အပိုင်း (၄၀)
Background color
Font
Font size
Line height
အပိုင်း (၄၀)
ဘေးပတ်ဝန်းကျင်တွင် အန္တရာယ်ရှိသော တိရစ္ဆာန်များမရှိကြောင်း သေချာပြီးနောက် စန်းလော့သည် ထူထပ်သော ချုံပုတ်များကို ဖြတ်၍ ဆောင့်ကြောင့်ထိုင်ကာ သစ်သီးတစ်လုံးကို ကောက်ယူပြီး သူမ၏ခြင်းတောင်းထဲသို့ ထည့်လိုက်သည်။
သူမသည် ထိုအသီးကိုဖုန်သုတ်လိုက်ပြီး အခွံနွှာပြီးနောက် အသားကိုမြင်သည်နှင့် မထိန်းနိုင်တော့ဘဲ သူမ၏ပါးစပ်မှ သွားရည်များစီးကျလာလေသည်။
ထိုအသီးကို ကိုက်လိုက်သောအခါတွင် မူလအချိုဓာတ်သည် ချဉ်သောအရသာသို့ ပြောင်းသွားပြီး သူမမျက်နှာတစ်ခုလုံးအား ရှုံ့တွသွားစေသည်။
အမလေး ချဉ်တူးနေတာပဲ။
အသီးကိုကိုက်ပြီးနောက် အချဉ်ဓာတ်ကို ခံစားလိုက်ပြီးနောက်တွင်တော့ ကျန်ရှိနေသည်များကို တောထဲသို့ပစ်ထားလိုက်သည်။
ရှီလီရွာသည် အမှန်တကယ်ပင် တောတောင်များ မချို့တဲ့ခဲ့ပေ။ မိသားစုတိုင်းတွင် ရွာပတ်လည်၌ တောင်ကုန်းများစွာရှိ၏။ အထဲသို့နည်းနည်းထပ်ဝင်လိုက်ပြီး လူအသွားအလာနည်းသည့် နေရာတွင်တော့ မှည့်နေသောစွံပလွန်သီးများသည် အနှောင့်အယှက်ကင်းစွာဖြင့် မြေပင်ပေါ်သို့ကြွေကျနေလေသည်။ သူက ဆယ်လုံးကို‌ခူးယူလိုက်သော်လည်း သုံးလုံးမှာပျက်စီး(ပုပ်ပြဲ) နေပြီးဖြစ်သည်။
ဒါဟာ ဖြုန်းတီးခြင်းမဟုတ်ပေ။ စန်းလော့သည် ပုပ်နေသောအသီးများကို သည်အတိုင်း ဘေးသို့ပစ်ထားလိုက်၏။
အကောင်းဆုံးစွံပလွန်သီးများမှာ သဘာဝအတိုင်း မှည့်ပြီး ကြွေကျကာ အရသာရှိလှသည်။ မြေကြီးပေါ်တွင်ထိုအသီးများဖြင့် ပြန့်ကျဲနေပြီး သူမသည် ကိုင်းများကို လှုပ်ခါပေးရန်သာလိုအပ်၏။
သူမက ကောင်းမွန်သည့်အသီးများကို သီးသန့်ရွေးယူလိုက်ပြီး ပုပ်နေသည်များကို လွှင့်ပစ်ရင်းဖြင့်ပင် ခြင်းတောင်း တစ်ဝက်အပြည့်ဖြစ်အောင် အလျင်အမြန် ထည့်လိုက်လေသည်။
ဆက်လက်ရှာဖွေရင်းဖြင့် စန်းလော့သည် နောက်ထပ်တစ်ပင်ကို ရှာတွေ့သွားပြီး သူမ၏ဆွတ်ခူးခြင်းအပေါ် စိတ်ကျေနပ်ရင်း ခြင်းတောင်းပြည့်ခါနီးမှသာ ရပ်တန့်လိုက်၏။
အပြန်ခရီးလမ်းတွင်တော့ သူမသည် တောဟင်းရွက်များကိုခူးပြီး ခြင်းတောင်းပေါ်တွင် အုပ်လာခဲ့လိုက်သည်။
တောင်ပေါ်လမ်းများသည် သွားလာရန်ခက်ခဲ၏။ သူမ တောင်ပေါ်သို့ ချဉ်းကပ်လာသောအခါတွင် ခုတ်ထားသစ်လုံးကို သယ်ဆောင်ထားသည့် ချန်းလောင်ဟန်နှင့်သူ့အဖွဲ့ကို တွေ့လိုက်ရသည်။ သူမ၏ခြင်းတောင်းကို မြင်တော့ ချန်းလောင်ဟန်က ရွှင်မြူးစွာမေးလိုက်၏။
"တောင်ပေါ်က ပြန်လာတာလား"
အသက်အရွယ်ကြီးသည့် လယ်သမားများသည် သဘာဝအားဖြင့် အလုပ်ကြိုးစားသူများကို အသိအမှတ်ပြုကြသည်။
စန်းလော့သည်လည်း အပြုံးနှင့်ပြန်ဖြေလိုက်၏။
"ဟုတ်ကဲ့၊ မနက်ဖြန်ရောင်းဖို့အတွက် တောဟင်းရွက်ခူးလာတာပါ။ ဒီနေ့တော့ ဦးလေးတို့အားလုံး အလုပ်ကြိုးစားကြရမယ်ထင်တယ်"
ခဏတာ စကားစမြည်ပြောနေစဉ်တွင် ရှီအာ့လန်နှင့် အခြားသူများသည် သိချင်စိတ်ကြောင့် ဒရင်ကောက်ပင်များနှင့် ပြည့်နေသည့် ခြင်းတောင်းကို ကြည့်လိုက်ကြသည်။
