အပိုင်း (၇)
စန်းလော့သည် ကလေးနှစ်ယောက်ကို တောင်ကုန်းနှစ်ခုကျော်သည်အထိ ခေါ်လာလိုက်ပြီး နောက်ဆုံးတွင်တော့ သည်နေ့အတွက် သူတို့၏ပစ်မှတ်ကို ရှာတွေ့သွားတော့သည်။ - လမ်းစဉ်ခြောက်သွယ်သစ်ပင်။
'မသေမျိုးသစ်ပင်'နှင့် ကွမ်းရင်းသစ်ပင်'ဟူ၍ သည်အပင်ကို ခေါ်သည့် တခြားနာမည်များလည်း ရှိသည်။
ထွက်မလာခင်က ရှန်အန်းသည် ဆန်ပြုတ်ပြုတ်နေစဉ် စန်းလော့က သူတို့သည် ဘာအစားအစာကို ခူးလျှင် ကောင်းမည်ဟု စဉ်းစားလာခဲ့သည်။
နေမကောင်းဖြစ်ပြီး ဆာလောင်မှုမှ အနည်းငယ်သက်သာလာပြီးနောက်တွင် စန်းလော့သည် သူမကိုယ်သူမ ဝန်မပိစေရန် သတိထားနေရလေသည်။ အင်အားကို ချွေတာဖို့ဆိုလျှင် သူတို့လုပ်သမျှအရာတိုင်းတွင် အစီအစဉ်တစ်ခု ထားရှိဖို့က အရေးကြီးကြောင်း သူမက သိလေသည်။
သူမသည် မူလခန္ဓာကိုယ်၏မှတ်ဉာဏ်များကို သေသေချာချာ ရှာဖွေလိုက်ပြီး သည်အပင်ကို ခပ်ရေးရေးလေး မှတ်မိသွားသည်။ သို့သော် မှတ်ဉာဏ်က ဝိုးတဝါးနှင့် တဒင်္ဂမျှသာ။ မှတ်ဉာဏ်အတိအကျကို သိဖို့က မလွယ်ကူချေ။ စန်းလော့သည် သူမက ထိုအပင်ကို အနီးအနား ဘယ်နေရာတွင် တွေ့ခဲ့မှန်း လုံးဝသေချာမသိ ဖြစ်နေတော့သည်။ သူမ လုပ်နိုင်သည်က ရှန်းအန်းနှင့် ရှန်းနဉ်တို့ကို အနီးနားက တောင်ကုန်းများသို့ ခေါ်သွားပြီး တောင်ပေါ်လမ်းများတစ်လျှောက် ရှာကြည့်ရန်ပင် ဖြစ်တော့သည်။
ကံအားလျော်စွာ သူတို့၏ဇွဲရှိသည့်စိတ်က အကျိုးဖြစ်ခဲ့လေသည်။ သူမသည် မောပန်းခြင်းဒဏ်ကြောင့် လဲကျတော့မည့်ဆဲဆဲ နောက်ဆုံးတော့ ထိုအပင်ကို ရှာတွေ့သွားတော့သည်။
စန်းလော့သည် ဝမ်းသာသွားသော်လည်း ကိုယ်တိုင်ခူးဖို့က အလွန်မှ အားနည်းနေ၏။ သို့နှင့် သူမက စိမ်းစိုစိုနှင့်အသားထူသည့်အရွက်များပါသည့် အကိုင်းအခက်များကို ခူးရန် ကလေးနှစ်ယောက်ကို ညွှန်ကြားလိုက်တော့သည်။
ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် အံ့ဩသွားကြပြီး ဘာလုပ်ရမည်ကို သေချာမသိသလိုဖြစ်သွားတော့သည်။
သူတို့တွေက ဆင်းရဲတယ်ဆိုပေမဲ့လဲ ပတ်ဝန်းကျင်တောင်တွေမှာ တောဟင်းရွက်တွေ အများကြီးရှိတာပဲ။ သူတို့တွေက မတတ်သာတဲ့အဆုံး အရွက်တွေကို စားရလောက်တဲ့အထိတော့ မဟုတ်သေးဘူးလေ။ ဟုတ်တယ်မလား။
သိမ်မွေ့သည့်သဘာဝရှိပြီး စန်းလော့နှင့် ပိုပြီးရင်းနှီးသည့်သံယောဇဉ်ရှိသည့် ရှန်းနဉ်က သူမ၏သံသယကို ဖွင့်ပြောလိုက်တော့သည်။
"မကြီး ညီမလေးတို့တွေ ဒီအရွက်ကို တကယ်ပဲ စားလို့ရသလား"
သူမ၏မေးခွန်းက ရှန်းအန်း တွေးနေသည့်အရာကို ထုတ်ပြောလိုက်ခြင်းပင်။
"ရတာပေါ့၊ အဲဒါတွေက စားလို့ရတယ်၊ အဲဒါတင်မဟုတ်ဘူးနော်၊ ငါတို့တွေ ဒါတွေကို ဆန်နဲ့တောင် အရောင်းအဝယ် လုပ်လို့ရနိုင်လောက်တယ်" စန်းလော့က သူတို့ကို အာမခံပေးလိုက်၏။
စန်းလော့ပြောနေသည့်အပင်မှာ ရှေးခေတ်အခါတွင် 'မသေမျိုးတို့ဖူး/နတ်သမီးတို့ဖူး'ဟု သိကြလေသည်။ စန်းလော့ကိုယ်တိုင်လည်း တောင်ပေါ်တွင် နှစ်ပေါင်းများစွာ မနေခဲ့ဖူးလျှင် သည်အပင်ကြောင်းကို သိလိမ့်မည်မဟုတ်ချေ။ လူအများစုသိကြသည့် ဂျယ်လီပင်နှင့် ပိုပြီးဆင်လေသည်။
မတူညီသည့် ပါဝင်ပစ္စည်းများဖြင့် လုပ်ရသော်လည်း နတ်သမီးတို့ဖူးကို ပြင်ဆင်ပြီးသွားလျှင် ဂျယ်လီပင်နှင့် တော်တော်လေးဆင်တူပြီး အရောင်နှင့်ပုံစံက အနည်းငယ်ကွာခြားသည်။
ဟုတ်ပါသည်။ ရှန်းအန်းနှင့်ရှန်းနဉ်တို့ကတော့ ဒါကို မသိကြချေ။ သူတို့သည် သည်လိုသစ်ရွက်က အဖိုးတန်သည့်ဆန်နှင့် အရောင်းအဝယ်လုပ်နိုင်သည်ကို ယုံကြည်ဖို့ရာ ခက်ခဲနေကြတော့သည်။
