Chapter 10

Background color
Font
Font size
Line height

Unicode

လုချန်တစ်ယောက် ပေါက်ကရတွေ လှိုက်လှိုက်လှဲလှဲတွေးအပြီးမှာတော့ ရေတစ်ငုံသောက်ပြီး နှုတ်ခမ်းကိုစိုစွတ်စေလိုက်ကာ အနမ်းတွေ ကြိုလေ့ကျင့်ထားဖို့အတွက် ထန်းယီးယွမ်ကိုရှာလိုက်ပေမဲ့လည်း တဖက်လူကတော့ ဧည့်ခန်းထဲကနေ ပျောက်ချင်းမလှပျောက်သွားတာကြာပြီဖြစ်ကြောင်း သိလိုက်ရလေသည်။

သူ့ရဲ့အသင့်ပြင်ထားတဲ့နှုတ်ခမ်းက သုံးစရာနေရာမရှိတော့တဲ့အတွက် ခေါင်းကိုတဗျင်းဗျင်းကုတ်ရင်း ဆံပင်တွေပဲ ဆွဲဖွပစ်လိုက်သည်။ သူဟာ ရုတ်တရက် တိုက်ပွဲရှုံးလာတဲ့ ကြက်ဖကြီးလိုမျိုး အမောက်ကြီး ငိုက်စိုက်ငိုက်စိုက်ကျရင်း သူလုပ်စရာရှိတဲ့အလုပ်တွေဆက်လုပ်ဖို့အတွက် စာကြည့်ခန်းထဲသာဝင်လိုက်တော့သည်။

ကြည့်ရတာတော့ ' နမ်းမဲ့အစီအစဥ် ' ကို သူ့သားပြန်မလာခင်အချိန်အထိ ခဏလောက်ရပ်ဆိုင်းထားမှ ဖြစ်မယ်နဲ့တူတယ်

ညဆိုတဲ့အချိန်က လုချန်အတွက် စိတ်ဖိစီးမှုအများဆုံး အိပ်ချိန်ဆိုလည်း မမှားပေ။

ဒီညလည်း အချစ်ပြိုင်ဘက်က သူ့ရင်ခွင်ထဲ မနေ့ကလို ပစ်ဝင်လာခဲ့ရင် ဘယ်လိုလုပ်ရပါ့။ အချစ်ပြိုင်ဘက်ကို သူ့ရင်ခွင်ထဲ လိုလိုလားလား ပေးအိပ်ခွင့်မပြုခင်အထိ ဘယ်နှစ်ကြိမ်လောက် ပြန်တွန်းထုတ်လိုက်ရင်ကောင်းမလဲ။

လုချန် တိတ်တိတ်လေးစဥ်းစားနေလိုက်ကာ ဒီညတော့ သုံးကြိမ်လောက် ပြန်တွန်းထုတ်ပြီးကာမှ လက်မခံချင့်ခံချင်ဖြင့် လက်ခံလိုက်မည်ဟု ဆုံးဖြတ်ချက်ချထားလေသည်။ အိုမီဂါလေးတွေက အရမ်းနူးညံ့လွန်းတဲ့အတွက် အယ်လ်ဖာရဲ့လက်ကြမ်းကြီးတွေနဲ့ အကြိမ်ရေများများတွန်းထုတ်ပစ်လိုက်လျှင် သူတို့လေးတွေ ထိခိုက်နာကျင်သွားနိုင်သည်။

ကံမကောင်းစွာနဲ့ လုချန်ရဲ့ ဒီတစ်ခေါက်စိတ်ဓာတ်စစ်ဆင်ရေးကလည်း အကျုံးမဝင်ခဲ့ပါ။

ထန်းယီးယွမ်က လုချန်ကို စိတ်ဆိုးမပြေသေးတဲ့အတွက် ညအိပ်ယာဝင်တဲ့အချိန်မှာ လုချန်ရင်ခွင်ထဲ လိုလိုလားလားမဝင်ခဲ့သလို သူ့ဘက်ကစပြီး စောင်ကြီးကိုကိုင်ကာ အိပ်ယာအလယ်တည့်တည့်မှာ စည်းတားပစ်လိုက်သည်။

လုချန်တစ်ယောက် အလိုမကျစွာဖြင့် နှုတ်ခမ်းကြီးတင်းတင်းစေ့ထားမိသည်။ မနေ့က အိပ်ယာအလယ်တည့်တည့်မှာ ဒီစောင်ကြီးရှိနေပေမဲ့လည်း ထန်းယီးယွမ်က သူ့ရင်ခွင်ထဲ အတင်းတိုးဝင်လာတဲ့အတွက် တစ်ညလုံး သူ့ဘက်တစ်ခြမ်းထဲမှာသာ အိပ်ခဲ့ကြလေသည်။ နှစ်ယောက်သား အိပ်ယာတစ်ဝက်လေးပေါ်မှာ အချင်းချင်းကြားလေတိုးမဝင်အောင် တင်းတင်းကြပ်ကြပ်ပွေ့ဖက်ပြီး အိပ်ပစ်လိုက်ကြတာများ..... ဘယ်လောက်တောင်နွေးထွေးလိုက်သလဲလို့.....

လုချန် နေ့တစ်ဝက်လောက်စောင့်နေပေမဲ့လည်း ဒီနေ့ညမှာတော့ ထန်းယီးယွမ်က သူ့ဘက်မှာသူပဲ သေချာအပိုးကျိုးကျိုးအိပ်နေတဲ့အတွက် ခြေလှမ်းတစ်ဝက်စာမျှလောက်တောင် စည်းမကျော်လာခဲ့ပါ။

လုချန် အမှောင်ထုကိုပဲ စူးစူးစိုက်စိုက်ကြည့်နေခဲ့ကာ လူသားနွေးနွေးလေး သူ့ရင်ခွင်ထဲပစ်ဝင်လာမည်အား ဒီ့ထက်ပိုကြာအောင် မစောင့်နိုင်တော့ပေ။ သူဟာ လက်ရှိဟာတာတာအခြေအနေနဲ့ အသားမကျသေးသလိုမျိုး မျက်ခုံးကြီးကြုံ့ပြီး အကြိမ်ရေအနည်းငယ်လောက် ဟိုလှည့်အိပ်၊ဒီလှည့်အိပ်လုပ်နေခဲ့သည်။ တော်တော်ကြီးကြာမှ သူ ထန်းယီးယွမ်ကို တကယ်ကြီးစိတ်ဆိုးသွားအောင် လုပ်မိပြီမှန်း သဘောပေါက်သွားတော့သည်။

သူ အိပ်ပျော်နေတဲ့ ထန်းယီးယွမ်ကို အချိန်အကြာကြီး ဆူပုတ်ပုတ်လှမ်းကြည့်နေလိုက်ကာ မနေနိုင်စွာပဲ တစ်ဖက်လူရဲ့ နှုတ်ခမ်းဖူးဖူးလေးပေါ် အနမ်းဖွဖွလေးစွဲထင်လိုက်စေသည်။

ဒါက ကလေးရဲ့စိတ်ကျန်းမာရေးအတွက် တနေ့တခေါက်အနမ်းပေးနိုင်ဖို့ ကြိုတင်လေ့ကျင့်ထားရုံပါနော်!

