အပိုင်း (၂၀ )

Background color
Font
Font size
Line height

အပိုင်း (၂၀ )

ချန်းမိသားစုအိမ်နှင့် အမျိုးအစားတူသော မြေအိုးတစ်လုံးကို ဆိုင်တစ်ဆိုင်တွင် ၃၆ဝမ်စျေးပေးရ၏။ စန်းလော့က အဆက်မပြတ်စျေးဆစ်ပြီးမှ ဆိုင်ရှင်က ၂ဝမ်လျှော့ပေးသည်ကို ရခဲ့လသေည်။

စန်းလော့သည် ကြွေအိုးတစ်လုံးနှင့် ဆန်နှစ်ဘူးခွဲ (၂.၅လီတာခန့်)ကို ဝယ်ယူလိုက်သည်။ သူမ၏အကျ်ီလက်ထဲမှ ကြေး ၅၂ဝမ်သည် လက်ထဲမနွေးရသေးခင် အမြန်ကုန်သွားခဲ့ပြီး ဘာမှမကျန်ခဲ့တော့ပေ။

သို့သော်လည်း အသစ်ဝယ်ထားသော အိုးနှင့် အိုးထဲကဆန်များကို ကိုင်တွယ်ကြည့်လိုက်သောအခါ သူမ၏နှမြောစိတ်က ပျောက်ကွယ်သွားပြီး ကျေနပ်ရောင့်ရဲသည့် ခံစားမှုက အစားထိုးဝင်ရောက်လာလေသည်။

နောက်ဆုံး၌ သူမတွင် ဆန်စပါးအချို့နှင့် ပိုင်ဆိုင်မှုများရှိလာခဲ့သည်။

ရှန်းအန်းနှင့်ရှန်းနဥ်းတို့ကလည်း အိုးနှင့်ဆန်များကို တို့ထိကြည့်ပြီး ကျေနပ်မှုအပြည့်ဖြင့် ဝိုင်းလာကြသည်။

"မရီး ကျွန်တော် ဒါကို သယ်ပါရစေ"

"ကျွန်တော်သယ်ချင်လို့ပါ"

မောင်နှမနှစ်ယောက်တွေက အိုးသယ်ရန် စိတ်အားထက်သန်စွာဖြင့် အပြိုင်လုနေကြသည်။

ဤကိစ္စကိုမြင်ပြီး ချန်းယိုထျန်း၏ မရီမပြုံး ခပ်တည်တည်မျက်နှာထားသည် ပြုံးလာပြီး

"ဘာလို့ လက်အညောင်းခံပြီး သယ်နေမှာလဲ၊ ရေပုံးထဲပဲ ထည့်ထားလိုက်လေ။ အဲလိုဆိုရင် သယ်ရတာ ပိုလွယ်တယ်"

သို့သော် ရှန်းအန်းက ခေါင်းခါပြလိုက်ကာ သွားများပေါ်အောင် ပြုံးဖြီးလိုက်သည်။

"ဦးလေးယိုထျန်း မလေးပါဘူး။ ကျွန်တော် ပင်ပန်းရင် ဦးလေး ကူသယ်ပေးလို့ ရတယ်လေ"

ရှန်းနဥ်းက အမြန်ထပ်ပြောလိုက်သည်။

"ညီမလေးလည်းပဲ အစ်ကို ပင်ပန်းရင် ညီမလေးရှိတယ်နော်။ အလှည့်ကျသယ်ကြရအောင်လေ အစ်ကို"

အပြန်အလှန်လဲလှယ်ပြီး သယ်ဆောင်ကြရာ၌ မောင်နှမနှစ်ယောက်တွေက အိုးကိုဘယ်သူက အရင်သယ်ပြီး နောက်မှ ဘယ်သူက တာဝန်လွှဲယူမည်ဆိုသည်ကို ဆုံးဖြတ်ပြီးသားဖြစ်လေသည်။

စန်းလော့က သူတို့ကို ရယ်ရယ်မောမောဖြင့် ကြည့်လိုက်ကာ သယ်ခွင့်ပေးလိုက်ပြီး ကြွေအိုးကို ရှန်းအန်းဆီသို့ ပေးလိုက်သည်။ သူမ၏အကြည့်က ကုန်စုံဆိုင်မှဖြတ်ပြီး ဝက်သားဆိုင်ဘက်သို့ ရောက်ရှိသွားလေ၏။

မူလပိုင်ရှင်၏ခန္ဓာကိုယ်၌ မည်သည့်အသားစိုင်မျှမရှိသည်မှာ ကြာပြီဖြစ်ပုံရ၏။ ဝက်သားဆိုင်ဘက်ကို မြင်လိုက်ရရုံဖြင့် ပြင်းထန်​သည့် လိုချင်တပ်မက်မှုနှ င့်ဆာလောင်မှုကို ဖြစ်ပေါ်လာစေတော့သည်။

စန်းလော့သည် သူမ၏တစ်ခုတည်းသော ဟင်းခတ်အမွှေးအကြိုင်အဖြစ် သူမ၏သက်ကယ်တဲရှိ တစ်ခုတည်းသောဆားအိုးကို သတိရသွားကာ ဝက်သားကိုမြင်လျှင် ထိန်းမနိုင်သိမ်းမရဖြစ်ပြီး သွားရည်များကျလာ၏။

ငတ်မွတ်ခေါင်းပါးမှုဘေးမှ လွတ်မြောက်လာပြီးကတည်းက မူလပိုင်ရှင်က အသားအရသာကို မခံစားခဲ့ရတာ ဖြစ်မည်။ တွေးကြည့်လိုက်ရုံဖြင့်ပင် သူမ၏ဝမ်းဗိုက်ကို မသက်မသာဖြစ်စေသည်။

မနက်ဖြန်ဆိုလျှင် သူမ ပြေလည်အောင်ဖြေရှင်းနိုင်ပြီဖြစ်၍ နောက်ထပ်ပိုက်ဆံရှာရန် နည်းလမ်းတစ်ခုကို ရှာတွေ့ပေလိမ့်မည်။

ဤစိတ်ဖြင့် စန်းလော့က ချန်းယိုထျန်းကို မေးလိုက်သည်။

"ဦးလေးယိုထျန်း ဝက်သားဆိုင်က စျေးနေ့မဟုတ်ရင်တောင် အသားရောင်းတာလား"

