အပိုင္း(11)

Background color
Font
Font size
Line height

Unicode_

နောက်ကျောကဓါး(ရင်တွင်းရှိုက်သံ)
အပိုင်း(11)

ထက်မြတ်လျှံလဲ ရှိုင်းသူရပုခုံးပေါ်လက်တင်
လိုက်ကာ

"ငါမင်းသတင်းကြားပါတယ် လိုင်းပေါ်မှာ
တောင်နာမည်ကြီးသွားသေးတယ်နော်
ခဏပြမယ်"

ထက်မြတ်လျှံလဲလက်ထဲကဖုန်းကိုဖွင့်လိုက်
ကာ အခုချိန်ထိ saveထားတဲ့ videoအား
ရှိုင်းသူရကိုပြလိုက်သည်။

"တွေ့လား ခေါင်းစဉ်ကို ခြံခုန်နွားနဲ့လင်ခိုးမ
ကို အရှက်ခွဲတဲ့ကောင်လေးဆိုပြီးတော့လေ"

ရှိုင်းသူရနဲ့မေ ဝန်ထမ်းတွေရှေ့ခေါင်းမဖော်
နိုင်အောင် မျက်စိပျက်မျက်နှာပျက်ဖြစ်
သွားတော့သည်။

"ထက်မြတ်လျှံ"

အသံကြောင့်လှည့်ကြည့်လိုက်တော့
မမဖြစ်နေတော့သည်။

"နင်နဲ့ငါပြောစရာရှိသေးတယ်"

ထက်မြတ်လျှံလဲဖုန်းပိ်တ်လိုက်ပြီး ရုံးခန်းထဲသို့
ဝင်သွားသည်။ပွင့်ဖူးသွယ်လဲအနောက်က
လိုက်သွားတော့သည်။

မေလဲ ကိုရှိုင်းအနားသွားကာ

"စိတ်ညစ်သွားလား ကိုရှိုင်း"

"နည်းနည်းပါ"

"သူသူဌေးဖြစ်လိမ့်မယ်လို့မေလုံးဝမထင်ထားဘူး"

"ကိုရှိုင်းရောပဲ"

"သူပြောတော့နိုင်ငံခြားမှာပဲအပြီးနေမယ်ဆို
ပြီး အခုက...."

"တစ်ခုကတော့ကြိမ်းသေးတယ်"

"ဘာလဲဟင်"

"တစ်ယောက်သောသူကြောင့်သူပြန်လာတာနေမယ်"

ရှိုင်းသူရဘာကိုရည်ညွှန်းလဲဆိုတာ မေသိ
လိုက်သည်။

အခန်းထဲအရောက် ပွင့်ဖူးသွယ်လဲစားပွဲပေါ်
အား ဓာတ်ပုံတွေပစ်တင်လိုက်သည်။

"ဒါဘာလဲမမ"

"မောင်လေးနဲ့တင့်တော်မဲ့မိန်းကလေးတွေလေ ကြိုက်တဲ့တစ်ယောက်ရွေးလိုက်"

ထက်မြတ်လျှံလဲ ဓာတ်ပုံတွေအားတစ်ပုံပြီး
တစ်ပုံကြည့်ကာပြုံးနေမိတယ်။

"ငါ့မောင်ဘယ်ကောင်မလေးကြိုက်လဲ?"

"အမှန်အတိုင်းပြောရရင် မိန်းမတွေကိုရင်မခုန်ဘူးမမ"

"မမပြောပြမယ် မမတို့ရဲ့အမွေတွေကိုဆက်ခံ
မဲ့သားသမီးလိုအပ်တယ် ဒါကြောင့်မောင်လေးရွေးရမယ်"

"ရှိုင်းသီဟလေးရှိတယ်လေ"

"ဘယ်သူတုန်း"

"မောင်လေးရဲ့သား..."

