အပိုင်း (၅၉) လမ်းခင်းခြင်းနှင့် ပန်းစိုက်ပျိုးခြင်း
ရှန်းအန်းက စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ရပ်လိုက်လေသည်။
"မကြီး၊ စာဘယ်လိုဖတ်ရလဲဆိုတာ ကျွန်တော်နဲ့အားနဉ်ကို သင်ပေးမှာလား"
စန်းလော့က ပြုံးလိုက်၏။
"ဒါပေါ့။ သင်ပေးမယ်လေ။ နင်တို့အစ်ကိုက အကုန်လုံးကို မပြောပြခဲ့ဘူး။ ရေတွက်တဲ့နည်းကိုမသိတာက အလိမ်ခံရနိုင်တယ်။ စာဖတ်တဲ့နည်းကို မသိတာကလဲ အဲ့လိုပဲ။ နင်တို့နှစ်ယောက်လုံးအတွက် လွယ်တဲ့သင်ခန်းစာတစ်ချို့နဲ့ စတင်ပေးမယ်"
ရွာစာသင်ကျောင်းများတက်ရာတွင် မူလပိုင်ရှင်၏မှတ်ဉာဏ်များအရ ယခင်ဧကရာဇ်သည် လွန်ခဲ့သောဆယ်နှစ်ကျော်က ပြည်နယ်၊ စီရင်စုနှင့်ရွာကျောင်းများကို ဖျက်သိမ်းခဲ့သည်။ လက်ရှိဧကရာဇ်မှာ ပညာရေးကို တန်ဖိုးထားပြီး ကျောင်းအချို့ကိုပြန်ဖွင့်ပေးခဲ့သော်လည်း အကောင်အထည်ဖော်မှုမှာ မသေချာသေးပေ။
မူလပိုင်ရှင်၏ဇာတိမြို့တွင် အနည်းဆုံး စီရင်စုကျောင်းတစ်ခုသာရှိပြီး ရွာကျောင်းမရှိပေ။ ပညာသင်ကြားရန်အတွက် ဒေသခံလူငယ်များသည် ထိုခေတ်တွင် လွယ်ကူသောအလုပ်မဟုတ်သည့် ကျောင်းသားများကို လက်ခံလိုသော ပညာရှင်တစ်ဦးကိုရှာဖွေခဲ့ရ၏။
ဤနေရာသို့ရောက်စဉ်ထဲက စန်းလော့သည် မည်သည့်ရွာကျောင်းကိုမှ သတိမထားမိပေ။ စီရင်စုကျောင်းများအတွက် စီရင်စုသို့မကြာခဏ သွားရောက်လေ့ရှိသော်လည်း အရှေ့ဘက်နှင့် အနောက်ဘက် ဈေးများကိုသာ အဓိက မကြာခဏသွားလေ့ရှိပြီး စီရင်စုကျောင်းများ ရှိမရှိကိုမူ သတိထားမိခြင်းမရှိပါ။ ဤအရာနှင့်ပတ်သက်ပြီး နောက်တစ်ကြိမ်တွင် သူမ မေးမြန်းရန်လိုအပ်ပုံပေါ်သည်။
ရှန်းအန်းက သူ့မရီး၏ စာဖတ်တတ်အောင် သင်ကြားပေးမည့် ကမ်းလှမ်းချက်ကို ကြားသောအခါ စိတ်လှုပ်ရှားနေ၏။ သူသည် ယခုတိုင် မည်သည့်နေရာမှ စရမည်ကိုဘာမှမသိသေးပေ။
စန်းလော့သည် ပြုံးပြီး အကြံပြုလိုက်၏။
"နင်နဲ့အားနဉ်နဲ့ သဲနုတွေကို သွားယူလာကြ၊ နုလေပိုကောင်းလေပဲ။ သဲထည့်ဖို့အတွက်က ဦးလေးယိုထျန်းကို သစ်သားဗန်းတစ်ခု လုပ်ပေးဖို့ အကူအညီတောင်းလိုက်မယ်။ ပြီးရင် တုတ်ချောင်းကိုသုံးပြီး သဲထဲမှာ ဘယ်လိုစာရေးရမလဲဆိုတာကို စပြီးလေ့လာလို့ရပြီ"
သူတို့သည် စက္ကူနှင့်ခဲတံများကို မတတ်နိုင်ပေ။
စက္ကူသည် လက်လှမ်းမမှီနိုင်အောင်ပင် အလွန်ဈေးကြီးလွန်းလှသည်။ ယနေ့အထိ သူမသည် သန့်စင်ပြီးနူးညံ့သော သစ်ရွက်များကို အိမ်သာသုံးစက္ကူအဖြစ် အစားထိုးအသုံးပြုခဲ့ရသည်။
......
