းနဉ်၏မျက်လုံးများသည်ရွှင်မြူးလျက်ရှိသည်။

"ငါတို့ရောင်းခဲ့တယ်၊ ရောင်းခဲ့တယ်။ တစ်ခြားမှိုတွေရောင်းပြီးလို့ အိမ်ပြန်လာတဲ့လမ်းမှာ ဒါတွေခူးလာတာလေ"

ရှန်းအန်းနားသို့ တိုးသွားပြီး စိတ်လှုပ်ရှားစွာဖြင့် တိုးတိုးလေးကပ်ပြောလိုက်၏။

"အဲ့မှိုတွေကို တုန်းဖူစားသောက်ဆိုင်မှာရောင်းခဲ့တာ ၂၈၃ဝမ်တောင်ရတယ်။ ငါတို့ယောင်းမက ငွေတွေကို မယူဘဲ လက်ခံရရှိငွေကိုပဲ မေးလိုက်ပြီး ငါတို့ဝယ်ခဲ့တဲ့ စပါးဖိုး ၆လျန်ကို ပြန်ဆပ်တဲ့အနေနဲ့ပဲ သဘောထားခိုင်းလိုက်တာ။ ဒီနေ့ခူးလာတဲ့မှိုတွေကိုတော့ မနက်ဖြန်ကျရင် အဒေါ်ဖန်းညန်နဲ့အတူ တုန်းဖူစားသောက်ဆိုင်ကို ထပ်ပို့ပေးဖို့စီစဉ်ထားတယ်"

"အဲ့လောက်အများကြီး ရောင်းခဲ့တာလား"

ရှန်းအန်း၏ မျက်လုံးများသည် အံ့သြခြင်းများဖြင့် တောက်ပလာသည်။

ရှန်းနဉ်သည် ဂုဏ်ယူစွာဖြင့်ခေါင်းညိတ်လိုက်၏။

"အဲတစ်ဝက်ကို ညီမကိုယ်တိုင်ခူးလာတာလေ"

ရှန်းအန်းက အမှန်ပြုံးကာ သူ့ညီမကို ချီးကျူးလိုက်သည်။

"အားနဉ်က တစ်ကယ်ကို အံ့ဩစရာကောင်းတာပဲ။ ငါတို့မနက်ဖြန်ကျရင်ရော မှိုသွားခူးကြမှာလား။ အဲ့လိုဆိုရင် ညီမလေးကို ဘောင်းဘီထပ်ဝတ်ခိုင်းမလို့"

ရှန်းနဉ်က အားတက်သရော ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်တယ်၊ လာမယ့် နောက်ရက်နည်းနည်းအထိပဲ အဆင်ပြေတာမလို့ ငါတို့တွေ ခူးဖို့လိုအပ်တယ်"

သူမ၏မျက်လုံးများတောက်ပနေကာ ရှန်းနဉ်သည် ရှန်းအန်းနှင့်မျှဝေခဲ့သည်။

"စီရင်စုက အရမ်းလှတာပဲ။ လမ်းတွေကလဲ အပြာရောင်ကျောက်ပြားတွေနဲ့ ခင်းထားပြီး အရမ်းသန့်ရှင်းတယ်။ မြို့တံခါးနားက နေရာလေးအကျော်ကဆိုရင် မိုးရွာတဲ့နေ့တွေမှာတောင် ရွှံ့လုံးဝမရှိဘူး။ အဲ့ကလူတွေက အဝတ်အစားကောင်းတွေ ဝတ်ကြပြီး အရောင်အသွေးစုံပြီး ဒီမှာ ငါတို့ဝတ်တာတွေနဲ့ မတူဘူး"

"မြို့ထဲက အပြာရောင်အုတ်နဲ့ ကြွေပြားတွေနဲ့ဆောက်ထားတဲ့ အိမ်တွေကလဲ ကြီးကျယ်ခမ်းနာလိုက်တာ။ နှစ်ထပ်တိုက်တစ်ချို့ကိုတောင် တွေ့ခဲ့သေးတယ်"

"နှစ်ထပ်တိုက် ဟုတ်လား"

ရှန်းအန်း၏မျက်လုံးများသည် အံ့သြစွာဖြင့် ပြူးကျယ်သွားသည်။

"အထပ်နှစ်ထပ်နဲ့ အိမ်တွေကို တကယ်ဆောက်နိုင်တာလား"