တိုက်ရိုက်မမေးဝံ့ဘဲ စန်းလော့ စကားမဆုံးမချင်း စောင့်ဆိုင်းနေလိုက်သည်။ သူမ ထွက်သွားပြီးသည်နှင့် ရှီအာ့လန်သည် ချန်းယိုထျန်းအား အသံတိုးတိုးဖြင့် မေးလိုက်၏။
"မင်းရဲ့မိန်းမနဲ့ အားလီရဲ့မိန်းမက တစ်ကယ်ပဲ ဒရင်ကောက်ပင်တွေ ရောင်းဖို့ စီရင်စုကိုသွားနေတာလား။ လူတွေကရော အဲ့တာတွေကို တစ်ကယ် ဝယ်လို့မလား"
အမြဲတစေရိုးသားသူ ချန်းယိုထျန်းက ပြန်ဖြေလိုက်၏။
"အဲ့မှာတောင်တန်းတွေမရှိလို့ စီရင်စုမှာရှိတဲ့ လူတစ်ချို့ကတော့ ဝယ်လိမ့်မယ်။ ဝမ်တစ်ဝမ်နဲ့ လက်တစ်ဆုပ်စာလောက် အနည်းငယ်ရမှာမလို့ တစ်ချို့ကတော့ ဝယ်ချင်စိတ်ရှိလောက်တယ်"
စန်းလော့၏စီးပွားရေးနှင့်ပတ်သက်ပြီး အများကြီးထုတ်မပြောရန် သူ့အမေနှင့်မိန်းမ၏ ညွှန်ကြားချက်ကို သတိရရင်း ထပ်ပြောလိုက်၏။
"ဒါပေမယ့် အများကြီးတော့ မဝယ်ကြပါဘူး။ အဲ့တာတွေက သာမန်ဟင်းရွက်တွေလောက်တော့ အရသာမရှိဘူး။ ပြီးတော့ မြို့ဝင်ကြေးနဲ့ ဈေးခွန်တွေကြောင့်လဲ အမြတ်သိပ်မကျန်ဘူး။ ငါတို့က အများကြီးမရောင်းဘူးမလို့ ဝင်ငွေလဲ နည်းတယ်"
သူ့အဆိုက မှန်ကန်ပါတယ်။ ခူးယူလာတဲ့ တောဟင်းရွက်တွေ အကုန်လုံးက ရောင်းရတာမဟုတ်ဘူး။ ဝမ် နည်းနည်းပါးပါး ရှာနိုင်တာကိုပဲ ဟုတ်နေပြီလို့ မှတ်ရမှာ။
ရှီအာ့လန်မှာ စန်းလော့သည် ဟင်းရွက်များကို ရောင်းရန် မလွယ်ကူသော်လည်း အဘယ်ကြောင့်ဤမျှခူးခဲ့သနည်းဟု အထူးအဆန်းဖြစ်ခဲ့ရသည်။
ချန်းယိုထျန်း၏ရိုးသားမှုကို ဆယ်စုနှစ်များစွာကြာ သိမြင်ခဲ့ပြီး ရှီအာ့လန်မှာ 'လက်တစ်ဆုပ်စာ' သည် အလွန်ကြီးမားနိုင်သည်ကို တွေးတောလိုက်လေ၏။
ပမာဏကိုတွေးဆကြည့်ရင်း လက်နှစ်ဆုပ်စာကို ဝမ်တစ်ဝမ်နှင့် ရောင်းခြင်းအား ယုံရခက်နေသည်။ တောင်တွေပေါ်မှာက တောဟင်းရွက်တွေပေါများတော့ အလွယ်တကူခူးယူလို့ရတာပေါ့။
ဤအတိုင်းတွေးတောလိုက်ပြီး ရှီအာ့လန်သည် ချန်းယိုထျန်း၏ဖြစ်နိုင်ချေရှိသော အလိမ်အညာကို ဖုံးကွယ်ပေးရန် မရည်ရွယ်ပဲ ကူညီပေးလိုက်သကဲ့သို့ ခံစားလိုက်ရ၏။
ကောက်ရိုးတဲကိုရောက်သည်နှင့် ခုတ်လှဲလာသောသစ်ပင်ကိုချလိုက်ကာ ချန်းလောင်ဟန်သည် နောက်မှလိုက်ပါလာသော စန်းလော့ကို ပြောလိုက်၏။
"အားလီရဲ့မိန်းမရေ၊ ကျေးဇူးပြုပြီး အိမ်အရွယ်အစားအတိအကျလေးနဲ့ ဘယ်နေရာမှာဘာကို ဆောက်မယ်ဆိုတာကို မှတ်ထားပေးနော်။ ဒါမှ အုတ်အတွက် ရွှံ့တွေပြန်ယူတဲ့အခါ ဘယ်လိုလုပ်ရမလဲဆိုတာကို သိမှာ။ အခြေခံအုတ်မြစ်အတွက် ပြင်ဆင်ဖို့ မြေတွေရှင်းပြီး ကျောက်တုံးတူးတာရော အမြစ်တွေနဲ့ပတ်သက်ပြီးတော့ရော စတင်နိုင်လိမ့်မယ်"
စိတ်အားထက်သန်စွာဖြင့် စန်းလော့သည် တုံ့ပြန်ခဲ့၏။
"ကောင်းပါပြီ၊ အထဲကို ခြင်းတောင်းထည့်ပြီးတာနဲ့ ချက်ခြင်းပြန်ထွက်လာပါ့မယ်"
ရှီအာ့လန်နှင့်အခြားသူများသည် သူတို့ကူဆောက်ပေးနေသော အိမ်အား ကောင်းစွာနားလည်ရန် စောင့်ဆိုင်းရင်း အနားယူခဲ့ကြသည်။ ရှင်းလင်းသည့် စိတ်ကူးတစ်ခုရှိရန်သည်လည်း အရေးပါ၏။
သောစန်းလော့သည် အလျင်အမြန်ပြန်ရောက်လာပြီး သူမ၏လက်ရှိတဲမှထွက်လာကာ အလုပ်လုပ်နေသောအဖွဲ့ဆီသို့ ဦးတည်သွားလိုက်၏။