ဖန်းလျိုညန်နှင့်အခြားသူများက သစ်သားစည်ပိုင်းများနှင့် မြေအိုးများကို ယူလာချိန်တွင် ချန်းယိုထျန်းလည်း ရောက်ရှိနေပြီဖြစ်သည်။
စန်းလော့သည် အနည်းငယ်ရှက်ရွံ့စွာဖြင့် သူ့ကို နှုတ်ဆက်လိုက်၏။
"အဆင်မပြေတဲ့ပစ္စည်းတွေကို ကိုယ်တိုင်ဖန်တီးနိုင်ပါတယ်။ ဒါပေမယ့် တို့ဟူးကတော့ ရောင်းဖို့ အတွက်ပါ။ ဘောင်သာ ကောင်းကောင်း ထွက်မလာရင် နောက်ဆုံးထုတ်ကုန်ရဲ့ပုံစံကို ထိခိုက်စေပြီး ဦးလေးအတွက်ပါ ဒုက္ခများသွားမှာ"
ချန်းယိုထျန်းက လုံးဝဂရုမစိုက်ပေ။
"ပြသာနာမရှိပါဘူး။ အဲ့တာက အပြီးသတ်ဖို့သိပ်မကြာပါဘူး"
စန်းလော့၏ အသုံးပြုနိုင်သော ပစ္စည်းများနှင့် ကိရိယာ တန်ဆာပလာနှင့်အတူ ချန်းယိုထျန်းသည် အလျင်အမြန် အလုပ်လုပ်လေသည်။
ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် သဲနုတောင်းကိုသယ်ပြီး ပြန်ရောက်လာသောအခါ ချန်းယိုထျန်းကို တွေ့ကြလေ၏။ သူတို့နှစ်ယောက်က လှိုက်လှိုက်လှဲလှဲနှုတ်ဆက်ကာ သူ့ထံသို့ သွားလိုက်ကြသည်။
"ဦလေးယိုထျန်း"
"ဦးလေးယိုထျန်း၊ သားနဲ့နဉ်အတွက်ရော တစ်ခုလောက် လုပ်ပေးနိုင်မလားဟင်"
သူတို့မျက်နှာတွင် မျှော်လင့်ချက်များပြည့်နေကြသည်။
စိတ်ကောင်းရှိသည့် ယောက်ျားတစ်ယောက်ဖြစ်သော ချန်းယိုထျန်းက ပြုံးကာမေးလိုက်၏။
"ဘာလုပ်စေချင်တာလဲ"
ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် သဲဗန်း၏အသုံးပြုပုံကို ဖော်ပြခဲ့ကြပြီး ထိုအရာ၏ ခန့်မှန်းအရွယ်အစားနှင့်အနက်ကို ခြေလက်လက်ဟန်ဖြင့် ပြသခဲ့ကြပြီးသူတို့၏အတွေးများမှာ အတော်လေးကိုက်ညီကြ၏။
"စာရေးဖို့ကတော့ အရမ်းကြီး နက်စရာမလိုပါဘူး။ ဒါက သစ်သားအများကြီး မလိုအပ်တဲ့ လွယ်တဲ့အလုပ်ပဲ"
ချန်းယိုထျန်းက သူတို့၏တောင်းဆိုချက်ကိုကြားပြီးနောက် မြန်မြန်ဆန်ဆန် သဘောတူလိုက်လေသည်။
ကျေးဇူးတရားအပြည့်နှင့် ရှန်းအန်းသည် ကြက်လှောင်အိမ်ဆောက်ရင်း သူ့မရီး၏လက်ထိခိုက်မိစဉ်က သူ၏ကတိကို သတိရမိလေသည်။
သူသည် ဘေးတွင်ရပ်ရင်း ချန်းယိုထျန်း၏အလုပ်ကို စောင့်ကြည့်ခြင်းကိုရွေးချယ်မည့်အစား ထွက်မသွားရန် ဆုံးဖြတ်လိုက်လေတော့၏။
ချန်းယိုထျန်းက သိချင်နေသည်။
"လက်သမားပညာကို လေ့လာချင်လား"
စစချင်းတွင် စနောက်နေသည်ဟုထင်မိသော်လည်း ရှန်းအန်းသည် လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်ကဲ့၊ ဦးလေးယိုထျန်း၊ သားကိုသင်ပေးနိုင်မလား"
ချန်းယိုထျန်း "???"