သူမ၏မေးခွန်းကိုကြားလိုက်သည်တွင် ချန်းယိုထျန်းက တစ်ချက်ဝေ့ကြည့်လိုက်ပြီး စန်းလော့သည် ဝက်သားဆိုင်ဘက်သို့ အကြာကြီး စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏မျက်လုံးများက လိုအင်ဆန္ဒကြောင့် ရွှမ်းစိုနေလေ၏။

သူက ခေတ္တရပ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ် သူတို့ ရောင်းကြတယ်။ အနီးအနားပတ်ဝန်းကျင်က ရွာတွေကို ရောင်းချပေးနေတဲ့ တစ်ခုတည်းသော ဝက်သားဆိုင်မလို့ နေ့တိုင်း အသားရောင်းပေးတယ်"

ရှန်းအန်းနှင့်ရှန်းနဥ်တို့သည် ဆန်စေ့များပြည့်နေသည့်အိုးကို ရတနာပစ္စည်းတစ်မျိုးကဲ့သို့ တန်ဖိုးထားပွေ့ဖက်ထားလိုက်ပြီး​ နောက်ဆုံးတွင် ဝက်သားဆိုင်အကြောင်းပြောသည့်အခါ သူတို့၏ပစ္စည်းဥစ္စာအသစ်နှင့် ဆန်စပါးများဆီမှ အာရုံပြောင်းသွားကာ စန်းလော့၏အကြည့်နောက်သို့ လိုက်ပါသွားကာ လမ်းတစ်ဖက်ရှိ ဆိုင်တန်းဘက်သို့ ရောက်ရှိသွားခဲ့လေသည်။

ကြားနိုင်လောက်သည့် တံတွေးမျိုချသံနှင့်အတူ နှစ်ယောက်လုံးက ခက်ခက်ခဲခဲ မျိုချလိုက်ပြန်၏။

"မရီး ကျွန်တော်တို့မှာ ပိုက်ဆံရှိသေးလား"

မောင်နှမနှစ်ယောက်တွေက မတွက်ချက် တတ်‌သေးသော်လည်း သူတို့လက်ဝယ်ပိုင်ဆိုင်ထားသော အိုးနှင့်ဆန်စပါးများသည် တန်ဖိုးကြီးကြောင်းကို နားလည်ထားကြပါသည်။

စန်းလော့က ပြတ်ပြတ်သားသား ခေါင်းခါပြလိုက်၏။

"မရှိတော့ဘူး၊ ငါတို့မှာ ဘာမှမကျန်တော့ဘူး။ဒါပေမယ့် ငါတို့ ဒီထက်ပိုပြီး ဝင်ငွေရနိုင်ပါသေးတယ်"

ရှန်းအန်းက နည်းနည်းငေးငိုင်မိသွားပြီး အသားဆိုင်ဘက်သို့ မျက်စိတစ်ချက် ဝေ့ကြည့်လိုက်ကာ သူ့လက်ထဲမှ ဆန်စေ့များကို ပြန်ကြည့်လိုက်ပြီး နှစ်ခါလောက် တံတွေးမျိုချလိုက်ပြီးမှ ပြောလိုက်လေသည်။

"မကြီး အသားကစျေးကြီးတယ် ကျွန်တော်တို့မှာ ပိုက်ဆံတွေရှိရင်တောင် ဆန်စပါးတွေ ဝယ်ထားတာ ပိုကောင်းပါတယ်"

သူသည် ဆာလောင်နေရမည်ကို အမှန်တကယ် ကြောက်ရွံ့နေခဲ့သည်။

ဖွဲနု စားရမည်ကို ကြောက်ရွံ့မိသည့်အတွေ့အကြုံနှင့် ဖွဲနုလုံးဝမစားတော့သည့် အတွေ့အကြုံများ ရှိလာပြီးနောက် ဆန်စပါးကသာ သူ့ကို စိတ်ချလုံခြုံသည့် ခံစားချက်တစ်ခု ပေးစွမ်းနိုင်တော့သည်။

သို့တိုင် အသားဟူသည့် အတွေးသက်သက်ကပင် သူ့ခံတွင်းမှသွားရည်ကို ထိန်းမနိုင်သိမ်းမရဖြစ်စေပြီး ဗိုက်ထဲတွင် ထိတ်လန့်တုန်လှုပ်ကာ ဆာလောင်မွတ်သိပ်မှုကို ဖြစ်ပေါ်လာစေတော့သည်။

ရှန်းအန်းသည် အောင့်သက်သက်ဖြင့် အကြည့်ကိုလွှဲလိုက်ပြီး မြေအိုးထဲမှ ဆန်စပါးများကို စိုက်ကြည့်ကာ သူ့ကိုယ်သူ အဆက်မပြတ် အားပေးနေလိုက်၏။ - "ဆန်စပါးတွေက ကောင်းတယ်၊ ဆန်စပါးတွေက အကောင်းဆုံးပဲ၊ ဆန်စပါးတွေထက် ပိုကောင်းတာ ဘာမှမရှိဘူး"

သူ့အကိုထက်ပင် ပိုဆိုးနေသည့်ရှန်းနဥ်က တံတွေးကို ထပ်ကာထပ်ကာမျိုချရင်း သူမ၏မျက်လုံးများသည် အသားဆိုင်ဆီမှ မခွာရက်နိုင်ပေ။

စန်းလော့က ကလေးနှစ်ယောက်ကို လက်ဖြင့်ဖွဖွပုတ်ပေးလိုက်ပြီး

"ငါတို့က ဆန်စပါးတွေ ဝယ်ရလိမ့်မယ်၊ အသားတွေလည်းပဲ စားရလိမ့်မယ် ဒါပေမဲ့ ဖြည်းဖြည်းပေါ့၊ တစ်ချိန်တည်းမှာ အသားများများစားတာက မကောင်းပေမယ့် ဆီပြန်ထုတ်လို့ရဖို့အတွက် အဆီနည်းနည်းဝယ်ဖို့တော့ လိုအပ်တယ်လေ"

အဆီဓာတ်လုံးဝမပါဝင်သော အသီးအရွက်များကို တစ်နှစ်ပတ်လုံးစားသုံးခြင်းက သူတို့၏ခန္ဓာကိုယ်များ ပျက်စီးသွားမည်ဆိုသည်ကို အံသြစရာမဟုတ်ချေ။