လုချန် ထန်းယီးယွမ်နှုတ်ခမ်းကို အရသာခံလို့ဝမှ စိတ်လက်မြူးထူးစွာဖြင့် အိပ်ပျော်သွားတော့သည်။

သူပြန်နိုးလာလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ နောက်တစ်နေ့မနက်ရောက်နှင့်နေပြီဖြစ်သည်။ သူ ခေါင်းငုံ့ကြည့်လိုက်တဲ့အချိန်မှာ ထန်းယီးယွမ်က တမျိုးတဖုံလေး သူ့အနားမှီကပ်နေကာ မျက်နှာချောချောလေးကလည်း သူ့ပုခုံးပေါ်​မေးတင်လို့၊ အိပ်ပျော်နေတာများ နှစ်နှစ်ခြိုက်ခြိုက်။

ထန်းယီးယွမ်ရဲ့ အခုလိုအကာအကွယ်မဲ့နေပုံလေးနဲ့ ပါးနီတာရဲလေးများကို မြင်လိုက်ရတော့ လုချန်နှလုံးသားထဲ စိတ်ကျေနပ်မှုလှိုင်းလုံးကြီး အုံကြွရိုက်ခတ်လာခဲ့သည်။

သူ့အချစ်ပြိုင်ဘက်က မရိုးမသားပါးစပ်ကလေးရှိတဲ့ ကောင်ငယ်လေးတစ်ယောက်ပါလားနော်! ပါးစပ်ကသာ ဟင့်အင်း ဟင့်အင်း ပြောနေတာ တကယ်တမ်းကျ ဒီအယ်လ်ဖာကြီးရဲ့ သေစေနိုင်လောက်တဲ့ ညှို့ငင်အားတွေကို မတွန်းလှန်နိုင်ပါဘူးကွ!

ထိုစဥ်မှာပဲ ထန်းယီးယွမ်မျက်တောင်လေးများ တဖျက်ဖျက်ခတ်လာခဲ့သည်။ သူ မျက်လုံးဖွင့်ဖွင့်ချင်း ပထမဦးဆုံးမြင်လိုက်ရသည့်အရာမှာ သူ့လောင်ကုန်းရဲ့ မျက်ဆံနက်နက်ကြီးများဖြစ်နေသည်။ သူတစ်ခဏလောက် တောင့်ခဲသွားကာ ပြီးမှ သူအိပ်ပျော်နေစဥ် လောင်ကုန်းဘေး မသိမသာရောက်ရောက်သွားတာဖြစ်လိမ့်မည်ဟု တွေးမိသွားတော့သည်။

သူ ရှက်စိတ်အဟုန်ဖြင့် လုချန်ပုခုံးပေါ်ကနေ ကတိုက်ကရိုက်ဖယ်ခွာလိုက်ပြီးနောက် နားဖျားလေးများ နီရဲတက်လာခဲ့သည်။

လုချန်ကတော့ ထန်းယီးယွမ်ရှက်နေတာလေးကိုကြည့်ပြီး သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်က နတ်ဆိုးကြီးလိုကော့တက်လာကာ အချစ်ပြိုင်ဘက်ကတော့ သူဆွဲဆောင်တာခံလိုက်ရပြီဟု တွေးရင်း ကျေကျေနပ်နပ်ကြီးပျော်နေခဲ့လေသည်။

ငါလေးက တယ်လည်း သြဇာတိက္ကမနဲ့ပြည့်စုံပါလားကွာ!

သူဟာ လက်နှစ်ဖက်ကို ရက်ရက်ရောရောဆန့်တန်းပစ်လိုက်ကာ ရင်ခွင်ကျယ်ကြီးကိုဖွင့်ပြပြီး

'' လာပါ ဒီကြီးကျယ်မြင့်မြတ်တဲ့ လောင်ကုန်းရဲ့ ရင်ခွင်ထဲ ပစ်ဝင်လိုက်စမ်းပါ ဒီလောင်ကုန်းက မင်းလေးကို နုနုရွရွဇနီးလေးအဖြစ် တစ်မိနစ်နေခွင့်ပြုမယ် ''

တစ်ညလုံး ဘယ်သူ့ကိုမှဖက်မအိပ်ခဲ့ရသည့် လုချန်တစ်ယောက် ထန်းယီးယွမ် သူ့ရင်ခွင်ထဲ ပစ်ဝင်လာမည့်အချိန်အား စိတ်လှုပ်ရှားစွာဖြင့် လက်ကြီးနှစ်ဖက်ကား၊ မျက်လုံးကြီးမှိတ်ပြီး စောင့်ကြိုနေခဲ့သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် စိတ်မချမ်းမြေ့စရာ အော်သံနက်ကြီးတစ်ခုက ဗီလာတစ်ခုလုံးပဲ့တင်ထပ်သွားလေသည်။

လုချန်တစ်ယောက် ကြမ်းပြင်ပေါ် လေးဘက်ထောက်ယက်ကြီးဖြင့် နေ့သစ်တစ်ခုကိုစတင်ခဲ့ရသည်။

ထန်းယီးယွမ် တည်တည်ငြိမ်ငြိမ် ထရပ်လိုက်ကာ ကုတင်ပေါ်ကနေ ကန်ချခံလိုက်ရသော လုချန်အား မသနားသလို တစ်ချက်လှမ်းကြည့်လိုက်ပြီး သွားထူပေးမဲ့အစီအစဥ် တစ်စက်ကလေးတောင်မရှိသလိုမျိုး တုံ့ဆိုင်းခြင်းအလျဥ်းမရှိ ရေချိုးခန်းထဲလျှောက်ဝင်သွားခဲ့သည်။

လုချန် သူ့ဘာသာသူပဲ ကြိုးကြိုးစားစားကုန်းထလိုက်ရသည်။ သူ အောက်ထပ်ဆင်းလာတော့ ထန်းယီးယွမ်က ရေချိုးခန်းထဲ ရေချိုးနေလေသည်။ ပြတ်တောင်း ပြတ်တောင်း သီချင်းသံတစ်ချို့မှာ ရေချိုးခန်းထဲကနေ ပဲ့တင်ထွက်လာခဲ့သည်။ ထန်းယီးယွမ် ဘာသီချင်းဆိုနေမှန်း လုချန်သေချာမကြားရပေမဲ့လည်း တဖက်လူ စိတ်ကြည်နေတယ်ဆိုတာကတော့ သီချင်းညည်းသံကြားရရုံနဲ့တင် သိနိုင်လေသည်။

အိုမီဂါတွေရဲ့ ပျော်ရွှင်မှုက အယ်လ်ဖာတွေရဲ့ နာကျင်မှုအပေါ် တကယ်ကြီး အခြေခံထားတာပဲ!