"မင်း တစ်ကယ်ပဲသင်ယူချင်တာလား"
ရှန်းအန်းက ပြတ်ပြတ်သားသားခေါင်းညိတ်လိုက်၏။
"သား တစ်ကယ်သင်ချင်တာပါ။ သားက မိသားစုထဲမှာ တစ်ဦးတည်းသော ယောက်ျားလေးပါ။ ဒါကြောင့် အနာဂတ်မှာ ဒီလိုတာဝန်မျိုးကို သားကပဲ ယူသင့်တယ်"
ဤကြေညာချက်သည် ချန်းယိုထျန်းကို ပြုံးသွားစေသည်။ သို့သော် ထိုစကားလုံးများ နောက်ကွယ်ရှိခက်ခဲမှုကိုသတိရကာ သက်ပြင်းချလိုက်လေသည်။
"မင်းရဲ့အစ်ကိုကလဲ ဦးလေးဆီကပဲ သင်ခဲ့တာ။ သူ့ရဲ့လက်ရာက ဦးလေးထက်တောင် အံ့ဩစရာကောင်းသေးတယ်"
လူကြီးတစ်ယောက်နှင့် ကလေးငယ်နှစ်ယောက်မှာ အနည်းငယ် ညှိုးငယ်သွားပုံပေါ်သည်။
ချန်းယိုထျန်းသည် ရှန်းအန်း၏နောက်ကျောကို ပုတ်လိုက်၏။
"ဆက်ပြီးသာ သင်ယူပါ၊ သားကို ဦးလေး သင်ပေးမယ်"
သူသည် လက်သမားပညာ၏ အခြေခံသဘောတရားများနှင့် နည်းစနစ်များကို ရှန်းအန်းအား အလုပ်လုပ်နေစဉ်တွင် အမှန်ပင် စတင်ရှင်းပြခဲ့ပြီး ရှန်းနဉ်သည်လည်း အနားတွင် နားထောင်နေလေသည်။
သူတို့၏လေးနက်သည့်စကားဝိုင်းကိုမြင်တော့ စန်းလော့သည် ကြားဖြတ်မပြောတော့ဘဲ ကောက်ရိုးအချို့ကို ယူရန်နှင့် လမ်းတွင်ဂေါ်ပြားတစ်ခုငှားရန်အတွက် ချန်းအဘွား၏အိမ်သို့ ဆင်းသွားလေသည်။
အဘွားအိုသည် စန်းလော့တစ်ယောက် ဘာကြောင့်ကောက်ရိုး လိုအပ်သည်ကို မမေးခဲ့ပေ။ ယခုနှစ်တွင် ကောက်ရိုးများပေါများ၏။ သူမသည် အစည်းကြီးတစ်စည်းကို အဆင်သင့်စည်းထားလိုက်လေသည်။
စန်းလော့သည် ထိုမျှအများကြီးကို အမှန်တကယ် မလိုအပ်သော်လည်း ကြက်နှင့်ဘဲအသိုက်များတွင် မကြာခဏ အစားထိုးလဲလှယ်ရန် လိုအပ်ကြောင်းကို ထည့်သွင်းစဉ်းစားကာ အပိုအချို့ကို သိမ်းဆည်းထားခြင်းမှာ အသုံးဝင်နိုင်သည်ဟု သူမက ယူဆလိုက်လေ၏။ သူမက အဘွားအိုကိုကျေးဇူးတင်စကားပြောခဲ့ပြီး ဂေါ်ပြားနှင့် ကောက်ရိုးအစည်းကြီးကို သယ်ရင်း အိမ်သို့ပြန်လေသည်။
သူမသည် အိမ်ထဲသို့ပင်မဝင်ဘဲ အပြင်၌အလုပ်လုပ်နေလေ၏။ အိမ်ဆောက်လုပ်ရေးမှ ကျန်ရှိသော အဝါရောင်ရွှံ့စေးတစ်ပုံအား ကော်ထုတ်ကာ ထိုနေရာ၌ ရေနှင့် ရောစပ်လေတော့သည်။
အသံကြားသောကြောင့် ရှန်းအန်းနှင့်ရှန်းနဉ်တို့ အပြင်ထွက်လာချိန်တွင် စန်းလော့သည် ကောက်ရိုးများကိုရော မည့်ထဲသို့ထည့်ကာ ဖိနပ်ချွတ်ပြီး ရွှံ့ပေါ်သို့ နင်းရန်ခြေလှမ်းပြင်နေပြီဖြစ်သည်။
ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် ဤအလုပ်နှင့်ပို၍ရင်းနှီးကြလေသည်။
အိမ်ဆောက်နေစဉ်က သူတို့သည်ရက်အတော်ကြာ စောင့်ကြည့်ခဲ့ကြပြီး သူတို့ဘာသာသူတို့ ရွှံ့ပေါ်သို့နင်းရန်ပင် ကြိုးစားခဲ့ကြသေး၏။
မောင်နှမနှစ်ယောက်သည် အလျင်အမြန်ပင်
"မကြီး၊ ရွှံ့တွေနှယ်နေတာလား၊ ကျွန်တော်တို့ လုပ်ပေးမယ်လေ"
သူတို့က ခြေဗလာဖြင့်ပြေးသွားလိုက်ပြီး ဘောင်းဘီအနားများကို လိပ်တင်ကာ နှယ်နေသည့်ထဲသို့ ခုန်တက်ပြီး မေးလိုက်၏။
"မကြီး၊ ဒီရွှံ့တွေကို ဘာအတွက်သုံးမှာလဲ"