စန်းလော့က အများကြီး ချဲ့ကားပြောမနေချေ။ ငါ့မှတ်ဉာဏ်ထဲမှာတော့ ဒီခောတ်မျာ တို့ဖူးဆိုတာရှိတယ်။ ဒါပေမဲ့ ထုတ်လုပ်တဲ့နည်းပညာကို အခွင့်ထူးခံမိသားစုတစ်ချို့ကနေပြီး သေချာထိန်းသိမ်းထားတယ်။ ငါ့လို သာမန်နောက်ခံကလာတဲ့ မိန်းကလေးတစ်ယောက်က ကြားပဲ ကြားဖူးပြီး တခြားမှ မစားဖူးဘူး။ တောရွာကလူဆိုရင် ပြောမနေနဲ့တော့။
သာမန်လူအများစုကလည်း ဒီအကြောင်းကို ကြားတောင် ကြားဖူးမှာမဟုတ်ဘူး။
စန်းလော့သည် ခေတ်အဆက်ဆက် အခွင့်ထူးခံလူတန်းစားတို့၏ အမူအကျင့်ကို သည်းခံလာသည့်အပေါ် မနေနိုင်ဘဲ ပြန်သုံးသပ်ကြည့်လိုက်မိတော့သည်။
သချန်မင်းဆက်။ နောက်ပိုင်းကျယ်ဝန်းလာတဲ့ 'ပန်းနိုင်ငံတော်'နဲ့ယှဉ်ရင် လူဦးရေက တော်တော်လေး နည်းပေမဲ့ သီးခြားအုပ်ချုပ်ရေးခရိုင်ဆိုတာရှိတယ်။ 'လီ'တစ်ခုမှာ အိမ်ခြေပေါင်း ၁၀၀ပါဝင်ပြီး ၅လီက ၁'ရှန်း'ဖြစ်လာတယ်။ သဘောက အိမ်ခြေ၂၀လောက်ပဲရှိတဲ့ ရှီလီလို ရွာငယ်လေးတစ်ခုပေါ့။ လီတစ်ခုဖြစ်လာဖို့ဆိုရင် ရွာတော်တော်များ စုပေါင်းဖို့လိုတာပေါ့။
မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ မှတ်ဉာဏ်ထဲမှာတော့ သူ့ဇာတိမြို့က လူဦးရေကလည် နည်းတယ်။ မင်းဆက်တစ်ခုလုံးရဲ့ ပျမ်းမျှလူဦးရေက အရမ်းကြီးမများဘူးဆိုတာကို ပြနေတာပဲ။
ဆက်တိုက်ဖြစ်ပွားနေတဲ့ စစ်မက်တွေ၊ သဘာဝဘေးအန္တရာယ်တွေ၊ ရောဂါတွေနဲ့ အလုပ်သမား စစ်မှုထမ်းရတာတွေကြောင့် လူဦးရေကလည်း တဖြည်းဖြည်းနဲ့ လျော့နည်းလာတယ်။
ဒါတောင် ရှီလီရွာက စိုက်ပျိုးမြေအများစုကို အဲဒီအိမ်ခြေ၂၀က ပိုင်တာမဟုတ်ဘူး။ မြို့ပေါ်က ချမ်းသာတဲ့မိသားစုတစ်ချို့ရဲ့လက်ထဲရောက်နေတာ။ မြေလွတ်မြေရိုင်းနဲ့ တောင်ကုန်းတွေကလွဲရင် သာမန်ရွာသားတွေအတွက် ကောင်းမွန်တဲ့မြေလေး နည်းနည်းပါးပါးပဲ ကျန်တာတာ။ သူတို့တွေကလည်း ပိုပြီးကြွယ်ဝချမ်းသာတဲ့မိသားစုတွေ ပိုင်ဆိုင်ကြတဲ့ စိုက်ပျိုးမြေကို ငှားရမ်းပြီး လုပ်ကိုင်ရတာ။
ဒီလက်ဝါးကြီးအုပ်တဲ့စနစ်ကို ချဲ့ထွင်လာခဲ့တာ မြေယာတွေအပြင် စာအုပ်တွေ၊ နည်းပညာတွေ၊ နောက်ပြီး အမွေအနှစ်အမျိုးမျိုးတွေ အားလုံးကို အထက်တန်း လူတန်းစားတွေကပဲ ထိန်းချုပ်ထားတာ။
ထို့ကြောင်ပင် စန်းလော့ လုပ်ရန်ရည်ရွယ်ထားသည့် ပစ္စည်းက သည်ခေတ်တွင် အမှန်ပင် အသစ်အဆန်းဖြစ်နေတာ့သည်။ လုပ်နည်းကို ရောင်းချပြီး ချမ်းသာဖို့ အိပ်မက်မက်နေလျှင်တော့ လက်တွေ့မကျပေ။ ဒေသခံစျေးတွင် သည်လိုလူချမ်းသာမျိုး မရှိသောကြောင့်ပင်။ ရှိခဲ့လျှင်တောင် သူတို့သည် သူမကို အမှတ်တမဲ့သာသဘောထားပြီး သူမ၏တီထွင်မှုကို စိတ်ဝင်စားဖို့က မသေချာပေ။
မလိုလားသည့် အာရုံစိုက်ခံရခြင်း မရှိအောင် သည်မုန့်လုပ်နည်းကို လတ်တလောတွင်တော့ လျို့ဝှက်ထားလိုက်တာက ပိုကောင်းမည်ဟု စန်းလော့ တွေးထားလိုက်သည်။ သူမ၏လက်တလောပန်းတိုင်းက ကိုယ်တိုင်နှင့် ကလေးနှစ်ယောက်ကို အားဖြည့်ပေးရန် ဆန်နှင့်စပါးဝယ်ဖို့ ငွေနည်းနည်းလောက် ရှာဖို့ရန်သာ ဖြစ်တော့သည်။
ရှန်းအန်းနှင့် ရှန်းနဉ်တို့သည် စဉ်းစားမတတ်အောင် ဖြစ်နေကြသော်လည်း သူတို့သည် အကိုင်းအခက်များနှင့် သစ်ရွက်များကို အားစိုက်ထုတ်စရာမလိုဘဲ ခူးလိုက်ကြလေသည်။ အတူတူ လုပ်လိုက်ကြရာ မကြာခင်မှာပင် အကိုင်းအခက်ပုံကြီးနှစ်ပုံ ရလာတော့သည်။
အိမ်ပြန်လိုက်ပြီး အရွက်များကို ဆေးကြောကာ အကိုင်းများကိုတော့ အပြင်ဘက်တွင် အခြောက်လှန်းဖို့ ချန်ထားလိုက်သည်။ ကွမ်းရင်းသစ်ကို မီးရှို့ထားသည့်ပြာက နတ်သမီးတို့ဖူးလုပ်ရန် အကောင်းဆုံးဖြစ်သည်။
သို့သော်လည်း ကွမ်းရင်းသစ်အခြောက်ခံပြီးသားမရှိလျှင် မနက်ခင်း ဆန်ပြုတ်ကျိုလျှင်သုံးရသည့် ပုံမှန်မီးဖိုကရသည့် ကျက်ခိုးများကဲ့သို့ပင် တခြားပင်၏ပြာကိုလည်း သုံးနိုင်သည်။