အို အယ်လ်ဖာတွေ

အားးးး သနားစရာကောင်းလိုက်တဲ့ ဒီဘဝကြီးကကွာ!

လုချန် သူ့ဘာသာသူ တစ်ယောက်ထဲ ပူဆွေးကြေကွဲဝမ်းနည်းနေစဥ်မှာပဲ လုထန်းထန်းက နောက်ကျောမှာ ကျောပိုးအိတ်အဝါကလေးလွယ်ပြီး ခုန်ပေါက်ပြေးလွှားရင်း အိမ်ထဲဝင်လာခဲ့သည်။ သူ့ကိုမြင်သည်နှင့်

'' တာ့ပါး! ''

လုချန် သူ့သားအနားလျှောက်သွားကာ ကျောပိုးအိတ်ကလေး ကူချွတ်ပေးရင်း ညင်သာသည့်အသံဖြင့်

'' အာ့ယွမ်ဦးဦးရော သားနဲ့ဘာလို့လိုက်မလာတာလဲ ''

'' အာ့ယွမ်ဦးဦးကို လီချန့်ဦးဦးက ကားတင်ပြေးသွားပြီ ''

'' လီချန့်ဦးဦး? ''

လုချန်စိတ်ထဲ ထိုနာမည်ကို တစ်ခဏလောက် ရှာကြည့်နေပေမဲ့လည်း လီချန့်ဆိုသည့်နာမည်ကို သူတကယ်မရင်းနှီးပါ။

လုထန်းထန်းက လုချန်ကို သူ့အနားကပ်လာဖို့ လက်ဝှေ့ယမ်းပြနေသည်။ မသိလျှင် ဘယ်သူမှမသိသေးသည့် လျှို့ဝှက်ချက်ကို ပြောပြတော့မည့် ပုံစံလေးဖြင့်။

လုချန်ကလည်း သူ့သားစိတ်တိုင်းကျ လိုက်လျောပေးလေသည်။ ကလေးရှေ့ ဆောင့်ကြောင့်ထိုင်ချလိုက်တော့ လုထန်းထန်းက လုချန်နားအနား သူ့လက်သေးသေးလေး အုပ်လိုက်ကာ အရမ်းကိုမှ လျှို့ဝှက်ဆန်းကြယ်သည့်အသံတိုးလေးဖြင့်

'' စန်းယွမ်ဦးဦးပြောတာကတော့ လီချန့်ဦးဦးက အာ့ယွမ်ဦးဦးရဲ့ အနာဂတ်အယ်လ်ဖာလောင်းတဲ့ ''

လုချန်ခေါင်းငြိမ့်ပြလိုက်ကာ သူ့လောင်ဖောညီတွေရဲ့ အချစ်ရေးကို ထဲထဲဝင်ဝင်စပ်စုလိုစိတ်မရှိတာကြောင့် ကလေးကိုကြည့်ပြီး

'' သား မနက်စာစားပြီးပြီလား ''

အစားအကြောင်းပြောတာနဲ့ လုထန်းထန်းမျက်လုံးလေးများက အရောင်ဝင်းလက်တောက်ပသွားကာ သူ့တာ့ပါးကို ပျော်ပျော်ရွှင်ရွှင်ပြန်ဖြေလာခဲ့သည်။

'' သား McDonald’s မှာစားခဲ့တယ် ကြက်ကြော်တွေ၊ ဟမ်ဘာဂါတွေ၊ အာလူးချောင်းကြော်တွေ! ''

အခုခေတ်ကလေးတွေကလည်း သူငယ်ငယ်တုန်းကလိုမျိုး ကြက်ကြော်တွေ၊ ဟမ်ဘာဂါတွေ စားရတာကို ကြိုက်နေသေးမယ်လို့တော့ မထင်ထားခဲ့မိပေ။ ဒါပေမဲ့ McDonald’sလေး စားရတာကို အဲ့လောက်အထိပျော်နေစရာလိုလို့လားကွာ။

လုချန် မနေနိုင်စွာပဲ သူ့သားဗိုက်ကလေးကို လှမ်းထိကြည့်လိုက်တော့ ကလေးဗိုက်ကလေးမှာ မနက်စာကြောင့် ပူတင်းဖောင်းကားနေလေသည်။ သူပြုံးစစဖြင့်

'' သားက အဲ့ဒါတွေစားရတာကို အရမ်းကြိုက်တယ်တဲ့လား ''

လုထန်းထန်းကလည်း ခေါင်းပိစိလေးပြုတ်ထွက်မတတ် ငြိမ့်ပြလေသည်။

ဖခင်မေတ္တာတွေ ရေစီးကမ်းပြိုလိုက်နေသည့် ဒယ်ဒီလုချန်တစ်ယောက် သူ့သားလိုအင်ဆန္ဒမှန်သမျှကို လိုက်ဖြည့်ဆည်းပေးဖို့ တွေးမိသွားတော့သည်။

'' ဒါဆို တာ့ပါးက ထန်းထန်းစားဖို့အတွက် McDonald’s နေ့တိုင်းဝယ်ကျွေးမှာပေါ့ ဟုတ်ပြီလား ''

လုထန်းထန်းမျက်နှာလေးက အစပိုင်းမှာ ပျော်မြူးယောင်သန်းနေပေမဲ့လည်း သိပ်မကြာလိုက် မျက်ခုံးသေးသေးလေးများ တွန့်ချိုးသွားကာ တစ်ခုခုကိုစိုးရိမ်နေသည့်ဟန်ပန်လေးဖြင့် ခေါင်းခါပြလေသည်။

လုချန်က သူ့သားမျက်နှာကိုကြည့်ပြီး စိတ်ရှည်လက်ရှည်မေးရှာသည်။

'' ဘာလို့လဲ သားကနေ့တိုင်းမစားချင်လို့လား ''

