အပိုင်း (၂.၂)

Background color
Font
Font size
Line height

သမီးယောင်းမ နှစ်ယောက်သား တစ်ယောက်ကကျွေးလိုက် တစ်ယောက်ကစားလိုက်နှင့် အသီး ခုနှစ်လုံးလောက် ကုန်သွားခဲ့သည်။ ရှန်းနဉ်က နောက်ဆုံးအသီးတစ်လုံးကိုခွာပြီး စန်းလော့ပါးစပ်နားကို ခွံ့လိုက်သည့်အခါမှာတော့ သူမ ခေါင်းကိုလှည့်ကာ ငြင်းလိုက်သည်။

"အဲ့တစ်လုံးကို ညီမလေးပဲ စားလိုက်ပါ"

စန်းလော့သည် သူမ၏မူလခန္ဓာကိုယ်၏ မှတ်ဉာဏ်များကို ရရှိခဲ့လေသည်။ မူလခန္ဓာကိုယ်က ကြောက်စရာကောင်းလောက်အာင် အငတ်ဘေးဆိုက်ခဲ့ပြီး သည်ကလေးနှစ်ယောက်ကလည်း ပိုကောင်းသည့်အခြေအနေကို တွေ့ကြုံခဲ့ရသည်တော့မဟတုတ်ချေ။

စန်းလော့ နိုးလာသည်ကိုမြင်ကတည်း ရှန်းနဉ်မှာ မျက်ရည်မဆည်နိုင်တော့‌‌ချေ။ သူမ၏မျက်နှာတွင်လည်း အငို အပြုံးများ ရောထွေးပြီး ကြောင်ချေးရုပ်ပေါက် နေ‌တော့သည်။

"မကြီး စားပါ"

ထို့နောက်တွင်တော့ လက်ကျန်အသီးလေးကို စန်းလော့ ပါးစပ်ထဲကို သူမက အတင်းထိုးခွံလိုက်တော့သည်။

အသီးက ပျားရည်လိုပဲချိုလိုက်တာ။ အချိုဓာတ်နှင့် အာသည်ရဓာတ်က သူမ၏ သေခါနီး ခန္ဓာကိုယ်ကို တဒင်္ဂသက်သာရာ ရစေခဲ့သည်။ အနည်းဆုံးတော့ သူ့အမြင်အာရုံကို မှောင်မိုက်နေသည်ကို လျော့ပါးစေလေသည်။

စန်းလော့သည် သူရထားသည့် အားအင်ကို ‌‌ခြွေတာသည့်အနေဖြင့် မြေကြီးပေါ်တွင် ငြိမ်ငြိမ် ထိုင်နေလိုက်သည်။

သူမက ရှန်းနဉ်ကို မေးလိုက်သည်။

"ငါ့အတွက် အစာရှာဖို့ညသန်ခေါင်းကြီး အပြင်ကို ထွက်သွားကြတာလား ဘယ်နေရာက နေ အသီးတွေရလာတာလဲ"

သူတို့ရဲ့ကောက်ရိုးတဲနားမှာတော့ စားလို့ရတာ တခုခုရှာဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ မူလခန္ဓာကိုယ်ပိုင်ရှင်က သာမန်မိသားစုက ဆင်းသက်လာပြီး ရွှေလိုဥထားခံခဲ့ရတာ ဆိုပေမဲ့ အငတ်ဘေးက ထွက်ပြေးလာတဲ့ခရီးက အလေ့ကျပေါက်သည့် အသီးအနှံ ဟင်းသီးဟင်းရွက်တွေကို ရင်းနှီးအောင် လုပ်ပေးခဲ့မှာပဲ။ ရှန်းမိသားစုကို ပြောင်းရွှေ့လာပြီး ပါးစပ်တစ်ပေါက်ခက်ခဲမှုကို ကြုံတွေ့လာရတော့ အနီးနားက စားလို့ရတာမှန်သမျှကို လိုက်ရှာခဲ့ရတာ။ ခုတော့ အလေ့ကျပေါက်တဲ့ အသီးအရွက်ရှာဖို့ကိုတောင် တော်တော်ဝေးဝေးကို သွားနေရပြီ။