စန်းလော့က ပန်းကန်တစ်ချပ်ပေါ်က ပြာများကို လက်တစ်ဆုပ်ကော်လိုက်ပြီး ပန်းကန်လုံးတစ်ခုထဲ ထည့်လိုက်ကာ ခရားအိုးထဲက ကျိုထားသည့် ရေအေးနှင့် ရောမွှေလိုက်ပြီးနောက် အနည်ထိုင်အောင် စောင့်နေလိုက်သည်။
ရှန်းအန်းနှင့် ရှန်းနဉ်တို့သည် သည်အတိုင်း ကြည့်နေလိုက်ကြပြီး ဘာမှတ်ချက်မှ မပေးကြတော့ချေ။
သူတို့ရဲ့မကြီးက သစ်ရွက်တွေကို ခူးပြီး အဲဒါတွေက စားလို့ရတယ်လို့ ပြောတာပဲ။ အခုတော့ သူက မီးဖိုထဲက ပြာနဲ့ ရောနေတယ်....။ မောင်နှမနှစ်ယောက်သည် သံသယနှင့်ရှင်းမပြတတ်သည့်တည်ငြိမ်မှုတစ်ခုတို့ ရောထွေးနေရင်းက လေ့လာနေမိရာ စန်းလော့ နောက်ထပ်ဘာလုပ်မည်ကိုပင် သိချင်လာကြတော့သည်။ သိချင်စိတ်ကို မတွန်းလှန်နိုင်ကြတော့ဘဲ ထိုနေရာတွင် တဝဲလည်လည်ဖြင့် ကြည့်နေကြလေသည်။
ရှန်းအန်းကတော့ အခြေအနေတစ်ခုလုံးကို ဖြစ်နိုင်စရာမရှိဟု ထင်သည်။
သို့တိုင် သူသည် သည်နေ့ သူ့မရီးနှင့်ပတ်သက်ပြီး တစ်ခုခု ထူးခြားနေသည့် ခံစားချက်ကိုတော့ မခါထုတ်နိုင်ခဲ့ချေ။
ရှန်းအန်းသည် သူ့မရီးက ဘာထူးခြားနေသည်ကို ထောက်မပြနိုင်သော်လည်း ခဏလောက် လေ့လာကြည့်လိုက်ပြီးနောက်တွင် သူမ၏လတ်တလော ဖျားနာခြင်းကြောင့်သာ ဖြစ်လိမ့်မည်ဟု မှတ်ယူလိုက်တော့သည်။ အထူးသဖြင့် သူမသည် တမြန်နေ့က အချိန်တော်တော်ကြာအောင် သတိလစ်နေခဲ့သည်မဟုတ်ပါလား။
အမှန်တွင်တော့ အစောပိုင်းက စန်းလော့၏ ဗဟုသုတကြွယ်ဝသည့် ငါးဖမ်းနည်းကြောင့်သာမဟုတ်လျှင် ရှန်းအန်းသည် သူမ၏အဖျားရောဂါကြောင့် ဦးနှောက်ပျက်စီးသွားတာဖြစ်ရမည်ဟုပင် သံသယဖြစ်လိမ့်အုံးမည်။
ဟုတ်ပါသည်။ သည်အတွေးက သူ့စိတ်ထဲရောက်လာသည့် တဒင်္ဂအတွေးလေးတစ်ခုပင်။ သည်လိုမှတ်ချက်ကို ထုတ်ပြောဖို့ရာတော့ အရမ်းကိုမယဉ်ကျေးရာ ကျပေမည်။ သူသည် ထိုအတွေးကို မြန်မြန် ဖျောက်ဖျက်လိုက်တော့သည်။
ပြာရည်ကို နောက်ပိုင်းသုံးဖို့ရန် အနည်ကျအောင် ထားလိုက်ပြီးနောက်တွင် 'နတ်သမီးအရွက်'များကို ကိုင်တွယ်ရမည့် စိန်ခေါ်မှုက ရောက်လာတော့သည်။ - စစ်ထုတ်ရမဲ့အဝတ်စမရှိဘူးပဲ.....။
အရင်ဘဝက ရောဂါက စိတ်ရှည်နိုင်စွမ်းတိုးလာခဲ့သည့် စန်းလော့မှာ သူတို့၏ဆင်းရဲမှုကို မနေနိုင်တော့ဘဲ စိတ်ထဲက သက်ပြင်းချမိတော့သည်။
တကယ်ပါ။ လိုအပ်တာတွေ အားလုံး မရှိဖြစ်နေတာပဲ။
သေသေချာချာလေး စဉ်းစားလိုက်ပြီးနောက်တော့ သူမ၏ပိုင်ဆိုင်မှုထဲက တစ်ခုတည်းသော လက်ကိုင်ပဝါကို သန့်ရှင်းအောင် လျှော်လိုက်ကာ အိုးထဲတွင် ထည့်ပြုတ်လိုက်ပြီး ယာယီအဝတ်စ ရေစစ်တစ်ခု လုပ်လိုက်တော့သည်။
ယာယီရေစစ်လေးကို ပိုးသတ်နေစဉ် စန်းလော့က ရှန်းအန်းနှင့် ရှန်းနဉ်ကို သူတို့ခူးလာသည့် အရွက်များကို သွားဆေးကြောခိုင်းလိုက်လေသည်။ ထို့နောက်တွင် မောင်နှမနှစ်ယောက်သည် သစ်ရွက်ပုံကြီးက အရင်ဆုံး ပျော့ပြဲသွားပြီး ရေစစ်နှင့် ပန်းကန်နှစ်လုံးထဲ စစ်ထည့်လိုက်ချိန်တွင် အစိမ်းရောင်တောက်တောက် သစ်ရွက်အရည်ရလာသည့် လုပ်နည်းတစ်ခုလုံးကို စောင့်ကြည့်နေလိုက်ကြလေသည်။
တကယ့်ကို ပန်းကန်နှစ်လုံးပဲ သုံးလို့ရတာပဲ။ ပြာရည်ထည့်ထားတဲ့ တစ်လုံးကို ဖယ်လိုက်ရင် ကျန်တဲ့နှစ်လုံးမှာ ရှန်းအန်း မနက်က ချန်ထားတဲ့ ဆန်ပြုတ်ထည့်ထားတဲ့ဟာနဲ့ အဘွားချန်းချန်သွားခဲ့တဲ့ သကြားညိုထည့်ထားတဲ့ခွက်ပဲ ရှိတယ်။ ပထမတစ်လုံးကတော့ မောင်နှမနှစ်ယောက်ရဲ့ ဝေစုထဲက ရတဲ့ဟာ။ နောက်တစ်ခုကတော့ မနက်စာစားတုန်းက ကျောက်ပြားကို ဖယ်လိုက်တော့ ထွက်လာတဲ့ဟာ။
တကယ့်ကို ဆင်းရဲလိုက်တာဆိုတာ... အိုးတစ်လုံးနဲ့ ပန်းကန်လုံးသုံးခုပဲ ရှိတာပဲ....