'' ထားလိုက်ပါတော့ သားတို့မိသားစုက အရမ်းဆင်းရဲလွန်းတယ် အိုင်း! ''

လုထန်းထန်းက လူကြီးလေးလိုမျိုး သက်ပြင်းမောတွေချနေလေသည်။

'' ......... ဆင်းရဲတယ်? ''

လုချန်တစ်ယောက် ကျယ်ဝန်း၊ တောက်ပ၊ လင်းလက်နေသည့် ဗီလာကြီးနှင့် ဗီလာထဲက ယွမ်သိန်းကျော်၊သန်းကျော် ပေးဝယ်ပြီး အလှဆင်ထားသည့် ရှေးဟောင်းပစ္စည်းတွေဆီ လှမ်းကြည့်လိုက်သည်။ ...... မဟုတ်မှ နောင်လေးနှစ်ကြာတော့ ကြယ်တာရာအင်ပါယာရဲ့ စည်းစိမ်ကြွယ်ဝမှုတိုင်းတာတဲ့စံနှုန်းတွေက ပြောင်းလဲကုန်ကြပြီလား။ အခု သူပိုင်ဆိုင်ထားတာတွေအားလုံးက အမှိုက်တွေဖြစ်ကုန်ပြီလား။

'' ပါးပါးက ပြောတယ် သားတို့မိသားစုက အရမ်းဆင်းရဲလွန်းလို့ McDonald’sကို တစ်လတစ်ခေါက်လောက်ပဲ ပုံမှန်စားနိုင်မယ်တဲ့ ''

လုထန်းထန်းက သူ့လက်သေးသေးလေးတွေထောင်ပြီး ရေတွက်နှိုင်းယှဥ်ပြနေသည်။

လုချန် အံ့သြထိတ်လန့်သွားခဲ့သည်။ ထို့နောက် သူနေရာကနေ ချက်ချင်းထကာ ရေချိုးခန်းထဲက ထန်းယီးယွမ်ကို အပြေးလေးသွားရှာလိုက်သည်။ မဟုတ်မှ နောင်လေးနှစ်လည်းကြာရော သူက ဇနီးနဲ့ကလေးကိုတောင် ဝဝလင်လင်ရှာမကျွေးနိုင်တဲ့ သူဆင်းရဲလေးဖြစ်နေခဲ့ပြီလား!

လုချန် ရေချိုးခန်းတံခါးဖွင့်ဖွင့်ချင်း ဖြူဖွေးနုဖက်နေသည့် အသားပိုင်းတွေ အဆီပိုင်းတွေကို အတုံးလိုက် အတစ်လိုက် မြင်တွေ့ခဲ့ရသည်။

ရေချိုးပြီးသွားလို့ အဝတ်လဲဖို့ကြံနေသည့် ထန်းယီးယွမ်ကလည်း နေရာမှာတင် တောင့်ခဲနေကာ သူနဲ့လုချန်နဲ့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကြည့်နေကြလေသည်။

သိပ်မကြာလိုက်ပါ။ ဗီလာအတွင်း ဒုတိယမြောက်အော်သံကြီး ပဲ့တင်ထပ်သွားခဲ့သည်။

လုချန် ရေချိုးခန်းတံခါးကို ဝုန်းခနဲဆွဲပိတ်လိုက်ကာ တံခါးကို ကျောကပ်မှီရင်း နှာခေါင်းကိုအသည်းအသန်ပွတ်မိလိုက်သည်။ ကံကောင်းစွာဖြင့် အချစ်ပြိုင်ဘက်ရဲ့ ကိုယ်လုံးတီးမြင်ကွင်းက သူ့ကို နှာခေါင်းသွေးမလျှံစေခဲ့ပါ။

ပြီးတော့ ရေချိုးခန်းထဲမှာ ရေငွေ့တွေနဲ့ပြည့်နေတဲ့ဟာကို..... ပြီးတော့ သူအဲ့လောက်ကြီးလည်း မမြင်ခဲ့ရပါဘူးနော်.... နည်းနည်းလေးလောက်ပဲ..... တကယ့်ကို ဟိုနားဒီနားလေးလောက်ပဲ......

သိပ်မကြာခင်က လုချန်အော်သံကြီးတစ်ခါ၊ အခု ထန်းယီးယွမ်အော်သံကြီးတစ်ခါကြားလိုက်ရတော့ အိမ်တော်ထိန်းကလည်း စိတ်လက်ကြည်နူးစွာဖြင့် ပန်းပင်ရေလောင်းနေခဲ့သည်။ သခင်လေးနဲ့ ရှောင်ဖူးရန်တို့ရဲ့ လင်မယားဆက်ဆံရေးက ပိုပိုပြီးကောင်းလာလိုက်တာများ ဒီလူမှာ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာတွေဖြစ်လို့။ လက်ထပ်ထားတာဖြင့် ဒီလောက်ကြာနေပြီ။ တနေ့တမျိုးမရိုးရတဲ့ အော်သံလေးတွေနဲ့ စိတ်လှုပ်ရှားနေကြတုန်းပါပဲလား။

သိပ်မကြာခင် ထန်းယီးယွမ် ရေချိုးခန်းထဲကနေ ထွက်လာကာ ခေါင်းစခြေအဆုံး အကြော်ခံထားရသည့်ပုစွန်ထုပ်လေးလိုမျိုး နီမြန်းရဲတွတ်နေလေသည်။ ရေပူနဲ့ရေချိုးထားလို့ပဲ အပူရှိန်မပြယ်သေးလို့နီမြန်းနေသည်လား၊ လုချန် ရေချိုးခန်းထဲ ဘာမပြောညာမပြောကျူးကျော်ဝင်ရောက်လာလို့ပဲ ရှက်စိတ်ကြောင့် နီမြန်းနေသည်လား၊ တစ်ခုခုတော့ တစ်ခုခုပင်။

လုချန် ထန်းယီးယွမ်ကို တွေ့သည်နှင့် သူပါ ရှက်သွေးဖြန်းသွားကာ

'' ထန်းထန်းက ကိုယ်တို့မိသားစုကို အရမ်းဆင်းရဲတယ်လို့ ပြောလို့ အလျင်စလို တံခါးဖွင့်မိသွားတာပါ အကြောင်းအရင်းကို မေးချင်ရုံပါပဲ တမင်လုပ်တာမဟုတ်ပါဘူး တမင်လုပ်တာ..... ''

ထန်းယီးယွမ် နေရာမှာတင် ကြောင်အသွားကာ

'' ထန်းထန်းက ကျွန်တော်တို့မိသားစုကို အရမ်းဆင်းရဲတယ်လို့ပြောတယ်? ''

လုချန်က ခေါင်းငြိမ့်ပြကာ

'' အွန်း ထန်းထန်းကပြောတယ် ကိုယ်တို့မိသားစုက McDonald’sတောင် နပ်မှန်အောင်မစားနိုင်ဘူးတဲ့ ''

ထန်းယီးယွမ် : ''...........''

