၂။

Background color
Font
Font size
Line height

                            အခန်း (၂ )
          "ကျတော် အစ်မရဲ့သမီးတွေကို သဘောမကျပါဘူး။ ကျတော် လိုချင်တဲ့သူက  သိုးပဲ။  ကျတော် သိုးကို ခေါ်သွားချင်တယ်။ သူ့ကို သဘောကျတယ်။"
           သိုး အံ့သြမှင်သက်နေမိသည်။ ဒါ သိုးကို အရှက်ခွဲခြင်း ဖြစ်သည်။ သိုးကို မိန်းမတစ်ယောက်အဖြစ် ချိုးနှိမ်လိုက်ခြင်း ဖြစ်သည်။ သိုး ဘာလုပ်သင့်လဲ မသိလောက်အောင် ဒေါသ ထွက်မိသည်။
       "သူဌေးက အိမ်ထောင်ပြုဖို့အတွက် လာခဲ့တာမလား။ သားက မိန်းကလေးမှ မဟုတ်တာ။"
        မေမေကတော့ သိုးအတွက် ဝင်ပြောပေးသည်။ မမတို့ကတော့ သိုးလိုပဲ ဘာပြောရမှန်းမသိဘဲ ဖြစ်နေမည် ထင်သည်။
         "အစ်မတို့မိသားစုဝင်ဆိုရင် ဖြစ်တယ်မဟုတ်လား။ ပြီးတော့ အစ်မတို့မိသားစုအတွက် သူ့မှာလည်း တာဝန်ရှိတာပဲလေ။"
         တာဝန်တဲ့။ ဟင်အင်း သိုး အခု အတတ်နိုင်ဆုံး ကြိုးစားနေတယ်။ သိုး တာဝန်မမဲ့ဘူး။ ပြီးတော့ သိုး အခြောက်မဟုတ်ပါဘူး။ ဆင်းရဲတာတစ်ခုတည်းနဲ့ သိုး သူများမိန်းမ မဖြစ်သင့်ပါဘူး။
           "ဒါပေမယ့် သူဌေးရယ်။ သားက မိန်းကလေး မဟုတ်ဘူးလေ။"
           "အစ်မက အတွေးခေါင်တယ်ဗျာ။ ကျတော်လည်း အစ်မသားကို လူသိရှင်ကြား မယူဘူး။ ဘယ်သူသိတာမှတ်လို့။ ပြီးတော့ သူရော အစ်မတို့ပါ ကောင်းကောင်းနေရမယ်လေ။ အစ်မ စဉ်းစားပေါ့။ နေစရာမရှိ စားစရာမရှိတဲ့ ဘဝထက်စာရင် သူဌေးတစ်ယောက်ရဲ့ တိတ်တိတ်ပုန်း မယားအဖြစ်နဲ့ နေပေးရမှာ ဘာများ နစ်နာမှာမို့လဲ။ နစ်နာစရာ ဘာရှိလို့လဲ။ အစ်မတို့မပြောရင် ဘယ်သူက သိနိုင်မှာမို့လဲ။ အေးလေ စဉ်းစားပေါ့။"
              ရက်စက်လိူက်တာဗျာ။ လူသိရှင်ကြား မယူဘူးတဲ့။ သိုးဘဝက အဲလို ဘောင်မဝင်တန်းမဝင် လူရာမဝင်တဲ့ဘဝလား။ သူဌေးတစ်ယောက်ရဲ့ တိတ်တိတ်ပုန်းမယားအဖြစ်နဲ့ နေပေးရမှာ ဘာများ နစ်နာလို့လဲတဲ့။ ယောက်ျားတစ်ယောက်ရဲ့ မာနနဲ့ ဖြစ်တည်မှုကို သူ သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။ သိုးက ယောက်ျားတစ်ယောက်ရဲ့ လူမသိသူမသိ မယားတဲ့။ သိုး မလုပ်ဘူး။ သိုး မလိုက်နိုင်ဘူး။ သိုးက မိန်းမလည်းမဟုတ်သလို အခြောက်လည်း မဟုတ်ပါဘူး။