"ညီမက တောင်နဲ့နီးတဲ့ ရွာအနောက်ဘက်ခြမ်းကို သွားတာပါ၊ အများကြီးလည်း ရှာမတွေ့ခဲ့ပါဘူး၊ ဒီအသီးနည်းနည်းလေးလောက်ပဲ"

သဖန်းသီတွေက အရသာရှိသည်။ နှစ်တိုင်း အသီးမှည့်ချိန်ဆိုလျှင် ရွာထဲက ကလေးလူကြီးမှန်သမျှ မြင်မြင်သမျှ နွယ်ပင်တွေကို ရှာရင်း အလုပ်ရှုပ်ကြသည်။ လယ်ကွင်းအပြင်ဘက်နှင့် တောင်စွန်းဘက်တွင်ပင် ကျန်နေသည့်အသီးများကို တွေ့ရဖို့က ခက်ရှားရှားပင်။

စန်းလော့က သက်ပြင်းချလိုက်ပြီး

"နင်ဟာလေ အရမ်းရဲတာပဲ"

ရှန်းနဉ်က ခေါင်းငုံထားလိုက်ပြီး

"ညီမ တုတ်တစ်ချောင်းနဲ့ တောတိုးရှာခဲ့တာပါ။ သိပ်အဝေးကြီး မသွားခဲ့ပါဘူး တောင်စွန်းနားဝိုက်ပါပဲ"

ကလေးမငယ်လေးသည် အပြစ်ရှိသလိုခံစားလိုက်ကာ သူ့ယောင်းမကြီးဆီက အဆူခံရမည်ကို စိုးရိမ်သွားပြီး အိုးထဲကရေကို မြန်မြန် သွားစစ်ကြည့်လိုက်လေသည်။

မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်နှင့်စန်းလော့သည် အကြောင်းရင်းကို နားလည်လိုက်သည်။ ရှီရွာ အနောက်ဘက်က ကျယ်ပြောလှသည့်တောင်ကြီးသည် ရွာအစွန်နားအထိပင် ကြောက်မက်ဖွယ်ဖြစ်လို့နေသည်။ ညပိုင်း အသီးများကို ထွက်ရှာရန် မဆိုထားနှင့် ပုံမှန်ဆိုလျှင် တောင်အတွင်းပိုင်းအထိ သွားလာခြင်းကိုပင် ကလေးများအား တားမြစ်ထားလေသည်။

သို့သော်လည်း သည်ကလေးက သူမ သို့မဟုတ် မူလခန္ဓာကိုယ်အတွက်ကြောင့်ပင် ညဘက်ကြီးလည်းစွန့်စားပြီး အစားထွက်ရှာ ပေးခဲ့သည်ကိုလည်း သူမက သိနေသည်။ ထို့ကြောင့် သူမသည် ဘာမှထပ်မပြောတော့ဘဲ မေးလိုက်တော့သည်။

"‌ရှောင်အန်း ဘယ်မှာလဲ"

ရှန်းအန်း။ အမြွှာထဲက အကြီးလေးပေါ့။

သူတို့မောင်နှမက ပုံမှန်ဆိုရင် တပူးတွဲတွဲနဲ့ပါ။ ဒါပေမယ့် အခုတော့ ခဏလောက်ကြာပြိး ရှန်းနဉ် ပြန်ရောက်လာခဲ့ပေမဲ့ ရှန်းအန်းရဲ့ အရိပ်ကိုတော့ မတွေ့ရဘူး။

ရှန်းနဉ်က ပခုံးလျှောကျသွားပြီး ပြာလိုက်သည်။

"ဒုတိယအကိုလေးက ဦးလေးရှန်တို့အိမ်ကို ဆန်သွား‌ တောင်းတယ်ထင်တယ်"

.......