လုထန်းထန်း အပြင်စာတွေအရမ်းမစားမိစေအောင် သူ လိမ်ပြောနေကျ မုသားကြီးကို လုချန်ကပါ ယုံသွားလိမ့်မယ်လို့တော့ မထင်မှတ်ထားခဲ့ပေ။

ထန်းယီးယွမ် ဆံပင်ကိုသပ်တင်လိုက်ကာ လောင်ကုန်းကို အခုနေ ဆေးရုံခေါ်သွားပြီး Body Check up တစ်ခေါက်လောက်ပြန်လုပ်ပေးလိုက်လျှင် ကုဖို့ အချိန်ရောမှီပါဦးမလား ဟုတောင် တွေးမိသွားလေသည်။ ဒါမှမဟုတ် လောင်ကုန်းက အတိတ်မေ့သွားတာမဟုတ်ပဲ ဦးနှောက်ထိခိုက်ပြီး IQတွေ ပျောက်သွားတာများဖြစ်နေမလား ဟုလည်း စတင်ပြီး သံသယတွေဝင်မိနေပြီဖြစ်သည်။

လုချန် ထန်းယီးယွမ်ကို စိုးရိမ်တကြီးကြည့်နေခဲ့သည်။ ထန်းယီးယွမ်တိတ်နေတာကိုမြင်တော့ သူ့ဘက်က ပိုပိုပြီးကြောက်ရွံ့တုန်လှုပ်လာကာ

'' မဟုတ်မှ.....မဟုတ်မှလွဲရော လုကော်ပိုရေးရှင်းကြီး ဒေဝါလီခံရတော့မှာလား ''

လုချန် သူ့လက်ကောက်ဝတ်ပေါ်က နာရီကိုငုံ့ကြည့်လိုက်ရင်း

'' ဒါမှမဟုတ်...... အားလုံးက ဒီလေးနှစ်အတွင်းမှာ ကျိကျိတက်ချမ်းသာလာပြီး ကိုယ်တို့မိသားစုတစ်ခုတည်း နောက်ကျကျန်နေခဲ့တာလား အဲ့ဒါကြောင့် သူတို့နဲ့ယှဥ်လိုက်ရင် ကိုယ်တို့က တော်တော်ကြီး ဆင်းရဲနေပြီ ဟုတ်တယ်မလား ''

ထန်းယီးယွမ် တစ်စက္ကန့်လောက်ဆွံ့အသွားကာ လောင်ကုန်းရဲ့ အတွေးရေယာဥ်ကြောက တော်တော်လေး ကြွယ်ဝတာပဲဟု တွေးလိုက်မိသည်။

သူ လုချန်ရဲ့ မနေ့ကနဲ့ ဒီနေ့မနက်က ပေါက်ကရအတွေး ပေါက်ကရအကြံတွေကို စိတ်ဆိုးနေဆဲဖြစ်တာကြောင့် လောင်ကုန်းကို အပြစ်နည်းနည်းပေးချင်သဖြင့် သက်ပြင်းမောကြီးချကာ ဝမ်းနည်းနေတဲ့ပုံလေးဖမ်းရင်း

'' အိုင်း ဒေဝါလီခံရလောက်တဲ့အထိတော့ အခြေအနေကမဆိုးသေးပါဘူး ဒါပေမဲ့ ဒီနှစ်နှစ်အတွင်း ကုမ္ပဏီစွမ်းဆောင်ရည်က အရမ်းမကောင်းရုံလေးတင်....... ''

လုချန် မျက်ခုံးကြီးကြုံ့ပြီး စိတ်အားထက်သန်စွာပြောလာခဲ့သည်။

'' ဒါပေမဲ့ ကိုယ် မနေ့ကကြည့်လိုက်တာတော့ ကုမ္ပဏီစွမ်းဆောင်ရည်ပြဇယားက အရမ်းကောင်းနေသလားလို့ မနှစ်ကနဲ့ ယှဥ်ရင် ဒီနှစ်က နှစ်မကုန်သေးတာတောင် အခြေအနေက အရင်ကထက် ပိုတိုးတက်လာတယ်လို့ထင်တယ် ''

ထန်းယီးယွမ် သက်ပြင်းထပ်ချပြပြီး မညည်းညူခင်အချိန်အထိ တစ်ခဏလောက် ပြောစရာစကားမဲ့သွားခဲ့သည်။ 

'' ခင်ဗျားက သိပြီးပြီဆိုမှတော့ ကျွန်တော်လည်း အတင်းကြီး လိုက်ဖုံးမနေတော့ပါဘူး တကယ်တော့ အဲ့စွမ်းဆောင်ရည်ပြဇယားတွေက အကုန်လုံးအတုတွေ ခင်ဗျား မှတ်ဉာဏ်ပျောက်သွားတဲ့အချိန်မှာ ကုမ္ပဏီကအခြေအနေမကောင်းဘူးဆိုတဲ့ အမှန်တရားကို ချက်ချင်းကြီးလက်မခံနိုင်မှာစိုးလို့ နောက်မှ တဖြေးဖြေးချင်းပြန်ပြောပြပေးမယ်ဆိုပြီး လိမ်ထားခဲ့ရတာ ''

လုချန် နေရာမှာတင် တောင့်ခဲသွားကာ ဒီစိတ်ပျက်ဝမ်းနည်းစရာကောင်းသည့်၊ လူမဆန်သည့် အမှန်တရားကြီးကို လက်ခံလိုက်ရသည်။

သူဟာ အရည်အချင်းမရှိတဲ့အယ်လ်ဖာ၊ ဆင်းရဲမွဲတေနေတဲ့ အယ်လ်ဖာ။

မယားလှလှ သားဝဝ ရှာမကျွေးနိုင်တဲ့အပြင်ကို သူ့အိုမီဂါက သူ့စိတ်ထိခိုက်သွားမှာစိုးလို့ ကြိုးစားလိမ်ပေးထားရတဲ့အထိကို အသုံးမကျတဲ့ အယ်လ်ဖာ!

