အပိုင်း (၅၅)

Background color
Font
Font size
Line height


အပိုင်း (၅၅)

အစားအသောက်လုံလောက်အောင်ပင် ရုန်းကန်နေရသည့် ကျေးလက်အိမ်ထောင်စုများတွင် ယမကာသည် ဇိမ်ခံပစ္စည်းတစ်ခုဖြစ်သည်။

ဤစားပွဲတွင် အကြီးအကဲများသည် ချန်းနှင့်လုအဘိုးအဘွားများဖြစ်ပြီး နောက်တွင်တော့ ချန်းယိုထျန်း၊ ရှီအာ့လန်နှင့်လုညီအစ်ကိုများဖြစ်သည်။ လူကြီး၆ယောက်သာလျှင် ယမကာသောက်သူများဖြစ်ကြ၏။

စားပွဲဝိုင်းရှိ ဆယ်ကျော်သက်လေးများက ယမကာကိုထိခြင်းထက် ကျိုးနွံစွာထိုင်ခြင်းပိုကောင်းသည်ကို သိကြသည်။

မြို့မှာဖြစ်ဖြစ် ကျေးလက်မှာပဲဖြစ်ဖြစ်၊ အိမ်တွင်းမှာဖြစ်ဖြစ် အိမ်ပြင်မှာပဲဖြစ်ဖြစ် အသက်ကြီးသူများ မစားမချင်း မျိုးဆက်သစ်လူငယ်များ စ မစားရဆိုသည်မှာ ကျယ်ကျယ်ပြန့်ပြန့် နားလည်ထားသည့် စည်းကမ်းတစ်ခုပင်။ ထို့ကြောင့် ဆယ်ကျော်သက်များသည် လူကြီးများ၏ ပျော်ရွှင်မှုကိုသာ ကြည့်ရှုနိုင်ကြသည်။ သူတို့အားလုံးထဲမှ အကြီးဆုံးဖြစ်သော ရွှမ်းကျူးသည် သူ့ဦးလေး ယမကာသောက်နိုင်ခြင်းကို အားကျနေ၏။ အသက်၁၄နှစ်တွင် သူ့ကို အရက်သောက်ခွင့်မပြုသည့်အပြင် အရသာပင် မြည်းခွင့်မရလိုက်ပေ။

သူတို့၏မျိုးဆက်တွင် ရှီအာ့လန်သည် ပိုတက်ကြွပြီး သောက်စရာကို စိတ်အားထက်သန်နေသည်။ စန်းလော့ ယမကာယူလာတာကိုမြင်တော့ သူသည် လက်ခံရန်အတွက် စိတ်အားထက်သန်စွာထလိုက်လေ၏။

အနီးကပ်ကြည့်လိုက်တော့... အိုးးး... ဒါက သာမန်ယမကာမျိုး မဟုတ်ပါလား။

သူက ကောက်ယူလိုက်ကာ အဖက်ဖက်မှ ကြည့်ရှုစစ်ဆေးလိုက်၏။ သူ၏မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် ဝင်းလက်သွားလေသည်။

"အားလီရဲ့မိန်းမ၊ ဒါက ဈေးထဲကအထွေထွေကုန်စုံဆိုင်ကဖြစ်ရမယ် ဟုတ်တယ်မလား။ ဒါက အရင်ကမြင်ဖူးပြီးတော့ ၁၈ဝမ်လောက်ရှိမယ် ထင်တယ် ဟုတ်လား"

စန်းလော့သည် သူ့ကိုဈေးနှုန်းသိရန်အထိမမျှော်လင့်ထားလိုက်ပေ။ ထို့နောက်ပြုံးပြလိုက်ပြီး

"ဦးလေးရှီအာ့၊ ဦးလေးက အတော်လေးနားလည်တဲ့သူပဲ။ ကျွန်မက ငွေချွေတာနေရလို့ ပိုကောင်းတာ ဘာမှမတတ်နိုင်ဘူး"

"ပိုမကောင်းဘူး ဟုတ်လား၊ ဒါကအကောင်းဆုံးပဲလေ။ ငါတိုတဲ့ ဦးလေးရှီအာ့က အစားအသောက်ကောင်း ကြိုက်တဲ့သူမဟုတ်ပါဘူး။ အစားကြီးတဲ့ သူတစ်ယောက်ပါပဲ။ သာမန် ယမကာတစ်ပုလင်း ဒါမှမဟုတ် နှစ်ပုလင်းနဲ့ပဲ ပွဲတော်ရက်တွေ‌အတွင်းမှာ ငါ့ဆန္ဒက ပြည့်ဝတာ။ ဒါက တစ်ကယ်ကောင်းတဲ့ဧည့်ခံမှုတစ်ခုပါပဲ"

အဘိုးချန်းနှင့်တစ်ခြားသူများကလဲ သဘောတူကြသည်။

"ဒီလိုယမကာပုလင်းမျိုးကို မဖြုန်းတီးပါဘူး။ အားလီရဲ့မိန်းမ၊ နင့်ရဲ့ဧည့်ဝတ်ကျေမှုက ပြိုင်ဘက်ကင်းပါတယ်"

စန်းလော့က မျက်လုံးများတွန့်သည် အထိပြုံးလိုက်၏။

"‌ဒါဆို အားလုံးပဲ ဒီညတော့ ကောင်းကောင်းစားပြီး သောက်လိုက်ကြရအောင်"

သူမက အဖုံးပိတ်ထားသည့် ယမကာပုလင်းကို မည်သို့ ဖွင့်ရမည်ကို တုံ့ဆိုင်းနေ၏။ ဒါကိုမြင်တော့ ရှီအာ့လန်က ရယ်လိုက်ပြီး

"အဲ့တာအတွက်စိတ်မပူပါနဲ့၊ ဒါကို ‌ကိုင်တွယ်နိုင်ပါတယ်။ ပိတ်ထားတာကို ဖွင့်ဖို့က ကျောက်ခဲတစ်လုံးပဲ လိုတယ်။ နင်က စားပွဲမှာပဲ သွားထိုင်နေလိုက်။ ယမကာထည့်ပေးဖို့ကို ဦးလေးတို့လုပ်လိုက်မယ်"

အမှန်ပင် စန်းလော့က ယောက်ျားကြီးများကို ယမကာဖြင့်ဧည့်ခံရာတွင် အတွေ့အကြုံမရှိပေ။

"ဒါဆို၊ ဦးလေးရှီအာ့ကိုပဲ လွှဲထားလိုက်မယ်နော်"