စန်းလော့က ပြုံးလိုက်လေသည်။
"သားတို့စုထားတဲ့ကျောက်စရစ်ခဲလေးတွေကို မှတ်မိလား။ ဒီနေ့ အဲ့တာတွေခင်းမှာ"
ချီယန်စီရင်စုသည် မကြာသေးမီက မိုးအနည်းငယ်ရွာခဲ့သော်လည်း နောက်ပိုင်းတွင် မိုးမရွာနိုင်ဟု မဆိုလိုပေ။ ကျောက်စရစ်လမ်းကို တတ်နိုင်သမျှ အမြန်ဆုံးခင်းခြင်းသည် အကောင်းဆုံးဖြစ်သည်။
ရွှံ့နယ်ရာတွင် ကလေးနှစ်ယောက်၏အကူအညီဖြင့် သူမသည် ကိုယ်တိုင်လုပ်စရာမလိုတော့ပေ။
သူမသည် လုပ်စရာသိပ်မလိုသော ခြံကို သပ်ရပ်အောင် လုပ်ရန်လှည့်ခဲ့လေသည်။ ရွှံ့စေးနှင့်ကျောက်စရစ်ခဲများအတွက် လမ်းကိုပြင်ဆင်ရန် အနည်းငယ်နှိမ့်ပြီး ခြစ်ယူကာ ထိုအရာကို ကပ်လျက်မြေနှင့် ညီညာအောင် သေချာလုပ်လိုက်သည်။
သူမသည် နောက်ပိုင်းတွင် အသုံးပြုရန်အတွက် ကျောက်တုံးများကို ခြင်းတောင်းတစ်ခုထဲသို့ ရွှေ့လိုက်၏။
သူတို့၏အလုပ်ကို သတိထားမိသောချန်းယိုထျန်းက ထိုအရာနှင့်ပတ်သက်ပြီး မေးလိုက်လေသည်။ ကျောက်စရစ်ခဲလမ်းခင်းနေခြင်းကို သိလိုက်ရတော့ ခြံကို အဘယ်ကြောင့် သိပ်သည်းကျစ်လစ်စေပြီးမှ ခင်းရသည်ကို နားမလည်ပေ။ သို့သော် သူသည် ဆက်မမေးတော့ဘဲ စန်းလော့တွင် အထူးသဖြင့် စာတတ်မြောက်သဖြင့် သူမ၏အကြောင်းပြချက်နှင့် စွမ်းရည်များ ရှိသည်ကို အသိအမှတ်ပြုလိုက်သည်။
သူ့ကိုယ်ပိုင်အလုပ်ကို ဆက်လုပ်နေသည်။
အရာအားလုံးကို ပြင်ဆင်ပြီးနောက် ယခုအချိန်တွင် ရွှံ့ကိုခြံထဲသို့သယ်ရန် ကိစ္စသာရှိလေသည်။
ကလေးငယ်များ၏ခြေထောက်များသည် ရွှံ့များပေနေသော်လည်း ဝုန်းဒိုင်းကြဲနေကြသည်။ ရွှံ့တွေသယ်လာသည့်စန်းလော့ကိုမြင်တော့ သူတို့သည် ရပ်တန့်လိုက်ကြ၏။
ရေအိုင်ထဲတွင် သူတို့ခြေထောက်ကိုဆေးပြီးနောက် ဖိနပ်များကိုပင် ပြန်မစီးတော့ဘဲ အထဲသို့ပြေးသွားကြလေသည်။
စန်းလော့သည် ပြင်ဆင်ထားသော လမ်းအောက်ခြေပေါ်သို့ ရွှံ့စေးကို တိုက်ရိုက်လောင်းချလိုက်ပြီး ခြင်းတောင်းကို ဘေးဖယ်ထားကာ ကလေးများနှင့်အတူ ကျောက်စရစ်ခဲများကို စတင်ရွေးချယ်လေ၏။
"အရင်ဆုံး၊ သိသာပြီး ပိုနက်တဲ့ ကျောက်စရစ်ခဲတွေကို ရွေးထုတ်လိုက်။ နောက်မှ အဲ့တာတွေကို ပန်းပုံစံတစ်ခု ဖန်တီးဖို့ သုံးမယ်"
ချန်းယိုထျန်းတစ်ယောက် ဇဝေဇဝါဖြစ်နေချိန်တွင် ကလေးနှစ်ယောက်သည် အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။
"လမ်းခင်းပြီးတော့ ပန်းတွေပါ စိုက်ဦးမှာလား"
ရှန်းနဉ်သည် စိတ်အလှုပ်ရှားဆုံးဖြစ်သည်။
"မကြီး၊ သမီးတို့ ပန်းကို ဘယ်လိုစိုက်ကြမှာလဲ"
စန်းလော့သည်လည်း ပျော်ရွှင်စွာဖြင့်ပါဝင်လေ၏။
"လာ၊ အစ်မ သင်ပေးမယ်"
သူမက အနက်ရောင်ကျောက်စရစ်ခဲများကို အသုံးပြု၍ ပန်းပွင့်ပုံစံ ပုံဖော်ရန် စတင်လိုက်လေသည်။
"ဒီလိုမျိုး၊ ညီမလေး လိုချင်တဲ့ပန်းပွင့်ပုံစံကို အကြမ်းပုံဖော် လိုက်လို့ရတယ်။ ပြီးတော့မှ အဲ့အထဲကို အရောင်တူကျောက်တုံးလေးတွေ ထည့်လိုက်"