တိတ်ဆိတ်ငြိမ်သက်လွန်းသည့် ညအတွင်းတွင် ရှန်းအန်းသည် သူ့ဦးလေးကို တစာစာ ခေါ်နေရင်း ရှန်းအိမ်ခြံတံခါးကိုတဘုန်းဘုန်း ကျယ်လောင်စွာ ထုရိုက်နေလေသည်။ ‌

အိမ်ထဲတွင်တော့ ဦးလေးရှန်းနှင့် အမျိုးသမီးလီသည် ဆူညံသံကြောင့် နိုးနှင့်ပြီးဖြစ်သည်။

ဦးလေးရှန်းသည် နား‌ထောင်ရင်း ဂနာမငြိမ်ဖြစ်လာပြီး အိပ်ယာထဲက ထထွက်ဖို့ ပြင်လိုက်ချိန်တွင် အမျိုးသမီးလီက သူ့ကို အသည်းအသန်တားလိုက်သည်။

"မသွားနဲ့၊ လဝက်တောင် ကျော်နေပြီ၊ သူတို့နှစ်ယောက် ဆန်လာမချေးတာ ဘယ်တုန်းက ရှိဖူးလို့လဲ၊ ပြောတော့သာ ချေးတာ ဘယ်တော့မှပြန်မပေးဘူးမလား။ နေ့ဘက်မရတော့ ခု ညဘက်တောင် မရှောင်လာချေးနေကြပြီ"

ဦးလေးရှန်း၏စောင်ကို ကိုင်ထားသည့်လက်က တုံ့ဆိုင်းသွားပြီး သူက လေသံနှင့် ပြောလိုက်သည်။

"ဒါပေမယ့် ငါတို့တွေ သူတို့ကို ဒီအတိုင်း လျစ်လျူရှုထားလို့ မရဘူးလေ အစာအငတ်လွန်ပြီး တခုခုဖြစ်ကုန်ရင်.... ရွာသားတွေက ငါတို့ကို ဝေဖန်ကြလိမ့်မယ်"

အမျိုးသမီးလီသည် တည်ငြိမ်သည့် မျက်နှာထားနှင့် ထေ့ငေါ့လိုက်ပြီး

"မပူစမ်းပါနဲ့၊ ကျွန်မ သူတို့ကို ရှေ့တရက်ကျော်ကပဲ အစားအစာ တွေပေးထားခဲ့ တယ်လေ။ ကျွန်မ အခြေအနေတွေကို သဘောပါက်ပါတယ်။ ကျွန်မတို့က အိမ်ခွဲလိုက်ပြီးပြီလေ၊ ကျွန်မ သူတို့ကို ထမင်းအနပ်တိုင်းတော့ မဖြည့်ဆည့်နိုင်ဘူး။ ဒါပေမယ့် သူတို့တွေ ငတ်လို့မသေပါဘူး။ မြောက်ပိုင်းတွေ ရေကြီး မိုးခေါင်နေတဲ့ယှဉ်ရင် ဒို့တောင်ပိုင်းက နဲနဲတော်ပါသေးတယ်။ တခါ‌တလေ ရှင်ကိုယ်တိုင်တောင် တောထဲ တောင်ထဲအသီးအရွက် ရှာခဲ့ရသေးတာမလား။ ဒီရွာမှာ တကယ်ငတ်လို့သေတဲ့သူ ဘယ်သူရှိလို့လဲ"

ဦးလေးရှန်း၏တွေဝေသည့်စိတ်က တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။

အမျိုးသမီးလီက စကားကို စဖြတ်လိုက်သည်။

"ကောင်းပြီ သူ့ကို မနက်ဖြန်မနက်ကျမှ လာခိုင်းလိုက်ပါ။ ကျွန်မ သူတို့ကို စားစရာနည်းနည်းပါးပါး ပေးလိုက်ပါ့မယ်။ ဒါပေမဲ့ အဲဒီ စန်းမျိုးနွယ်ကတော့ တကယ့်ကို အသုံးမကျပါဘူး။ ကျွန်မတို့က သူ့ကို ရှန်းအန်းနဲ့ ရှန်းနဉ်ကို စောင့်ရှောက်နိုင်မယ်ထင်လို့ ဒီကိုခေါ်လာခဲ့တာ။ သူ အခု ဘာမှကောင်းကောင်း မကိုင်တွယ်နိုင်ဘူး။ ကျွန်မအစကတည်းက သိခဲ့ရရင် ပိုပြီးလုပ်နိုင်ကိုင်နိုင်မည့်သူကို ရွေးခဲ့ပါတယ်"