ကလေးများ၏ ခြောက်သွေ့ကြမ်းတမ်းသည့်ဆံပင်များကို ကြည့်ရုံဖြင့် သိနိုင်လေသည်။

"သွားကြရအောင် နောက်တစ်ခါ ငွေလောက်အောင် ရှာပြီး နင်တို့တွေ နည်းနည်းပါးပါး စားရမှာပေါ့၊ နင်တို့တွေ အဆီဖတ်တွေလဲ စားလို့ရတယ်လေ"

အစ၌ စန်းလော့ကို အသားဝယ်ချင်စိတ် အလွန်ပြင်းပြသည်ဟုထင်ခဲ့သော ချန်းယိုထျန်းက သူတို့သုံးယောက်၏ ပိန်ပိန်းပါးပါးဖြင့် သနားစရာကောင်းသည့် အသွင်အပြင်နှင့် အသက်ရှင်သန်ဖို့ရန် ခက်ခက်ခဲခဲ ကြိုးစားရသည်ကို မြင်လိုက်ရသည်တွင် အထင်လွဲခဲ့မိမှန်း နားလည်သွားတော့သည်။

ဟုတ်ပါသည်။ ရှန်းလီစစ်မှုထမ်းရန် ထွက်သွားပြီးကတည်းက ကလေးများ၏အသက်ရှင်နေထိုင်မှုသည် သိသိသာသာဆိုးရွားလာခဲ့ပြီး ယခုဆိုလျှင် ရှန်းလီလည်း ဆုံးပါးသွားပြီး ကလေးများက စန်းလော့နှင့်အတူ နှင်ထုတ်ခံလိုက်ရသည့်အတွက် သူတို့သည် ဆီတစ်စက်​လေးတောင် သုံးစွဲရန်မတတ်နိုင်တော့သည့်ဟန် ဖြစ်နေလေ၏။

ကလေးနှစ်ယောက်က စန်းလော့အနားသို့လျှောက်သွားကာ သူတို့အစ်မကြီးနှင့် ပျော်ရွှင်စွာစကားပြောကြရင်း တံတွေးမြိုချနေသည်ကို ကြည့်နေစဥ် သူ့ကို လှည့်ကာ ခေါ်လိုက်သဖြင့် ချန်းယိုထျန်းက ပြန်ထူးလိုက်ပြီး သူ့ဝန်စည်စလှယ်များနှင့်အတူ တိတ်တဆိတ် နောက်မှလိုက်သွားလေ၏။

သူလမ်းလျှောက်လာရင်းနှင့် ချန်းယိုထျန်း၏အတွေးများက ရှန်းလီကဲ့သို့ ရှေ့တန်း၌စစ်မှုထမ်းခဲ့ပြီး ဘယ်တော့မှပြန်မလာတော့သည့် သူ့၏အကြီးဆုံးသားကြီးကို ပြန်ပြောင်း သတိရသွားပြန်၏။ ထိုအခြင်းအရာသည် သူကြာရှည်စွာ မေ့ဖျောက်ထားခဲ့သည့် ဝမ်းနည်းပူဆွေးခြင်းဟု တွေးထင်ထားခဲ့သော်လည်း ယခုအခိုက်အတန့်တွင် သူမျိုသိပ်ထားခဲ့သော ဝမ်းနည်းပူဆွေးမှုသည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး စိတ်ထိခိုက်မိတော့သည်။

သူ့ဝန်စည်များကိုထမ်းပိုးရင်း ခြေလှမ်းအနည်းငယ်မျှလှမ်းလိုက်ရင်း ထမ်းပိုးပေါ်မှလက်ကို အလျင်အမြန်ပင့်လိုက်ပြီး နာကျင်မှုကို အောင့်ထားရန် သူ့မျက်လုံးများကို လက်ဖဝါးနှင့် ဖိထားလိုက်လေသည်။ ခဏအကြာ၌ သူ့၏အမြင်အာရုံသည် ကြည်လင်လာပြီး​ ရှေ့သို့ ဆက်လျှောက်သွားလိုက်တော့၏။

...

သူတို့သည် မနက်မိုးလင်းခါနီး၌ ရှီလီရွာနားသို့ ရောက်လာပြီး ရွာဝင်ပေါက်နှင့် ခပ်လှမ်းလှမ်းရှိနေသေးရာ စန်းလော့က ရုတ်တရက် ရပ်တန့်လိုက်လေသည်။

တောင်ပေါ်တက်သည့် လမ်းလေးတစ်ခုကိုညွှန်ပြရင်း သူမက ပြောလိုက်သည်။

"ဦးလေးယိုထျန်း ကျွန်မ ဒီလမ်းအတိုင်းပဲ အိမ်ပြန်လိုက်တော့မယ်နော်။ ကျွန်မတို့ ဒီနေရာမှာ လမ်းခွဲလိုက်ကြမယ်။ ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီးတော့ ပုံးကို ဦးလေးပဲ ပြန်ယူသွားလိုက်ပါ၊ တခြားအိုးကိုတော့ ဦးလေးတို့အိမ်ကို ကျွန်မနောက်မှ ပို့​ပေးလိုက်မယ်"

ချန်းယိုထျန်းက ချီတုံချတုံံဖြစ်ပြီး တောင်တက်လမ်းက လမ်းကြောင်း ပိုရှည်ကို စဉ်းစားမိသော်လည်း သူမ၏ရည်ရွယ်ချက်ကို မြန်မြန် နားလည်လက်ခံသွားပြီး ခေါင်းညိတ်လိုက်တော့သည်။

"ကောင်းပါပြီ"

သူ၏ဝန်စည်များကိုချပြီး စန်းလော့ပိုင်သည့်သစ်သားဇွန်းနှင့် ဝါးကျည်တောက်များကို ထုတ်ယူလိုက်ပြီး လမ်းမခွဲခင်မှာ သူတို့လက်ထဲသို့ ထည့်ပေးလိုက်သည်။

ရှန်းနဥ်းက ဇဝေဇဝါဖြစ်သွားပြီး ချန်းယိုထျန်းခပ်ဝေးဝေးရောက်တဲ့အထိ စောင့်နေလိုက်ပြီးမှ တိုးတိုးလေး မေးလိုက်၏။

