အပိုင်း (၅၇)

Background color
Font
Font size
Line height


အပိုင်း (၅၇)

ရွာတစ်ရွာလုံးက စပါးရိတ်သိမ်းခြင်းဖြင့် အလုပ်များနေချိန် စန်းလော့လည်း မ‌အားနေချေ။ အပိုငွေမရှိဘဲ ပဲပိစပ်နှစ်ဘူးသာရှိသည့် သူမက စီရင်စုသို့ မသွားတော့ရန် ဆုံးဖြတ်လိုက်လေသည်။ သို့သော် ထို့အစား ဒေသခံရွာများကို ဖြတ်ပြီး သူ့ပစ္စည်းများကိုသယ်ကာ လမ်းတကာရောင်းချတော့သည်။

စန်းလော့သည် ငွေကိုသာမက အစေ့အဆန်များ၊ ပဲများ၊ ဟင်းသီးဟင်းရွက်များ သို့မဟုတ် ဥများနှင့်လည်း ရောင်းဝယ် ဖောက်ကားသည်ကို လက်ခံ၏။ ထို့ကြောင့် သူမလုပ်ငန်းသည် စီရင်စုမှာကဲ့သို့နီးပါး အောင်မြင်ခဲ့သည်။ အာဟာရပြည့်သည်ဟုဆိုနိုင်သော လတ်ဆတ်သည့်အစားအစာများကို ငွေအသုံးမပြုဘဲ လဲလှယ်နိုင်သည်။ အလုပ်များသော စိုက်ပျိုးရာသီတွင် မိသားစုအများစုသည် တစ်တုံးလောက်ဝယ်ရန်တော့ ဆန္ဒရှိကြသည်။

သူမက ဟင်းသီးဟင်းရွက်များက မြန်မြန်ပုပ်ဆွေးသွားသောကြောင့် အများကြီး လက်မခံခဲ့ချေ။ တစ်ခြားပစ္စည်းများကိုတော့ ကန့်သတ်မထားသော်လည်း အစေ့အဆန်များနှင့်ဥများသည် လယ်သမားများအတွက် အလွန်အဖိုးတန်သောကြောင့် အရောင်းအဝယ်အများစုတွင် ပဲပိစပ် အများဆုံးပါဝင်လေသည်။

အလုပ်များသည့်ရာသီပြီးနောက် မိသားစု သုံးစုအား တို့ဟူးထောက်ပံ့ရန်လိုအပ်‌လေရာ ထိုအရာသည် စန်းလော့၏ လိုအပ်မှုများအား အပြည့်အဝအဆင်ပြေစေ၏။ နောက်ထပ်ရက် အနည်းငယ်အတွင်းတွင် ရရှိထားသောပဲစေ့များကို တို့ဟူးလုပ်ရန်အတွက် သုံးရင်း စီရင်စုသို့ မသွားရန်ဆုံးဖြတ်လိုက်ပြီးနောက် တစ်ရွာဝင်တစ်ရွာထွက် ရောင်းရမည်။

နေ့လည်ရောက်တော့ သူမက ချန်းအိမ်သို့သွားပြီး တံစဉ်နှင့်ပေါက်ပြားအသေးတစ်ခုကို ငှားလိုက်၏။ ထို့နောက် တောင်တွေဆီသို့ ဦးတည်သွားကာ ဘယ်သူမှပါဝင်ခြင်းမရှိဘဲ စွန်ပလွန်သီးနှင့်ဝဥများကို ဆွတ်ခူးရန်အာရုံစိုက်လိုက်လေသည်။

ခြံဝင်းတစ်ခုရှိခြင်းက စန်းလော့အတွက် အရာအားလုံးကို အများကြီး ပိုလွယ်ကူစေသည်။ မီးဖိုချောင်ထဲတွင် စွန်ပလွန်သီးလုပ်နေစဉ် တံခါးသော့ခတ်ထားနိုင်ပြီး ထို့နောက် ထိုအရာများကို ခြံဝင်းထဲတွင် အခြောက်ခံလို့ရနိုင်သည်။ ကြက်များနှင့်ဘဲများကို အပြင်ဘက်လှောင်အိမ်သို့ ရွှေ့ထားလိုက်၏။ ဘဲပေါက်သုံးကောင်အတွက် စန်းလော့၏လှောင်အိမ်ကို ပုံစံယူထားသော ဘဲလှောင်အိမ်ပင်ရှိပြီး ရှန်းအန်းနှင့်ဟူကျီတို့၏ လက်ရာများပင်။

စန်းလော့သည် ဝဥကို ပထမဆုံးအကြိမ် ပြန်ယူလာသောအခါ ရှန်းအန်းနှင့်ရှန်းနဥ်တို့မှာ အထိတ်တလန့် ဖြစ်ကြသွား‌သည်။

"မကြီး၊ ဘာလို့ မြွေခေါင်းမြက်တွေကို ခူးလာတာလဲ။ အဲ့တာ အဆိပ်ရှိတယ်နော်။ စားမိရင် လူကိုပါသေစေနိုင်တယ်"

သူတို့က ထိုအရာကိုလွှင့်ပစ်ရန် စန်းလော့အား ဖျောင်းဖျနေကြသည်။

ရှန်းနဉ်သည်လည်း အထိတ်တလန့်ဖြစ်နေ၏။

"မကြီး၊ ကျေးဇူးပြုပြီးလွှင့်ပစ်လိုက်ပါ။ အဲ့တာကို ထိလိုက်သေးလား။ လက်ကို သန့်သွားအောင်ဆေးလိုက်အုံး။ ဒါဆို နောက်ကျရင် စားရင်းနဲ့အဲ့အရည်ကို မတော်တဆ မသောက်မိတော့ဘူး"

စန်းလော့က သူတို့၏စိုးရိမ်မှုအဆင့်ကို နားလည်လေသည်။

ဝဥအစိမ်းကို စနစ်တကျမပြင်ဆင်ဘဲ စားပါက ထိုအပင်တစ်ပင်လုံးက အဆိပ်အတောက် အမြင့်ဆုံးဖြစ်စေပြီး သေစေနိုင်သည်။ သို့သော် မှန်ကန်စွာ လုပ်ဆောင်ပါက ထိုအရာသည် ထင်သလောက် ကြောက်စရာမဟုတ်ပေ။

"မင်းတို့က ဒီအပင်ကို မြွေခေါင်းမြက်လို့ခေါ်တာလား"

ကလေးနှစ်ယောက်လုံးက ခေါင်းညိတ်ပြလိုက်ကြသည်။

"ဟုတ်တယ်။ အဲ့တာကို မကောင်းဆိုးဝါးဥ လို့လဲခေါ်ကြသေးတယ်။ အဲ့တာကို မထိဖို့ လူကြီးတွေက အမြဲတမ်းသတိပေးတယ်။ ပြီးတော့ မတော်တဆစားမိမှာစိုးရိမ်လို့ အနီးနားမှာတွေ့တိုင်း ရွာသားတွေက အမြစ်က‌နေဖြတ်ပစ်တယ်လေ"

စန်းလော့:....