နောက်ဆုံးစကားလုံးအရောက်မှာတော့ သူမအသံက တိုးသွားတော့သည်။ တကယ်တော့ မြောက်ပိုင်းကနေ အသက်ရှင်လျှက် ထွက်ပြေးလာနိုင်တာကိုက အခက်ခဲဆုံးအချိန်ကို ကျော်ဖြတ်ခဲ့တဲ့ အဓိပ္ပါယ်ပဲလေ။ အခုချိန်မှ နောက်တစ်ယောက်ပြောင်းဝယ်ဖို့ ဆိုတာလည်း ဈေးမချိုလှပါဘူး။

အမျိုးသမီးလီသည် ဝန်ထုတ်ဝန်ပိုးကို ခွာချဖို့ရန် သူမသည် ငွေအများကြီးကို မသုံးလိုခဲ့ချေ။ ထိုငွေနှင့် သူမက လေးနှစ်ယာက်ကို တစ်နှစ် နှစ်နှစ်လောက်တော့ ကောင်းကောင်း ထာက်ပံ့နိုင် ကျွေးမွေးနိုင်ပေသည်။

ထို့ကြောင့် တခြားရွေးချယ်စရာရှိခဲ့လျှင်ပင် သူမက ကိုယ့်ဟာကို ကျွန်အဖြစ်မရောင်းစားပဲ ဆန်အိတ်တစ်ဝက်နှင့်တူချွေးမတစ်ယောက်အဖြစ် ခေါ်လာနိုင်မည့် စန်းလော့ကိုသာ ရွေးလိမ့်အုံးမှာပင်။

ဦးလေးရှန်းကတော့ သည်စကားကို စိတ်မဝင်စားချေ။ ခေါင်းကိုငြိမ့်ရုံသာငြိမ့်ပြီး ပြောလိုက်သည်။

"မင်းမှာ အစီအစဉ်ရှိတယ်ဆိုလည်း ဟုတ်ပါပြီ၊ ဒါပေမယ့် အသေးအဖွဲကိစ္စတိုင်းအတွက်နဲ့တော့ သိပ်မတင်းကြပ်ပါနဲ့ကွာ"

အရေးအကြီးဆုံးက သူ့မှာ အတိုင်းအတာတစ်ခုအထိ အပြစ်ရှိသလို ခံစားနေရသေးတယ်လေ။ နောက်ဆုံးသူ့အစ်ကိုရဲ့ကျန်ခဲ့တဲ့ မျိုးဆက်က ဒီကလေးနှစ်ယောက်ပဲ ရှိတော့မလား။

လင်မယားနှစ်ယာက်သည် စကားနည်းနည်းပါးပါး ပြောလိုက်ကြပြီး ထိုကိစ္စကို ဘေးချိတ်ထားလိုက်တော့သည်။ အပြင်ဘက်က ရှန်းအန်း၏တံခါးခေါက်သံကို မကြားချင်ယောင်ဆောင်ပြီး ပြန်အိပ်လိုက်ကြတော့သည်။

.. . .

Zawgyi

သမီးေယာင္းမ ႏွစ္ေယာက္သား တစ္ေယာက္ကေကြၽးလိုက္ တစ္ေယာက္ကစားလိုက္ႏွင့္ အသီး ခုႏွစ္လုံးေလာက္ ကုန္သြားခဲ့သည္။ ရွန္းနဥ္က ေနာက္ဆုံးအသီးတစ္လုံးကိုခြာၿပီး စန္းေလာ့ပါးစပ္နားကို ခြံ႕လိုက္သည့္အခါမွာေတာ့ သူမ ေခါင္းကိုလွည့္ကာ ျငင္းလိုက္သည္။

"အဲ့တစ္လုံးကို ညီမေလးပဲ စားလိုက္ပါ"