"ယောက်မ ညီမတို့က ဘာလို့တောင်တက်လမ်းက လျှောက်နေရတာလဲ"

စန်းလော့က သူမကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ရှန်းအန်းကို မေးလိုက်သည်။

"ဘယ်လိုထင်လဲ ရှန်းအန်း"

ရှန်းနဥ်းက သူ့အစ်ကိုကို ကြည့်လိုက်သည်။

ကြွေအိုးကို ကိုင်ထားသည့်ရှန်းအန်းက မှန်းပြောလိုက်သည်။

"မရီးက ကျွန်တော်တို့မှာ ဆန်စပါးဝယ်ဖို့ ပိုက်ဆံအလုံအလောက် ရှိနေတာကို ရွာသားတွေမမြင်စေချင်ဘူး။ ဟုတ်တယ်မလား"

စန်းလော့ကပြုံးလိုက်ပြီး သူမ၏နှုတ်ခမ်းများက ကွေးညွတ်သွားသည်။

ကလေးက တကယ်ကို ဥာဏ်ကောင်းတာပဲ။

သူ့မရီး၏ တုံ့ပြန်မှုကိုမြင်တော့ ရှန်းအန်းက သူပြောသည့်စကား မှန်သွားမှန်းသိလိုက်ပြီး မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။ သို့တိုင် သူသည် စိတ်ထဲတွင်တော့ ကလေးတစ်ယာက်သာပင်။

ရှန်းနဥ်က ရှန်းအန်းလောက် မစဥ်းစားတတ်သေးသော်လည်း အထူးသဖြင့် အစ်ကိုဖြစ်သူ၏ လတ်တလော သတိပေး ပြောပြချက်အပြီး၌ သူမသည် နည်းနည်းချင်းစီ နားလည်သဘောပေါက်သွားခဲ့သည်။ သူမက သတိနှင့် လှည့်ပတ်ကြည့်ရှု့ပြီး တိုးတိုးလေးပြောလိုက်တော့သည်။

"‌ယောက်မ နတ်သမီးတို့ဟူးကနေ ငါတို့တွေ ပိုက်ဆံရှာနေတာကို ရွာသားတွေကို ပေးသိလို့မရဘူးနော် ဟုတ်တယ်မလား"

"ဉာဏ်ကောင်းလိုက်တဲ့ကလေး"

စန်းလော့သည် သဘောကျစရာကောင်းသည်ကို မြင်လိုက်မိပြီး ရှန်းနဥ်၏နှာခေါင်းကို လက်ဖြင့် ဖိညှပ်လိုက်သည်။

"ညီမလေးက တကယ့်ကို ဥာဏ်ကောင်းတာပဲ"

လမ်းတစ်လျှောက် လမ်းရှင်းဖယ်ရှားရန်အတွက် သစ်ကိုင်းတစ်ကိုင်းကို ကောက်ကိုင်လိုက်ရင်း သူမသည် မောင်နှမနှစ်ယောက်ကို ဦးဆောင်ကာ လမ်းကြောင်းအတိုင်း တောင်ပေါ်မှ ဆင်းလာရင်း ရှင်းပြလိုက်လေသည်။

"ငါတို့က အရမ်းသေးတယ်လေ၊ မည်မည်ရရ ခြံဝင်းရယ်လို့လဲမရှိဘူး၊ ကိုယ့်ကိုကိုယ် တတ်နိုင်သမျှ အာရုံစိုက်ခံပြီးမနေတာ အကောင်းဆုံးပါပဲ"

ဤစကားကိုကြားသည်နှင့် မောင်နှမနှစ်ယောက်တွေ၏ မျက်နှာပေါ်က အပြုံးများသည် စိတ်ပူပန်ရသည့်အသွင်သို့ တဖြည်းဖြည်း ပြောင်းသွားတော့သည်။

သူတို့၏တုံ့ပြန်မှုကို​မြင်လိုက်သည်တွင် စန်းလော့က ပေါ့ပေါ့ပါးပါး ရယ်မောကာ နှစ်သိမ့်လိုက်၏။

"သိပ်ပြီးလည်း စိတ်မပူပါနဲ့၊ ငါတို့ရွာက သေးသေးလေးပဲ၊ လူနည်းစုပဲ စျေးသွားကြတာ။ စျေးကလည်း ငါးရက်တစ်ကြိမ်ရှိနေတာဆိုတော့ တစ်ယောက်ယောက်နဲ့ တွေ့ဖို့ဆိုတာ မလွယ်ပါဘူး။ တွေ့ခဲ့ရင်တောင် ငါတို့ ဘာလုပ်နေတယ်ဆိုတာကို သူတို့လွယ်လွယ်နဲ့ သိမှာ မဟုတ်ဘူး။ စောင့်ကြည့်ခံနေရတာကလည်း ဒုက္ခဖြစ်နိုင်တာပဲ။ အခုနဲ့မတူဘဲ ငါတို့လုပ်နေတာတွေမှာ ပိုပြီးသတိရှိရတော့မယ်"

မောင်နှမနှစ်ယောက်က သူတို့၏မရီးဖြစ်သူ၊ ယောက်မဖြစ်သူကို အရွက်ဖျော်ရည်ထဲ ပြာရည်ထည့်သည့်နည်းလမ်းက တကယ်တော့ သာမန်လူတွေ ခန့်မှန်းလို့မရသော လျို့ဝှက်နည်းတစ်ခုဖြစ်နေသည်ကို စဉ်းစားမိလိုက်ကြသည်။

သူတို့၏စိုးရိမ်သောအမူအရာများ လျော့ပါးသွားပြီး တပြိုင်တည်း ခေါင်းညိတ်လိုက်ကြသည်။

"မကြီး ကျွန်တော်တို့ သတိထားပါ့မယ်"

တောင်အတွင်းဘက်သို့ ပိုနက်သည်အထိ လျှောက်လာရင်း စန်းလော့က နတ်သမီးသစ်ပင်မှ အရွက်များကို ခူးရမည့်အခွင့်အရေးကို အသုံးချလိုက်၏။