သူမသည် အနီးအနားက တောင်များတွင် ဝဥကို မတွေ့ရသည့် အကြောင်းအရင်းကို အခုမှသာ သဘောပေါက်လေသည်။ ဒေသခံတွေက တမင် ရှင်းပစ်တာလိုက်တာပဲ။

မောင်နှမ‌နှစ်ယောက်က ဝဥကို ကြောက်ကြောက်ရွံ့ရွံ့ ကြည့်နေသည်ကိုမြင်တော့ စန်းလော့က ရှင်းပြလိုက်၏။

"အဆိပ်ကို အဆင့်ဆင့် ပြင်ဆင်ပြီး ဖယ်လို့ရတယ်။ မစားခင်မှာ ဒါက မှန်ကန်တဲ့ အစားအသောက် ဖြစ်အောင် သေချာလုပ်ရုံပဲ"

ထိုအပင်မှာ ထင်ထားသလောက်ကြောက် စရာမကောင်းပေ။ အပင်တွင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများလည်းရှိ နေပါသည်။ သူမ၏ယခင်ဘဝတွင် ဝဥသည် သူမအခြေအနေအတွက် အနည်းငယ်သော အကျိုးကျေးဇူးကိုပေးသောကြောင့် သူမအတွက် ထိုအရာကို တခါတလေမှသာ လုပ်စားဖြစ်သည်။

သူမက တောင်ကျစမ်း၏အောက်ဘက်ရေစုန်တွင် ဝဥကို ဆေးကြောလိုက်သည်။ မောင်နှမနှစ်ယောက်က သူမကို ဖျောင်းဖျဖို့ ဆက်လက်ကြိုးစားနေသည်ကို မြင်သောအခါ စန်းလော့သည် စာတစ်ပိုဒ်ကို သတိရမိ၏။

"သူ့ဥယျာဉ်မှာ ဝဥနဲ့အနီရောင်ချယ်ရီ၊ လယ်ထဲတွင် ဥပင်များနဲ့ဘူးပင်တွေ ပေါက်တယ်"

မှတ်ချက်ပြောထားတာက

"ဝဥအပင်ရဲ့အမြစ်ဟာ ကြီးမားပြီး ဆယ်ပေါင်ဝန်းကျင်လေးကာ အရောင်ကလဲ ဖြူဆွတ်နေတယ်။ ပြာရည်နဲ့ကျိုတဲ့အခါ အဲ့တာက ပျစ်ခဲလာပြီး ယမကာခါးခါးနဲ့စိမ်ပြီး စားလို့ရတယ်။ ရှီလူမျိုးတို့က အလွန်တန်ဖိုးထားကြပါတယ်"ဒါသည် သူတို့ပြောခဲ့သည့် မကောင်းဆိုးဝါးဥကို ရည်ညွှန်းခြင်းဖြစ်သည်။

စန်းလော့က သူမ၏ယခင်ဘဝမှ ဝဥအကြောင်း မှတ်တမ်းဗီဒီယို လုပ်နေစဉ်တွင် ဤသည်မှာ ကျင့်မင်းဆက်မှ ကျန်ရစ်သူများ၏ "ရှူမြို့တော်တမ်းချင်း" ထဲက စာပိုဒ်ဖြစ်သည်ကို မှတ်မိလေသည်။

ဟုတ်ပါတယ်၊ သူမရဲ့လက်ရှိလောကမှာတော့ ကျင့်မင်းဆက် ဒါမှမဟုတ် ကျန်ရစ်သူဆိုတာ မရှိပါဘူး။ ဝဥကို တရားဝင်ကိုးကားချက်များနဲ့ အမှန်တကယ်ပင်စားလို့ရကြောင်းကို ကလေးများယုံကြည်စိတ်ချမည့် အကြောင်းအရာကို သုံးကာ ထိုစာအုပ်ရဲ့အရင်းအမြစ် ဒါမှမဟုတ် နာမည်ကိုပင် အတိအကျဖော်ပြခြင်းမရှိဘဲ မရေမရာသာ ပြောပြလိုက်လေသည်။

စန်းလော့၏ရှင်းပြချက်ကိုကြားတော့ ရှန်းအန်းနှင့်ရှန်းနဉ်တို့၏ အမူအရာမှာ သိသိသာသာ စိတ်သက်သာရာရသွားလေ၏။ သူတို့သည် စကားလုံးတိုင်းကို နားမလည်သော်လည်း ယေဘုယျဆိုလိုချက်မှာတော့ ရှင်းလင်းပါသည်။

"အဲ့တာကို တစ်ကယ်ပဲ စားလို့ရလား" ရှန်းနဉ်သည်အနည်းငယ် သံသယဝင်နေသေး၏။

ကလေးဘဝမှစ၍ ရွာသားများသည် ဤအပင်ကို စားလို့မရကြောင်း ထပ်ခါထပ်ခါ သတိပေးခြင်းကိုခံခဲ့ရသည်။ သေးငယ်သည့် လက္ခဏာများတွင် လျှာနှင့်လည်ချောင်းစပ်ခြင်းကို ဖြစ်စေပြီး သို့မဟုတ် ပြင်းထန်သည့် အခြေအနေတွင် သေစေနိုင်သည်။

ဤအပင်နှင့်ပတ်သက်သည့် သူတို့၏ခံယူချက်များကို ပြောင်းလဲဖို့က လက်ရှိအချိန်မှာတော့ စိန်ခေါ်မှုတစ်ခုပင်။