စားပွဲဝိုင်းရှိအကြီးများကို နှုတ်ဆက်ပြီးနောက် ကလေးများကို စစ်ဆေးရန်သွားလိုက်သည်။

ရှန်းနဉ်က လူများကို သွားခေါ်နေသည်။ ဤစားပွဲဝိုင်း၏တာဝန်ခံဖြစ်သော ရှန်းအန်းသည် အသက်၁၂နှစ်နှင့်အထက် ရှိသောကောင်လေးများက လူကြီးများ၏စားပွဲတွင် ပါဝင်နေသည်ကို တွေ့လိုက်၏။

ကလေးများ၏ စားပွဲဝိုင်းသည် အသက်အကြီးဆုံး ဆယ်နှစ်အရွယ်အားနျို၊ ရှန်းမိသားစုမှအငယ်ဆုံး နှစ်နှစ်အရွယ်ထျန်းယာ၊ ရှီမိသားစုမှ ကလေးဖြစ်ပုံပေါ်သော လေးနှစ် ဒါမှမဟုတ် ငါးနှစ်အရွယ် မိန်းကလေးတစ်ယောက်နှင့် အဲ့ဒီ့နောက်တွင်တော့ အားနျိုနှင့်စန်းနျိုတို့သာ ကျန်သည်။

ကလေး၁၁ယောက်ကို ခုံတန်းရှည်တွင် သုံးယောက်လျှင်တစ်ခုံကျ အတူ တိုးဝေ့ထိုင်နေကြသည်။ ရှန်းထျန်းလိုအငယ်ဆုံးလေးနှင့် ရှီမိသားစုမှ အငယ်ဆုံးသမီးလေးသည် စားပွဲ၌ပင် မထိုင်ကြပေ။ သူတို့အစ်ကိုများ၏ဘေးတွင် ရပ်နေကြပြီး အစာခွံကျွေးမည်ကို စောင့်နေကြ၏။

အခြားသူများနှင့် အားရှူကို ခေါ်ဖို့သွားလိုက်ပြီး အခုထိပြန်ရောက်သေးသည့် ရှန်းနဉ်အတွက် ခုံတန်းပေါ်တွင် နေရာအလုံအလောက် ချန်ထားပေးလိုက်သည်။

ရှန်းအန်းက သူ့မရီးနားသို့ တိတ်တိတ်လေး ချဉ်းကပ်သွားပြီး ပြောလိုက်၏။

"ဟူကျီမှာ တနျိုလို့ခေါ်တဲ့ အစ်မတစ်ယောက်ရှိတယ်။ သူလဲပဲ ဒီနေ့မလာဘူး"

သူက သူ့မရီးကို တိုးတိုးလေးပြောလိုက်၏။

"ဟူကျီက ပြောတယ်။ သူတို့အဘွားက မိသားစုဝင်တွေ အများကြီးလာတာ စိုးရိမ်နေတယ်တဲ့။ အဲ့ဒါကြောင့် သူတို့က ဟူကျီ့အမေရယ်၊ အစ်မရယ်နဲ့မောင်လေးကို အိမ်မှာထားခဲ့ကြတာ။ ပြီးတော့ သူ့ရဲ့အဒေါ်၂ ကိုဒီကို အားရှူကိုခေါ်လာဖို့ပြောလိုက်တယ်"

ဟူကျီသည် တက်ရောက်လာသည့် ဧည့်သည်အပြောင်းအလဲကို သတိမထားမိလိုက်ပေ။

ရှီမိသားစုတစ်ခုလုံးရောက်ရှိလာပြီး သူ၏မောင်နှမများလည်း ရှိနေသည်ကိုတွေ့တော့ ရှန်းအန်းက သူ့ဝမ်းကွဲတနျိုနှင့်အားရှူတို့ မရှိခြင်းကို ပူပန်နေလိုက်သည်။ ထို့ကြောင့် ဤအကြောင်းကို စန်းလော့နှင့်မျှဝေလိုက်၏။

စန်း‌လော့၏ မျက်လုံးများသည် နားလည်မှုဖြင့် တဖျပ်ဖျပ်ဖျပ် ခတ်သွားကာ အဘွားလု၏အစောပိုင်းအပြုအမူတွင် အနည်းငယ် စိတ်မသက်မသာဖြစ်ရခြင်းမှာ ဤအခြေအနေကြောင့် ဖြစ်နိုင်ကြောင်းကို သဘောပေါက်လိုက်သည်။

လုမိသားစု၏ တက်ရောက်သူများအပြောင်းအလဲသည် မိသားစုအတွင်း တက်ကြွမှုများကြောင့်လား ဒါမှမဟုတ် တိုက်ဆိုင်မှုသက်သက် ကြောင့်လားဆိုတာကိုတော့ သူမ သေချာမသိပါ။ လုမိသားစုကိစ္စများကို နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေခြင်းက သူမနေရာမဟုတ်ဟု စဉ်းစားလိုက်၏။ သူမရဲ့ရည်ရွယ်ချက်မှာ လူတိုင်း၏အကူအညီအတွက် ကျေးဇူးတရားကို ဖော်ပြရန်စားသောက်ပွဲ ကျင်းပပေးခြင်းသာဖြစ်သည်။

သူတို့မိသားစုကိစ္စများကို စုံစမ်းစစ်ဆေးရန်မဟုတ်ပေ။

လုမိသားစုမှ ကလေးအရေအတွက်အတိအကျကို မသိသော်လည်း ယခုအချိန်တွင် တနျိုဟုခေါ်သော အခြားမိန်းကလေးတစ်ဦးအကြောင်း ကြားသိရသဖြင့် စန်းလော့သည် ရှန်းနဉ်အား ဖိတ်ကြားခြင်းကို ချန်လှပ်ထားရန် မလိုလားလိုက်ပေ။ ထို့ကြောင့် သူမက ရှန်းအန်းကို ညွှန်ကြားလိုက်လေသည်။

"နောက်ထပ်တစ်ကြိမ်လောက် ထပ်ပြေးပြီးတော့ သားရဲ့ဝမ်းကွဲ တနျိုကိုလည်း ဖိတ်လိုက်ပါဦး"

အိမ်တွင်သုံးယောက်ကို ချန်ထားလိုက်ရန် ရွေးချယ်ခဲ့သောအဘွားလုသည် စာနာစိတ်ရှိပြီး လောကကျင့်ဝတ်ကို သတိထားပုံရသည်။ ဘာကြောင့်လဲဆိုတော့ မိသားစုတစ်စုထဲက အများကြီး တက်ရောက်ခြင်းသည် မသင့်တော်သလို ခံစားရခြင်းကြောင့်ပင်။