ရှန်းအန်းနှင့် ရှန်းနဉ်တို့မှာ အကပ်လေးသာကျန်သည့် ဆန်ပြုတ်ကို အင်တင်တင်ဖြင့် အတူတူစားနေရင်းက သူတို့သည် အလကားသုံးမိဟု ခံစားနေရတော့သည်။ ထိုခေတ်အခါက မိသားစုအများစုသည် တစ်နေ့လျှင် နှစ်ကြိမ်သာ စားသောက်ကြလေသည်။ သို့သော် သူတို့ကတော့ ညလယ်က သကြားရည်သောက်ပြီး မနက်စောစောတွင် ဆန်ပြုတ်ပျစ်ပျစ်ကလေး စားကာ နေ့လည်မကျတကျတွင် နောက်ထပ်တစ်နပ် စားနေလေသည်။
ကျန်နေသည့်ပမာဏက သနားစရာကောင်းလောက်အောင် နည်းပါးသော်လည်း ပြီးခဲ့သည့်လပိုင်းက သူတို့စားနေကျ မစို့မပို့အနပ်များနှင့် မခြားပေ။
ဆန်ပြုတ်အများစုကိုတော့ ရှန်နဉ်က နေမကောင်းဖြစ်နေသည့် စန်းလော့ကိုသာ ကျွေးရင်း ကုန်သွားတော့သည်။ သို့သော် ဒါက နောက်ထပ်အကြောင်းအရာတစ်ခုပင်။
ပန်းကန်လုံးကို ဆေးကြောပြီးသွားသည်နင့် စန်းလော့က ကျန်နေသည့်အရာ်ကို ဒုတိယပန်းကန်လုံးထဲိကု စစ်ထည့်လိုက်ပြီး ပန်းကန်လုံးကြီး နှစ်လုံးက ၄ချိုး ၃ချိုးလောက် ပြည့်သွားခဲ့သည်။
စိမ်းစိုနေသည့်အရည်ကို ကြည့်နေသည့် ရှန်းနဉ်က စန်းလော့ဘက်ကို လှည့်ကာ မေးလိုက်၏။
"ညီမလေးတို့ ဒါကို ဒီအတိုင်း သောက်ရမှာလား"
"ဘယ်ဟုတ်ပါ့မလဲ"
စန်းလော့က ပြုံးပြီး ပြန်ဖြေသည်။ တအံ့တဩဖြစ်နေသည့် မောင်နှမနှစ်ယောက်ရှေ့တွင် သူမသည် ခုနက အနည်ကျအောင် လုပ်ထားသည့် ပြာရည်ကို မွှေလိုက်ပြီး သစ်ရွက်အရည်ထဲသို့ လောင်းထည့်လိုက်၏။ သူမက များများလေး လောင်းထည့်လိုက်ပြီး အနေအထား ပြောင်းလာသည်ကို ခံစားမိသည်အထိ လားရာတစ်ဖက်တည်းကို ဆက်တိုက်မွှေလိုက်ပြီးနောက် ရပ်ထားလိုက်ကာ ထိုနည်းအတိုင်း ကျန်သည့်ပန်းကန်းလုံးကိုလည်း ပြုလုပ်လိုက်လေသည်။
ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် ဆွံ့အသွားကြတော့သည်။ သူတို့သည် အရွက်ရည် သောက်ရမည်ကို သံသယဖြစ်ခဲ့မိသော်လည်း အခုတော့ ထိုအရည်ထဲတွင် ပြာရည်ထည့်လိုက်သည့်အတွက် သောက်လို့မရနိုင်တာ သေချာသွားပြီဟု ထင်လိုက်ကြတော့သည်။
သူတို့၏အမူအရာကို သဘောကျသွားသည့် စန်းလော့ ပြောလိုက်၏။
"ပြီးသွားပြီ၊ တစ်နာရီလောက်နေပြီး ကြည့်ကြည့်လိုက်ကြ"
စိုးရိမ်နေသည့် မောင်နှမနှစ်ယောက်၏မျက်နှာကို မြင်လိုက်သည်တွင် သူမက ရွှင်ရွှင်လန်းလန်းဖြင့် ထပ်ပြောလိုက်လေသည်။
"အဲဒီမှာပဲ ရပ်မနေကြနဲ့လေ။ တစ်ခုခုကို လုပ်ကြရအောင်"
သူတို့၏သိလိုစိတ်က ထိုးတက်သွားပြန်ပြီး မောင်နှမနှစ်ယောက်က တပြိုင်တည်း မေးလိုက်ကြတော့သည်။
"ဘာလုပ်ရမှာလဲဟင်"
စန်းလော့က နံရံတွင် ထောင်ထားသည့် တံစဉ်လေးတစ်ခုကို ကောက်ယူလိုက်လေသည်။ ထိုပစ္စည်းလေးက သူတို့အိမ်အတွက် ခွဲပေးထားသည့် မစို့မပို့ စိုက်ပျိုးရေးသုံးပစ္စည်းများထဲက သံပါသည့် တစ်ခုတည်းသောပစ္စည်းလေးပင်။
"လျှော်ရိုင်းပင်တွေ သွားဖြတ်ရအောင်"
...