"ဒီမှာ ရေချိုးခန်းဆောက်ရအောင်။ ကျွန်မတို့မွေးရပ်မှာဆို မီးဖိုချောင်တွေနဲ့ အိမ်သာတွေရဲ့အရေးကြီးပုံကို အလေးထားကြတယ်။ အိမ်သာတွေက အများအားဖြင့်တော့ ခြံရဲ့အရှေ့မြောက်မှာ ရှိတယ်။ ဒီရေချိုးခန်းကလဲ ဒီနေရာမှာပဲ အဆင်ပြေလိမ့်မယ်"
ဒါက ရေချိုးခြင်းနဲ့ မှောင်ကြီးမဲတည်းထဲ ညရေးညတာသွားဖို့ကို ပိုလွယ်ကူစေမှာ။ အထူးသဖြင့် ပြင်းပြင်းထန်ထန်အေးတဲ့ ဆောင်းရာသီမှာပေါ့။
ချန်းလောင်ဟန်သည် နေ့စဉ်ချက်ခြင်းသန့်ရှင်းရေး လုပ်လို့ရသည့် စန်းလော့ပြောသည့် 'အပေါ့အိုး' အကြောင်းကို သိပြီးဖြစ်လေသည်။ ပင်မအိမ်နှင့်နီးကပ်သည့်တိုင် မည်သည့်ပြဿနာမျှမရှိသည်ကို မြင်ပြီး ခေါင်းညိတ်သဘောတူလိုက်သည်။
ရှီအာ့လန်နှင့်အခြားသူများမှာ ဇဝေဇဝါဖြစ်သွားကြ၏။ 'ရေချိုးခန်း' နဲ့ 'အိမ်သာ'က ဘာကိုဆိုလိုတာလဲ။ အိမ်သာဆိုတာ အပြင်မှာရှိနေတာကို ပြောတာမဟုတ်ဘူးလား။ ရေချိုးခန်းနဲ့ကရော ဘယ်လို ဆက်စပ်နေတာလဲ။
ကျေးလက်ဒေသများတွင် ရေချိုးရန်နေရာသီးသန့်ထားရှိခြင်းမှာ ရှားပါ၏။ အမျိုးသားများသည် မြစ်ထဲတွင်ရေချိုးလေ့ရှိပြီး နွေရာသီတွင် အိမ်တွင်းရှိ အင်တုံကိုအသုံးပြုကြပြီး နောက်မှသာ ရေကို အပြင်သို့ သွန်ပစ်ကြသည်။ အဘယ်ကြောင့် သီးခြားရေချိုးခန်းလိုအပ်မည်နည်း။
စန်းလော့နှင့်ကောင်းစွာမရင်းနှီးသည့် သူတို့သည် တိုက်ရိုက်မေးမြန်းရန် ချီတုံချတုံဖြစ်နေကြသည်။ သူတို့၏မေးခွန်းများကို နောက်မှသာ ချန်းမိသားစုနှင့်ဆွေးနွေးရန် မြိုသိပ်ထားလိုက်ကြ၏။
ချန်းယိုထျန်းသည် စန်းလော့၏အမူအရာကို သတိပြုမိကာ တဲအနောက်ဘက်ရှိကလေးများ ရှင်းလင်းနေသောမြေကွက်ဆီသို့ ခေတ္တထွက်သွားခဲ့သည်။ ထိုကလေးငယ်များတူးထားသော ကျောက်တုံးများထဲမှ သေးငယ်သည့်ကျောက်တုံးအချို့ကို ရွေးကာ အမှတ်အသားလုပ်ထားသည့်နေရာသို့ ကူသယ်ရန် သူတို့အားခေါ်လိုက်၏။
စန်းလော့ ရှင်းပြသည့်အတိုင်း သူသည် နံရံများ၊ တံခါးများနှင့် ပြတင်းပေါက်များရှိမည့်နေရာကို ရှင်းလင်းပြတ်သားစွာပုံဖော်ကာ မျဉ်းကြောင်းများကို မှတ်သားရန် ကျောက်တုံးများကို အသုံးပြုပြီး အသေးစိတ်တစ်ခုစီအတွက် သူမနှင့်ဆွေးနွေးတိုင်ပင်ခဲ့သည်။
ကလေးငယ်များသည် သူတို့၏တာဝန်မှာပျော်စရာကောင်းပြီး ဂိမ်းတစ်ခုနှင့်ပင်တူသောကြောင့် ကျောက်တုံးများကို အမှတ်အသားလုပ်ထားသောနေရာသို့ စိတ်လှုပ်ရှားစွာဖြင့် သယ်လာကြသည်။ ရှန်းအန်းသည် သူ့ကိုယ်ပိုင်အိမ်ဆောက်လုပ်ရေး အတွေ့အကြုံကြောင့် ပို၍လေးလေးနက်နက်ဖြင့် တိတ်တဆိတ် ကူညီကာ နားထောင်၏။
စန်းလော့က ကျောက်တုံးများကိုသုံး၍ အမှတ်အသားပြုလုပ်ခြင်းမှာ အဆင်ပြေကြောင်းကို တွေ့လိုက်ရသည်။ ရှန်းအန်းပေးထားသော ကျောက်ခဲအနည်းငယ်ကို ကိုင်ထားရင်း ဘယ်ဘက်အရှေ့သို့ ခြေလှမ်းအနည်းငယ်ရွှေ့ကာ ပြောလိုက်၏။
"မီးဖိုချောင်ကို ဒီမှာ ဆောက်ရအောင်။ ကြီးတဲ့မီးဖိုချောင်တစ်ခု လိုချင်တယ်"
