Unicode-
နောက်ကျောကဓါး(ရင်တွင်းရှိုက်သံ)
အပိုင်း(4)
စကားအသုံးအနှုန်းများရိုင်းသွားခဲ့သည်ရှိသော်ချစ်သောမျက်စိဖြင့်ကြည့်ပေးကြပါရန်။
သားလေးကိုအစုံအလင်ပြအပြီးစားသောက်
ဆိုင်တစ်ဆိုင်ထဲဝင်ကာ စားစရာတွေမှာ
လိုက်သည်။
ကျွန်တော်လဲ မောင့်ကိုကြည့်ကာ
"မောင်"
"ပြောလေကလေး"
"ကလေးညဘက်ကျရင် သားလေးနဲ့မာမီ
အိမ်မှာသွားအိပ်မယ်"
"အိပ်လေကလေးရဲ့"
"မောင်တစ်ယောက်ထဲအိပ်နေရမှာပေါ့"
"ကလေးသာစိတ်ချလက်ချသွားအိပ်ဟုက်ပီလား?"
မေကတော့ပျော်နေမိတယ်။
(နင်သွားရင် ကိုရှိုင်းနဲ့ငါအတူတူအိပ်ရတော့မယ် နင်ကငါ့ကိုပျော်အောင်လုပ်ပေးတာပဲ
ကျေးဇူးတင်လိုက်တာ သီဟကျော်ရယ်)
သီဟကျော်ကတော့ မေပျော်နေတာကိုကြည့်
ကာ စိတ်ထဲကရီလိုက်မိတယ်။
(နင်မောင်နဲ့အိပ်ရပီဆိုပီးပျော်မနေနဲ့ ငါနင်တို့
နှစ်ယောက်ကိုလွှတ်ပေးထားလိုက်အုံးမယ်)
စားစရာတွေလာချတာမို့ အကုန်လုံးတိတ်ဆိတ်စွာစားသောက်နေကြသည်။စားသောက်
အပီး ကားနားပြန်လာခဲ့ကြသည်။
"မောင် မေကိုလိုက်ပို့လိုက်"
"ကလေးကရော"
"ဝေယံနဲ့မာမီအိမ်သွားလိုက််မယ် မဟုက်ရင်
မေကိုတကူးတကလိုက်ပို့နေရမှာဆိုးလို့"
"ဒါဆို မောင်မေကိုလိုက်ပို့လိုက်မယ်"
"အင်း..မေရှေ့ခန်းမှာသွားထိုင်လေ"
"အေးပါ...ငါပြန်ပီ"
"အင်း"
"ဒယ်ဒီ တာ့တာ့"
"တာ့တာ့ပါ သားလေးဒယ်ဒီသွားပီ"
"ဟုက်ကဲ့ဒယ်ဒီ"
သီဟကျော်လဲသူတို့အနားကထွက်သွားတဲ့
မောင်ကားကိုငေးကြည့်ကာ ပြုံးလိုက်သည်။
ဝေယံလဲ သီဟကျော်ရဲ့အပြုအမူကိုနားမလည်တာကြောင့်မေးလိုက်သည်။
"မင်းဘာတွေလုပ်နေတာလဲ ငါနားမလည်နိုင်
တော့ဘူး"
"ငါညကျရင် သူတို့နှစ်ယောက်ကိုအမိဖမ်းမယ်"
"ပြသာနာတွေကြီးကုန်တော့မှာပဲ"
"မကြီးပါဘူး။ငါလက်တုံ ့မပြန်သေးဘူး တရား
သောနည်းလမ်းနဲ့ရှင်းလို့မှမရရင် ငါ့အကြောင်းသူတို့သိစေရမယ်"
"ငါ့အကူအညီလိုသေးတာလား ငါဘာကူညီ
ပေးရမလဲ?"