အံ့သြစရာမရှိတော့ပါဘူး၊ အဲ့ဒါကြောင့်လည်း ကုမ္ပဏီက ဒီလိုလက်ထောက်မျိုးကိုပဲ ခန့်ထားနိုင်တာပေါ့..... ဘာလို့ဆို ဒေဝါလီမခံရရုံတမယ် စီးပွားရေးကျနေခဲ့တာကို.... ဒီလက်ထောက်က ပေါချောင်ကောင်းစျေးနဲ့ရခဲ့တာပဲ ဖြစ်ရမယ် အိုင်း!

လုကော်ပိုရေးရှင်းရဲ့ ရွှေအဆင့်လက်ထောက်ကြီးက သူ့စားပွဲမှာပဲ နှာအကျယ်ကြီးချေပစ်လိုက်သည်။

တစ်ခဏလောက် တိတ်ဆိတ်အပြီးမှာတော့ လုချန် ထန်းယီးယွမ်လက်ကို လှမ်းဆွဲလိုက်ကာ အရမ်းကိုမှ လေးနက်နေသည့်အမူအရာဖြင့် သူဖြစ်ချင်တဲ့ ပန်းတိုင်ကို တိုင်တည်သစ္စာဆိုလာခဲ့သည်။

'' ယီးယွမ် မပူပါနဲ့ ကိုယ် ပိုက်ဆံရအောင် အလုပ်ကိုကြိုးကြိုးစားစားလုပ်ပါ့မယ် တစ်နေ့ မင်းနဲ့ထန်းထန်း နေ့တိုင်း McDonald’sစားနိုင်စေရမယ်! ''

___________________________________

မရယ်နိုင်တော့ဘူး 😂

Zawgyi

လုခ်န္တစ္ေယာက္ ေပါက္ကရေတြ လိႈက္လိႈက္လွဲလွဲေတြးအၿပီးမွာေတာ့ ေရတစ္ငုံေသာက္ၿပီး ႏႈတ္ခမ္းကိုစိုစြတ္ေစလိုက္ကာ အနမ္းေတြ ႀကိဳေလ့က်င့္ထားဖို႔အတြက္ ထန္းယီးယြမ္ကို႐ွာလိုက္ေပမဲ့လည္း တဖက္လူကေတာ့ ဧည့္ခန္းထဲကေန ေပ်ာက္ခ်င္းမလွေပ်ာက္သြားတာၾကာၿပီျဖစ္ေၾကာင္း သိလိုက္ရေလသည္။

သူ႕ရဲ႕အသင့္ျပင္ထားတဲ့ႏႈတ္ခမ္းက သုံးစရာေနရာမ႐ွိေတာ့တဲ့အတြက္ ေခါင္းကိုတဗ်င္းဗ်င္းကုတ္ရင္း ဆံပင္ေတြပဲ ဆြဲဖြပစ္လိုက္သည္။ သူဟာ ႐ုတ္တရက္ တိုက္ပြဲ႐ႈံးလာတဲ့ ၾကက္ဖႀကီးလိုမ်ိဳး အေမာက္ႀကီး ငိုက္စိုက္ငိုက္စိုက္က်ရင္း သူလုပ္စရာ႐ွိတဲ့အလုပ္ေတြဆက္လုပ္ဖို႔အတြက္ စာၾကည့္ခန္းထဲသာဝင္လိုက္ေတာ့သည္။

ၾကည့္ရတာေတာ့ ' နမ္းမဲ့အစီအစဥ္ ' ကို သူ႕သားျပန္မလာခင္အခ်ိန္အထိ ခဏေလာက္ရပ္ဆိုင္းထားမွ ျဖစ္မယ္နဲ႔တူတယ္

ညဆိုတဲ့အခ်ိန္က လုခ်န္အတြက္ စိတ္ဖိစီးမႈအမ်ားဆုံး အိပ္ခ်ိန္ဆိုလည္း မမွားေပ။

ဒီညလည္း အခ်စ္ၿပိဳင္ဘက္က သူ႕ရင္ခြင္ထဲ မေန႔ကလို ပစ္ဝင္လာခဲ့ရင္ ဘယ္လိုလုပ္ရပါ့။ အခ်စ္ၿပိဳင္ဘက္ကို သူ႕ရင္ခြင္ထဲ လိုလိုလားလား ေပးအိပ္ခြင့္မျပဳခင္အထိ ဘယ္ႏွစ္ႀကိမ္ေလာက္ ျပန္တြန္းထုတ္လိုက္ရင္ေကာင္းမလဲ။

လုခ်န္ တိတ္တိတ္ေလးစဥ္းစားေနလိုက္ကာ ဒီညေတာ့ သုံးႀကိမ္ေလာက္ ျပန္တြန္းထုတ္ၿပီးကာမွ လက္မခံခ်င့္ခံခ်င္ျဖင့္ လက္ခံလိုက္မည္ဟု ဆုံးျဖတ္ခ်က္ခ်ထားေလသည္။ အိုမီဂါေလးေတြက အရမ္းႏူးညံ့လြန္းတဲ့အတြက္ အယ္လ္ဖာရဲ႕လက္ၾကမ္းႀကီးေတြနဲ႔ အႀကိမ္ေရမ်ားမ်ားတြန္းထုတ္ပစ္လိုက္လွ်င္ သူတို႔ေလးေတြ ထိခိုက္နာက်င္သြားႏိုင္သည္။

ကံမေကာင္းစြာနဲ႔ လုခ်န္ရဲ႕ ဒီတစ္ေခါက္စိတ္ဓာတ္စစ္ဆင္ေရးကလည္း အက်ံဳးမဝင္ခဲ့ပါ။

ထန္းယီးယြမ္က လုခ်န္ကို စိတ္ဆိုးမေျပေသးတဲ့အတြက္ ညအိပ္ယာဝင္တဲ့အခ်ိန္မွာ လုခ်န္ရင္ခြင္ထဲ လိုလိုလားလားမဝင္ခဲ့သလို သူ႕ဘက္ကစၿပီး ေစာင္ႀကီးကိုကိုင္ကာ အိပ္ယာအလယ္တည့္တည့္မွာ စည္းတားပစ္လိုက္သည္။

လုခ်န္တစ္ေယာက္ အလိုမက်စြာျဖင့္ ႏႈတ္ခမ္းႀကီးတင္းတင္းေစ့ထားမိသည္။ မေန႔က အိပ္ယာအလယ္တည့္တည့္မွာ ဒီေစာင္ႀကီး႐ွိေနေပမဲ့လည္း ထန္းယီးယြမ္က သူ႕ရင္ခြင္ထဲ အတင္းတိုးဝင္လာတဲ့အတြက္ တစ္ညလုံး သူ႕ဘက္တစ္ျခမ္းထဲမွာသာ အိပ္ခဲ့ၾကေလသည္။ ႏွစ္ေယာက္သား အိပ္ယာတစ္ဝက္ေလးေပၚမွာ အခ်င္းခ်င္းၾကားေလတိုးမဝင္ေအာင္ တင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္ၿပီး အိပ္ပစ္လိုက္ၾကတာမ်ား..... ဘယ္ေလာက္ေတာင္ေႏြးေထြးလိုက္သလဲလို႔.....