စန်းလော့က ပြုံးလိုက်၏။

"ရတယ်။ အဲ့တာက စားလို့ရတယ်။ အစ်မ အဲ့တာကိုလုပ်နေတဲ့အချိန် အနီးကပ်သာ စောင့်ကြည့်လိုက်။ စိတ်ချရအောင်လို့ စဉ်းတီတုံး သက်သက်သုံးကြရအောင်။ သစ်သားဇလုံကို မသုံးတာပိုကောင်းမယ်။ အဲ့အစား မြေပန်းကန်လုံးကိုသုံးပြီး သေချာဆေးကြောရအောင်"

နောက်ဆုံးတော့ သူတို့သည် အစားအသောက်လုပ်သည့် လုပ်ငန်းတွင် ပါဝင်တာကြောင့် စေ့စပ်တိကျရန်မှာ အရေးကြီးလှသည်။

စဉ်းတီတုံးပြုလုပ်ခြင်းသည် ဗျာများသောကိစ္စ မဟုတ်ပေ။ ချန်းယိုထျန်း ပြုပြင်ထားသည့် လက်ကျန်ပစ္စည်းများမှ သင့်တော်သော သစ်သားငုတ်ကို ယူလိုက်လေ၏။ ထိုအရာကို သန့်ရှင်းရေးလုပ်လိုက်ပြီးနောက် ခြံနောက်ဖေးတွင် အသုံးပြုရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ဝဥပြင်ဆင်ခြင်းသည် လက်ဝင်သောအလုပ်ဖြစ်၏။ ပုံမှန်အားဖြင့် ရာဘာလက်အိတ်များမှာ မရှိမဖြစ်လိုအပ်သော်လည်း စန်းလော့သည် ဤခေတ်တွင် ရှာရန်မတတ်နိုင်ပေ။ သူမသည် ပင်စည်၏ တစ်စိတ်တစ်ပိုင်းကို မထိဘဲထားခဲ့ပြီး ကျန်တစ်ဖက်နှင့် အခွံခွာနေစဉ် လက်တစ်ဖက်နှင့် ကိုင်ထားသည်။

ကြိုတင်ကာကွယ်မှုအနေဖြင့် သူမက မီးဖိုချောင်သို့သွားကာ ရှာလကာရည်ကို လက်ပေါ်လိမ်းလိုက်ကာ အခွံခွာခြင်းလုပ်ငန်း မစတင်မီတွင် မီးအပူပေးလိုက်၏။

အခွံခွာပြီးနောက် သူမက ဝဥကို အင်တုံတစ်ခုလုံးပြည့်အောင် သစ်ငုတ်ပေါ်တွင် အတုံးသေးသေးများအဖြစ် ခုတ်လိုက်သည်။ ထို့နောက် မီးဖိုချောင်ထဲသို့ သယ်သွားလေသည်။

ရှန်းအန်းနှင့်ရှန်းနဥ်တို့သည် အမြဲသတိရှိကြပြီး အိမ်ရှေ့တံခါးကို စောစော သော့ခတ်ထားကြသည်။ သုံးယောက်သား မီးဖိုချောင်သို့ရွှေ့သွားသောအခါ စန်းလော့သည် ဖွဲပြာမှုန့်အရည်ကို ကျွမ်းကျွမ်းကျင်ကျင် ပြင်ဆင်ထားသည်ကို တွေ့လေသည်။

အထူးသဖြင့် ချက်ပြုတ်ရာတွင်အသုံးပြုသည့် ဖွဲပြာအမျိုးအစားကို အိမ်ဆောက်ပြီးသည့်အချိန်ထဲက အိုးတစ်လုံးထဲတွင် သိမ်းဆည်းထားသောကြောင့် လိုအပ်သည့်အခါတိုင်းရနိုင်သည်။

စန်းလော့က ဖွဲပြာကိုယူနေတာတွေတော့ ရှန်းအန်းသည် ကော်ရည်လုပ်ဖို့ ပြာရည်ကိုစစ်ပြီး ကျိုပေးရတယ်ဆိုတဲ့ သူမ အစောပိုင်းက ပြောပြဖူးတဲ့ စကားပိုဒ်ကို သတိရသွားလေ၏။

ထိုအရာကို တိုက်ရိုက်ကျိုမည်ဟု ယူဆထားသော်လည်း ထိုသို့မဟုတ်ပေ။

စန်းလော့က ဝဥကိုဖွဲပြာရည်နှင့်ရောကြိတ်ရန်အတွက် ကလေးများကို ကြိတ်ခွဲစက်ဆီသို့ ဦးဆောင်သွားလေသည်။

အခက်ခဲဆုံးအပိုင်းမှာ အချိုးအစားများကို ထိန်းချုပ်ခြင်း ဖြစ်သည်။ သို့သော် သူမရဲ့ယခင်ဘဝတွင် အတွေ့အကြုံရှိခဲ့ဖူးသော စန်းလော့က လွယ်ကူစွာ ကိုင်တွယ်လိုက်လေသည်။ ကြိတ်ခြင်း၊ ရောစပ်ခြင်း၊ နူးညံ့ခြင်းနှင့် အနည်ထိုင်စေခြင်းပင်။

ထိုအရာ ခဲသွားရန်စောင့်နေစဉ်မှာတော့ သူမက ဖွဲပြာတစ်ချို့ကိုယူကာ အနောက်မှ လိုက်ပါလာသောကလေးနှစ်ယောက်နှင့်အတူ ခြံနောက်ဖေးသို့ သွားလိုက်ကြ၏။

ဝဥကိုလှီးတော့ သူမက အဖူးများကိုချန်ထားလိုက်သည်။ ယခုတွင် သူမသည် အဖူးများကို အပင်ပြာများဖြင့် အုပ်ထားလိုက်ပြီး ထိုအရာများကို ပေါက်ပြားအသေးတစ်ခုနှင့် ခြင်းတောင်းတစ်ခုထဲတွင် သယ်ရင်း အပင်ပြ န်စိုက်ဖို့အတွက်တောင်တွေဆီသို့ ပြန်သွားလေသည်။

စိုက်ပျိုးခြင်း။

ဟုတ်တယ်။ အဖူးတစ်ချို့ကို ဝဥပေါ်မှာချန်ပြီး ပြန်စိုက်တ,က ပြန်ကြီးထွားစေနိုင်တယ်။

အဆက်မပြတ် စားနပ်ရိက္ခာထောက်ပံ့မှုရရှိစေရန် ရိတ်သိမ်းခြင်းနှင့် ပြန်လည်စိုက်ပျိုးခြင်းစက်ဝန်းသည် မရှိမဖြစ်လိုအပ်ပါသည်။