"မလိုဘူးဝေယံ လိုအပ်ရင်ငါခေါ်လိုက််မယ်"
"အခုတော့မင်းတို့သားအဖကို အိမ်လိုက်
ပို့မယ်"
"အင်း"
မေလဲ ကားမောင်းနေတဲ့ကိုရှိုင်းကိုသာ
ငေးကြည့်နေမိတယ်။
ကျွန်တော်လဲကားမောင်းနေရင်းသူ့ကိုစိုက်
ကြည့်နေတဲ့ မေကြောင့်မေးလိုက်သည်။
"ကြည့်လှချည်လားမေရဲ့"
"ကိုရှိုင်းက မေကိုကြည့်ပါလို့ဆွဲဆောင်နေတာကိုး"
"ကိုရှိုင်းကအဲ့လောက်တောင်ပဲလား"
"ဟုက်တယ်..တကယ်လို့ကိုရှိုင်းနဲ့မေအကြောင်းကို
သီဟသိသွားရင် ကိုရှိုင်းဘယ်သူ့ဘက်မှာ
နေမှာလဲ?"
"မေဘက်မှာပဲနေမှာပေါ့ မေရဲ့"
"ကိုရှိုင်းတကယ်ပြောတာနော်"
"တကယ်ပေါ့မေရဲ့"
"ပျော်လိုက်တာ"
ည(9)နာရီခန့်တွင် သီဟကျော်တစ်ယောက်
ရှိုင်းသီဟလေးကိုချော့သိပ်လိုက်သည်။
သားလေးအိပ်မှ အခန်းထဲကထွက်လာတော့
မာမီနဲ့တန်းတိုးတော့သည်။
"သားစိတ်ညစ်နေတယ်မလား?"
"နည်းနည်းပါမာမီ"
"မာမီတို့အေးဆေးစကားပြောရအောင်"
"ဟုက်ကဲ့မာမီ"
မာမီနဲ့ကျွန်တော်ဧည့်ခန်းထဲတွင်ထိုင်လိုက်
ကြသည်။
"သားအားပျော့သွားလို့မဖြစ်ဘူးနော်။သား
အားပျော့သွားရင် မြေးလေးဒုက္ခရောက်လိမ့်မယ်"
"စိတ်ချမာမီ သားလေးကသားအတွက်ခွန်အားပဲ"
"ခေတ်တွေကလဲနော် အိမ်ထောင်သည်
ယောကျာ်းတွေနဲ့မှဖောက်ပြန်ကြတယ်လို့
အရှက်တရားတွေလဲမရှိကြတော့ပါလား?"
"လက်ခုပ်ကနှစ်ဖက်တီးမှမြည်တယ် အဲ့လိုပဲ
တစ်ယောက်ကဘယ်လောက်ပဲမြူ ဆွယ်နေပါ
စေ ပါမသွားသင့်ဘူး"
"သားသူတို့နဲ့ထိပ်တိုက်ရှင်းပါလား?"
"ဟင့်အင်း...မရှင်းသေးဘူး သူတို့ကိုစကား
လုံးတွေနဲ့ပညာပေးအုံးမယ်"
"သားရဲ့စိတ်ဓာတ်ကိုတော့မာမီချီးကျုးတယ်"
"အခုလောက်ဆို နွားကကုတင်ပေါ်မှာကဲ
ချင်တိုင်းကဲနေလောက်ပြီ"
မေနဲ့ရှိုင်းသူရလဲ အခန်းထဲသို့ဝင်လာခဲ့ကြသည်။
"ဒါကကိုရှိုင်းတို့အခန်းလား"
"ဟုက်တယ်လေ မေရဲ့"
"ဒီကုတင်က မေတို့ဒီညအတွက်အရေးပါတယ်"
"ဟုက််တယ်"
မေလဲ ကိုရှိုင်းအားကုတင်ပေါ်သို့တွန်းလိုက်ကာ အပေါ်ကလေခွလိုက်သည်။
"မေတို့လုပ်ငန်းစရအောင်"
"အင်း"
မေနဲ့ရှိုင်းသူရတို့ကုတင်ပေါ်တွင်ပလူးနေကြ
တော့သည်။
######
မနက်(9)နာရီခန့် သီဟကျော်လဲအိမ်သို့ပြန်
လာခဲ့သည်။အိမ်အရောက်အပေါ်ထပ်ကလေ