မီးဖိုချောင်နံရံများ၊ တံခါးများနှင့်ပြတင်းပေါက်များ၏ တည်‌နေရာကို ညွှန်ပြရင်း ကျောက်တုံးများကို စီကာ စကားပြောဆိုနေစဉ်တွင် ရှီအာ့လန်နှင့် အခြားသူများသည် တအံ့တဩကြည့်ရှုနေကြလေသည်။ ဤအရာသည် ရေချိုးခြင်း သို့မဟုတ် အိမ်သာကဲ့သို့သော အရေးကြီးသည့် အကြောင်းအရာ မဟုတ်သောကြောင့် စိတ်သက်သာစွာဖြင့် မေးလိုက်ကြသည်။
"ဒီမီးဖိုချောင်က နည်းနည်းကျယ်တယ် မဟုတ်ဘူးလား"
ထိုအရာသည် သူတို့၏ကိုယ်ပိုင်မီးဖိုချောင်ထက် ထက်ဝက်ခန့် ကြီးမားပုံရပြီး သာမန်ဧည့်ခန်းနှင့် ယှဉ်နိုင်လုနီးပါးဖြစ်သည်။
စန်းလော့က ပြုံးပြီး ပြန်ပြောလိုက်သည်။
"ဟုတ်တယ်၊ ဒါကပိုကြီးတယ်၊ ဒါပေမယ့် ကျွန်မမှာ လယ်မြေမရှိတာကြောင့် အနာဂတ်မှာ အစားအစာရောင်းချဖို့ကို ပြင်ဆင်နေပါတယ်။ ဒါကြောင့် အဆင်ပြေစေဖို့ အထဲမှာ မီးဖိုနှစ်လုံးရယ် ရေပုံးတွေနဲ့ သစ်သားအင်တုံတွေအတွက် နေရာလိုအပ်တယ်လေ"
သူမသည် မီးဖိုချောင်အတွင်း၌ တို့ဟူးပြုလုပ်ခြင်းအတွက် ကြိတ်ခွဲစက်တစ်လုံးတပ်ဆင်ရန် ရည်ရွယ်ခဲ့သည်။ ထိုအရာအား အပြင်တွင်ထားရှိခြင်းသည် အဆင်မပြေနိုင်ပေ။ အထူးသဖြင့် မိုးတွင်း၌ဖြစ်သည်။ ထို့ကြောင့် ကျယ်ဝန်းသောမီးဖိုချောင်ကို လိုအပ်၏။
အစားအစာပြင်ဆင်ရန် ကြီးမားသော မီးဖိုနှစ်လုံးတပ်ဆင်မည့် အစီအစဉ်ကို ကြားသိရ၏။ မည်သည့်အစားအစာ ရောင်းရန်ရည်ရွယ်သည်ကို မသေချာသော်လည်း ရှန်းမိသားစု၏ လယ်မြေမရှိခြင်းနှင့် တောဟင်းရွက်များရောင်းရန် စီရင်စုသို့ နေ့စဉ်ခရီးထွက်ဖို့လိုသည်ကိုတော့ နားလည်ကြလေသည်။ သူတို့အားလုံးက နားလည်မှုဖြင့် ခေါင်းညိတ်ကြ၏။
ချန်းလောင်ဟန်နှင့်ချန်းယိုထျန်းတို့သည် သူမ၏ နတ်သမီးတို့ဟူးရောင်းခြင်းကို ရည်ညွှန်းသည်ဟု ယူဆခဲ့ကြပြီး မီးဖိုချောင်တည်ဆောက်မှုတွင် သူတို့၏အကူအညီသည် အစားအစာပြင်ဆင်မှုအတွက် လွယ်ကူစေရန်ဖြစ်ကြောင်း နားလည်ခဲ့ကြသည်။
မီးဖိုချောင်ထားမည့်နေရာကို ဆုံးဖြတ်ပြီးသည်နှင့် ခြံတံတိုင်းများနှင့် ပင်မတံခါးပေါက်၏ အနေအထားကို ဆုံးဖြတ်ရန် ဆက်လက်လုပ်ဆောင်ကြသည်။ အများစုကို စန်းလော့က အမှတ်အသားပြုပြီးနောက်တွင် ချန်းလောင်ဟန်သည် ပြီးပြီဟု ထင်လိုက်၏။ သို့သော် ကောက်ရိုးတဲအနီးရှိ ခြံတံတိုင်း၏ ညာဘက်ခြမ်းနားသို့ ရောက်သောအခါ ကျောက်ခဲများကိုနေရာချခြင်းအား ရပ်လိုက်လေသည်။
စန်းလော့က ကောက်ရိုးတဲအနောက်ဘက်ကို ညွှန်ပြရင်း ရှင်းပြလိုက်၏။
"အဘိုးချန်း၊ နောက်ဖေးခြံဝင်းကို ဒီမှာထားချင်တယ်။ ကျွန်မတို့စိုက်ပျိုးနေတဲ့ အနောက်ကမြေက မထိရောက်ပေမယ့် ပစ္စည်းတွေ အခြောက်ခံတဲ့နေရာမှာ အဆင်ပြေအောင် တံတိုင်းကို အိမ်အနီးနားက ဒီနေရာမှာဆောက်ချင်ပါတယ်"
ထို့နောက် သူမ၏လက်ရှိနေရာကို ညွှန်ပြကာ ပြောလိုက်၏။
"ကျွန်မရပ်နေတဲ့နေရာနဲ့အနောက်ဘက်တံတိုင်းကြား၊ ဒီကောက်ရိုးတဲဘေး အရှေ့နဲ့အနောက်ဘက် ခြံဝင်းတွေကြားမှာ တံခါးပေါက်အနေနဲ့ တံခါးတစ်ခုတပ်ဆင်ဖို့ စီစဉ်ထားတယ်။ အဲ့တာက ဖြစ်နိုင်မယ်လို့ထင်လား"
ဤသည်ကိုကြားပြီးနောက် ချန်းလောင်ဟန်သည် စန်းလော့ကို ကြည့်လိုက်၏။