ထိုအရာများ မကြီးထွားခင်တွင် ရွာသားများက ရှင်းလင်းလိုက်မည်ကို စိုးရိမ်နေသည့်စန်းလော့က တောအုပ်ထဲသို့ ပိုနက်သည်အထိ သွားကာ အိမ်မပြန်ခင် စွံပလွန်သီးအများအပြားကို စုဆောင်းလိုက်၏။ အိမ်ပြန်ရောက်ပြီး ခေတ္တအနားယူပြီးချိန်တွင်တော့ ဝဥတို့ဟူးက အဆင်သင့်ဖြစ်လို့နေသည်။

သူမက ထိုအရာကို ရေအေးထဲတွင် အတုံးကြီးကြီး လှီးဖြတ်လိုက်ပြီးနောက် အိုးတစ်လုံးထဲတွင် တစ်နာရီခွဲမျှ ပြုတ်ထားလိုက်သည်။

ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် ဖြစ်စဉ်တစ်ခုလုံးကို အံ့အားသင့်မှု၊ ဝမ်းသာမှု၊ မှင်တက်မှုတို့ဖြင့် မျက်မြင်တွေ့ခဲ့ကြ၏။

ရှန်းနဉ်က စဉ်းနေမိတော့သည်။ ရွာသားတွေအမြဲတမ်းပြောနေတဲ့ အဆိပ်ရှိတဲ့အပင်ကို တို့ဟူးလိုစားစရာအဖြစ် ပြောင်းလဲလို့ရတယ်တဲ့လား။

အမှန်ပင်။ သူ့ယောင်းမ၏ နည်းစနစ်ကျသောလုပ်ငန်းစဉ်ကို သတိပြုမိရာ ရှန်းနဉ်သည် ဤအပင်မှာ အမှန်တကယ်ပင် စားသုံးလို့ရသည်ဟု ယုံကြည်လေသည်။

ရှန်းအန်းကလည်း တွေးမိလိုက်သည်။ စာအုပ်တွေဖတ်တာက အကျိုးရှိလိုက်တာ။ နတ်သမီးတို့ဟူး၊ ပုံမှန်တို့ဟူးနဲ့ သူတို့အရင်က ကြောက်ရွံ့ခဲ့တဲ့ ဝဥအားလုံးက စာအုပ်ထဲက အသိပညာဆီက လာတာပဲ။

သို့သော် စန်းလော့သည် ယခုထိမပြီးသေးပေ။

ဤအဆင့်တွင် လုပ်ငန်းစဉ်မှာ မပြီးမြောက်သေးပေ။

စန်းလော့၏ယခင်ဘဝမှ အကြိုက်ဆုံးသရေစာမှာ ဝဥဂျယ်လီဖြစ်သည်။

သို့သော်လည်း နောက်ပိုင်းတွင် သူမ၏ကျန်းမာရေး ဆိုးရွားလာသည့်အခါ စပ်ပြီး၊ အဆီပြန်သော အရသာကို စားသုံးရန် မဖြစ်နိုင်တော့ပေ။ နောက်ဆုံးတွင်မူ ၎င်း၏ ခရီးရှည်ကြီးကြောင့် သူမသည် ထိုအရာကို ဗီဒီယိုသာ လုပ်နိုင်ခဲ့ပြီး နောက်ဆုံးထုတ်ကုန်ကို တောင်ပေါ်ရှိ အိမ်နီးချင်းများအား ပေးလိုက်ရလေသည်။

သူမသည် ပိုပြီး အရသာပေါ့်သည့် အစားအသောက်ပုံစံကို ပြောင်းလဲခဲ့ရပြီး အသီးအရွက်ဟင်းတစ်မျိုးကို မွှေကြော်လိုသာ လုပ်စားရသည်။

သည်ဘဝတွင်တော့ ငရုတ်သီးများ မရှိသော်ငြားလည်း သူမသည် နောက်ဆုံးတွင် ပြန်လည်ခံစားနိုင်တော့မည်ဖြစ်သည်။

သို့သော် အနီရောင်ချယ်ရီ၊ မုန်ညင်းစေ့၊ စီချွမ်ငရုတ်သီးနှင့် ငရုတ်ကောင်းအမည်းကဲ့သို့သော အခြားရွေးချယ်စရာများရှိသေးသည်။

ဥပမာ အနီရောင်ချယ်ရီဖြင့်ပင်လျှင် ငရုတ်ဆီ၏အာနိသင်ကို တုပနိုင်သည်။

အမှန်တော့ စန်းလော့သည် ရှေးခေတ်က ငရုတ်သီးအစားထိုး အရာများကို မည်သို့အသုံးပြုရမည်ကို မသိပေ။ သူမသည် ထိုအရာများနှင့်ပတ်သတ်ပြီး ယခင်ဘဝက အပန်းဖြေစာအုပ်များတွင်သာ ဖတ်ဖူးလေသည်။ သူမလက်ရှိခန္ဓာကိုယ်၏ မူလပိုင်ရှင်သည် ဤအရာများကို မသိသောကြောင့် သဘာဝအတိုင်းပင် သူမလည်း မသိခဲ့ပေ။

သူမက နောက်ပိုင်းတွင် အနီရောင်ချယ်ရီနှင့် စီချွမ်ငရုတ်သီးကဲ့သို့ အစားထိုးအရာများအကြောင်းကို လေ့လာရန်နှင့် အချို့အရာများကို ဆည်းပူးရန် နောက်မှ အဘွားချန်းအိမ်သို့ သွားလည်ဖို့ စီစဉ်ထားလေသည်။

ယခု သူမလုပ်ရမည့်အရာမှာ ဝဥတို့ဟူးကို အမဲအူကြမ်း၏ အသွင်အပြင်နှင့် ဆင်တူစေရန် ဖြတ်တောက်ခြင်းဖြစ်သည်။

ယခင်က ချက်ပြုတ်ထားသော ပါဝင်ပစ္စည်းများကို ကိုင်တွယ်ရာတွင် စန်းလော့သည် ဝဥတို့ဟူးကို ညင်သာစွာဆွဲခြင်းဖြင့် လိုချင်သောပုံစံ ဖန်တီးရန် တူတစ်စုံဖြင့်အလွယ်တကူ စီမံနိုင်လေ၏။