လုခ်န္ ေန႔တစ္ဝက္ေလာက္ေစာင့္ေနေပမဲ့လည္း ဒီေန႔ညမွာေတာ့ ထန္းယီးယြမ္က သူ႕ဘက္မွာသူပဲ ေသခ်ာအပိုးက်ိဳးက်ိဳးအိပ္ေနတဲ့အတြက္ ေျခလွမ္းတစ္ဝက္စာမွ်ေလာက္ေတာင္ စည္းမေက်ာ္လာခဲ့ပါ။

လုခ်န္ အေမွာင္ထုကိုပဲ စူးစူးစိုက္စိုက္ၾကည့္ေနခဲ့ကာ လူသားေႏြးေႏြးေလး သူ႕ရင္ခြင္ထဲပစ္ဝင္လာမည္အား ဒီ့ထက္ပိုၾကာေအာင္ မေစာင့္ႏိုင္ေတာ့ေပ။ သူဟာ လက္႐ွိဟာတာတာအေျခအေနနဲ႔ အသားမက်ေသးသလိုမ်ိဳး မ်က္ခုံးႀကီးၾကဳံ႕ၿပီး အႀကိမ္ေရအနည္းငယ္ေလာက္ ဟိုလွည့္အိပ္၊ဒီလွည့္အိပ္လုပ္ေနခဲ့သည္။ ေတာ္ေတာ္ႀကီးၾကာမွ သူ ထန္းယီးယြမ္ကို တကယ္ႀကီးစိတ္ဆိုးသြားေအာင္ လုပ္မိၿပီမွန္း သေဘာေပါက္သြားေတာ့သည္။

သူ အိပ္ေပ်ာ္ေနတဲ့ ထန္းယီးယြမ္ကို အခ်ိန္အၾကာႀကီး ဆူပုတ္ပုတ္လွမ္းၾကည့္ေနလိုက္ကာ မေနႏိုင္စြာပဲ တစ္ဖက္လူရဲ႕ ႏႈတ္ခမ္းဖူးဖူးေလးေပၚ အနမ္းဖြဖြေလးစြဲထင္လိုက္ေစသည္။

ဒါက ကေလးရဲ႕စိတ္က်န္းမာေရးအတြက္ တေန႔တေခါက္အနမ္းေပးႏိုင္ဖို႔ ႀကိဳတင္ေလ့က်င့္ထား႐ုံပါေနာ္!

လုခ်န္ ထန္းယီးယြမ္ႏႈတ္ခမ္းကို အရသာခံလို႔ဝမွ စိတ္လက္ျမဴးထူးစြာျဖင့္ အိပ္ေပ်ာ္သြားေတာ့သည္။

သူျပန္ႏိုးလာလို႔ မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ ေနာက္တစ္ေန႔မနက္ေရာက္ႏွင့္ေနၿပီျဖစ္သည္။ သူ ေခါင္းငုံ႔ၾကည့္လိုက္တဲ့အခ်ိန္မွာ ထန္းယီးယြမ္က တမ်ိဳးတဖုံေလး သူ႕အနားမွီကပ္ေနကာ မ်က္ႏွာေခ်ာေခ်ာေလးကလည္း သူ႕ပုခုံးေပၚ​ေမးတင္လို႔၊ အိပ္ေပ်ာ္ေနတာမ်ား ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္။

ထန္းယီးယြမ္ရဲ႕ အခုလိုအကာအကြယ္မဲ့ေနပုံေလးနဲ႔ ပါးနီတာရဲေလးမ်ားကို ျမင္လိုက္ရေတာ့ လုခ်န္ႏွလုံးသားထဲ စိတ္ေက်နပ္မႈလိႈင္းလုံးႀကီး အုံႂကြ႐ိုက္ခတ္လာခဲ့သည္။

သူ႕အခ်စ္ၿပိဳင္ဘက္က မ႐ိုးမသားပါးစပ္ကေလး႐ွိတဲ့ ေကာင္ငယ္ေလးတစ္ေယာက္ပါလားေနာ္! ပါးစပ္ကသာ ဟင့္အင္း ဟင့္အင္း ေျပာေနတာ တကယ္တမ္းက် ဒီအယ္လ္ဖာႀကီးရဲ႕ ေသေစႏိုင္ေလာက္တဲ့ ညိႇဳ႕ငင္အားေတြကို မတြန္းလွန္ႏိုင္ပါဘူးကြ!

ထိုစဥ္မွာပဲ ထန္းယီးယြမ္မ်က္ေတာင္ေလးမ်ား တဖ်က္ဖ်က္ခတ္လာခဲ့သည္။ သူ မ်က္လုံးဖြင့္ဖြင့္ခ်င္း ပထမဦးဆုံးျမင္လိုက္ရသည့္အရာမွာ သူ႕ေလာင္ကုန္းရဲ႕ မ်က္ဆံနက္နက္ႀကီးမ်ားျဖစ္ေနသည္။ သူတစ္ခဏေလာက္ ေတာင့္ခဲသြားကာ ၿပီးမွ သူအိပ္ေပ်ာ္ေနစဥ္ ေလာင္ကုန္းေဘး မသိမသာေရာက္ေရာက္သြားတာျဖစ္လိမ့္မည္ဟု ေတြးမိသြားေတာ့သည္။

သူ ႐ွက္စိတ္အဟုန္ျဖင့္ လုခ်န္ပုခုံးေပၚကေန ကတိုက္က႐ိုက္ဖယ္ခြာလိုက္ၿပီးေနာက္ နားဖ်ားေလးမ်ား နီရဲတက္လာခဲ့သည္။

လုခ်န္ကေတာ့ ထန္းယီးယြမ္႐ွက္ေနတာေလးကိုၾကည့္ၿပီး သူ႕ရဲ႕ႏႈတ္ခမ္းေထာင့္စြန္းႏွစ္ဖက္က နတ္ဆိုးႀကီးလိုေကာ့တက္လာကာ အခ်စ္ၿပိဳင္ဘက္ကေတာ့ သူဆြဲေဆာင္တာခံလိုက္ရၿပီဟု ေတြးရင္း ေက်ေက်နပ္နပ္ႀကီးေပ်ာ္ေနခဲ့ေလသည္။

ငါေလးက တယ္လည္း ၾသဇာတိကၠမနဲ႔ျပည့္စုံပါလားကြာ!