"တိတ်စမ်း! နင်နဲ့သွေးသားတော်စပ်နေလို့လားမေးပါရစေ"

"သွေးသားတော်စပ်စရာမလိုဘူး အဓိကက
လုံခြုံမှုရှိတဲ့နွေးထွေးမှုမျိုးရှိရင်ရပြီ"

"မြန်မာပြည်ပြန်လာတာ အဲ့အကောင်နဲ့
ပေါင်းဖို့မဟုက်ဘူး"

"မောင်လေးက ပေါင်းဖို့ပဲ"

"နင်ကဆေးမိနေတဲ့သူဆိုတော့ငါမပြောတော့
ဘူး ဟိုကောင်ကိုပဲသွားပြောရမယ်"

ပွင့်ဖူးသွယ်လဲ လှည့်ဖို့ခြေလှမ်းအပြင်
သူ့မောင်စကားကြောင့်လှမ်းမဲ့ခြေလှမ်း
ရပ်တန့်သွားတော့သည်။

"သံယောဇဉ်ကြိုးကိုဖြတ်တောက်မလို့လားမမ"

"ဘာပြောလိုက်တယ် ငါကနင့်မမပါဟဲ့
အခုကလဲနင်ကောင်းဖို့အတွက်ငါလုပ်နေတာလေ"

"မောင်လေး သူ့ကိုမှမရရင်သေလိမ့်မယ်
မမလဲ အေးဆေးနေပါရန်မရှာပါနဲ့"

"နင်အဲ့လောက်တောင်ဖြစ်နေပြီလား?"

"မမသာလက်ခံရင်ရပြီ ကျန်တာမောင်လေး
တာဝန်ထား"

"သဘောမတူဘူးလို့ပြောထားတယ်လေ
နင်မေ့နေပြီလား?"

"ဒါဆိုလဲ မောင်နှမဆိုတဲ့သံယောဇဉ်ဖြတ်
တောက်ယုံပဲရှိတာပေါ့"

မောင်လေးစကားကြောင့်ကျွန်မမျက်ရည်တွေ
စီးကျလာတော့သည်။

"မိဘတွေမရှိတော့ထဲက နင့်ကိုငါပြုစုပျိုး
ထောင်ခဲ့တာပါ နင်မို့်လို့အဲ့လိုစကားပြောရက်
တယ်"

"မောင်လေးတောင်းပန်ပါတယ်မမ"

ညနေ(5)နာရီခန့်....

ဝေယံကသားလေးကိုခေါ်သိပ်မယ်ပြော
သာကြောင့့်သားလေးကိုထည့်ပေးလိုက်သည်။

ဧည့်ခန်းထဲတွင် ထိုင်ကာပန်းသီးစားနေတုန်း
အိမ်ထဲဝင်လာတဲ့ ထက်မြတ်လျှံကြောင့်
သက်ပြင်းချလိုက်သည်။

"ဘာလာလုပ်တာလဲ ကိုထက်မြတ်"

"စိမ်းကားလိုက်တာကလေးရယ် ကလေးဆီ
လာတာပေါ့"

"ဧည့်သည်ကိုဧည့်ခံဖို့ဘာမှကျွေးစရာမရှိဘူး"

"ကလေးရဲ့နှုတ်ခမ်းကျွေးလို့ရတယ်လေ"

"ပြောင်စပ်စပ်လာမလုပ်ပါနဲ့ကိုထက်မြတ်"

"ချစ်တယ်ကလေး"

"မုန်းတယ်"

"မုန်းတယ်ဆိုတာ ချစ်ခြင်းရဲ့အစပဲလို့
ကိုယ်မှတ်ယူထားတယ်"

"ခင်ဗျားစကားတက်တိုင်းလာပြောမနေနဲ့"

"ဒီအိမ်က ကိုယ့်အိမ်လို့ခံစားမိနေတယ်
ဘာကြောင့်ပါလိမ့်?"

"ရူးနေပြီလား ကိုထက်မြတ်"

"အချစ်ရူးရူးနေပြီသိရဲ့လား? ကိုယ့်ရဲ့
မာန်မာနတွေအားလုံးက မင်းလေးနဲ့တွေ့မှ
အရာမရောက်တော့ဘူးထင်ပါရဲ့။မင်းလေး
ကအရမ်းကိုချစ်ဖို့ကောင်းတယ် ကိုယ့်ရဲ့
ကမ်ဘာတခြမ်းလေး"

"ကျန်တဲ့တခြမ်းကရော"

"သားလေးတွက်လေ။မင်းလေးရဲ့သားက
ကိုယ့်ရဲ့သားလေးပဲလေ"

ထက်မြတ်လျှံစကားကြောင့် သီဟကျော်
မျက်နှာညိုးနွမ်းသွားသည်။

"ဘာဖြစ်သွားတာလဲ ဟိုကောင်ကိုသတိရသွားလို့လား?"