ကျေးလက်အိမ်များတွင် အခန်းများကို ခြံဝင်းတစ်ခုထဲ၌ ထည့်ထားသည်က ပိုပြီး ပုံမှန်ဆန်လေသည်။ သီးခြားနောက်ဖေး ခြံဝင်းတစ်ခုထားပြီး တံခါးတစ်ချပ်ဖြင့် ပိုင်းခြားထားခြင်းကိုတော့ လုံးဝ မကြားဖူးသလောက်ပင်။
သို့သော် သီးသန့်နေရာလိုအပ်နိုင်သည့် စန်းလော့၏ ထူးခြားသော တို့ဟူးပြင်ဆင်မှုကို ထည့်သွင်းစဉ်းစားရင်း သူသည် ကန့်ကွက်ခြင်းမရှိပေ။ ခေါင်းညိတ်ရင်းဖြင့် ပြောလိုက်သည်။
"လုပ်လို့ရပါတယ်။ အခြေခံလက်သမားပညာကို ချန်းယိုထျန်းက ကိုင်တွယ်နိုင်တယ်။ ပုံစံက အကောင်းမွန်ဆုံးမဟုတ်ပေမယ့်လဲ သူလုပ်တဲ့ တံခါးတွေက ခိုင်ခံ့ပြီး လက်တွေ့ကျတဲ့အပြင် အဘိုးတို့မှာ သစ်သားလဲရှိတယ်။ ခြံဝင်းတံခါးနဲ့ မီးဖိုချောင်တံခါးနှစ်ခုလုံးကို သူ့ကိုလုပ်ခိုင်းလိုက်မယ်"
မမျှော်လင့်ထားသော ဤကမ်းလှမ်းမှုကြောင့် ပျော်ရွင်သွားပြီး စန်းလော့သည် ချန်းယိုထျန်းကို စိတ်အားထက်သန်စွာဖြင့် ကျေးဇူးတင်ရင်း ပြောလိုက်၏။
"ဦးလေးယိုထျန်း၊ ဦးလေးရဲ့အကူအညီကို တစ်ကယ်ကို တန်ဖိုးထားအသိအမှတ်ပြုပါတယ်"
ချန်းယိုထျန်းက နှိမ့်ချစွာဖြင့် လက်ကာပြလိုက်၏။
"ကိစ္စမရှိပါဘူးဟာ၊ လက်ရာကြမ်းကို စိတ်မရှိသရွေ့ပေါ့"
ရှန်းမိသားစုမှခွဲထွက်လာချိန်တွင် စန်းလော့မှာ မည်သည့်အိမ်သုံးပစ္စည်းမှ မရရှိခဲ့သည်ကို သတိရရင်း ထပ်ပြောလိုက်သည်။
"ဦးလေးတို့ အဲ့တာကိုလုပ်နေတုန်း လိုအပ်မယ်ထင်တဲ့အရာတွေကို စဉ်းစားထားလေ။ သမီးအတွက် အကုန်လုပ်ပေးနိုင်ပါတယ်။ စားပွဲခုံတွေ ကုလားထိုင်တွေရော လိုအပ်လား"
"ကျွန်မတို့ အဲ့တာတွေကို တစ်ကယ်လိုအပ်တယ်"
စန်းလော့က ဝန်ခံလိုက်၏။
"ကျွန်မတို့မှာ ထမင်းစားဖို့ မတ်တပ်ရပ်ရင်ရပ် မဟုတ်ရင် ဆောင့်ကြောင့်ထိုင်နေရတာ။ အဲ့တာကို ကူညီနိုင်မယ်ဆိုရင် ကုတင်အသေးလေး တစ်လုံးလောက်ရောပေါ့။ ကျွန်မ ကျေးဇူးတင်မိမှာပါ။ မီးဖိုချောင် ဆောက်ပြီးတာနဲ့ အထဲမှာရှိတဲ့ ယာယီတစ်လုံးကို မလိုအပ်တော့ဘူး။ အိပ်ဖို့နေရာအတွက်က အတွင်းဘက်ကို ကျူရိုးဖျာနဲ့ကန့်လိုက်ဖို့ စီစဉ်ထားတယ်။ ဒါဆို ရှန်းအန်းအတွက် ကိုယ်ပိုင်နေရာလေးရလိမ့်မယ်"
ရှန်းအန်း၏အသက်သည် လနှင့်တွက်ကြည့်ပါက ကိုးနှစ်နီးပါး ရှိပြီဖြစ်သောကြောင့် သူ၏မရီး၊ညီမတို့နှင့် အိပ်ယာကိုအတူသုံးရန် မသင့်တော်တော့ပေ။ ကျေးလက်ဒေသတွင် ဆင်းရဲခက်ခဲမှုကြောင့် ဤကွဲပြားချက်များကို မကြာခဏ လျစ်လျူရှုထားသော်လည်း တတ်နိုင်သမျှတော့ ပိုမိုကောင်းမွန်သည့် နေထိုင်မှုအခြေအနေများကို လိုလားပေသည်။
ထို့ကြောင့် စန်းလော့သည် ချန်းယိုထျန်း၏အကူအညီဖြင့် အိပ်ရာတစ်ခုကို တောင်းဆိုခဲ့ပြီး ဤသည်မှာ သူအလွယ်တကူ သဘောတူထားသည့် အကူအညီတစ်ခု ဖြစ်သည်။
စန်းလော့သည် အစီအစဉ်အား နှစ်သက်သဘောကျလေသည်။
အသက်အရွယ်တစ်ခု ရပြီးနောက် လိင်ခွဲခြားခြင်း၏ ရိုးရာယုံကြည်ချက်ကို တစ်သွေမတိမ်း မလိုက်နာသော်လည်း ဖြစ်နိုင်ချေရှိသည့် ပိုကောင်းမွန်သော နေထိုင်မှုပုံစံများအတွက် ရည်ရွယ်ပါသည်။
"အဲ့လိုအိပ်ယာကျဉ်းကျဉ်းလေးမှာ ကျွန်မတို့သုံးယောက်လုံး ပြွတ်သိပ်ပြီးအိပ်တာက အန္တရာယ်မရှိဘဲ ပြုတ်မကျအောင်လှည့်ဖို့က မဖြစ်နိုင်ဘူး။ မနက်နိုးလာရင် ခန္ဓာကိုယ်က အရိုင်းတိုင်းက ကိုက်ခဲနေရော"