အကြီးတစ်ယောက်နှင့် အငယ်နှစ်ယောက်ပါသော သုံးယောက်အဖွဲ့သည် ပန်းပွင့်ပုံစံများထဲသို့ ကျောက်တုံးများထည့်ရင်း ခေါင်းချင်းဆိုင်နေကြကာ ကမ်းကုန်အောင် ပျော်ရွှင်နေကြလေသည်။
ချန်းယိုထျန်းက စန်းလော့လိုအပ်သော ထမ်းပိုးများနှင့်ဘောင်များကို ပြုလုပ်ပြီးသွားသောအခါတွင် ရှန်းမိသားစု၏ ခြံဝင်းငယ်သည် တံခါးပေါက်မှ ပင်မအိမ်ဆီသို့ ကျောက်စရစ်လမ်း အကွေ့အကောက်များဖြင့် အလှဆင်ထားပြီး ပန်းပွင့်ဒီဇိုင်းများ အစုံအလင်ရှိလှသည်။
ချန်းယိုထျန်းက ဤအရာကို သူ့မိသားစုနှင့် မမျှဝေဘဲမနေနိုင်ပေ။
"စန်းလော့က တစ်ကယ်ကို အံ့ဩစရာကောင်းလောက်အောင် ပညာတတ်ပြီး ညဏ်ပညာရှိတာပဲ။ ကလေးနှစ်ယောက် စာဖတ်သင်ဖို့အတွက် ငါ့ကို သဲဗန်းတစ်ခုလုပ်ပေးဖို့ အကူအညီတောင်းခဲ့တယ်။ ရှောင်အန်းနဲ့အားနဉ်တို့က တစ်ကယ်ကို ကံကောင်းကြတာပဲ။ ပြီးတော့ သူတို့ခြံထဲမှာရော ပန်းပွင့်ပုံစံနဲ့ ကျောက်စရစ်လမ်း တောင်ခင်းထားသေးတယ်"
ချန်းလောင်ဟန်၊ ချန်းအဘွား၊ ချင်ဖန်းညန်၊ ချန်းအာ့ရှန်နှင့် ကလေးမလေးတို့ အားလုံး ပဟေဠိဖြစ်သွားကြလေသည်။
"လမ်းပေါ်မှာ ဘယ်လိုမျိုး ပန်းစိုက်တာလဲ"
သူမ၏ အဓိကတာဝန်ကို မေ့မထားဘဲ ထွက်ခွာခါနီးတွင် စန်းလော့သည် အနီးနားရှိ ရွာများတွင် တို့ဟူးရောင်းရန် သယ်သွားလိုသေးလားဟု ချန်းယိုထျန်းအား မေးမြန်းလိုက်သည်။
မူလစိတ်ကူးမှာ ချန်းအဘွားအတွက် ဈေးတွင်ရောင်းရန်ဖြစ်သည်။ သို့သော် ဈေးကြီးမှာ ငါးရက်တစ်ကြိမ်သာလျှင် ရောင်းချသောကြောင့် စန်းလော့သည် ရွာများတွင်တို့ဟူးရောင်းချခြင်းမှာ အလားအလာရှိပြီး ပဲနှင့်အခြားပစ္စည်းများဖြင့် ရောင်းဝယ်ဖောက်ကားနိုင်ကြောင်း တွေ့ရှိလေ၏။
စန်းလော့၏ရည်ရွယ်ချက်မှာ ပဲများကို ပြန်ရောင်းဝယ်လျှင်လည်း ကိစ္စမရှိပေ။ ပဲများကို သူ့နေရာနှင့်သူ တို့ဟူးအတွက်လဲလှယ်နိုင်သည်။ သို့မဟုတ် ပိုလျှံလျှင်လည်း ဝယ်ယူလို့ရနိုင်၏။
ပဲပိစပ်ကို ရွာတော်တော်များများတွင် တို့ဟူးနှင့် လဲလှယ်ကြပြီး အားလုံးကို ဝယ်ခဲ့မည်ဆိုလျှင်ပင် ပမာဏအများကြီးတော့ မရှိပေ။ တို့ဟူးလုပ်ရာတွင် အများစုကို စားသုံးကြသည်။
အမျိုးသမီးချန်းသည် ဤအကြံပြုချက်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး သူမ၏ပေါင်များကို ပုတ်လိုက်လေသည်။
"ဟုတ်ပါတယ်၊ အဲဒါ အရမ်းကောင်းတယ်။ အလုပ်များတဲ့ စိုက်ပျိုးရာသီမှာ အမေသွားမယ်။ အလုပ်ပါးတဲ့ရာသီမှာ သမီး သွားလို့ရတယ်။ အခု အမေတို့မိသားစုမှာ ၀င်ငွေအရင်းအမြစ် နှစ်ခုရှိပြီပဲ"
အဘွားအိုသည် အရမ်းပျော်ရွှင်နေပြီး စက်ဝိုင်းပုံ နီးနီးလှည့်ပတ်ကာ စန်းလော့ကို မည်သို့အကောင်းဆုံးကျေးဇူးတင်ရမည်ကို တွေးနေမိသည်။
သူမဘဝတွင် အကောင်းဆုံးကံကြမ္မာသည် စန်းလော့ကို ဆန်နှစ်လီတာနှင့် သကြားညိုနှစ်ခဲဖြင့် ကူညီခဲ့သည့်ညဖြစ်နိုင်သည်ဟု သူမ ခံစားရလေသည်။
......