             "ကောင်းပါပီသူဌေး ကျမတို့ ဒီအိမ်ပေါ်က ဆင်းပေးပါ့မယ်။ ဆပ်စရာအကြွေးတွေကိုတော့ ခဏစောင့်ပေးပါဦး။ ကူညီပေးခဲ့တာတွေအတွက်လည်း ကျေးဇူးပါ"
           "ကာယကံရှင်က လိုက်ချင်မလား မေးကြည့်သင့်တယ် ထင်တယ်။ အိုကေလေ။ visiting card ထားခဲ့မယ်။  အစ်မ စိတ်ပြောင်းရင် ဆက်သွယ်လိုက်ပါ။"
           **********************
         "ဒီညနေပဲ ဒီကနေ ထွက်သွားပေးဖို့ သူဌေးမင်းသခင်က လာအကြောင်းအကြားခိုင်းလို့ပါ။ အစ်မတို့ သိမ်းစရာရှိတာ သိမ်းပါ။ ကျတော်တို့ အိမ်အနေအထားတွေ ပြင်စရာ ဖျက်စရာတွေကို လိုက်စစ်ဆေးပါရစေ"

           ဟာဗျာ ခုဏလေးတင် သူဌေးပြန်သွားသည်။ သူ့လူတွေက ချက်ချင်းလာ၍ အကြောင်းကြားလာသည်။ အမေကတော့ ကျလုဆဲဆဲမျက်ရည်ကို ထိန်းချုပ်ထားပြီး ခေါင်းရင်းနံရံရှိ ဖေဖေ့ဓာတ်ပုံတွေကို လက်ချောင်းများဖြင့် ဖွဖွလေးထိကိုင်နေသည်။ နောက်တော့ လေးလေးတွဲ့တွဲ့ဖြင့် နံရံမှ  ဖြုတ်ယူလိုက်သည်။
            လူသုံးဦးကတော့ အိမ်ကို လှည့်ပတ် စစ်ဆေးလျက်ရှိသည်။ သိုးနှင့် မမတို့ကတော့ ဧည့်ခန်းကြမ်းပြင်တွင် နံရံကိုမှီကာ ခပ်ကိုင်းကိုင်း ထိုင်နေကြပြီး အမေနှင့် လူသုံးယောက်ကို လိုက်ကြည့်နေမိသည်။  ခဏကြာတော့ မမကြီးက မသက်မသာ ငြီးငြူလိုက်သည်။
             " ညနေရောက်ရင် ဒီအိမ်က ငါတို့အိမ် မဟုတ်တော့ဘူးပေါ့နော်။ ဒီအိမ်က ဆင်းရမယ်ဆိုရင် ငါတို့ ဘယ်မှာ သွားနေရမှာလဲဟယ်။ သူဌေးရယ် ငါ့ကို ယူလိုက်ပါလား"
                 မေမေနဲ့ မမငွေက မမကြီးကို ကြည့်ရင်း စိတ်မကောင်း ဖြစ်ကြပေမယ့် ဘယ်လိုနှစ်သိမ့်ရမလဲ၊ ဘယ်လို ဖြေရှင်းရမလဲ မသိကြသေးပေ။ ဒီအိမ်လေးရှိစဉ်က ဒီအိမ်လေးကို ချစ်ရကောင်းမှန်းမသိသော သိုးတို့မိသားစုလေး(မေမေမှ လွဲံ၍)သည် အိမ်လေးရဲ့ တန်ဖိုးကို သိလာသည်။ မနက်က ပြောခဲ့သော မေမေ့စကားကို ပြန်ကြားယောင်မိသည်။ "အိမ်တစ်လုံးရဲ့ တန်ဖိုးကို အဲဒီအိမ်ကို ဆုံးရှုံးလိုက်ရမှ သိကြမှာ။ သားသိလား သားမမတွေက မိန်းကလေး သူတို့နေဖို့ အိမ်လိုတယ်။ အခု ဒီအနီးတစ်ဝိုက်ကို စက်ရုံဆောက်ဖို့ စီစဉ်နေတယ်ကြားတယ်။ ဒီအိမ်ပါ ဖျက်ပေးရရင် ဘယ်လိုလုပ်မလဲ။ မေမေတို့ ဘယ်သွားနေရမလဲ။" မှန်လိုက်တာ မေမေရယ်။ ဒါကြောင့် မေမေက မမတို့ကို သူဌေးနဲ့ ပေးစားဖို့ ကြိုးစားခဲ့ခြင်း ဖြစ်ပေမည်။