"ရှန်းအန်းရဲ့နေရာထိုင်ခင်းအတွက်ကတော့ သူ အသက်ကြီးလာတဲ့အထိ အကြာကြီးစောင့်ဖို့ အစီအစဉ်မရှိပါဘူး။ နောက်နှစ်ကျရင် ကျွန်မတို့အိမ်ကို အနောက်ဘက်မြေနိမ့်ပိုင်းကို တိုးချဲ့သွားဖို့ ရည်ရွယ်ထားတယ်။ အနောက်က နံရံကို အပြင်ကိုထုတ်ပြီးတော့ အခန်းငယ်နှစ်ခန်းပါတဲ့အဆောင်သစ်တစ်ခုကို မောင်နှမနှစ်ယောက်အတွက် ကိုယ်ပိုင်နေရာအဖြစ်ပေးချင်တာ"
"အခုကတော့ အဲ့တာကို အလျင်မလိုပါဘူး။ စိုက်ပျိုးရာသီက နီးလာပြီ၊ ပြီးတော့ ချန်း၊ ရှီ နဲ့ လု မိသားစုတို့က မီးဖိုချောင်နဲ့ တံတိုင်းဆောက်တဲ့နေရာမှာ အကူအညီပေးတာကိုပဲ ကျေးဇူးတင်လှပါပြီ"
အထူးသဖြင့် လာမယ့်ဆောက်လုပ်ရေးအတွက် မြေပြင်ကိုချဲ့ထွင်ခြင်းက သေးငယ်တဲ့လုပ်ဆောင်မှု မဟုတ်တာကြောင့် ပိုမိုတောင်းဆိုတာ ယုတ္တိမရှိပေ။
"ဒါ့အပြင်၊ ဆောက်လုပ်တဲ့အချိန် ပိုကြာသွားရင်လဲ မတတ်နိုင်ပြန်ဘူး။ ကျွန်မတို့ရဲ့ နေ့စဉ်ဝင်ငွေက အကန့်အသတ်ရှိပြီး ကုန်ကျစရိတ်က များတယ်။ ဆောင်းဦးနဲ့ဆောင်းရာသီ စားနပ်ရိက္ခာအတွက် စုဆောင်းထားရဦးမယ်။ ပြီးတော့ ကျွန်မတို့သုံးယောက်အတွက် အဝတ်အစားနဲ့ အိပ်ယာကိစ္စတွေလဲ ရှိသေးတယ်။ ကုန်ကျစားရိတ်တွေက မပြီးဆုံးနိုင်ဘူး"
အမှတ်အသားများအားလုံးသတ်မှတ်ပြီးသည်နှင့် အချိန်မီပင် ချင်ဖန်းညန်သည် တောင်ပေါ်သို့တက်လာကာ အားလုံးကို ညစာစားရန် ဖိတ်ခေါ်လိုက်သည်။
ညနေစောင်းသောအခါ တစ်နေကုန်အလုပ်လုပ်ပြီးနောက် လူတိုင်းသည် အလွန်ဆာလောင်နေကြပြီဖြစ်သည်။ စမ်းချောင်းတွ င်မြန်မြန်ဆေးကြောပြီးနောက် တောင်အောက်သို့ အလောတကြီး ဆင်းလာကြ၏။ အလျင်စလိုမလုပ်ဘဲ အိမ်ကို အရင်ပြန်ဖို့သာ ရွေးလိုက်သည်။ ဆေးကြောဖို့အောက်ဆင်းပြီး သူများတွေစားပြီး ပြန်သွားမှပဲ လာစားတော့မယ်။
ချန်းအာ့ရှန်နှင့်ရှောင်ယာတို့သည် သူတို့အမေနှင့်အတူ ဆင်းသွားကြ၏။ ရှန်းညီအစ်ကိုသုံးယောက်သည် ကျောက်တုံးအမှတ်အသား လုပ်ထားသောနေရာနားတွင် ခုန်ဆွခုန်ဆွလုပ်ရင်း စိတ်လှုပ်ရှားနေကြဆဲဖြစ်သည်။
အနားတွင် ဟိုလျှောက်ဒီလျှောက် လုပ်နေသော ရှန်းကျင့်သည် အားကျစိတ် ဖော်ပြခဲ့၏။
"ရှန်းအန်း၊ ဒါက မင်းရဲ့ အိမ်ပုံစံလား။ မင်းရဲ့မရီးက မင်းကို တော်တော်လေး ကောင်းကောင်းဆက်ဆံတာပဲ။ ဦးလေးယိုထျန်းကိုတောင်မှ မင်းအတွက် အိပ်ယာ လုပ်ခိုင်းလိုက်သေးတယ်"
ရှန်းအန်းက နှုတ်ခမ်းများကွေးညွတ်သွားအောင် ပြုံးလိုက်ပြီးနောက် သတိနှင့် မြန်မြန်ပြန်ပြောလိုက်၏။
"ငါ့မရီးက ငါ့အပေါ်မှာကောင်းတာကို သိတယ်။ မင်းငါ့ကို ပြောစရာမလိုဘူး"
"ငါ သတိမထားမိတာတော့ မဟုတ်ဘူး။ အသားနဲ့ပန်ကိတ်တွေကို တောင်းတရင်းနဲ့ ငါ့မရီး အိမ်ကိုပြန်သယ်လာတဲ့ အစားအစာတွေအပေါ်မှာပဲ မင်းမျက်လုံးက ရှိနေတာလေ"
ရှန်းကျင့်ကို အထင်သေးစွာကြည့်လိုက်ရင်း ခွန်းတုံ့ပြန်လိုက်၏။
"မင်းပြောတဲ့ပုံက မင်းမိဘတွေက မင်းကို အိပ်ယာမပေးထားသလိုနဲ့"
ရှန်းကျင့်က အသံကို မြှင့်လိုက်ပြီး