စန်းလော့က သူမအိမ်တွင် အကူအညီပေးလိုက်တဲ့သူ အကုန်လုံးဖြစ်တဲ့ ရွှမ်းကျူး၊ ထျယ်ကျူးနဲ့ဟူကျီတို့က ဧည့်သည်စာရင်းဝင်လိုက်တာကြောင့် အဘွားအိုသည် ကလေးများကို လာခွင့်မပေးလိုက်ခြင်းဟု တွေးမိလေသည်။

ယခင်နေ့တွေက အဘွားအို၏ ဒုတိယချွေးမအပေါ် အထူးကြင်နာပြီး ဂရုစိုက်တတ်သောသဘောထားကို သတိရမိတော့ စန်းလော့က အားရှူနှင့်ဒုတိယချွေးမကို ဖိတ်ကြားခြင်းသည် အားကိုးရမည့်အိမ်ထောင်ဦးစီးမရှိသော မိသားစုအတွက် ထည့်သွင်းစဉ်းစားရမည့် လုပ်ရပ်ဖြစ်ကြောင်း သဘောပေါက်လေသည်။

သူ့မရီး၏ အခြားသူများကိုဖိတ်ရန် ညွှန်ကြားချက်ကိုကြားတော့ ရှန်းအန်းက အပြုံးဖြင့်ခေါင်းညိတ်ပြလိုက်ပြီး တစ်ဟုန်ထိုးထွက်မသွားမီ ဟူကျီကို တိတ်တိတ်လေးအသိပေးလိုက်၏။

အမျိုးသမီးများ၏စားပွဲဝိုင်းသို့ စန်းလော့ပြန်ရောက်လာသောအခါ ရှန်းအန်းထွက်သွားတာနဲ့ပတ်သတ်ပြီး တစ်ချို့က မေးမြန်းကြလေသည်။

သူမက အပြုံးနှင့်ရှင်းပြလိုက်၏။

"ဟူကျီ့မှာအစ်မရှိတာကို သိလိုက်ရတယ်။ အဲ့တာကြောင့် သူ့ကိုပါ ဖိတ်ကြားဖို့အတွက် ရှန်းအန်းကို လွှတ်လိုက်တာပါ။ အကုန်လုံးက ဒီမှာရှိနေတဲ့အချိန် သူ့တစ်ယောက်ထဲကို အိမ်မှာချန်ထားလိုက်တာ မဖြစ်သင့်ဘူးလေနော်"

အနည်းငယ်အရှက်ရသလို ခံစားရသောအဘွားလုက တုံ့ပြန်လိုက်၏။

"စန်းလော့ရယ် အဘွားတို့က တစ်ကယ်တော့ အခွင့်အရေး မယူသင့်ဘူးလေ။ ရိုးရိုးသားသားပြောရရင် ဒီမှာ တစ်မိသားစုထဲကနေ ၁၂ယောက်ကျော်ရှိတယ်ဆိုတာ အဘွားတို့ရွာမှာတစ်ခါမှကို မကြားဖူးလိုက်ဘူး"

စန်းလော့က ပြုံးရင်း ကြားဖြတ်ပြောလိုက်၏။

"စည်းမျဉ်းစည်းကမ်းတွေက ပြင်လို့လွယ်ပါတယ် အဘွားရယ်။ ကျွန်မတို့ တွေ့ဆုံပွဲက ပုံမှန်ဂုဏ်ပြုစားပွဲတွေနဲ့ နဲနဲလေးကွဲတယ်။ ဒါက မိသားစုအနည်းငယ်ပဲ အပျော်သဘောနဲ့ တွေ့ဆုံကြတာလေ။ ဒါ့အပြင် နောက်ထပ် လူနည်းနည်းထပ်တိုးတာက ကျွန်မတို့မှာ စားပွဲသုံးလုံးဘဲ ရှိတဲ့အတွက် မပြောင်းလဲဘူး။ အပိုငွေလဲ ကုန်ကျစေမှာ မဟုတ်ပါဘူး။ ကလေးတွေက ထောင့်မှာ တိုးဝှေ့ထိုင်တာ မဟုတ်လဲ မတ်တပ်ရပ်လို့ ရတယ်လေ။ အဲ့လိုမထင်ဘူးလား"

လူတိုင်းကရီမောနေကြပြီး ချန်းဘွားဘွားလည်း ဝင်ပြောလိုက်လေသည်။

"အသေအချာပဲပေါ့၊ ဒီမှာ အဘွားတို့အကုန်လုံးက ရင်းနှီးတဲ့သူတွေကြီးပဲ။ စည်းမျဉ်းတွေကို တအားကြပ်မတ်ဖို့မလိုပါဘူး"

ရှီတလန်၏ဇနီးနှင့် အခြားသူများကလည်း ရီမောကြပြီး အဘွားလုလည်း ပြုံးနေ၏။

"ကောင်းပြီ၊ အခုတော့သိပါပြီ။ စန်းလော့က ရက်ရောတဲ့သူပဲ။ ပြီးတော့ ရှက်လည်းမရှက်တော့ပါဘူး"

ထိုကဲ့သို့သော အားပေးမှုကြောင့် လေထုသည် ချက်ခြင်းပင် သက်ဝင်လှုပ်ရှားလာလေသည်။

ကလေးများက သူတို့စားပွဲတွင်စတင်စားနေကြပြီဖြစ်၏။ လူကြီးများက ယမကာကိုငှဲ့လိုက်ပြီးသည်နှင့် ချန်းလောင်ဟန်(ချန်းအဘိုး)၊ လုလောင်ဟန်(လုအဘိုး)နှင့်အခြားသူများကလည်း စတင်စားသောက်လိုက်ကြပြီး လူတိုင်းကိုလည်း ပါဝင်ရန် ဖိတ်ခေါ်လိုက်လေသည်။

ဒါကိုမြင်တော့ ချန်းဘွားဘွားက သူမ၏စားပွဲဝိုင်းကို အကြံပြုလိုက်၏။

"ငါတို့လဲ စ စားလို့ရပြီမလား"

အခြားသူများကလဲ စိတ်ပါလက်ပါသဘောတူလိုက်ကြသည်။

"ဟုတ်တယ်၊ စားကြရအောင်"