ဆင်းလာတဲ့မောင်။
မေကတော့ အစောကြီးထဲကထပြန်သွား
တော့သည်။
"ကလေးပြန်လာပြီလား"
"ဟုက်တယ်မောင်"
"မောင်အလုပ်သွားတော့မယ် ကလေးရဲ့"
"သွားလေမောင်ရဲ့ ညနေကျရင်အိမ်ကိုစော
စောပြန်လာခဲ့"
"ဘာလို့လဲကလေးရဲ့"
"အိမ်မှာသူငယ်ချင်းတွေနဲ့ပါတီမလုပ်ရသာ
ကြာပြီလေ မောင်ရဲ့"
"အင်ပါမောင်စောစောပြန်လာခဲ့မယ်"
"မေအိမ်ကိုသိတယ်မလား? သူ့ကိုမပါပါအောင်ခေါ်ခဲ့မောင်"
မေဆိုတဲ့နာမည်ကြောင့် ရှိုင်းသူရမျက်နှာချို့ယွင်းသွားသည်။
"အင်းပါမောင်ခေါ်လာခဲ့မယ်"
"ကားသေချာကြည့်မောင်းအုံးနော်"
"အင်းပါကလေးရဲ့"
မောင်ကကျွန်တော့်ပါးအားနမ်းအပြီးထွက်
သွားတော့သည်။
ကျွန်တော်လဲ မောင့်ကားခြံထဲကထွက်
သွားတော့မှ မောင်နမ်းခဲ့တဲ့ပါးကို လက်ဖြင့်
ခပ်ကြမ်းကြမ်းသုတ်လိုက်သည်။
"မောင့်အနမ်းတွေကိုစွဲလန်းခဲ့ဖူးတယ်။
အခုတော့ မသတီတော့ဘူး ရွံတယ်"
^^^^^^^
ည(7)နာရီခန့်.....
သီဟကျော်လဲသူငယ်ချင်းတွေနဲ့အတူတူ
စားကြသောက်ကြပျော်ပါးရန် ပြင်ဆင်နေတော့သည်။
ဝေယံကတော့ ရှိုင်းသီဟလေးကိုအဝတ်အစားလဲပေးနေတော့သည်။
"ဦးဦး"
"ဗျာ"
"သားကိုချစ်လား?"
"ချစ်တာပေါ့သားလေးရဲ့"
"ဒါဆိုမုန့်တွေများကြီးဝယ်ကျွေးရမှာနော်"
"လူလည်လေး"
"မကျွေးရင်ပါပါးနဲ့တိုင်ပြောမှာ"
"မတိုင်ပါနဲ့ဗျာ ဦးဦးဝယ်ပေးပါ့မယ်
ဟုက်ပြီလား"
"ဟီးဟီး..ဦးဦးကသဘောကောင်းတယ်။
ဒယ်ဒီကသားကိုဂရုမစိုက်ဘူး"
ကလေးစကားကြောင့်ဝေယံစိတ်မကောင်းပေ။
(သားကိုသားဒယ်ဒီကဘယ်လိုလုပ်ဂရုစိုက်
နိုင်မှာလဲ? သူ့ဘာသာကောင်မမွှန်နေသာ
သားသမီးရှိတာရောသတိရရဲ့လားမသိ)
"သားအဲ့လိုမတွေးရဘူးနော်"
"ဟုက်ကဲ့ဦးဦး။ဒီညသားမုန့်တွေအများကြီး
စားရတော့မယ်ပျော်လိုက်တာ"
"ချစ်လိုက်တာသားလေးရယ်"
ဝေယံကတော့ကလေးအားပွေ့ချီကာသားလေးရဲ့နူးညံ့သောပါးပြင်အားအနမ်းပေးလိုက်သည်။
ရှိုင်းသူရနဲ့မေတို့အိမ်အရောက် ကားပေါ်က
ဆင်းလိုက်ကြသည်။
မေလဲ ရှိုင်းသူရအနားကပ်ကာပါးအားနမ်း
လိုက်သည်။
"ပြွက်(စ်)"
"ဘာလုပ်တာလဲမေရဲ့"
"ချစ်လို့နမ်းသာလေ ကိုရှိုင်းရဲ့"
"တစ်ယောက်ယောက်မြင်သွားရင်ဒုက္ခပဲ"
"ဘာလဲကိုရှိုင်းက ကြောက်နေတာလား?"