"ဟင်း... မိနစ်နှစ်ဆယ်လောက် ဆူအောင်မရသေးခင် အအေးခံဖို့ ရေခဲတုံးတွေသာ ရှိခဲ့ရင် ကြွပ်ရွမှုက ပြီးပြည့်စုံသွားမှာ"

ဟုတ်ပါတယ်၊ ရေခဲမရှိရင်တောင် အတော်လေးကောင်းနေပါသေးတယ်။

အမဲအူကြမ်းအတုသည် သူမလက်ထဲတွင် ပုံစံပေါ်လာလေသည်။ ငရုတ်ဆီနှင့်ရောပြီး အနည်းငယ်မျှ ချက်ပြုတ်ပြီးနောက် ဤအရာသည် မရပ်တန့်နိုင်အောင်ပင် စားချင်မည့်အရသာရှိသော ဟင်းတစ်ခွက် ဖြစ်ပေသည်။

ငရုတ်ဆီကိုမတွေ့ရသေးသော်လည်း ဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်တွေ့ခဲ့ကြသော ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် လုံးဝသဘောကျသွားကြ၏။

ဒီလောက် ကြည့်ရဆိုးတဲ့ မြွေခေါင်းမြက်ကို ဒီလိုပုံစံပြောင်းနိုင်မယ်လို့ ဘယ်သူက ထင်မှာလဲ။

စန်းလော့က ကြောင်အနေကြသော မောင်နှမနှစ်ယောက်ကို ကြည့်ပြီးပြုံးလိုက်၏။

"နင်တို့ မြင်ရတာ ဘာမှမဟုတ်သေးဘူး၊ နောက်မှ နင်တို့အဘွားချန်းဆီကနေ ဟင်းခတ်အမွှေးအကြိုင်တစ်ချို့ကိုယူလိုက်မယ်။ ဒီည နင်တို့ကို ဟင်းပွဲအလှဆင်ပြီးတဲ့ အနေအထားနဲ့ မြည်းခိုင်းမယ်။ အဲ့တာက တစ်ကယ်ကို အံ့ဩစရာကောင်းမှာ"

ရှန်းအန်းနဲ့ရှန်းနဉ်တို့က မျှော်လင့်မထားဘဲ တံတွေးမျိုချမိလိုက်သည်ကို ကိုယ်တိုင်သတိမိထားမိလိုက်ကြ၏။

ဈေးဆိုင်သို့ စန်းလော့နှင့်အတူလိုက်ပါခဲ့ကြသော မောင်နှမနှစ်ယောက်မှာ သူမ၏ မှော်ဆန်သည့် စွမ်းရည်သည် အစားအသောက်ကို ပုံဖော်ရုံမျှဖြင့် လူတစ်ယောက်ကို သွားရည်ကျ‌စေနိုင်သည်ကို သိကြလေသည်။

ယခုလည်းသူတို့သည် ကိုယ်တွေ့ခံစားနေကြရ၏။

......

ဟင်းခတ်အမွှေးအကြိုင်များ ချောချောမွေ့မွေ့ ရလိုက်ကြသည်။ အဘွားချန်းတို့မိသားစုသည်အနီရောင်ချယ်ရီကို စိုက်ပျိုးထားပြီး စီချွမ်ငရုတ်သီးလည်း ရှိသည်။ သို့သော် သူမသည် အနက်ရောင် ငရုတ်ကောင်း သို့မဟုတ် မုန်ညင်းကိုပင် မကြားဖူးခဲ့ပေ။

စန်းလော့က ဟင်းအသစ်တစ်မျိုးကို စမ်းသပ်နေကြောင်း ကြားရသောအခါ အဘွားချန်းသည် ကြက်သွန်ဖြူနှင့်ကြက်သွန်နီအပါအဝင် အရာအားလုံးကို ရက်ရောစွာ ထောက်ပံ့ပေးလေသည်။

အိမ်ပြန်ရောက်တော့ စန်းလော့သည် မီးဖိုချောင်တွင် ဝဥဟင်းပွဲပြင်ဆင်ရင်း အလုပ်များနေလေ၏။ ဝဥကို လှလှပပ အလှဆင်ပြီးနောက် သူမနှင့် ကလေးနှစ်ယောက်က မြည်းကြည့်လိုက်ကြပြီး ကျေ‌ကျေနပ်နပ်နှင့် နှုတ်ခမ်းသပ်လိုက်ကြလေသည်။

အစပိုင်းပိုင်းတွင် အဆိပ်ရှိသောမြွေခေါင်းမြက်ကို ကြောက်ရွံ့နေခဲ့ကြသည့် ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် ထိုအသိကို ချက်ခြင်းပင် ရှင်းထုတ်ချင်သွားတော့သည်။

"အရသာရှိလိုက်တာ၊ တစ်ကယ်ပဲ အရသာရှိလိုက်တာ"

အမှန်ပင်။ အဘွားချန်းထံမှ ပါဝင်ပစ္စည်းများကိုချေးယူထားသည့်အတွက် စန်းလော့သည် ပြီးသွားသောဟင်းလျာများကို သူမနှင့်မျှဝေရန် တာဝန်ရှိလေသည်။ စန်းလော့က ချက်ပြုတ်ပြီး ရှန်းနဉ်သည် မီးကို ကြည့်ပေးနေ၏။ ဟင်းလျာကို သွားပေးရသည့်အလုပ်က ရှန်းအန်းထံသို့ အလိုလို ရောက်သွားလေသည်။

သနားစရာရှန်းအန်းသည် အမဲအူကြမ်းအတုပန်းကန်ကို ကိုင်ရင်း သူ့ဖျားယောင်းမှုကို ခက်ခက်ခဲခဲ ချုပ်တီးထားရတော့သည်။

သူက သူ့ညီမနှင့်မရီးတို့ အိမ်တွင်ချက်ပြုတ်နေကြသည်ကို အားကျနေသည်။ လတ်လတ်ဆတ်ဆတ် လုပ်ထားသည့် အအေးရောစပ်ထားသော အမဲအူကြမ်းအတုကို စားရတော့မှာပါလားဟု စဉ်းစားနေတော့သည်။

သူတို့စားလိုက်ပြီလား။

"သူတို့တွေ နည်းနည်းတော့ ချန်ထားမှာမလား"

"ဟုတ်တယ်၊ ရှိဦးမှာပါ"