အားလုံးက အစာစားဖို့လက်လှမ်းစဉ်တွင် ရှီတလန်၏ဇနီးသည် တို့ဟူးတစ်တုံးကို ကောက်ယူလိုက်ပြီး စူးစမ်းချင်စိတ်ဖြင့်မေးလိုက်၏။

"ဒါက ဘာဟင်းလဲ။ ဒါကို အရင်က မမြင်ဖူးဘူးထင်တယ်"

ချန်းအဘွားက ရှီတလန်ဇနီး၏ ပါးနပ်မှုကိုသဘောကျရင်း ရီလိုက်၏။

"ရှီမိသားစုထဲမှာ ကန်းရှီက အပါးနပ်ဆုံးပဲ။ တစ်ချို့က အမြင်အားဖြင့် သပ်ရပ်ပေမယ့် တစ်ခြားသူတွေကတော့ မသိမသာလေးပါးနပ်ကြတယ်။ ရှီသလန်က အရင်ဖြစ်ပြီးတော့ ဒီကန်းရှီကတော့သေချာပေါက် နောက်ကပေါ့"

သူမက စကားတစ်ခွန်းမှမပြောဘဲ ပြုံးရုံပြုံးကာ တို့ဟူးတစ်တုံးကို အရသာခံဖို့ ကောက်ယူလိုက်လေသည်။

စန်းလော့ကပြုံးရင်းပြောလိုက်၏။

"ဒါကို တို့ဟူးလို့ခေါ်ပါတယ်။ ဒီနေရာမှာတော့ သိပ်မရှိဘူး။ အားလုံးပဲ၊ ကျေးဇူးပြုပြီးစားကြည့်ကြပါဦး"

သိချင်နေကြသောဧည့်သည်များသည်လည်း တို့ဟူးကို လက်လှမ်းလိုက်လေသည်။ အစောက အသားကို ကောက်ယူထားသည့်သူများကလဲ တို့ဟူးကိုစမ်းကြည့်ရန် အသားကို ဘေးချထားလိုက်၏။

သူတို့သည် အရသာမြည်းပြီးနောက် ထိုအရာ၏ နူးညံ့မှုနှင့် လေးပင်သည့်အရသာကို သဘောကျသွားကြသည်။ ရှီသလန်၏ဇနီးက မေးမြန်းလိုက်၏။

"ဒါကို ဘယ်ကဝယ်လိုက်တာလဲ။ ဈေးကြီးလား။ ဒါကို ရောင်းတာ တစ်ခါမှမတွေ့ဖူးဘူး"

တို့ဟူးကိုအရသာခံရင်း ကန်းရှီက အဖြေတစ်ခုအတွက် စန်းလော့ကို လှမ်းကြည့်လိုက်သည်။

အရာအားလုံးကို စားပွဲပေါ်တွင် ချခင်းနေသည့်စန်းလော့က ဘာကိုမှ ဖုံးကွယ်မထားပေ။ သူမက ထုတ်ဖော်ပြောလိုက်သည်။

"ဒါက အမေ့ဘက်ကနေရလိုက်တဲ့ မိသားစုဟင်းပွဲတစ်မျိုးပါ။ ဒါကို ကိုယ်တိုင် လုပ်ထားတာလေ"

ချန်းဘွားဘွားနှင့် ချင်ဖန်းညန်တို့မှလွဲ၍ ကန်းရှီနှင့်အခြားသူများမှာ အံ့အားသင့်မှုကြောင့် ရပ်တန့်သွားလေသည်။ အကုန်လုံးရဲ့စိတ်ထဲကို တူညီသည့်အတွေးများ ဝင်လာကြ၏။

အိမ်ဆောက်ဖို့တတ်နိုင်တာ မဆန်းပါဘူး။ တောဟင်းရွက်ရောင်းခြင်းက ဤကဲ့သို့ ကောင်းမွန်သော အစားအစာနှင့် အိမ်ရာများကို မထောက်ပံ့နိုင်ပေ။

စန်းလော့က ပြုံးရင်းဖြင့် နတ်သမီးတို့ဟူးတစ်တုံးကို ကောက်ယူကာ ပြောလိုက်လေသည်။

"ဒါကို နတ်သမီးတို့ဟူးလို့ခေါ်ပြီး အိမ်မှာလုပ်ထားတာပါ။ ဒါကို ရိုးရိုးလေးပဲ သကြား‌ရည်နဲ့ရောထားတာ။ အဘွားနဲ့အဒေါ်တို့ ကျေးဇူးပြုပြီး သုံးဆောင်ကြပါဦး။ ခံတွင်းတွေ့မယ်လို့ ထင်ပါတယ်"

လူတိုင်းနီးပါးက နတ်သမီးတို့ဟူးကိုအလိုလိုလက်လှမ်းလိုက်ကြသည်။

သို့သော်နတ်သမီးတို့ဟူး၏အရသာသည် သူတို့မြည်းစမ်းခဲ့‌ဖူးသော တို့ဟူးလောက် မရိုးရှင်းပေ။ သူတို့အားလုံးသည် ချန်းဘွားဘွားနှင့် ချင်ဖန်းညန်တို့၏တုံ့ပြန်မှုကို မသိမသာ စိုက်ကြည့်နေကြသည်။

သူမ၏ပွင့်လင်းမှုကြောင့် လူသိများသော ရှီတလန်၏ဇနီးသည် ချင်ဖန်းညန်ကို တိုက်ရိုက်မေးမြန်းလိုက်သည်။

"ဖန်းညန်၊ အရင်က စီရင်စုကိုသွားလိုက်တုန်းက နင်‌ရော ဒါကိုရောင်းတာလား"

ချင်ဖန်းညန်တစ်ယောက် အံ့အားသင့်သွားလေသည်။

သူကိုယ်သူတွေးမိတာက "ဖန်တီးတဲ့သူက ရှေ့မှာရှိနေတာကို ဘာလို့ ငါ့ကို လာမေးနေတာတဲ့လဲ"

ကန်းရှီ:...