မရီးဖြစ်သူက သစ်ရွက်များခူးနေသည်ကို မြင်လိုက်ပြီး ရှန်းအန်းက လှည့်ကြည့်ကာ သူကိုင်ထားသည့် ကြွေအိုးကိုအောက်သို့ချထားဖို့ နေရာတစ်ခုတွေ့လိုက်၏။ ထို့နောက် သူတို့မောင်နှမနှစ်ယောက်က သစ်ရွက်များကို စတင် ခူးကူလိုက်ကြပြီး ကျယ်ကျယ်လောင်လောင်ဖြင့်

"ကျွန်တော်တို့တွေ နေ့လယ်စာအတွက် ဒါကို စားကြမလို့လား"

စန်းလော့က ခေါင်းခါပြလိုက်သည်။

"ငါတို့ ဒီမနက်ပဲ ဒါကို စားထားတာလေ၊ အနပ်တိုင်း ဒါပဲ စားလို့မရဘူး။ နေ့လယ်စာအတွက်တော့ နေကြာစိမ်းဆန်ပြုတ် ပြုတ်ရမယ်"

သူတို့၏လက်ရှိ လူနေမှုအဆင့်အတန်းအရ ရိုးရိုးထမင်းဖြူစားရန် မတတ်နိုင်ရာ ဆန်​​ပြုတ်ကသာ ပိုပြီးလက်တွေ့ကျလေသည်။

ရှန်းနဥ်းသည် မြေပြင်ပေါ်ရှိခြင်းတောင်းကို ငုံ့ကြည့်ကာ စွန့်စားပြီး မေးလိုက်လေသည်။

"ယောက်မ ညီမတို့ ခရမ်းသီးနှပ် စားလို့ရမလား"

မောင်နှမနှစ်ယောက်သည် အရင်ကခရမ်းသီးကိုစားဖူးသော်လည်း လွန်ခဲ့သည့် လများစွာတုန်းက ဖြစ်လေသည်။ ခရမ်းသီးက ရှားရှားပါးပါးတော့ မဟုတ်ပေ၊ သူတို့အတွက်ကလွဲ၍ ရှီလီရွာက အိမ်ထောင်စုတိုင်း ခရမ်းပင်များ စိုက်ပျိုးကြလေသည်။

အခု သူတို့မှာ ခရမ်းသီးတွေရှိလာသဖြင့် နည်းနည်းတော့ တမ်းတမိသည်မှာ သဘာဝပင်။

စန်းလော့က ရှန်းနဥ်းကို ပြုံးပြုံးကြီးကြည့်ရင်း

"အားနဥ်းက ခရမ်းသီးကို တောင့်တနေတာလား"

ရှန်းနဥ်းက အားတက်သရော ခေါင်းညိတ်ပြလိုက်ပြီ

"မစားရတာ အရမ်းကြာနေပြီ၊ ခရမ်းသီးနှပ်က အရမ်းမွှေးတာပဲ"

သူမက တံတွေးကိုမျိုချရင်း ပြောလိုက်သည်။

ထိုစကားတွင် စန်းလော့သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် ရှန်းနဥ်၏ နီမြန်းနေသောမျက်နှာကို မြင်လိုက်ရသဖြင့် ပြောလိုက်လေသည်။

"မကြီးလည်း အရမ်းပဲ စားချင်နေတာ၊ ဒါပေမယ့် ခရမ်းသီးနှပ်က ဆီတို့ အနှစ်တို့ပါမှ အနံ့မွှေးတာလေ၊ ငါတို့မှာ ဆားပဲ ရှိတာဆိုတော့ ခရမ်းသီးပြုတ်တာနဲ့ ပိုတူသွားမှာ၊ နောက်ပြီး ဒီခရမ်းသီးနည်းနည်းလေးက အလကားဖြစ်သွားလိမ့်"

"ဒီတော့ ငါတို့တွေ ဒီနေ့ ခရမ်းသီးမစားဘူး"

ကလေးမလေး၏မျက်နှာပေါ်၌ စိတ်ပျက်အားငယ်နေသည်ကို အတိုင်းသား မြင်လိုက်ရသဖြင့် စန်းလော့ကပြုံးလိုက်၏။

"မကြီး အသားနည်းနည်းဝယ်လာတဲ့အထိ စောင့်လိုက်၊ ဆီလုပ်ဖို့ အဆီဖတ်တွေကို အသုံးပြုရလိမ့်မယ်၊ အဆီနည်းတဲ့အသားနည်းနည်းကို နှုတ်နှုတ်စဉ်းပြီး ခရမ်းသီးထဲ ထည့်နှပ်လိုက်မယ်။ ငါတို့တွေ နှမ်းရွက် ဒါမှမဟုတ် ပူစီနံရွက် နည်းနည်းလောက် ထည့်လဲ ရသေးတယ်၊ အရသာရှိလွန်းလို့ လျှာတောင်လည်သွားလိမ့်မယ်နော်"

ထိုစကားကိုကြားရသည်နှင့်ပင် ရှန်းအန်းနှင့်ရှန်းနဥ်တို့သည် အတွေးဖြင့်ပင် သွားရည်များကျနေတော့သည်။

ပူပြင်းသောရာသီဥတုနှင့် အသီးအရွက်များ၏ ပျက်စီးပုပ်သိုးလွယ်သည်ကို တွေးကြည့်ရင်း သူတို့၏မရီးက လာမည့်ရက်အနည်းငယ်မှာ အသားဝယ်လာလိမ့်မလားဟု စဉ်းစားနေကြတော့သည်။

အထင်လွဲမည်ကို စိုးရိမ်မိကာ သူတို့၏မရီးဖြစ်သူကို ဖိအားပေးမိမည်စိုးသဖြင့် သူတို့၏အတွေးများကို ထုတ်မပြောရဲကြပဲ မောင်နှမနှစ်ယောက်သည် အကြည့်ချင်းသာ ဖလှယ်လိုက်ကြလေသည်။

ရှန်းအန်းက စကားလမ်းကြောင်းလွဲ လိုက်ပြီး

"မရီး ကျွန်တော်တို့ ဘာလို့ ဒီအရွက်တွေကို ခူးနေတာလဲ"

စန်းလော့က သူတို့၏အမူအရာကို သတိပြုမိလေရာ အသေးစိတ် မပြောတော့ဖို့ ဆုံးဖြတ်လိုက်ပြီး ရှန်းအန်း၏မေးခွန်းကို ပြုံးပြုံးလေး ဖြေလိုက်သည်။