"ဟုတ်တယ်၊ အဲ့တာ အဘွားချန်းပြောပြတာ။ အဲ့အဆောက်အအုံအမြင့်တွေမှာ အောက်ထပ်နဲ့အပေါ်ထပ် နှစ်ထပ်လုံးမှာနေထိုင်လို့ရတယ်တဲ့"

စန်းလီရွာမှလွဲ၍အခြားနေရာများသို့မရောက်ဖူးသော ရှန်းအန်းသည် သူတို့၏သက်ကယ်အိမ်အသစ်သို့လှည့်ကြည့်ကာ နှစ်ထပ်တိုက်၏ပုံစံကို စိတ်ကူးကြည့်၍ပင်မရနိုင်ပေ။

သူ့ညီမပြောသည့် မှိုမှရသည့်ပိုက်ဆံများနှင့် စီရင်စုအကြောင်းကို နားထောင်ရင်း သူ့မျက်လုံးများမှာ တောင့်တမှုဖြင့်ပြည့်နှက်နေသည်။

"တစ်နေ့ကျရင် ငါလည်း မရီးနဲ့ မြို့ထဲသွားချင်လိုက်တာ၊ မြို့တံခါးကနေ မတ်တပ်ရပ်ပြီး အထဲကိုကြည့်ရုံနဲ့တင် ကောင်းပါတယ်"

ရှန်းအန်းသည် နောက်ဆုံးတွင် နှစ်ထပ်အိမ်ပုံစံကို မြင်နိုင်မည်ဟု စိတ်ကူးနေလေသည်။

စန်းလော့က ရယ်မောလိုက်၏။

"နောက်ကျရင် အခွင့်အရေး ရလာလိမ့်မယ်နော်။ နောက်တစ်ကြိမ်သွားရင် ငါတို့တွေ မြို့တံခါးဝမှာပဲမရပ်တော့ဘဲ အထဲကို ဝင်ကြမယ်။ ငါ ဒီနေ့ ရှန်းနဉ်ကိုပဲ ခေါ်သွားရဲတယ်။ ဘာလို့လဲဆိုတော့ အဒေါ်ချန်းနဲ့တစ်ခြားသူတွေက ငါတို့နဲ့အတူတူတံခါးဝမှာ ရှိတယ်လေ။ ငါသာ မင်းကိုတံခါးနားမှာ တစ်ယောက်ထဲထားခဲ့ရင် ငါပြန်ထွက်လာတဲ့အချိန် မင်းကို အစောင့်တွေက မောင်းထုတ်လိုက်မှာ ကြောက်တယ်"

အစောင့်များအကြောင်းကြားတော့ နောက်ဆုံးတွင် ရှန်းအန်းသည် ငြိမ်သက်သွားပြီး ထိုနေ့ကသူ့ညီမ၏ကံကောင်းခြင်းကို ပို၍ပင်အားကျနေလေသည်။

မောင်နှမနှစ်ယောက်သည်ခြံထဲသို့ရောက်သည်အထိ တက်တက်ကြွကြွဖြင့် စကားစမြည်ပြောကာ အိမ်သို့ပြန်လာကြသည်။ ထို့နောက် ရှန်းအန်းသည် မေးရန်သတိရသွား၏။

"မကြီးနဲ့အားနဉ်တို့ ခုထိ နေ့လည်စာ မစားရသေးဘူးမလား။ သား တစ်ခုခုချက်ထားတယ်။ အခု မကြီးတို့နှစ်ယောက်လုံးစားသင့်ပြီ"

စန်းလော့က အံ့ဩသွားလေသည်။

"ရှောင်အန်းက ဟင်းချက်တတ်တာလား"

အများအားဖြင့် သူမအိမ်တွင်မရှိပါက အားနဉ်သာ ချက်ပြုတ်တတ်၏။

နေ့လည်ကချက်သည့် ပဲအနှစ်များကိုသတိရတော့ ရှန်းအန်းသည် ရှက်သလိုခံစားလိုက်ရ၏။ သူ့မရီးနှင့်အားနဉ် အမြဲတမ်းချက်နေကျနှင့် နှိုင်းယှဉ်ပါက သူ၏ဟင်းချက်လက်ရာမှာ.... သူက ကိုးရို့ကားယားဖြင့် ခေါင်းကုတ်လိုက်၏။