             "အိမ်ရှင်တို့ ဝင်ခွင့်ပြုပါခင်ဗျ။"
အတွေးများဖြင့် တိတ်ဆိတ်နေချိန် လူစိမ်းငါးယောက်ကြောင့် သိုးတို့ ခေါင်းထောင်ကာ လှုပ်လှုပ်ခတ်ခတ်ဖြစ်လာသည်။ မေမေက အပူရုပ်ကို ဟန်လုပ်ကာ အကျီ င်္တို့ကို ဆွဲဆန့်၊ ခါးကိုဆန့်၊ ပခုံးတို့ပိုဖြန့်ကာ ဧည့်သည်ထံ လျှောက်သွားသည်။
             "ကြွပါရှင်။ ဘာကိစ္စများ ရှ်ိပါသလဲ။"
             "ကျတော်တို့က Royal palace ကုပ္ပဏီကပါ။ ဦးကိုကိုမောင်ရဲ့အကြွေးတွေအတွက် ဒီအိမ်က ပစ္စည်းတွေကို တန်ဖိုးဖြတ်ယူမလို့ လာခဲ့တာပါ။"
                  *********************
             "မေမေ သမီးတို့ ဗီရိုကြှီးကို ယူသွားတော့မယ်တဲ့။"
             "အဲဒီ ကုတင်ကြီးတော့ မလုပ်ပါနဲ့ရှင်။ ကျမရဲ့ ဖေဖေကိုယ်တိုင် ရိုက်ထားပေးတာမို့ပါ။"
             မမတို့က ပစ္စည်းသိမ်းနေသော လူတွေရဲ့လက်ထဲက ပစ္စည်းတွေကို လိုက်လုလိုက်၊ ယူမရအောင် လက်ဖြင့် တားကာ ကာဆီးလိုက်ဖြင့် ဆောက်တည်ရာမရဖြစ်နေသည်။
             "ဝုန်း"
              ဟာ စာအုပ်စင်လေး ပြိုသွားပြီး။ သူတို့ သိုးရဲ့ စာအုပ်များကို ဖယ်ချကာ ကျွန်းသားဖြင့် ပြုလုပ်ထားသော စာအုပ်စင်လေးကို မရွေ့နေသည်။ ပြန့်ကျဲနေသော စာအုပ်များကို ကြည့်ရင်း သိုး စိတ်မကောင်းဖြစ်မိသည်။ ပြန့်ကျဲနေသော စာအုပ်ထဲမှတစ်အုပ်က ပွင့်လျက်သားဖြစ်ကာ စာအုပ်ထဲမှ ဖေဖေ့ဓာတ်ပုံလေး ကြမ်းပြင်ပေါ် ကျသွားသည်။ စာအုပ်စင်ကို သယ်ယူမည့် အလုပ်သမားသာ ခြေတစ်လှမ်းရှေ့တိုးလာလျှင် ဖေဖေ့ဓာတ်ပုံကို တက်နင်းမိတော့မည်။
           "အား"
            "ဝုန်း"
            "ခွမ်း"
             သိုး ဖေဖေ့ဓာတ်ပုံကို ပြေးအကောက်တွင် အလုပ်သမားက သိုးလက်က်ု တက်နင်းမိသည့်အပြင် သိုးကိုပါ ခလုတ်တိုက်မိသည်။ လူရော စာအုပ်စင်လေးပါ လဲပြိုကျကာ ဘေးရှိ စာကြည့်စားပွဲက ပစ္စည်းများပါ ထိခိုက်ကွဲပျက်ကုန်သည်။
            "သား ဘာဖြစ်သွားသေးလဲ။ ဘယ်နား နာသွားလဲ။"