"ငါတို့တွေ ဒီနေ့ညနေကျရင် နတ်သမီးတို့ဟူးလုပ်ပြီး ချန်းမိသားစုက အဘိုးနဲ့အဘွားကို သွားပေးကြမယ်လေ၊ ဒီနေ့ ဦးလေးယိုထျန်းက ငါတို့ကို ပစ္စည်းတွေကို နှစ်ခါတောင် သယ်လာပေးတာ ကျေးဇူးတင်တဲ့အနေနဲ့ပေါ့၊ ငါတို့တွေ သူ့ကို အလကား လုပ်ခိုင်းလို့ မဖြစ်ဘူးလေ"

မောင်နှနှစ်ယောက်က အားတက်သရော ခေါင်းညိတ်လိုက်ကြ၏။ ချန်းမိသားစု၏ အိုးနှင့်ရေပုံးသာမရှိလျှင် သူတို့သည် စျေးဆိုင်ဖွင့်နိုင်ပြီး အိုးတစ်လုံး၊ ဆန်နှစ်ဘူးကျော်ကျော်၊ ကြက်ဥ၊ ဖျင်ကြမ်းနှင့် အသီးအရွက်အမျိုးမျိုးတို့ကို ရနိုင်လိမ့်မည်မဟုတ်သည်ကို လက်ခံကြလေသည်။

အသီးအရွက်များကို စဉ်းစားမိလိုက်ခြင်းက စန်းလော့ပြောသည့် ခရမ်းသီးနှင့်အသားနုပ်နုပ်စဉ်းအကြောင်းကို ပြန်တွေးမိသွားပြီး တဖန် သွားရေယိုလာကြပြန်ကာ တောင့်တမိကြတော့သည်။

စန်းလော့သည် သူတို့၏ရယ်စရာကောင်းသည့် တုံ့ပြန်မှုကို တွေ့လိုက်ရသော်လည်း ထပ်ပြီးမကျီစယ်တော့ချေ။

"နောက်ပြီး ငါတို့ မနက်ဖြန်စျေးထပ်သွားကြမယ်လေ။ အသားဝယ်ဖို့ ငွေလောက်အောင် ရှာနိုင်မလား ကြည့်ကြတာပေါ့"

မောင်နှမနှစ်ယောက်က စန်းလော့ကို တပြိုင်နက်တည်းမော့ကြည့်ကြပြီး သူတို့၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုနှင့်အတူ ဝင်းလက်တောက်ပနေ၏။ ရှန်းနဥ်းသည် ပျော်ရွှင်မှုအပြည့်အဝ မပါဘဲ ပြောလိုက်လေသည်။

"ဒါပေမယ် ယောက်မ မနက်ဖြန် စျေးနေ့မဟုတ်ဘူးလေ"

စန်းလော့ ခေါင်းညိတ်လိုက်သည်။

"အဲဒါကြောင့်မလို့ ငါတို့ များများစားစားလုပ်မှာမဟုတ်ဘူး၊ ဆယ့်နှစ်တုံးလေးပဲ။ ငါတို့တွေ အဲဒါတွေကို ကြွေအိုးထဲ ထည့်ပြီး ခြင်းနဲ့သယ်ပြီး စန်းလီရွာမှာ သွားရောင်းမှာ၊ အသားနဲ့ ဟင်းအနှစ်အတွက် ငွေရှာနိုင်ရုံပဲလေ"

"ကျွန်တော်သိတယ်၊ အိမ်တကာလှည့်ပြီး စျေးရောင်းတဲ့သူလိုပဲလေ "

ရှန်းအန်း၏အသံတွင် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေလေ၏။

"စန်းလီရွာက ကျွန်တော်တို့ ရွာထက် အများကြီး ပိုချမ်းသာတယ်၊ ကျွန်တော်တို့ ဒီနေ့ တစ်နာရီထဲနဲ့ တို့ဖူးတွေ အများကြီး ရောင်းခဲ့ရတာ၊ အခုထိ မသိသေးတဲ့လူတွေလည်း အများကြီးပဲလေ"

ရှန်းအန်းက စျေးနေ့မဟုတ်သော်လည်း သူတို့ ရောင်းထွက်နိုင်ဆဲဖြစ်ကြောင်း ယုံကြည်မိနေ၏။

ဤစိတ်နှင့် သူ၏အရွက်များခူးသည့်အလုပ်ကို အမြန်လုပ်ပြီး စန်းလော့နှင့်ဆွေးနွေးတိုင်ပင်လိုက်၏။

"မကြီး ကျွန်တော်တို့ ပိုလုပ်ကြမလား၊ ၁၆တုံးလောက်၊ မြေအိုးနှစ်လုံးနဲ့လေ- တစ်လုံးကို မကြီးက သယ်ပြီး ကျွန်တော်နဲ့ အားနဉ်က ဒီနေ့လိုပဲ ကျန်တဲ့တစ်လုံးကို တလှည့်စီလိုက်မယ်လေ "

အသားအတွက် ငွေရှာရန် စိတ်အားထက်သန်နေရာ ရှန်းနဥ်းက အားတက်သရော ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်၊ ဟုတ်တယ်၊ ညီမလေး သယ်နိုင်ပါတယ်"

စန်းလော့က မျက်လုံးတောက်တောက်နှင့်ကလေးနှစ်ယောက်ကို ကြည့်လိုက်ပြီးနောက် ယနေ့အိမ်အပြန်လမ်းတစ်လျှောက်လုံး သူတို့ သယ်လာသည့်မြေအိုးများကို ကြည့်ကာ သူမ ထင်ထားတာထက်ပင် ပိုလုပ်နိုင်နေသည်ကို သိလိုက်ရလေသည်။

စန်းလော့က မျက်ခုံးပင့်လိုက်ပြီး "စဉ်းစားကြည့်လိုက်တော့... အလုပ်ဖြစ်မဲ့ပုံပဲ"

တကယ်လို့ ကလေးတွေ တကယ်တမ်း မသယ်နိုင်ရင်လဲ ငါက ခဏလောက်တော့ သယ်ထားပေးနိုင်တာပဲ။

သူမက ခေါင်းညိတ်သဘောတူလိုက်သည်။

ကလေးနှစ်ယောက်က အလွန်စိတ်လှုပ်ရှားသွားပြီး ခုန်ပေါက်လုနီးပါး ဖြစ်သွားသော်လည်း တခြားသူတွေကိုမသိစေဘဲ တိတ်တိတ်လေး ငွေရှာရမည်ဟူသည့် စန်းလော့၏ညွှန်ကြားချက်ကို သတိရသွားပြီး သူတို့သည် ဝမ်းသာပျော်ရွှင်မှုကို လျှာဖျားလေးတင် ဖိနှိပ်ထားလိုက်ပြီး ဝမ်းသာအားရ ခုန်ပေါက်လိုက်ကြလေသည်။

စန်းလော့နှင့် ရင်းနှီးလာသည့် ရှန်းနဉ်က သည်အခိုက်လေးတွင် ထူးထူးခြားခြား သူ့မကြီးနားသို့ တိုးဝေ့လိုက်တော့သည်။

"မကြီးက အရမ်းကောင်းတာပဲ"

...