စန္းေလာ့သည္ သူမ၏မူလခႏၶာကိုယ္၏ မွတ္ဉာဏ္မ်ားကို ရရွိခဲ့ေလသည္။ မူလခႏၶာကိုယ္က ေၾကာက္စရာေကာင္းေလာက္အာင္ အငတ္ေဘးဆိုက္ခဲ့ၿပီး သည္ကေလးႏွစ္ေယာက္ကလည္း ပိုေကာင္းသည့္အေျခအေနကို ေတြ႕ႀကဳံခဲ့ရသည္ေတာ့မဟတုတ္ေခ်။

စန္းေလာ့ ႏိုးလာသည္ကိုျမင္ကတည္း ရွန္းနဥ္မွာ မ်က္ရည္မဆည္ႏိုင္ေတာ့ေခ်။ သူမ၏မ်က္ႏွာတြင္လည္း အငို အၿပဳံးမ်ား ေရာေထြးၿပီး ေၾကာင္ေခ်း႐ုပ္ေပါက္ ေနေတာ့သည္။

"မႀကီး စားပါ"

ထို႔ေနာက္တြင္ေတာ့ လက္က်န္အသီးေလးကို စန္းေလာ့ ပါးစပ္ထဲကို သူမက အတင္းထိုးခြံလိုက္ေတာ့သည္။

အသီးက ပ်ားရည္လိုပဲခ်ိဳလိုက္တာ။ အခ်ိဳဓာတ္ႏွင့္ အာသည္ရဓာတ္က သူမ၏ ေသခါနီး ခႏၶာကိုယ္ကို တဒဂၤသက္သာရာ ရေစခဲ့သည္။ အနည္းဆုံးေတာ့ သူ႔အျမင္အာ႐ုံကို ေမွာင္မိုက္ေနသည္ကို ေလ်ာ့ပါးေစေလသည္။

စန္းေလာ့သည္ သူရထားသည့္ အားအင္ကို ေႁခြတာသည့္အေနျဖင့္ ေျမႀကီးေပၚတြင္ ၿငိမ္ၿငိမ္ ထိုင္ေနလိုက္သည္။

သူမက ရွန္းနဥ္ကို ေမးလိုက္သည္။

"ငါ့အတြက္ အစာရွာဖို႔ညသန္ေခါင္းႀကီး အျပင္ကို ထြက္သြားၾကတာလား ဘယ္ေနရာက ေန အသီးေတြရလာတာလဲ"

သူတို႔ရဲ႕ေကာက္႐ိုးတဲနားမွာေတာ့ စားလို႔ရတာ တခုခုရွာဖို႔ ဘယ္လိုမွ မျဖစ္ႏိုင္ပါဘူး။ မူလခႏၶာကိုယ္ပိုင္ရွင္က သာမန္မိသားစုက ဆင္းသက္လာၿပီး ေ႐ႊလိုဥထားခံခဲ့ရတာ ဆိုေပမဲ့ အငတ္ေဘးက ထြက္ေျပးလာတဲ့ခရီးက အေလ့က်ေပါက္သည့္ အသီးအႏွံ ဟင္းသီးဟင္း႐ြက္ေတြကို ရင္းႏွီးေအာင္ လုပ္ေပးခဲ့မွာပဲ။ ရွန္းမိသားစုကို ေျပာင္းေ႐ႊ႕လာၿပီး ပါးစပ္တစ္ေပါက္ခက္ခဲမႈကို ႀကဳံေတြ႕လာရေတာ့ အနီးနားက စားလို႔ရတာမွန္သမွ်ကို လိုက္ရွာခဲ့ရတာ။ ခုေတာ့ အေလ့က်ေပါက္တဲ့ အသီးအ႐ြက္ရွာဖို႔ကိုေတာင္ ေတာ္ေတာ္ေဝးေဝးကို သြားေနရၿပီ။

"ညီမက ေတာင္နဲ႔နီးတဲ့ ႐ြာအေနာက္ဘက္ျခမ္းကို သြားတာပါ၊ အမ်ားႀကီးလည္း ရွာမေတြ႕ခဲ့ပါဘူး၊ ဒီအသီးနည္းနည္းေလးေလာက္ပဲ"