ရှန်းအန်းသည် စိတ်အားထက်သန်စွာ တောင့်တနေပြီး သူ၏စိတ်နှလုံးသားက အိမ်ပြန်ရန် ဆုံးဖြတ်ထားသည်။ အိမ်လွမ်းတဲ့ခံစားချက်ကို နားလည်ကြရဲ့လား။

သူ့မှာတော့ အရမ်းတောင့်တရလွန်းလို့ ပါးစပ်ထောင့်က သွားရည်တွေတောင် ထွက်ကျတော့မယ်။

အဘွားချန်း၏ခြံဝင်းသို့ ရောက်ရှိလာသောအခါတွင် သူသည် သူမအား ဗြုန်းခနဲအော်ခေါ် လိုက်သည်။ အစားအစာကို ကမ်းပေးပြီးသည်နှင့် အရသာရှိပြီးမွှေးကြိုင်သည့် အမဲအူကြမ်းတုကို သူမပန်းကန်ထဲသို့ လောင်းချပြီးနောက် ပြေးထွက်သွားတော့သည်။

အဘွားချန်း : "..."

"အဲလောက် လိုလို့လား"

သူမက ပန်းကန်လုံးထဲရှိစားစရာကို လှမ်းကြည့်လိုက်၏။

"အိမ်း၊ ဒါက တော်တော်ဆွဲဆောင်မှုရှိတဲ့ပုံပဲ"

အတုံးသေးတစ်တုံးကို မြည်းပြီးနောက် အဘွားချန်း၏မျက်လုံးများသည် ရွှင်မြူးသွားလေသည်။

အမှန်ပဲ။ ဒါက တကယ် အံ့ဩစရာကောင်းတာပဲ။

နောက်တစ်တုံးလောက် စားရအောင်။

အဘိုးချန်းသည် ငါးတုံးဆက်တိုက်စားပြီး နောက်ဆုံးတွင် အဘွားချန်းက သူမကိုယ်သူမ ချုပ်တည်းလိုက်ကာ အရသာရှိသော အစားအစာများကို မိသားစုနှင့်မျှဝေတတ်သော သူမ၏အလိုလိုက်ခံရခြင်းအကျင့်ကို ထိန်းချုပ်ထားလိုက်၏။

ထိုအချိန်တွင် သူမသည် အတွင်းစိတ်ထဲ၌ အံ့ဩချီးမွမ်းရင်း တွေးလိုက်မိသည်။

"စန်းရှီက နောက်ထပ် စားကောင်းသောက်ဖွယ်အသစ်ကို လုပ်ထားတာပဲ"

သူတို့တွေက ဒါကိုရော တခြားသူတွေကို ရောင်းမှာလားမသိဘူး။

သူတို့သာ ဒါကိုစပြီးရောင်းရင် မယုံနိုင်လောက်အောင် ဆွဲဆောင်မှုရှိပြီး အကျိုးအမြတ်ရှိတဲ့ အရာတစ်ခုဖြစ်မှာ သေချာတယ်။

မနက်ဖြန် ရိတ်သိမ်းရာသီ အလုပ်များတဲ့ နောက်ဆုံးရက်ပဲ။ ရှီနဲ့လုမိသားစုတို့က ဘယ်သူ ဆိုင်ဖွင့်ပြီး ဘယ်မှာ ဖွင့်မယ်ဆိုတာ ဆုံးဖြတ်ရမယ့်အချိန်ပဲ။ အစီအစဉ်ကို မနက်ဖြန်အပြီး လုပ်သင့်တယ်။ ဒီတော့ ငါ သွားမေးမြန်းကြည့်ပါအုံးမယ်။

...

အပိုင္း (၅၇)

႐ြာတစ္႐ြာလုံးက စပါးရိတ္သိမ္းျခင္းျဖင့္ အလုပ္မ်ားေနခ်ိန္ စန္းေလာ့လည္း မ‌အားေနေခ်။ အပိုေငြမရွိဘဲ ပဲပိစပ္ႏွစ္ဘူးသာရွိသည့္ သူမက စီရင္စုသို႔ မသြားေတာ့ရန္ ဆုံးျဖတ္လိုက္ေလသည္။ သို႔ေသာ္ ထို႔အစား ေဒသခံ႐ြာမ်ားကို ျဖတ္ၿပီး သူ႔ပစၥည္းမ်ားကိုသယ္ကာ လမ္းတကာေရာင္းခ်ေတာ့သည္။

စန္းေလာ့သည္ ေငြကိုသာမက အေစ့အဆန္မ်ား၊ ပဲမ်ား၊ ဟင္းသီးဟင္း႐ြက္မ်ား သို႔မဟုတ္ ဥမ်ားႏွင့္လည္း ေရာင္းဝယ္ ေဖာက္ကားသည္ကို လက္ခံ၏။ ထို႔ေၾကာင့္ သူမလုပ္ငန္းသည္ စီရင္စုမွာကဲ့သို႔နီးပါး ေအာင္ျမင္ခဲ့သည္။ အာဟာရျပည့္သည္ဟုဆိုႏိုင္ေသာ လတ္ဆတ္သည့္အစားအစာမ်ားကို ေငြအသုံးမျပဳဘဲ လဲလွယ္ႏိုင္သည္။ အလုပ္မ်ားေသာ စိုက္ပ်ိဳးရာသီတြင္ မိသားစုအမ်ားစုသည္ တစ္တုံးေလာက္ဝယ္ရန္ေတာ့ ဆႏၵရွိၾကသည္။

သူမက ဟင္းသီးဟင္း႐ြက္မ်ားက ျမန္ျမန္ပုပ္ေဆြးသြားေသာေၾကာင့္ အမ်ားႀကီး လက္မခံခဲ့ေခ်။ တစ္ျခားပစၥည္းမ်ားကိုေတာ့ ကန႔္သတ္မထားေသာ္လည္း အေစ့အဆန္မ်ားႏွင့္ဥမ်ားသည္ လယ္သမားမ်ားအတြက္ အလြန္အဖိုးတန္ေသာေၾကာင့္ အေရာင္းအဝယ္အမ်ားစုတြင္ ပဲပိစပ္ အမ်ားဆုံးပါဝင္ေလသည္။