သီဟကျော်လဲချက်ချင်းဆိုသလိုပြုံးလိုက်ကာ

"သစ္စာမရှိတဲ့ကောင်ကိုသတိရလောက်တဲ့အထိမရူးသေးဘူး ကိုထက်မြတ်"

"သူ့ကိုချစ်တဲ့စိတ်နည်းနည်းရှိနေသေးတယ်မလား?"

"ချစ်တဲ့စိတ်ဟုက်လား? အဲ့လိုစကားကြားရင်
ရီချင်မိတယ် "

"ဒါဆို..."

"မေတ္တာဆိုတာအသွားအပြန်ရှိတယ်
တကယ်လို့်သူ့ကိုချစ်တဲ့စိတ်ရှိနေသေးရင်
သူ့ကိုကွာရှင်းပေးလိုက်မှာမဟုက်ဘူး"

"ကိုယ့်အတွက်မျှော်လင့်ချက်ကရော.."

"ဒီအချိန်မှာနောက်ထပ်ဘဝသစ်စဖို့ဆိုတာ
မဖြစ်နိုင်သေးဘူး"

"ကိုယ်နားလည်ပါတယ်.."

"နားလည်ရင်ဘာလို့လာပြောနေသေးလဲ?"

"စိတ်မထိန်းနိုင်လို့ပါ"

"သေလိုက်လေ..."

ကလေးစကားကြောင့်ကျွန်တော်နင်သွား
တော့သည်။
^^^^^^
မနက်(10)နာရီခန့်...

မေလဲ ကိုရှိုင်းရုံးခန်းထဲဝင်လာခဲ့သည်။

"ကိုရှိုင်း"

"မေပါလား"

"အစည်းအဝေးခေါ်ထားတယ်"

"ဘာအစည်းအဝေးမှမရှိပါဘူး မေရဲ့"

"အခုလေးတင်ခေါ်လိုက်တာ အရေးကြီးတယ်တဲ့"

"ဘာကိစ္စပါလိမ့်?"

"ဟိုရောက်မှသိမှာပေါ့"

မေနဲ့ရှိုင်းသူရလဲအစည်းအဝေးခန်းထဲသို့ဝင်
လာကာ ထိပ်ဆုံးနေရာဘေးနားက
ခုံနှစ်ခုံတွင်ဝင်ထိုင်လိုက်သည်။
တခြား ရှယ်ယာရှင်တွေအသီးသီးလဲသူတို့နေရာသူတို့ထိုင်နေကြသည်။

အစည်းအဝေးခန်းထဲသို့ဝင်လာတဲ့ထက်မြတ်
လျံှ။ထိပ်ဆုံးက ခုံတွင်ဝင်ထိုင်လိုက်သည်။

"လူတွေစုံနေကြပြီထင်ပါတယ် အရေးကြီး
အစည်းအဝေးခေါ်ရတဲ့အကြောင်းအရင်း
ပြောခြင်ပါတယ်"

အကုန်လုံးက သူဌေးဖြစ်သူထက်မြတ်လျှံ
ရဲ့စကားကိုအာရုံစိုက်နားထောင်နေကြသည်။

"CEO ရှိုင်းသူရနေရာကိုလူစားထိုးမှာဖြစ်ပါတယ်"

ထက်မြတ်လျှံစကားကြောင့် ရှိုင်းသူရနဲ့မေ
မျက်စိပျက်မျက်နှာပျက်ဖြစ်သွားတော့သည်။

"စိတ်မကောင်းပါဘူး ရှိုင်းသူရ။CEOအသစ်ရဲ့
လက်ထောက်နေရာကိုပြောင်းပေးရမှာဖြစ်ပါတယ်"

ရှိုင်းသူရက သူ့ရဲ့လက်အောက်ငယ်သားမို့
လို့ဘယ်မှမပြောဘဲငြိမ်နေရတော့သည်။

"အားလုံးပဲ CEOအသစ်ကိုကြိုဆိုလိုက်ရအောင်"