သူဟာ လက္ႏွစ္ဖက္ကို ရက္ရက္ေရာေရာဆန္႔တန္းပစ္လိုက္ကာ ရင္ခြင္က်ယ္ႀကီးကိုဖြင့္ျပၿပီး

'' လာပါ ဒီႀကီးက်ယ္ျမင့္ျမတ္တဲ့ ေလာင္ကုန္းရဲ႕ ရင္ခြင္ထဲ ပစ္ဝင္လိုက္စမ္းပါ ဒီေလာင္ကုန္းက မင္းေလးကို ႏုႏု႐ြ႐ြဇနီးေလးအျဖစ္ တစ္မိနစ္ေနခြင့္ျပဳမယ္ ''

တစ္ညလုံး ဘယ္သူ႕ကိုမွဖက္မအိပ္ခဲ့ရသည့္ လုခ်န္တစ္ေယာက္ ထန္းယီးယြမ္ သူ႕ရင္ခြင္ထဲ ပစ္ဝင္လာမည့္အခ်ိန္အား စိတ္လႈပ္႐ွားစြာျဖင့္ လက္ႀကီးႏွစ္ဖက္ကား၊ မ်က္လုံးႀကီးမွိတ္ၿပီး ေစာင့္ႀကိဳေနခဲ့သည္။

မိနစ္အနည္းငယ္ၾကာၿပီးေနာက္ စိတ္မခ်မ္းေျမ့စရာ ေအာ္သံနက္ႀကီးတစ္ခုက ဗီလာတစ္ခုလုံးပဲ့တင္ထပ္သြားေလသည္။

လုခ်န္တစ္ေယာက္ ၾကမ္းျပင္ေပၚ ေလးဘက္ေထာက္ယက္ႀကီးျဖင့္ ေန႔သစ္တစ္ခုကိုစတင္ခဲ့ရသည္။

ထန္းယီးယြမ္ တည္တည္ၿငိမ္ၿငိမ္ ထရပ္လိုက္ကာ ကုတင္ေပၚကေန ကန္ခ်ခံလိုက္ရေသာ လုခ်န္အား မသနားသလို တစ္ခ်က္လွမ္းၾကည့္လိုက္ၿပီး သြားထူေပးမဲ့အစီအစဥ္ တစ္စက္ကေလးေတာင္မ႐ွိသလိုမ်ိဳး တုံ႔ဆိုင္းျခင္းအလ်ဥ္းမ႐ွိ ေရခ်ိဳးခန္းထဲေလွ်ာက္ဝင္သြားခဲ့သည္။

လုခ်န္ သူ႕ဘာသာသူပဲ ႀကိဳးႀကိဳးစားစားကုန္းထလိုက္ရသည္။ သူ ေအာက္ထပ္ဆင္းလာေတာ့ ထန္းယီးယြမ္က ေရခ်ိဳးခန္းထဲ ေရခ်ိဳးေနေလသည္။ ျပတ္ေတာင္း ျပတ္ေတာင္း သီခ်င္းသံတစ္ခ်ိဳ႕မွာ ေရခ်ိဳးခန္းထဲကေန ပဲ့တင္ထြက္လာခဲ့သည္။ ထန္းယီးယြမ္ ဘာသီခ်င္းဆိုေနမွန္း လုခ်န္ေသခ်ာမၾကားရေပမဲ့လည္း တဖက္လူ စိတ္ၾကည္ေနတယ္ဆိုတာကေတာ့ သီခ်င္းညည္းသံၾကားရ႐ုံနဲ႔တင္ သိႏိုင္ေလသည္။

အိုမီဂါေတြရဲ႕ ေပ်ာ္႐ႊင္မႈက အယ္လ္ဖာေတြရဲ႕ နာက်င္မႈအေပၚ တကယ္ႀကီး အေျခခံထားတာပဲ!

အို အယ္လ္ဖာေတြ

အားးးး သနားစရာေကာင္းလိုက္တဲ့ ဒီဘဝႀကီးကကြာ!

လုခ်န္ သူ႕ဘာသာသူ တစ္ေယာက္ထဲ ပူေဆြးေၾကကြဲဝမ္းနည္းေနစဥ္မွာပဲ လုထန္းထန္းက ေနာက္ေက်ာမွာ ေက်ာပိုးအိတ္အဝါကေလးလြယ္ၿပီး ခုန္ေပါက္ေျပးလႊားရင္း အိမ္ထဲဝင္လာခဲ့သည္။ သူ႕ကိုျမင္သည္ႏွင့္

'' တာ့ပါး! ''

လုခ်န္ သူ႕သားအနားေလွ်ာက္သြားကာ ေက်ာပိုးအိတ္ကေလး ကူခြၽတ္ေပးရင္း ညင္သာသည့္အသံျဖင့္

'' အာ့ယြမ္ဦးဦးေရာ သားနဲ႔ဘာလို႔လိုက္မလာတာလဲ ''

'' အာ့ယြမ္ဦးဦးကို လီခ်န္႔ဦးဦးက ကားတင္ေျပးသြားၿပီ ''

'' လီခ်န္႔ဦးဦး? ''

လုခ်န္စိတ္ထဲ ထိုနာမည္ကို တစ္ခဏေလာက္ ႐ွာၾကည့္ေနေပမဲ့လည္း လီခ်န္႔ဆိုသည့္နာမည္ကို သူတကယ္မရင္းႏွီးပါ။

လုထန္းထန္းက လုခ်န္ကို သူ႕အနားကပ္လာဖို႔ လက္ေဝွ႔ယမ္းျပေနသည္။ မသိလွ်င္ ဘယ္သူမွမသိေသးသည့္ လွ်ိဳ႕ဝွက္ခ်က္ကို ေျပာျပေတာ့မည့္ ပုံစံေလးျဖင့္။

လုခ်န္ကလည္း သူ႕သားစိတ္တိုင္းက် လိုက္ေလ်ာေပးေလသည္။ ကေလးေ႐ွ႕ ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္ေတာ့ လုထန္းထန္းက လုခ်န္နားအနား သူ႕လက္ေသးေသးေလး

You are reading the story above: TeenFic.Net