"မတူဘူးလေ။ ငါတို့မောင်နှမလေးယောက်က အတူတူတိုးဝေ့ပြီး အိပ်ရတာ။ တစ်ခါတစ်လေ ရှောင်ထျန်းကြောင့် အိပ်ယာက စို (သေးပေါက်ချ) သေးတယ်။ မင်းမှာ ကိုယ်ပိုင်အိပ်ရာရှိတာက ပိုကောင်းတယ်"
တစ်ညလျှင်နှစ်ခါမျှ အိပ်ယာစိုအောင်လုပ်သော ရှောင်ထျန်းအကြောင်းစဉ်းစားရင်း ရှန်းအန်းသည် ပါးစပ်ပိတ်သွားကာ ထပ်မပြောတော့ပေ။
သို့သော် ရှန်းကျင့်ကတော့ ခါတိုင်းလိုပင် တဖက်ခြမ်းက မြက်က ပိုစိမ်းသည်ဟု ထင်လေတော့သည်။(တခြားသူတွေရဲ့ ဘဝ ဒါမှမဟုတ် အခြေအနေတွေက ကိုယ့်ထက် အမြဲတမ်း ပိုကောင်းနေပုံရတယ်။) သူ့အဒေါ်မှာ ကြမ်းတမ်းသော်လည်း ပုံမှန်အားဖြင့်တော့ သူတို့အပေါ်တွင် ကြင်နာသည်။ ငါကတော့ အမြဲတမ်း သူတို့ကို ဂရုစိုက်ပေးမယ့် မိဘတွေရှိတဲ့ ရှန်းကျင့်နဲ့သူ့ညီအစ်ကိုတွေကို အားကျလိုက်တာ။
အတွေးထဲတွင်နစ်မြောရင်း ရှန်းကျင့်သည် မီးဖိုချောင်၊ ရေချိုးခန်း နှင့် ခြံဝင်းများ ပတ်လည်တွင် လှည့်ပတ်နေပြီး တောက်ပသော မျက်လုံးများဖြင့် သူ့ထံ ပြန်လာသည်ကို သတိထားမိလိုက်သည်။
"ရှန်းအန်း၊ အိမ်ဆောက်ဖို့ ဘယ်လောက်တောင်ကြာမှာလဲ။ တစ်လလောက်လား"
သူ၏အမူအရာတွင် ပါဝင်နေသောမျှော်လင့်ချက်မှာ အထင်အရှားပင်။
ရှန်းအန်း ...
"ဒါဆို မင်းက အသားကို နေ့တိုင်းမျှော်လင့်နေတာလား၊ ဟမ်"
ရှန်းအန်းသည် သူ့မျက်လုံးများကို လှန်လိုက်ကာ နှစ်သိမ့်ဖို့အတွက် အရမ်းနီးနေသော ရှန်းကျင့်၏ခေါင်းကို တွန်းထုတ်လိုက်၏။
"စိတ်ကူးယဉ်နေလိုက်။ ညစာစားဖို့ အိမ်ပြန်တော့။ ငါတို့လဲ စားတော့မှာ"
"ငါ မင်းကို မလာဖို့ပြောခဲ့တာကို နားမထောင်ခဲ့ဘူး။ ဒီနေရာမှာ ငါ့ကို ကူညီဖို့ ရှန်းယင်နဲ့ရှန်းထျယ်တို့ကို မင်းခေါ်လာတာသာ မင်းအမေသိသွားရင် မင်းအရိုက်ခံရလိမ့်မယ်"
ရှန်းကျင့်က နှုတ်ခမ်းစူရင်း မနက်ကအရိုက်ခံရခြင်းကို ဒေါသထွက်နေသေး၏။
"ထွက်ပြေးလို့ မရဘူးလား။ မတ်တပ်ရပ်ပြီး အရိုက်ခံရလောက်အောင် တုံးအတယ် ထင်နေလား။ ဒီမနက်က မတော်တဆဖြစ်ပြီး အဆင်သင့် မဖြစ်သေးတဲ့ငါ့ကို ရှာတွေ့သွားတာ။ စောင့်ကြည့်လိုက် နောက်တစ်ကြိမ်မှာ သူငါ့ကို လက်ညိုးထိုးနိုင်မှာတောင် မဟုတ်ဘူး"
သူ၏အံတုခြင်းမှာ အတန်ငယ်ရယ်စရာကောင်းသည်ကို ရှန်းအန်း တွေ့လိုက်ရသည်။
မူလခေါင်းစဉ်ကို အလျင်အမြန်ပြန်ပြောင်းလိုက်ရင်း ရှန်းကျင့်သည် အဖြစ်မှန်ကို လက်ခံရန် မလိုလားပုံပေါ်သည်။
"တစ်ကယ်လား၊ နေ့တိုင်း အသားမပါဘူးလား။ အားနျိုရဲ့အိမ်
ဆောက်နေတုန်းက ငါ့အဖေက ပြောတယ် သူတို့တွေ နေ့တိုင်း အသားစားရတယ်တဲ့"
ရှန်းအန်းက ရိုးသားစွာပြန်ဖြေလိုက်၏။
"ငါ မသိဘူး။ အသားရရင်တောင် အဲ့တာ‌က သေချာပေါက် နေ့တိုင်းတော့ ဟင်းပွဲကြီး မဟုတ်လောက်ဘူး"
"ဟင်းပွဲထဲက အတုံးသေးသေးလေးတွေပဲဖြစ်မှာ။ ငါတို့လို ကလေးတွေက တစ်တုံးစီတောင် မရဘူး။ တစ်တုံးလုံးပေးဖို့ ဘယ်သူက တတ်နိုင်မှာလဲ"
အနည်းငယ်စိတ်ပျက်သွားသော ရှန်းကျင့်က တောင်းဆိုလိုက်၏။
"မှတ်ထားနော်၊ အသားရတာနဲ့ ငါ့အတွက် တစ်ကိုက်စာလောက် ချန်ထားပေး။ ငါ မင်းကို နေ့တိုင်းကူညီမယ်"