Zawgyi
အပိုင္း (၇)
စန္းေလာ့သည္ ကေလးႏွစ္ေယာက္ကို ေတာင္ကုန္းႏွစ္ခုေက်ာ္သည္အထိ ေခၚလာလိုက္ၿပီး ေနာက္ဆုံးတြင္ေတာ့ သည္ေန႔အတြက္ သူတို႔၏ပစ္မွတ္ကို ရွာေတြ႕သြားေတာ့သည္။ - လမ္းစဥ္ေျခာက္သြယ္သစ္ပင္။
'မေသမ်ိဳးသစ္ပင္'ႏွင့္ ကြမ္းရင္းသစ္ပင္'ဟူ၍ သည္အပင္ကို ေခၚသည့္ တျခားနာမည္မ်ားလည္း ရွိသည္။
ထြက္မလာခင္က ရွန္အန္းသည္ ဆန္ျပဳတ္ျပဳတ္ေနစဥ္ စန္းေလာ့က သူတို႔သည္ ဘာအစားအစာကို ခူးလွ်င္ ေကာင္းမည္ဟု စဥ္းစားလာခဲ့သည္။
ေနမေကာင္းျဖစ္ၿပီး ဆာေလာင္မႈမွ အနည္းငယ္သက္သာလာၿပီးေနာက္တြင္ စန္းေလာ့သည္ သူမကိုယ္သူမ ဝန္မပိေစရန္ သတိထားေနရေလသည္။ အင္အားကို ေခြၽတာဖို႔ဆိုလွ်င္ သူတို႔လုပ္သမွ်အရာတိုင္းတြင္ အစီအစဥ္တစ္ခု ထားရွိဖို႔က အေရးႀကီးေၾကာင္း သူမက သိေလသည္။
သူမသည္ မူလခႏၶာကိုယ္၏မွတ္ဉာဏ္မ်ားကို ေသေသခ်ာခ်ာ ရွာေဖြလိုက္ၿပီး သည္အပင္ကို ခပ္ေရးေရးေလး မွတ္မိသြားသည္။ သို႔ေသာ္ မွတ္ဉာဏ္က ဝိုးတဝါးႏွင့္ တဒဂၤမွ်သာ။ မွတ္ဉာဏ္အတိအက်ကို သိဖို႔က မလြယ္ကူေခ်။ စန္းေလာ့သည္ သူမက ထိုအပင္ကို အနီးအနား ဘယ္ေနရာတြင္ ေတြ႕ခဲ့မွန္း လုံးဝေသခ်ာမသိ ျဖစ္ေနေတာ့သည္။ သူမ လုပ္ႏိုင္သည္က ရွန္းအန္းႏွင့္ ရွန္းနဥ္တို႔ကို အနီးနားက ေတာင္ကုန္းမ်ားသို႔ ေခၚသြားၿပီး ေတာင္ေပၚလမ္းမ်ားတစ္ေလွ်ာက္ ရွာၾကည့္ရန္ပင္ ျဖစ္ေတာ့သည္။
ကံအားေလ်ာ္စြာ သူတို႔၏ဇြဲရွိသည့္စိတ္က အက်ိဳးျဖစ္ခဲ့ေလသည္။ သူမသည္ ေမာပန္းျခင္းဒဏ္ေၾကာင့္ လဲက်ေတာ့မည့္ဆဲဆဲ ေနာက္ဆုံးေတာ့ ထိုအပင္ကို ရွာေတြ႕သြားေတာ့သည္။
စန္းေလာ့သည္ ဝမ္းသာသြားေသာ္လည္း ကိုယ္တိုင္ခူးဖို႔က အလြန္မွ အားနည္းေန၏။ သို႔ႏွင့္ သူမက စိမ္းစိုစိုႏွင့္အသားထူသည့္အ႐ြက္မ်ားပါသည့္ အကိုင္းအခက္မ်ားကို ခူးရန္ ကေလးႏွစ္ေယာက္ကို ၫႊန္ၾကားလိုက္ေတာ့သည္။
ရွန္းအန္းႏွင့္ရွန္းနဥ္တို႔သည္ အံ့ဩသြားၾကၿပီး ဘာလုပ္ရမည္ကို ေသခ်ာမသိသလိုျဖစ္သြားေတာ့သည္။
သူတို႔ေတြက ဆင္းရဲတယ္ဆိုေပမဲ့လဲ ပတ္ဝန္းက်င္ေတာင္ေတြမွာ ေတာဟင္း႐ြက္ေတြ အမ်ားႀကီးရွိတာပဲ။ သူတို႔ေတြက မတတ္သာတဲ့အဆုံး အ႐ြက္ေတြကို စားရေလာက္တဲ့အထိေတာ့ မဟုတ္ေသးဘူးေလ။ ဟုတ္တယ္မလား။
သိမ္ေမြ႕သည့္သဘာဝရွိၿပီး စန္းေလာ့ႏွင့္ ပိုၿပီးရင္းႏွီးသည့္သံေယာဇဥ္ရွိသည့္ ရွန္းနဥ္က သူမ၏သံသယကို ဖြင့္ေျပာလိုက္ေတာ့သည္။
"မႀကီး ညီမေလးတို႔ေတြ ဒီအ႐ြက္ကို တကယ္ပဲ စားလို႔ရသလား"
သူမ၏ေမးခြန္းက ရွန္းအန္း ေတြးေနသည့္အရာကို ထုတ္ေျပာလိုက္ျခင္းပင္။
"ရတာေပါ့၊ အဲဒါေတြက စားလို႔ရတယ္၊ အဲဒါတင္မဟုတ္ဘူးေနာ္၊ ငါတို႔ေတြ ဒါေတြကို ဆန္နဲ႔ေတာင္ အေရာင္းအဝယ္ လုပ္လို႔ရႏိုင္ေလာက္တယ္" စန္းေလာ့က သူတို႔ကို အာမခံေပးလိုက္၏။
စန္းေလာ့ေျပာေနသည့္အပင္မွာ ေရွးေခတ္အခါတြင္ 'မေသမ်ိဳးတို႔ဖူး/နတ္သမီးတို႔ဖူး'ဟု သိၾကေလသည္။ စန္းေလာ့ကိုယ္တိုင္လည္း ေတာင္ေပၚတြင္ ႏွစ္ေပါင္းမ်ားစြာ မေနခဲ့ဖူးလွ်င္ သည္အပင္ေၾကာင္းကို သိလိမ့္မည္မဟုတ္ေခ်။ လူအမ်ားစုသိၾကသည့္ ဂ်ယ္လီပင္ႏွင့္ ပိုၿပီးဆင္ေလသည္။