"ဟုတ်တယ်၊ ချက်လို့တော့ပြီးပြီ၊ ဒါပေမယ့် အရသာတော့ မကောင်းလောက်ဘူး"

သူ့မရီးနှင့်ညီမတို့သုံးနေကျ တူညီသည့်နည်းလမ်းများကို သုံးသော်လည်း သူ့ဟင်းပွဲမှာ ဘာကြောင့်ကွဲပြားသွားသည်ကို နားမလည်နိုင်ပေ။

ဤအတွေးဖြင့်သူသည် ခြံဝင်းထဲတွင်မနေနိုင်တော့ဘဲ သူလုပ်နေကျအတိုင်း ခြင်းတောင်းများကူသယ်ရာတွင် အနှောင့်အယှက်မပေးဘဲ ပြောလိုက်၏။

"မကြီး၊ သား လမ်းတူးဖို့ ပြန်သွားတော့မယ်"

ထိုစကားကြောင့် သူသည် ခြံအပြင်ဘက်သို့ အမြန်လှည့်ထွက်လာလိုက်တော့သည်။

...

အပိုင္း(၇၁) "စီရင္စုက လွလိုက္တာ အစ္ကိုရယ္"

တုန္းဖူစားေသာက္ဆိုင္တြင္ မီးဖိုေခ်ာင္ရွိ စားဖိုမႉးယြီသည္ မႈိမ်ားဝယ္ပိုင္ခြင့္ရွိ၏။

အေစာပိုင္းက စန္းေလာ့၏ဟင္းခ်က္နည္းမ်ား လဲလွယ္ေပးေသာေၾကာင့္ ေက်းဇူးတင္ကာ အေျခာက္ခံရန္ ေ႐ြးခ်ယ္ထားေသာ ႂကြက္နား႐ြက္မႈိ အနည္းငယ္မွလြဲ၍ သူမ ယူလာေသာမႈိမ်ားအားလုံးကိုဝယ္ရန္ အဆင္သင့္ သေဘာတူလိုက္သည္။

ျခင္းႏွစ္ျခင္းသည္ ေပါင္ ဒါဇင္မ်ားစြာအေလးခ်ိန္ရွိ၏။ မ်ိဳးကြဲမ်ားစြာရွိေသာ္လည္း စားေသာက္ဆိုင္၏လိုအပ္ခ်က္အတြက္ လုံေလာက္႐ုံမွ် အႏိုင္ႏိုင္ရွိေသာ ေပါင္ အနည္းငယ္ထက္ ဘယ္ဟာမွ်မပိုေပ။

အေတာ္အသင့္ပမာဏသည္ စားေသာက္ဖြယ္စာရင္းသြင္းရန္ပင္ မလုံေလာက္ေပ။

စားဖိုမႉးယြီထံမွ ဤအကူအညီသည္ စန္းေလာ့၏စီးပြားေရးကို အေထာက္အပံ့ေပးသည့္ ထင္ရွားေသာအမူအရာျဖစ္သည္။

သာမန္ေကာက္႐ိုးမႈိမ်ားမွာ ေဈးသက္သာၿပီး တစ္ေပါင္လွ်င္ ဝမ္အနည္းငယ္သာ ေပးရသည္။ သို႔ေသာ္ ေခါင္းေလာင္းပုံမႈိနက္ကဲ့သို႔ေသာ အျခားမႈိမ်ားမွာ ေဈးေကာင္းရၿပီး စားဖိုမႉးယြီသည္ တစ္ေပါင္လွ်င္ ၁၂ ဝမ္ေပး၏။

စန္းေလာ့က အထူးသျဖင့္ သူမ စိတ္အားထက္သန္စြာစုေဆာင္းခဲ့ေသာ ေခါင္းေလာင္းပုံမႈိနက္မ်ားအတြက္ ေဈးရ‌ေသာေၾကာင့္ စိတ္ေက်နပ္သြားေလသည္။ သူမႏွင့္ ရွန္းနဥ္၏ျခင္းေတာင္းမ်ားက စုစုေပါင္းဝင္ေငြသည္ ၂၈၃ ဝမ္ျဖစ္သည္။