အပိုင္း (၂၀ )

ခ်န္းမိသားစုအိမ္ႏွင့္ အမ်ိဳးအစားတူေသာ ေျမအိုးတစ္လုံးကို ဆိုင္တစ္ဆိုင္တြင္ ၃၆ဝမ္ေစ်းေပးရ၏။ စန္းေလာ့က အဆက္မျပတ္ေစ်းဆစ္ၿပီးမွ ဆိုင္ရွင္က ၂ဝမ္ေလွ်ာ့ေပးသည္ကို ရခဲ့လေသည္။

စန္းေလာ့သည္ ေႂကြအိုးတစ္လုံးႏွင့္ ဆန္ႏွစ္ဘူးခြဲ (၂.၅လီတာခန္႔)ကို ဝယ္ယူလိုက္သည္။ သူမ၏အက်္ီလက္ထဲမွ ေၾကး ၅၂ဝမ္သည္ လက္ထဲမေႏြးရေသးခင္ အျမန္ကုန္သြားခဲ့ၿပီး ဘာမွမက်န္ခဲ့ေတာ့ေပ။

သို႔ေသာ္လည္း အသစ္ဝယ္ထားေသာ အိုးႏွင့္ အိုးထဲကဆန္မ်ားကို ကိုင္တြယ္ၾကည့္လိုက္ေသာအခါ သူမ၏ႏွေျမာစိတ္က ေပ်ာက္ကြယ္သြားၿပီး ေက်နပ္ေရာင့္ရဲသည့္ ခံစားမႈက အစားထိုးဝင္ေရာက္လာေလသည္။

ေနာက္ဆုံး၌ သူမတြင္ ဆန္စပါးအခ်ိဳ႕ႏွင့္ ပိုင္ဆိုင္မႈမ်ားရွိလာခဲ့သည္။

ရွန္းအန္းႏွင့္ရွန္းနဥ္းတို႔ကလည္း အိုးႏွင့္ဆန္မ်ားကို တို႔ထိၾကည့္ၿပီး ေက်နပ္မႈအျပည့္ျဖင့္ ဝိုင္းလာၾကသည္။

"မရီး ကြၽန္ေတာ္ ဒါကို သယ္ပါရေစ"

"ကြၽန္ေတာ္သယ္ခ်င္လို႔ပါ"

ေမာင္ႏွမႏွစ္ေယာက္ေတြက အိုးသယ္ရန္ စိတ္အားထက္သန္စြာျဖင့္ အၿပိဳင္လုေနၾကသည္။

ဤကိစၥကိုျမင္ၿပီး ခ်န္းယိုထ်န္း၏ မရီမၿပဳံး ခပ္တည္တည္မ်က္ႏွာထားသည္ ၿပဳံးလာၿပီး

"ဘာလို႔ လက္အေညာင္းခံၿပီး သယ္ေနမွာလဲ၊ ေရပုံးထဲပဲ ထည့္ထားလိုက္ေလ။ အဲလိုဆိုရင္ သယ္ရတာ ပိုလြယ္တယ္"

သို႔ေသာ္ ရွန္းအန္းက ေခါင္းခါျပလိုက္ကာ သြားမ်ားေပၚေအာင္ ၿပဳံးၿဖီးလိုက္သည္။

"ဦးေလးယိုထ်န္း မေလးပါဘူး။ ကြၽန္ေတာ္ ပင္ပန္းရင္ ဦးေလး ကူသယ္ေပးလို႔ ရတယ္ေလ"

ရွန္းနဥ္းက အျမန္ထပ္ေျပာလိုက္သည္။

"ညီမေလးလည္းပဲ အစ္ကို ပင္ပန္းရင္ ညီမေလးရွိတယ္ေနာ္။ အလွည့္က်သယ္ၾကရေအာင္ေလ အစ္ကို"

အျပန္အလွန္လဲလွယ္ၿပီး သယ္ေဆာင္ၾကရာ၌ ေမာင္ႏွမႏွစ္ေယာက္ေတြက အိုးကိုဘယ္သူက အရင္သယ္ၿပီး ေနာက္မွ ဘယ္သူက တာဝန္လႊဲယူမည္ဆိုသည္ကို ဆုံးျဖတ္ၿပီးသားျဖစ္ေလသည္။

စန္းေလာ့က သူတို႔ကို ရယ္ရယ္ေမာေမာျဖင့္ ၾကည့္လိုက္ကာ သယ္ခြင့္ေပးလိုက္ၿပီး ေႂကြအိုးကို ရွန္းအန္းဆီသို႔ ေပးလိုက္သည္။ သူမ၏အၾကည့္က ကုန္စုံဆိုင္မွျဖတ္ၿပီး ဝက္သားဆိုင္ဘက္သို႔ ေရာက္ရွိသြားေလ၏။

မူလပိုင္ရွင္၏ခႏၶာကိုယ္၌ မည္သည့္အသားစိုင္မွ်မရွိသည္မွာ ၾကာၿပီျဖစ္ပုံရ၏။ ဝက္သားဆိုင္ဘက္ကို ျမင္လိုက္ရ႐ုံျဖင့္ ျပင္းထန္သည့္ လိုခ်င္တပ္မက္မႈႏွ င့္ဆာေလာင္မႈကို ျဖစ္ေပၚလာေစေတာ့သည္။