ထို့နောက် ပန်ကိတ်များကိုသတိရရင်း သွားရည်ကျလာပြန်သည်။
"ပြီးတော့ မင်းရဲ့မရီးက မင်းအတွက် ပန်ကိတ်တွေဝယ်လာပေးရင်လည်း ငါ့အတွက် တစ်ကိုက်စာ ချန်ထားပေးပါဦး။ တစ်ခါမှ မမြည်းစမ်းဖူးလို့ပါ"
ရှန်းနဉ်သည် ဟွန့်ခနဲ ပြက်ရယ်ပြုကာ ဝင်ပြောလိုက်သည်။
"ကျေးဇူးမသိတတ်လိုက်တာ။ အရင်ကလည်း စားဖူးပါတယ်။ အရင်က အစ်ကိုကြီး ဝယ်လာတုန်းက သူက ငါနဲ့အာ့ကော(ဒုတိယအစ်ကို)ကို မျှကျွေးခဲ့တာ။ ရှောင်ထျယ်က စားဖို့အတွက် ငယ်လွန်းနေသေးတယ်။ ဒါပေမယ့် နင်နဲ့ရှောင်ယင်က ဝေစုရတယ်လေ"
ရှန်းကျင့်နှင့် ရှန်းယင်တို့သည် ရွှံ့များဖြင့် ဆော့ကစားနေကြရာမှ လုံးလုံး အံ့သြသွားကြသည်။
ရှန်းကျင့် : "တစ်ကယ်လား။ အဲ့တာကို ငါ မမှတ်မိဘူး"
ရှန်းနဉ်က စူပုတ်နေပြီး
"နင်က အစာရေစာမှ မငတ်ဖူးတာ ဘယ်လိုလုပ် အကုန်လုံးကို မှတ်မိမှာလဲ"
သူ့ဝမ်းကွဲထံမှ နာကြည်းမှုကို ခံစားလိုက်ရသဖြင့် အသိပေးချက် တစ်ခုသည် ရှန်းကျင့်၏စိတ်ထဲသို့ ချက်ခြင်း ဝင်ရောက်လာသည်။
သူနှင့်သူ့မောင်နှမများသာ စားခဲ့ရပြီး ရှန်းအန်းနှင့်ရှန်းနဉ်တို့ မစားရသော အိမ်၏အတိတ်ကို ပြန်စဉ်းစားကြည့်သောအခါ ချက်ချင်း အပြစ်ရှိသည်ဟု ခံစားပြီး နောက်ပြန်ဆုတ်သွား၏။
"တစ်ကယ်တော့ ငါက နင့်ထက်ငယ်တယ်လေ။ လွန်ခဲ့တဲ့နှစ်တွေထဲက အမေ ပြောဖူးတာ ကလေးတွေက အများကြီးမမှတ်မိဘူးတဲ့။ အဲ့တုန်းက နှစ်အနည်းငယ်ပဲရှိသေးတဲ့ငါက မှတ်မိနိုင်ဖို့ ဘယ်လိုမျှော်လင့်လို့ရမလဲ"
နှစ်သိမ့်ရန်ကြိုးစားရင်း
"အခုကစပြီး စားစရာတွေကို ဝေမျှပေးမယ်။ အမှန်တိုင်းပြောရရင် ငါတို့ဆီအိုးကို စစ်ကြည့်ပြီးသွားပြီ၊ ဆီ သိပ်မကျန်တာ့ဘူး။ နောက်တစ်ခါ ငါ့အမေ ဆီထုတ်တဲ့အခါ နင်နဲ့ ရှန်းအန်းအတွက် တစ်ခုခု ယူလာပေးမယ်။ တကယ်ပြောတာ"
ဤအရာကြောင့် ရွှံ့ထဲတွင် ကစားနေကြသော ရှန်းယင်နှင့် ရှန်းထျယ်တို့ကလည်း စိတ်အားထက်သန်စွာ ကတိပေးခဲ့ကြသည်။
"သားတို့ဟာတွေကိုလဲ မကြီးနဲ့ဒုတိယအစ်ကိုကို ဝေမျှပါ့မယ်"
စန်းလော့သည် ကောက်ရိုးတဲအတွင်းမှ ဒါကိုကြားလိုက်ရသောအခါ မရယ်မောမိစေရန် ရုန်းကန်နေရသည်။
ဤသည်မှာ ကျီစယ်တတ်သော လူရှုပ်ကလေး ရှန်းကျင့်က ချစ်စရာကောင်းနေသည်ကို ပထမဆုံးအကြိမ် ရှာတွေ့လိုက်ရခြင်းပင်။ အစားတစ်လုတ်အတွက် ကြိးစားအားထုတ်မှုအားလုံးသည် ရှန်းနဉ်ကို ချီးမွမ်းကာ လာဘ်ထိုးရန်ပင် ကြိုးပမ်းခဲ့သည်။
"ဒီလူရှုပ်ကလေးက တစ်နေ့ကို နာရီပေါင်းများစွာမြေတူးခဲ့သေးတာပဲ"
သူမက စဉ်းစားလိုက်၏။
"မနက်ဖြန်ကျရင် ဒီအလုပ်ကြိုးစားတဲ့ အလုပ်သမားလေးတွေနဲ့ ဝေမျှဖို့ ပန်ကိတ်တစ်လုံး ဝယ်ကျွေးသင့်တယ်မလား"
တစ်ကယ်တော့ သူတို့ရဲ့ကြိုးစားအားထုတ်မှုတွေက ဆုနည်းနည်းပါးပါးနဲ့ ထိုက်တန်ပါတယ်လေ။ သူတို့က အတော်လေး စိတ်ပိုင်းဖြတ်ထားပုံရပြီး သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို စားစရာအနည်းငယ်နဲ့ အသိအမှတ်ပြုခြင်းက တရားမျှတတယ်လို့ ထင်ပါတယ်။ ဟုတ်တယ်မလား။
...
အပိုင်း (၄၀)
အမလေး ချဉ်တူးနေတာပဲ။
You are reading the story above: TeenFic.Net