မတူညီသည့္ ပါဝင္ပစၥည္းမ်ားျဖင့္ လုပ္ရေသာ္လည္း နတ္သမီးတို႔ဖူးကို ျပင္ဆင္ၿပီးသြားလွ်င္ ဂ်ယ္လီပင္ႏွင့္ ေတာ္ေတာ္ေလးဆင္တူၿပီး အေရာင္ႏွင့္ပုံစံက အနည္းငယ္ကြာျခားသည္။
ဟုတ္ပါသည္။ ရွန္းအန္းႏွင့္ရွန္းနဥ္တို႔ကေတာ့ ဒါကို မသိၾကေခ်။ သူတို႔သည္ သည္လိုသစ္႐ြက္က အဖိုးတန္သည့္ဆန္ႏွင့္ အေရာင္းအဝယ္လုပ္ႏိုင္သည္ကို ယုံၾကည္ဖို႔ရာ ခက္ခဲေနၾကေတာ့သည္။
စန္းေလာ့က အမ်ားႀကီး ခ်ဲ႕ကားေျပာမေနေခ်။ ငါ့မွတ္ဉာဏ္ထဲမွာေတာ့ ဒီေခာတ္မ်ာ တို႔ဖူးဆိုတာရွိတယ္။ ဒါေပမဲ့ ထုတ္လုပ္တဲ့နည္းပညာကို အခြင့္ထူးခံမိသားစုတစ္ခ်ိဳ႕ကေနၿပီး ေသခ်ာထိန္းသိမ္းထားတယ္။ ငါ့လို သာမန္ေနာက္ခံကလာတဲ့ မိန္းကေလးတစ္ေယာက္က ၾကားပဲ ၾကားဖူးၿပီး တျခားမွ မစားဖူးဘူး။ ေတာ႐ြာကလူဆိုရင္ ေျပာမေနနဲ႔ေတာ့။
သာမန္လူအမ်ားစုကလည္း ဒီအေၾကာင္းကို ၾကားေတာင္ ၾကားဖူးမွာမဟုတ္ဘူး။
စန္းေလာ့သည္ ေခတ္အဆက္ဆက္ အခြင့္ထူးခံလူတန္းစားတို႔၏ အမူအက်င့္ကို သည္းခံလာသည့္အေပၚ မေနႏိုင္ဘဲ ျပန္သုံးသပ္ၾကည့္လိုက္မိေတာ့သည္။
သခ်န္မင္းဆက္။ ေနာက္ပိုင္းက်ယ္ဝန္းလာတဲ့ 'ပန္းႏိုင္ငံေတာ္'နဲ႔ယွဥ္ရင္ လူဦးေရက ေတာ္ေတာ္ေလး နည္းေပမဲ့ သီးျခားအုပ္ခ်ဳပ္ေရးခ႐ိုင္ဆိုတာရွိတယ္။ 'လီ'တစ္ခုမွာ အိမ္ေျခေပါင္း ၁၀၀ပါဝင္ၿပီး ၅လီက ၁'ရွန္း'ျဖစ္လာတယ္။ သေဘာက အိမ္ေျခ၂၀ေလာက္ပဲရွိတဲ့ ရွီလီလို ႐ြာငယ္ေလးတစ္ခုေပါ့။ လီတစ္ခုျဖစ္လာဖို႔ဆိုရင္ ႐ြာေတာ္ေတာ္မ်ား စုေပါင္းဖို႔လိုတာေပါ့။
မူလခႏၶာကိုယ္ပိုင္ရွင္ရဲ႕ မွတ္ဉာဏ္ထဲမွာေတာ့ သူ႔ဇာတိၿမိဳ႕က လူဦးေရကလည္ နည္းတယ္။ မင္းဆက္တစ္ခုလုံးရဲ႕ ပ်မ္းမွ်လူဦးေရက အရမ္းႀကီးမမ်ားဘူးဆိုတာကို ျပေနတာပဲ။
ဆက္တိုက္ျဖစ္ပြားေနတဲ့ စစ္မက္ေတြ၊ သဘာဝေဘးအႏၲရာယ္ေတြ၊ ေရာဂါေတြနဲ႔ အလုပ္သမား စစ္မႈထမ္းရတာေတြေၾကာင့္ လူဦးေရကလည္း တျဖည္းျဖည္းနဲ႔ ေလ်ာ့နည္းလာတယ္။
ဒါေတာင္ ရွီလီ႐ြာက စိုက္ပ်ိဳးေျမအမ်ားစုကို အဲဒီအိမ္ေျခ၂၀က ပိုင္တာမဟုတ္ဘူး။ ၿမိဳ႕ေပၚက ခ်မ္းသာတဲ့မိသားစုတစ္ခ်ိဳ႕ရဲ႕လက္ထဲေရာက္ေနတာ။ ေျမလြတ္ေျမ႐ိုင္းနဲ႔ ေတာင္ကုန္းေတြကလြဲရင္ သာမန္႐ြာသားေတြအတြက္ ေကာင္းမြန္တဲ့ေျမေလး နည္းနည္းပါးပါးပဲ က်န္တာတာ။ သူတို႔ေတြကလည္း ပိုၿပီးႂကြယ္ဝခ်မ္းသာတဲ့မိသားစုေတြ ပိုင္ဆိုင္ၾကတဲ့ စိုက္ပ်ိဳးေျမကို ငွားရမ္းၿပီး လုပ္ကိုင္ရတာ။
ဒီလက္ဝါးႀကီးအုပ္တဲ့စနစ္ကို ခ်ဲ႕ထြင္လာခဲ့တာ ေျမယာေတြအျပင္ စာအုပ္ေတြ၊ နည္းပညာေတြ၊ ေနာက္ၿပီး အေမြအႏွစ္အမ်ိဳးမ်ိဳးေတြ အားလုံးကို အထက္တန္း လူတန္းစားေတြကပဲ ထိန္းခ်ဳပ္ထားတာ။
ထို႔ေၾကာင္ပင္ စန္းေလာ့ လုပ္ရန္ရည္႐ြယ္ထားသည့္ ပစၥည္းက သည္ေခတ္တြင္ အမွန္ပင္ အသစ္အဆန္းျဖစ္ေနတာ့သည္။ လုပ္နည္းကို ေရာင္းခ်ၿပီး ခ်မ္းသာဖို႔ အိပ္မက္မက္ေနလွ်င္ေတာ့ လက္ေတြ႕မက်ေပ။ ေဒသခံေစ်းတြင္ သည္လိုလူခ်မ္းသာမ်ိဳး မရွိေသာေၾကာင့္ပင္။ ရွိခဲ့လွ်င္ေတာင္ သူတို႔သည္ သူမကို အမွတ္တမဲ့သာသေဘာထားၿပီး သူမ၏တီထြင္မႈကို စိတ္ဝင္စားဖို႔က မေသခ်ာေပ။