သဖန္းသီေတြက အရသာရွိသည္။ ႏွစ္တိုင္း အသီးမွည့္ခ်ိန္ဆိုလွ်င္ ႐ြာထဲက ကေလးလူႀကီးမွန္သမွ် ျမင္ျမင္သမွ် ႏြယ္ပင္ေတြကို ရွာရင္း အလုပ္ရႈပ္ၾကသည္။ လယ္ကြင္းအျပင္ဘက္ႏွင့္ ေတာင္စြန္းဘက္တြင္ပင္ က်န္ေနသည့္အသီးမ်ားကို ေတြ႕ရဖို႔က ခက္ရွားရွားပင္။

စန္းေလာ့က သက္ျပင္းခ်လိုက္ၿပီး

"နင္ဟာေလ အရမ္းရဲတာပဲ"

ရွန္းနဥ္က ေခါင္းငုံထားလိုက္ၿပီး

"ညီမ တုတ္တစ္ေခ်ာင္းနဲ႔ ေတာတိုးရွာခဲ့တာပါ။ သိပ္အေဝးႀကီး မသြားခဲ့ပါဘူး ေတာင္စြန္းနားဝိုက္ပါပဲ"

ကေလးမငယ္ေလးသည္ အျပစ္ရွိသလိုခံစားလိုက္ကာ သူ႔ေယာင္းမႀကီးဆီက အဆူခံရမည္ကို စိုးရိမ္သြားၿပီး အိုးထဲကေရကို ျမန္ျမန္ သြားစစ္ၾကည့္လိုက္ေလသည္။

မူလခႏၶာကိုယ္ပိုင္ရွင္၏ မွတ္ဉာဏ္ႏွင့္စန္းေလာ့သည္ အေၾကာင္းရင္းကို နားလည္လိုက္သည္။ ရွီ႐ြာ အေနာက္ဘက္က က်ယ္ေျပာလွသည့္ေတာင္ႀကီးသည္ ႐ြာအစြန္နားအထိပင္ ေၾကာက္မက္ဖြယ္ျဖစ္လို႔ေနသည္။ ညပိုင္း အသီးမ်ားကို ထြက္ရွာရန္ မဆိုထားႏွင့္ ပုံမွန္ဆိုလွ်င္ ေတာင္အတြင္းပိုင္းအထိ သြားလာျခင္းကိုပင္ ကေလးမ်ားအား တားျမစ္ထားေလသည္။

သို႔ေသာ္လည္း သည္ကေလးက သူမ သို႔မဟုတ္ မူလခႏၶာကိုယ္အတြက္ေၾကာင့္ပင္ ညဘက္ႀကီးလည္းစြန႔္စားၿပီး အစားထြက္ရွာ ေပးခဲ့သည္ကိုလည္း သူမက သိေနသည္။ ထို႔ေၾကာင့္ သူမသည္ ဘာမွထပ္မေျပာေတာ့ဘဲ ေမးလိုက္ေတာ့သည္။

"ေရွာင္အန္း ဘယ္မွာလဲ"

ရွန္းအန္း။ အႁမႊာထဲက အႀကီးေလးေပါ့။

သူတို႔ေမာင္ႏွမက ပုံမွန္ဆိုရင္ တပူးတြဲတြဲနဲ႔ပါ။ ဒါေပမယ့္ အခုေတာ့ ခဏေလာက္ၾကာၿပိး ရွန္းနဥ္ ျပန္ေရာက္လာခဲ့ေပမဲ့ ရွန္းအန္းရဲ႕ အရိပ္ကိုေတာ့ မေတြ႕ရဘူး။

ရွန္းနဥ္က ပခုံးေလွ်ာက်သြားၿပီး ျပာလိုက္သည္။

"ဒုတိယအကိုေလးက ဦးေလးရွန္တို႔အိမ္ကို ဆန္သြား ေတာင္းတယ္ထင္တယ္"

.......