နောက်တစ်နေ့တွင် ချင်ဖန်းညန်က ကုန်ပစ္စည်းများလာယူသည့်အခါ မနက်ခင်း အလင်းရောင်ဖျော့ဖျော့တွင် အစီအစဉ်ကျနေသည်ကို မြင်လိုက်ရ၏။
ဘယ်လိုတောင်ပြီးသွားတာလဲ။
ချန်းယိုထျန်းနှင့်အတူပါလာသော မိသားစုသုံးစုမှ အမျိုးသမီးများ ရောက်ရှိသောအခါ စီရင်စုခရီးအတွက် ချန်းယိုထျန်း၏လှည်းကို အားလုံးအသုံးပြုကြမည်ဟု နားလည်ကြလေသည်။ ချန်းယိုထျန်းသည် မနေ့က စန်းလော့နှင့် သူ့လိုအပ်ချက်များကို ဆွေးနွေးပြီး သူ၏အမှာစာများကို ကောက်ယူရန် ထိုနေရာတွင် ရှိနေ၏။
ကန်းရှီနှင့် အခြားသူများသည် ချန်းမိသားစုတွင် ဆိုင်နှစ်ဆိုင်ရှိကြောင်း၊ ချန်းယိုထျန်းသည် ပတ်ဝန်းကျင်ကျေးရွာများနှင့်မြို့များတွင် လုပ်ငန်းကို ကိုင်တွယ်ဆောင်ရွက်နေကြောင်း သိလိုက်ရသည်။
သူတို့က အားကျနေကြသော်လည်း နှိုင်းယှဉ်မရသည်ကိုတော့ သိလေသည်။ စန်းသည် အစပိုင်းတွင် ငတ်သေလုနီးပါးဖြစ်ပြီး ညသန်းခေါင်အချိန်၌ တောင်ပေါ်သို့ သကြားနှင့်စပါးများကို ယူဆောင်လာသော အဘွားချန်းမှ ကယ်တင်ထားကြောင်းကို ခပ်ရေးရေးကြားသိကြရ၏။
ထိုသံယောဇဉ်သည် နှိုင်းယှဉ်၍မရပေ။
ကန်းရှီနှင့်ဖန်းလျိုညန်တို့သည် စီရင်စုမှပြန်လာပြီးနောက် သူတို့၏ တို့ဟူးအမှာစာကို အပြီးသတ်လိုက်ပြီး တစ်နေ့တာအတွက် သူတို့၏ရောင်းချမှုပမာဏကို သတ်မှတ်ရန် မထွက်ခွာမီတွင် စန်းလော့အား ပြောလိုက်၏။
စန်းလော့တွင် ကန့်ကွက်စရာမရှိပေ။ သူမထံတွင် လက်ရှိ၌ ပဲပိစပ်အလုံအလောက်နှင့် နတ်သမီးသစ်ပင်မှအရွက်များကို ခူးရန်အချိန်အလုံအလောက် ရှိနေသရွေ့ နေ့လည်ဘက်အထိ ချင်ဖန်းညန်နှင့်ချန်းယိုထျန်းတို့အမှာကို စောင့်ရသည်ကိုလည်း ကျေနပ်ပါသည်။
......
မနက်စောစောတွင် ကလေးမလေးသည် ရှန်းနဉ်ကို ရှာရင်း ခြံထဲသို့ဝင်ရောက်လာ၏။
သူမက ခြံဝင်းအတွင်းရှိ ကျောက်စရစ်ခဲလမ်းကို ခဏတာ အံ့ဩသွားလေသည်။
"ဒါဆို ဒါက ပန်းတွေ ခင်းထားတဲ့ပုံပေါ့"
ရှန်းနဉ်သည် ကျောက်စရစ်ခဲလမ်းခင်းရာတွင် အတူတကွအလုပ်လုပ်ခဲ့ကြသည်ကို ဂုဏ်ယူနေ၏။
"လှတယ်မလား။ ဘယ်လိုလုပ်ရမလဲဆိုတာ ငါတို့ယောင်းမက သင်ပေးတာလေ။ ဒီပုံစံနဲ့ဆို မိုးရွာတဲ့နေ့တွေလဲ လမ်းကနေ အိမ်ကိုလျှောက်သွားတဲ့အခါ ငါတို့ ဖိနပ်တွေ မညစ်ပတ်တော့ဘူးပေါ့။ ခြံထဲကနေ အပြင်ဘက် အိုင်အထိကိုပါ နောက်တစ်လမ်းခင်းမလို့စီစဉ်ထားတယ်"
ကလေးမလေးက အားကျမှုအပြည့်နှင့်ပင်။
"လှတယ်၊ နောက်တစ်လမ်း ခင်းဦးမလို့လား။ ကျောက်တုံးအလှလေးတွေ လုံလုံလောက်လောက် ရှိသေးလို့လား။ ကျောက်တုံးတစ်ချို့ကို ကူရှာပေးမယ်လေ"
သို့သော် ရှန်းနဉ်က ခေါင်းခါလိုက်၏။
"အပြင်ဘက်က ကျောက်တုံးတွေက သေးပြီး လှစရာမလိုပါဘူး။ ငါတို့ယောင်းမကတော့ နဲနဲလေးပိုကြီးတဲ့ဟာတွေကို သုံးလို့ရတယ်ပြောတာပဲ။ တစ်ဖက်က ပြားနေသရွေ့ ပုံစံက အရေးမကြီးပါဘူး။ အကုန်လုံးကို ဆက်လိုက်ရင် အရမ်းကြည့်ကောင်းသွားမှာပါ"