စကားမပြောခင်ကို မစဉ်းစားဘဲ ထပ်ပြောလိုက်ပြန်ပြီ။

ချင်ဖန်းညန်ကို စန်းလော့အရှေ့မှာမေးမယ့်အစား သူမကို တိုက်ရိုက်မေးလိုက်တာကမှ ပိုကောင်းဦးမယ်။

အနည်းငယ် အဆင်မပြေသလိုခံစားရပြီး အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်အောင်ကြိုးစားနေသည့် စန်းလော့က ပြုံးရင်း ကြားဖြတ်ပြောလိုက်လေသည်။

"ဟုတ်ပါတယ်၊ အခုချိန်မှာ ကျွန်မတို့က နဲနဲပိုပြီး သိကျွမ်းလာကြပြီလေ။ ပြီးတော့ကျွန်မက တို့ဟူးကို အပြင်မှာထုတ်ပြထားလိုက်ပြီဆိုတော့ ဖုံးကွယ်ထားစရာ ဘာမှမရှိတော့ပါဘူး။ စီရင်စုမှာ တောဟင်းရွက်တွေ ရောင်းတာကတော့ တစ်ကယ်ပါ။ ပြီးတော့ ဒီနတ်သမီးတို့ဟူးကိုရောပေါ့။ ငွေကြေးကုန်ကျများတဲ့ စားသောက်ဖွယ်တော့ မဟုတ်ပါဘူး။ တစ်တုံးကို နှစ်ဝမ်ပါပဲ။ နေ့စဉ်အသုံးစရိတ်အတွက်တော့ ငွေအနည်းငယ်ရတာက လုံလောက်ပါတယ်။ အစပိုင်းတုန်းကတော့ တိုးတိုးတိတ်တိတ်နေပေးဖို့ အဘွားချန်းကို တောင်းဆိုခဲ့တာပါတယ်"

အဲ့‌ဒီ့နောက်မှာတော့ အားလုံးက နားလည်သွားကြလေသည်။ ထူးခြားသည့်ဟင်းချက်နည်းပိုင်ဆိုင်ထားသည့် စန်းမိသားစု သိုသိုသိပ်သိပ်နေသည်မှာ အကြောင်းပြချက်ကောင်းရှိ၏။

"အိမ်ဆောက်ပြီး အကာအရံတွေ ဆောက်ဖို့ အလျင်စလို လုပ်နေကြတာ အံ့သြစရာတော့ မရှိပါဘူး"

လုံလုံခြုံခြုံ သော့ခတ်နိုင်သော အနောက်တံခါးကို မြင်လိုက်ရတော့ သူတို့ ပိုလို့ပင် နားလည်လာ၏။

ကန်းရှီက ဤအခြေအနေကိုအမိအရဆုပ်ကိုင်ကာ မှတ်ချက်ပေးလိုက်သည်။

"မိသားစုတစ်ခုရဲ့ဟင်းချက်နည်းကို စားဝတ်နေရေးအတွက်အသုံးချဖို့က တစ်ကယ်ကို ချင့်ချိန်သင့်တယ်။ ငါ့ယောင်းမက စကားတအားမြန်တယ်။ ငါတို့မမေးသင့်ဘူး။ စိတ်မပူပါနဲ့ စန်းလော့ရယ်၊ ဒီမှာဆွေးနွေးလိုက်တာတွေက ငါတို့ကြားမှာပဲရှိနေမှာပါ"

ရှီသလန်၏ဇနီး၊ လုမိသားစု၏အမေနှင့်ချွေးမတို့က သဘောတူ ခေါင်းညိတ်လိုက်ကြသည်။ အထူးသဖြင့် ရှီသလန်၏ဇနီးနှင့် လုသလန်၏ဇနီးတို့သည် ချင်ဖန်းညန်အား သိသိသာသာ အားကျနေကြ၏။

"အဲ့လို မကြုံဖူးသေးတဲ့ စားကောင်းသောက်ဖွယ်အတွက် တစ်တုံးကို နှစ်ဝမ်ကတော့ ရောင်းကောင်းမှာပဲ"

စန်းလော့က လူတိုင်း၏တုံ့ပြန်မှုကို သတိထားမိတော့ ထပ်ပြောလိုက်၏။

"စိတ်ပူစရာမရှိတော့ပါဘူး။ အခုတော့ ကျွန်မအိမ်လေးက ဆောက်ပြီးသွားပါပြီ။ ဒီတို့ဟူးချက်နည်းတွေက သင်ယူဖို့မလွယ်ကူဘူး။ ဒါကြောင့် နောက်ဆုံးတော့ ဒါတွေကို ဈေးထဲမှာ ရောင်းချဖို့ စီစဉ်ထားပါတယ်။ ကျွန်မရဲ့အားအင် အကန့်အသတ်အရ နေ့တိုင်းတို့ ဟူးပြုလုပ်တာက လက်ဝင်ပြီး စီရင်စုကို အသွားအပြန်လုပ်ရတာလဲ ခြေကုန်လက်ပန်းကျတယ်။ ဒါကြောင့် မေးချင်တာ‌လေးတစ်ခုက တစ်ကယ်လို့ အဒေါ်တို့အဘွားတို့မိသားစုတွေကသာ အဘွားချန်းတို့လို ဒီလုပ်ငန်းမှာ ပါဝင်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီစားကောင်းသောက်ဖွယ်တွေကို ကူရောင်းဖို့ အိမ်ကတစ်ယောက်ယောက် ပါဝင်နိုင်‌ပေးနိုင်မလားပေါ့"

အထူးသဖြင့်ကလေးများ၏ ဆူညံသံများနှင့် လူများပြည့်နေသည့်ခြံဝင်းထဲတွင် စန်းလော့၏အသံသည် ကျယ်လောင်ခြင်းမရှိပေ။ သူမ၏အဆိုပြုချက်ကို သူမစားပွဲရှိလူများသာ ကြားနေရသည်။

ဒါကိုမျှော်လင့်ထားပြီးဖြစ်သည့် ချန်းဘွားဘွားနှင့်သူ့ချွေးမက ပြုံးလိုက်လေသည်။

လုနှင့်ရှီမိသားစုမှအမျိုးသမီးများက အံ့ဩပြီးစိတ်လှုပ်ရှားသွား၏။

"တစ်ကယ်လား၊ ငါတို့လဲ ဒီတို့ဟူးကိုရောင်းလို့ရတာလား"

"ရတာပေါ့၊ အရင်စားလိုက်ရအောင် ပြီးမှ အသေးစိတ်ပြောကြတာပေါ့"

မိသားစုနှစ်ခုသည် ကောင်းကင်က ကျလာသည့်ပိုင်မုန့်တွေ သူတို့ဆီ ရောက်လာတဲ့ပုံဖြင့် ကြောင်အမ်းအမ်းဖြင့် မယုံကြည့်နိုင်အောင် ဖြစ်သွားလေသည်။

ထို့နောက် ခြံဝင်းအပြင်ဘက်မှ ရှန်းနဉ်၏အသံမှာ ထွက်ပေါ်လာလေသည်။

"မကြီး၊ လုဒေါ်လေး ရောက်လာပြီ"

ရှန်းနဉ်၊ ရှန်းအန်းတို့နဲ့အတူလိုက်ပါလာသည့် ဖုန်းလျိုညန်၊ တနျိုနှင့်အားရှူတို့ ပြန်ရောက်လာတာကို မြင်တော့ လူတိုင်းက မှင်သက်သွားကြလေသည်။ သူတို့အားလုံးက နွေးထွေးစွာ နှုတ်ဆက်ရန်အတွက် အစာစားခြင်းကို ရပ်ထားလိုက်ကြ၏။

"လျိုညန်၊ ဒီကိုလာပါဦး"

သူတို့၏ မျက်နှာများသည် အပြုံးများဖြင့် ပွင့်လန်းနေကြသည်။

ဖုန်းလျိုညန်: ???