မလိုလားသည့္ အာ႐ုံစိုက္ခံရျခင္း မရွိေအာင္ သည္မုန႔္လုပ္နည္းကို လတ္တေလာတြင္ေတာ့ လ်ိဳ႕ဝွက္ထားလိုက္တာက ပိုေကာင္းမည္ဟု စန္းေလာ့ ေတြးထားလိုက္သည္။ သူမ၏လက္တေလာပန္းတိုင္းက ကိုယ္တိုင္ႏွင့္ ကေလးႏွစ္ေယာက္ကို အားျဖည့္ေပးရန္ ဆန္ႏွင့္စပါးဝယ္ဖို႔ ေငြနည္းနည္းေလာက္ ရွာဖို႔ရန္သာ ျဖစ္ေတာ့သည္။
ရွန္းအန္းႏွင့္ ရွန္းနဥ္တို႔သည္ စဥ္းစားမတတ္ေအာင္ ျဖစ္ေနၾကေသာ္လည္း သူတို႔သည္ အကိုင္းအခက္မ်ားႏွင့္ သစ္႐ြက္မ်ားကို အားစိုက္ထုတ္စရာမလိုဘဲ ခူးလိုက္ၾကေလသည္။ အတူတူ လုပ္လိုက္ၾကရာ မၾကာခင္မွာပင္ အကိုင္းအခက္ပုံႀကီးႏွစ္ပုံ ရလာေတာ့သည္။
အိမ္ျပန္လိုက္ၿပီး အ႐ြက္မ်ားကို ေဆးေၾကာကာ အကိုင္းမ်ားကိုေတာ့ အျပင္ဘက္တြင္ အေျခာက္လွန္းဖို႔ ခ်န္ထားလိုက္သည္။ ကြမ္းရင္းသစ္ကို မီးရႈိ႕ထားသည့္ျပာက နတ္သမီးတို႔ဖူးလုပ္ရန္ အေကာင္းဆုံးျဖစ္သည္။
သို႔ေသာ္လည္း ကြမ္းရင္းသစ္အေျခာက္ခံၿပီးသားမရွိလွ်င္ မနက္ခင္း ဆန္ျပဳတ္က်ိဳလွ်င္သုံးရသည့္ ပုံမွန္မီးဖိုကရသည့္ က်က္ခိုးမ်ားကဲ့သို႔ပင္ တျခားပင္၏ျပာကိုလည္း သုံးႏိုင္သည္။
စန္းေလာ့က ပန္းကန္တစ္ခ်ပ္ေပၚက ျပာမ်ားကို လက္တစ္ဆုပ္ေကာ္လိုက္ၿပီး ပန္းကန္လုံးတစ္ခုထဲ ထည့္လိုက္ကာ ခရားအိုးထဲက က်ိဳထားသည့္ ေရေအးႏွင့္ ေရာေမႊလိုက္ၿပီးေနာက္ အနည္ထိုင္ေအာင္ ေစာင့္ေနလိုက္သည္။
ရွန္းအန္းႏွင့္ ရွန္းနဥ္တို႔သည္ သည္အတိုင္း ၾကည့္ေနလိုက္ၾကၿပီး ဘာမွတ္ခ်က္မွ မေပးၾကေတာ့ေခ်။
သူတို႔ရဲ႕မႀကီးက သစ္႐ြက္ေတြကို ခူးၿပီး အဲဒါေတြက စားလို႔ရတယ္လို႔ ေျပာတာပဲ။ အခုေတာ့ သူက မီးဖိုထဲက ျပာနဲ႔ ေရာေနတယ္....။ ေမာင္ႏွမႏွစ္ေယာက္သည္ သံသယႏွင့္ရွင္းမျပတတ္သည့္တည္ၿငိမ္မႈတစ္ခုတို႔ ေရာေထြးေနရင္းက ေလ့လာေနမိရာ စန္းေလာ့ ေနာက္ထပ္ဘာလုပ္မည္ကိုပင္ သိခ်င္လာၾကေတာ့သည္။ သိခ်င္စိတ္ကို မတြန္းလွန္ႏိုင္ၾကေတာ့ဘဲ ထိုေနရာတြင္ တဝဲလည္လည္ျဖင့္ ၾကည့္ေနၾကေလသည္။
ရွန္းအန္းကေတာ့ အေျခအေနတစ္ခုလုံးကို ျဖစ္ႏိုင္စရာမရွိဟု ထင္သည္။
သို႔တိုင္ သူသည္ သည္ေန႔ သူ႔မရီးႏွင့္ပတ္သက္ၿပီး တစ္ခုခု ထူးျခားေနသည့္ ခံစားခ်က္ကိုေတာ့ မခါထုတ္ႏိုင္ခဲ့ေခ်။
ရွန္းအန္းသည္ သူ႔မရီးက ဘာထူးျခားေနသည္ကို ေထာက္မျပႏိုင္ေသာ္လည္း ခဏေလာက္ ေလ့လာၾကည့္လိုက္ၿပီးေနာက္တြင္ သူမ၏လတ္တေလာ ဖ်ားနာျခင္းေၾကာင့္သာ ျဖစ္လိမ့္မည္ဟု မွတ္ယူလိုက္ေတာ့သည္။ အထူးသျဖင့္ သူမသည္ တျမန္ေန႔က အခ်ိန္ေတာ္ေတာ္ၾကာေအာင္ သတိလစ္ေနခဲ့သည္မဟုတ္ပါလား။
အမွန္တြင္ေတာ့ အေစာပိုင္းက စန္းေလာ့၏ ဗဟုသုတႂကြယ္ဝသည့္ ငါးဖမ္းနည္းေၾကာင့္သာမဟုတ္လွ်င္ ရွန္းအန္းသည္ သူမ၏အဖ်ားေရာဂါေၾကာင့္ ဦးေႏွာက္ပ်က္စီးသြားတာျဖစ္ရမည္ဟုပင္ သံသယျဖစ္လိမ့္အုံးမည္။
ဟုတ္ပါသည္။ သည္အေတြးက သူ႔စိတ္ထဲေရာက္လာသည့္ တဒဂၤအေတြးေလးတစ္ခုပင္။ သည္လိုမွတ္ခ်က္ကို ထုတ္ေျပာဖို႔ရာေတာ့ အရမ္းကိုမယဥ္ေက်းရာ က်ေပမည္။ သူသည္ ထိုအေတြးကို ျမန္ျမန္ ေဖ်ာက္ဖ်က္လိုက္ေတာ့သည္။
ျပာရည္ကို ေနာက္ပိုင္းသုံးဖို႔ရန္ အနည္က်ေအာင္ ထားလိုက္ၿပီးေနာက္တြင္ 'နတ္သမီးအ႐ြက္'မ်ားကို ကိုင္တြယ္ရမည့္ စိန္ေခၚမႈက ေရာက္လာေတာ့သည္။ - စစ္ထုတ္ရမဲ့အဝတ္စမရွိဘူးပဲ.....။