တိတ္ဆိတ္ၿငိမ္သက္လြန္းသည့္ ညအတြင္းတြင္ ရွန္းအန္းသည္ သူ႔ဦးေလးကို တစာစာ ေခၚေနရင္း ရွန္းအိမ္ၿခံတံခါးကိုတဘုန္းဘုန္း က်ယ္ေလာင္စြာ ထု႐ိုက္ေနေလသည္။

အိမ္ထဲတြင္ေတာ့ ဦးေလးရွန္းႏွင့္ အမ်ိဳးသမီးလီသည္ ဆူညံသံေၾကာင့္ ႏိုးႏွင့္ၿပီးျဖစ္သည္။

ဦးေလးရွန္းသည္ နားေထာင္ရင္း ဂနာမၿငိမ္ျဖစ္လာၿပီး အိပ္ယာထဲက ထထြက္ဖို႔ ျပင္လိုက္ခ်ိန္တြင္ အမ်ိဳးသမီးလီက သူ႔ကို အသည္းအသန္တားလိုက္သည္။

"မသြားနဲ႔၊ လဝက္ေတာင္ ေက်ာ္ေနၿပီ၊ သူတို႔ႏွစ္ေယာက္ ဆန္လာမေခ်းတာ ဘယ္တုန္းက ရွိဖူးလို႔လဲ၊ ေျပာေတာ့သာ ေခ်းတာ ဘယ္ေတာ့မွျပန္မေပးဘူးမလား။ ေန႔ဘက္မရေတာ့ ခု ညဘက္ေတာင္ မေရွာင္လာေခ်းေနၾကၿပီ"

ဦးေလးရွန္း၏ေစာင္ကို ကိုင္ထားသည့္လက္က တုံ႔ဆိုင္းသြားၿပီး သူက ေလသံႏွင့္ ေျပာလိုက္သည္။

"ဒါေပမယ့္ ငါတို႔ေတြ သူတို႔ကို ဒီအတိုင္း လ်စ္လ်ဴရႈထားလို႔ မရဘူးေလ အစာအငတ္လြန္ၿပီး တခုခုျဖစ္ကုန္ရင္.... ႐ြာသားေတြက ငါတို႔ကို ေဝဖန္ၾကလိမ့္မယ္"

အမ်ိဳးသမီးလီသည္ တည္ၿငိမ္သည့္ မ်က္ႏွာထားႏွင့္ ေထ့ေငါ့လိုက္ၿပီး

"မပူစမ္းပါနဲ႔၊ ကြၽန္မ သူတို႔ကို ေရွ႕တရက္ေက်ာ္ကပဲ အစားအစာ ေတြေပးထားခဲ့ တယ္ေလ။ ကြၽန္မ အေျခအေနေတြကို သေဘာပါက္ပါတယ္။ ကြၽန္မတို႔က အိမ္ခြဲလိုက္ၿပီးၿပီေလ၊ ကြၽန္မ သူတို႔ကို ထမင္းအနပ္တိုင္းေတာ့ မျဖည့္ဆည့္ႏိုင္ဘူး။ ဒါေပမယ့္ သူတို႔ေတြ ငတ္လို႔မေသပါဘူး။ ေျမာက္ပိုင္းေတြ ေရႀကီး မိုးေခါင္ေနတဲ့ယွဥ္ရင္ ဒို႔ေတာင္ပိုင္းက နဲနဲေတာ္ပါေသးတယ္။ တခါတေလ ရွင္ကိုယ္တိုင္ေတာင္ ေတာထဲ ေတာင္ထဲအသီးအ႐ြက္ ရွာခဲ့ရေသးတာမလား။ ဒီ႐ြာမွာ တကယ္ငတ္လို႔ေသတဲ့သူ ဘယ္သူရွိလို႔လဲ"