စန္းေလာ့က ၿမိဳ႕တံခါးအျပင္ဘက္ရွိ႐ြာသားအခ်ိဳ႕သည္လည္း စားဖိုမႈးယြီ အလြယ္တကူ ဝယ္ယူရန္သေဘာတူထားသည့္ ေနာက္ထပ္ ျခင္းေလးခုပါသည့္မႈိမ်ားကို စုေဆာင္းထားၾကေၾကာင္း ေျပာလိုက္ေလသည္။

"ဟုတ္ၿပီ၊ အဲ့တာေတြကို ဝယ္လိုက္မယ္။ ငါတို႔မွာအလုံအေလာက္မရွိလို႔ အမွာစာအနည္းငယ္ၿပီးတာနဲ႔ စားဖြယ္စာရင္းထဲကေန ထုတ္ပစ္လိုက္ေတာ့မလို႔ စဥ္းစားေနတာ"

သူက စန္းေလာ့ပါလာသည့္ျခင္းေတာင္းမ်ားကို ကူသယ္ရန္ ပန္းကန္ေဆးေနေသာေကာင္ေလးကို လွမ္းေခၚလိုက္ေလသည္။

......

ဝင္ခြင့္ကတ္ျပားမရွိေသာေၾကာင့္ ၿမိဳ႕ထဲသို႔ဝင္ရန္အဆင္မေျပသည့္ သူတို႔႐ြာမွ လူအုပ္စုသည္ ၿမိဳ႕တံခါးဝတြင္ စိတ္အားထက္သန္စြာေစာင့္ေမွ်ာ္ေနၾကၿပီး စန္းေလာ့ကို ျမင္ေတာ့ သိသိသာသာပင္စိတ္လႈပ္ရွားေနၾကသည္။

ၿမိဳ႕တံခါးဝ အတြင္းႏွင့္အျပင္ၾကားတြင္ ပစၥည္းမ်ားျဖတ္သန္းခြင့္ျပဳထားၿပီး ၿမိဳ႕ေစာင့္မ်ားသည္ ပူးေပါင္းေဆာင္႐ြက္ေပးၾက၏။ စန္းေလာ့က အမ်ိဳးသမီးခ်န္းႏွင့္အမ်ိဳးသမီးရွီ၏ ဒုတိယေခြၽးမဆီမွ ယူလိုက္ၿပီး ထိုအခ်ိန္တြင္ ေကာင္ေလးသည္ အဘြားလုႏွင့္ လုသညိဳတို႔ကို ကူညီေနသည္။

တန္းစီခ်ိန္တြယ္ၿပီးေနာက္ အဘြားခ်န္းႏွင့္ ရွီမိသားစု၏‌ဒုတိယေခြၽးမတို႔သည္ ၁၉၀ ဝမ္ ႏွင့္ ၁၄၉ ဝမ္ အသီးသီးရရွိၾကၿပီး ျခင္းေတာင္းႏွစ္ခုျဖင့္ အဘြားလုႏွင့္ေျမးမေလးတို႔သည္ ၂၉၆ ဝမ္ ရရွိေလသည္။

ေငြေပးေခ်ရန္အတြက္ စင္အေရွ႕တြင္ စန္းေလာ့သည္ မိသားစုသုံးစုအတြက္ေငြမ်ားကို ခြဲျခမ္းကာ သူမ၏ကိုယ္ပိုင္ေဝစုကို မေတာင္းဆိုဘဲ ၂၈၃ဝမ္ကိုလက္ခံရယူမည့္အစား တုန္းဖူစားေသာက္ဆိုင္အား ျပန္ဆပ္ရန္စဥ္းစားေနေလသည္။

ဆိုင္တာဝန္ခံ႐ႊီ မရွိေတာ့သျဖင့္ စန္းေလာ့လည္း အခ်ိန္ဆြဲမေနေတာ့ေပ။ ေငြကိုင္ႏွင့္ စားဖိုမႉးယြီကို ေက်းဇူးတင္စကားေျပာလိုက္ၿပီးေနာက္ ျခင္းေတာင္းအလြတ္၆ခုကို ကိုင္ကာ တုန္းဖူစားေသာက္ဆိုင္မွ ထြက္လာေလသည္။

သူမသည္ ၿမိဳ႕တံခါးဝအျပင္ဘက္ရွိမိသားစုသုံးစုအား ပိုက္ဆံေပးေဝလိုက္၏။ အဘြားလုသည္ အထူးသျဖင့္ ဝင္ေငြအမ်ားဆုံးရေသာေၾကာင့္ စိတ္လႈပ္ရွားေနသည္။