အရင္ဘဝက ေရာဂါက စိတ္ရွည္ႏိုင္စြမ္းတိုးလာခဲ့သည့္ စန္းေလာ့မွာ သူတို႔၏ဆင္းရဲမႈကို မေနႏိုင္ေတာ့ဘဲ စိတ္ထဲက သက္ျပင္းခ်မိေတာ့သည္။
တကယ္ပါ။ လိုအပ္တာေတြ အားလုံး မရွိျဖစ္ေနတာပဲ။
ေသေသခ်ာခ်ာေလး စဥ္းစားလိုက္ၿပီးေနာက္ေတာ့ သူမ၏ပိုင္ဆိုင္မႈထဲက တစ္ခုတည္းေသာ လက္ကိုင္ပဝါကို သန႔္ရွင္းေအာင္ ေလွ်ာ္လိုက္ကာ အိုးထဲတြင္ ထည့္ျပဳတ္လိုက္ၿပီး ယာယီအဝတ္စ ေရစစ္တစ္ခု လုပ္လိုက္ေတာ့သည္။
ယာယီေရစစ္ေလးကို ပိုးသတ္ေနစဥ္ စန္းေလာ့က ရွန္းအန္းႏွင့္ ရွန္းနဥ္ကို သူတို႔ခူးလာသည့္ အ႐ြက္မ်ားကို သြားေဆးေၾကာခိုင္းလိုက္ေလသည္။ ထို႔ေနာက္တြင္ ေမာင္ႏွမႏွစ္ေယာက္သည္ သစ္႐ြက္ပုံႀကီးက အရင္ဆုံး ေပ်ာ့ၿပဲသြားၿပီး ေရစစ္ႏွင့္ ပန္းကန္ႏွစ္လုံးထဲ စစ္ထည့္လိုက္ခ်ိန္တြင္ အစိမ္းေရာင္ေတာက္ေတာက္ သစ္႐ြက္အရည္ရလာသည့္ လုပ္နည္းတစ္ခုလုံးကို ေစာင့္ၾကည့္ေနလိုက္ၾကေလသည္။
တကယ့္ကို ပန္းကန္ႏွစ္လုံးပဲ သုံးလို႔ရတာပဲ။ ျပာရည္ထည့္ထားတဲ့ တစ္လုံးကို ဖယ္လိုက္ရင္ က်န္တဲ့ႏွစ္လုံးမွာ ရွန္းအန္း မနက္က ခ်န္ထားတဲ့ ဆန္ျပဳတ္ထည့္ထားတဲ့ဟာနဲ႔ အဘြားခ်န္းခ်န္သြားခဲ့တဲ့ သၾကားညိဳထည့္ထားတဲ့ခြက္ပဲ ရွိတယ္။ ပထမတစ္လုံးကေတာ့ ေမာင္ႏွမႏွစ္ေယာက္ရဲ႕ ေဝစုထဲက ရတဲ့ဟာ။ ေနာက္တစ္ခုကေတာ့ မနက္စာစားတုန္းက ေက်ာက္ျပားကို ဖယ္လိုက္ေတာ့ ထြက္လာတဲ့ဟာ။
တကယ့္ကို ဆင္းရဲလိုက္တာဆိုတာ... အိုးတစ္လုံးနဲ႔ ပန္းကန္လုံးသုံးခုပဲ ရွိတာပဲ....
ရွန္းအန္းႏွင့္ ရွန္းနဥ္တို႔မွာ အကပ္ေလးသာက်န္သည့္ ဆန္ျပဳတ္ကို အင္တင္တင္ျဖင့္ အတူတူစားေနရင္းက သူတို႔သည္ အလကားသုံးမိဟု ခံစားေနရေတာ့သည္။ ထိုေခတ္အခါက မိသားစုအမ်ားစုသည္ တစ္ေန႔လွ်င္ ႏွစ္ႀကိမ္သာ စားေသာက္ၾကေလသည္။ သို႔ေသာ္ သူတို႔ကေတာ့ ညလယ္က သၾကားရည္ေသာက္ၿပီး မနက္ေစာေစာတြင္ ဆန္ျပဳတ္ပ်စ္ပ်စ္ကေလး စားကာ ေန႔လည္မက်တက်တြင္ ေနာက္ထပ္တစ္နပ္ စားေနေလသည္။
က်န္ေနသည့္ပမာဏက သနားစရာေကာင္းေလာက္ေအာင္ နည္းပါးေသာ္လည္း ၿပီးခဲ့သည့္လပိုင္းက သူတို႔စားေနက် မစို႔မပို႔အနပ္မ်ားႏွင့္ မျခားေပ။
ဆန္ျပဳတ္အမ်ားစုကိုေတာ့ ရွန္နဥ္က ေနမေကာင္းျဖစ္ေနသည့္ စန္းေလာ့ကိုသာ ေကြၽးရင္း ကုန္သြားေတာ့သည္။ သို႔ေသာ္ ဒါက ေနာက္ထပ္အေၾကာင္းအရာတစ္ခုပင္။
ပန္းကန္လုံးကို ေဆးေၾကာၿပီးသြားသည္နင့္ စန္းေလာ့က က်န္ေနသည့္အရာ္ကို ဒုတိယပန္းကန္လုံးထဲိကု စစ္ထည့္လိုက္ၿပီး ပန္းကန္လုံးႀကီး ႏွစ္လုံးက ၄ခ်ိဳး ၃ခ်ိဳးေလာက္ ျပည့္သြားခဲ့သည္။
စိမ္းစိုေနသည့္အရည္ကို ၾကည့္ေနသည့္ ရွန္းနဥ္က စန္းေလာ့ဘက္ကို လွည့္ကာ ေမးလိုက္၏။
"ညီမေလးတို႔ ဒါကို ဒီအတိုင္း ေသာက္ရမွာလား"
"ဘယ္ဟုတ္ပါ့မလဲ"
စန္းေလာ့က ၿပဳံးၿပီး ျပန္ေျဖသည္။ တအံ့တဩျဖစ္ေနသည့္ ေမာင္ႏွမႏွစ္ေယာက္ေရွ႕တြင္ သူမသည္ ခုနက အနည္က်ေအာင္ လုပ္ထားသည့္ ျပာရည္ကို ေမႊလိုက္ၿပီး သစ္႐ြက္အရည္ထဲသို႔ ေလာင္းထည့္လိုက္၏။ သူမက မ်ားမ်ားေလး ေလာင္းထည့္လိုက္ၿပီး အေနအထား ေျပာင္းလာသည္ကို ခံစားမိသည္အထိ လားရာတစ္ဖက္တည္းကို
You are reading the story above: TeenFic.Net