နူးညံ့သိမ်မွေ့မှုနှင့် ရိုးရှင်းမှုနှစ်ခုစလုံးတွင် အလှတရားများရှိသည်။
ရှန်းနဉ်သည် ထိုသဘောတရားကို နားမလည်သော်လည်း ကြည့်ကောင်းပုံပေါ်နေသရွေ့ အဆင်ပြေပါသည်။
"နင့်ယောင်းမက စာဘယ်လိုဖတ်ရလဲဆိုတာ သင်ပေးနေတားလား။ နင် ဘာတွေသင်နေလဲ"
"ငါတို့နာမည်တွေ။ ငါနဲ့ငါ့အစ်ကိုကြီးရဲ့နာမည်တွေပေါ့။ 'ရှန်း'ရဲ့ပုံစံက အရမ်းခက်တယ်။ 'နဉ်'ကို ဘယ်လိုရေးရလဲဆိုတာတော့ သင်ပြီးပြီ"
စိတ်လှုပ်ရှားနေသောရှန်းနဉ်က ကလေးမလေးကို ခြံဝင်းထဲသို့ခေါ်သွားကာ သူမ၏သဲဗန်းလေးကိုဆွဲထုတ်လိုက်ပြီး တုတ်တစ်ချောင်းဖြင့် လှုပ်နေသော 'နဉ်' ပုံစံကို ဆွဲပြလိုက်၏။
ကလေးမလေးက စာရေးနည်းကို နားမလည်သော်လည်း သူ့သူငယ်ချင်းတစ်ယောက် အရမ်းပျော်နေသည်ကို တွေ့ရသောအခါ အားကျမိလေသည်။
"ငါဆို ငါ့နာမည်ကို ဘယ်လိုရေးရမလဲတောင် မသိဘူး"
ရှန်းနဉ်သည် စဉ်းစားချင့်ချိန်လိုက်ပြီး
"ငါ့နာမည် ဘယ်လိုရေးရလဲဆိုတာကို သင်ပြီးတာနဲ့ နင့်နာမည် ဘယ်လိုရေးရလဲဆိုတာကို ယောင်းမကို မေးလိုက်မယ်။ ပြီးရင် ငါနင့်ကို ပြန်သင်ပေးမယ်လေ"
"အေး၊အေး"
ကလေးမလေးက ရွှင်မြူးစွာဖြင့် ပြောလိုက်၏။
"အချိန်ကျတာနဲ့ ကျောက်ခဲတွေ ကူစုပေးမယ်နော်"
နောက်ဆုံးတွင်တော့ ကျောက်တုံးကြီးများသာ် နေရာတိုင်းတွင်ပေါများနေပါသည်။
စကားစမြည်ပြောနေစဉ်တွင် ရှန်းနဉ်က တစ်ခုခုကို သတိရကာ သိချင်သောကြောင့်မေးလိုက်၏။
"အခုတစ်လော ရှန်းကျင့်နဲ့တစ်ခြားသူတွေကို တွေ့မိသေးလား"
သူတို့က ရက်အတော်ကြာအောင် ရှန်းကျင့်လုပ်လေ့မရှိသော သူမအိမ်သို့ လာမလည်ပေ။
ဤပြောပြချက်အရ ကလေးမလေးက ခေါင်းညိတ်ပြလိုက်၏။
"တွေ့မိတယ်။ ထျန်းယာကို ကြည့်ရှုဖို့ အိမ်မှာနေခိုင်းခဲ့တဲ့ ရှန်းထျယ်ကလွဲပြီး ရှန်းကျင့်နဲ့ရှန်းယင်တို့ကို လယ်ကွင်းထဲမှာ အလုပ်လုပ်ဖို့ ပို့ထားတယ်"
သူမက ရှန်းနဉ်နားသို့ ကိုင်းညွတ်ပြီး တိုးတိုးလေးပြောလိုက်၏။
"နင်တို့အိမ်မှာ စားတဲ့နေ့က အိမ်ပြန်ရောက်တော့ ရှန်းကျင့် အရိုက်ခံရတယ်။ အသံကတော့ တစ်ချက်မဟုတ်ရင်နှစ်ချက်ပဲ။ နောက်နေ့လဲကျရော လယ်ကွင်းထဲ အပို့ခံရတော့တာပဲ"
ရှန်းနဉ်သည် ဤတစ်ကြိမ်တွင် သူ့ဦးလေးနှင့်အဒေါ်တို့မှာ အဘယ်ကြောင့် သူတို့ကို အပြစ်ပေးခဲ့သည်ကို မသိပေ။ သူမ၏နေရေးထိုင်ရေး ကောင်းမွန်လာသောကြောင့် သူ့ဦးလေးနှင့်အဒေါ်တို့၏ စိတ်ခံစားချက်များကို သည်းခံရန် မလိုအပ်တော့သဖြင့် အလုပ်များသည့်ကြားထဲမှ သူမ၏စိတ်ကို ဖယ်ထားလိုက်မိပါတော့သည်။
ရှန်းကျင့်သည် လယ်ကွင်းများတွင် အလုပ်လုပ်နေသည်မှာ အထူးအဆန်းမဟုတ်ပေ။ သူမနှင့်သူ့အစ်ကိုကြီးသည် ခုနစ်နှစ်သားအရွယ်မှစ၍ အလုပ်မျိုးစုံကို ထမ်းဆောင်ခဲ့ရသည်။