ထက်မြတ်လျှံစကားလဲအဆုံး တံခါးပွင့်သံ
လဲကြားရတော့သည်။

အားလုံးရဲ့အကြည့်ကတံခါးဝဆီရောက်
သွားတော့သည်။

ရှိုင်းသူရလဲမြင်လိုက်ရတဲ့သူကြောင့်
အံသြတုန်လှုပ်သွားတော့သည်။

မေကတော့ မြင်လိုက်ရတဲ့သူကြောင့်
အတိတ်ကဖြစ်စဉ်များကိုသတိရသွားတော့
သည်။

အကုန်လုံးရဲ့စူးရှသောအကြည့်က
တံခါးဝဆီက သီဟကျော်ဆီမှာပင်။

သီဟကျော်လဲခြေလှမ်းကိုတစ်လှမ်းချင်းလှမ်း
ကာလူကြီးဆန်သောမျက်နှာအနေအထားဖြင့်
ထက်မြတ်လျှံဆီသို့လျှောက်လှမ်းလာခဲ့သည်။

ပြီးတော့အားလုံးဘက်လှည့်ကာအချိုသာဆုံး
အပြုံးတစ်ခုတပ်ဆင်လိုက်ပီး။

"Lucky7 ကုမ္ပဏီကြီးရဲ့CEOအသစ် သီဟကျော်ပါ အားလုံးကြိုဆိုကြဖို့ဖိတ်ခေါ်ပါတယ်"

ဘေးနားက မတွေ့ရတာကြာပြီဖြစ်တဲ့
လူနှစ်ယောက်ဘက်လှည့်ကာ

"သုံးနှစ်ကြာပြီးမှပြန်လည်တွေ့ဆုံမှုပါ။
နေကောင်းပါရဲ့လား ရှိုင်းသူရနဲ့မေ"

မေလဲအံတကြိတ်ကြိတ်ဖြင့်လက်သီးကိုသာ
စုပ်ထားတော့သည်။

အစည်းအဝေးပွဲလဲအပြီးအကုန်လုံးအသီး
သီးထွက်သွားကြသည်။
အစည်းအဝေးခန်းထဲမှာသက်ဆိုင်သူလေး
ယောက်သာကျန်ခဲ့သည်။

"ကျွန်တော့်ရဲ့လက်ထောက်ရှိုင်းသူရ
ခေါ်လို့ကောင်းသားပဲ"

"နင်အရှက်မဲ့တာပဲ ငါတို့ဘဝထဲပြန်လာရဲတယ်"

"နင်ကမှအရှက်မဲ့တာလေ မေရဲ့မဟုက်ဘူးလား?"

"ခနဲနေတာပဲ နင့်အကျင့်ကမပြောင်းသေးဘူးနော်"

"ဒါနဲ့သားသမီးမထွန်းကားဘူးလို့ကြားမိတယ်
သနားလိုက်တာမေရယ်"

"ဝမ်းသာနေတာမဟုက်ဘူးလားသီဟကျော်ရဲ့"

"ဝမ်းသာတယ် နင့်လိုသူများအိမ်ထောင်ရေး
ဖျက်စီးတဲ့မိန်းမက ဘယ်တော့မှမိသားစု
ဘဝကိုပိုင်ဆိုင်ရမှာမဟုက်သလို မိသားစု
တန်ဖိုးလဲသိမှာမဟုက်ဘူး"

"ကိုရှိုင်းရှိရင်ရပြီ ဘာလဲင့ါဆီကကိုရှိုင်းကို
လိုချင်လို့ပြန်လာတာလားဟင် ဒါဆို
မျှစားကြတာပေါ့"

"အောက်တန်းစားပါးစပ်ကအောက်တန်းကျတဲ့စကားပဲထွက်မှာပဲ ဘာလဲကြောက်နေပြီ
လား?"

"ကြောက်စရာအကြောင်းကိုမရှိတာ"

"သူများပစ္စည်းကိုယူတုန်းကပြုံးပြုံးရွှင်ရွှင်နဲ့နင်
ယူခဲ့တယ်နော် ငါပြန်ယူတဲ့အလှည့်ကျရင်လဲ
ပြုံးပြုံးလေးနဲ့ပြန်ပေးစေချင်တယ်"

"ကိုရှိုင်းကနင်ဆီဘယ်တော့မှပြန်လာမှာ
မဟုက်ဘူး စိတ်ကူးယဉ်မနေနဲ့သီဟကျော်"

ထက်မြတ်လျှံနဲ့ရှိုင်းသူရကတော့တစ်ယောက်
မျက်နှာတစ်ယောက်စိုက်ကြည့်ကာမျက်လုံး
ချင်းစစ်ခင်းနေကြသည်။

"ခြံခုန်တဲ့နွားကနောက်တစ်ခါခြံခုန်ဖို့ဝန်မလေး
တက်ကြဘူးမေရဲ့ နင်ဘယ်လောက်ပဲစည်း
တွေနဲ့တားတား ခုန်တဲ့သူကခုန်မှာပဲ"

"နင်...."