စန္းေလာ့သည္ သူမ၏တစ္ခုတည္းေသာ ဟင္းခတ္အေမႊးအႀကိဳင္အျဖစ္ သူမ၏သက္ကယ္တဲရွိ တစ္ခုတည္းေသာဆားအိုးကို သတိရသြားကာ ဝက္သားကိုျမင္လွ်င္ ထိန္းမႏိုင္သိမ္းမရျဖစ္ၿပီး သြားရည္မ်ားက်လာ၏။

ငတ္မြတ္ေခါင္းပါးမႈေဘးမွ လြတ္ေျမာက္လာၿပီးကတည္းက မူလပိုင္ရွင္က အသားအရသာကို မခံစားခဲ့ရတာ ျဖစ္မည္။ ေတြးၾကည့္လိုက္႐ုံျဖင့္ပင္ သူမ၏ဝမ္းဗိုက္ကို မသက္မသာျဖစ္ေစသည္။

မနက္ျဖန္ဆိုလွ်င္ သူမ ေျပလည္ေအာင္ေျဖရွင္းႏိုင္ၿပီျဖစ္၍ ေနာက္ထပ္ပိုက္ဆံရွာရန္ နည္းလမ္းတစ္ခုကို ရွာေတြ႕ေပလိမ့္မည္။

ဤစိတ္ျဖင့္ စန္းေလာ့က ခ်န္းယိုထ်န္းကို ေမးလိုက္သည္။

"ဦးေလးယိုထ်န္း ဝက္သားဆိုင္က ေစ်းေန႔မဟုတ္ရင္ေတာင္ အသားေရာင္းတာလား"

သူမ၏ေမးခြန္းကိုၾကားလိုက္သည္တြင္ ခ်န္းယိုထ်န္းက တစ္ခ်က္ေဝ့ၾကည့္လိုက္ၿပီး စန္းေလာ့သည္ ဝက္သားဆိုင္ဘက္သို႔ အၾကာႀကီး စိုက္ၾကည့္ေနသည္ကို ေတြ႕လိုက္ရသည္။ သူမ၏မ်က္လုံးမ်ားက လိုအင္ဆႏၵေၾကာင့္ ႐ႊမ္းစိုေနေလ၏။

သူက ေခတၱရပ္လိုက္ၿပီး ေခါင္းညိတ္ျပလိုက္သည္။

"ဟုတ္တယ္ သူတို႔ ေရာင္းၾကတယ္။ အနီးအနားပတ္ဝန္းက်င္က ႐ြာေတြကို ေရာင္းခ်ေပးေနတဲ့ တစ္ခုတည္းေသာ ဝက္သားဆိုင္မလို႔ ေန႔တိုင္း အသားေရာင္းေပးတယ္"

ရွန္းအန္းႏွင့္ရွန္းနဥ္တို႔သည္ ဆန္ေစ့မ်ားျပည့္ေနသည့္အိုးကို ရတနာပစၥည္းတစ္မ်ိဳးကဲ့သို႔ တန္ဖိုးထားေပြ႕ဖက္ထားလိုက္ၿပီး ေနာက္ဆုံးတြင္ ဝက္သားဆိုင္အေၾကာင္းေျပာသည့္အခါ သူတို႔၏ပစၥည္းဥစၥာအသစ္ႏွင့္ ဆန္စပါးမ်ားဆီမွ အာ႐ုံေျပာင္းသြားကာ စန္းေလာ့၏အၾကည့္ေနာက္သို႔ လိုက္ပါသြားကာ လမ္းတစ္ဖက္ရွိ ဆိုင္တန္းဘက္သို႔ ေရာက္ရွိသြားခဲ့ေလသည္။

ၾကားႏိုင္ေလာက္သည့္ တံေတြးမ်ိဳခ်သံႏွင့္အတူ ႏွစ္ေယာက္လုံးက ခက္ခက္ခဲခဲ မ်ိဳခ်လိုက္ျပန္၏။

"မရီး ကြၽန္ေတာ္တို႔မွာ ပိုက္ဆံရွိေသးလား"

ေမာင္ႏွမႏွစ္ေယာက္ေတြက မတြက္ခ်က္ တတ္‌ေသးေသာ္လည္း သူတို႔လက္ဝယ္ပိုင္ဆိုင္ထားေသာ အိုးႏွင့္ဆန္စပါးမ်ားသည္ တန္ဖိုးႀကီးေၾကာင္းကို နားလည္ထားၾကပါသည္။

စန္းေလာ့က ျပတ္ျပတ္သားသား ေခါင္းခါျပလိုက္၏။

"မရွိေတာ့ဘူး၊ ငါတို႔မွာ ဘာမွမက်န္ေတာ့ဘူး။ဒါေပမယ့္ ငါတို႔ ဒီထက္ပိုၿပီး ဝင္ေငြရႏိုင္ပါေသးတယ္"

ရွန္းအန္းက နည္းနည္းေငးငိုင္မိသြားၿပီး အသားဆိုင္ဘက္သို႔ မ်က္စိတစ္ခ်က္ ေဝ့ၾကည့္လိုက္ကာ သူ႔လက္ထဲမွ ဆန္ေစ့မ်ားကို ျပန္ၾကည့္လိုက္ၿပီး ႏွစ္ခါေလာက္ တံေတြးမ်ိဳခ်လိုက္ၿပီးမွ ေျပာလိုက္ေလသည္။

"မႀကီး အသားကေစ်းႀကီးတယ္ ကြၽန္ေတာ္တို႔မွာ ပိုက္ဆံေတြရွိရင္ေတာင္ ဆန္စပါးေတြ ဝယ္ထားတာ ပိုေကာင္းပါတယ္"

သူသည္ ဆာေလာင္ေနရမည္ကို အမွန္တကယ္ ေၾကာက္႐ြံ႕ေနခဲ့သည္။

ဖြဲႏု စားရမည္ကို ေၾကာက္႐ြံ႕မိသည့္အေတြ႕အႀကဳံႏွင့္ ဖြဲႏုလုံးဝမစားေတာ့သည့္ အေတြ႕အႀကဳံမ်ား ရွိလာၿပီးေနာက္ ဆန္စပါးကသာ သူ႔ကို စိတ္ခ်လုံၿခဳံသည့္ ခံစားခ်က္တစ္ခု ေပးစြမ္းႏိုင္ေတာ့သည္။

သို႔တိုင္ အသားဟူသည့္ အေတြးသက္သက္ကပင္

You are reading the story above: TeenFic.Net