...

အပိုင္း (၅၅)

အစားအေသာက္လုံေလာက္ေအာင္ပင္ ႐ုန္းကန္ေနရသည့္ ေက်းလက္အိမ္ေထာင္စုမ်ားတြင္ ယမကာသည္ ဇိမ္ခံပစၥည္းတစ္ခုျဖစ္သည္။

ဤစားပြဲတြင္ အႀကီးအကဲမ်ားသည္ ခ်န္းႏွင့္လုအဘိုးအဘြားမ်ားျဖစ္ၿပီး ေနာက္တြင္ေတာ့ ခ်န္းယိုထ်န္း၊ ရွီအာ့လန္ႏွင့္လုညီအစ္ကိုမ်ားျဖစ္သည္။ လူႀကီး၆ေယာက္သာလွ်င္ ယမကာေသာက္သူမ်ားျဖစ္ၾက၏။

စားပြဲဝိုင္းရွိ ဆယ္ေက်ာ္သက္ေလးမ်ားက ယမကာကိုထိျခင္းထက္ က်ိဳးႏြံစြာထိုင္ျခင္းပိုေကာင္းသည္ကို သိၾကသည္။

ၿမိဳ႕မွာျဖစ္ျဖစ္ ေက်းလက္မွာပဲျဖစ္ျဖစ္၊ အိမ္တြင္းမွာျဖစ္ျဖစ္ အိမ္ျပင္မွာပဲျဖစ္ျဖစ္ အသက္ႀကီးသူမ်ား မစားမခ်င္း မ်ိဳးဆက္သစ္လူငယ္မ်ား စ မစားရဆိုသည္မွာ က်ယ္က်ယ္ျပန႔္ျပန႔္ နားလည္ထားသည့္ စည္းကမ္းတစ္ခုပင္။ ထို႔ေၾကာင့္ ဆယ္ေက်ာ္သက္မ်ားသည္ လူႀကီးမ်ား၏ ေပ်ာ္႐ႊင္မႈကိုသာ ၾကည့္ရႈႏိုင္ၾကသည္။ သူတို႔အားလုံးထဲမွ အႀကီးဆုံးျဖစ္ေသာ ႐ႊမ္းက်ဴးသည္ သူ႔ဦးေလး ယမကာေသာက္ႏိုင္ျခင္းကို အားက်ေန၏။ အသက္၁၄ႏွစ္တြင္ သူ႔ကို အရက္ေသာက္ခြင့္မျပဳသည့္အျပင္ အရသာပင္ ျမည္းခြင့္မရလိုက္ေပ။

သူတို႔၏မ်ိဳးဆက္တြင္ ရွီအာ့လန္သည္ ပိုတက္ႂကြၿပီး ေသာက္စရာကို စိတ္အားထက္သန္ေနသည္။ စန္းေလာ့ ယမကာယူလာတာကိုျမင္ေတာ့ သူသည္ လက္ခံရန္အတြက္ စိတ္အားထက္သန္စြာထလိုက္ေလ၏။

အနီးကပ္ၾကည့္လိုက္ေတာ့... အိုးးး... ဒါက သာမန္ယမကာမ်ိဳး မဟုတ္ပါလား။

သူက ေကာက္ယူလိုက္ကာ အဖက္ဖက္မွ ၾကည့္ရႈစစ္ေဆးလိုက္၏။ သူ၏မ်က္လုံးမ်ားမွာ စိတ္လႈပ္ရွားမႈေၾကာင့္ ဝင္းလက္သြားေလသည္။

"အားလီရဲ႕မိန္းမ၊ ဒါက ေဈးထဲကအေထြေထြကုန္စုံဆိုင္ကျဖစ္ရမယ္ ဟုတ္တယ္မလား။ ဒါက အရင္ကျမင္ဖူးၿပီးေတာ့ ၁၈ဝမ္ေလာက္ရွိမယ္ ထင္တယ္ ဟုတ္လား"

စန္းေလာ့သည္ သူ႔ကိုေဈးႏႈန္းသိရန္အထိမေမွ်ာ္လင့္ထားလိုက္ေပ။ ထို႔ေနာက္ၿပဳံးျပလိုက္ၿပီး

"ဦးေလးရွီအာ့၊ ဦးေလးက အေတာ္ေလးနားလည္တဲ့သူပဲ။ ကြၽန္မက ေငြေခြၽတာေနရလို႔ ပိုေကာင္းတာ ဘာမွမတတ္ႏိုင္ဘူး"

"ပိုမေကာင္းဘူး ဟုတ္လား၊ ဒါကအေကာင္းဆုံးပဲေလ။ ငါတိုတဲ့ ဦးေလးရွီအာ့က အစားအေသာက္ေကာင္း ႀကိဳက္တဲ့သူမဟုတ္ပါဘူး။ အစားႀကီးတဲ့ သူတစ္ေယာက္ပါပဲ။ သာမန္ ယမကာတစ္ပုလင္း ဒါမွမဟုတ္ ႏွစ္ပုလင္းနဲ႔ပဲ ပြဲေတာ္ရက္ေတြ‌အတြင္းမွာ ငါ့ဆႏၵက ျပည့္ဝတာ။ ဒါက တစ္ကယ္ေကာင္းတဲ့ဧည့္ခံမႈတစ္ခုပါပဲ"

အဘိုးခ်န္းႏွင့္တစ္ျခားသူမ်ားကလဲ သေဘာတူၾကသည္။

"ဒီလိုယမကာပုလင္းမ်ိဳးကို မျဖဳန္းတီးပါဘူး။ အားလီရဲ႕မိန္းမ၊ နင့္ရဲ႕ဧည့္ဝတ္ေက်မႈက ၿပိဳင္ဘက္ကင္းပါတယ္"