          မေမေက စိုးရိမ်တကြီး  ပြေးလာကာ သိုးကို ထူသည်။ ပြီးတော့ သိုးကို ဖက်ကာ အားရပါးရ ငိုချလိုက်သည်။ မမတို့လည်း အနားရောက်လာကာ မေမေနှင့် သိုးကို ဖက်၍ ငိုကြသည်။ အတက်နင်းခံရသော လက်က တဆစ်ဆစ်ကိုက်ခဲလာသည်။ ထို့ထက် ရင်ဘတ်က တနင့်နင့်ဖြင့်  ဆို့တက်လာသလို အပေါ်မှတစ်စုံတရာက ဆီးကာ ဖိညှစ်နေကြပြန်သည်။ ဟင့်အင်း သိုးမငိုဘူး။ သိုး ငိုလို့ မဖြစ်ဘူး။ သိုး တစ်ခုခု လုပ်ရမှာ တစ်အိမ်လုံးကို သိုး ကယ်တင်ရမှာ။ ဒီအချိန်မှာ သိုးရဲ့ မာနနဲ့ ယောက်ျားတစ်ယောက်ရဲ့ ဖြစ်တည်မှုထက် နေစရာအိမ်နဲ့ မိသားစုက ပိုအရေးကြီးနေသည်။
           သိုး အားလုံးရဲ့လက်ကို ဖြုတ်ချကာ မတ်တပ်ရပ်လိုက်သည်။ မေမေတို့က သိုးကို စိုးရိမ်တကြီး ကြည့်နေကြသည်။ သိုး ဧည့်ခန်းထဲသို့ တဟုန်ထိုးပြေးကာ ဖုန်းကို ဖွင့်ရင်း လိပ်စာကဒ်ထဲက ဖုန်းနံပါတ်ကို အမောတကော နှိပ်လိုက်သည်။
             "ကျတော် ခင်ဗျားရဲ့ မိန်းမ လုပ်ပါ့မယ်။ ခင်ဗျား အကြွေးတွေအကုန်လုံး ဆပ်ပေးပြီး အိမ်ကို မေမေ့နာမည်နဲ့ လွှဲပေးပါ။"
              သိုး အသက်မရှူတမ်း ဗလုံးဗထွေးပြောလိုက်မိသည်။ လူကလည်း မောဟိုက်လို့နေသည်။ သူဌေးက ဘာပြောတာလဲ နောက်တစ်ခေါက်ထပ်ပြောပါတဲ့။ သိုး သိသည်။ သိုးရဲ့ ကျရှုံးမှုကို သူ အရသာခံ ကြားချင်နေတယ်ဆိုသည်ကို သိုး သိသည်။ ခင်ဗျားက လူယုတ်မာဟု သိုး အော်ဟစ်ပြောလိုစိတ်ကို ထိန်းချုပ်မြိုချလိုက်သည်။
                 "သိုး ခင်ဗျားရဲ့မိန်းမအဖြစ် နေပေးမယ်။ အကြွေးတွေ အကုန်ဆပ်ပေးပါ။ အိမ်ကို မေမေ့ကို ပြန်ပေးပါ။"
                 "မင်းကဘာလုပ်မလဲ ထပ်ပြောပေး။ သိပ်မကြားရဘူး။"
                "သိုး ခင်ဗျားမိန်းမ လုပ်မယ်။
                  သိုး ဦးမင်းသခင်ရဲ့ မိန်းမလုပ်မယ်။
                   ဦးမင်းသခင်က သိုးရဲ့ယောက်ျားပါ။
                   သိုးက ………"
                   သိုးရဲ့ နှုတ်ထွက်စကားတွေကို သုံးနှလုံးသားနှင့် သိုးရဲ့မာနက လက်မခံပေ။ မွန်းကြပ်ကာ ရင်ဘတ်တွေ စူးအောင့်လာသည်။ စို့နင့်လာသည်။ မွန်းကြပ်လာသည်။ မေမနှင့် မမတို့က သိုးဟု ခေါ်ကာ စိုးရိမ်တကြီး ပြေးလာကြသည်။ မေမေ့ကိုတွေ့တော့ သိုး ပိုရှက်လာသည်။ သိုး ထပ်ဆင့်နာကျင်လာသည်။ နောက်ဆုံးတော့ သိုး လဲကျကာ လောကင်္ကြီးနှင့် အဆက်ပြတ်သွားတော့သည်။


You are reading the story above: TeenFic.Net

#thettant