"ဒီနေ့မှတွေ့ရတာလေ ဒေါသဖြစ်မနေပါနဲ့
နောက်ရက်တွေမတွေ့ချင်လဲတွေ့ရအုံးမှာနော်"

"နင့်လိုကောင်ကိုမြင်ရတာနေလိုမီးလိုပူတယ်"

"နေလိုမီးလိုပူရမှာပါ နင့်စကားကနင့်ရဲ့နိမိတ်
ပဲ"

"သူဌေးကနင့်ကိုပြန်ဆက်သွယ်တယ်ထင်တယ် လေသံကိုကအထက်စီးက"

"ဒါငါ့အလုပ်.."

"နင် CEOနေရာရဖို့ခန္ဓာကိုယ်ရင်းလိုက်ရမှာပဲ
နော်"

"နင့်လိုခန္ဓာကိုယ်နဲ့ရင်းပြီး အိမ်ထောင်သည်ကိုမလုဘူး နင့်ကိုနင်သိပ်အထင်ကြီးမနေနဲ့
အပျက်မရဲ့"

"ဘာ!"

"မင်းတို့သွားလို့ရပြီ"

ထက်မြတ်လျှံစကားကြောင့် ရှိုင်းသူရလဲမေကို
အစည်းအဝေးခန်းထဲကဆွဲခေါ်သွားတော့သည်။

"ကလေးကစကားပြောတာအရမ်းကိုမိုက်တယ်"

ကလေးရဲ့မျက်စောင်းတစ်ချက်ကလူကိုလန့်စေတာအမှန်ပဲ။

"မျက်စောင်းထိုးတယ်ဟ ကြောက်တောင်
ကြောက်လာပြီ"

"ခင်ဗျားကိုကျေးဇူးတင်ပါတယ် "

"ကျေးဇူးဆပ်တက်ရမယ်လေ"

"ပြောကြည့်လေ"

"တစ်ဘဝလုံးပုံအပ်ပြီးကျေးဇူးဆပ်ပါ"

"စိတ်ရောမှန်သေးရဲ့လား "

"သူဌေးကိုအဲ့လိုပြောရဲတယ်"

"ပြောရဲတယ် ခင်ဗျားကိုယ်တိုင် CEOလုပ်ခိုင်း
တာလေ"

"လက်စားချေရအောင်လို့ပါကလေးရဲ့"

ဖြောင်း...ဖြောင်း........

လက်ခုပ်တီးပြီးအစည်းအဝေးခန်းထဲဝင်လာတဲ့ ပွင့်ဖူးသွယ်။

"သိပ်ကိုကောင်းတဲ့ဇာတ်ညွန်းပဲ။CEOရာထူး
ပေးပြီး လက်စားချေခိုင်းတော့မယ်ပေါ့"

"အမပွင့်ဖူးသွယ်"

"ငါ့ကိုမှတ်မိသေးသားပဲ"

"ပြသာနာလာရှာတာလား မမ"

"ဟင့်အင်း ငါ့မောင်ကိုငြင်းခဲ့တဲ့သူ ရုပ်
ပြောင်းသွားပြီလားလို့လာကြည့်တာ
လက်စသတ်တော့အရင်ကရုပ်အတိုင်းပဲ"

"ခွင့်ပြုပါအုံး"

သီဟကျော်လဲပြောအပြီးထွက်လာပေမဲ့
ပွင့်ဖူးသွယ်က သီဟကျော်လက်ကိုဆွဲလိုက်သည်။

"နင့်ကိုငါ့မောင်နဲ့သဘောမတူဘူး"

"မမ!"