"အဲ့လိုမဟုက်ဘူးလေမေရဲ့"
"မေကိုချစ်ရင်ပြုံးပြ"
"မေမဆိုးရဘူးလေ"
"ပြုံးပြပါဆိုနေ"
ရှိုင်းသူရလဲ နှစ်လိုဖွယ်ပြုံးပြလိုက်သည်။
"ဟီး..အဲ့တာကြောင့်ကိုရှိုင်းကိုမေကချစ်နေရတာ"
အပေါ်ထပ်အခန်းတစ်ခန်းကလေ သူတို့
နှစ်ယောက်ရဲ့မြင်ကွင်းကိုဒေါသအပြည့်ဖြစ်
ကြည့်နေတဲ့ သီဟကျော်။
"နွားမက မြူ ဆွယ်မှတော့ စောက်တုံးမကျတဲ့
နွားကနောက်ကပါသွားတာမဆန်းပါဘူး။
ငါ့အိမ်ထဲထိတောင်အရှက်မရှိတဲ့ဟာတွေ
တွေ့မယ် ငါဘာလဲဆိုတာ"
သီဟကျော်လဲထိုမြင်ကွင်းကိုဆက်မကြည့်
ချင်တာကြောင့် လိုက်ကာအားလက်တစ်
ဖက်ဖြင့်ခပ်ကြမ်းကြမ်းဆွဲပိတ်လိုက်သည်။
မေနဲ့ရှိုင်းသူရအိမ်ထဲဝင်လာခဲ့သည်။
သူငယ်ချင်းတွေအများကြီးရောက်နေကြတယ်။
"မေကိုသွားခေါ်တာလား သားရီး"
"အေး"
"မောင်"
အပေါ်ထပ်ကလေဆင်းလာတဲ့သီဟကျော်။
မောင်နဲ့မေကြားထဲရပ်လိုက်ကာ မောင့်
လက်ကိုချိတ်လိုက်သည်။
မေကတော့ ဒေါသဖြစ်လို့အကြည့်ကိုလွှဲလိုက်
တော့သည်။
"မောင့်ကိုယ်ကချွေးတွေနဲ့ရေသွားချိုးအုံး"
"အင်းပါကလေးရဲ့"
"အမြင်ကိုကပ်တယ်နော် နင့်လူကိုငါစနှိုက်
ကြော်လိုက်ရ"
သူငယ်ချင်းဖြစ်သူတွေထဲက ငယ်ပေါင်းတွေ
ဖြစ်တဲ့ အပျိုကြီးတစ်ယောက်ကထပြော
လိုက်ခြင်းပင်။
သီဟကျော်လဲ ဘေးနားကမေကိုတစ်ချက်ပြုံး
အပြီး အပျိုကြီးကိုကြည့်လိုက်ကာ။
"ငါရှိနေရက်နဲ့ပေါ်တင်စနှိုက်ကြော်ကြည့်ပါ
လား? ကုန်းကောက်စရာမရှိအောင်ဘဝပြတ်
သွားမယ်မှတ်"
"နင်ကလဲဟယ် ငါကစတာပါဟဲ့"
"ငါသိပါတယ်။မောင်ရေသွားချိုးတော့လေ"
"အင်း...အားလုံးခဏစောင့်ကြနော်"
ရှိုင်းသူရလဲရေချိးရန်အပေါ်ထပ်တက်သွား
တော့သည်။
သီဟကျော်တို့လဲသူငယ်ချင်းတွေအနားမှာ
ထိုင်လိုက်ကာ ဟော့ပေါ့စုစားနေကြတော့သည်။
"ပါပါး"
အသံနဲ့အတူပြေးလာတဲ့ သားလေး။
"သားကိုတောင်မစောင့်ဘူးပါပါးအကျင့်မကောင်းဘူး ဟွန့်..."
"ကဲပါ သားလေးစားချင်သာစားလေ "
"ဟုက်ကဲ့"
ဝေယံက ရှိုင်းသီဟလေးကိုပေါင်ပေါ်တင်ကာ
စားချင်တဲ့ဟာလေးတွေရွေးပြီးကျွေးနေတော့သည်။
သီဟကျော်လဲ ဟော့ပေါ့မီးဖိုထဲကပုဇွန်ထုပ်တစ်ကောင်ကိုတူနဲ့လှမ်းယူလိုက်သည်။
မေလဲပုဇွန်ထုပ်စားချင်သာကြောင့်လှမ်းယူ
လိုက်သည်။ဖြစ််ချင်တော့နှစ်ယောက်သွား
တူနေတော့သည်။
သီဟကျော်လဲ မေဘက်လှည့်ကာပြုံးလိုက်ပြီး။
"နင်ကငါစားမဲ့ဟာကိုလုယူနေတာလား?"