စန္းေလာ့က မ်က္လုံးမ်ားတြန႔္သည္ အထိၿပဳံးလိုက္၏။

"ဒါဆို အားလုံးပဲ ဒီညေတာ့ ေကာင္းေကာင္းစားၿပီး ေသာက္လိုက္ၾကရေအာင္"

သူမက အဖုံးပိတ္ထားသည့္ ယမကာပုလင္းကို မည္သို႔ ဖြင့္ရမည္ကို တုံ႔ဆိုင္းေန၏။ ဒါကိုျမင္ေတာ့ ရွီအာ့လန္က ရယ္လိုက္ၿပီး

"အဲ့တာအတြက္စိတ္မပူပါနဲ႔၊ ဒါကို ‌ကိုင္တြယ္ႏိုင္ပါတယ္။ ပိတ္ထားတာကို ဖြင့္ဖို႔က ေက်ာက္ခဲတစ္လုံးပဲ လိုတယ္။ နင္က စားပြဲမွာပဲ သြားထိုင္ေနလိုက္။ ယမကာထည့္ေပးဖို႔ကို ဦးေလးတို႔လုပ္လိုက္မယ္"

အမွန္ပင္ စန္းေလာ့က ေယာက္်ားႀကီးမ်ားကို ယမကာျဖင့္ဧည့္ခံရာတြင္ အေတြ႕အႀကဳံမရွိေပ။

"ဒါဆို၊ ဦးေလးရွီအာ့ကိုပဲ လႊဲထားလိုက္မယ္ေနာ္"

စားပြဲဝိုင္းရွိအႀကီးမ်ားကို ႏႈတ္ဆက္ၿပီးေနာက္ ကေလးမ်ားကို စစ္ေဆးရန္သြားလိုက္သည္။

ရွန္းနဥ္က လူမ်ားကို သြားေခၚေနသည္။ ဤစားပြဲဝိုင္း၏တာဝန္ခံျဖစ္ေသာ ရွန္းအန္းသည္ အသက္၁၂ႏွစ္ႏွင့္အထက္ ရွိေသာေကာင္ေလးမ်ားက လူႀကီးမ်ား၏စားပြဲတြင္ ပါဝင္ေနသည္ကို ေတြ႕လိုက္၏။

ကေလးမ်ား၏ စားပြဲဝိုင္းသည္ အသက္အႀကီးဆုံး ဆယ္ႏွစ္အ႐ြယ္အားန်ိဳ၊ ရွန္းမိသားစုမွအငယ္ဆုံး ႏွစ္ႏွစ္အ႐ြယ္ထ်န္းယာ၊ ရွီမိသားစုမွ ကေလးျဖစ္ပုံေပၚေသာ ေလးႏွစ္ ဒါမွမဟုတ္ ငါးႏွစ္အ႐ြယ္ မိန္းကေလးတစ္ေယာက္ႏွင့္ အဲ့ဒီ့ေနာက္တြင္ေတာ့ အားန်ိဳႏွင့္စန္းန်ိဳတို႔သာ က်န္သည္။

ကေလး၁၁ေယာက္ကို ခုံတန္းရွည္တြင္ သုံးေယာက္လွ်င္တစ္ခုံက် အတူ တိုးေဝ့ထိုင္ေနၾကသည္။ ရွန္းထ်န္းလိုအငယ္ဆုံးေလးႏွင့္ ရွီမိသားစုမွ အငယ္ဆုံးသမီးေလးသည္ စားပြဲ၌ပင္ မထိုင္ၾကေပ။ သူတို႔အစ္ကိုမ်ား၏ေဘးတြင္ ရပ္ေနၾကၿပီး အစာခြံေကြၽးမည္ကို ေစာင့္ေနၾက၏။

အျခားသူမ်ားႏွင့္ အားရႉကို ေခၚဖို႔သြားလိုက္ၿပီး အခုထိျပန္ေရာက္ေသးသည့္ ရွန္းနဥ္အတြက္ ခုံတန္းေပၚတြင္ ေနရာအလုံအေလာက္ ခ်န္ထားေပးလိုက္သည္။

ရွန္းအန္းက သူ႔မရီးနားသို႔ တိတ္တိတ္ေလး ခ်ဥ္းကပ္သြားၿပီး ေျပာလိုက္၏။

"ဟူက်ီမွာ တန်ိဳလို႔ေခၚတဲ့ အစ္မတစ္ေယာက္ရွိတယ္။ သူလဲပဲ ဒီေန႔မလာဘူး"

သူက သူ႔မရီးကို တိုးတိုးေလးေျပာလိုက္၏။

"ဟူက်ီက ေျပာတယ္။ သူတို႔အဘြားက မိသားစုဝင္ေတြ အမ်ားႀကီးလာတာ စိုးရိမ္ေနတယ္တဲ့။ အဲ့ဒါေၾကာင့္ သူတို႔က ဟူက်ီ႕အေမရယ္၊ အစ္မရယ္နဲ႔ေမာင္ေလးကို အိမ္မွာထားခဲ့ၾကတာ။ ၿပီးေတာ့ သူ႔ရဲ႕အေဒၚ၂ ကိုဒီကို အားရႉကိုေခၚလာဖို႔ေျပာလိုက္တယ္"

ဟူက်ီသည္ တက္ေရာက္လာသည့္ ဧည့္သည္အေျပာင္းအလဲကို သတိမထားမိလိုက္ေပ။

ရွီမိသားစုတစ္ခုလုံးေရာက္ရွိလာၿပီး သူ၏ေမာင္ႏွမမ်ားလည္း ရွိေနသည္ကိုေတြ႕ေတာ့ ရွန္းအန္းက သူ႔ဝမ္းကြဲတန်ိဳႏွင့္အားရႉတို႔ မရွိျခင္းကို ပူပန္ေနလိုက္သည္။ ထို႔ေၾကာင့္ ဤအေၾကာင္းကို စန္းေလာ့ႏွင့္မွ်ေဝလိုက္၏။

စန္း‌ေလာ့၏ မ်က္လုံးမ်ားသည္ နားလည္မႈျဖင့္ တဖ်ပ္ဖ်ပ္ဖ်ပ္ ခတ္သြားကာ အဘြားလု၏အေစာပိုင္းအျပဳအမူတြင္ အနည္းငယ္ စိတ္မသက္မသာျဖစ္ရျခင္းမွာ ဤအေျခအေနေၾကာင့္ ျဖစ္ႏိုင္ေၾကာင္းကို သေဘာေပါက္လိုက္သည္။