စန္းေလာ့၏အကူအညီေၾကာင့္ သူတို႔၏ပိုင္ဆိုင္မႈကိုတြက္ဆရင္း ဆန္၂ျပည္ေက်ာ္ဝယ္ရန္ လုံေလာက္သည္ဟု မွတ္ခ်က္ခ်ကာ အဘြားခ်န္းသည္လည္း ဝမ္းသာေန၏။

အဘြားလုႏွင့္ရွီမိသားစုမွ ဒုတိယေခြၽးမတို႔သည္ စန္းေလာ့ကို ေႏြးေထြးစြာျဖင့္ေက်းဇူးတင္လိုက္ကာ သူတို႔၏မ်က္လုံးမ်ား မွိတ္လုမတတ္ၿပဳံးျပလိုက္ေလသည္။

ရွီမိသားစုဒုတိယေခြၽးမ၏ ေလးစားမႈႏွင့္အားက်မႈတို႔မွာ မ်က္ႏွာတစ္ခုလုံးတြင္ ေရးထားလုမတတ္ပင္ျဖစ္ေနသည္။

"စန္းေလာ့၊ နင္က တစ္ကယ္ကိုလုပ္ႏိုင္တာပဲေနာ္။ နင္က ဒီကို ခဏပဲေရာက္ဖူးတာဆိုေပမယ့္ ၿမိဳ႕ထဲက တည္းခိုခန္းပိုင္ရွင္ေတြနဲ႔သိတယ္။ ငါေတာ့ ဒီမွာ ကေလးဘဝထဲကေနလာတာဆိုေပမယ့္ စီရင္စုၿမိဳ႕ကို မေရာက္ဖူးသေလာက္ပဲ။ လမ္းေတြကိုေတာင္ သိပ္မသိဘူး"

ရွီမိသားစုဒုတိယေခြၽးမ၏ ေလးစားမႈမွာ အစစ္အမွန္ျဖစ္သည္။ စန္းေလာ့သည္ သူမအား "အေဒၚ"ဟု ေခၚေသာ္လည္း သူမမွာ ၂၄ႏွစ္သာရွိေသးၿပီး စန္းေလာ့ထက္အသက္ သိပ္မႀကီးေပ။

သူမက သူ႔ေယာင္းမထက္ပင္ စန္းေလာ့အား အၿမဲအထင္ႀကီးေနေလသည္။ စန္းေလာ့သည္ သူမအား ထင္ရွားသိသာေသာ ၁၄၉ဝမ္ရေအာင္ကူညီေပးခဲ့သည့္ ၿမိဳ႕၌ ယေန႔မႈိခူးေရာင္းျခင္းလုပ္ငန္းသည္ သူမအား စန္းေလာ့ႏွင့္ ပိုမိုရင္းႏွီးေစသည္။

စန္းေလာ့ႏွင့္ပိုမိုရင္းႏွီးလာသည္ဟုခံစားရေသာ သူမက ခ်ဥ္းကပ္ၿပီး ေမးလိုက္၏။

"ငါတို႔အားလုံးက နင့္ကို စန္းေလာ့လို႔ေခၚၾကတယ္။ ဒါေပမယ့္ နင့္ရဲ႕ကိုယ္ပိုင္နာမည္က ဘာလဲ"

စန္းေလာ့က သူမ၏ခ်ဥ္းကပ္မႈကို ၿပဳံးလိုက္၏။

"ကြၽန္မကို စန္းေလာ့လို႔ပဲေခၚပါတယ္။ မိသားစုကေတာ့ အားေလာ့လို႔ေခၚတယ္"

ရွီမိသားစုဒုတိယေခြၽးမသည္ ၿပဳံးလိုက္၏။

"ဒါဆို ငါလည္း အားေလာ့လို႔ပဲေခၚမယ္။ အဲ့တာက ပိုရင္းႏွီးသလိုခံစားရတယ္။ အေဒၚက တစ္ကယ္ေတာ့ နင့္ထက္အသက္ သိပ္မႀကီးပါဘူး။ မ်ိဳးဆက္ေၾကာင့္သာ အႀကီးျဖစ္ေနတာ"