မေလဲ ပြန်ပြုံးလိုက်ကာ
"ငါလဲစားချင်လို့"
"ငါလက်ထဲရောက်နေတဲ့ဟာကိုနင်က
စားချင်နေတာဘဲ"
"နင်မှမစားရသေးတာ ငါယူမိတာအပြစ်ဖြစ်
သွားလား?"
တစ်ယောက်နဲ့တစ်ယောက်နဲ့ရွဲ့စောင်းပြော
နေကြသည်။
"မောင်လာပြီ"
ရှိုင်းသူရရောက်လာမှနှစ်ယောက်သားရပ်တန့်
သွားတော့သည်။
"မောင်ဘာစားမလဲ?"
"ကလေးသာဝအောင်စားပါ"
"မောင်"
"ဗျာ"
"ကလေးကိုချစ်လားဟင်"
ရှိုင်းသူရဲ့အကြည့်ကဘေးနားကမေဆီ
ရောက်သွားသည်။
"မောင်ဖြေလေ"
"ချစ်တာပေါ့ကလေးရဲ့"
"အမယ်လေးဟယ် ငါတို့သူငယ်ချင်းတွေရှိပါ
သေးတယ်နော် သတိထားကြအုံး"
"နင်တို့်ကလဲတမျိုး"
"နင်တို့အတွဲကပိုကိုပိုလွန်းတာပါ"
သီဟကျော်လဲမေဘက်လှည့်ကာ
"နင်ရောနင့်လူကိုဘယ်တော့ငါတို့ဆီခေါ်
လာပြီး မိတ်ဆက်ပေးမှာလဲ?"
"ငါတို့ကလူသိခံလို့မှမရတာ"
"ဟုက်သားပဲ နင်ကြိုက်တဲ့သူကအိမ်ထောင်
သည်ဆိုတော့လေ"
သီဟကျော်လဲတမင်တကာပြောလိုက်ခြင်းပင်။သူငယ်ချင်းတွေရဲ့အကြည့်ကမေဆီမှာ။
(မှတ်ထားမေ ဒါသူငယ်ချင်းတွေရှေ့မှာ
နင့်ကိုငါအရှက်ခွဲသာပဲ နောက်ထပ်အရှက်ခွဲဖို့
တွေကျန်သေးတယ်)
သီဟကျော်စကားကြောင့် ရှိုင်းသူရက
ကြောက်ချွေးတွေပြန်နေတော့သည်။
မေကတော့မျက်စိပျက်မျက်နှာဖြစ်သွားတော့သည်။
(ဒီကောင်ငါ့ကိုသူငယ်ချင်းတွေရှေ့မှာအရှက်
ခွဲနေတာပဲ? မဟုက်မှလွဲရော ကိုရှိုင်းနဲ့ငါ့ကိစ္စ
မဟုက်သေးပါဘူး..သူသိသေးမှာမဟုက်ဘူး)
"ဟဲ့မေ သီဟကျော်ပြောတာဟုက်လား?"
အပျိုကြီးစကားကြောင့် မေဘာပြန်ပြောလို့
ပြောရမှန်းမသိတော့ပေ။
"တော်ပါတော့အပျိုကြီးရယ်ငါ့သူငယ်ချင်းလေးကိုး"
"မဟုက်သေးဘူးသီဟကျော်ရဲ့။မေ နင်အိမ်
ထောင်သည်ကိုမှကြိုက်ရလား? နင့်မှာကြိုက်စ
ရာလူအဲ့လောက်ရှားလား?"