လုမိသားစု၏ တက္ေရာက္သူမ်ားအေျပာင္းအလဲသည္ မိသားစုအတြင္း တက္ႂကြမႈမ်ားေၾကာင့္လား ဒါမွမဟုတ္ တိုက္ဆိုင္မႈသက္သက္ ေၾကာင့္လားဆိုတာကိုေတာ့ သူမ ေသခ်ာမသိပါ။ လုမိသားစုကိစၥမ်ားကို ႏႈိက္ႏႈိက္ခြၽတ္ခြၽတ္ ရွာေဖြျခင္းက သူမေနရာမဟုတ္ဟု စဥ္းစားလိုက္၏။ သူမရဲ႕ရည္႐ြယ္ခ်က္မွာ လူတိုင္း၏အကူအညီအတြက္ ေက်းဇူးတရားကို ေဖာ္ျပရန္စားေသာက္ပြဲ က်င္းပေပးျခင္းသာျဖစ္သည္။

သူတို႔မိသားစုကိစၥမ်ားကို စုံစမ္းစစ္ေဆးရန္မဟုတ္ေပ။

လုမိသားစုမွ ကေလးအေရအတြက္အတိအက်ကို မသိေသာ္လည္း ယခုအခ်ိန္တြင္ တန်ိဳဟုေခၚေသာ အျခားမိန္းကေလးတစ္ဦးအေၾကာင္း ၾကားသိရသျဖင့္ စန္းေလာ့သည္ ရွန္းနဥ္အား ဖိတ္ၾကားျခင္းကို ခ်န္လွပ္ထားရန္ မလိုလားလိုက္ေပ။ ထို႔ေၾကာင့္ သူမက ရွန္းအန္းကို ၫႊန္ၾကားလိုက္ေလသည္။

"ေနာက္ထပ္တစ္ႀကိမ္ေလာက္ ထပ္ေျပးၿပီးေတာ့ သားရဲ႕ဝမ္းကြဲ တန်ိဳကိုလည္း ဖိတ္လိုက္ပါဦး"

အိမ္တြင္သုံးေယာက္ကို ခ်န္ထားလိုက္ရန္ ေ႐ြးခ်ယ္ခဲ့ေသာအဘြားလုသည္ စာနာစိတ္ရွိၿပီး ေလာကက်င့္ဝတ္ကို သတိထားပုံရသည္။ ဘာေၾကာင့္လဲဆိုေတာ့ မိသားစုတစ္စုထဲက အမ်ားႀကီး တက္ေရာက္ျခင္းသည္ မသင့္ေတာ္သလို ခံစားရျခင္းေၾကာင့္ပင္။

စန္းေလာ့က သူမအိမ္တြင္ အကူအညီေပးလိုက္တဲ့သူ အကုန္လုံးျဖစ္တဲ့ ႐ႊမ္းက်ဴး၊ ထ်ယ္က်ဴးနဲ႔ဟူက်ီတို႔က ဧည့္သည္စာရင္းဝင္လိုက္တာေၾကာင့္ အဘြားအိုသည္ ကေလးမ်ားကို လာခြင့္မေပးလိုက္ျခင္းဟု ေတြးမိေလသည္။

ယခင္ေန႔ေတြက အဘြားအို၏ ဒုတိယေခြၽးမအေပၚ အထူးၾကင္နာၿပီး ဂ႐ုစိုက္တတ္ေသာသေဘာထားကို သတိရမိေတာ့ စန္းေလာ့က အားရႉႏွင့္ဒုတိယေခြၽးမကို ဖိတ္ၾကားျခင္းသည္ အားကိုးရမည့္အိမ္ေထာင္ဦးစီးမရွိေသာ မိသားစုအတြက္ ထည့္သြင္းစဥ္းစားရမည့္ လုပ္ရပ္ျဖစ္ေၾကာင္း သေဘာေပါက္ေလသည္။

သူ႔မရီး၏ အျခားသူမ်ားကိုဖိတ္ရန္ ၫႊန္ၾကားခ်က္ကိုၾကားေတာ့ ရွန္းအန္းက အၿပဳံးျဖင့္ေခါင္းညိတ္ျပလိုက္ၿပီး တစ္ဟုန္ထိုးထြက္မသြားမီ ဟူက်ီကို တိတ္တိတ္ေလးအသိေပးလိုက္၏။

အမ်ိဳးသမီးမ်ား၏စားပြဲဝိုင္းသို႔ စန္းေလာ့ျပန္ေရာက္လာေသာအခါ ရွန္းအန္းထြက္သြားတာနဲ႔ပတ္သတ္ၿပီး တစ္ခ်ိဳ႕က ေမးျမန္းၾကေလသည္။

သူမက အၿပဳံးႏွင့္ရွင္းျပလိုက္၏။

"ဟူက်ီ႕မွာအစ္မရွိတာကို သိလိုက္ရတယ္။ အဲ့တာေၾကာင့္ သူ႔ကိုပါ ဖိတ္ၾကားဖို႔အတြက္ ရွန္းအန္းကို လႊတ္လိုက္တာပါ။ အကုန္လုံးက ဒီမွာရွိေနတဲ့အခ်ိန္ သူ႔တစ္ေယာက္ထဲကို အိမ္မွာခ်န္ထားလိုက္တာ မျဖစ္သင့္ဘူးေလေနာ္"

အနည္းငယ္အရွက္ရသလို ခံစားရေသာအဘြားလုက တုံ႔ျပန္လိုက္၏။

"စန္းေလာ့ရယ္ အဘြားတို႔က တစ္ကယ္ေတာ့ အခြင့္အေရး မယူသင့္ဘူးေလ။ ႐ိုး႐ိုးသားသားေျပာရရင္ ဒီမွာ တစ္မိသားစုထဲကေန ၁၂ေယာက္ေက်ာ္ရွိတယ္ဆိုတာ အဘြားတို႔႐ြာမွာတစ္ခါမွကို မၾကားဖူးလိုက္ဘူး"

စန္းေလာ့က ၿပဳံးရင္း ၾကားျဖတ္ေျပာလိုက္၏။

"စည္းမ်ဥ္းစည္းကမ္းေတြက ျပင္လို႔လြယ္ပါတယ္ အဘြားရယ္။

You are reading the story above: TeenFic.Net