ဦးေလးရွန္း၏ေတြေဝသည့္စိတ္က တျဖည္းျဖည္း ေမွးမွိန္သြားေတာ့သည္။

အမ်ိဳးသမီးလီက စကားကို စျဖတ္လိုက္သည္။

"ေကာင္းၿပီ သူ႔ကို မနက္ျဖန္မနက္က်မွ လာခိုင္းလိုက္ပါ။ ကြၽန္မ သူတို႔ကို စားစရာနည္းနည္းပါးပါး ေပးလိုက္ပါ့မယ္။ ဒါေပမဲ့ အဲဒီ စန္းမ်ိဳးႏြယ္ကေတာ့ တကယ့္ကို အသုံးမက်ပါဘူး။ ကြၽန္မတို႔က သူ႔ကို ရွန္းအန္းနဲ႔ ရွန္းနဥ္ကို ေစာင့္ေရွာက္ႏိုင္မယ္ထင္လို႔ ဒီကိုေခၚလာခဲ့တာ။ သူ အခု ဘာမွေကာင္းေကာင္း မကိုင္တြယ္ႏိုင္ဘူး။ ကြၽန္မအစကတည္းက သိခဲ့ရရင္ ပိုၿပီးလုပ္ႏိုင္ကိုင္ႏိုင္မည့္သူကို ေ႐ြးခဲ့ပါတယ္"

ေနာက္ဆုံးစကားလုံးအေရာက္မွာေတာ့ သူမအသံက တိုးသြားေတာ့သည္။ တကယ္ေတာ့ ေျမာက္ပိုင္းကေန အသက္ရွင္လွ်က္ ထြက္ေျပးလာႏိုင္တာကိုက အခက္ခဲဆုံးအခ်ိန္ကို ေက်ာ္ျဖတ္ခဲ့တဲ့ အဓိပၸါယ္ပဲေလ။ အခုခ်ိန္မွ ေနာက္တစ္ေယာက္ေျပာင္းဝယ္ဖို႔ ဆိုတာလည္း ေဈးမခ်ိဳလွပါဘူး။

အမ်ိဳးသမီးလီသည္ ဝန္ထုတ္ဝန္ပိုးကို ခြာခ်ဖို႔ရန္ သူမသည္ ေငြအမ်ားႀကီးကို မသုံးလိုခဲ့ေခ်။ ထိုေငြႏွင့္ သူမက ေလးႏွစ္ယာက္ကို တစ္ႏွစ္ ႏွစ္ႏွစ္ေလာက္ေတာ့ ေကာင္းေကာင္း ထာက္ပံ့ႏိုင္ ေကြၽးေမြးႏိုင္ေပသည္။

ထို႔ေၾကာင့္ တျခားေ႐ြးခ်ယ္စရာရွိခဲ့လွ်င္ပင္ သူမက ကိုယ့္ဟာကို ကြၽန္အျဖစ္မေရာင္းစားပဲ ဆန္အိတ္တစ္ဝက္ႏွင့္တူေခြၽးမတစ္ေယာက္အျဖစ္ ေခၚလာႏိုင္မည့္ စန္းေလာ့ကိုသာ ေ႐ြးလိမ့္အုံးမွာပင္။

ဦးေလးရွန္းကေတာ့ သည္စကားကို စိတ္မဝင္စားေခ်။ ေခါင္းကိုၿငိမ့္႐ုံသာၿငိမ့္ၿပီး ေျပာလိုက္သည္။

"မင္းမွာ အစီအစဥ္ရွိတယ္ဆိုလည္း ဟုတ္ပါၿပီ၊ ဒါေပမယ့္ အေသးအဖြဲကိစၥတိုင္းအတြက္နဲ႔ေတာ့ သိပ္မတင္းၾကပ္ပါနဲ႔ကြာ"

အေရးအႀကီးဆုံးက သူ႔မွာ အတိုင္းအတာတစ္ခုအထိ အျပစ္ရွိသလို ခံစားေနရေသးတယ္ေလ။ ေနာက္ဆုံးသူ႔အစ္ကိုရဲ႕က်န္ခဲ့တဲ့ မ်ိဳးဆက္က ဒီကေလးႏွစ္ေယာက္ပဲ ရွိေတာ့မလား။

လင္မယားႏွစ္ယာက္သည္ စကားနည္းနည္းပါးပါး ေျပာလိုက္ၾကၿပီး ထိုကိစၥကို ေဘးခ်ိတ္ထားလိုက္ေတာ့သည္။ အျပင္ဘက္က ရွန္းအန္း၏တံခါးေခါက္သံကို မၾကားခ်င္ေယာင္ေဆာင္ၿပီး ျပန္အိပ္လိုက္ၾကေတာ့သည္။

.. . .


You are reading the story above: TeenFic.Net