အလုပ္မ်ားသည့္ရာသီၿပီးေနာက္ မိသားစု သုံးစုအား တို႔ဟူးေထာက္ပံ့ရန္လိုအပ္‌ေလရာ ထိုအရာသည္ စန္းေလာ့၏ လိုအပ္မႈမ်ားအား အျပည့္အဝအဆင္ေျပေစ၏။ ေနာက္ထပ္ရက္ အနည္းငယ္အတြင္းတြင္ ရရွိထားေသာပဲေစ့မ်ားကို တို႔ဟူးလုပ္ရန္အတြက္ သုံးရင္း စီရင္စုသို႔ မသြားရန္ဆုံးျဖတ္လိုက္ၿပီးေနာက္ တစ္႐ြာဝင္တစ္႐ြာထြက္ ေရာင္းရမည္။

ေန႔လည္ေရာက္ေတာ့ သူမက ခ်န္းအိမ္သို႔သြားၿပီး တံစဥ္ႏွင့္ေပါက္ျပားအေသးတစ္ခုကို ငွားလိုက္၏။ ထို႔ေနာက္ ေတာင္ေတြဆီသို႔ ဦးတည္သြားကာ ဘယ္သူမွပါဝင္ျခင္းမရွိဘဲ စြန္ပလြန္သီးႏွင့္ဝဥမ်ားကို ဆြတ္ခူးရန္အာ႐ုံစိုက္လိုက္ေလသည္။

ၿခံဝင္းတစ္ခုရွိျခင္းက စန္းေလာ့အတြက္ အရာအားလုံးကို အမ်ားႀကီး ပိုလြယ္ကူေစသည္။ မီးဖိုေခ်ာင္ထဲတြင္ စြန္ပလြန္သီးလုပ္ေနစဥ္ တံခါးေသာ့ခတ္ထားႏိုင္ၿပီး ထို႔ေနာက္ ထိုအရာမ်ားကို ၿခံဝင္းထဲတြင္ အေျခာက္ခံလို႔ရႏိုင္သည္။ ၾကက္မ်ားႏွင့္ဘဲမ်ားကို အျပင္ဘက္ေလွာင္အိမ္သို႔ ေ႐ႊ႕ထားလိုက္၏။ ဘဲေပါက္သုံးေကာင္အတြက္ စန္းေလာ့၏ေလွာင္အိမ္ကို ပုံစံယူထားေသာ ဘဲေလွာင္အိမ္ပင္ရွိၿပီး ရွန္းအန္းႏွင့္ဟူက်ီတို႔၏ လက္ရာမ်ားပင္။

စန္းေလာ့သည္ ဝဥကို ပထမဆုံးအႀကိမ္ ျပန္ယူလာေသာအခါ ရွန္းအန္းႏွင့္ရွန္းနဥ္တို႔မွာ အထိတ္တလန႔္ ျဖစ္ၾကသြား‌သည္။

"မႀကီး၊ ဘာလို႔ ေႁမြေခါင္းျမက္ေတြကို ခူးလာတာလဲ။ အဲ့တာ အဆိပ္ရွိတယ္ေနာ္။ စားမိရင္ လူကိုပါေသေစႏိုင္တယ္"

သူတို႔က ထိုအရာကိုလႊင့္ပစ္ရန္ စန္းေလာ့အား ေဖ်ာင္းဖ်ေနၾကသည္။

ရွန္းနဥ္သည္လည္း အထိတ္တလန႔္ျဖစ္ေန၏။

"မႀကီး၊ ေက်းဇူးျပဳၿပီးလႊင့္ပစ္လိုက္ပါ။ အဲ့တာကို ထိလိုက္ေသးလား။ လက္ကို သန႔္သြားေအာင္ေဆးလိုက္အုံး။ ဒါဆို ေနာက္က်ရင္ စားရင္းနဲ႔အဲ့အရည္ကို မေတာ္တဆ မေသာက္မိေတာ့ဘူး"

စန္းေလာ့က သူတို႔၏စိုးရိမ္မႈအဆင့္ကို နားလည္ေလသည္။

ဝဥအစိမ္းကို စနစ္တက်မျပင္ဆင္ဘဲ စားပါက ထိုအပင္တစ္ပင္လုံးက အဆိပ္အေတာက္ အျမင့္ဆုံးျဖစ္ေစၿပီး ေသေစႏိုင္သည္။ သို႔ေသာ္ မွန္ကန္စြာ လုပ္ေဆာင္ပါက ထိုအရာသည္ ထင္သေလာက္ ေၾကာက္စရာမဟုတ္ေပ။

"မင္းတို႔က ဒီအပင္ကို ေႁမြေခါင္းျမက္လို႔ေခၚတာလား"

ကေလးႏွစ္ေယာက္လုံးက ေခါင္းညိတ္ျပလိုက္ၾကသည္။

"ဟုတ္တယ္။ အဲ့တာကို မေကာင္းဆိုးဝါးဥ လို႔လဲေခၚၾကေသးတယ္။ အဲ့တာကို မထိဖို႔ လူႀကီးေတြက အၿမဲတမ္းသတိေပးတယ္။ ၿပီးေတာ့ မေတာ္တဆစားမိမွာစိုးရိမ္လို႔ အနီးနားမွာေတြ႕တိုင္း ႐ြာသားေတြက အျမစ္က‌ေနျဖတ္ပစ္တယ္ေလ"

စန္းေလာ့:....

သူမသည္ အနီးအနားက ေတာင္မ်ားတြင္ ဝဥကို မေတြ႕ရသည့္ အေၾကာင္းအရင္းကို အခုမွသာ သေဘာေပါက္ေလသည္။ ေဒသခံေတြက တမင္ ရွင္းပစ္တာလိုက္တာပဲ။

ေမာင္ႏွမ‌ႏွစ္ေယာက္က ဝဥကို ေၾကာက္ေၾကာက္႐ြံ႕႐ြံ႕ ၾကည့္ေနသည္ကိုျမင္ေတာ့ စန္းေလာ့က ရွင္းျပလိုက္၏။

"အဆိပ္ကို အဆင့္ဆင့္ ျပင္ဆင္ၿပီး ဖယ္လို႔ရတယ္။ မစားခင္မွာ ဒါက မွန္ကန္တဲ့ အစားအေသာက္ ျဖစ္ေအာင္ ေသခ်ာလုပ္႐ုံပဲ"