စန္းေလာ့သည္ သူမ၏ယခင္ဘဝထက္ငယ္ၿပီး ၂၄ႏွစ္ သို႔မဟုတ္ ၂၅ႏွစ္သာရွိပုံေပၚသည့္ ရွီမိသားစုဒုတိယေခြၽးမကို သတိျပဳမိ၏။

သူမက ႐ႊင္ျမဴးစြာတုန႔္ျပန္လိုက္ေလသည္။

"ရတာေပါ့ အေဒၚ၊ ကြၽန္မကို အားေလာ့လို႔ေခၚလို႔ရပါတယ္"

အျပန္လမ္းတြင္ ရွီမိသားစု၏ဒုတိယေခြၽးမသည္ အဆက္မျပတ္ စကားစျမည္ေျပာေနၿပီး သူမကို အားေလာ့ဟု ခ်စ္စႏိုးေခၚကာ စန္းလီ႐ြာမွေနာက္ဆုံးရထားသည့္ အတင္းအဖ်င္းမ်ားကို မွ်ေဝေန၏။

အတင္းအဖ်င္းေျပာလာေသာအခါ ရွီမိသားစု၏ဒုတိယေခြၽးမသည္ စန္းလီ႐ြာတြင္ ၿပိဳင္ဘက္ကင္းျဖစ္ေနသည္။

သူမသည္ ထူးထူးျခားျခား ေကာင္းစြာမသိေသာ္လည္း

အသက္ဝင္ၿပီး ကြက္ကြက္ကြင္းကြင္း ေျပာတတ္ျခင္းက သူမ၏အတင္းအဖ်င္းစကားကို အထူးစြဲေဆာင္မႈရွိေစ၏။

သူမက က်ိဳး႐ြာတြင္ စပါးေဈးတက္ျခင္းႏွင့္ပတ္သက္သည့္ လတ္တေလာသတင္းမ်ားကို စန္းေလာ့ႏွင့္အဘြားခ်န္းတို႔ကိုမွ်ေဝလိုက္သည္။

"မေန႔ညက ညစာစားၿပီးေတာ့ လမ္းေလွ်ာက္ထြက္တုန္း အားေလာ့ရဲ႕ဦးေလးရွန္း ၊ ရွန္းစန္းလို႔ေျပာတာ၊ သူက လယ္ေတြထဲကေန ျပန္ေရာက္လာစပဲ ရွိေသးတယ္၊ လမ္းမွာရွိတဲ့ စပါးေဈးတက္ေၾကာင္းနဲ႔ ငတ္မြတ္ေခါင္းပါးတဲ့အေၾကာင္းေျပာၿပီး စပါးသိုေလွာင္ဖို႔အႀကံေပးေနတဲ့ က်ိဳး႐ြာသူႀကီးဆီကိုေျပးသြားတယ္ေလ။ နင့္ရဲ႕ဦးေလးဘယ္လိုတုံ႔ျပန္လဲဆိုတယ ခန႔္မွန္းၾကည့္စမ္း..."

သူမသည္ အက်ိဳးဆက္အတြက္ဆိုင္းငံ့သြား၏။

စန္းေလာ့ ခန႔္မွန္းလိုက္သည္။

"သာယာစရာတစ္ခုမွေတာ့ မရႏိုင္ေလာက္ဘူး"

ရွန္းစန္းသည္ ႐ြာထဲတြင္ ေက်းဇူးမသိတတ္ျခင္းႏွင့္နာမည္ပ်က္ေၾကာင့္ လူသိမ်ား၏။

ရွီမိသားစု၏ဒုတိယေခြၽးမသည္ ဝမ္းသာသျဖင့္လက္ခုပ္တီးလိုက္၏။

"ေသခ်ာတာေပါ့။ နင္ၾကည့္ရေအာင္ ငါ သူ႔ပုံစံ လိုက္တုျပမယ္"

လည္ေခ်ာင္းရွင္းလိုက္ရင္း လမ္းေလွ်ာက္ေနသည္ကို ရပ္လိုက္ကာ သူမဘက္ကို တန္းျပန္လာၿပီး ေမးေစ့ကိုတင္းတင္းေစ့ကာ မ်က္လုံး‌ေမွးၿပီးသေရာ္‌ၿပဳံးျဖင့္ အသြင္ကိုတုပျပလိုက္၏။

You are reading the story above: TeenFic.Net