ရှန်းနဉ်ကတော့ သိပ်မတွေးပေ။
ရှန်းနဉ်သည် အသီးအရွက်များကို ရေလောင်းပြီး တန်ဖိုးထားရသောသဲဗန်းကို ပြန်ရွှေ့ရင်းဖြင့် နှစ်ယောက်သား စကားစမြည်ပြောနေကြသည်။ ထို့နောက် သူမသည် ကြက်များအစာကျွေးရန်အတွက် တောဟင်းရွက်သွားခူးရန် ကလေးမလေးအား ခေါ်သွားလေ၏။
ကလေးမလေးက သိချင်သောကြောင့်မေးလိုက်၏။
"နင့်ရဲ့အစ်ကိုကို မမြင်မိပါလား"
ခြံတံခါးကိုပိတ်ရင်း ရှန်းနဉ်က ပြန်ပြောလိုက်၏။
"သူအလုပ်ရှုပ်နေတယ်"
သူတို့အလုပ်ရှုပ်နေသောကြောင့် မည်သည့်စကားမှမပြောဖြစ်ခဲ့ပေ။
သူတို့သည် ခြံနောက်ဖေးရှိ ပိတ်ထားသောတံခါး၏နောက်တွင် စွံပလွန်မုန့်များကို အခြောက်လှန်းခြင်းနှင့်အတူ အလုပ်များနေကြသည်။
ခြံနောက်ဖေးတွင် ရှန်းအန်းနှင့်စန်းလော့နှစ်ယောက်လုံးသည် ပစ္စည်းများကို အခြောက်ခံရင်းအလုပ်များနေကြ၏။ မြေပြင်ကို ကျောက်တုံးများဖြင့် စီတန်းထားပြီး အဝိုင်းပုံလှေ့ခြင်းတောင်းကြီး နှစ်လုံးကိုလည်း ဖြန့်ကျက်ထားသည်။ ခြံတံခါးပိတ်သည်ကို ကြားတော့ ရှန်းအန်းက ပြောလိုက်၏။
"မရီး၊ သားတို့ လှေ့ခြင်းတောင်း နည်းနည်းလောက် ထပ်မလိုဘူးလား။ ဒါတွေက မလုံလောက်ဘူးလေ။ တစ်ကြိမ်ထဲနဲ့ အများကြီးလုပ်လို့မရဘူး"
သူက သူတို့ခြံ၏အရွယ်အစားကိုချင့်ချိန်ကာ အကြံပြုလိုက်၏။
"နောက်ထပ်လေးခုလောက် လိုသေးတယ်။ ဒါဆိုရင် သားတို့က အဲ့တာတွေကို ဖြန့်ပြီး တစ်ပြိုင်နက်ထဲ လေးသုတ် ခြောက်အောင်လုပ်လို့ရပြီ"
စန်းလော့က ပြုံးလိုက်လေသည်။
"လေးခုထဲမဟုတ်ဘူး။ စင်တွေအများကြီးလုပ်ပြီး အလွှာလိုက်တင်လို့ရတယ်။ ငါတို့ တစ်ဒါဇင်မကကို တပ်ဆင်နိုင်တယ်"
"ဘယ်လိုစင်မျိုးတွေလဲ"
စန်းလော့က သိသာအောင် ခြေဟန်လက်ဟန်ဖြင့်ပြောလိုက်၏။
"ခဏလောက် စဉ်းစားကြည့်ရအောင်"
လေးခုက မလုံလောက်ပေ။ သူမသည် အခြောက်ခံထားသော ဝဥများကို သိုလှောင်ရန်လည်း လိုအပ်သေးသည်။
ဝဥသည် တူးပြီး ချက်ချင်းအသုံးပြုနိုင်ရုံသာမက၊ ခုတ်ထစ်ပြီး အခြောက်ခံကာ အချိန်အကြာကြီး သိမ်းဆည်းထားနိုင်သည်။ ဝဥတို့ဟူးအတွက် လိုအပ်သောအခါ ဝဥအခြောက်ကို ကျောက်ငရုတ်ဆုံထဲတွင် အမှုန့်ဖြစ်အောင် ထောင်းပါက အသုံးပြုရန် အသင့်ဖြစ်နေပြီဖြစ်သည်။
စွံပလွန်မုန့်များကို အခြောက်ခံရန် စီစဉ်ပြီးနောက် မြေအိုးတစ်လုံးကို ယူထုတ်လာကြ၏။ နောက်ခြံတံခါးကို ပိတ်ပြီး အိုးကို ဆေးကြောပြီးနောက် မရီးနှင့်မတ်တို့သည် အခြောက်ခံစင်များ မည်သို့ဆောက်ရမည်ကို ခြံထဲတွင်ခင်းထားသည့် သစ်သားပုံကြီးနှင့်အတူ အလက်သမားအတတ်သင် လူသစ်နှစ်ယောက်သည် အတူတကွခေါင်းချင်းရိုက် အဖြေရှာနေကြတော့သည်။
...
......
"ဦလေးယိုထျန်း"
You are reading the story above: TeenFic.Net