ထိုအပင္မွာ ထင္ထားသေလာက္ေၾကာက္ စရာမေကာင္းေပ။ အပင္တြင္ က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးမ်ားလည္းရွိ ေနပါသည္။ သူမ၏ယခင္ဘဝတြင္ ဝဥသည္ သူမအေျခအေနအတြက္ အနည္းငယ္ေသာ အက်ိဳးေက်းဇူးကိုေပးေသာေၾကာင့္ သူမအတြက္ ထိုအရာကို တခါတေလမွသာ လုပ္စားျဖစ္သည္။

သူမက ေတာင္က်စမ္း၏ေအာက္ဘက္ေရစုန္တြင္ ဝဥကို ေဆးေၾကာလိုက္သည္။ ေမာင္ႏွမႏွစ္ေယာက္က သူမကို ေဖ်ာင္းဖ်ဖို႔ ဆက္လက္ႀကိဳးစားေနသည္ကို ျမင္ေသာအခါ စန္းေလာ့သည္ စာတစ္ပိုဒ္ကို သတိရမိ၏။

"သူ႔ဥယ်ာဥ္မွာ ဝဥနဲ႔အနီေရာင္ခ်ယ္ရီ၊ လယ္ထဲတြင္ ဥပင္မ်ားနဲ႔ဘူးပင္ေတြ ေပါက္တယ္"

မွတ္ခ်က္ေျပာထားတာက

"ဝဥအပင္ရဲ႕အျမစ္ဟာ ႀကီးမားၿပီး ဆယ္ေပါင္ဝန္းက်င္ေလးကာ အေရာင္ကလဲ ျဖဴဆြတ္ေနတယ္။ ျပာရည္နဲ႔က်ိဳတဲ့အခါ အဲ့တာက ပ်စ္ခဲလာၿပီး ယမကာခါးခါးနဲ႔စိမ္ၿပီး စားလို႔ရတယ္။ ရွီလူမ်ိဳးတို႔က အလြန္တန္ဖိုးထားၾကပါတယ္"ဒါသည္ သူတို႔ေျပာခဲ့သည့္ မေကာင္းဆိုးဝါးဥကို ရည္ၫႊန္းျခင္းျဖစ္သည္။

စန္းေလာ့က သူမ၏ယခင္ဘဝမွ ဝဥအေၾကာင္း မွတ္တမ္းဗီဒီယို လုပ္ေနစဥ္တြင္ ဤသည္မွာ က်င့္မင္းဆက္မွ က်န္ရစ္သူမ်ား၏ "ရႉၿမိဳ႕ေတာ္တမ္းခ်င္း" ထဲက စာပိုဒ္ျဖစ္သည္ကို မွတ္မိေလသည္။

ဟုတ္ပါတယ္၊ သူမရဲ႕လက္ရွိေလာကမွာေတာ့ က်င့္မင္းဆက္ ဒါမွမဟုတ္ က်န္ရစ္သူဆိုတာ မရွိပါဘူး။ ဝဥကို တရားဝင္ကိုးကားခ်က္မ်ားနဲ႔ အမွန္တကယ္ပင္စားလို႔ရေၾကာင္းကို ကေလးမ်ားယုံၾကည္စိတ္ခ်မည့္ အေၾကာင္းအရာကို သုံးကာ ထိုစာအုပ္ရဲ႕အရင္းအျမစ္ ဒါမွမဟုတ္ နာမည္ကိုပင္ အတိအက်ေဖာ္ျပျခင္းမရွိဘဲ မေရမရာသာ ေျပာျပလိုက္ေလသည္။

စန္းေလာ့၏ရွင္းျပခ်က္ကိုၾကားေတာ့ ရွန္းအန္းႏွင့္ရွန္းနဥ္တို႔၏ အမူအရာမွာ သိသိသာသာ စိတ္သက္သာရာရသြားေလ၏။ သူတို႔သည္ စကားလုံးတိုင္းကို နားမလည္ေသာ္လည္း ေယဘုယ်ဆိုလိုခ်က္မွာေတာ့ ရွင္းလင္းပါသည္။

"အဲ့တာကို တစ္ကယ္ပဲ စားလို႔ရလား" ရွန္းနဥ္သည္အနည္းငယ္ သံသယဝင္ေနေသး၏။

ကေလးဘဝမွစ၍ ႐ြာသားမ်ားသည္ ဤအပင္ကို စားလို႔မရေၾကာင္း ထပ္ခါထပ္ခါ သတိေပးျခင္းကိုခံခဲ့ရသည္။ ေသးငယ္သည့္ လကၡဏာမ်ားတြင္ လွ်ာႏွင့္လည္ေခ်ာင္းစပ္ျခင္းကို ျဖစ္ေစၿပီး သို႔မဟုတ္ ျပင္းထန္သည့္ အေျခအေနတြင္ ေသေစႏိုင္သည္။

ဤအပင္ႏွင့္ပတ္သက္သည့္ သူတို႔၏ခံယူခ်က္မ်ားကို ေျပာင္းလဲဖို႔က လက္ရွိအခ်ိန္မွာေတာ့ စိန္ေခၚမႈတစ္ခုပင္။

စန္းေလာ့က ၿပဳံးလိုက္၏။

"ရတယ္။ အဲ့တာက စားလို႔ရတယ္။ အစ္မ အဲ့တာကိုလုပ္ေနတဲ့အခ်ိန္ အနီးကပ္သာ ေစာင့္ၾကည့္လိုက္။ စိတ္ခ်ရေအာင္လို႔ စဥ္းတီတုံး သက္သက္သုံးၾကရေအာင္။ သစ္သားဇလုံကို မသုံးတာပိုေကာင္းမယ္။ အဲ့အစား ေျမပန္းကန္လုံးကိုသုံးၿပီး ေသခ်ာေဆးေၾကာရေအာင္"

ေနာက္ဆုံးေတာ့ သူတို႔သည္ အစားအေသာက္လုပ္သည့္ လုပ္ငန္းတြင္ ပါဝင္တာေၾကာင့္ ေစ့စပ္တိက်ရန္မွာ အေရးႀကီးလွသည္။

စဥ္းတီတုံးျပဳလုပ္ျခင္းသည္ ဗ်ာမ်ားေသာကိစၥ မဟုတ္ေပ။ ခ်န္းယိုထ်န္း ျပဳျပင္ထားသည့္ လက္က်န္ပစၥည္းမ်ားမွ သင့္ေတာ္ေသာ သစ္သားငုတ္ကို ယူလိုက္ေလ၏။ ထိုအရာကို

You are reading the story above: TeenFic.Net