"ဟုက်တယ်မေ အပျိုကြီးပြောတာငါလဲ
ထောက်ခံတယ်"
"ငါလဲထောက်ခံတယ်"
သူငယ်ချင်းတွေက ဝိုင်းပြီးထောက်ခံတော့
မေတစ်ယောက်မျက်ရည်တွေဝိုင်းဝိုင်းလည်
နေတော့သည်။
သီဟကျော်လဲစားပွဲပေါ်ကတစ်ရှူ းတစ်ရွက်ကို
ယူကာ မေအားကမ်းပေးလိုက်သည်။
"မငိုနဲ့မေ ငါမပြောလိုက်သင့်ဘူးငါမှားပါတယ်"
"ရပါတယ် သီဟရဲ့"
"သူများအိမ်ထောင်ရေးကိုမဖြိုခွဲပါနဲ့လားမေရယ်။ငါကနင့်အတွက်ပြောတာနော် ငါ့သူငယ်
ချင်းလေးလူပုံအလယ်မှာ မျက်နှာငယ်နေမှာဆိုးလို့"
သီဟကျော်ရဲ့ခပ်ပါးပါးပုတ်လိုက်တဲ့
စကားကြောင့် ဝေယံပြုံးလိုက်မိတယ်။
"သူများအိမ်ထောင်ရေးကိုပျက်စီးရင်နင်ငရဲ
ရောက်မယ်။ တစ်ခဏသာ သာယာမှုနဲ့
အသိဉာဏ်မမဲ့ပါနဲ့လားမေရယ် နင်လဲပညာ
တက်တစ်ယောက်ပဲနားလည်မှာပေါ့"
"သီဟကျော်ပြောတာမှန်တယ်မေ။သာယာ
ပျော်ရွှင်နေတဲ့သူများအိမ်ထောင်ရေးကိုနင်
ပျက်စီးတော့ရော နင်ဘာရမှာလဲ နင်ပျော်ရွှင်လဲ ခဏတာပဲနော်"
"သီဟကျော်နဲ့အပျိုကြီးစကားကိုငါတို့
ထောက်ခံတယ်မေ "
အားလုံးကဝိုင်းပြောတော့ မေလဲအိမ်ထဲက
ပြေးထွက်တော့သည်။
"မေ...မေ....သနားပါတယ်"
ကျွန်တော်လဲမောင့်ဘက်ကိုလှည့်ကြည့်လိုက်တော့ မောင်ကမျက်နှာပျက်နေတော့သည်။
"မောင်ကမေကိုသနားနေတာလား?"
"ကလေးသူများအကြောင်းကိုမပြောသင့်ဘူး"
"ကလေးကအမှန်ပြောတာ"
"ကလေးကသူ့ကိုအရှက်ခွဲလိုက်တာလေ
စကားပြောဆင်ခြင်သင့်တာပေါ့"
"တော်ကြပါတော့ဟယ် ငါတို့သူငယ်ချင်းတွေ
ဆုံတုန်းပျော်ပျော်ရွှင်ရွှင်နေကြရအောင်"
"အေးပါ"
မေလဲအိမ်အရောက်အပေါ်ထပ်တက်လာကာ
အခန်းထဲဝင်လိုက်သည်။
လက်ထဲကပိုက်ဆံအိတ်ကိုစားပွဲပေါ်ချလိုက်သည်။ပြီးတော့ အံ့ဆွဲထဲက ဓာတ်ပုံတွေ
ထုတ်လိုက်သည်။
သီဟကျော်နဲ့ဘွဲ့ရတုန်းကအတူတူရိုက်ထားတဲ့ဓာတ်ပုံကိုယူကာ သေချာစိုက်ကြည့်လိုက်သည်။
"နင်ငါ့ကိုသူငယ်ချင်းတွေအားလုံးအရှေ့မှာ
အရှက်ခွဲတယ် နင့်ကိုငါတစ်သက်မကျေ ဘူး"
ဓာတ်ပုံကိုအပိုင်းပိုင်းဖြစ်အောင်ဆွဲဖြဲလိုက်ကာ လွှတ်ပစ်လိုက်သည်။
"နင်နဲ့ငါနဲ့သူငယ်ချင်းသံယောဇဉ်ကုန်ပြီ။
ကိုရှိုင်းကို ငါ့လူဖြစ်အောင်ငါလုပ်တော့မယ်
နင်စောင့်ကြည့်နေလိုက် သီဟကျော်"
မေတစ်ယောက် အံတကြိတ်ကြိတ်ဖြင့်
ဒေါသထွက်နေတော့သည်။
အပိုင်း(5)ကစပြီးဇာတ်ရှိန်မြင့်ပါတော့မယ်။
@@@@@@@@@@@@@@@@
အားပေးမှုကိုအထူးကျေးဇူးတင်ပါသည်။
😘😘😘😘😘😘😘😘😘😘😘😘
You are reading the story above: TeenFic.Net