"င့ါမောင်ဘက်ကသဲသဲလှုပ်ပြနေပေမဲ့ငါက
တော့နင့်ကိုအခုထိအမြင်မကြည်သေးဘူး"

"မမတော်တော့"

"နင့်ပါးစပ်ပိတ်ထား ငါစကားပြောနေတယ်"

သီဟကျော်လဲပြုံးလိုက်ကာ

"ကျွန်တော်နဲ့အကိုနဲ့ကဘာမှမဖြစ်ကြသေးပါဘူး"

"အခုမဖြစ်သေးပေမဲ့နောက်ဖြစ်လာမှာလေ"

"အမမှားနေပြီ"

"မမှားဘူး တကယ်လို့ငါ့မောင်ကနင့်ကိုအိမ်
ပေါ်ခေါ်တင်လာခဲ့သည်ရှိသော် ငါကတော့
နင့်ကိုကြည်ဖြူ မှာမဟုက်သလို လက်သင့်လဲ
ခံမှာမဟုက်ဘူး"

ထက်မြတ်လျှံလဲ အမကိုင်ထားတဲ့ကလေး
လက်ကိုဆွဲဖြုတ်လိုက်ကာ

"ကလေးသွားတော့... "

"ဟုက်"

မေနဲ့ရှိုင်းသူရရုံးခန်းအရောက် မေကတော့
ဒေါသတွေထွက်နေတုန်းပင်။

"ဒီကောင်ရည်ရွယ်ချက်ရှိရှိနဲ့ပြန်ရောက်လာတာ သူကိုရှိုင်းကိုပြန်လိုချင်နေတာလေ
အောက်တန်းစားကောင်"

"အတင်းပြောနေတာလားမေ"

မေလဲလှည့်ကြည့်လိုက်တော့သီဟကျော်ဖြစ်နေသည်။

"နင်ရုံးခန်းထဲဘာလာလုပ်တာလဲ?"

သီဟကျော်လဲ နံရံမှာချိတ်ဆွဲထားတဲ့
CEO ရှိုင်းသူရဆိုတဲ့ဆိုင်းဘုတ်အားဖြုတ်လိုက်ကာ ကြမ်းပြင်ပေါ်သို့ပစ်ချလိုက်သည်။

"နင်ဘာလုပ်တာလဲ?"

"တွေ့မယ်မလား ကိုရှိုင်းသူရ အခုတော့
ခင်ဗျာကကျုပ်ခြေဖဝါးအောက်ရောက်နေပြီ"

"နင်သူများနေရာသိပ်ကိုလိုချင်နေတာပေါ့လေ"

"သူများနေရာလုတဲ့ပညာနင်သင်ပေးထား
တာလေ "

"ကိုရှိုင်းပြောအုံး"

"နေကောင်းတယ်မလားဟင်"

ရှိုင်းသူရပါးစပ်ကထွက်လာတဲ့စကားကြောင့်
သီဟကျော်ပြုံးလိုက်သည်။

"ကောင်းပါ့ လူယုတ်မာတွေကိုလက်တုံ့ပြန်ဖို့
အားမွေးထားသာလေ"

"နင့်လိုကောင်က ဘာလုပ်နိုင်မှာမို့လို့လဲ?"

"အတိတ်ကဟာတွေမေ့လိုက်ပြီလားဟင်။
နင့်ကိုအရှက်ခွဲခဲ့တာတွေ ရှိုင်းသူရကို
အိမ်ခြေရာခြေမဲ့အောင်လုပ်ခဲ့တာတွေ
ပြီးတော့ CEOရာထူးကအခုဖြုတ်သွားပြီလေ"

"ငါတို့ကအဲ့လောက်နဲ့ဘာမှဖြစ်မသွားဘူး"

"အင်းပါပြောအားရှိတုန်းပြောထား ငါဘာ
ကောင်လဲဆိုတာနင်သိစေရမယ်"

"စိန်ခေါ်နေတာလားသီဟကျော်"

"နင်တို့ဘဝ ကုန်းကောက်စရာမရှိအောင်
နင်းခြေပြမယ် နင်တို့ဘဝနိဂုံးကိုငါကိုယ်
တိုင်ရေးမယ်"

မေနဲ့သီဟကျော်မျက်လုံးချင်းဆုံအောင်ကြည့်
ကာမျက်လုံးချင်းစစ်ခင်းနေကြသည်။

ရှိုင်းသူရကတော့ သီဟကျော်မျက်နှာလေး
ကိုသာငေးကြည့်နေလျက်။

@@@@@@@@@@@@@@@@@
အားပေးမှုကိုအထူးကျေးဇူးတင်ပါသည်။
😘😘😘😘😘😘😘😘😘😘😘😘

You are reading the story above: TeenFic.Net

#chanyeol